အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင်း_၃၄
Unicode...

"ကြီးမေ ဘယ်သွားမလို့လဲဟင်"

ဈေးခြင်းတောင်းလေးဆွဲကာ မီးဖိုခန်းထဲမှ ထွက်လာစဉ် ကကြိုး၏အမေးစကားကြောင့် အနောက်သို့လှည့်ကြည့်ကာ ဖြေလိုက်လေသည်။

"ဈေးသွားမလို့လေ သားရဲ့.. သား စားချင်တာရှိရင် မှာလိုက်လေ"

"ဟင့်အင်း.. မရှိပါဘူး ကြီးမေ.. သား ခုတစ်လော ဘာမှစားချင်စိတ်မဖြစ်လို့ပါ"

"စားချင်စိတ်မရှိလို့ဆိုပြီး ဘာမှမစားလို့တော့ မရဘူးနော် သား.. သားမဆာရင်တောင် သားဗိုက်ထဲက ကလေးလေးအတွက် ဝင်သလောက်တော့ စားရမယ်လေ သားရဲ့.. နော်"

"ဟုတ်ကဲ့ပါ ကြီးမေ.. သားစားပါ့မယ်"

"ကဲ ဒါဆို ကြီးမေ သွားလိုက်ဦးမယ်.. အတက်အဆင်းတွေ သတိပြုနော် သား.. အလေးအပင်တွေလဲ ဘာတစ်ခုမှ မ မနဲ့.. ကြီးမေမရှိဘူးဆိုပြီး ထင်ရာတွေလုပ်မနေနဲ့.. မဖြစ်သေးပါဘူးလေ သားမုန်းမာန်ကို အကူတစ်ယောက်လောက်ခေါ်ဖို့ရာ ပြောမှကိုဖြစ်တော့မယ်.. ကဲ ကဲ ကြီးမေသွားပြီ"

"ဟုတ်"

ကကြိုး ခေါင်းငြိမ့်ကာပြောလိုက်တော့ ကြီးမေသည် သူ့အား ပြုံးပြကာ ထွက်သွားလေသည်။

"ကြီး ကြီးမေ ခဏနေပါဦး"

ခြံပေါက်ဝသို့အရောက် နောက်ကနေ လှမ်းအော်ခေါ်သောကြောင့် လှည့်ကြည့်လိုက်တော့ သူမဆီသို့ အပြေးအလွှားလာနေသည့် ကကြိုးကြောင့် မျက်ဝန်းများ ဝိုင်းစက်ကာ အထိတ်ထိတ်အပြာပြာပင် ဖြစ်သွားရသည်။

"ဟဲ့ ဟဲ့ သားရဲ့ ဘာလို့ပြေးလာရတာလဲ သားမှာကိုယ်ဝန်နဲ့ဆိုတာရော သတိရသေးရဲ့လား.. အမလေး.. ဒီကောင်လေးကတော့လေ ခုလေးတင် သတိပေးလာတာကိုကွယ်"

"အဟီး ကြီးမေကလည်း သားဗိုက်ကဖြင့် ပေါ်တောင်မပေါ်သေးတဲ့ဟာကို"

ကကြိုး ကြီးမေအနားရောက်သည်နှင့် ပြောလိုက်လေသည်။

"သြော် ခက်ပါရဲ့ သားရယ်.. ပေါ် ပေါ် မပေါ် ပေါ် ဂရုစိုက်ရမှာပဲလေကွယ်.. ကဲ ပြော ဘာမှာမလို့လဲ"

"ဟို ဟိုလေ သားလည်း ကြီးမေနဲ့ ဈေးလိုက်လို့ရမလား ဟင်.. လိုက်ချင်လို့လိုက်တာ မဟုတ်ပါဘူး ကြီးမေရယ်.. သားကလေ ကြီးမေသွားတော့ အိမ်မှာလဲ တစ်ယောက်ထဲနေခဲ့ရတာရယ်.. ပြီးတော့လေ ဘာမှလည်း မလုပ်ရတော့ မနေတတ်ဘူး နောက်ပြီးတော့လေ သားဗိုက်ထဲက ကလေးလေးကလဲလေ အိမ်ပြင်ထွက်လည်ချင်တယ်လို့ ပြောနေတယ်"

သူမအား ခေါင်းလေးငုံ့၊ အောက်နှုတ်ခမ်းလေးကိုက်၊ လက်လေးနောက်ပစ်ကာ ရှူးဖိနပ်ထိပ်လေးအား မြေကြီးထဲ ထိုးစွရင်းဖြင့် ပြောနေသည့် ရွှေဝါရောင် ဆံပင်ခပ်ဝဲဝဲပိုင်ရှင်လေးအား ကြည့်ရင်း အသည်းတွေယားလာရသည်။

"ဟမ် ဘယ် ဘယ်လို သားဗိုက်ထဲက ကလေးလေးက အိမ်ပြင်ထွက်လည်ချင်တယ် ဟုတ်လား"

သူလေးအိမ်မှာ တစ်ယောက်ထဲကျန်ခဲ့ရတော့ ပျင်းနေတာမို့ ဈေးလိုက်ချင်တာကို မမွေးသေးသည့်ကလေးအား လွှဲချကာပြောနေတာကို သိသိကြီးဖြင့် မသိချင်ယောင်ဆောင်ကာ မေးလိုက်လေသည်။

"အင်း"

ကကြိုး ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်သည်။

"သားဗိုက်ထဲက ကလေးက ဘာမှမှ မပြောတတ်သေးတာ နောက်ပြီး အပြင်ထွက်လည်တာတွေ ဘာတွေ သူကဘယ်လိုလုပ်သိမှာလဲ.. သူကဖြင့် ဗိုက်ထဲကနေတောင် မထွက်ရသေးဘူးလေ"

"အဲ့တာကလေ ဒီလို ကြီးမေရဲ့ သားကိုလေ သူက စိတ်ကနေပြောနေတာ ကြီးမေနဲ့လိုက်သွားချင်တယ် ဆိုပြီးတော့ အဲ့လို"

"ဟင်း ဟင်း သားရယ်.. လာ လာ လိုက်ခဲ့.."

