အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၂၁
Zawgyi...

ခဏအၾကာမွာ အခန္းထဲသို႔ သူနဲ႔အတူဝင္လာသည့္ လူသံုးဦး။
တစ္ဦးက လက္ထဲတြင္ တစ္ဖ်က္ဖ်က္လင္းလာသည့္အရာအားကိုင္ၿပီး မမေဘးေတြ မတ္တပ္ရပ္လိုက္၊ ထိုင္လိုက္ျဖင့္ လုပ္ေနေလသည္။ေနာက္တစ္ဦးက သူ႔လက္ထဲက ဓားကို ဆြဲယူကာ ပလက္စတစ္အိတ္ငယ္ထဲသို႔ ထည့္လိုက္ေလသည္။

ထိုအခ်င္းအရာမ်ားအား ကႀကိဳးနားမလည္သလို ေၾကာင္ေတာင္ေတာင္ျဖင့္ၾကည့္ေနတုန္း တစ္ဦးက သူ႔လက္နွစ္ဖက္အား ကြင္းနွစ္ခုထဲသို႔ ထည့္လိုက္ေလသည္။ထို႔ေနာက္ မုန္းမာန္ဆိုသူအနားသို႔သြားကာ စကားေတြေျပာေနေလသည္။

"မင္း ဒီေကာင္ေလးကို ဘယ္လိုလုပ္ခ်င္လဲ မုန္းမာန္"
"ငါက ဘာကိုဘယ္လိုလုပ္ရမွာလဲ သူကငါ့ခ်စ္သူကို သတ္ထားတဲ့သူပဲဟာ ျဖစ္နိုင္ရင္ သူ႔ကို ေထာင္တစ္သက္တစ္ကြၽန္းက်ေအာင္ထိ လုပ္ပစ္ခ်င္တယ္"

မုန္းမာန္ ဒုရဲအုပ္ဘဝတုန္းက သူငယ္ခ်င္းလိုခင္ခဲ့တဲ့ ရဲ တစ္နည္းအားျဖင့္ ေက်ာ္ထက္ ဆိုသူအား ျပန္ေျပာရင္း ကႀကိဳးအား နာနာၾကည္းၾကည္းၾကည့္မိေလသည္။

"ေကာင္းၿပီေလ ငါစစ္ေဆးၾကည့္ၿပီးလို႔ အေၾကာင္းထူးရင္ ဖုန္းဆက္လိုက္မယ္ အခုေတာ့ စခန္းကိုအရင္ေခၚသြားရမယ္ အေလာင္းကိုေတာ့ ေဆးရံုမွာ အရင္စစ္ေဆးၾကည့္ဦးမယ္"
"Ok ဒါဆို ငါအရင္ျပန္နွင့္ၿပီ "

ေျပာၿပီးအခန္းျပင္သို႔ထြက္သြားသူအား ကႀကိဳးၾကည့္ရင္း စိတ္ထဲက အလိုလိုဝမ္းနည္းလာသလိုပင္။

'အခုန ငါ့ကိုၾကည့္ေနတဲ့အၾကည့္ႀကီးက ေၾကာက္စရာေကာင္းလိုက္တာ ငါလဲ သူ႔ဘာမွမလုပ္ဘဲနဲ႔'

ေတြးေနတုန္း သူ႔လက္နွစ္ဖက္ကို လူနွစ္ဦးက ဆြဲခ်ဳပ္ကာ အခန္းျပင္သို႔ ထြက္လာၾကေလသည္။မမကိုေတာ့ လူအခ်ိဳ႕က သယ္ေဆာင္သြားၾကေလၿပီ။
____________________

အခန္းတစ္ခုထဲ၌..

"ငါမင္းကိုေမးမယ္ အမွန္အတိုင္းေျဖပါ"
"ဟုတ္ကဲ့"

အိမ္အႀကီးႀကီးထဲက ထြက္လာၿပီးကတည္းက သူ႔ကို ဒီအခန္းေသးေသးေလးထဲမွာ ထား ထားတာ အခ်ိန္အနည္းငယ္ေလာက္ေတာ့ ရွိၿပီထင္သည္။အခုမွ ဟိုလူသံုးေယာက္ထဲကတစ္ေယာက္ဝင္လာကာ အမွန္အတိုင္းေျဖဖို႔ရာေတြေျပာေနသည္။

"မင္း နန္းေႏြကို ဘယ္လိုသိတာလဲ"
"နန္းေႏြ နန္းေႏြက ဘယ္သူလဲ"
"ဒီမွာ ဟိတ္ေကာင္ မင္းငါ့ကို အူေၾကာင္ေၾကာင္လာလုပ္ျပမေနနဲ႔ နန္းေႏြဆိုတာ အခုမင္းသတ္လိုက္တဲ့ေကာင္မေလးကို ေျပာတာ"

ကႀကိဳး နန္းေႏြဆိုတာကို ဘယ္သူမွန္းတကယ္မသိလို႔ ေမးလိုက္ေတာ့ ထိုလူႀကီးက ျပန္ေအာ္သည္။

