အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၃၃
Zawgyi...

"Good Morning ပါ Boss"

"အင္း Good Morning"

"ဒီေန႔မနက္ ၉ နာရီ အစည္းအေဝးၿပီးရင္ ေတာင္ႀကီးက ဟိုတယ္စီမံကိန္းအတြက္ ေဆြးေႏြးဖို႔ရာ ရွိပါတယ္ Boss"

"ေန႔လည္ခင္းပိုင္းမွာ decoration အဖြဲ႕က ဟိုတယ္အတြက္ အစည္းအေဝးလုပ္ခြင့္ေတာင္းထားပါတယ္ Boss"

"ညေနခင္းပိုင္းမွာေတာ့ HS company က CEO က စံုတြဲ Party တက္ဖို႔ ဖိတ္ၾကားထားပါတယ္ Boss"

"အိုေက"

"ဟို ဒါနဲ႔ စံုတြဲပါတီတက္ဖို႔ရာအတြက္..."

"မလိုဘူး ရတယ္ ငါေခၚသြားရမယ့္သူရွိတယ္"

သူ႔ေနာက္မွ တစ္ေကာက္ေကာက္လိုက္ကာ တစ္ေန႔တာအခ်ိန္ဇယားေျပာျပေနေသာ အတြင္းေရးမွဴးမေလးဘက္သို႔ လွည့္ကာေျပာလိုက္ေလသည္။

"ဟုတ္ကဲ့ပါ Boss"

နွင္းယု Boss အား ဦးၫႊတ္ၿပီးေနာက္ အစည္းအေဝးအတြက္ ျပင္ဆင္ရန္ သူမေနရာတြင္ ဝင္ေနခဲ့လိုက္သည္။

__________________

*Vibration*

"ဟယ္လို"

"ဟယ္လို"

"ဟယ္လို ဘယ္သူလဲ"

"ဟင့္"

"ဟင္"

"ေတာ္ၿပီ ေတာ္ၿပီ ေနာက္ ဘယ္ေတာ့မွဖုန္းမဆက္ေတာ့ဘူး ကိုယ့္ေယာက်္ားဖုန္းကိုေတာင္ ဘယ္သူလဲတဲ့ ကြၽန္ေတာ့္နံပါတ္ကိုေရာ မွတ္ထားရဲ႕လား ဒီကေတာ့ အရမ္းလြမ္းေနလို႔ သူ႔ဆီဖုန္းဆက္ပါတယ္ ဘယ္သူလဲတဲ့ အဟင့္ ဟင့္ ေနာက္ဘယ္ေတာ့မွမဆက္ဘူး..."

"မဟုတ္...."

"အင္ ဖုန္းခ်သြားတာလား ဟား ဟား တကယ့္အဆိုးအေပေလး"

မုန္းမာန္ တစ္ေယာက္ထဲေျပာေနရင္းမွ မေန႔ကအေၾကာင္းဆီ အေတြးအခ်ိဳ႕ေရာက္သြားေလသည္။

"ကြၽန္ေတာ္ ခင္ဗ်ားကို နမ္းခ်င္တယ္"

"အမ္"

"ကြၽန္ေတာ္ ခင္ဗ်ားကို နမ္းခ်င္တယ္လို႔"

ေျပာရင္းမွ မ်က္ရည္ဝဲလာသူေၾကာင့္ မုန္းမာန္ ျပာျပာသလဲျဖစ္သြားေလသည္။ဒီအခ်ိန္မွာ တကယ္ပဲ ကိုယ္ဝန္ေဆာင္ေတြက အေတာ္ စိတ္အားငယ္တတ္သည္လား သူလည္း မေျပာတတ္ေပ။အခုပဲၾကည့္ ဘာမဟုတ္တာေလးနဲ႔ တန္းၿပီး မ်က္ရည္ဝဲေတာ့တာပဲ။

"အင္း အင္း နမ္း"

"ဟုတ္ လာ ဒီနားတိုးခဲ့"

