အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၁၇
Zawgyi...

မီးေလာင္သြားေသာ ကားေလးနဲ႔ မလွမ္းမကမ္း၌ အနက္ေရာင္အား ဝတ္စံုျပည့္ဝတ္ထားၿပီး Mask တပ္ထားသည့္ လူ႐ြယ္တစ္ဦး။ကားငယ္ေလး တစ္စစီျဖစ္သြားသည္ကို ၾကည့္ၿပီးသည္နွင့္ ထိုလူ႐ြယ္သည္ တစ္စံုတစ္ေယာက္ဆီအား ဖုန္းဆက္လိုက္ေလသည္။

"ဟဲလို Boss"
"ေအး အေျခအေန ဘယ္လိုရွိလဲ"
"အားလံုး အဆင္ေျပပါတယ္ Boss"
"Ok မင္းကိုေရာ ဘယ္သူမွ မျမင္သြားဘူးမို႔လား"
"မျမင္ပါဘူး Boss"
"ဒါဆို မင္းျပန္လာခဲ့ေတာ့ ငါေအာင္ပြဲခံဖို႔ရာ ေစာင့္ေနမယ္"
"Yes Boss"

ထို႔ေနာက္ ထိုလူ႐ြယ္သည္ မလွမ္းမကမ္း၌ ရပ္ထားေသာ ဆိုင္ကယ္ေလးအား ေမာင္းနွင္ၿပီး ထြက္သြားေလသည္။
__________________
မနက္ခင္း ကုမၸဏီေရာက္ကတည္းက စစ္ေနတဲ့ ေငြအဝင္အထြက္စာရင္းက ခုထိ ကိုက္ညီမႈမရွိေသး။ၾကာေတာ့ သူေခါင္းေတြေတာင္ ေျခာက္လာေလၿပီ။ထို႔ေနာက္ စားပြဲေဘးရွိ ခလုတ္ကေလးအားနွိပ္ကာ

"အခန္းထဲကို သံပုရာရည္ တစ္ခြက္ေလာက္ ယူလာခဲ့ေပး"

ေျပာၿပီးေနာက္ ထပ္စစ္ေနလိုက္ေလသည္။

ခဏအၾကာတြင္ အတြင္းေရးမွဴးမေလးဝင္လာကာ သံပုရာရည္ခြက္အား စားပြဲေပၚတြင္ခ်ေပးၿပီး ျပန္ထြက္ရန္ျပင္လိုက္စဥ္

"ခဏေနဦး"
"ဟုတ္ကဲ့ Boss"
"အရင္က ကုမၸဏီေငြအဝင္အထြက္စာရင္းကို ဘယ္သူကိုင္တာလဲ တစ္ခ်က္ေလာက္ စံုစမ္းေပး"
"ဟုတ္ Boss"

အတြင္းေရးမွဴးမေလး ျပန္ထြက္သြားသည္နွင့္ သူလည္း သံပုရာရည္ေသာက္ရန္ ဖန္ခြက္အားကိုင္လိုက္စဥ္တြင္

*Ringing*

က်န္လက္တစ္ဖက္ျဖင့္ ျမည္လာေသာ ဖုန္းအား ကိုင္လိုက္ေလသည္။

"ဟဲလို"
"ကိုမုန္းမာန္ဝင့္ထည္လား ခင္ဗ်"
"ဟုတ္ပါတယ္"
"ကြၽန္ေတာ္က ×××နယ္ေျမက စခန္းမွဴးဦးေဝလြင္ပါ"
"ေၾသာ္ ဟုတ္ကဲ့ စခန္းမွဴးႀကီး ဘာအေၾကာင္းမ်ားရွိလို႔လဲ"
"ဒီလိုပါ လြန္ခဲ့တဲ့ နာရီပိုင္းခန္႔က ၿမိဳ႕ျပင္က လမ္းေပၚမွာ ကားတစ္စီးမီးေလာင္သြားခဲ့တယ္။ကြၽန္ေတာ္တို႔ေတြ စစ္ေဆးလိုက္ေတာ့ ကားမီးေလာင္တဲ့ထဲက ဓာတ္ပံုအပိုင္းအစေလးတစ္ခုပဲ က်န္ခဲ့တယ္။ဓာတ္ပံုထဲက လူက ကိုမုန္းမာန္ဝင့္ထည္ရဲ႕ဖခင္ ဦးရဲေနာင္ျဖစ္ေနလို႔ ခုလိုလွမ္းဆက္သြယ္လိုက္ရတာပါ"
"ဗ်ာ"

*ခြမ္း*

စခန္းမွဴး၏ စကားအဆံုး မုန္းမာန္ လက္ထဲက သံပုရာရည္ခြက္ေလးသည္လည္း ၾကမ္းျပင္ေပၚသို႔ က်ကြဲသြားေလေတာ့သည္။

"မျဖစ္နိုင္ပါဘူး ဟုတ္တယ္ မျဖစ္နိုင္ပါဘူး ေဖေဖနဲ႔ ေမေမက ငါ့ကို ဘယ္ေတာ့မွ ထားမသြားဘူးလို႔ေျပာထားတာ မျဖစ္နိုင္ပါဘူး ဒါငါ့ကို ဒီလူ သက္သက္စေနတာ ဟုတ္တယ္"

ထိုစဥ္ အခန္းထဲသို႔ ဝင္လာေသာ အတြင္းေရးမွဴးမေလး

"Boss ကြၽန္မစံုစမ္းခဲ့ၿပီ... ဟင္ Boss ဘာ ဘာျဖစ္တာလဲ Boss လက္မွာလည္း ေသြးေတြ Boss Boss"

