အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၂၆
Zawgyi...

"ကိုမုန္းမာန္ အခုလက္ရွိ ကုမၸဏီရဲ႕ စီးပြားေရးအေျခအေနက်ဆင္းေနတာကို ခင္ဗ်ား သိမွာပါေနာ္ အဲ့အတြက္ ဘာေတြလုပ္ဖို႔ စဥ္းစားထားလဲ ျဖစ္နိုင္ရင္ ကြၽန္ေတာ္တို႔ကေတာ့ ခင္ဗ်ားဆီက ရွယ္ယာေတြျပန္ထုတ္ခ်င္ေနၿပီ"

"ဟုတ္တယ္ ကြၽန္ေတာ္တို႔ေရာပဲ ယိုင္နဲ႔လုျဖစ္ေနတဲ့ ကုမၸဏီတစ္ခုမွာ ဆက္ၿပီး ရပ္တည္ေနရေအာင္ ကြၽန္ေတာ္တို႔ မအဘူး ေနာက္ၿပီး ဘယ္သူမွလဲ ကိုယ့္ေငြေတြကို အဆံုးရွံုးမခံနိုင္ဘူး အဲ့ဒီေတာ့ ခင္ဗ်ားဆက္စဥ္းစားပါ အခုထဲက ပိတ္သိမ္းလိုက္မလား ကုမၸဏီ ေဒဝါလီခံရမွ အေႂကြးေတြၾကားမွာ နစ္မြန္းေနမလားဆိုတာ"

ထို႔ေနာက္ အစည္းအေဝးခန္းသည္ တစ္ေယာက္တစ္ေပါက္ျဖင့္ ပို၍ဆူညံလာေလသည္။

ၾကာေတာ့ သူသည္ပင္ ေခါင္းေတြကိုက္လာေသာေျကာင့္ စားပြဲရွည္ေရွ႕ အလည္တည့္တည့္၌ထိုင္ေနရာမွ ထကာ လက္ျဖင့္စားပြဲအား အားပါပါထုရိုက္လိုက္ေလသည္။

*ဒုန္း*

က်ယ္ေလာင္စြာထြက္ေပၚလာသည့္အသံေၾကာင့္ ဆူညံေနေသာ အသံမ်ား တိခနဲ႔ ျပတ္က်သြားေလသည္။ၿပီးေနာက္ သူ႔အား ေမာ့ၾကည့္လာၾကေလသည္။

"ဒီမွာ ခင္ဗ်ားတို႔ေငြေတြအတြက္ ဘာမွမပူနဲ႔ ေနာက္ၿပီး ဒီကုမၸဏီက ကြၽန္ေတာ္အေဖရဲ႕ ေသြးေခြၽးနဲ႔တည္ေထာင္ထားတဲ့ ကုမၸဏီမို႔ ကြၽန္ေတာ္လည္း အဆံုးရွံုးမခံနိုင္ဘူး အခုကစၿပီး လုပ္ငန္းတိုးခ်ဲ့ဖို႔ရာအစီအစဥ္ေတြလည္းရွိေသးတယ္ အကယ္၍ ခင္ဗ်ားတို႔ကြၽန္ေတာ့္ကို မယံုၾကည္ရင္ ခင္ဗ်ားတို႔ရွယ္ယာေတြကိုျပန္နႈတ္ယူၿပီး ထြက္သြားလို႔ရတယ္ အဲ့တာခင္ဗ်ားတို႔သေဘာမို႔ ကြၽန္ေတာ္မတားဘူး ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္ ထြက္သြားၿပီးရင္ ျပန္ဝင္ဖို႔ရာေတာ့မစဥ္းစားနဲ႔ အခုသြားခ်င္တဲ့သူရွိရင္ သြားလို႔ရၿပီ"

ဟုေျပာၿပီး မုန္းမာန္ လက္တစ္ဖက္အား ေရွ႕သို႔ထုတ္ျဖန္႔လ်က္ အစည္းအေဝးအခန္းေပါက္ဝသို႔ ၫႊန္ျပလိုက္ေလသည္။

သို႔ေသာ္လည္း တုတ္တုတ္မွ လႈပ္မလာၾကသည့္ လူေတြေၾကာင့္ မုန္းမာန္ နႈတ္ခမ္းအား အနည္းငယ္တြန္႔၍ၿပံဳးလိုက္ၿပီးေနာက္

"ဒါဆိုရင္ေတာ့ ကြၽန္ေတာ့္ကို ယံုၾကည္တယ္လို႔ထင္လိုက္ေတာ့မယ္ေနာ္ အဲ့ဒါဆို သြားခြင့္ျပဳပါဦး"

မုန္းမာန္ နႈတ္ဆက္ၿပီး ေရွ႕မွ အရင္ထြက္ခဲ့လိုက္သည္။
______________________

"Boss ည ၇နာရီက်ရင္ Sun Construction က CEOက ညစာစားဖို႔ ဖိတ္ၾကားထားပါတယ္"

မုန္းမာန္ သူ႔ေနာက္မွ ေတာက္ေလ်ွာက္လိုက္လာကာ အခ်ိန္ဇယားေတြကို ေျပာျပေနေသာ အတြင္းေရးမွဴးမေလးအား လွည့္ၾကည့္ကာ

"သူက ဘာလုပ္ဖို႔လဲ"

"ဟို အဲ့တာေတာ့ ေရေရရာရာေတာ့မသိဘူးရွင့္ ကုမၸဏီအေၾကာင္းလို႔ေတာ့ ၾကားမိတယ္ရွင့္"

"Ok ေလ လာခဲ့ပါ့မယ္လို႔ အေၾကာင္းျပန္လိုက္ပါ"

"ဟုတ္ကဲ့ရွင့္"

ထို႔ေနာက္ နွင္းယု Boss ရံုးခန္းေရွ႕ရွိ သူမေနရာ၌ထိုင္ကာ တစ္ဖက္ CEO အား အေၾကာင္းျပန္ရန္ျပင္လိုက္ေလသည္။
_______________

"ေဒါက္ ေဒါက္ ေဒါက္"

"ဝင္ခဲ့ပါ"

"ဘာေျပာစရာရွိလို႔လဲ"

ရံုးခန္းအတြင္းသို႔ ဝင္လာသည့္ အတြင္းေရးမွဴးမေလးအား စာရင္းဇယားအခ်ိဳ႕အား စစ္ေဆးေနရင္းမွ ေမးလိုက္ေလသည္။

