အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၂၅
Zawgyi...

"အားးး"
"ေခါင္းကိုက္လိုက္တာ"

နားထင္အား လက္ျဖင့္ဖိကာ ညည္းညဴရင္းနိုးထလာေသာ လူတစ္ေယာက္။

"မိုးေတာင္လင္းေနၿပီပဲ"

ကုတင္ေပၚမွထရန္ျပင္လိုက္စဥ္ သူ႔ခါးအား ဖက္တြယ္ထားသည့္ လက္နွစ္ဖက္ကိုေတြ႕လိုက္ရေသာေၾကာင့္ ေဘးကိုလွည့္ၾကည့္မိေတာ့ ျမင္လိုက္ရတာက မိန္းမပ်ိဳတစ္ဦး။

'ဟားး က်စ္ ငါဘာေတြလုပ္မိျပန္ၿပီလဲ'

သူ႔အေတြးအား ေခါင္းတစ္ခ်က္ခါကာ ရွင္းထုတ္လိုက္ၿပီး အနီးရွိ မိန္းကေလးအား လႈပ္နွိုးလိုက္ေလသည္။

"ေဟ့ ေဟ့ ဒီမွာ မိန္းကေလး ထစမ္း ေဟ့ "

"ဟင္ အင္းးး"

ပ်င္းေၾကာဆန္႔ကာ နိုးလာေသာ မိန္းကေလးအား သူစိတ္ပ်က္သထလို ၾကည့္လိုက္ေလသည္။

"ဟင္ ကိုကို နိုးေနၿပီလား "

"ဒီမွာ မိန္းကေလး မင္းကဘယ္သူလဲ ဘာလို႔ငါ့ကို ကိုကိုလို႔ေခၚေနရတာလဲ ေရာ႕ ပိုက္ဆံယူၿပီး ထြက္သြားလိုက္ေတာ့"

မုန္းမာန္ ပိုက္ဆံအိတ္ထဲမွ ေငြတစ္ထပ္အားထုတ္ေပးလိုက္ၿပီး ထရန္ျပင္လိုက္ေလသည္။

"ရွင္နဲ႔ကြၽန္မ မေန႔ကအတူတူအိပ္ၿပီး မွားခဲ့ၾကတယ္ေလ ဒီေတာ့ ရွင္ကြၽန္မကို တာဝန္ယူမွျဖစ္မွာေပါ့ ေနာက္ၿပီး ကြၽန္မကရွင့္ပိုက္ဆံေတြနဲ႔ ဘာသြားလုပ္ရမွာလဲ ဒါနဲ႔ ရွင္ကြၽန္မကိုမသိဘူးလား.. Sun Construction က CEO ရဲ႕ သမီး ဆူးနွင္းဆီဆိုတာ ကြၽန္မပဲ"

"မင္းဟာမင္း ဆူးနွင္းဆီမကလို႔ ဆူးပင္ႀကီးျဖစ္ျဖစ္ငါမသိဘူး ဒါနဲ႔ Sun က ငါနဲ႔ ၿပိဳင္ဘက္ေနာ္ မေၾကာင္မ႐ြံ႕ဘဲ ငါ့အနားလာကပ္တဲ့မင္းကို အံ့ၾသမိတယ္ ကဲပါ ဒါေတြထားလိုက္ပါေတာ့ မင္းမယူသြားဘူးဆိုရင္လဲ ငါပဲျပန္ယူသြားလိုက္မယ္ ခုေတာ့ ျပန္ေတာ့မယ္"

"ရွင္ ဒီလိုလုပ္လို႔ရမလား ဒီမွာ ဆူးတို႔က မပိုင္ရင္ျခင္ေတာင္မရိုက္ဘူး ရွင္ကြၽန္မကို တာဝန္မယူဘဲေနၾကည့္လိုက္ေလ.. ေရွ႕ဆက္ၿပီးဘာေတြဆက္ျဖစ္လာမလဲ ေစာင့္ၾကည့္လိုက္ေပါ့ ေၾသာ္ ေမ့ေနမွာစိုးလို႔ေျပာရဦးမယ္ ဒီအခန္းရဲ႕ cctv record က ကြၽန္မဆီမွာေနာ္ ဟင္း ဟင္း"