နွင္းယု ဖန္ကြဲစအား လက္ဖဝါးထဲ၌ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လ်က္ ၾကမ္းျပင္၌ထိုင္ကာ စိတ္နဲ႔လူနဲ႔မကပ္ျဖစ္ေနသည့္ Boss အား လႈပ္ေခၚလိုက္ေသာအခါ သူမအား မ်က္ရည္မ်ားဝိုင္းေနသည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လာေသာ Boss။

"ေဖ ေဖေဖနဲ႔ ေမေမ ကားအက္ဆီးဒန္႔ျဖစ္လို႔တဲ့"
"ရွင္"
"Boss ေသေရာ ေသခ်ာရဲ႕လား.. Boss ကိုယ္တိုင္ အတည္ျပဳၿပီးလို႔လား"
"ဟင့္အင္း"
"ဒါဆို ေသခ်ာလား သြားၾကည့္လိုက္ဦးေလ သူတို႔က မဟုတ္ဘဲေျပာရင္ ဘယ္လိုလုပ္မလဲ"
"အင္း ဟုတ္တယ္ ငါအတည္ျပဳရမယ္"

သူမေျပာလိုက္မွ "ငါအတည္ျပဳရမယ္"ဟုဆိုကာ အခန္းအျပင္သို႔ ေျပးထြက္သြားေသာ Boss အားေငးၾကည့္ရင္း

"အမွန္မဟုတ္ပါေစနဲ႔ အရွင္ဘုရားရယ္"ဟု ဆုေတာင္းကာ က်န္ရစ္ခဲ့ေလသည္။
_____________________
တစ္ထပ္တိုက္ေလးထဲသို႔ ဝင္လာေသာ ဆိုင္ကယ္တစ္စီး။ထိုသူ အိမ္ထဲသို႔ဝင္လိုက္သည္နွင့္ ဧည့္ခန္းထဲ၌ အသင့္ေစာင့္ေနသူမွ စကားစလာေလသည္။

"ေရာက္လာၿပီလား ခန္႔ညား"
"ဟုတ္ကဲ့ Boss "
"လာ ထိုင္ကြာ"
"ဟုတ္"

ေျပာရင္း ခန္႔ညား ဆက္တီခံုတစ္ခုေပၚ၌ ဝင္ထိုင္လိုက္ေလသည္။

"အဲ့ျမင္ကြင္းကို ငါမၾကည့္လိုက္ရတာ နာတယ္ကြာ အဟင္း သူတို႔ကိုယ္တိုင္ ဆံုးျဖတ္လိုက္တဲ့ ကံၾကမၼာဆိုေတာ့လည္း ငါ့ဘက္က ျဖည့္ဆည္းေပးရတာေပါ့"
"ဒါနဲ႔ Boss မုန္းမာန္ဝင့္ထည္က ဒီအတိုင္းေနပါ့မလား ေနာက္ၿပီး အေမြေတြက"
"အေမြကိစၥကေတာ့ စိတ္မပူနဲ႔ ငါ အဲ့အဖိုးႀကီးရဲ႕ ေရွ႕ေနကို စံုစမ္းခိုင္းထားတယ္ မုန္းမာန္ဝင့္ထည္ကိုေတာ့ မင္းက ဆက္ၿပီး ေစာင့္ၾကည့္ထားေပး"
"ဟုတ္ Boss"

ခန္႔ညား ဝိုင္တစ္ခြက္ငွဲ႔ကာ ေသာက္ေနသည့္ သူ႔ရဲ႕ Boss ျဖစ္သူ အာကာဘုန္းျမတ္အား ေငးၾကည့္ေနမိသည္။

ထူထဲေသာ မ်က္ခံုး၊ စူးရဲေနေသာ မ်က္လံုး၊ ေလးေထာင့္ပံုဆန္ေသာ မ်က္နွာ၏ ေမးရိုးတစ္ဝိုက္၌ ေမးေမႊးေရးေရးေလးနွင့္ အနည္းငယ္ညိဳခ်င္ေသာ အသားအေရတို႔ပိုင္ဆိုင္ထားသည့္ ထိုလူသားအား ခန္႔ညားအလြန္ပင္ ခ်စ္ျမတ္နိုးပါေသာ္လည္း ထိုလူသားကေတာ့ ဥေပကၡာျပဳကာ မသိသလိုသာ ေနေလသည္။သို႔ေပမယ့္ သူေက်နပ္ပါသည္။မပိုင္ဆိုင္ရလွ်င္ေတာင္ ေမ်ွာ္ေငးေနခြင့္ေလးရွိေနေသးေသာေၾကာင့္ပင္။
________________________
"ဟာဗ်ာ ခင္ဗ်ားအိမ္က မေရာက္ေသးဘူးလားဗ်"
"ေရာက္ေတာ့မွာပါကြ မင္းကလည္း စိတ္ခ်ည္းပဲ ဟိုမွာ ျမင္လား ဟိုေရွ႕ဆိုေရာက္ၿပီ"

ကႀကိဳး ထိုလူ လက္ညႇိုးၫႊန္ျပရာ ေနရာသို႔လွမ္းၾကည့္မိေတာ့
သိပ္မက်ယ္ဝန္းေသာ အိမ္ဝိုင္းေလးထဲ၌ရွိေသာ ေျခတံရွည္ အိမ္တစ္လံုး။

"ၿပီးေရာ"

ဟိန္းသူ သူ႔အားစကားျပန္ကာ ေဘာက္ဆက္ဆက္ထြက္သြားေသာ ေကာင္ေလးအား ခဏမ်ွ ေငးေနမိသည္။ၿပီးမွ ထိုေကာင္ေလးေနာက္သို႔ အေျပးအလႊားလိုက္ရင္း