"နန္းေႏြဆိုတာ မမကိုေျပာတာလားဟင္ မမကိုေျပာတာဆို ကြၽန္ေတာ္ မမကိုမသတ္ပါဘူး မမကိုယ္တိုင္ ဓားနဲ႔သူ႔ဗိုက္ကိုျပန္ထိုးလိုက္တာ ေနာက္ၿပီး ကြၽန္ေတာ့္ကိုဖမ္းလာတဲ့လူႀကီးက အဲ့အခန္းထဲထည့္ထားလို႔ မမနဲ႔သိတာပါ"
"မင္းက မင္းလက္ထဲ ဓားကိုင္ထားတာေတာင္ မဟုတ္ဘူးျငင္းခ်င္ေနေသးတာလား သူက သူ႔ဗိုက္ကိုျပန္ထိုးရေအာင္ ရူးေနတာမွမဟုတ္တာ"
"ဟာ ရူး မရူး ကြၽန္ေတာ္မွ မသိတဲ့ဟာကို သူ႔ဘာသူ ထိုးလိုက္တာပါဆိုေနမွ"
"ေကာင္းၿပီေလ မင္းအခုေတာ့ ဒီထဲမွာပဲေနလိုက္ဦး သက္ေသထပ္ေတြ႕ရင္ ျပန္စစ္ေမးမယ္"

အခန္းထဲမွ ထြက္သြားသည့္လူႀကီးအား ၾကည့္ရင္း ကႀကိဳးငိုခ်င္လာသည္။

"အဟင့္ အေမနဲ႔ အကို႔ကို သတိရလိုက္တာ ဟင့္"
______________________

*ဒုန္း*

က်ယ္ေလာင္လွေသာ အသံႀကီးေၾကာင့္ ကႀကိဳး စားပြဲေပၚေခါင္းတင္ကာ အိပ္ေပ်ာ္ေနရာမွ အလန္႔တၾကားနိုးသြားေလသည္။

သူ႔မ်က္လံုးနွစ္ဖက္အား လက္ျဖင့္ပြတ္သပ္ကာ ဖြင့္ၾကည့္မိေတာ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ စူးရဲစြာၾကည့္ေနေသာ အၾကည့္ႀကီးေၾကာင့္ အိပ္ခ်င္စိတ္ပင္ ေပ်ာက္သြားေလသည္။။

"မင္း ဟာ ကဲကြာ"

ရုတ္တရက္ ထိုသူက ကႀကိဳးအား ဆြဲကာ လက္သီးျဖင့္ ထိုးထည့္လိုက္ေလသည္။

*ခြပ္*
"အ"

ထိုစဥ္ သူ႔ကိုစစ္ေမးသည့္ လူႀကီးဝင္လာကာ မုန္းမာန္ဆိုသူကို ဝင္ဆြဲပါေတာ့သည္။

"မုန္းမာန္ စိတ္ေလ်ာ့စမ္း အကုန္လက္လြန္ကုန္လိမ့္မယ္ ဘာျဖစ္ခဲ့လဲဆိုတာ ေသခ်ာေအာင္ ေမးရဦးမယ့္ဟာ စိတ္လိုက္မာန္ပါမလုပ္စမ္းနဲ႔"

ထိုစကားၾကားမွ မုန္းမာန္ စိတ္ေလ်ာ့ခ်လိုက္ကာ အနီးရွိ ခံုအားဆြဲယူၿပီး ထိုင္ခ်လိုက္ေလသည္။

"ဒီမွာ ေကာင္ေလး ေဆးရံုက စစ္ေဆးခ်က္အရ ေႏြ႕ကို မုဒိမ္းက်င့္ထားတဲ့ အေျဖထြက္လာတယ္ အဲ့တာအမွန္လား"
"မုဒိမ္းက်င့္တာက ဘယ္လိုမ်ိဳးလဲဟင္"
"ဟာ ဒီေခြးေကာင္ ငါလုပ္လိုက္ရ"
"မုန္းမာန္ မင္းၿငိမ္ၿငိမ္ေနစမ္း"

မုန္းမာန္ ေဒါသတႀကီးျဖင့္ထကာ ထိုးရန္ျပင္လိုက္စဥ္ လင္းေနမွ ဝင္လာကာ ဆြဲထားေသာေၾကာင့္ စိတ္ေလ်ာ့ကာျပန္ထိုင္လိုက္ရေလသည္။

"ဟိုေလ အဲ့တာက ဟိုဒင္း ဟိုဟာ"

လင္းေန အခုမွ ဘယ္လိုေျဖရမွန္းပင္မသိေအာင္ အက်ပ္ရိုက္သြားေတာ့သည္။

အခုမွဝင္လာသူက တစ္ဟိုဟိုနဲ႔ရွင္းျပေနသည္ကို နားမလည္ေသာေၾကာင့္

"လူႀကီးက မမအေပၚတက္ၿပီး ေသြးထြက္ေအာင္ လုပ္တာကိုေျပာတာလားဟင္"