"Boss ရဲ႕ လုပ္ငန္းအသစ္တိုးခ်ဲ့ဖို႔ရာအတြက္ ေတာင္ႀကီးဘက္က လူတစ္ေယာက္က ဆက္သြယ္လာပါတယ္ ဒီတစ္ပတ္အတြင္း ေျမကြက္တစ္ခုကို ေလလံဆြဲမွာမို႔ စိတ္ဝင္စားရင္လာခဲ့ဖို႔ေျပာပါတယ္ ဒါကေတာ့ အခုဆြဲမယ့္ေျမကြက္ရဲ႕ ေျမေနရာ အေနအထားနဲ႔ အက်ယ္ပါ ေနာက္ၿပီး ဒါကေတာ့ အဲ့ေျမကြက္တည္ရွိေနတဲ့ ေနရာကိုေဖာ္ျပထားတဲ့ ေျမပံုပါ"

လက္ထဲသို႔ အတြင္းေရးမွဴးမေလး ေပးလာသည့္ print ထုတ္ထားသည့္ စာ႐ြက္နွစ္႐ြက္အား ယူၾကည့္ရင္း

"အင္း ေျမေနရာလည္း မဆိုးဘူး အက်ယ္ကလဲ ၂၅ ဧကေလာက္ရွိတယ္ ေနာက္ၿပီး တည္ရွိေနတဲ့ေနရာေဘးမွာလည္း shopping center ေတြေရာ ရွိတယ္ဆိုေတာ့ သူ႔ကိုအေၾကာင္းျပန္လိုက္ပါ ငါကိုယ္တိုင္လာခဲ့မယ္လို႔"

"ဟုတ္ကဲ့ Boss"

အတြင္းေရးမွဴးမေလးထြက္သြားၿပီး မၾကာခင္မွာပဲ သူလဲ စာရင္းဇယားမ်ားအား လက္စသက္ကာ ခြၽတ္ထားသည့္ အေပၚဝတ္ကုတ္အက်ၤီအား ယူၿပီး အိမ္ျပန္လာခဲ့ေလသည္။
____________________

မုန္းမာန္ ကုမၸဏီထြက္သြားကတည္းက ကႀကိဳး ဘာလုပ္ရမလဲဆိုၿပီး ေယာင္ေတာင္ေတာင္ျဖစ္ေနတာ အခုပင္ ေနဝင္ေတာ့မည္။

ဗိုက္ထဲကလဲ ေအာ္ဟစ္ေနသည္မွာ အသံေပါင္းစံုေနေပၿပီ။မနက္က အကူေကာင္မေလးေတြ ျပင္ေပးထားခဲ့သည့္ မနက္စာစားၿပီးထဲက သူအခုထိဘာမွမစားရေသး။ဘာမွ အဆင္သင့္လုပ္ေပးထားတာ မရွိေသာၾကာင့္ ဆိုတာကပိုမွန္သည္။သူလဲ ဘာမွမလုပ္တတ္ေသာေၾကာင့္ ၿခံထဲက ပန္းပင္ေတြပဲ ေရဆင္းေလာင္းရမလိုလို၊ သူေျပာတဲ့ သန္႔ရွင္းေရးဆိုတဲ့ဟာပဲ လိုက္လုပ္ရမလိုလိုနဲ႔ ဟိုစပ္စပ္ဒီစပ္စပ္ျဖင့္ လုပ္ေနေလသည္။

'သူေျပာနဲ႔ ထမင္းဟင္းကို ငါဘယ္လိုခ်က္ရမွာလဲ အေမတို႔အိမ္ေနခဲ့တုန္းကလည္း ဘာမွမလုပ္ခဲ့ရဘူးဆိုေတာ့ အခုဘယ္လိုခ်က္ရမွာလဲ သန္႔ရွင္းေရးဆိုတာကလဲ ဘယ္လိုလုပ္ရတာလဲ ေတာ္ပါေသးတယ္ ေရခ်ိဳးတာေတာင္ ဟိုလူႀကီးေခၚသြားတုန္းက သူမ်ားေတြခ်ိဳးတာၾကည့္ၿပီး ေရပိုက္ေခါင္းလွည့္နည္း ေသခ်ာၾကည့္ခဲ့လို႔သာ မဟုတ္ရင္ ေရေတာင္ခ်ိဳးရမွာမဟုတ္ ဟူးးးး လူသားေတြရဲ႕ ကိစၥအရပ္ရပ္က ရႈပ္ေထြးလိုက္တာ'

*ကြၽီ!!!*

ဘရိတ္အုပ္သံအက်ယ္ႀကီးေၾကာင့္ ေငါင္ေတာင္ေတာင္နဲ႔ထိုင္ေနရာမွ ဆတ္ကနဲ ေက်ာကိုမတ္ကာ မတ္တတ္ထရပ္လိုက္ေလသည္။

ထို႔ေနာက္ အိမ္ထဲသို႔ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ဝင္လာသူအား မသိမသာျဖင့္ မ်က္လံုးေစြၾကည့္လိုက္သည္။အစက အိမ္ေပၚထပ္သို႔ တက္သြားမည့္ပံုေၾကာင့္ ေတာ္ပါေသးရဲ႕ဟုေတြးလိုက္မိေပမယ့္ ခ်က္ခ်င္းပင္ ျပန္လွည့္လာကာ သူ႔ဆီေလ်ွာက္လာတာေၾကာင့္ အလိုလိုေနရင္းပင္ ေက်ာခ်မ္းသြားမိေလသည္။

'ဟာ အေပၚသာတက္သြားစမ္းပါ ဘာလို႔ငါ့ဆီတည့္တည့္ႀကီး လာေနရတာလဲ ေဖေဖေရ မမေရ သားကိုကယ္ပါဦး အေမေရ အကိုေရ ကယ္ေတာ္မူၾကပါဦး'

မုန္းမာန္ ညေန dinner ဖိတ္ထားတာေၾကာင့္ ကုမၸဏီကအျပန္ အိမ္အရင္ဝင္ၿပီး လန္းသြားေအာင္ ေရအရင္ခ်ိဳးမယ္ဟု စဥ္းစားကာ ျပန္လာေလသည္။

အိမ္ေရာက္ေရာက္ခ်င္း အေပၚထပ္အရင္တက္ရန္ျပင္လိုက္ေပမယ့္ ဧည့္ခန္းထဲက ကႀကိဳးကို မ်က္ဝန္းေထာင့္မွ ေတြ႕လိုက္ရေသာေၾကာင့္ ကႀကိဳးဆီသာ အရင္သြားလိုက္ေလသည္။