အခုနပံုစံနဲ႔ လံုးဝကြဲျပားစြာ ၿပံဳးရယ္ကာေျပာလာသူအနားသို႔ မုန္းမာန္သြားလိုက္ေလသည္။

"အား ခ်စ္ဖို႔ေကာင္းလိုက္တဲ့ ငါ့ေယာက်္ားႀကီး ဟီးဟီး ခ်စ္တယ္ မြ မြ"

သူ႔ပါးျပင္အား လက္ဖဝါးနွစ္ဖက္ျဖင့္ ကိုင္ကာ ေနရာအနွံ႔နမ္းေနသူေၾကာင့္ မုန္းမာန္ၿပံဳးမိသည္။

သူ႔နႈတ္ခမ္းစိုစိုေလးနဲ႔ ကြၽန္ေတာ့္ပါးျပင္ ထိကပ္သြားတိုင္း ရင္ထဲက တစ္လွပ္လွပ္လွိုက္ခုန္ေနမိသည္။အရမ္းႀကီး မျပဳစားလြန္းနဲ႔ ကေလးရယ္ ကိုယ့္အတြက္ ထိန္းခ်ဳပ္ဖို႔ရာခက္လာရင္ မင္းအတြက္ ဘယ္အရာမွေကာင္းလာနိုင္ေခ် ရွိမွာမဟုတ္ဘူး။ဘာလို႔ဆို ကိုယ္က အခ်စ္လည္း ႀကီးသလို အမ်က္လည္း ႀကီးတာမို႔ သိပ္ခ်စ္ဖို႔ေကာင္းမျပနဲ႔ ကေလး။

"အင့္ အြန္းးး..."

သူ႔မ်က္နွာအနွံ႔အား နမ္းေနရာမွ ရုတ္တစ္ရက္ နႈတ္ခမ္းပါးအား ဆြဲယူနမ္းရွိုက္မိသည္။ခ်ိဳလိုက္တာ။ပ်ားရည္ေလးလိုမ်ိဳး၊ ပန္းဝတ္ရည္ကို စုတ္ယူ စားသံုးမိသလိုမ်ိဳး ခ်ိဳၿမိန္သည္။

"ကိုယ့္စိတ္ေတြ ထိန္းမရေတာ့ဘူး ကေလး"

သူ႔နႈတ္ခမ္းပါးအား တစ္ခဏမ်ွလႊတ္ကာ နွစ္ကိုယ္ၾကား ၾကားနိုင္ယံုမ်ွ တိုးတိုးေလးေျပာၿပီးေနာက္ ေရးေရးကေလးၿပံဳးျပလာေသာသူအား ထပ္မံနမ္းရွိုက္မိေလေတာ့သည္။

"Boss Boss Boss"

"အင္ ဟင္"

"အစည္းအေဝးခ်ိန္နီးေနပါၿပီ Boss"

"ေၾသာ္ အင္း ဟုတ္သားပဲ sorry ငါအေတြးလြန္သြားလို႔ သြားၾကရေအာင္"

"ဟုတ္ကဲ့ပါ Boss"

__________________

ေတာင္ႀကီးၿမိဳ႕တစ္ေနရာ၌..

"ခင္ဗ်ားတို႔ Boss နဲ႔ေတြ႕ခ်င္လို႔"

"ထြီ ဘာကိစၥလဲ"

သြားၾကားထိုးတံအား ကိုက္ထားရာမွ ေထြးထုတ္လိုက္ကာ ေမးလာေသာသူ။

"ဒါက သူနဲ႔ေျပာမွ ျဖစ္မယ့္ကိစၥမို႔ ခင္ဗ်ားတို႔သိစရာမလိုဘူးလို႔ ထင္တယ္"

"ႀကိဳတင္ခ်ိန္းထားလား"

"No!"