"ေဟ့ ခ်ာတိတ္ ကိုယ့္လည္းေစာင့္ပါဦးကြ"

ကႀကိဳး သူ႔အား ခ်ာတိတ္ ဟုေခၚေသာ ထိုလူသားဘက္သို႔ ျပန္လွည့္ျကည့္ကာ

"ဒီမွာ ကြၽန္ေတာ့မွာ နာမည္ရွိတယ္ဗ် ခ်ာတိတ္မဟုတ္ဘူး"
"ဒါဆိုလည္း ငါ့ကို မင္းနာမည္ေျပာေလကြာ"
"ေသခ်ာမွတ္ထားေနာ္ ကြၽန္ေတာ့္နာမည္က ကႀကိဳး သိၿပီလား"
"ေအးပါကြာ သိပါၿပီ"
"ဒါနဲ႔ ခင္ဗ်ားနာမည္ကေရာ"
"ငါ့နာမည္က ဟိန္းသူ ငါက မင္းထက္အသက္ႀကီးမယ္ထင္တယ္ေနာ္ ရိုေသသမႈနဲ႔ အကိုလို႔ေတာ့ေခၚ"
"ဟုတ္"

သူတို႔နွစ္ေယာက္ စကားေျပာရင္းျဖင့္ ေလ်ွာက္လာခဲ့လိုက္ၾကတာ အိမ္ေအာက္သို႔ပင္ ေရာက္ေနေပၿပီ။

ထိုစဥ္ အိမ္ေနာက္ေဖးမွ ထြက္လာေသာ အမ်ိဳးသမီးတစ္ဦး။

"ေဟာ သားျပန္လာၿပီလား အေမက ထင္ေနတာ ငါ့သား ေဈးဆိုင္သြားတာ ေဈးမ်ားကူေရာင္းေပးေနရသလားလို႔ ဟင္းဟင္း"
"အာ အေမကလည္း ေပါက္ေပါက္ရွာရွာ"
"အံမယ္ ဒါဆိုဘာလုပ္ေနတာလဲေျပာ.. ဟင္ ဒါနဲ႔ ဒီဘက္က ကေလးက"

ကႀကိဳး သူ႔ဘက္အားလွည့္ၾကည့္လာေသာ အမ်ိဳးသမီးႀကီးအား ၿပံဳးျပလိုက္ေလသည္။

"ေနပါဦး ကေလးက ဘာေတြဝတ္ထားတာလဲ"

ထိုအမ်ိဳးသမီး ေျပာေတာ့ ဟိန္းသူ တဟားဟား ေအာ္ရယ္မိေလသည္။

"ဟား ဟား ဟား"

ကႀကိဳး သူ႔အား တဟားဟားေလွာင္ရယ္ေနေသာ ဟိန္းသူဘက္လွည့္ကာ

"ခင္ဗ်ားႀကီးက ဘာရယ္တာလဲ ကြၽန္ေတာ့္ကို ေလွာင္တာလား"
"မ မဟုတ္ပါဘူးကြာ ငါ့ ငါ့ကို ျခင္ ဟုတ္တယ္ ျခင္ကိုက္လိုက္လို႔ပါကြာ"

ကႀကိဳး ဟိန္းသူအား မ်က္ေမွာင္ကုတ္ၾကည့္လ်က္

"ၿပီးေရာ"
"ကဲပါ သားကလည္း စမေနနဲ႔ သြား ညီေလးကို အက်ၤီလဲဖို႔ရာ ေပးလိုက္ဦး"
"ဟုတ္ အေမ့"

ဟိန္းသူေျပာရင္း အိမ္ေပၚသို႔တက္သြားေလသည္။

"လာ သား ထိုင္"

ကႀကိဳး ထိုအမ်ိဳးသမီးထိုင္ခိုင္းေသာ ခံုတြင္ဝင္ထိုင္လိုက္ေလသည္။

"ဒါနဲ႔ သားက ဘယ္ကလဲကြဲ႕ အရင္က တစ္ခါမွ မျမင္ဖူးဘူး"
"ဟုတ္ ကြၽန္ေတာ္က ေရထဲက လာတာပါ"
"အမ္ ဘယ္လို"
"အဲ့တာက ဟိုေလ အဲ"
"ေမးမေနနဲ႔ အေမေရ သားလဲသူ႔ကိုေမးၿပီးၿပီ ဒါပဲေျဖတယ္ "

အိမ္ေပၚမွ ဆင္းလာေသာ ဟိန္းသူမွေျပာလိုက္ေလသည္။

"ကဲပါ အဲ့တာေတြ ခဏထား သြား သားေလး အဝတ္အစားသြားလဲေတာ့"
"ဟုတ္ အ အေမ"
"ဟာ ဟိတ္ေကာင္ ဒါငါ့အေမေနာ္"
"ခင္ဗ်ားကလည္း အေမေတာင္ ကပ္ေစးနည္းေနတယ္ ဟြန္႔"

ကႀကိဳးေျပာၿပီး အိမ္ေပၚသို႔တက္သြားေလသည္။

"သားကလည္း ညီေလးကို သြားစေနတယ္ လာ အေမ ထမင္းဝိုင္းျပင္မလို႔ ကူေပးဦး"
"ဟုတ္ အေမ့ လာၿပီ"

ခဏအၾကာတြင္...