ဧည့္ခန္းထဲေရာက္ေရာက္ခ်င္း ေသခ်ာၾကည့္လိုက္ေတာ့မွ မလႈပ္မယွက္ဘဲ လက္သီးႀကီးဆုပ္ၿပီး မ်က္စိေတြအတင္းမွိတ္ထားကာ မတ္တတ္ႀကီးရပ္ေနေလသည္။ထို႔ျပင္ နဖူးမွာပါ ေခြၽးစေတြထြက္ေနသည္ကို ျမင္လိုက္ရေသာေျကာင့္ အနည္းငယ္ ထိတ္လန္႔သြားမိသည္။

"ဒီ ဒီမွာ ကႀကိဳး မင္း ဘာျဖစ္ေနတာလဲ အဲ့တာ ဘာလုပ္ေနတာလဲ"

ကႀကိဳး သူ႔ပုခံုးအား လက္ျဖင့္ပုတ္ကာ ေမးလာသူကို အရင္ဆံုး မ်က္လံုးတစ္ဖက္ဖြင့္၍ၾကည့္လိုက္ေလသည္။ၿပီးမွ နွစ္ဖက္လံုး ဖြင့္ကာၾကည့္လိုက္ၿပီး

"ဘာ ဘာမွမဟုတ္ပါဘူး "

သူ႔အား ေခါင္းခါကာ ျငင္းဆိုလာသူအား မုန္းမာန္ အနည္းငယ္စိုက္ၾကည့္လိုက္ေလသည္။

'ဒီေကာင္ေလး ဘာေတြလုပ္ဖို႔ႀကံစည္ေနျပန္တာလဲ'

"ဒါဆိုလည္း ၿပီးေရာေလ ေၾသာ္ ဒါနဲ႔ ငါဒီေန႔ အိမ္ျပန္ေနာက္က်မယ္ေနာ္ အဲ့တာလာေျပာတာ"

မုန္းမာန္ေျပာၿပီး ဧည့္ခန္းထဲမွထြက္ရန္ ေျခလွမ္းျပင္လိုက္စဥ္ အနည္းငယ္ ရႈပ္ပြေနသည္ကို သတိထားလိုက္မိေသာေၾကာင့္ ကႀကိဳးအားလွည့္ၾကည့္လိုက္ေတာ့ သူ႔ရင္ဘတ္သူဖိကာ မ်က္လံုးမွိတ္ထားၿပီး သက္ျပင္းသဲ့သဲ့ခ်လိုက္သည္ကို ျမင္လိုက္ရေလသည္။

"မင္း အခုထိ အိမ္သန္႔ရွင္းေရးမလုပ္ရေသးဘူးလား ဟမ္ ဟုတ္လားလို႔ ငါေမးေနတယ္ေလ ေျဖေလ ကႀကိဳး ေျဖစမ္း"

ရုတ္တရက္ သူ႔အား လွမ္းေအာ္လိုက္သည့္ အသံေၾကာင့္ ကႀကိဳးခနၶာကိုယ္သည္ ဆတ္ကနဲတုန္သြားေလသည္။

"ဟို ဟို အဲ့တာက ကြၽန္ ကြၽန္ေတာ္ မလုပ္တတ္လို႔"

"ဘာကြ သန္႔ရွင္းေရးေလးေတာင္ မလုပ္တက္ရေအာင္ မင္း လူမဟုတ္ဘူးလား ဒါဆို ထမင္းကေရာ"

"အဲ့ အဲ့တာလဲ မခ်က္တတ္ဘူး"

မုန္းမာန္ စိတ္ကိုေလ်ာ့ခ်ကာ ေနာက္တစ္ခုေျပာင္းေမးလိုက္ေသာ္လည္း အခ်ဥ္းနွီးသာ ျဖစ္ေလသည္။ကုမၸဏီရွယ္ယာကိစၥေၾကာင့္ စိတ္ရႈပ္ေထြးေနစဥ္ ကႀကိဳးကပါ သူခိုင္းတာေတြ ဘာမွမလုပ္ထားဘူးဆိုသည့္အသိက သူ႔ကိုသက္သက္မဲ့ကန္႔လန္႔တိုက္သည္ဟု ေတြးမိေသာေၾကာင့္ ပို၍ပင္ေဒါသထြက္လာေလသည္။  

"ေတာက္ မင္း လာခဲ့ လာ အခုခ်ိန္ မင္းကိုအျပစ္ေပးရမွ ငါေနသာထိုင္သာရွိေတာ့မွာ"

ဟုဆိုကာ သူ႔လက္ကိုၾကမ္းၾကမ္းတမ္းတမ္းဆြဲေခၚသြားရာေနာက္သို႔ ကႀကိဳး ယက္ကန္ယက္ကန္ျဖင့္ လိုက္ပါသြားေလသည္။
____________________

အခန္းငယ္တစ္ခု။ေမွာင္မိုက္ေနေသာ အခန္းငယ္တစ္ခု။အလင္းေရာင္ဆိုတာ ေနေျပာက္တစ္ခုေတာင္အလ်ဥ္းမရွိတဲ့ အခန္းငယ္တစ္ခု။

*ဂ်ိမ္း*

ျပင္းထန္စြာေဆာင့္ပိတ္လိုက္ေသာ တံခါးသံနွင့္အတူ တြန္းလွဲခ်ခံလိုက္သည့္ ခနၶာကိုယ္ငယ္ေလး။

ထို႔ေနာက္ ေက်ာျပင္ေပၚသို႔ က်ေရာက္လာသည့္အရာတစ္ခု။

*႐ႊမ္း*

နာသည္ အသည္းခိုက္မတတ္ နာသည္။

"ကဲကြာ အဲ့တာ အေခ်ာင္ခိုခ်င္ဦး"

*႐ႊမ္း ႐ႊမ္း*

ဆက္တိုက္က်ေရာက္လာသည့္ နာက်င္မႈေၾကာင့္ ကႀကိဳး ေတာင္းပန္မိေလသည္။

"အ ေတာင္း ေတာင္းပန္ပါတယ္ မလုပ္ပါနဲ႔ "

*႐ႊမ္း*

"အဲ့တာ ငါ့ကိုအ႐ြဲ႕တိုက္လို႔"

*႐ႊမ္း*

"အားးး ေတာ္ပါေတာ့ ေတာင္းပန္ပါတယ္ နာလို႔ပါ"

*႐ႊမ္း*

"အ အဟင့္ ေနာက္ေန႔က်ရင္ လုပ္ပါ့မယ္ နာေနၿပီမို႔ ရပ္ပါေတာ့"

ရုတ္တစ္ရပ္ ရပ္တန္႔သြားမႈနွင့္အတူ ေသြးအလိမ္းလိမ္းျဖစ္ဆနၿပီျဖစ္ေသာ ေက်ာျပင္ငယ္တစ္ခု။