"ဒါဆို လာရာလမ္းအတိုင္း ျပန္လိုက္ေတာ့"

"အဟက္ ဒီလိုလြယ္လြယ္နဲ႔ ျပန္ရေၾကးဆို ခန္႔ညားတို႔က ဒီထိေရာက္ေအာင္လာခဲ့မွာေတာင္ မဟုတ္ဘူး"

"ဟား ဟား ေကာင္ေလး လူပံုၾကည့္ေတာ့ ေသးညက္ညက္ေလးလိုလိုနဲ႔ မင္းက စကားေျပာတာေတာ့ စြာလွေခ်လား"

"စကားအပိုေတြမေျပာၾကဘဲ တစ္ဖက္နဲ႔တစ္ဖက္ အက်ိဳးရွိတာေလးေတြလုပ္ရေအာင္လား ခင္ဗ်ား Boss ကိုေျပာလိုက္ပါ မုန္းမာန္ဝင့္ထည္ကို မွတ္မိေသးရဲ႕လားလို႔"

"Ok ေလ တကယ္လို႔ Boss ကသာမေတြ႕ခ်င္ဘူးလို႔ ေျပာလိုက္ရင္ေတာ့ မင္း ငါ့လက္ထဲမွာတင္ စိစိညက္ညက္ေၾကသြားလို႔ အိမ္ေတာင္မျပန္နိုင္ ျဖစ္သြားေစရမယ္ ဟား ဟား ဟား ဟိတ္ေကာင္ေတြ ဒီေကာင့္ကို ေသခ်ာေစာင့္ၾကည့္ထားလိုက္"

"ဟုတ္ကဲ့ပါ အစ္ကိုႀကီး"

ခန္႔ညား သူ႔ကို ၾကည့္ကာ ေျပာသြားသူ ေနာက္ေက်ာေပ်ာက္ကြယ္သြားသည္အထိ မ်က္ဝန္းမ်ား ေမွးကာၾကည့္ေနလိုက္သည္။
________________

"မုန္းမာန္ဝင့္ထည္ဆိုတဲ့ နာမည္ကိုမမွတ္မိဘဲေနပါ့မလား ဟား ဟား.. ဆိုပါဦး မင္းရဲ႕လာရင္းကိစၥကို"

"ဒီလိုပါ ခင္ဗ်ားနဲ႔ မုန္းမာန္ဝင့္ထည္နဲ႔က ငယ္ငယ္ကတည္းက ရန္စရွိခဲ့တယ္လို႔ စံုစမ္းရမိသေလာက္ သိခဲ့ရတယ္ ဒါနဲ႔ ကြၽန္ေတာ့္ နာမည္က ခန္႔ညားပါ ကြၽန္ေတာ့္ Boss ကေတာ့ အာကာဘုန္းျမတ္ပါ Boss က လက္တစ္ေလာ ကိစၥအခ်ိဳ႕ေၾကာင့္ မအားလပ္လို႔ လိုက္မလာေပးနိုင္တာကို နားလည္ေပးေစခ်င္ပါတယ္"

"Ok ok ဒါ ငါ့အတြက္ ကိစၥမရွိပါဘူး လာရင္းအေၾကာင္းပဲ ဆက္ေျပာရေအာင္"

"အဟင္း ကိစၥကေတာ့ အကယ္၍ ခင္ဗ်ားတို႔ဘက္ကသာ မုန္းမာန္ဝင့္ထည္ကို ၿပိဳလဲသြားေအာင္လုပ္ဖို႔ ကူညီမယ္ဆိုရင္ ခင္ဗ်ားတို႔ရဲ႕ ဘိန္းျဖဴေတြကို ျမန္မာတစ္နိုင္ငံလံုးမွာ ေနရာလပ္မက်န္ေအာင္ ေလ်ာေလ်ာရွဴရွဴျဖန္႔ခ်ိဖို႔ရာအတြက္ ကူညီေပးမယ္ဆိုရင္ေရာ"

"အဟား မင္းကလာသားပဲ ဒီေလာက္ကေတာ့ ငါ့ဘက္က ကိစၥမရွိပါဘူး ငါကသိပ္ေတာင္ႀကိဳက္ေသးတယ္ ၿပိဳလဲဖို႔ရာတင္ပဲလား တစ္ခါတည္း ကစ္.. သတ္ပစ္လိုက္မယ္ဆိုရင္ေရာ"

သူ႔လည္ပင္းကိုယ္သူ ဓားနဲ႔လွီးသလိုလုပ္ျပကာ မ်က္ခံုးပင့္ျပေနသူအား ၾကည့္ၿပီး ခန္႔ညားၿပံဳးမိသည္။