ထိုအခါမွ

"အဲ ဟုတ္တယ္ အဲ့လိုမ်ိဳး"
"အာ့ဆို ဟုတ္တယ္"
"ဘာ ဒီေကာင္က ဘာမွမျဖစ္သလိုမ်ိဳး လာေျပာေနေသးတယ္ ငါ"
"မုန္းမာန္ မင္းဒီလိုသာ ေသြးဆိုးေနမယ္ဆို သြား ခုဒီထဲကထြက္သြားေတာ့"

လင္းေနေျပာလာမွ ခံုေပၚျပန္ထိုင္ကာ မ်က္နွာလႊဲေနလိုက္သည္။

"မရွင္းလို႔ ထပ္ေမးပါဦးမယ္ မုဒိမ္းက်င့္တာက မင္းမဟုတ္ဘူးလား ဘယ္ကလူႀကီးဆိုတာက ပါလာရတာလဲ"
"အဲ့တာက ကြၽန္ေတာ္မဟုတ္ဘူးဗ် ကြၽန္ေတာ့္ကို ဖမ္းလာတဲ့လူႀကီးက မမကို ေသြးထြက္ေအာင္ လုပ္ပစ္တာ"
"အဲ့လူက ဘယ္သူလဲ"
"အင္းးးးး ေကာင္း ေကာင္း ဘာဆိုလားပဲ"
"ေကာင္းျမတ္ထူးလား"

မုန္းမာန္မွ နာမည္တစ္ခုအား ထုတ္ေျပာလာေတာ့ ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္ျပသည့္ ကႀကိဳး။

"ဟုတ္တယ္ ဟုတ္တယ္ အဲ့လူႀကီးပဲ"
"ေတာက္ ေခြးေကာင္ စိုင္းေကာင္းျမတ္ထူး "
"ေကာင္ေလး မင္းကိုေရာ သူကဘာလို႔ဖမ္းလာတာလဲ"

မုန္းမာန္ ေတာက္ ေခါက္လိုက္သည္ကို အလန္႔တၾကားၾကည့္ေနရာမွ သူ႔ေရွ႕က အသံေၾကာင့္

"အေမ့ေဆးဖို႔ေၾကာင့္ပါ"

ေျပာရင္း မ်က္ရည္ဝဲလာေသာေကာင္ေလးေၾကာင့္ လင္းေနသက္ျပင္းခ်မိသည္။

"အင္းးး ဒီအမႈက နည္းနည္းေတာ့စဥ္းစားစရာပဲ ဒီေကာင္ေလးကလဲ သူမသတ္ဘူးလို႔ ေျပာေနေပမယ့္ ဓားေပၚမွာရွိတဲ့ လက္ေဗြရာက သူ႔လက္ေဗြရာအျပင္ အျခားတစ္ေယာက္ရဲ႕ လက္ေဗြရာပါ ရွိေနေသးတယ္ အတိအက် ဒီေကာင္ေလးလို႔လဲ မေျပာနိုင္ေသးဘူးကြ"

ေဘးမွ ေက်ာ္ထက္က ေျပာလာသျဖင့္ မုန္းမာန္ 'ဒီေကာင္ေလးမဟုတ္တာလဲ ျဖစ္နိုင္တာပဲ' ဟု စဥ္းစားမိေသာ္လည္း မသိစိတ္က လက္မခံခ်င္သာေၾကာင့္

"သူကိုယ္တိုင္ ဓားကိုင္ထားတာကို ငါျမင္ထားတဲ့ဟာ ဒီေကာင္ အမႈကလြတ္ခ်င္လို႔ ေလ်ွာက္ေျပာေနတာေရာ မျဖစ္နိုင္ဘူးလား"

ထိုအခါ လင္းေနမွ

"ေလ်ွာက္ေျပာေနတာေတာ့ မျဖစ္န္ိင္ဘူး မုန္းမာန္ ငါစံုစမ္းရမိသေလာက္ေတာ့ အဲ့အခန္းထဲကို တျခားလူတစ္ေယာက္ ဝင္သြားၿပီး အျပင္မွာ ေစာင့္ေနတဲ့ လူေတြပါ ရွိတယ္လို႔ အခ်ိဳ႕ျမင္လိုက္တဲ့သူေတြက ေျပာတယ္ ေနာက္ၿပီး မ်က္နွာကို ေသခ်ာမျမင္လိုက္ရေပမယ့္ ဝင္သြားတဲ့လူကလဲ ဒီေကာင္ေလးမဟုတ္ဘူးတဲ့ မင္းေျပာတဲ့ ေကာင္းျမတ္ထူးဆိုတဲ့လူက သတ္တာေရာမျဖစ္နိုင္ဘူးလား"
"မဟုတ္ဘူး အဲ့လူသတ္တာမဟုတ္ဘူး အဲ့လူက မမကို ေသြးထြက္ေအာင္ပဲလုပ္တာ မမက သူ႔ဗိုက္သူထိုးခ်လိုက္တာ ကြၽန္ေတာ့္ကို ထိုးေပးဖို႔ဆိုၿပီး လက္ထဲ ဓားထည့္ေပးေပမယ့္ ကြၽန္ေတာ္က မလုပ္ရဲဘူးဆိုလို႔ မမက သူ႔ဘာသူထိုးလိုက္တာ"
"ကဲ ခုမွပဲရွင္းသြားေတာ့တယ္ ဒါေၾကာင့္ ဓားေပၚမွာ လက္ေဗြရာ နွစ္ခုရွိေနတာကိုး"