"မင္းးးး"

ဆူး သူမအား ေဒါသတႀကီးၾကည့္ေနသည့္ မုန္းမာန္အား မဲ့ၿပံဳးၿပံဳးျပလိုက္ရင္း

'အရင္က ရွင္မသိတဲ့ ဆူးနွင္းဆီရဲ႕အေၾကာင္းကို ခုကစၿပီးသိလာေစရမယ္.. ရွင္ကကြၽန္မအတြက္ပဲ မုန္းမာန္ဝင့္ထည္'
____________________

"အားးး အင္းးး"

ကုတင္ေပၚမွာ တြန္႔လိမ္ကာျဖင့္ နိုးထလာလာတဲ့ ေကာင္ငယ္ေလး။

ေဘးဘက္ကိုၾကည့္မိေတာ့ ဘယ္သူမွရွိမေနေသာေၾကာင့္

"ဟင္ မေန႔က သူအိမ္ျပန္မအိပ္ဘူးလား.."

ဆူပုတ္ကာျဖင့္ေျပာလိုက္ၿပီးေနာက္ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားေလသည္။

"အားးး ေရကလည္း ခ်ိဳးလို႔ေကာင္းလိုက္တာ ဒါနဲ႔ ေဖေဖေပးတဲ့ ဒီဆြဲႀကိဳးေလးက ဘာလုပ္ရတာလဲမသိဘူး ငါေသခ်ာၾကည့္ဦးမွပါ"

ေျပာရင္း လည္တိုင္ထက္မွ ဆြဲႀကိဳးေလးအား ျဖဳတ္လိုက္ေလသည္။

"ဟင္ ဒါ ငါတို႔ ေရသူထီး အျမႇီးပံုစံေလးပါလား ဒီလိုျမင္ရေတာ့လည္း တစ္မ်ိဳးေလးပဲ..  ဟင္ ငါဘာျဖစ္"

ဆြဲႀကိဳးေလးအား ၾကည့္ေနရင္း တစ္ျဖည္းျဖည္းေအာက္သို႔ေလ်ွာက်လာေသာေၾကာင့္ ငံု႔ၾကည့္လိုက္ေတာ့

"ဟာ အျမႇီး ငါ့အျမႇီးေလး အား  အျမႇီးေလးရယ္ ငါက မင္းကို လူေတြလိုပဲ ေသသြားၿပီထင္ေနတာ ခုလိုျပန္ေရာက္လာလို႔ ေက်းဇူးတင္ပါတယ္"

ကႀကိဳးတစ္ေယာက္တည္း ေရခ်ိဳးခန္းထဲမွာ ၿပံဳးရယ္ကာျဖင့္ေပ်ာ္ျမဴးေနစဥ္ တံခါးေခါက္သံေၾကာင့္ လန္႔ျဖန္႔သြားေလသည္။

မုန္းမာန္ အိမ္ေရာက္ကတည္းက ကႀကိဳးကိုမျမင္ရေသးေသာေၾကာင့္ အခန္းထဲ ဝင္လာခဲ့လိုက္ေလသည္။ေရခ်ိဳးခန္းထဲက ေရက်သံၾကားလိုက္ရေသာေၾကာင့္ တံခါးေခါက္လိုက္ေလသည္။

"ေဒါက္ ေဒါက္"

"ဘယ္ ဘယ္သူလဲ"

"မင္းေရခ်ိဳးလို႔ၿပီးရင္ ျမန္ျမန္ထြက္လာခဲ့ ေျပာစရာရွိလို႔ ငါေအာက္ထပ္မွာေစာင့္ေနမယ္"

ေျပာၿပီး အခန္းျပင္ထြက္သြားသူအား ေရခ်ိဳးခန္းတံခါးအား အနည္းငယ္ဟကာ ေခ်ာင္းၾကည့္လိုက္ေလသည္။