"ေနာက္ေန႔ ငါ့ကို ဒီလိုအခ်ိဳးထပ္ခ်ိဳးရင္ အေသသတ္ပစ္မယ္"

မုန္းမာန္ ေျပာၿပီး ခါးပတ္ကာယူကာ လဲက်သြားေသာ ခနၶာကိုယ္ေလးအား လစ္လ်ွဴရႈလ်က္ အခန္းျပင္သို႔ ထြက္လာခဲ့လိုက္ေလသည္။

အခန္းထဲက ေကာင္ငယ္ေလးမွာေတာ့ သတိရတစ္ခ်က္ မရတစ္ခ်က္ျဖင့္ ေမ်ာ့ေမ်ာ့သာက်န္ေတာ့သည္။
___________________

"ေစာင့္ေနရတာၾကာၿပီလား ကိုကို"

အသံလာရာကိုေမာ့ၾကည့္လိုက္မိေတာ့ သူမ။ဆူးနွင္းဆီဆိုသည့္ သူမ။

"ငါခ်ိန္းထားတာက မင္းအေဖနဲ႔ပါ မင္းကဘာလာလုပ္တာလဲ မင္းအေဖ မလာေတာ့ရင္လည္း ငါျပန္ေတာ့မယ္"

ေျပာၿပီး ခံုမွထလိုက္စဥ္ အေလာတႀကီးေျပာလာေသာ သူမ။

"ဟိုး stop stop ေဖေဖပါ ပါတယ္ ဆူးက ကိုကို႔ကိုေတြ႕ခ်င္လို႔ အရင္လာလိုက္တာ ခဏပဲေစာင့္ပါ"

"ဒါနဲ႔ မင္းဘာလို႔ ငါ့ကို ကိုကိုလို႔ေခၚေနရတာလဲ အဲ့လိုေခၚရေအာင္ထိလဲ မင္းနဲ႔ငါနဲ႔ ဘာပတ္သတ္မႈမွမရွိဘူး ေနာက္တစ္ခါ မေခၚပါနဲ႔ ငါမႀကိဳက္ဘူး"

"ပတ္သတ္မႈမရွိတာ ေသခ်ာလို႔လားကိုကို မေန႔ကပဲ အဟင္း ဟင္း ဟင္း"

ႏႈတ္ခမ္းအား တြန္းေကြးရံုမ်ွၿပံဳးကာ ေျပာလာေသာသူမအား မုန္းမာန္ လက္ညႇိုးထိုးလ်က္

"ေတာက္ မင္းးး..."

"ေရာက္ေနတာ ၾကာၿပီလား ေမာင္မုန္းမာန္"

မုန္းမာန္ ေရွ႕ဆက္ေျပာမည့္ စကားမ်ားက ဆူးရဲ႕အေဖ Son Construction ရဲ႕ CEO ဦးေနေဇာ္ စကားေၾကာင့္ ရပ္တန္႔သြားေလသည္။

"မၾကာေသးပါဘူး အန္ကယ္လ္ ထိုင္ပါဦး"

ဆူးနဲ႔ကပ္လ်က္ရွိ ထိုင္ခံုအား ၫႊန္ျပကာ ေျပာလိုက္ေလသည္။

"အင္းးး လာရင္းကိစၥကေတာ့ အန္ကယ့္လ္ ကုမၸဏီနဲ႔ ေမာင္မုန္းမာန္တို႔ကုမၸဏီပူးေပါင္းဖို႔ ကိစၥပဲ ေနာက္ၿပီး မင္းကုမၸဏီအေၾကာင္း မင္းအသိဆံုးေနမွာပါ အျပင္မွာလဲ ၿပိဳလဲေတာ့မယ္လို႔ သတင္းေတြထြက္ေနတယ္ မင္းလည္းၾကားမွာပါ ဒါေၾကာင့္ အန္ကယ္လ္က အရင္လာကမ္းလွမ္းတာပါ"

"မလိုပါဘူး အန္ကယ္လ္ ဒီကုမၸဏီက ေဖေဖကိုယ္တိုင္တည္ေထာင္ခဲ့တာမို႔ သူမ်ားနဲ႔ပူးေပါင္းၿပီး လက္ေအာက္ခံဘဝေရာက္သြားတာမ်ိဳးေတာ့ အျဖစ္မခံနိုင္ဘူး ကြၽန္ေတာ့္ကုမၸဏီကို ကြၽန္ေတာ္ကပဲ ပိုၿပီးယိုင္နဲ႔မလာေအာင္ အစြမ္းကုန္ႀကိဳးစားမွာမို႔ ကမ္းလွမ္းခ်က္ကို ျငင္းဆိုပါရေစ အခုလို အရင္ကမ္းလွမ္းလာတာလဲ ေက်းဇူးတင္ပါတယ္ လာရင္းကိစၥက ဒါပဲဆိုရင္ ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး"

"ေကာင္းၿပီေလ ကုမၸဏီကိစၥျငင္းရင္လဲ ဘာမွမျဖစ္ပါဘူး ဒါေပမယ့္ မင္းနဲ႔ အန္ကယ့္လ္သမီးကိစၥကိုေတာ့ ျငင္းဖို႔မစဥ္းစားပါနဲ႔"

မုန္းမာန္ ခံုမွထကာ ျပန္ရင္ျပင္လိုက္စဥ္ ထြက္ေပၚလာသည့္ စကားတစ္ခြန္းေၾကာင့္ လွည့္ၾကည့္လိုက္ေလသည္။

"အန္ကယ္လ္ဆိုလိုတာက"

"ဟုတ္တယ္ ေမာင္မုန္းမာန္ အန္ကယ္လ္အကုန္သိၿပီးၿပီ ဒါေျကာင့္ လက္ထပ္ဖို႔ရာအျမန္ဆံုး ျပင္ဆင္ေစခ်င္တယ္ အန္ကယ္လ္က သမီးရွင္မို႔လား အကယ္၍ မင္းျငင္းမယ္ဆိုရင္ေတာ့ ျဖစ္လာမယ့္ ကိစၥေတြကို အန္ကယ္လ္ မသိနိုင္ဘူးေနာ္"