"အကိုေရ အကို"

ဟိန္းသူ သူ႔အား အိမ္ေပၚမွေန၍ ေအာ္ေခၚေနေသာ ေကာင္ေလးေၾကာင့္

"ေအး ညီ ဘာလဲ"
"ဟို ဟိုေလ အ အေပၚတက္ခဲ့ဦးလို႔ ေျပာမလို႔"
"ဘာလို႔လဲ ညီရ"
"အာ အကိုကလည္း လာပါဆို"
"ေအးေဟ့ လာၿပီ"

ဟိန္းသူ အိမ္ေပၚသို႔ေရာက္ေသာအခါ ပုဆိုးတစ္ထည္အားကိုင္ကာ ထိုင္ေနေသာေကာင္ေလး။

"ကဲေျပာ ဘာလဲ"
"အဟီး ဟိုဟာေလ ကြၽန္ေတာ္ ဒါႀကီးမဝတ္တတ္လို႔"
"ဘယ္ဟာလဲ ဒီပုဆိုးကိုလား"
"အြန္း"

အြန္း ဟုေျဖရင္း သူ႔အား အဆက္မျပတ္ ေခါင္းညိတ္ျပေနေသာေကာင္ေလအား ဟိန္းသူၾကည့္ရင္းျဖင့္

"ဟေကာင္ရ ဘယ့္နွယ့္ မင္းဟာက ပုဆိုးေတာင္မဝတ္တတ္ဘူးလား ငါဆို ငယ္ငယ္ကတည္းက ဝတ္တတ္တယ္"
"ခင္ဗ်ားနဲ႔ ကြၽန္ေတာ္နဲ႔ဘယ္တူပါ့မလဲ ဒါႀကီးေတာင္ ကြၽန္ေတာ္က အခုမွျမင္ဖူးတဲ့ဟာ"

ေျပာရင္း နႈတ္ခမ္းဆူကာ ေဘးသို႔မ်က္နွာလွည့္သြားေသာ ေကာင္ေလးအား

"မင္းဟာေလ တကယ့္အထူးအဆန္းေလးပဲကြ"

ေျပာရင္း ဟိန္းသူ ထိုေကာင္ငယ္ေလး၏ ေ႐ႊအိုေရာင္ဆံပင္မ်ားအား ဆြဲဖြမိေလသည္။

"ဟာ ခင္ဗ်ားႀကီးေနာ္ ဘာလို႔ သူမ်ားဆံပင္ကို လာဖြေနရတာလဲ"
"ဟားဟား မင္းက ခ်စ္ဖို႔ေကာင္းလို႔ပါကြာ.. ကဲလာ ငါဝတ္ေပးမယ္"
"အြန္း"
"အေပၚကနွစ္ေယာက္ ဆင္းမလာေသးဘူးလား "
"အေမေအာ္ေနၿပီ ဗိုက္ဆာေနေလာက္ၿပီထင္တယ္ လာ သြားၾကစို႔"
"ဟုတ္"

အိမ္ေပၚမွ ဆင္းလာေသာ သူတို႔နွစ္ေယာက္အနက္မွ ကႀကိဳးအားၾကည့္ကာ

"ဟယ္ ငါ့သားငယ္ေလးက ဒီလိုပံုစံေလးနဲ႔က်ေတာ့ ခ်စ္စရာေလးပဲ အမေလး မိန္းကေလးအဝတ္သာ ဆင္ေပးလိုက္ရင္ကေတာ့ ႐ြာကအပ်ိဳေတြ ထိုင္ေတာင္ငိုသြားဦးမယ္"
"ဟြန္႔ အေမကေတာ့ ပိုၿပီ သားလည္း သူ႔လို တီရွပ္နဲ႔ ပုဆိုးဝတ္ထားတာပဲဟာ"
"ဟဲ့ ဝတ္ထားတာခ်င္းတူေပမယ့္ ရုပ္ရည္ခ်င္းကေတည့ မတူဘူးေလ နဂိုရွိမွ နဂိုင္းထြက္တာ"
"ဒါဆို သားကက် မေခ်ာဘူးလို႔ေျပာခ်င္တာလား"
"ဟာ ခင္ဗ်ားကလည္း အေမနဲ႔ၿပိဳင္ေျပာေနတယ္ အေမက အမွန္တရားကိုေျပာေနတဲ့ဟာ"
"ဘာ"
"ေတာ္ၿပီ ခင္ဗ်ားနဲ႔ ဆက္မေျပာနိုင္ေတာ့ဘူး ဗိုက္ဆာေနၿပီ.. အေမ သားကို ဘာေကြၽးမွာလဲဟင္"

ဟိန္းသူလည္း အေမနဲ႔ ကႀကိဳးအား မ်က္ေစာင္းထိုးကာ ထမင္းစားရန္ျပင္လိုက္ေလသည္။

"အေမက သားငယ္အတြက္ ရွယ္ျပင္ေပးထားတာ"
"ဘာေတြလဲ ဟင္"
"ငါးပိရည္နဲ႔ တို႔စရာေလ"
"ဟင္ ဟုတ္လား အဲ့တာက ဘယ္လိုစားရတာလဲဟင္"
"အမ္ သားမစားဖူးဘူးလား"
"ဟုတ္"
"သားငယ္လဲ အေမ့ဆီေရာက္မွ ဟင္းေကာင္းမစားရဘဲ မစားဖူးတာေတြ စားရေတာ့မယ္"
"ဟင္းေကာင္းက ဘာလဲဟင္ အေမ့"
"ေဟာ့ေတာ္ သားက ဟင္းေကာင္းက ဘာလဲေတာင္မသိဘူးလား"
"ဟုတ္ အေမ့"
"ကဲ အေမတို႔ေတြ ဒီေန႔ ထမင္းစားၾကဦးမွာလား"
"အမေလး စားမွာပါေတာ္ေရ သားသိလား သားအကိုက မနာေတြလိုေနတာ"
"ဟိဟိ သနားပါတယ္ေနာ္ အေမ"
"ဘာ မင္းကမ်ား ငါ့ကိုသနားရတယ္ရွိေသး"
"ကဲ ေတာ္ လာ သားငယ္ အေမ ခြံ႕ေကြၽးမယ္"
"ဟုတ္"
"ငါ့သားေလးက လိမၼာလိုက္တာ"