သူမပြောတော့ အရောင်တောက်နေသည့် မျက်ဝန်းများဖြင့် ဝမ်းသာအားရ မော့ကြည့်လာလေသည်။

"ဟုတ် ကြီးမေ"

ကကြိုး ကြီးမေအား မျက်ဝန်းများမှိတ်ကျသည်အထိ ပြုံးပြလိုက်သည်။
__________________

(****) Coffee House တွင်...

"ရောက်နေတာ ကြာပြီလား ကိုကို"

"မကြာသေးပါဘူး.. ကိုယ် အရေးကြီး အစည်းအဝေး တစ်ခုရှိသေးလို့ ကုမ္ပဏီရှေ့ကဆိုင်မှာပဲ ချိန်းလိုက်ရတာ မင်း လာရတာ ဝေးသွားပြီမို့လား"

"မဝေးပါဘူး ကိုကိုရယ်.. ကိုကို့ မျက်နှာမြင်ရဖို့အရေး ဆူး မိုးပေါ်ထိလာရပါစေ ဆူးအတွက် မဝေးပါဘူး"

"ကျေးဇူးပါ ကိုယ့်ကိုနားလည်ပေးတဲ့အတွက်"

"အဟင်း ဟင်း ကိုကိုရယ်.. ရပါတယ်.. ဒါနဲ့ ခေါ်တဲ့ကိစ္စက"

"သြော်.. ဒီလိုပါ ကိုယ် ဒီညနေစုံတွဲပါတီတစ်ခုတက်ဖို့ရာရှိတယ်.. အဲ့တာ အဆင်ပြေရင် ဆူးလိုက်ခဲ့လို့ရမလားလို့ပါ"

"စုံတွဲပါတီ ဟုတ်လား ကိုကို"

"အင်း"

'စုံတွဲပါတီဆိုတော့ လူကုံထံအချို့အပြင် ကုမ္ပဏီပိုင်ရှင်အချို့လည်း သူတို့ partner တွေနဲ့ လာကြမှာပဲ.. ဒီတော့ ငါ အခုအခွင့်အရေးကို အသုံးချပြီး ငါက ကိုကို့ရဲ့ သက်ဆိုင်သူဖြစ်ကြောင်း လူအများသိအောင်လုပ်ရမယ်.. ဒါမှ ကိုကိုက ငါပိုင်ဆိုင်တဲ့သူလို့ ကြော်ငြာပြီးသားဖြစ်သွားသလို ကိုကို့ကို ကပ်ချင်နေတဲ့မိန်းမတွေလဲ နောက်လာမကပ်ရဲဘဲ ဖြစ်သွားလိမ့်မယ်.. ဟား ဟား တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ'

"ဟင်လို့ ဆူး လိုက်မှာလား.. ဆူး ဆူး.."

မုန်းမာန် သူ့ရှေ့ရှိခုံပေါ်တွင်ထိုင်ကာ လက်သည်းကိုက်ပြီး တစ်ခုခုစဉ်းစားတွေးတောနေပုံပေါ်သည့် ဆူးအား ခေါ်လိုက်လေသည်။ထိုအခါမှ သတိဝင်လာကာ ပြုံး၍ ပြောလာသည့် သူမ။

"အင်း.. ဆူး လိုက်မယ် ကိုကို"

"အိုကေလေ ဒါဆို ဒီနေ့ညနေ ၆ နာရီ အိမ်ကစောင့်နော် ကိုယ်လာခေါ်မယ် အလှဆုံးပြင်ထားနော် ဆူး"

"ဟုတ်ကဲ့ ကိုကို"

ဆူး၏အဖြေရသည်နှင့် မုန်းမာန် ဆက်ပြောရမည့်စကားတို့အား ပြောသင့်မပြောသင့် စဥ်းစားနေမိသည်။

စားပွဲပေါ်၌လက်ထောက်ကာ သူ့နားထင်အား လက်ညှိုးဖြင့် ထောက်ရင်း တစ်ခုခုစဥ်းစားနေလိုက် သူမမျက်နှာအား ကြည့်လိုက်လုပ်နေသည့် ကိုကို့ကြောင့် ဆူး စကားစမိလေသည်။

"ကိုကို ဆူးကို တစ်ခုခုပြောစရာရှိနေတာလား"

ဆူး အမေးကြောင့် မုန်းမာန် အားနာသည့် မျက်ဝန်းများဖြင့် ကြည့်ရင်း..