ထိုစကားေၾကာင့္ မုန္းမာန္ဆက္ေျပာရမည့္ စကားမ်ားပင္ ေပ်ာက္ရွသြားေလသည္။

'အခုခ်ိန္မွာ ျငင္းလိုက္လို႔ကလည္းမျဖစ္ ဦးေနေဇာ္ဆိုတာ ဘာမဆို လုပ္တတ္သည့္ လူမ်ိဳး သူ႔အသက္ကိုယူရင္ေတာင္ ေက်ေက်နပ္နပ္ႀကီး ေပးလိုက္ခ်င္ေပမယ့္ ကုမၸဏီထိခိုက္လာတာမ်ိဳး ျဖစ္လာမွာကိုေတာ့ သူလက္မခံနိုင္ ဒီကုမၸဏီက ေဖေဖ့ ေသြးေခြၽးေတြနဲ႔ ရင္းၿပီးတည္ေထာင္ခဲ့တဲ့ ကုမၸဏီမို႔လား'

Tbc...
--------------------*------------------

ဟိုေလ စာဖတ္သူေတြထဲမွာ တစ္စံုတစ္ေယာက္ကို crush ဖူးတဲ့သူရွိရင္ crush ပံု crush နည္းေလးေတြေျပာျပေပးပါ့လား ဘာေၾကာင့္ ဆိုတာကအစေပါ့ လံုးဝမေပါက္ၾကားေစရပါဘူးေနာ္ စဥ္းစားထားတဲ့ fic ေလးတစ္ခုထဲ ထည့္ေရးခ်င္လို႔ပါရွင့္💜
________________________


Unicode...

"ကိုမုန်းမာန် အခုလက်ရှိ ကုမ္ပဏီရဲ့ စီးပွားရေးအခြေအနေကျဆင်းနေတာကို ခင်ဗျား သိမှာပါနော် အဲ့အတွက် ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ ဖြစ်နိုင်ရင် ကျွန်တော်တို့ကတော့ ခင်ဗျားဆီက ရှယ်ယာတွေပြန်ထုတ်ချင်နေပြီ"

"ဟုတ်တယ် ကျွန်တော်တို့ရောပဲ ယိုင်နဲ့လုဖြစ်နေတဲ့ ကုမ္ပဏီတစ်ခုမှာ ဆက်ပြီး ရပ်တည်နေရအောင် ကျွန်တော်တို့ မအဘူး နောက်ပြီး ဘယ်သူမှလဲ ကိုယ့်ငွေတွေကို အဆုံးရှုံးမခံနိုင်ဘူး အဲ့ဒီတော့ ခင်ဗျားဆက်စဉ်းစားပါ အခုထဲက ပိတ်သိမ်းလိုက်မလား ကုမ္ပဏီ ဒေဝါလီခံရမှ အကြွေးတွေကြားမှာ နစ်မွန်းနေမလားဆိုတာ"

ထို့နောက် အစည်းအဝေးခန်းသည် တစ်ယောက်တစ်ပေါက်ဖြင့် ပို၍ဆူညံလာလေသည်။

ကြာတော့ သူသည်ပင် ခေါင်းတွေကိုက်လာသောကြောင့် စားပွဲရှည်ရှေ့ အလည်တည့်တည့်၌ထိုင်နေရာမှ ထကာ လက်ဖြင့်စားပွဲအား အားပါပါထုရိုက်လိုက်လေသည်။

*ဒုန်း*

ကျယ်လောင်စွာထွက်ပေါ်လာသည့်အသံကြောင့် ဆူညံနေသော အသံများ တိခနဲ့ ပြတ်ကျသွားလေသည်။ပြီးနောက် သူ့အား မော့ကြည့်လာကြလေသည်။

"ဒီမှာ ခင်ဗျားတို့ငွေတွေအတွက် ဘာမှမပူနဲ့ နောက်ပြီး ဒီကုမ္ပဏီက ကျွန်တော်အဖေရဲ့ သွေးချွေးနဲ့တည်ထောင်ထားတဲ့ ကုမ္ပဏီမို့ ကျွန်တော်လည်း အဆုံးရှုံးမခံနိုင်ဘူး အခုကစပြီး လုပ်ငန်းတိုးချဲ့ဖို့ရာအစီအစဉ်တွေလည်းရှိသေးတယ် အကယ်၍ ခင်ဗျားတို့ကျွန်တော့်ကို မယုံကြည်ရင် ခင်ဗျားတို့ရှယ်ယာတွေကိုပြန်နှုတ်ယူပြီး ထွက်သွားလို့ရတယ် အဲ့တာခင်ဗျားတို့သဘောမို့ ကျွန်တော်မတားဘူး ဒါပေမယ့် တစ်ခုတော့ရှိတယ် ထွက်သွားပြီးရင် ပြန်ဝင်ဖို့ရာတော့မစဉ်းစားနဲ့ အခုသွားချင်တဲ့သူရှိရင် သွားလို့ရပြီ"

ဟုပြောပြီး မုန်းမာန် လက်တစ်ဖက်အား ရှေ့သို့ထုတ်ဖြန့်လျက် အစည်းအဝေးအခန်းပေါက်ဝသို့ ညွှန်ပြလိုက်လေသည်။

သို့သော်လည်း တုတ်တုတ်မှ လှုပ်မလာကြသည့် လူတွေကြောင့် မုန်းမာန် နှုတ်ခမ်းအား အနည်းငယ်တွန့်၍ပြုံးလိုက်ပြီးနောက်

"ဒါဆိုရင်တော့ ကျွန်တော့်ကို ယုံကြည်တယ်လို့ထင်လိုက်တော့မယ်နော် အဲ့ဒါဆို သွားခွင့်ပြုပါဦး"

မုန်းမာန် နှုတ်ဆက်ပြီး ရှေ့မှ အရင်ထွက်ခဲ့လိုက်သည်။
______________________

"Boss ည ၇နာရီကျရင် Sun Construction က CEOက ညစာစားဖို့ ဖိတ်ကြားထားပါတယ်"

မုန်းမာန် သူ့နောက်မှ တောက်လျှောက်လိုက်လာကာ အချိန်ဇယားတွေကို ပြောပြနေသော အတွင်းရေးမှူးမလေးအား လှည့်ကြည့်ကာ

"သူက ဘာလုပ်ဖို့လဲ"

"ဟို အဲ့တာတော့ ရေရေရာရာတော့မသိဘူးရှင့် ကုမ္ပဏီအကြောင်းလို့တော့ ကြားမိတယ်ရှင့်"

"Ok လေ လာခဲ့ပါ့မယ်လို့ အကြောင်းပြန်လိုက်ပါ"

"ဟုတ်ကဲ့ရှင့်"

ထို့နောက် နှင်းယု Boss ရုံးခန်းရှေ့ရှိ သူမနေရာ၌ထိုင်ကာ တစ်ဖက် CEO အား အကြောင်းပြန်ရန်ပြင်လိုက်လေသည်။
_______________

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

"ဘာပြောစရာရှိလို့လဲ"