'ငါလာတာ မွန္သြားၿပီပဲ'

"ဒါကေတာ့ Boss သေဘာပါ ကြၽန္ေတာ္ကေတာ့ Boss ခိုင္းသမ်ွလုပ္ေပးဖို႔ရာ အဆင္သင့္ရွိေနရမယ့္သူမို႔ ကြၽန္ေတာ္ဆံုးျဖတ္ေပးလို႔မရပါဘူး"

"ဟား ဟား မင္းလိုလူယံုကိုေတာ့ ငါႀကိဳက္သြားၿပီ အိုေကေလ တစ္ရက္ေလာက္ မင္း Boss နဲ႔ပါ စံုစည္းၿပီး ညႇိၾကတာေပါ့ ဘာပဲျဖစ္ျဖစ္ အခုကိစၥအလုပ္ျဖစ္သြားၿပီလို႔သာ သတ္မွတ္လိုက္ေတာ့"

"ဟုတ္ကဲ့ ဒါဆို သြားခြင့္ျပဳပါဦး"

"Ok"

ခန္႔ညားထြက္သြားသည္နွင့္ အခန္းထဲတြင္ က်န္ေနခဲ့သူသည္ တစ္ကိုယ္တည္း ဟားတိုက္ကာ ရယ္ေမာေနေတာ့သည္။

"မုန္းမာန္ မုန္းမာန္ မင္းနဲ႔ငါနဲ႔ အခုေတာ့ ထိပ္တိုက္ေတြ႕ရေတာ့မွာေပါ့.. ေသရမယ့္ရက္ကို လက္ခ်ိဳးေရတြက္ရင္းနဲ႔သာ ေစာင့္ဆိုင္းေနလိုက္ေတာ့ ဟား ဟား  ဟား ဟား"
__________________

"Boss ေတာင္ႀကီးက ဟိုတယ္စီမံကိန္းအတြက္ ကုန္က်မယ့္ ခန္႔မွန္းေခ် ေငြစာရင္းပါ Boss"

"အင္း"

အတြင္းေရးမွဴးမေလး ေပးလာသည့္ စာရင္းအားယူၾကည့္လိုက္ရင္း မုန္းမာန္ သက္ျပင္းခ်မိသည္။

'ခန္႔မွန္းေခ်ေတာင္ ဒီေလာက္ကုန္ရင္ အတိအက်သာဆိုရင္... ဟူးးးး ဒီေလာက္မ်ားတဲ့ ေငြပမာဏ ငါဘယ္လိုရွာရမလဲ'

"အဆင္ေျပရဲ႕လား Boss ကြၽန္မ သံပုရာရည္တစ္ခြက္ေလာက္ ေဖ်ာ္ေပးရမလား"

နွင္းယု စာရင္းၾကည့္ေနရင္း နဖူးမွေခြၽးေစးေတြျပန္လာေသာ Boss အား ေမးလိုက္မိသည္။

"ရပါတယ္ အဆင္ေျပပါတယ္"

"ဟုတ္ကဲ့ ဒါဆို သြားခြင့္ျပဳပါဦး"

"အင္း"

မုန္းမာန္ ေခါင္းတစ္ခ်က္ ဆတ္ျပလိုက္ေလသည္။
_________________

*vibration*

"Hello!"

"အင္း ကိုယ္တို႔ေတြ႕ၾကရေအာင္"

"မခ်ိန္းစဖူး ကိုကို႔ဘက္က အရင္ခ်ိန္းလို႔ပါလား အိုေကေလ ဘယ္ေနရာလာခဲ့ရမလဲ"

"(××××)ဆိုင္ကို"

"အိုေက ကိုကို ခ်စ္အခုပဲ ထြက္လာခဲ့မယ္"

"အင္း"

"ဆူးေတာ့ ဒီေန႔ ထီေပါက္တာထက္ ပိုေပ်ာ္ေနရၿပီ ကိုကို ရင္ေတြခုန္လိုက္တာ.. ကိုကိုနဲ႔ေတြ႕ဖို႔ရာအတြက္ အလွဆံုးျပင္သြားရမယ္ ဒါမွ ကိုကို တစ္ခါတည္း ဆူးအေပၚ ၫႊတ္က်လာမွာ ခစ္ခစ္"