"အာ.. အဲ့တာကလေ.. ဟို"

"ဘာပြောမှာမို့ စကားပုလ္လင်ခံနေရတာလဲ ကိုကိုရယ် နောက်ကျရင် လက်ထက်ရမယ့်သူတွေပဲဟာ ကိုကိုနဲ့ဆူးအကြားမှာ ဘာမှ မပြောရဲစရာမရှိဘူး ပွင့်ပွင့်လင်းလင်းသာ ပြောပါကိုကိုရယ်"

"ဒီလိုပါ.. အခု ကိုယ့်ကုမ္ပဏီက အရေးပေါ် ငွေလိုအပ်နေတယ် ဆူး.. အဲ့တာ ဘဏ်မှာလဲ မချေးချင်ဘူးလေ ဘဏ်​တိုးတွေအရမ်းများလာရင် ကိုယ့်ကုမ္ပဏီအတွက်လဲ ကောင်းလာနိုင်မှာမဟုတ်ဘူး.. ဒီတော့ နောက်ကျရင် လူရင်းတွေဖြစ်ကြတော့မယ့် အတူတူ ဆူး ဖေဖေ ဆီကနေများ ချေးလို့ ရမလားလို့ပါ"

"အဟင်း ဟင်း ဒါများ ကိုကိုရယ် ဘာမှစိတ်ပူမနေနဲ့ ဆူး ဖေဖေ့ကိုပြောပေးမှာပေါ့.. ကိုကိုဘက်က တစ်ခုပဲ လုပ်ပေးစရာလိုတာ"

"ဘာများလဲ ဆူး"

"ဆူးနဲ့ အတတ်နိုင်ဆုံး အမြန်လက်ထက်ဖို့လေ"

"သြော် ဒါများ ဆူးရယ် အဲ့အတွက် စိတ်ပူစရာမလိုတော့ပါဘူး အခုကစပြီး ကိုကိုက ဆူးကိုပဲ ချစ်မယ်၊ ဂရုစိုက်မယ်၊ ကြင်နာမယ်.. ကိုကိုက ဆူးအပိုင်လို့သာ မှတ်ထားလိုက်တော့"

" တကယ်လား ကိုကို"

"အင်း တကယ်ပေါ့"

"ပျော်လိုက်တာ ကိုကိုရယ်.. ဆူး.. ဆူးလေ အိပ်မက် မက်နေတာတော့မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူးကွာ.. ဘာလဲ ဆူးယုံအောင် ကိုကိုက သက်သေပြရမလား"

"အင်း"

ထို့နောက်တွင်တော့ သူမမျက်နှာအနီးသို့ တိုးကပ်လာသော ကိုကို့မျက်နှာကြောင့် ဆူး ရင်တွေအရမ်းခုန်လာလေသည်။ကော်ဖီဆိုင်ထဲတွင် ရှိနေသည်ဆိုသော အသိကြောင့် ရှက်ရွံ့စွာဖြင့် သူမ မျက်ဝန်းတို့အား မှိတ်ချလိုက်ကာ ကိုကို့အနမ်းတို့အား ခံယူလိုက်လေသည်။

________________

ကကြိုးအတွက် ဈေးဆိုသည့် နေရာသည် လူသားများအား အများဆုံးမြင်တွေ့ရသည့် နေရာတစ်ခုဟု ကောက်ချက်ချမိသည်။

ကြည့်ပါဦး။
လူတွေအများကြီးက တစ်ယောက်နဲ့တစ်ယောက် တွန်းတိုးကာ ဈေးဝယ်နေကြသည့်အပြင် လူအချို့၏ အော်ရောင်းနေသည့် အသံများကိုပါ ကြားရသည်။ သူ့ဘဝတစ်လျှောက် ဒီလို လူအများကြီးအား တစ်စုတစ်စည်းတည်း မမြင်ဖူးသည့်အပြင် လူသားတွေ၏ အသုံးအဆောင်အသစ်အဆန်းများနှင့် စားစရာများကိုမြင်တွေ့ရသည်က အထူးအဆန်းပင်ဖြစ်နေလေသည်။

တစ်နေရာအရောက် ရှေ့မှသွားသော ကြီးမေသည့် ရပ်တန့်လိုက်သောကြောင့် ကကြိုးလည်းရပ်ကာ ကြီးမေ ဘာလုပ်မလဲ စောင့်ကြည့်လိုက်လေသည်။

ကြီးမေသည် ထိုင်ကာ ဈေးရောင်းနေသော အမျိုးသမီး၏ ရှေ့သို့လက်ညှိုးထိုးကာပြောနေသောကြောင့် ကကြိုးလည်း ရှေ့သို့ ခေါင်းတိုးကာ ကျော်ကြည့်လိုက်လေသည်။

ကြီးမေလက်ညှိုးထိုးပြနေသည့်အရာအားကြည့်ပြီး ကကြိုး ကြက်သီးများပင်ထလာရသလို့ ကိုယ့်အမြှီးကိုပင် မလုံခြုံသလို ခံစားလာရသည်။

ကြီးမေသည် ထိုအမျိုးသမီးအား ငါးတစ်ကောင်ကို ခုတ်ထစ်ခိုင်းနေခြင်းပင်။

သူကိုယ်တိုင်လဲ အမြှီးပါသူမို့ 'ကြီးမေသာ ငါ့ကိုအမြှီးပါတဲ့သူမှန်း သိသွားရင် အဲ့လိုဓားကြီးနဲ့များ ခုတ်ခိုင်းလေ မလား'ဟု ကကြိုး တွေးတောနေမိသည်။

'ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ အခုတ်ခံနေရတဲ့ မင်းတို့ကို ငါ့မှာ အမျှဝေဖို့ရာက လွဲရင် ဘာမှလုပ်မပေးနိုင်လို့ ခွင့်လွှတ်ကြပါ ငါ့ကောင်တို့ရာ အမျှ အမျှ အမျှ.. သာဓု သာဓု သာဓု'

ကကြိုး သူ့စိတ်ထဲကနေပင် အမျှအတမ်းပေးဝေကာ သူကိုယ်တိုင်ပဲ သာဓုခေါ်လိုက်လေသည်။

'သူတို့က သေပြီလေ ဘယ်လိုလုပ် သာဓုခေါ်နိုင်တော့မလဲ အာ့ကြောင့် ကိုယ်စားခေါ်ပေးတာ မကျေနပ် လေဖြတ် ဒါပဲ ဟွန့်'