ထိုေန႔က ေျခတံရွည္ အိမ္ငယ္ေလးထဲ၌ ထမင္းခြံ႕ရင္း ေပ်ာ္႐ႊင္ရယ္ေမာေနၾကေသာ လူနွစ္ေယာက္ရွိသလို ထမင္းစားရင္း မ်က္ေစာင္းေတြ ပစ္ထိုးေနေသာ ေကာင္ေလးတစ္ေယာက္လည္း ေဘးမွာ ရွိေလရဲ႕။

Tbc...

--------------------*--------------------

Unicode...

မီးလောင်သွားသော ကားလေးနဲ့ မလှမ်းမကမ်း၌ အနက်ရောင်အား ဝတ်စုံပြည့်ဝတ်ထားပြီး Mask တပ်ထားသည့် လူရွယ်တစ်ဦး။ကားငယ်လေး တစ်စစီဖြစ်သွားသည်ကို ကြည့်ပြီးသည်နှင့် ထိုလူရွယ်သည် တစ်စုံတစ်ယောက်ဆီအား ဖုန်းဆက်လိုက်လေသည်။

"ဟဲလို Boss"
"အေး အခြေအနေ ဘယ်လိုရှိလဲ"
"အားလုံး အဆင်ပြေပါတယ် Boss"
"Ok မင်းကိုရော ဘယ်သူမှ မမြင်သွားဘူးမို့လား"
"မမြင်ပါဘူး Boss"
"ဒါဆို မင်းပြန်လာခဲ့တော့ ငါအောင်ပွဲခံဖို့ရာ စောင့်နေမယ်"
"Yes Boss"

ထို့နောက် ထိုလူရွယ်သည် မလှမ်းမကမ်း၌ ရပ်ထားသော ဆိုင်ကယ်လေးအား မောင်းနှင်ပြီး ထွက်သွားလေသည်။
__________________
မနက်ခင်း ကုမ္ပဏီရောက်ကတည်းက စစ်နေတဲ့ ငွေအဝင်အထွက်စာရင်းက ခုထိ ကိုက်ညီမှုမရှိသေး။ကြာတော့ သူခေါင်းတွေတောင် ခြောက်လာလေပြီ။ထို့နောက် စားပွဲဘေးရှိ ခလုတ်ကလေးအားနှိပ်ကာ

"အခန်းထဲကို သံပုရာရည် တစ်ခွက်လောက် ယူလာခဲ့ပေး"

ပြောပြီးနောက် ထပ်စစ်နေလိုက်လေသည်။

ခဏအကြာတွင် အတွင်းရေးမှူးမလေးဝင်လာကာ သံပုရာရည်ခွက်အား စားပွဲပေါ်တွင်ချပေးပြီး ပြန်ထွက်ရန်ပြင်လိုက်စဉ်

"ခဏနေဦး"
"ဟုတ်ကဲ့ Boss"
"အရင်က ကုမ္ပဏီငွေအဝင်အထွက်စာရင်းကို ဘယ်သူကိုင်တာလဲ တစ်ချက်လောက် စုံစမ်းပေး"
"ဟုတ် Boss"

အတွင်းရေးမှူးမလေး ပြန်ထွက်သွားသည်နှင့် သူလည်း သံပုရာရည်သောက်ရန် ဖန်ခွက်အားကိုင်လိုက်စဉ်တွင်

*Ringing*

ကျန်လက်တစ်ဖက်ဖြင့် မြည်လာသော ဖုန်းအား ကိုင်လိုက်လေသည်။

"ဟဲလို"
"ကိုမုန်းမာန်ဝင့်ထည်လား ခင်ဗျ"
"ဟုတ်ပါတယ်"
"ကျွန်တော်က ×××နယ်မြေက စခန်းမှူးဦးဝေလွင်ပါ"
"သြော် ဟုတ်ကဲ့ စခန်းမှူးကြီး ဘာအကြောင်းများရှိလို့လဲ"
"ဒီလိုပါ လွန်ခဲ့တဲ့ နာရီပိုင်းခန့်က မြို့ပြင်က လမ်းပေါ်မှာ ကားတစ်စီးမီးလောင်သွားခဲ့တယ်။ကျွန်တော်တို့တွေ စစ်ဆေးလိုက်တော့ ကားမီးလောင်တဲ့ထဲက ဓာတ်ပုံအပိုင်းအစလေးတစ်ခုပဲ ကျန်ခဲ့တယ်။ဓာတ်ပုံထဲက လူက ကိုမုန်းမာန်ဝင့်ထည်ရဲ့ဖခင် ဦးရဲနောင်ဖြစ်နေလို့ ခုလိုလှမ်းဆက်သွယ်လိုက်ရတာပါ"
"ဗျာ"

*ခွမ်း*

စခန်းမှူး၏ စကားအဆုံး မုန်းမာန် လက်ထဲက သံပုရာရည်ခွက်လေးသည်လည်း ကြမ်းပြင်ပေါ်သို့ ကျကွဲသွားလေတော့သည်။