ေက်ာ္ထက္၏စကားအား မုန္းမာန္ နွာေခါင္းရံုွ႔လိုက္ကာ

"မျဖစ္နိုင္တာ"ဟု ေျပာလိုက္ေလသည္။

"ဒါနဲ႔ အဲ့အခန္းက cctv မရွိဘူးလား"

လင္းေန၏ အေမးအား ေက်ာ္ထက္မွ

"ရွိတယ္ ငါတို႔သြားရွာေတာ့ အဲ့အခန္းထဲက cctv ဖိုင္တစ္ခုပဲ ကြက္ေပ်ာက္ေနတာ အာ့ေၾကာင့္"
"ဟင္းးး ဘာပဲျဖစ္ျဖစ္ cctvနဲ႔ ေကာင္းျမတ္ထူး ဆိုတဲ့လူကို ရွာေတြ႕မွပဲ ဒီအမႈကေရွ႕ဆက္လို႔ရေတာ့မွာ"

လင္းေန၏စကားေၾကာင့္

"ဟုတ္တယ္ ဒီေတာ့ ေကာင္ေလး မင္းအိမ္ျပန္လို႔ရၿပီ ဒါေပမယ့္အမႈက မၿပီးေသးဘူးေနာ္ သက္ေသေတြျပန္ေတြ႕ရင္ မင္းျပန္စစ္ေဆးခံရမယ္ နားလည္လား"
"ဟုတ္ကဲ့ ဒါေပမယ့္ ကြၽန္ေတာ္က ဘယ္ကိုျပန္ရမွာလဲ"
"ဟ မင္းအိမ္ကိုေပါ့ကြ"
"ကြၽန္ေတာ့္အိမ္က ဘယ္မွာလဲဟင္"
"အမ္ မင္းအိမ္ ဘယ္မွာရွိလဲေတာင္ မသိဘူးလား"
"ဟင့္အင္း"
"ဟာ ဒီေကာင္ ဘာေကာင္လဲ"

လင္းေနနဲ႔ ေက်ာ္ထက္ နွစ္ေယာက္သား ေခါင္းစားေနစဥ္

"ဟို မမကေျပာတယ္ ခဏေနရင္ သူ႔ခ်စ္သူလာေခၚလိမ့္မယ္တဲ့ သူ႔ခ်စ္သူလာရင္ လိုက္သြားတဲ့"
"ဒါဆို သူ႔ခ်စ္သူက ဘယ္သူလဲ"

ေက်ာ္ထက္အေမးေၾကာင့္ ကႀကိဳး မုန္းမာန္အား လက္ညႇိုးထိုးျပလိုက္ေလသည္။

"သူ"

ကႀကိဳး အေျပာေၾကာင့္ က်န္တဲ့သံုးေယာက္မွာ မ်က္လံုးျပဴး မ်က္ဆံျပဴးျဖစ္သြားၾကေလသည္။

"ဘ ဘာ ငါ ဟုတ္လား"
"အင္း မမကေျပာတာ မုန္းမာန္တဲ့"
"ဟာ ဟိတ္ေကာင္ေတြ ဒီလိုေကာင္မ်ိဳးကို ငါမေခၚသြားနိုင္ဘူးေနာ္ ေနာက္ၿပီးသူက ငါ့ခ်စ္သူကို သတ္တဲ့သူ"
"မုန္းမာန္ ငါမင္းကို မျဖစ္နိုင္ပါဘူးလို႔ ဘယ္နွခါေျပာရမွာလဲ ဟမ္"
"ေအးေလ"
"ဒါေပမယ့္"
"ဒါေပမယ့္မေနနဲ႔  ေခၚသြား မင္းမွမေခၚရင္ သူဘယ္သြားေနရမွာလဲ ေကာင္ေလး လိုက္သြား"
"ဟုတ္"

ကႀကိဳး ေခါင္းၿငိမ့္ျပလိုက္ေတာ့ မုန္းမာန္မွာ သူ႔ကိုမၾကည္ၾကည့္ ၾကည့္လ်က္ျဖင့္ အခန္းထဲမွအရင္ထြက္သြားေလေတာ့ ကႀကိဳးေနာက္မွ အေျပးလိုက္ရေလသည္။