ကြီးမေ ဈေးဝယ်သည်အား စောင့်ဆိုင်းနေစဥ် ကျောနောက်ဘက်ရှိ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးအသံကြောင့် ကကြိုးလှည့်ကြည့်လိုက်လေသည်။

ထိုအမျိုးသမီးသည် သူ့ဘေးရှိ အမျိုးသား လက်မောင်းအား တွဲချိတ်ကာဖြင့် စကားပြောနေခြင်းပင်။

သူမပုံစံက တလောက ကကြိုး TV ဆိုသည့် မှန်ပြင်ကြီးထဲက ကြည့်လိုက်ရသည့် ပုံစံနှင့်တူသည်။ကြီးမေကိုမေးတော့ အဲ့တာ ကောင်လေးကို ကောင်မလေးက ချွဲနေတာလို့ ခေါ်တယ်ဟု ပြောသည်။

ကကြိုး တစ်ခါမှ ချွဲတာကို မမြင်ဖူးပေ။
သူ့အသက်ငယ်ငယ်မှာပဲ မိခင်ဖြစ်သူက ဆုံးပါးသွားသဖြင့် ဖေဖေနဲ့မေမေ ဘယ်လိုချွဲလဲ သူမမြင်ဖူး။ ထို့အပြင် ကုန်းပေါ်မရောက်ခင်ထိ သူ့မှာ ရေအောက်ထဲ၌ မွှေလို့မပြီးသေးသောကြောင့် ချွဲတယ် ဆိုတာ ဘာမှန်းပင်မသိချေ။

"မောင်လို့ ချစ်ကို အဲ့တာလေး ဝယ်ပေးပါ့လားဟင်"

"ဝယ်ပေးမှာပေါ့ ချစ်ရယ် ချစ်အလိုရှိသမျှ ဘာမဆိုဖြစ်စေရမယ်"

"တကယ်နော်"

"တကယ် တကယ်"

"ဟော.. သားငယ်.. လာလေ.. အဲ့မှာ ဘာရပ်လုပ်နေတာလဲ.. လူကွဲသွားမှဖြင့်"

"ဟုတ် သားလာပြီ ကြီးမေ"

ကကြိုး သူနှင့် ခပ်လှမ်းလှမ်းသို့ ရောက်နေပြီဖြစ်သည့် ကြီးမေအနားသို့ အပြေးလေးသွားလိုက်ပြီး သူသိချင်တာကို တရစပ်မေးတော့သည်။

"ကြီးမေ ကြီးမေ ဟိုလေ ဟိုအမက ဘာလို့ သူ့ဘေးကလူကို မောင်လို့ခေါ်တာလဲဟင်"

"ဖြေးဖြေးမေးပါ သားရယ် ကြီးမေ ဘယ်မှထွက်မပြေးပါဘူး"

"အဟီး သားက သိချင်ဇော အားကြီးသွားလို့ပါ"

"ဖြစ်ရမယ် သားငယ်ကတော့.. မောင်ဆိုတာ ကိုယ့်ချစ်သူတို့၊ ကိုယ့်ခင်ပွန်းတို့ကို ခေါ်တာသားရဲ့.. အဲ့ဒါ့အပြင် ကိုကိုတို့၊ အကိုတို့ အစုံပါပဲသားရယ် ကိုယ်ချစ်မြတ်နိုးတဲ့သူကို ချစ်စနိုးခေါ်ကြတာပေါ့ကွယ်.."

"ဟင် အဲ့တာဆို သားလည်း ကိုမုန်းမာန်ကို အဲ့လိုခေါ်လို့ရလားဟင် ကြီးမေ"

"ရတာပေါ့ သားရဲ့.. ဒါနဲ့ သားက သားမုန်းမာန်ကိုရော ချစ်လို့လား"

"ချစ်တာပေါ့ ကြီးမေကလည်း.. သားက သူ့ကိုအများကြီးချစ်တာ"

"ဟင်း ဟင်း.. ဟုတ်ပါပြီ သားရယ်"

ကကြိုး ကြီးမေအား သူ့ရဲ့မျက်ဝန်းလေးတွေကို လခြမ်းကွေးလေးလိုမျိုး မှိတ်ကျသွားသည်အထိ ပြုံးရယ်ကာပြလိုက်သလို ရင်ထဲ၌လည်း စွဲမှတ်ထားသည်က 'မောင်' ဆိုသော နာမ်စားလေးတစ်ခုပင်။

အတန်ငယ် လမ်းလျှောက်ပြီးနောက် ဈေးထွက်ပေါက်အနားမရောက်ခင် မြင်တွေ့ရသော အရာတစ်ခုကြောင့် ကကြိုး ငေးကြည့်နေမိသည်။

"သားငယ် ငှက်ပျောသီးစားချင်လို့လား"

ကြီးမေသည် သူငေးကြည့်နေသည့် အရာအား သတိပြုမိဟန်တူသည်။ချက်ချင်းပင် မေးမြန်းလာပြီး ထိုအရာအနားသို့ လက်ဆွဲခေါ်သွားသည်။

"ကြီးမေ အဲ့တာ ဘာလဲဟင်"

"ဒါက ငှက်ပျောသီးလေ သားရဲ့.. သား စားချင်နေပြီလား"

"ဟုတ် ကြီးမေ"

ကကြိုးသည် သူ့ရဲ့မူပိုင် ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ ဖြေလိုက်လေသည်။

"ဒါဆို ကြီးမေ ငှက်ပျောသီး တစ်ဖီးဝယ်ခဲ့မယ်နော် သား"

"ဟုတ်"

ကြီးမေသည် ထိုငှက်ပျောသီးအား ဝယ်ယူပြီး ဈေးခြင်းလေးထဲသို့ ထည့်ရန်ပြင်လိုက်စဥ် ကကြိုးသည် ကြီးမေလက်အား ဖမ်းဆွဲလိုက်လေသည်။

ကြီးမေသည် သူ့အား မော့ကြည့်လာလေသောအခါ ကကြိုးသည် ပြုံးရင်းဖြင့်..