"မဖြစ်နိုင်ပါဘူး ဟုတ်တယ် မဖြစ်နိုင်ပါဘူး ဖေဖေနဲ့ မေမေက ငါ့ကို ဘယ်တော့မှ ထားမသွားဘူးလို့ပြောထားတာ မဖြစ်နိုင်ပါဘူး ဒါငါ့ကို ဒီလူ သက်သက်စနေတာ ဟုတ်တယ်"

ထိုစဉ် အခန်းထဲသို့ ဝင်လာသော အတွင်းရေးမှူးမလေး

"Boss ကျွန်မစုံစမ်းခဲ့ပြီ... ဟင် Boss ဘာ ဘာဖြစ်တာလဲ Boss လက်မှာလည်း သွေးတွေ Boss Boss"

နှင်းယု ဖန်ကွဲစအား လက်ဖဝါးထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ကြမ်းပြင်၌ထိုင်ကာ စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသည့် Boss အား လှုပ်ခေါ်လိုက်သောအခါ သူမအား မျက်ရည်များဝိုင်းနေသည့် မျက်ဝန်းများဖြင့် ကြည့်လာသော Boss။

"ဖေ ဖေဖေနဲ့ မေမေ ကားအက်ဆီးဒန့်ဖြစ်လို့တဲ့"
"ရှင်"
"Boss သေရော သေချာရဲ့လား.. Boss ကိုယ်တိုင် အတည်ပြုပြီးလို့လား"
"ဟင့်အင်း"
"ဒါဆို သေချာလား သွားကြည့်လိုက်ဦးလေ သူတို့က မဟုတ်ဘဲပြောရင် ဘယ်လိုလုပ်မလဲ"
"အင်း ဟုတ်တယ် ငါအတည်ပြုရမယ်"

သူမပြောလိုက်မှ "ငါအတည်ပြုရမယ်"ဟုဆိုကာ အခန်းအပြင်သို့ ပြေးထွက်သွားသော Boss အားငေးကြည့်ရင်း

"အမှန်မဟုတ်ပါစေနဲ့ အရှင်ဘုရားရယ်"ဟု ဆုတောင်းကာ ကျန်ရစ်ခဲ့လေသည်။
_____________________
တစ်ထပ်တိုက်လေးထဲသို့ ဝင်လာသော ဆိုင်ကယ်တစ်စီး။ထိုသူ အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲ၌ အသင့်စောင့်နေသူမှ စကားစလာလေသည်။

"ရောက်လာပြီလား ခန့်ညား"
"ဟုတ်ကဲ့ Boss "
"လာ ထိုင်ကွာ"
"ဟုတ်"

ပြောရင်း ခန့်ညား ဆက်တီခုံတစ်ခုပေါ်၌ ဝင်ထိုင်လိုက်လေသည်။

"အဲ့မြင်ကွင်းကို ငါမကြည့်လိုက်ရတာ နာတယ်ကွာ အဟင်း သူတို့ကိုယ်တိုင် ဆုံးဖြတ်လိုက်တဲ့ ကံကြမ္မာဆိုတော့လည်း ငါ့ဘက်က ဖြည့်ဆည်းပေးရတာပေါ့"
"ဒါနဲ့ Boss မုန်းမာန်ဝင့်ထည်က ဒီအတိုင်းနေပါ့မလား နောက်ပြီး အမွေတွေက"
"အမွေကိစ္စကတော့ စိတ်မပူနဲ့ ငါ အဲ့အဖိုးကြီးရဲ့ ရှေ့နေကို စုံစမ်းခိုင်းထားတယ် မုန်းမာန်ဝင့်ထည်ကိုတော့ မင်းက ဆက်ပြီး စောင့်ကြည့်ထားပေး"
"ဟုတ် Boss"

ခန့်ညား ဝိုင်တစ်ခွက်ငှဲ့ကာ သောက်နေသည့် သူ့ရဲ့ Boss ဖြစ်သူ အာကာဘုန်းမြတ်အား ငေးကြည့်နေမိသည်။

ထူထဲသော မျက်ခုံး၊ စူးရဲနေသော မျက်လုံး၊ လေးထောင့်ပုံဆန်သော မျက်နှာ၏ မေးရိုးတစ်ဝိုက်၌ မေးမွှေးရေးရေးလေးနှင့် အနည်းငယ်ညိုချင်သော အသားအရေတို့ပိုင်ဆိုင်ထားသည့် ထိုလူသားအား ခန့်ညားအလွန်ပင် ချစ်မြတ်နိုးပါသော်လည်း ထိုလူသားကတော့ ဥပေက္ခာပြုကာ မသိသလိုသာ နေလေသည်။သို့ပေမယ့် သူကျေနပ်ပါသည်။မပိုင်ဆိုင်ရလျှင်တောင် မျှော်ငေးနေခွင့်လေးရှိနေသေးသောကြောင့်ပင်။
________________________
"ဟာဗျာ ခင်ဗျားအိမ်က မရောက်သေးဘူးလားဗျ"
"ရောက်တော့မှာပါကွ မင်းကလည်း စိတ်ချည်းပဲ ဟိုမှာ မြင်လား ဟိုရှေ့ဆိုရောက်ပြီ"

ကကြိုး ထိုလူ လက်ညှိုးညွှန်ပြရာ နေရာသို့လှမ်းကြည့်မိတော့
သိပ်မကျယ်ဝန်းသော အိမ်ဝိုင်းလေးထဲ၌ရှိသော ခြေတံရှည် အိမ်တစ်လုံး။

"ပြီးရော"

ဟိန်းသူ သူ့အားစကားပြန်ကာ ဘောက်ဆက်ဆက်ထွက်သွားသော ကောင်လေးအား ခဏမျှ ငေးနေမိသည်။ပြီးမှ ထိုကောင်လေးနောက်သို့ အပြေးအလွှားလိုက်ရင်း