'ဟင့္အင္း မျဖစ္နိုင္ဘူး လံုးဝမျဖစ္နိုင္ဘူး ငါ့ခ်စ္သူကိုသတ္ထားတဲ့ ဒီလိုေကာင္မ်ိဳးနဲ႔ အတူတူေနဖို႔ဆိုတာ ဘယ္လိုနည္းနဲ႔မွ မျဖစ္နိုင္ဘူး'

Tbc...
----------------*--------------
ဟိုေလ အေရွ႕ကအပိုင္းတုန္းက ရိုင္းသလိုျဖစ္သြားရင္ ေတာင္းပန္ပါတယ္ရွင့္ မျဖစ္မေနထည့္မွျဖစ္မွာမို႔လို႔ပါရွင့္ ေနာက္အပိုင္းမွာလဲ အဲ့လိုပံုစံလာဦးမွာမို႔ ႀကိဳၿပီးေတာင္းပန္ပါတယ္ေနာ္💜
_________________________

Unicode...

ခဏအကြာမှာ အခန်းထဲသို့ သူနဲ့အတူဝင်လာသည့် လူသုံးဦး။
တစ်ဦးက လက်ထဲတွင် တစ်ဖျက်ဖျက်လင်းလာသည့်အရာအားကိုင်ပြီး မမဘေးတွေ မတ်တပ်ရပ်လိုက်၊ ထိုင်လိုက်ဖြင့် လုပ်နေလေသည်။နောက်တစ်ဦးက သူ့လက်ထဲက ဓားကို ဆွဲယူကာ ပလက်စတစ်အိတ်ငယ်ထဲသို့ ထည့်လိုက်လေသည်။

ထိုအချင်းအရာများအား ကကြိုးနားမလည်သလို ကြောင်တောင်တောင်ဖြင့်ကြည့်နေတုန်း တစ်ဦးက သူ့လက်နှစ်ဖက်အား ကွင်းနှစ်ခုထဲသို့ ထည့်လိုက်လေသည်။ထို့နောက် မုန်းမာန်ဆိုသူအနားသို့သွားကာ စကားတွေပြောနေလေသည်။

"မင်း ဒီကောင်လေးကို ဘယ်လိုလုပ်ချင်လဲ မုန်းမာန်"
"ငါက ဘာကိုဘယ်လိုလုပ်ရမှာလဲ သူကငါ့ချစ်သူကို သတ်ထားတဲ့သူပဲဟာ ဖြစ်နိုင်ရင် သူ့ကို ထောင်တစ်သက်တစ်ကျွန်းကျအောင်ထိ လုပ်ပစ်ချင်တယ်"

မုန်းမာန် ဒုရဲအုပ်ဘဝတုန်းက သူငယ်ချင်းလိုခင်ခဲ့တဲ့ ရဲ တစ်နည်းအားဖြင့် ကျော်ထက် ဆိုသူအား ပြန်ပြောရင်း ကကြိုးအား နာနာကြည်းကြည်းကြည့်မိလေသည်။

"ကောင်းပြီလေ ငါစစ်ဆေးကြည့်ပြီးလို့ အကြောင်းထူးရင် ဖုန်းဆက်လိုက်မယ် အခုတော့ စခန်းကိုအရင်ခေါ်သွားရမယ် အလောင်းကိုတော့ ဆေးရုံမှာ အရင်စစ်ဆေးကြည့်ဦးမယ်"
"Ok ဒါဆို ငါအရင်ပြန်နှင့်ပြီ "

ပြောပြီးအခန်းပြင်သို့ထွက်သွားသူအား ကကြိုးကြည့်ရင်း စိတ်ထဲက အလိုလိုဝမ်းနည်းလာသလိုပင်။

'အခုန ငါ့ကိုကြည့်နေတဲ့အကြည့်ကြီးက ကြောက်စရာကောင်းလိုက်တာ ငါလဲ သူ့ဘာမှမလုပ်ဘဲနဲ့'

တွေးနေတုန်း သူ့လက်နှစ်ဖက်ကို လူနှစ်ဦးက ဆွဲချုပ်ကာ အခန်းပြင်သို့ ထွက်လာကြလေသည်။မမကိုတော့ လူအချို့က သယ်ဆောင်သွားကြလေပြီ။
____________________

အခန်းတစ်ခုထဲ၌..