"သား ခုစားလို့ ရလားဟင်"

"ရတာပေါ့ သားရဲ့.. စားလေ"

"ဟုတ်"

ပြောရင်းဆိုရင်း ကကြိုးသည် ထိုငှက်ပျောဖီးထဲမှ တစ်လုံးကို ဆွဲဖြုတ်လိုက်လေသည်။ သို့သော် ပါလာသည်က မထင်မှတ်ထားသည့် အမွှာပူး ငှက်ပျောသီးလေးပင်။

ကကြိုးသည် သူ့လက်ထဲပါလာသည့် အမွှာပူး ငှက်ပျောသီးလေးအား တအံ့တသြကြည့်နေစဥ် ကြီးမေသည် ပြောလာလေသည်။

"အိုး.. အမွှာပူးလေးပါလား ဒါဆိုရင် ကြီးမေသားငယ်တော့ အမွှာပူးလေး မွေးတော့မယ် ထင်တယ်နော်"

"ဟင် တ တကယ်ကြီးလား ကြီးမေ"

"ဒါပေါ့"

ကြီးမေသည် ခေါင်းလဲငြိမ့်ပြရင်း ဖြေလိုက်လေသည်။

"အဲ့ အဲ့တာဆို ​ဘယ်လိုမျိုးကြီးလဲဟင် ကြောက်စရာကြီးလားဟင် ကြီးမေ"

"အင်းးးး ဘယ်လိုပြောရမလဲ.. သားငယ် ဗိုက်ကြီးက ပုံမှန်ထက်ပိုကြီးလာလိမ့်မယ် သားရဲ့"

"ဟင် အဲ့တာဆို သားက ဗိုက်ကြီး ကြီး ကြီးနဲ့ ရုပ်ဆိုး ဆိုးကြီးပေါ့ ဟုတ်လားဟင် ပြီး ပြီးတော့ အမွှာဆိုတာ နှစ်ခုကိုပြောတာမို့လားဟင် ဒါဆို သားဗိုက်ထဲမှာ လူနှစ်ယောက်ကြီးတောင် ရောက်နေမှာပေါ့နော် အီး ဟီး"

ပြောရင်း ဆိုရင်း ထငိုသည့်ကကြိုးကြောင့် ကြီးမေ ပျာယာခတ်သွားလေသည်။

"ဟဲ့ ဟဲ့ သားရဲ့ လူလယ်ခေါင်မှာ ဘာလို့ထငိုရတာလဲ ကြီးမေက စတာပါ သားရဲ့ အဲ့လိုမဖြစ်ပါဘူး.."

"တကယ် စနေတာပါနော်"

"ဒါပေါ့ သားရဲ့.. တိတ် တိတ် မငိုနဲ့တော့.. သားငိုရင် ဗိုက်ထဲက ကလေးလေး ဝမ်းနည်းနေလိမ့်မယ် လာ ကြီးမေတို့ အိမ်ကိုမြန်မြန်ပြန်ကြရအောင်နော် သားလဲ ဗိုက်ဆာနေပြီမို့လား"

"ဟုတ် ကြီးမေ သား ဆာနေပြီ"

"ဟုတ်ပြီ လာ လာ"

ကြီးမေသည် ကကြိုးလက်အား ဆွဲခေါ်ကာ အိမ်သို့ ပြန်လာခဲ့ရလေသည်။
_______________

တက္ကစီတစ်စီးပေါ်၌ ကောင်လေးတစ်ယောက်သည် ထမင်းချိုင့်လေးအား ပေါင်ပေါ်သို့တင်ကာ မျှော်လင့်ချက် များစွာဖြင့် စီးနင်းလိုက်ပါလာလေသည်။

တစ်နေရာအရောက် ထိုကားသည် ရပ်တန့်သွားပြီးနောက် ကားအနောက်ခန်းမှ ကောင်လေး ထွက်လာသလို အရှေ့ခန်းမှ ယာဥ်မောင်းသမားသည် ထိုကောင်လေးအား လိပ်စာကတ်လေးပြန်ပေးကာ စကားလှမ်းပြောလိုက်လေသည်။

"ဒီနေရာပဲ ငါ့ညီပို့ခိုင်းတဲ့နေရာက ဒါဆို အကိုသွားပြီနော်"

"ဟုတ်"

ထိုကောင်လေးသည် ယာဥ်မောင်းသမားအား ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ကားလေးထွက်သွားသည်အထိ ကြည့်နေပြီးမှ အရှေ့တည့်တည့်သို့ မျက်နှာမူလိုက်ချိန်တွင် သူ့ရဲ့ မျှော်လင့်ချက်တစ်ခုလုံး ပျက်စီးသွားရလေသည်။

ထိုသူ။
သူသိပ်ချစ်ရပါသော ထိုသူသည် မိန်းမပျိုတစ်ဦး၏ လက်အား ဆွဲကိုင်ကာဖြင့် လမ်းတစ်ဖက်ရှိ ဆိုင်တစ်ဆိုင်မှ ထွက်လာလေသည်။

"မောင်"

ဟုတ်ပါသည်။ မောင်မှ သူသိပ်ချစ်ရပါသော မောင်အစစ်ပါ။ဒါ့အပြင် ကလေးလေးရဲ့ ဖေဖေဆိုလည်း ဟုတ်ပါသည်။

မောင်သည် သူ့ကိုမမြင်ဘဲ ဘေးကကောင်မလေး၏မျက်နှာကိုသာ အရိပ်တစ်ကြည့်ကြည့်ဖြင့် ကြည့်လျက် သူနှင့်မလှမ်းမကမ်းမှ ဖြတ်လျှောက်သွားလေသည်။

မောင်နှင့်အတူတူ ထမင်းစားရန်အတွက် ကုမ္ပဏီသို့လိုက်လာသည့် သူ့မှာတော့ မောင့်ကျောပြင်ကို ငေးကြည့်ရင်းသာ မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့လေသည်။

မျက်ဝန်းမှ ရစ်သိုင်းလာသော မျက်ရည်ကြည်အချို့နှင့်အတူ ရင်ထဲမှလည်း တစ်ဆစ်ဆစ်နာကျင်လျက်ရှိ၏။

Tbc...