"ဟေ့ ချာတိတ် ကိုယ့်လည်းစောင့်ပါဦးကွ"

ကကြိုး သူ့အား ချာတိတ် ဟုခေါ်သော ထိုလူသားဘက်သို့ ပြန်လှည့်ကြည့်ကာ

"ဒီမှာ ကျွန်တော့မှာ နာမည်ရှိတယ်ဗျ ချာတိတ်မဟုတ်ဘူး"
"ဒါဆိုလည်း ငါ့ကို မင်းနာမည်ပြောလေကွာ"
"သေချာမှတ်ထားနော် ကျွန်တော့်နာမည်က ကကြိုး သိပြီလား"
"အေးပါကွာ သိပါပြီ"
"ဒါနဲ့ ခင်ဗျားနာမည်ကရော"
"ငါ့နာမည်က ဟိန်းသူ ငါက မင်းထက်အသက်ကြီးမယ်ထင်တယ်နော် ရိုသေသမှုနဲ့ အကိုလို့တော့ခေါ်"
"ဟုတ်"

သူတို့နှစ်ယောက် စကားပြောရင်းဖြင့် လျှောက်လာခဲ့လိုက်ကြတာ အိမ်အောက်သို့ပင် ရောက်နေပေပြီ။

ထိုစဉ် အိမ်နောက်ဖေးမှ ထွက်လာသော အမျိုးသမီးတစ်ဦး။

"ဟော သားပြန်လာပြီလား အမေက ထင်နေတာ ငါ့သား ဈေးဆိုင်သွားတာ ဈေးများကူရောင်းပေးနေရသလားလို့ ဟင်းဟင်း"
"အာ အမေကလည်း ပေါက်ပေါက်ရှာရှာ"
"အံမယ် ဒါဆိုဘာလုပ်နေတာလဲပြော.. ဟင် ဒါနဲ့ ဒီဘက်က ကလေးက"

ကကြိုး သူ့ဘက်အားလှည့်ကြည့်လာသော အမျိုးသမီးကြီးအား ပြုံးပြလိုက်လေသည်။

"နေပါဦး ကလေးက ဘာတွေဝတ်ထားတာလဲ"

ထိုအမျိုးသမီး ပြောတော့ ဟိန်းသူ တဟားဟား အော်ရယ်မိလေသည်။

"ဟား ဟား ဟား"

ကကြိုး သူ့အား တဟားဟားလှောင်ရယ်နေသော ဟိန်းသူဘက်လှည့်ကာ

"ခင်ဗျားကြီးက ဘာရယ်တာလဲ ကျွန်တော့်ကို လှောင်တာလား"
"မ မဟုတ်ပါဘူးကွာ ငါ့ ငါ့ကို ခြင် ဟုတ်တယ် ခြင်ကိုက်လိုက်လို့ပါကွာ"

ကကြိုး ဟိန်းသူအား မျက်မှောင်ကုတ်ကြည့်လျက်

"ပြီးရော"
"ကဲပါ သားကလည်း စမနေနဲ့ သွား ညီလေးကို အင်္ကျီလဲဖို့ရာ ပေးလိုက်ဦး"
"ဟုတ် အမေ့"

ဟိန်းသူပြောရင်း အိမ်ပေါ်သို့တက်သွားလေသည်။

"လာ သား ထိုင်"

ကကြိုး ထိုအမျိုးသမီးထိုင်ခိုင်းသော ခုံတွင်ဝင်ထိုင်လိုက်လေသည်။

"ဒါနဲ့ သားက ဘယ်ကလဲကွဲ့ အရင်က တစ်ခါမှ မမြင်ဖူးဘူး"
"ဟုတ် ကျွန်တော်က ရေထဲက လာတာပါ"
"အမ် ဘယ်လို"
"အဲ့တာက ဟိုလေ အဲ"
"မေးမနေနဲ့ အမေရေ သားလဲသူ့ကိုမေးပြီးပြီ ဒါပဲဖြေတယ် "

အိမ်ပေါ်မှ ဆင်းလာသော ဟိန်းသူမှပြောလိုက်လေသည်။

"ကဲပါ အဲ့တာတွေ ခဏထား သွား သားလေး အဝတ်အစားသွားလဲတော့"
"ဟုတ် အ အမေ"
"ဟာ ဟိတ်ကောင် ဒါငါ့အမေနော်"
"ခင်ဗျားကလည်း အမေတောင် ကပ်စေးနည်းနေတယ် ဟွန့်"

ကကြိုးပြောပြီး အိမ်ပေါ်သို့တက်သွားလေသည်။

"သားကလည်း ညီလေးကို သွားစနေတယ် လာ အမေ ထမင်းဝိုင်းပြင်မလို့ ကူပေးဦး"
"ဟုတ် အမေ့ လာပြီ"

ခဏအကြာတွင်...