'ေျပာစရာရွိတယ္ဆိုေတာ့ မေန႔က မဂၤလာဦးက်တုန္းက မေျပာလိုက္ရတဲ့ ခ်စ္တယ္ ဆိုတာမ်ားလား မသိဘူး အဟိ  ဘာပဲျဖစ္ျဖစ္ အရင္ဆံုး ငါ့အျမႇီးကို ဘယ္လိုေပ်ာက္ေအာင္လုပ္ရမလဲ အရင္စဥ္းစားရမယ္.. အင္းးး ငါအရင္က ဒီဆြဲႀကိဳးကို ဝတ္လိုက္လို႔ အျမႇီးေပ်ာက္သြားတယ္ အခုခြၽတ္လိုက္လို႔ေပၚလာတာဆိုေတာ့ ဝတ္လိုက္ရင္ ျပန္ေပ်ာက္သြားမွာပဲ'

ထို႔ေနာက္ ဆြဲႀကိဳးေလးအား ျပန္ဆြဲလုိုက္ေတာ့ အျမႇီးအစား ေျခေထာက္ေတြျပန္ေပၚလာေလသည္။

'ဟား ဟုတ္ၿပီ ငါသိသြားၿပီ ျမန္ျမန္လုပ္မွပဲ ေတာ္ၾကာ ခ်စ္တယ္ေျပာမယ့္ လူႀကီးက ၾကာလို႔ဆိုၿပီး စိတ္ဆိုးေနဦးမယ္'

ၿပီးေနာက္ ေရျမန္ျမန္သြက္သြက္ခ်ိဳးကာ ေအာက္ထပ္သို႔ ဆင္းလာခဲ့လိုက္ေလသည္။
_______________________

ေအာက္ထပ္ရွိ ဧည့္ခန္းထဲ၌ မုန္းမာန္အျပင္ အိမ္အကူေကာင္မေလး နွစ္ေယာက္နွင့္ ၿခံေစာင့္ဦးေလးႀကီးကိုပါ ျမင္လိုက္ရေသာေၾကာင့္ ကႀကိဳး ေၾကာင္သြားေလသည္။

'ခ်စ္တယ္ဆိုတာက ငါတစ္ေယာက္ထဲပဲေျပာရမွာမဟုတ္ဘူးလား သူတို႔ေရာပါတာလား ဒါနဲ႔ သူက ငါနဲ႔ပဲ မဂၤလာဦးက် ျဖစ္တာမဟုတ္ဘူးလား"

အေတြးတစ္ခ်ိဳ႕ျဖင့္ ဧည့္ခန္းထဲဝင္သြားလိုက္ေလသည္။

ကႀကိဳးအနားေရာက္လာသည္နွင့္ မုန္းမာန္လည္း စားပြဲေပၚတြင္ တင္ထားေသာ စာအိတ္သံုးအိတ္အား ယူလိုက္ေလသည္။
ၿပီးေနာက္ တစ္ေယာက္ခ်င္းစီအား ေပးလိုက္ၿပီး..

"အဲ့စာအိတ္ထဲမွာ သံုးလစာပါတယ္ အခုကစၿပီး မင္းတို႔ဒီမွာ အလုပ္လာလုပ္စရာမလိုေတာ့ဘူး ေနာက္ၿပီး ဒီကထြက္သြားတာနဲ႔ ဒီအိမ္ကအေၾကာင္းကို ဘယ္မွေလ်ွာက္ေျပာခြင့္မရွိဘူး ေျပာတဲ့သူ ငါ့အေၾကာင္း သိေစရမယ္ သြားလို႔ရၿပီ"

မုန္းမာန္ေျပာၿပီးသည္နွင့္ ေခါင္းၿငိမ့္ကာထြက္သြားၾကသူမ်ားအား ကႀကိဳး ေၾကာင္ၾကည့္ေနေလသည္။

"ကႀကိဳး"

မုန္းမာန္၏ေခၚသံေၾကာင့္ ေၾကာင္ၾကည့္ေနရာမွ သတိျပန္ဝင္လာၿပီး လွည့္ၾကည့္လိုက္ေလသည္။

'အဟိ ငါ့ကိုေျပာေတာ့မယ္ ထင္တယ္ ဟာ ရင္ဘတ္ထဲက တဒုန္းဒုန္းနဲ႔ ဘာျဖစ္ေနတာလဲမသိဘူး'