-----------------*----------------
Long time no update ဖြစ်သွားလို့ တကယ်တောင်းပန်ပါတယ် ဒီအပိုင်းက လက်ကရေးချင်ပေမယ့် ဦးနှောက်က idea မထွက်နေလို့ ကြာသွားတာပါ🤧
တကယ်ကိုတောင်းပန်ပါတယ်ရှင့်
မေ့ရော မေ့သွားကြပြီလားဟင်☹️
________________________

Zawgyi...

"ႀကီးေမ ဘယ္သြားမလို႔လဲဟင္"

ေဈးျခင္းေတာင္းေလးဆြဲကာ မီးဖိုခန္းထဲမွ ထြက္လာစဉ္ ကႀကိဳး၏အေမးစကားေၾကာင့္ အေနာက္သို႔လွၫ့္ၾကၫ့္ကာ ေျဖလိုက္ေလသည္။

"ေဈးသြားမလို႔ေလ သားရဲ့.. သား စားခ်င္တာရိွရင္ မွာလိုက္ေလ"

"ဟင့္အင္း.. မရိွပါဘူး ႀကီးေမ.. သား ခုတစ္ေလာ ဘာမွစားခ်င္စိတ္မျဖစ္လို႔ပါ"

"စားခ်င္စိတ္မရိွလို႔ဆိုၿပီး ဘာမွမစားလို႔ေတာ့ မရဘူးေနာ္ သား.. သားမဆာရင္ေတာင္ သားဗိုက္ထဲက ကေလးေလးအတြက္ ဝင္သေလာက္ေတာ့ စားရမယ္ေလ သားရဲ့.. ေနာ္"

"ဟုတ္ကဲ့ပါ ႀကီးေမ.. သားစားပါ့မယ္"

"ကဲ ဒါဆို ႀကီးေမ သြားလိုက္ဦးမယ္.. အတက္အဆင္းေတြ သတိျပဳေနာ္ သား.. အေလးအပင္ေတြလဲ ဘာတစ္ခုမွ မ မနဲ႔.. ႀကီးေမမရိွဘူးဆိုၿပီး ထင္ရာေတြလုပ္မေနနဲ႔.. မျဖစ္ေသးပါဘူးေလ သားမုန္းမာန္ကို အကူတစ္ေယာက္ေလာက္ေခၚဖို႔ရာ ေျပာမွကိုျဖစ္ေတာ့မယ္.. ကဲ ကဲ ႀကီးေမသြားၿပီ"

"ဟုတ္"

ကႀကိဳး ေခါင္းၿငိမ့္ကာေျပာလိုက္ေတာ့ ႀကီးေမသည္ သူ႔အား ၿပံဳးျပကာ ထြက္သြားေလသည္။

"ႀကီး ႀကီးေမ ခဏေနပါဦး"

ၿခံေပါက္ဝသို႔အေရာက္ ေနာက္ကေန လွမ္းေအာ္ေခၚေသာေၾကာင့္ လွၫ့္ၾကၫ့္လိုက္ေတာ့ သူမဆီသို႔ အေျပးအလႊားလာေနသၫ့္ ကႀကိဳးေၾကာင့္ မ်က္ဝန္းမ်ား ဝိုင္းစက္ကာ အထိတ္ထိတ္အျပာျပာပင္ ျဖစ္သြားရသည္။

"ဟဲ့ ဟဲ့ သားရဲ့ ဘာလို႔ေျပးလာရတာလဲ သားမွာကိုယ္ဝန္နဲ႔ဆိုတာေရာ သတိရေသးရဲ့လား.. အမေလး.. ဒီေကာင္ေလးကေတာ့ေလ ခုေလးတင္ သတိေပးလာတာကိုကြယ္"

"အဟီး ႀကီးေမကလည္း သားဗိုက္ကျဖင့္ ေပၚေတာင္မေပၚေသးတဲ့ဟာကို"

ကႀကိဳး ႀကီးေမအနားေရာက္သည္ႏွင့္ ေျပာလိုက္ေလသည္။

"ေၾသာ္ ခက္ပါရဲ့ သားရယ္.. ေပၚ ေပၚ မေပၚ ေပၚ ဂရုစိုက္ရမွာပဲေလကြယ္.. ကဲ ေျပာ ဘာမွာမလို႔လဲ"

"ဟို ဟိုေလ သားလည္း ႀကီးေမနဲ႔ ေဈးလိုက္လို႔ရမလား ဟင္.. လိုက္ခ်င္လို႔လိုက္တာ မဟုတ္ပါဘူး ႀကီးေမရယ္.. သားကေလ ႀကီးေမသြားေတာ့ အိမ္မွာလဲ တစ္ေယာက္ထဲေနခဲ့ရတာရယ္.. ၿပီးေတာ့ေလ ဘာမွလည္း မလုပ္ရေတာ့ မေနတတ္ဘူး ေနာက္ၿပီးေတာ့ေလ သားဗိုက္ထဲက ကေလးေလးကလဲေလ အိမ္ျပင္ထြက္လည္ခ်င္တယ္လို႔ ေျပာေနတယ္"