ရုံးခန်းအတွင်းသို့ ဝင်လာသည့် အတွင်းရေးမှူးမလေးအား စာရင်းဇယားအချို့အား စစ်ဆေးနေရင်းမှ မေးလိုက်လေသည်။

"Boss ရဲ့ လုပ်ငန်းအသစ်တိုးချဲ့ဖို့ရာအတွက် တောင်ကြီးဘက်က လူတစ်ယောက်က ဆက်သွယ်လာပါတယ် ဒီတစ်ပတ်အတွင်း မြေကွက်တစ်ခုကို လေလံဆွဲမှာမို့ စိတ်ဝင်စားရင်လာခဲ့ဖို့ပြောပါတယ် ဒါကတော့ အခုဆွဲမယ့်မြေကွက်ရဲ့ မြေနေရာ အနေအထားနဲ့ အကျယ်ပါ နောက်ပြီး ဒါကတော့ အဲ့မြေကွက်တည်ရှိနေတဲ့ နေရာကိုဖော်ပြထားတဲ့ မြေပုံပါ"

လက်ထဲသို့ အတွင်းရေးမှူးမလေး ပေးလာသည့် print ထုတ်ထားသည့် စာရွက်နှစ်ရွက်အား ယူကြည့်ရင်း

"အင်း မြေနေရာလည်း မဆိုးဘူး အကျယ်ကလဲ ၂၅ ဧကလောက်ရှိတယ် နောက်ပြီး တည်ရှိနေတဲ့နေရာဘေးမှာလည်း shopping center တွေရော ရှိတယ်ဆိုတော့ သူ့ကိုအကြောင်းပြန်လိုက်ပါ ငါကိုယ်တိုင်လာခဲ့မယ်လို့"

"ဟုတ်ကဲ့ Boss"

အတွင်းရေးမှူးမလေးထွက်သွားပြီး မကြာခင်မှာပဲ သူလဲ စာရင်းဇယားများအား လက်စသက်ကာ ချွတ်ထားသည့် အပေါ်ဝတ်ကုတ်အင်္ကျီအား ယူပြီး အိမ်ပြန်လာခဲ့လေသည်။
____________________

မုန်းမာန် ကုမ္ပဏီထွက်သွားကတည်းက ကကြိုး ဘာလုပ်ရမလဲဆိုပြီး ယောင်တောင်တောင်ဖြစ်နေတာ အခုပင် နေဝင်တော့မည်။

ဗိုက်ထဲကလဲ အော်ဟစ်နေသည်မှာ အသံပေါင်းစုံနေပေပြီ။မနက်က အကူကောင်မလေးတွေ ပြင်ပေးထားခဲ့သည့် မနက်စာစားပြီးထဲက သူအခုထိဘာမှမစားရသေး။ဘာမှ အဆင်သင့်လုပ်ပေးထားတာ မရှိသောကြာင့် ဆိုတာကပိုမှန်သည်။သူလဲ ဘာမှမလုပ်တတ်သောကြောင့် ခြံထဲက ပန်းပင်တွေပဲ ရေဆင်းလောင်းရမလိုလို၊ သူပြောတဲ့ သန့်ရှင်းရေးဆိုတဲ့ဟာပဲ လိုက်လုပ်ရမလိုလိုနဲ့ ဟိုစပ်စပ်ဒီစပ်စပ်ဖြင့် လုပ်နေလေသည်။

'သူပြောနဲ့ ထမင်းဟင်းကို ငါဘယ်လိုချက်ရမှာလဲ အမေတို့အိမ်နေခဲ့တုန်းကလည်း ဘာမှမလုပ်ခဲ့ရဘူးဆိုတော့ အခုဘယ်လိုချက်ရမှာလဲ သန့်ရှင်းရေးဆိုတာကလဲ ဘယ်လိုလုပ်ရတာလဲ တော်ပါသေးတယ် ရေချိုးတာတောင် ဟိုလူကြီးခေါ်သွားတုန်းက သူများတွေချိုးတာကြည့်ပြီး ရေပိုက်ခေါင်းလှည့်နည်း သေချာကြည့်ခဲ့လို့သာ မဟုတ်ရင် ရေတောင်ချိုးရမှာမဟုတ် ဟူးးးး လူသားတွေရဲ့ ကိစ္စအရပ်ရပ်က ရှုပ်ထွေးလိုက်တာ'

*ကျွီ!!!*

ဘရိတ်အုပ်သံအကျယ်ကြီးကြောင့် ငေါင်တောင်တောင်နဲ့ထိုင်နေရာမှ ဆတ်ကနဲ ကျောကိုမတ်ကာ မတ်တတ်ထရပ်လိုက်လေသည်။

ထို့နောက် အိမ်ထဲသို့ခြေလှမ်းကျဲကြီးများဖြင့်ဝင်လာသူအား မသိမသာဖြင့် မျက်လုံးစွေကြည့်လိုက်သည်။အစက အိမ်ပေါ်ထပ်သို့ တက်သွားမည့်ပုံကြောင့် တော်ပါသေးရဲ့ဟုတွေးလိုက်မိပေမယ့် ချက်ချင်းပင် ပြန်လှည့်လာကာ သူ့ဆီလျှောက်လာတာကြောင့် အလိုလိုနေရင်းပင် ကျောချမ်းသွားမိလေသည်။

'ဟာ အပေါ်သာတက်သွားစမ်းပါ ဘာလို့ငါ့ဆီတည့်တည့်ကြီး လာနေရတာလဲ ဖေဖေရေ မမရေ သားကိုကယ်ပါဦး အမေရေ အကိုရေ ကယ်တော်မူကြပါဦး'

မုန်းမာန် ညနေ dinner ဖိတ်ထားတာကြောင့် ကုမ္ပဏီကအပြန် အိမ်အရင်ဝင်ပြီး လန်းသွားအောင် ရေအရင်ချိုးမယ်ဟု စဉ်းစားကာ ပြန်လာလေသည်။

အိမ်ရောက်ရောက်ချင်း အပေါ်ထပ်အရင်တက်ရန်ပြင်လိုက်ပေမယ့် ဧည့်ခန်းထဲက ကကြိုးကို မျက်ဝန်းထောင့်မှ တွေ့လိုက်ရသောကြောင့် ကကြိုးဆီသာ အရင်သွားလိုက်လေသည်။

ဧည့်ခန်းထဲရောက်ရောက်ချင်း သေချာကြည့်လိုက်တော့မှ မလှုပ်မယှက်ဘဲ လက်သီးကြီးဆုပ်ပြီး မျက်စိတွေအတင်းမှိတ်ထားကာ မတ်တတ်ကြီးရပ်နေလေသည်။ထို့ပြင် နဖူးမှာပါ ချွေးစတွေထွက်နေသည်ကို မြင်လိုက်ရသောကြောင့် အနည်းငယ် ထိတ်လန့်သွားမိသည်။