တစ္ခန္းလံုးအား ပန္းႏုေရာင္မ်ားျဖင့္ ျပင္ဆင္ထားေသာ အခန္းက်ယ္တစ္ခုထဲ၌ အလွပဆံုး ျပင္ဆင္ေနေသာ မိန္းမပ်ိဳတစ္ဦး။
_________________

"ေမာင္"

Tbc...
---------------------------
Rl ထဲကေနမ်ား ထုတ္ပစ္လိုက္ၾကၿပီလား ဟင္
အပ်င္းႀကီးေနလို႔ပါ HeeHee💜
ေနာက္တစ္ပိုင္းအတြက္ကေတာ့ တစ္သ်ွဴးေဆာင္ထားၾကပါလို႔ ႀကိဳေျပာပါရေစ🤧
______________________


Unicode...

"Good Morning ပါ Boss"

"အင်း Good Morning"

"ဒီနေ့မနက် ၉ နာရီ အစည်းအဝေးပြီးရင် တောင်ကြီးက ဟိုတယ်စီမံကိန်းအတွက် ဆွေးနွေးဖို့ရာ ရှိပါတယ် Boss"

"နေ့လည်ခင်းပိုင်းမှာ decoration အဖွဲ့က ဟိုတယ်အတွက် အစည်းအဝေးလုပ်ခွင့်တောင်းထားပါတယ် Boss"

"ညနေခင်းပိုင်းမှာတော့ HS company က CEO က စုံတွဲ Party တက်ဖို့ ဖိတ်ကြားထားပါတယ် Boss"

"အိုကေ"

"ဟို ဒါနဲ့ စုံတွဲပါတီတက်ဖို့ရာအတွက်..."

"မလိုဘူး ရတယ် ငါခေါ်သွားရမယ့်သူရှိတယ်"

သူ့နောက်မှ တစ်ကောက်ကောက်လိုက်ကာ တစ်နေ့တာအချိန်ဇယားပြောပြနေသော အတွင်းရေးမှူးမလေးဘက်သို့ လှည့်ကာပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ Boss"

နှင်းယု Boss အား ဦးညွှတ်ပြီးနောက် အစည်းအဝေးအတွက် ပြင်ဆင်ရန် သူမနေရာတွင် ဝင်နေခဲ့လိုက်သည်။

__________________

*Vibration*

"ဟယ်လို"

"ဟယ်လို"

"ဟယ်လို ဘယ်သူလဲ"

"ဟင့်"

"ဟင်"

"တော်ပြီ တော်ပြီ နောက် ဘယ်တော့မှဖုန်းမဆက်တော့ဘူး ကိုယ့်ယောက်ျားဖုန်းကိုတောင် ဘယ်သူလဲတဲ့ ကျွန်တော့်နံပါတ်ကိုရော မှတ်ထားရဲ့လား ဒီကတော့ အရမ်းလွမ်းနေလို့ သူ့ဆီဖုန်းဆက်ပါတယ် ဘယ်သူလဲတဲ့ အဟင့် ဟင့် နောက်ဘယ်တော့မှမဆက်ဘူး..."

"မဟုတ်...."

"အင် ဖုန်းချသွားတာလား ဟား ဟား တကယ့်အဆိုးအပေလေး"

မုန်းမာန် တစ်ယောက်ထဲပြောနေရင်းမှ မနေ့ကအကြောင်းဆီ အတွေးအချို့ရောက်သွားလေသည်။

"ကျွန်တော် ခင်ဗျားကို နမ်းချင်တယ်"

"အမ်"

"ကျွန်တော် ခင်ဗျားကို နမ်းချင်တယ်လို့"

ပြောရင်းမှ မျက်ရည်ဝဲလာသူကြောင့် မုန်းမာန် ပြာပြာသလဲဖြစ်သွားလေသည်။ဒီအချိန်မှာ တကယ်ပဲ ကိုယ်ဝန်ဆောင်တွေက အတော် စိတ်အားငယ်တတ်သည်လား သူလည်း မပြောတတ်ပေ။အခုပဲကြည့် ဘာမဟုတ်တာလေးနဲ့ တန်းပြီး မျက်ရည်ဝဲတော့တာပဲ။