သူမအား ေခါင္းေလးငံု႔၊ ေအာက္ႏႈတ္ခမ္းေလးကိုက္၊ လက္ေလးေနာက္ပစ္ကာ ရႉးဖိနပ္ထိပ္ေလးအား ေျမၾကီးထဲ ထိုးစြရင္းျဖင့္ ေျပာေနသၫ့္ ေရႊဝါေရာင္ ဆံပင္ခပ္ဝဲဝဲပိုင္ရွင္ေလးအား ၾကၫ့္ရင္း အသည္းေတြယားလာရသည္။

"ဟမ္ ဘယ္ ဘယ္လို သားဗိုက္ထဲက ကေလးေလးက အိမ္ျပင္ထြက္လည္ခ်င္တယ္ ဟုတ္လား"

သူေလးအိမ္မွာ တစ္ေယာက္ထဲက်န္ခဲ့ရေတာ့ ပ်င္းေနတာမို႔ ေဈးလိုက္ခ်င္တာကို မေမြးေသးသၫ့္ကေလးအား လႊဲခ်ကာေျပာေနတာကို သိသိႀကီးျဖင့္ မသိခ်င္ေယာင္ေဆာင္ကာ ေမးလိုက္ေလသည္။

"အင္း"

ကႀကိဳး ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္ကာ ေျပာလိုက္သည္။

"သားဗိုက္ထဲက ကေလးက ဘာမွမွ မေျပာတတ္ေသးတာ ေနာက္ၿပီး အျပင္ထြက္လည္တာေတြ ဘာေတြ သူကဘယ္လိုလုပ္သိမွာလဲ.. သူကျဖင့္ ဗိုက္ထဲကေနေတာင္ မထြက္ရေသးဘူးေလ"

"အဲ့တာကေလ ဒီလို ႀကီးေမရဲ့ သားကိုေလ သူက စိတ္ကေနေျပာေနတာ ႀကီးေမနဲ႔လိုက္သြားခ်င္တယ္ ဆိုၿပီးေတာ့ အဲ့လို"

"ဟင္း ဟင္း သားရယ္.. လာ လာ လိုက္ခဲ့.."

သူမေျပာေတာ့ အေရာင္ေတာက္ေနသၫ့္ မ်က္ဝန္းမ်ားျဖင့္ ဝမ္းသာအားရ ေမာ့ၾကၫ့္လာေလသည္။

"ဟုတ္ ႀကီးေမ"

ကႀကိဳး ႀကီးေမအား မ်က္ဝန္းမ်ားမိွတ္က်သည္အထိ ၿပံဳးျပလိုက္သည္။
__________________

(****) Coffee House တြင္...

"ေရာက္ေနတာ ၾကာၿပီလား ကိုကို"

"မၾကာေသးပါဘူး.. ကိုယ္ အေရးႀကီး အစည္းအေဝး တစ္ခုရိွေသးလို႔ ကုမၸဏီေရ႔ွကဆိုင္မွာပဲ ခ်ိန္းလိုက္ရတာ မင္း လာရတာ ေဝးသြားၿပီမို႔လား"

"မေဝးပါဘူး ကိုကိုရယ္.. ကိုကို႔ မ်က္ႏွာျမင္ရဖို႔အေရး ဆူး မိုးေပၚထိလာရပါေစ ဆူးအတြက္ မေဝးပါဘူး"

"ေက်းဇူးပါ ကိုယ့္ကိုနားလည္ေပးတဲ့အတြက္"

"အဟင္း ဟင္း ကိုကိုရယ္.. ရပါတယ္.. ဒါနဲ႔ ေခၚတဲ့ကိစၥက"

"ေၾသာ္.. ဒီလိုပါ ကိုယ္ ဒီညေနစံုတြဲပါတီတစ္ခုတက္ဖို႔ရာရိွတယ္.. အဲ့တာ အဆင္ေျပရင္ ဆူးလိုက္ခဲ့လို႔ရမလားလို႔ပါ"

"စံုတြဲပါတီ ဟုတ္လား ကိုကို"

"အင္း"

'စံုတြဲပါတီဆိုေတာ့ လူကံုထံအခ်ိဳ႕အျပင္ ကုမၸဏီပိုင္ရွင္အခ်ိဳ႕လည္း သူတို႔ partner ေတြနဲ႔ လာၾကမွာပဲ.. ဒီေတာ့ ငါ အခုအခြင့္အေရးကို အသံုးခ်ၿပီး ငါက ကိုကို႔ရဲ့ သက္ဆိုင္သူျဖစ္ေၾကာင္း လူအမ်ားသိေအာင္လုပ္ရမယ္.. ဒါမွ ကိုကိုက ငါပိုင္ဆိုင္တဲ့သူလို႔ ေၾကာ္ျငာၿပီးသားျဖစ္သြားသလို ကိုကို႔ကို ကပ္ခ်င္ေနတဲ့မိန္းမေတြလဲ ေနာက္လာမကပ္ရဲဘဲ ျဖစ္သြားလိမ့္မယ္.. ဟား ဟား တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲ'

"ဟင္လို႔ ဆူး လိုက္မွာလား.. ဆူး ဆူး.."