သူ႔ကို ၿပံဳးျပကာ ၾကည့္လာသည့္ ေကာင္ေလအား မုန္းမာန္ မ်က္ေမွာင္က်ံဳ႕ၾကည့္လိုက္ေလသည္။

"လာ ထိုင္"

မုန္းမာန္ ထိုင္ခိုင္းသျဖင့္ ကႀကိဳး ခံုေပၚဝင္ထိုင္လိုက္ေလသည္။

"မင္း ဒီေန႔က စၿပီး အိမ္အလုပ္ေတြ အကုန္လုပ္ရမယ္ မီးဖိုခန္းေရာ အဝတ္ေလ်ွာ္တာေရာ သန္႔ရွင္းေရးကအစ မင္းလုပ္ရမယ္ ေနာက္ၿပီး ၿခံတံခါးကိုလဲ မင္းပဲလာဖြင့္ေပးရမယ္ ၿခံထဲ မ်က္ရွင္းတာေရာပါ မင္းလုပ္ရမယ္ ျပီးေတာ့ အဝတ္ကို အဝတ္ေလ်ွာ္စက္နဲ႔မေလ်ွာ္နဲ႔ လက္နဲ႔ေလ်ွာ္ေပး ငါက အဝတ္ေလ်ွာ္စက္နဲ႔ေလ်ွာ္တဲ့အဝတ္က မေျပာင္ဘူးထင္လို႔ မဝတ္ဘူး ေၾသာ္ တစ္ခုက်န္ေသးတယ္ မင္း အခုခ်က္ခ်င္း ငါ့အခန္းထဲကေျပာင္းသြားေပး မီးဖိုခန္းေဘးက ပစၥည္းေဟာင္းေတြထားတဲ့အခန္းမွာ ရွင္းေန ေရခ်ိဳးခန္းကိုလည္း အမ်ားသံုးအခန္းပဲသံုးရမယ္ ဘာအေၾကာင္းကိစၥမွမရွိဘဲ အေပၚထပ္ကိုတက္မလာခဲ့နဲ႔ ေနာက္ၿပီး မင္းသံုးသြားတဲ့ အိပ္ယာခင္းကို လႊင့္ပစ္လိုက္ေတာ့ "

ေျပာၿပီး အနားမွထြက္သြားသူ၏ ေနာက္ေက်ာအား ကႀကိဳး မ်က္ရည္အဝဲသားနဲ႔ ေငးၾကည့္မိသည္။

'အဲ့ေလာက္ထိေတာင္ ကြၽန္ေတာ့္ကို မုန္းေနတာလား ခင္ဗ်ားရယ္'

Tbc...
----------------*----------------

Unicode...

"အားးး"
"ခေါင်းကိုက်လိုက်တာ"

နားထင်အား လက်ဖြင့်ဖိကာ ညည်းညူရင်းနိုးထလာသော လူတစ်ယောက်။

"မိုးတောင်လင်းနေပြီပဲ"

ကုတင်ပေါ်မှထရန်ပြင်လိုက်စဉ် သူ့ခါးအား ဖက်တွယ်ထားသည့် လက်နှစ်ဖက်ကိုတွေ့လိုက်ရသောကြောင့် ဘေးကိုလှည့်ကြည့်မိတော့ မြင်လိုက်ရတာက မိန်းမပျိုတစ်ဦး။

'ဟားး ကျစ် ငါဘာတွေလုပ်မိပြန်ပြီလဲ'

သူ့အတွေးအား ခေါင်းတစ်ချက်ခါကာ ရှင်းထုတ်လိုက်ပြီး အနီးရှိ မိန်းကလေးအား လှုပ်နှိုးလိုက်လေသည်။

"ဟေ့ ဟေ့ ဒီမှာ မိန်းကလေး ထစမ်း ဟေ့ "

"ဟင် အင်းးး"