"အကိုရေ အကို"

ဟိန်းသူ သူ့အား အိမ်ပေါ်မှနေ၍ အော်ခေါ်နေသော ကောင်လေးကြောင့်

"အေး ညီ ဘာလဲ"
"ဟို ဟိုလေ အ အပေါ်တက်ခဲ့ဦးလို့ ပြောမလို့"
"ဘာလို့လဲ ညီရ"
"အာ အကိုကလည်း လာပါဆို"
"အေးဟေ့ လာပြီ"

ဟိန်းသူ အိမ်ပေါ်သို့ရောက်သောအခါ ပုဆိုးတစ်ထည်အားကိုင်ကာ ထိုင်နေသောကောင်လေး။

"ကဲပြော ဘာလဲ"
"အဟီး ဟိုဟာလေ ကျွန်တော် ဒါကြီးမဝတ်တတ်လို့"
"ဘယ်ဟာလဲ ဒီပုဆိုးကိုလား"
"အွန်း"

အွန်း ဟုဖြေရင်း သူ့အား အဆက်မပြတ် ခေါင်းညိတ်ပြနေသောကောင်လေအား ဟိန်းသူကြည့်ရင်းဖြင့်

"ဟကောင်ရ ဘယ့်နှယ့် မင်းဟာက ပုဆိုးတောင်မဝတ်တတ်ဘူးလား ငါဆို ငယ်ငယ်ကတည်းက ဝတ်တတ်တယ်"
"ခင်ဗျားနဲ့ ကျွန်တော်နဲ့ဘယ်တူပါ့မလဲ ဒါကြီးတောင် ကျွန်တော်က အခုမှမြင်ဖူးတဲ့ဟာ"

ပြောရင်း နှုတ်ခမ်းဆူကာ ဘေးသို့မျက်နှာလှည့်သွားသော ကောင်လေးအား

"မင်းဟာလေ တကယ့်အထူးအဆန်းလေးပဲကွ"

ပြောရင်း ဟိန်းသူ ထိုကောင်ငယ်လေး၏ ရွှေအိုရောင်ဆံပင်များအား ဆွဲဖွမိလေသည်။

"ဟာ ခင်ဗျားကြီးနော် ဘာလို့ သူများဆံပင်ကို လာဖွနေရတာလဲ"
"ဟားဟား မင်းက ချစ်ဖို့ကောင်းလို့ပါကွာ.. ကဲလာ ငါဝတ်ပေးမယ်"
"အွန်း"
"အပေါ်ကနှစ်ယောက် ဆင်းမလာသေးဘူးလား "
"အမေအော်နေပြီ ဗိုက်ဆာနေလောက်ပြီထင်တယ် လာ သွားကြစို့"
"ဟုတ်"

အိမ်ပေါ်မှ ဆင်းလာသော သူတို့နှစ်ယောက်အနက်မှ ကကြိုးအားကြည့်ကာ

"ဟယ် ငါ့သားငယ်လေးက ဒီလိုပုံစံလေးနဲ့ကျတော့ ချစ်စရာလေးပဲ အမလေး မိန်းကလေးအဝတ်သာ ဆင်ပေးလိုက်ရင်ကတော့ ရွာကအပျိုတွေ ထိုင်တောင်ငိုသွားဦးမယ်"
"ဟွန့် အမေကတော့ ပိုပြီ သားလည်း သူ့လို တီရှပ်နဲ့ ပုဆိုးဝတ်ထားတာပဲဟာ"
"ဟဲ့ ဝတ်ထားတာချင်းတူပေမယ့် ရုပ်ရည်ချင်းကတေည့ မတူဘူးလေ နဂိုရှိမှ နဂိုင်းထွက်တာ"
"ဒါဆို သားကကျ မချောဘူးလို့ပြောချင်တာလား"
"ဟာ ခင်ဗျားကလည်း အမေနဲ့ပြိုင်ပြောနေတယ် အမေက အမှန်တရားကိုပြောနေတဲ့ဟာ"
"ဘာ"
"တော်ပြီ ခင်ဗျားနဲ့ ဆက်မပြောနိုင်တော့ဘူး ဗိုက်ဆာနေပြီ.. အမေ သားကို ဘာကျွေးမှာလဲဟင်"

ဟိန်းသူလည်း အမေနဲ့ ကကြိုးအား မျက်စောင်းထိုးကာ ထမင်းစားရန်ပြင်လိုက်လေသည်။

"အမေက သားငယ်အတွက် ရှယ်ပြင်ပေးထားတာ"
"ဘာတွေလဲ ဟင်"
"ငါးပိရည်နဲ့ တို့စရာလေ"
"ဟင် ဟုတ်လား အဲ့တာက ဘယ်လိုစားရတာလဲဟင်"
"အမ် သားမစားဖူးဘူးလား"
"ဟုတ်"
"သားငယ်လဲ အမေ့ဆီရောက်မှ ဟင်းကောင်းမစားရဘဲ မစားဖူးတာတွေ စားရတော့မယ်"
"ဟင်းကောင်းက ဘာလဲဟင် အမေ့"
"ဟော့တော် သားက ဟင်းကောင်းက ဘာလဲတောင်မသိဘူးလား"
"ဟုတ် အမေ့"
"ကဲ အမေတို့တွေ ဒီနေ့ ထမင်းစားကြဦးမှာလား"
"အမလေး စားမှာပါတော်ရေ သားသိလား သားအကိုက မနာတွေလိုနေတာ"
"ဟိဟိ သနားပါတယ်နော် အမေ"
"ဘာ မင်းကများ ငါ့ကိုသနားရတယ်ရှိသေး"
"ကဲ တော် လာ သားငယ် အမေ ခွံ့ကျွေးမယ်"
"ဟုတ်"
"ငါ့သားလေးက လိမ္မာလိုက်တာ"

ထိုနေ့က ခြေတံရှည် အိမ်ငယ်လေးထဲ၌ ထမင်းခွံ့ရင်း ပျော်ရွှင်ရယ်မောနေကြသော လူနှစ်ယောက်ရှိသလို ထမင်းစားရင်း မျက်စောင်းတွေ ပစ်ထိုးနေသော ကောင်လေးတစ်ယောက်လည်း ဘေးမှာ ရှိလေရဲ့။

Tbc...

--------------------*--------------------
© Kout Tay,
книга «My Heart For You».
အပိုင္း-၁၈
Коментарі