"အင်း အင်း နမ်း"

"ဟုတ် လာ ဒီနားတိုးခဲ့"

အခုနပုံစံနဲ့ လုံးဝကွဲပြားစွာ ပြုံးရယ်ကာပြောလာသူအနားသို့ မုန်းမာန်သွားလိုက်လေသည်။

"အား ချစ်ဖို့ကောင်းလိုက်တဲ့ ငါ့ယောက်ျားကြီး ဟီးဟီး ချစ်တယ် မွ မွ"

သူ့ပါးပြင်အား လက်ဖဝါးနှစ်ဖက်ဖြင့် ကိုင်ကာ နေရာအနှံ့နမ်းနေသူကြောင့် မုန်းမာန်ပြုံးမိသည်။

သူ့နှုတ်ခမ်းစိုစိုလေးနဲ့ ကျွန်တော့်ပါးပြင် ထိကပ်သွားတိုင်း ရင်ထဲက တစ်လှပ်လှပ်လှိုက်ခုန်နေမိသည်။အရမ်းကြီး မပြုစားလွန်းနဲ့ ကလေးရယ် ကိုယ့်အတွက် ထိန်းချုပ်ဖို့ရာခက်လာရင် မင်းအတွက် ဘယ်အရာမှကောင်းလာနိုင်ချေ ရှိမှာမဟုတ်ဘူး။ဘာလို့ဆို ကိုယ်က အချစ်လည်း ကြီးသလို အမျက်လည်း ကြီးတာမို့ သိပ်ချစ်ဖို့ကောင်းမပြနဲ့ ကလေး။

"အင့် အွန်းးး..."

သူ့မျက်နှာအနှံ့အား နမ်းနေရာမှ ရုတ်တစ်ရက် နှုတ်ခမ်းပါးအား ဆွဲယူနမ်းရှိုက်မိသည်။ချိုလိုက်တာ။ပျားရည်လေးလိုမျိုး၊ ပန်းဝတ်ရည်ကို စုတ်ယူ စားသုံးမိသလိုမျိုး ချိုမြိန်သည်။

"ကိုယ့်စိတ်တွေ ထိန်းမရတော့ဘူး ကလေး"

သူ့နှုတ်ခမ်းပါးအား တစ်ခဏမျှလွှတ်ကာ နှစ်ကိုယ်ကြား ကြားနိုင်ယုံမျှ တိုးတိုးလေးပြောပြီးနောက် ရေးရေးကလေးပြုံးပြလာသောသူအား ထပ်မံနမ်းရှိုက်မိလေတော့သည်။

"Boss Boss Boss"

"အင် ဟင်"

"အစည်းအဝေးချိန်နီးနေပါပြီ Boss"

"သြော် အင်း ဟုတ်သားပဲ sorry ငါအတွေးလွန်သွားလို့ သွားကြရအောင်"

"ဟုတ်ကဲ့ပါ Boss"

__________________

တောင်ကြီးမြို့တစ်နေရာ၌..

"ခင်ဗျားတို့ Boss နဲ့တွေ့ချင်လို့"

"ထွီ ဘာကိစ္စလဲ"

သွားကြားထိုးတံအား ကိုက်ထားရာမှ ထွေးထုတ်လိုက်ကာ မေးလာသောသူ။

"ဒါက သူနဲ့ပြောမှ ဖြစ်မယ့်ကိစ္စမို့ ခင်ဗျားတို့သိစရာမလိုဘူးလို့ ထင်တယ်"

"ကြိုတင်ချိန်းထားလား"

"No!"