ပျင်းကြောဆန့်ကာ နိုးလာသော မိန်းကလေးအား သူစိတ်ပျက်သထလို ကြည့်လိုက်လေသည်။

"ဟင် ကိုကို နိုးနေပြီလား "

"ဒီမှာ မိန်းကလေး မင်းကဘယ်သူလဲ ဘာလို့ငါ့ကို ကိုကိုလို့ခေါ်နေရတာလဲ ရော့ ပိုက်ဆံယူပြီး ထွက်သွားလိုက်တော့"

မုန်းမာန် ပိုက်ဆံအိတ်ထဲမှ ငွေတစ်ထပ်အားထုတ်ပေးလိုက်ပြီး ထရန်ပြင်လိုက်လေသည်။

"ရှင်နဲ့ကျွန်မ မနေ့ကအတူတူအိပ်ပြီး မှားခဲ့ကြတယ်လေ ဒီတော့ ရှင်ကျွန်မကို တာဝန်ယူမှဖြစ်မှာပေါ့ နောက်ပြီး ကျွန်မကရှင့်ပိုက်ဆံတွေနဲ့ ဘာသွားလုပ်ရမှာလဲ ဒါနဲ့ ရှင်ကျွန်မကိုမသိဘူးလား.. Sun Construction က CEO ရဲ့ သမီး ဆူးနှင်းဆီဆိုတာ ကျွန်မပဲ"

"မင်းဟာမင်း ဆူးနှင်းဆီမကလို့ ဆူးပင်ကြီးဖြစ်ဖြစ်ငါမသိဘူး ဒါနဲ့ Sun က ငါနဲ့ ပြိုင်ဘက်နော် မကြောင်မရွံ့ဘဲ ငါ့အနားလာကပ်တဲ့မင်းကို အံ့သြမိတယ် ကဲပါ ဒါတွေထားလိုက်ပါတော့ မင်းမယူသွားဘူးဆိုရင်လဲ ငါပဲပြန်ယူသွားလိုက်မယ် ခုတော့ ပြန်တော့မယ်"

"ရှင် ဒီလိုလုပ်လို့ရမလား ဒီမှာ ဆူးတို့က မပိုင်ရင်ခြင်တောင်မရိုက်ဘူး ရှင်ကျွန်မကို တာဝန်မယူဘဲနေကြည့်လိုက်လေ.. ရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်လိုက်ပေါ့ သြော် မေ့နေမှာစိုးလို့ပြောရဦးမယ် ဒီအခန်းရဲ့ cctv record က ကျွန်မဆီမှာနော် ဟင်း ဟင်း"

"မင်းးးး"

ဆူး သူမအား ဒေါသတကြီးကြည့်နေသည့် မုန်းမာန်အား မဲ့ပြုံးပြုံးပြလိုက်ရင်း

'အရင်က ရှင်မသိတဲ့ ဆူးနှင်းဆီရဲ့အကြောင်းကို ခုကစပြီးသိလာစေရမယ်.. ရှင်ကကျွန်မအတွက်ပဲ မုန်းမာန်ဝင့်ထည်'
____________________

"အားးး အင်းးး"

ကုတင်ပေါ်မှာ တွန့်လိမ်ကာဖြင့် နိုးထလာလာတဲ့ ကောင်ငယ်လေး။

ဘေးဘက်ကိုကြည့်မိတော့ ဘယ်သူမှရှိမနေသောကြောင့်

"ဟင် မနေ့က သူအိမ်ပြန်မအိပ်ဘူးလား.."

ဆူပုတ်ကာဖြင့်ပြောလိုက်ပြီးနောက် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

"အားးး ရေကလည်း ချိုးလို့ကောင်းလိုက်တာ ဒါနဲ့ ဖေဖေပေးတဲ့ ဒီဆွဲကြိုးလေးက ဘာလုပ်ရတာလဲမသိဘူး ငါသေချာကြည့်ဦးမှပါ"

ပြောရင်း လည်တိုင်ထက်မှ ဆွဲကြိုးလေးအား ဖြုတ်လိုက်လေသည်။

"ဟင် ဒါ ငါတို့ ရေသူထီး အမြှီးပုံစံလေးပါလား ဒီလိုမြင်ရတော့လည်း တစ်မျိုးလေးပဲ..  ဟင် ငါဘာဖြစ်"