"ငါမင်းကိုမေးမယ် အမှန်အတိုင်းဖြေပါ"
"ဟုတ်ကဲ့"

အိမ်အကြီးကြီးထဲက ထွက်လာပြီးကတည်းက သူ့ကို ဒီအခန်းသေးသေးလေးထဲမှာ ထား ထားတာ အချိန်အနည်းငယ်လောက်တော့ ရှိပြီထင်သည်။အခုမှ ဟိုလူသုံးယောက်ထဲကတစ်ယောက်ဝင်လာကာ အမှန်အတိုင်းဖြေဖို့ရာတွေပြောနေသည်။

"မင်း နန်းနွေကို ဘယ်လိုသိတာလဲ"
"နန်းနွေ နန်းနွေက ဘယ်သူလဲ"
"ဒီမှာ ဟိတ်ကောင် မင်းငါ့ကို အူကြောင်ကြောင်လာလုပ်ပြမနေနဲ့ နန်းနွေဆိုတာ အခုမင်းသတ်လိုက်တဲ့ကောင်မလေးကို ပြောတာ"

ကကြိုး နန်းနွေဆိုတာကို ဘယ်သူမှန်းတကယ်မသိလို့ မေးလိုက်တော့ ထိုလူကြီးက ပြန်အော်သည်။

"နန်းနွေဆိုတာ မမကိုပြောတာလားဟင် မမကိုပြောတာဆို ကျွန်တော် မမကိုမသတ်ပါဘူး မမကိုယ်တိုင် ဓားနဲ့သူ့ဗိုက်ကိုပြန်ထိုးလိုက်တာ နောက်ပြီး ကျွန်တော့်ကိုဖမ်းလာတဲ့လူကြီးက အဲ့အခန်းထဲထည့်ထားလို့ မမနဲ့သိတာပါ"
"မင်းက မင်းလက်ထဲ ဓားကိုင်ထားတာတောင် မဟုတ်ဘူးငြင်းချင်နေသေးတာလား သူက သူ့ဗိုက်ကိုပြန်ထိုးရအောင် ရူးနေတာမှမဟုတ်တာ"
"ဟာ ရူး မရူး ကျွန်တော်မှ မသိတဲ့ဟာကို သူ့ဘာသူ ထိုးလိုက်တာပါဆိုနေမှ"
"ကောင်းပြီလေ မင်းအခုတော့ ဒီထဲမှာပဲနေလိုက်ဦး သက်သေထပ်တွေ့ရင် ပြန်စစ်မေးမယ်"

အခန်းထဲမှ ထွက်သွားသည့်လူကြီးအား ကြည့်ရင်း ကကြိုးငိုချင်လာသည်။

"အဟင့် အမေနဲ့ အကို့ကို သတိရလိုက်တာ ဟင့်"
______________________

*ဒုန်း*

ကျယ်လောင်လှသော အသံကြီးကြောင့် ကကြိုး စားပွဲပေါ်ခေါင်းတင်ကာ အိပ်ပျော်နေရာမှ အလန့်တကြားနိုးသွားလေသည်။

သူ့မျက်လုံးနှစ်ဖက်အား လက်ဖြင့်ပွတ်သပ်ကာ ဖွင့်ကြည့်မိတော့ ကြောက်စရာကောင်းလောက်အောင် စူးရဲစွာကြည့်နေသော အကြည့်ကြီးကြောင့် အိပ်ချင်စိတ်ပင် ပျောက်သွားလေသည်။။

"မင်း ဟာ ကဲကွာ"

ရုတ်တရက် ထိုသူက ကကြိုးအား ဆွဲကာ လက်သီးဖြင့် ထိုးထည့်လိုက်လေသည်။

*ခွပ်*
"အ"

ထိုစဉ် သူ့ကိုစစ်မေးသည့် လူကြီးဝင်လာကာ မုန်းမာန်ဆိုသူကို ဝင်ဆွဲပါတော့သည်။

"မုန်းမာန် စိတ်လျော့စမ်း အကုန်လက်လွန်ကုန်လိမ့်မယ် ဘာဖြစ်ခဲ့လဲဆိုတာ သေချာအောင် မေးရဦးမယ့်ဟာ စိတ်လိုက်မာန်ပါမလုပ်စမ်းနဲ့"

ထိုစကားကြားမှ မုန်းမာန် စိတ်လျော့ချလိုက်ကာ အနီးရှိ ခုံအားဆွဲယူပြီး ထိုင်ချလိုက်လေသည်။

"ဒီမှာ ကောင်လေး ဆေးရုံက စစ်ဆေးချက်အရ နွေ့ကို မုဒိမ်းကျင့်ထားတဲ့ အဖြေထွက်လာတယ် အဲ့တာအမှန်လား"
"မုဒိမ်းကျင့်တာက ဘယ်လိုမျိုးလဲဟင်"
"ဟာ ဒီခွေးကောင် ငါလုပ်လိုက်ရ"
"မုန်းမာန် မင်းငြိမ်ငြိမ်နေစမ်း"

မုန်းမာန် ဒေါသတကြီးဖြင့်ထကာ ထိုးရန်ပြင်လိုက်စဉ် လင်းနေမှ ဝင်လာကာ ဆွဲထားသောကြောင့် စိတ်လျော့ကာပြန်ထိုင်လိုက်ရလေသည်။

"ဟိုလေ အဲ့တာက ဟိုဒင်း ဟိုဟာ"