"ဒီ ဒီမှာ ကကြိုး မင်း ဘာဖြစ်နေတာလဲ အဲ့တာ ဘာလုပ်နေတာလဲ"

ကကြိုး သူ့ပုခုံးအား လက်ဖြင့်ပုတ်ကာ မေးလာသူကို အရင်ဆုံး မျက်လုံးတစ်ဖက်ဖွင့်၍ကြည့်လိုက်လေသည်။ပြီးမှ နှစ်ဖက်လုံး ဖွင့်ကာကြည့်လိုက်ပြီး

"ဘာ ဘာမှမဟုတ်ပါဘူး "

သူ့အား ခေါင်းခါကာ ငြင်းဆိုလာသူအား မုန်းမာန် အနည်းငယ်စိုက်ကြည့်လိုက်လေသည်။

'ဒီကောင်လေး ဘာတွေလုပ်ဖို့ကြံစည်နေပြန်တာလဲ'

"ဒါဆိုလည်း ပြီးရောလေ သြော် ဒါနဲ့ ငါဒီနေ့ အိမ်ပြန်နောက်ကျမယ်နော် အဲ့တာလာပြောတာ"

မုန်းမာန်ပြောပြီး ဧည့်ခန်းထဲမှထွက်ရန် ခြေလှမ်းပြင်လိုက်စဉ် အနည်းငယ် ရှုပ်ပွနေသည်ကို သတိထားလိုက်မိသောကြောင့် ကကြိုးအားလှည့်ကြည့်လိုက်တော့ သူ့ရင်ဘတ်သူဖိကာ မျက်လုံးမှိတ်ထားပြီး သက်ပြင်းသဲ့သဲ့ချလိုက်သည်ကို မြင်လိုက်ရလေသည်။

"မင်း အခုထိ အိမ်သန့်ရှင်းရေးမလုပ်ရသေးဘူးလား ဟမ် ဟုတ်လားလို့ ငါမေးနေတယ်လေ ဖြေလေ ကကြိုး ဖြေစမ်း"

ရုတ်တရက် သူ့အား လှမ်းအော်လိုက်သည့် အသံကြောင့် ကကြိုးခန္ဓာကိုယ်သည် ဆတ်ကနဲတုန်သွားလေသည်။

"ဟို ဟို အဲ့တာက ကျွန် ကျွန်တော် မလုပ်တတ်လို့"

"ဘာကွ သန့်ရှင်းရေးလေးတောင် မလုပ်တက်ရအောင် မင်း လူမဟုတ်ဘူးလား ဒါဆို ထမင်းကရော"

"အဲ့ အဲ့တာလဲ မချက်တတ်ဘူး"

မုန်းမာန် စိတ်ကိုလျော့ချကာ နောက်တစ်ခုပြောင်းမေးလိုက်သော်လည်း အချဉ်းနှီးသာ ဖြစ်လေသည်။ကုမ္ပဏီရှယ်ယာကိစ္စကြောင့် စိတ်ရှုပ်ထွေးနေစဉ် ကကြိုးကပါ သူခိုင်းတာတွေ ဘာမှမလုပ်ထားဘူးဆိုသည့်အသိက သူ့ကိုသက်သက်မဲ့ကန့်လန့်တိုက်သည်ဟု တွေးမိသောကြောင့် ပို၍ပင်ဒေါသထွက်လာလေသည်။  

"တောက် မင်း လာခဲ့ လာ အခုချိန် မင်းကိုအပြစ်ပေးရမှ ငါနေသာထိုင်သာရှိတော့မှာ"

ဟုဆိုကာ သူ့လက်ကိုကြမ်းကြမ်းတမ်းတမ်းဆွဲခေါ်သွားရာနောက်သို့ ကကြိုး ယက်ကန်ယက်ကန်ဖြင့် လိုက်ပါသွားလေသည်။
____________________

အခန်းငယ်တစ်ခု။မှောင်မိုက်နေသော အခန်းငယ်တစ်ခု။အလင်းရောင်ဆိုတာ နေပြောက်တစ်ခုတောင်အလျဉ်းမရှိတဲ့ အခန်းငယ်တစ်ခု။

*ဂျိမ်း*

ပြင်းထန်စွာဆောင့်ပိတ်လိုက်သော တံခါးသံနှင့်အတူ တွန်းလှဲချခံလိုက်သည့် ခန္ဓာကိုယ်ငယ်လေး။

ထို့နောက် ကျောပြင်ပေါ်သို့ ကျရောက်လာသည့်အရာတစ်ခု။

*ရွှမ်း*

နာသည် အသည်းခိုက်မတတ် နာသည်။

"ကဲကွာ အဲ့တာ အချောင်ခိုချင်ဦး"

*ရွှမ်း ရွှမ်း*

ဆက်တိုက်ကျရောက်လာသည့် နာကျင်မှုကြောင့် ကကြိုး တောင်းပန်မိလေသည်။

"အ တောင်း တောင်းပန်ပါတယ် မလုပ်ပါနဲ့ "

*ရွှမ်း*

"အဲ့တာ ငါ့ကိုအရွဲ့တိုက်လို့"

*ရွှမ်း*

"အားးး တော်ပါတော့ တောင်းပန်ပါတယ် နာလို့ပါ"

*ရွှမ်း*

"အ အဟင့် နောက်နေ့ကျရင် လုပ်ပါ့မယ် နာနေပြီမို့ ရပ်ပါတော့"

ရုတ်တစ်ရပ် ရပ်တန့်သွားမှုနှင့်အတူ သွေးအလိမ်းလိမ်းဖြစ်ဆနပြီဖြစ်သော ကျောပြင်ငယ်တစ်ခု။

"နောက်နေ့ ငါ့ကို ဒီလိုအချိုးထပ်ချိုးရင် အသေသတ်ပစ်မယ်"

မုန်းမာန် ပြောပြီး ခါးပတ်ကာယူကာ လဲကျသွားသော ခန္ဓာကိုယ်လေးအား လစ်လျှူရှုလျက် အခန်းပြင်သို့ ထွက်လာခဲ့လိုက်လေသည်။

အခန်းထဲက ကောင်ငယ်လေးမှာတော့ သတိရတစ်ချက် မရတစ်ချက်ဖြင့် မျော့မျော့သာကျန်တော့သည်။
___________________

"စောင့်နေရတာကြာပြီလား ကိုကို"