ဆွဲကြိုးလေးအား ကြည့်နေရင်း တစ်ဖြည်းဖြည်းအောက်သို့လျှောကျလာသောကြောင့် ငုံ့ကြည့်လိုက်တော့

"ဟာ အမြှီး ငါ့အမြှီးလေး အား  အမြှီးလေးရယ် ငါက မင်းကို လူတွေလိုပဲ သေသွားပြီထင်နေတာ ခုလိုပြန်ရောက်လာလို့ ကျေးဇူးတင်ပါတယ်"

ကကြိုးတစ်ယောက်တည်း ရေချိုးခန်းထဲမှာ ပြုံးရယ်ကာဖြင့်ပျော်မြူးနေစဉ် တံခါးခေါက်သံကြောင့် လန့်ဖြန့်သွားလေသည်။

မုန်းမာန် အိမ်ရောက်ကတည်းက ကကြိုးကိုမမြင်ရသေးသောကြောင့် အခန်းထဲ ဝင်လာခဲ့လိုက်လေသည်။ရေချိုးခန်းထဲက ရေကျသံကြားလိုက်ရသောကြောင့် တံခါးခေါက်လိုက်လေသည်။

"ဒေါက် ဒေါက်"

"ဘယ် ဘယ်သူလဲ"

"မင်းရေချိုးလို့ပြီးရင် မြန်မြန်ထွက်လာခဲ့ ပြောစရာရှိလို့ ငါအောက်ထပ်မှာစောင့်နေမယ်"

ပြောပြီး အခန်းပြင်ထွက်သွားသူအား ရေချိုးခန်းတံခါးအား အနည်းငယ်ဟကာ ချောင်းကြည့်လိုက်လေသည်။


'ပြောစရာရှိတယ်ဆိုတော့ မနေ့က မင်္ဂလာဦးကျတုန်းက မပြောလိုက်ရတဲ့ ချစ်တယ် ဆိုတာများလား မသိဘူး အဟိ  ဘာပဲဖြစ်ဖြစ် အရင်ဆုံး ငါ့အမြှီးကို ဘယ်လိုပျောက်အောင်လုပ်ရမလဲ အရင်စဉ်းစားရမယ်.. အင်းးး ငါအရင်က ဒီဆွဲကြိုးကို ဝတ်လိုက်လို့ အမြှီးပျောက်သွားတယ် အခုချွတ်လိုက်လို့ပေါ်လာတာဆိုတော့ ဝတ်လိုက်ရင် ပြန်ပျောက်သွားမှာပဲ'

ထို့နောက် ဆွဲကြိုးလေးအား ပြန်ဆွဲလိုက်တော့ အမြှီးအစား ခြေထောက်တွေပြန်ပေါ်လာလေသည်။

'ဟား ဟုတ်ပြီ ငါသိသွားပြီ မြန်မြန်လုပ်မှပဲ တော်ကြာ ချစ်တယ်ပြောမယ့် လူကြီးက ကြာလို့ဆိုပြီး စိတ်ဆိုးနေဦးမယ်'

ပြီးနောက် ရေမြန်မြန်သွက်သွက်ချိုးကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်လေသည်။
_______________________

အောက်ထပ်ရှိ ဧည့်ခန်းထဲ၌ မုန်းမာန်အပြင် အိမ်အကူကောင်မလေး နှစ်ယောက်နှင့် ခြံစောင့်ဦးလေးကြီးကိုပါ မြင်လိုက်ရသောကြောင့် ကကြိုး ကြောင်သွားလေသည်။

'ချစ်တယ်ဆိုတာက ငါတစ်ယောက်ထဲပဲပြောရမှာမဟုတ်ဘူးလား သူတို့ရောပါတာလား ဒါနဲ့ သူက ငါနဲ့ပဲ မင်္ဂလာဦးကျ ဖြစ်တာမဟုတ်ဘူးလား"

အတွေးတစ်ချို့ဖြင့် ဧည့်ခန်းထဲဝင်သွားလိုက်လေသည်။

ကကြိုးအနားရောက်လာသည်နှင့် မုန်းမာန်လည်း စားပွဲပေါ်တွင် တင်ထားသော စာအိတ်သုံးအိတ်အား ယူလိုက်လေသည်။
ပြီးနောက် တစ်ယောက်ချင်းစီအား ပေးလိုက်ပြီး..