လင်းနေ အခုမှ ဘယ်လိုဖြေရမှန်းပင်မသိအောင် အကျပ်ရိုက်သွားတော့သည်။

အခုမှဝင်လာသူက တစ်ဟိုဟိုနဲ့ရှင်းပြနေသည်ကို နားမလည်သောကြောင့်

"လူကြီးက မမအပေါ်တက်ပြီး သွေးထွက်အောင် လုပ်တာကိုပြောတာလားဟင်"

ထိုအခါမှ

"အဲ ဟုတ်တယ် အဲ့လိုမျိုး"
"အာ့ဆို ဟုတ်တယ်"
"ဘာ ဒီကောင်က ဘာမှမဖြစ်သလိုမျိုး လာပြောနေသေးတယ် ငါ"
"မုန်းမာန် မင်းဒီလိုသာ သွေးဆိုးနေမယ်ဆို သွား ခုဒီထဲကထွက်သွားတော့"

လင်းနေပြောလာမှ ခုံပေါ်ပြန်ထိုင်ကာ မျက်နှာလွှဲနေလိုက်သည်။

"မရှင်းလို့ ထပ်မေးပါဦးမယ် မုဒိမ်းကျင့်တာက မင်းမဟုတ်ဘူးလား ဘယ်ကလူကြီးဆိုတာက ပါလာရတာလဲ"
"အဲ့တာက ကျွန်တော်မဟုတ်ဘူးဗျ ကျွန်တော့်ကို ဖမ်းလာတဲ့လူကြီးက မမကို သွေးထွက်အောင် လုပ်ပစ်တာ"
"အဲ့လူက ဘယ်သူလဲ"
"အင်းးးးး ကောင်း ကောင်း ဘာဆိုလားပဲ"
"ကောင်းမြတ်ထူးလား"

မုန်းမာန်မှ နာမည်တစ်ခုအား ထုတ်ပြောလာတော့ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြသည့် ကကြိုး။

"ဟုတ်တယ် ဟုတ်တယ် အဲ့လူကြီးပဲ"
"တောက် ခွေးကောင် စိုင်းကောင်းမြတ်ထူး "
"ကောင်လေး မင်းကိုရော သူကဘာလို့ဖမ်းလာတာလဲ"

မုန်းမာန် တောက် ခေါက်လိုက်သည်ကို အလန့်တကြားကြည့်နေရာမှ သူ့ရှေ့က အသံကြောင့်

"အမေ့ဆေးဖို့ကြောင့်ပါ"

ပြောရင်း မျက်ရည်ဝဲလာသောကောင်လေးကြောင့် လင်းနေသက်ပြင်းချမိသည်။

"အင်းးး ဒီအမှုက နည်းနည်းတော့စဉ်းစားစရာပဲ ဒီကောင်လေးကလဲ သူမသတ်ဘူးလို့ ပြောနေပေမယ့် ဓားပေါ်မှာရှိတဲ့ လက်ဗွေရာက သူ့လက်ဗွေရာအပြင် အခြားတစ်ယောက်ရဲ့ လက်ဗွေရာပါ ရှိနေသေးတယ် အတိအကျ ဒီကောင်လေးလို့လဲ မပြောနိုင်သေးဘူးကွ"

ဘေးမှ ကျော်ထက်က ပြောလာသဖြင့် မုန်းမာန် 'ဒီကောင်လေးမဟုတ်တာလဲ ဖြစ်နိုင်တာပဲ' ဟု စဉ်းစားမိသော်လည်း မသိစိတ်က လက်မခံချင်သာကြောင့်

"သူကိုယ်တိုင် ဓားကိုင်ထားတာကို ငါမြင်ထားတဲ့ဟာ ဒီကောင် အမှုကလွတ်ချင်လို့ လျှောက်ပြောနေတာရော မဖြစ်နိုင်ဘူးလား"

ထိုအခါ လင်းနေမှ

"လျှောက်ပြောနေတာတော့ မဖြစ်န်ိင်ဘူး မုန်းမာန် ငါစုံစမ်းရမိသလောက်တော့ အဲ့အခန်းထဲကို တခြားလူတစ်ယောက် ဝင်သွားပြီး အပြင်မှာ စောင့်နေတဲ့ လူတွေပါ ရှိတယ်လို့ အချို့မြင်လိုက်တဲ့သူတွေက ပြောတယ် နောက်ပြီး မျက်နှာကို သေချာမမြင်လိုက်ရပေမယ့် ဝင်သွားတဲ့လူကလဲ ဒီကောင်လေးမဟုတ်ဘူးတဲ့ မင်းပြောတဲ့ ကောင်းမြတ်ထူးဆိုတဲ့လူက သတ်တာရောမဖြစ်နိုင်ဘူးလား"
"မဟုတ်ဘူး အဲ့လူသတ်တာမဟုတ်ဘူး အဲ့လူက မမကို သွေးထွက်အောင်ပဲလုပ်တာ မမက သူ့ဗိုက်သူထိုးချလိုက်တာ ကျွန်တော့်ကို ထိုးပေးဖို့ဆိုပြီး လက်ထဲ ဓားထည့်ပေးပေမယ့် ကျွန်တော်က မလုပ်ရဲဘူးဆိုလို့ မမက သူ့ဘာသူထိုးလိုက်တာ"
"ကဲ ခုမှပဲရှင်းသွားတော့တယ် ဒါကြောင့် ဓားပေါ်မှာ လက်ဗွေရာ နှစ်ခုရှိနေတာကိုး"