အသံလာရာကိုမော့ကြည့်လိုက်မိတော့ သူမ။ဆူးနှင်းဆီဆိုသည့် သူမ။

"ငါချိန်းထားတာက မင်းအဖေနဲ့ပါ မင်းကဘာလာလုပ်တာလဲ မင်းအဖေ မလာတော့ရင်လည်း ငါပြန်တော့မယ်"

ပြောပြီး ခုံမှထလိုက်စဉ် အလောတကြီးပြောလာသော သူမ။

"ဟိုး stop stop ဖေဖေပါ ပါတယ် ဆူးက ကိုကို့ကိုတွေ့ချင်လို့ အရင်လာလိုက်တာ ခဏပဲစောင့်ပါ"

"ဒါနဲ့ မင်းဘာလို့ ငါ့ကို ကိုကိုလို့ခေါ်နေရတာလဲ အဲ့လိုခေါ်ရအောင်ထိလဲ မင်းနဲ့ငါနဲ့ ဘာပတ်သတ်မှုမှမရှိဘူး နောက်တစ်ခါ မခေါ်ပါနဲ့ ငါမကြိုက်ဘူး"

"ပတ်သတ်မှုမရှိတာ သေချာလို့လားကိုကို မနေ့ကပဲ အဟင်း ဟင်း ဟင်း"

နှုတ်ခမ်းအား တွန်းကွေးရုံမျှပြုံးကာ ပြောလာသောသူမအား မုန်းမာန် လက်ညှိုးထိုးလျက်

"တောက် မင်းးး..."

"ရောက်နေတာ ကြာပြီလား မောင်မုန်းမာန်"

မုန်းမာန် ရှေ့ဆက်ပြောမည့် စကားများက ဆူးရဲ့အဖေ Son Construction ရဲ့ CEO ဦးနေဇော် စကားကြောင့် ရပ်တန့်သွားလေသည်။

"မကြာသေးပါဘူး အန်ကယ်လ် ထိုင်ပါဦး"

ဆူးနဲ့ကပ်လျက်ရှိ ထိုင်ခုံအား ညွှန်ပြကာ ပြောလိုက်လေသည်။

"အင်းးး လာရင်းကိစ္စကတော့ အန်ကယ့်လ် ကုမ္ပဏီနဲ့ မောင်မုန်းမာန်တို့ကုမ္ပဏီပူးပေါင်းဖို့ ကိစ္စပဲ နောက်ပြီး မင်းကုမ္ပဏီအကြောင်း မင်းအသိဆုံးနေမှာပါ အပြင်မှာလဲ ပြိုလဲတော့မယ်လို့ သတင်းတွေထွက်နေတယ် မင်းလည်းကြားမှာပါ ဒါကြောင့် အန်ကယ်လ်က အရင်လာကမ်းလှမ်းတာပါ"

"မလိုပါဘူး အန်ကယ်လ် ဒီကုမ္ပဏီက ဖေဖေကိုယ်တိုင်တည်ထောင်ခဲ့တာမို့ သူများနဲ့ပူးပေါင်းပြီး လက်အောက်ခံဘဝရောက်သွားတာမျိုးတော့ အဖြစ်မခံနိုင်ဘူး ကျွန်တော့်ကုမ္ပဏီကို ကျွန်တော်ကပဲ ပိုပြီးယိုင်နဲ့မလာအောင် အစွမ်းကုန်ကြိုးစားမှာမို့ ကမ်းလှမ်းချက်ကို ငြင်းဆိုပါရစေ အခုလို အရင်ကမ်းလှမ်းလာတာလဲ ကျေးဇူးတင်ပါတယ် လာရင်းကိစ္စက ဒါပဲဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး"

"ကောင်းပြီလေ ကုမ္ပဏီကိစ္စငြင်းရင်လဲ ဘာမှမဖြစ်ပါဘူး ဒါပေမယ့် မင်းနဲ့ အန်ကယ့်လ်သမီးကိစ္စကိုတော့ ငြင်းဖို့မစဉ်းစားပါနဲ့"

မုန်းမာန် ခုံမှထကာ ပြန်ရင်ပြင်လိုက်စဉ် ထွက်ပေါ်လာသည့် စကားတစ်ခွန်းကြောင့် လှည့်ကြည့်လိုက်လေသည်။

"အန်ကယ်လ်ဆိုလိုတာက"

"ဟုတ်တယ် မောင်မုန်းမာန် အန်ကယ်လ်အကုန်သိပြီးပြီ ဒါကြောင့် လက်ထပ်ဖို့ရာအမြန်ဆုံး ပြင်ဆင်စေချင်တယ် အန်ကယ်လ်က သမီးရှင်မို့လား အကယ်၍ မင်းငြင်းမယ်ဆိုရင်တော့ ဖြစ်လာမယ့် ကိစ္စတွေကို အန်ကယ်လ် မသိနိုင်ဘူးနော်"

ထိုစကားကြောင့် မုန်းမာန်ဆက်ပြောရမည့် စကားများပင် ပျောက်ရှသွားလေသည်။

'အခုချိန်မှာ ငြင်းလိုက်လို့ကလည်းမဖြစ် ဦးနေဇော်ဆိုတာ ဘာမဆို လုပ်တတ်သည့် လူမျိုး သူ့အသက်ကိုယူရင်တောင် ကျေကျေနပ်နပ်ကြီး ပေးလိုက်ချင်ပေမယ့် ကုမ္ပဏီထိခိုက်လာတာမျိုး ဖြစ်လာမှာကိုတော့ သူလက်မခံနိုင် ဒီကုမ္ပဏီက ဖေဖေ့ သွေးချွေးတွေနဲ့ ရင်းပြီးတည်ထောင်ခဲ့တဲ့ ကုမ္ပဏီမို့လား'

Tbc...
--------------------*------------------

ဟိုလေ စာဖတ်သူတွေထဲမှာ တစ်စုံတစ်ယောက်ကို crush ဖူးတဲ့သူရှိရင် crush ပုံ crush နည်းလေးတွေပြောပြပေးပါ့လား ဘာကြောင့် ဆိုတာကအစပေါ့ လုံးဝမပေါက်ကြားစေရပါဘူးနော် စဉ်းစားထားတဲ့ fic လေးတစ်ခုထဲ ထည့်ရေးချင်လို့ပါရှင့်💜
________________________














© Kout Tay,
книга «My Heart For You».
အပိုင္း-၂၇
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
အလြမ္း ကဗ်ာ
အပိုင္း-၂၆
အပိုင္းသ၀္ေလးျမန္ျမန္ဆက္ပါေနာ္
Відповісти
2020-10-21 01:27:17
1