"ဒါဆို လာရာလမ်းအတိုင်း ပြန်လိုက်တော့"

"အဟက် ဒီလိုလွယ်လွယ်နဲ့ ပြန်ရကြေးဆို ခန့်ညားတို့က ဒီထိရောက်အောင်လာခဲ့မှာတောင် မဟုတ်ဘူး"

"ဟား ဟား ကောင်လေး လူပုံကြည့်တော့ သေးညက်ညက်လေးလိုလိုနဲ့ မင်းက စကားပြောတာတော့ စွာလှချေလား"

"စကားအပိုတွေမပြောကြဘဲ တစ်ဖက်နဲ့တစ်ဖက် အကျိုးရှိတာလေးတွေလုပ်ရအောင်လား ခင်ဗျား Boss ကိုပြောလိုက်ပါ မုန်းမာန်ဝင့်ထည်ကို မှတ်မိသေးရဲ့လားလို့"

"Ok လေ တကယ်လို့ Boss ကသာမတွေ့ချင်ဘူးလို့ ပြောလိုက်ရင်တော့ မင်း ငါ့လက်ထဲမှာတင် စိစိညက်ညက်ကြေသွားလို့ အိမ်တောင်မပြန်နိုင် ဖြစ်သွားစေရမယ် ဟား ဟား ဟား ဟိတ်ကောင်တွေ ဒီကောင့်ကို သေချာစောင့်ကြည့်ထားလိုက်"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး"

ခန့်ညား သူ့ကို ကြည့်ကာ ပြောသွားသူ နောက်ကျောပျောက်ကွယ်သွားသည်အထိ မျက်ဝန်းများ မှေးကာကြည့်နေလိုက်သည်။
________________

"မုန်းမာန်ဝင့်ထည်ဆိုတဲ့ နာမည်ကိုမမှတ်မိဘဲနေပါ့မလား ဟား ဟား.. ဆိုပါဦး မင်းရဲ့လာရင်းကိစ္စကို"

"ဒီလိုပါ ခင်ဗျားနဲ့ မုန်းမာန်ဝင့်ထည်နဲ့က ငယ်ငယ်ကတည်းက ရန်စရှိခဲ့တယ်လို့ စုံစမ်းရမိသလောက် သိခဲ့ရတယ် ဒါနဲ့ ကျွန်တော့် နာမည်က ခန့်ညားပါ ကျွန်တော့် Boss ကတော့ အာကာဘုန်းမြတ်ပါ Boss က လက်တစ်လော ကိစ္စအချို့ကြောင့် မအားလပ်လို့ လိုက်မလာပေးနိုင်တာကို နားလည်ပေးစေချင်ပါတယ်"

"Ok ok ဒါ ငါ့အတွက် ကိစ္စမရှိပါဘူး လာရင်းအကြောင်းပဲ ဆက်ပြောရအောင်"

"အဟင်း ကိစ္စကတော့ အကယ်၍ ခင်ဗျားတို့ဘက်ကသာ မုန်းမာန်ဝင့်ထည်ကို ပြိုလဲသွားအောင်လုပ်ဖို့ ကူညီမယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဘိန်းဖြူတွေကို မြန်မာတစ်နိုင်ငံလုံးမှာ နေရာလပ်မကျန်အောင် လျောလျောရှူရှူဖြန့်ချိဖို့ရာအတွက် ကူညီပေးမယ်ဆိုရင်ရော"

"အဟား မင်းကလာသားပဲ ဒီလောက်ကတော့ ငါ့ဘက်က ကိစ္စမရှိပါဘူး ငါကသိပ်တောင်ကြိုက်သေးတယ် ပြိုလဲဖို့ရာတင်ပဲလား တစ်ခါတည်း ကစ်.. သတ်ပစ်လိုက်မယ်ဆိုရင်ရော"

သူ့လည်ပင်းကိုယ်သူ ဓားနဲ့လှီးသလိုလုပ်ပြကာ မျက်ခုံးပင့်ပြနေသူအား ကြည့်ပြီး ခန့်ညားပြုံးမိသည်။

'ငါလာတာ မှန်သွားပြီပဲ'

"ဒါကတော့ Boss သဘောပါ ကျွန်တော်ကတော့ Boss ခိုင်းသမျှလုပ်ပေးဖို့ရာ အဆင်သင့်ရှိနေရမယ့်သူမို့ ကျွန်တော်ဆုံးဖြတ်ပေးလို့မရပါဘူး"