"အဲ့စာအိတ်ထဲမှာ သုံးလစာပါတယ် အခုကစပြီး မင်းတို့ဒီမှာ အလုပ်လာလုပ်စရာမလိုတော့ဘူး နောက်ပြီး ဒီကထွက်သွားတာနဲ့ ဒီအိမ်ကအကြောင်းကို ဘယ်မှလျှောက်ပြောခွင့်မရှိဘူး ပြောတဲ့သူ ငါ့အကြောင်း သိစေရမယ် သွားလို့ရပြီ"

မုန်းမာန်ပြောပြီးသည်နှင့် ခေါင်းငြိမ့်ကာထွက်သွားကြသူများအား ကကြိုး ကြောင်ကြည့်နေလေသည်။

"ကကြိုး"

မုန်းမာန်၏ခေါ်သံကြောင့် ကြောင်ကြည့်နေရာမှ သတိပြန်ဝင်လာပြီး လှည့်ကြည့်လိုက်လေသည်။

'အဟိ ငါ့ကိုပြောတော့မယ် ထင်တယ် ဟာ ရင်ဘတ်ထဲက တဒုန်းဒုန်းနဲ့ ဘာဖြစ်နေတာလဲမသိဘူး'

သူ့ကို ပြုံးပြကာ ကြည့်လာသည့် ကောင်လေအား မုန်းမာန် မျက်မှောင်ကျုံ့ကြည့်လိုက်လေသည်။

"လာ ထိုင်"

မုန်းမာန် ထိုင်ခိုင်းသဖြင့် ကကြိုး ခုံပေါ်ဝင်ထိုင်လိုက်လေသည်။

"မင်း ဒီနေ့က စပြီး အိမ်အလုပ်တွေ အကုန်လုပ်ရမယ် မီးဖိုခန်းရော အဝတ်လျှော်တာရော သန့်ရှင်းရေးကအစ မင်းလုပ်ရမယ် နောက်ပြီး ခြံတံခါးကိုလဲ မင်းပဲလာဖွင့်ပေးရမယ် ခြံထဲ မျက်ရှင်းတာရောပါ မင်းလုပ်ရမယ် ပြီးတော့ အဝတ်ကို အဝတ်လျှော်စက်နဲ့မလျှော်နဲ့ လက်နဲ့လျှော်ပေး ငါက အဝတ်လျှော်စက်နဲ့လျှော်တဲ့အဝတ်က မပြောင်ဘူးထင်လို့ မဝတ်ဘူး သြော် တစ်ခုကျန်သေးတယ် မင်း အခုချက်ချင်း ငါ့အခန်းထဲကပြောင်းသွားပေး မီးဖိုခန်းဘေးက ပစ္စည်းဟောင်းတွေထားတဲ့အခန်းမှာ ရှင်းနေ ရေချိုးခန်းကိုလည်း အများသုံးအခန်းပဲသုံးရမယ် ဘာအကြောင်းကိစ္စမှမရှိဘဲ အပေါ်ထပ်ကိုတက်မလာခဲ့နဲ့ နောက်ပြီး မင်းသုံးသွားတဲ့ အိပ်ယာခင်းကို လွှင့်ပစ်လိုက်တော့ "

ပြောပြီး အနားမှထွက်သွားသူ၏ နောက်ကျောအား ကကြိုး မျက်ရည်အဝဲသားနဲ့ ငေးကြည့်မိသည်။

'အဲ့လောက်ထိတောင် ကျွန်တော့်ကို မုန်းနေတာလား ခင်ဗျားရယ်'

Tbc...
----------------*----------------
© Kout Tay,
книга «My Heart For You».
အပိုင္း-၂၆
Коментарі