ကျော်ထက်၏စကားအား မုန်းမာန် နှာခေါင်းရှုံ့လိုက်ကာ

"မဖြစ်နိုင်တာ"ဟု ပြောလိုက်လေသည်။

"ဒါနဲ့ အဲ့အခန်းက cctv မရှိဘူးလား"

လင်းနေ၏ အမေးအား ကျော်ထက်မှ

"ရှိတယ် ငါတို့သွားရှာတော့ အဲ့အခန်းထဲက cctv ဖိုင်တစ်ခုပဲ ကွက်ပျောက်နေတာ အာ့ကြောင့်"
"ဟင်းးး ဘာပဲဖြစ်ဖြစ် cctvနဲ့ ကောင်းမြတ်ထူး ဆိုတဲ့လူကို ရှာတွေ့မှပဲ ဒီအမှုကရှေ့ဆက်လို့ရတော့မှာ"

လင်းနေ၏စကားကြောင့်

"ဟုတ်တယ် ဒီတော့ ကောင်လေး မင်းအိမ်ပြန်လို့ရပြီ ဒါပေမယ့်အမှုက မပြီးသေးဘူးနော် သက်သေတွေပြန်တွေ့ရင် မင်းပြန်စစ်ဆေးခံရမယ် နားလည်လား"
"ဟုတ်ကဲ့ ဒါပေမယ့် ကျွန်တော်က ဘယ်ကိုပြန်ရမှာလဲ"
"ဟ မင်းအိမ်ကိုပေါ့ကွ"
"ကျွန်တော့်အိမ်က ဘယ်မှာလဲဟင်"
"အမ် မင်းအိမ် ဘယ်မှာရှိလဲတောင် မသိဘူးလား"
"ဟင့်အင်း"
"ဟာ ဒီကောင် ဘာကောင်လဲ"

လင်းနေနဲ့ ကျော်ထက် နှစ်ယောက်သား ခေါင်းစားနေစဉ်

"ဟို မမကပြောတယ် ခဏနေရင် သူ့ချစ်သူလာခေါ်လိမ့်မယ်တဲ့ သူ့ချစ်သူလာရင် လိုက်သွားတဲ့"
"ဒါဆို သူ့ချစ်သူက ဘယ်သူလဲ"

ကျော်ထက်အမေးကြောင့် ကကြိုး မုန်းမာန်အား လက်ညှိုးထိုးပြလိုက်လေသည်။

"သူ"

ကကြိုး အပြောကြောင့် ကျန်တဲ့သုံးယောက်မှာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားကြလေသည်။

"ဘ ဘာ ငါ ဟုတ်လား"
"အင်း မမကပြောတာ မုန်းမာန်တဲ့"
"ဟာ ဟိတ်ကောင်တွေ ဒီလိုကောင်မျိုးကို ငါမခေါ်သွားနိုင်ဘူးနော် နောက်ပြီးသူက ငါ့ချစ်သူကို သတ်တဲ့သူ"
"မုန်းမာန် ငါမင်းကို မဖြစ်နိုင်ပါဘူးလို့ ဘယ်နှခါပြောရမှာလဲ ဟမ်"
"အေးလေ"
"ဒါပေမယ့်"
"ဒါပေမယ့်မနေနဲ့  ခေါ်သွား မင်းမှမခေါ်ရင် သူဘယ်သွားနေရမှာလဲ ကောင်လေး လိုက်သွား"
"ဟုတ်"

ကကြိုး ခေါင်းငြိမ့်ပြလိုက်တော့ မုန်းမာန်မှာ သူ့ကိုမကြည်ကြည့် ကြည့်လျက်ဖြင့် အခန်းထဲမှအရင်ထွက်သွားလေတော့ ကကြိုးနောက်မှ အပြေးလိုက်ရလေသည်။

'ဟင့်အင်း မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ငါ့ချစ်သူကိုသတ်ထားတဲ့ ဒီလိုကောင်မျိုးနဲ့ အတူတူနေဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး'

Tbc...
----------------*--------------
ဟိုလေ အရှေ့ကအပိုင်းတုန်းက ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ရှင့် မဖြစ်မနေထည့်မှဖြစ်မှာမို့လို့ပါရှင့် နောက်အပိုင်းမှာလဲ အဲ့လိုပုံစံလာဦးမှာမို့ ကြိုပြီးတောင်းပန်ပါတယ်နော်💜
_________________________





© Kout Tay,
книга «My Heart For You».
အပိုင္း-၂၂
Коментарі