"ဟား ဟား မင်းလိုလူယုံကိုတော့ ငါကြိုက်သွားပြီ အိုကေလေ တစ်ရက်လောက် မင်း Boss နဲ့ပါ စုံစည်းပြီး ညှိကြတာပေါ့ ဘာပဲဖြစ်ဖြစ် အခုကိစ္စအလုပ်ဖြစ်သွားပြီလို့သာ သတ်မှတ်လိုက်တော့"

"ဟုတ်ကဲ့ ဒါဆို သွားခွင့်ပြုပါဦး"

"Ok"

ခန့်ညားထွက်သွားသည်နှင့် အခန်းထဲတွင် ကျန်နေခဲ့သူသည် တစ်ကိုယ်တည်း ဟားတိုက်ကာ ရယ်မောနေတော့သည်။

"မုန်းမာန် မုန်းမာန် မင်းနဲ့ငါနဲ့ အခုတော့ ထိပ်တိုက်တွေ့ရတော့မှာပေါ့.. သေရမယ့်ရက်ကို လက်ချိုးရေတွက်ရင်းနဲ့သာ စောင့်ဆိုင်းနေလိုက်တော့ ဟား ဟား  ဟား ဟား"
__________________

"Boss တောင်ကြီးက ဟိုတယ်စီမံကိန်းအတွက် ကုန်ကျမယ့် ခန့်မှန်းချေ ငွေစာရင်းပါ Boss"

"အင်း"

အတွင်းရေးမှူးမလေး ပေးလာသည့် စာရင်းအားယူကြည့်လိုက်ရင်း မုန်းမာန် သက်ပြင်းချမိသည်။

'ခန့်မှန်းချေတောင် ဒီလောက်ကုန်ရင် အတိအကျသာဆိုရင်... ဟူးးးး ဒီလောက်များတဲ့ ငွေပမာဏ ငါဘယ်လိုရှာရမလဲ'

"အဆင်ပြေရဲ့လား Boss ကျွန်မ သံပုရာရည်တစ်ခွက်လောက် ဖျော်ပေးရမလား"

နှင်းယု စာရင်းကြည့်နေရင်း နဖူးမှချွေးစေးတွေပြန်လာသော Boss အား မေးလိုက်မိသည်။

"ရပါတယ် အဆင်ပြေပါတယ်"

"ဟုတ်ကဲ့ ဒါဆို သွားခွင့်ပြုပါဦး"

"အင်း"

မုန်းမာန် ခေါင်းတစ်ချက် ဆတ်ပြလိုက်လေသည်။
_________________

*vibration*

"Hello!"

"အင်း ကိုယ်တို့တွေ့ကြရအောင်"

"မချိန်းစဖူး ကိုကို့ဘက်က အရင်ချိန်းလို့ပါလား အိုကေလေ ဘယ်နေရာလာခဲ့ရမလဲ"

"(××××)ဆိုင်ကို"

"အိုကေ ကိုကို ချစ်အခုပဲ ထွက်လာခဲ့မယ်"

"အင်း"

"ဆူးတော့ ဒီနေ့ ထီပေါက်တာထက် ပိုပျော်နေရပြီ ကိုကို ရင်တွေခုန်လိုက်တာ.. ကိုကိုနဲ့တွေ့ဖို့ရာအတွက် အလှဆုံးပြင်သွားရမယ် ဒါမှ ကိုကို တစ်ခါတည်း ဆူးအပေါ် ညွှတ်ကျလာမှာ ခစ်ခစ်"

တစ်ခန်းလုံးအား ပန်းနုရောင်များဖြင့် ပြင်ဆင်ထားသော အခန်းကျယ်တစ်ခုထဲ၌ အလှပဆုံး ပြင်ဆင်နေသော မိန်းမပျိုတစ်ဦး။
_________________

"မောင်"

Tbc...
---------------------------
Rl ထဲကနေများ ထုတ်ပစ်လိုက်ကြပြီလား ဟင်
အပျင်းကြီးနေလို့ပါ HeeHee💜
နောက်တစ်ပိုင်းအတွက်ကတော့ တစ်သျှူးဆောင်ထားကြပါလို့ ကြိုပြောပါရစေ🤧
______________________








© Kout Tay,
книга «My Heart For You».
အပိုင်း_၃၄
Коментарі