မုန္းမာန္ သူ႔ေရ႔ွရိွခံုေပၚတြင္ထိုင္ကာ လက္သည္းကိုက္ၿပီး တစ္ခုခုစဉ္းစားေတြးေတာေနပံုေပၚသၫ့္ ဆူးအား ေခၚလိုက္ေလသည္။ထိုအခါမွ သတိဝင္လာကာ ၿပံဳး၍ ေျပာလာသၫ့္ သူမ။

"အင္း.. ဆူး လိုက္မယ္ ကိုကို"

"အိုေကေလ ဒါဆို ဒီေန့ညေန ၆ နာရီ အိမ္ကေစာင့္ေနာ္ ကိုယ္လာေခၚမယ္ အလွဆံုးျပင္ထားေနာ္ ဆူး"

"ဟုတ္ကဲ့ ကိုကို"

ဆူး၏အေျဖရသည္ႏွင့္ မုန္းမာန္ ဆက္ေျပာရမည့္စကားတို႔အား ေျပာသင့္မေျပာသင့္ စဥ္းစားေနမိသည္။

စားပြဲေပၚ၌လက္ေထာက္ကာ သူ႔နားထင္အား လက္ၫွိုးျဖင့္ ေထာက္ရင္း တစ္ခုခုစဥ္းစားေနလိုက္ သူမမ်က္ႏွာအား ၾကည့္လိုက္လုပ္ေနသည့္ ကိုကို႔ေၾကာင့္ ဆူး စကားစမိေလသည္။

"ကိုကို ဆူးကို တစ္ခုခုေျပာစရာရိွေနတာလား"

ဆူး အေမးေၾကာင့္ မုန္းမာန္ အားနာသည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ရင္း..

"အာ.. အဲ့တာကေလ.. ဟို"

"ဘာေျပာမွာမို႔ စကားပုလႅင္ခံေနရတာလဲ ကိုကိုရယ္ ေနာက္က်ရင္ လက္ထက္ရမယ့္သူေတြပဲဟာ ကိုကိုနဲ႔ဆူးအၾကားမွာ ဘာမွ မေျပာရဲစရာမရိွဘူး ပြင့္ပြင့္လင္းလင္းသာ ေျပာပါကိုကိုရယ္"

"ဒီလိုပါ.. အခု ကိုယ့္ကုမၸဏီက အေရးေပၚ ေငြလိုအပ္ေနတယ္ ဆူး.. အဲ့တာ ဘဏ္မွာလဲ မေခ်းခ်င္ဘူးေလ ဘဏ္​တိုးေတြအရမ္းမ်ားလာရင္ ကိုယ့္ကုမၸဏီအတြက္လဲ ေကာင္းလာႏိုင္မွာမဟုတ္ဘူး.. ဒီေတာ့ ေနာက္က်ရင္ လူရင္းေတျြဖစ္ၾကေတာ့မယ့္ အတူတူ ဆူး ေဖေဖ ဆီကေနမ်ား ေခ်းလို႔ ရမလားလို႔ပါ"

"အဟင္း ဟင္း ဒါမ်ား ကိုကိုရယ္ ဘာမွစိတ္ပူမေနနဲ႔ ဆူး ေဖေဖ့ကိုေျပာေပးမွာေပါ့.. ကိုကိုဘက္က တစ္ခုပဲ လုပ္ေပးစရာလိုတာ"

"ဘာမ်ားလဲ ဆူး"

"ဆူးနဲ႔ အတတ္ႏိုင္ဆံုး အျမန္လက္ထက္ဖို႔ေလ"

"ေၾသာ္ ဒါမ်ား ဆူးရယ္ အဲ့အတြက္ စိတ္ပူစရာမလိုေတာ့ပါဘူး အခုကစၿပီး ကိုကိုက ဆူးကိုပဲ ခ်စ္မယ္၊ ဂရုစိုက္မယ္၊ ၾကင္နာမယ္.. ကိုကိုက ဆူးအပိုင္လို႔သာ မွတ္ထားလိုက္ေတာ့"

" တကယ္လား ကိုကို"

"အင္း တကယ္ေပါ့"

"ေပ်ာ္လိုက္တာ ကိုကိုရယ္.. ဆူး.. ဆူးေလ အိပ္မက္ မက္ေနတာေတာ့မဟုတ္ပါဘူးေနာ္"

"မဟုတ္ပါဘူးကြာ.. ဘာလဲ ဆူးယံုေအာင္ ကိုကိုက သက္ေသျပရမလား"

"အင္း"

ထို႔ေနာက္တြင္ေတာ့ သူမမ်က္ႏွာအနီးသို႔ တိုးကပ္လာေသာ ကိုကို႔မ်က္ႏွာေၾကာင့္ ဆူး ရင္ေတြအရမ္းခုန္လာေလသည္။ေကာ္ဖီဆိုင္ထဲတြင္ ရိွေနသည္ဆိုေသာ အသိေၾကာင့္ ရွက္ရြံ႔စြာျဖင့္ သူမ မ်က္ဝန္းတို႔အား မိွတ္ခ်လိုက္ကာ ကိုကို႔အနမ္းတို႔အား ခံယူလိုက္ေလသည္။

________________

ကႀကိဳးအတြက္ ေဈးဆိုသည့္ ေနရာသည္ လူသားမ်ားအား အမ်ားဆံုးျမင္ေတြ့ရသည့္ ေနရာတစ္ခုဟု ေကာက္ခ်က္ခ်မိသည္။

ၾကည့္ပါၪီး။
လူေတြအမ်ားႀကီးက တစ္ေယာက္နဲ႔တစ္ေယာက္ တြန္းတိုးကာ ေဈးဝယ္ေနၾကသည့္အျပင္ လူအခ်ိဳ႕၏ ေအာ္ေရာင္းေနသည့္ အသံမ်ားကိုပါ ၾကားရသည္။ သူ႔ဘဝတစ္ေလ်ွာက္ ဒီလို လူအမ်ားႀကီးအား တစ္စုတစ္စည္းတည္း မျမင္ဖူးသည့္အျပင္ လူသားေတြ၏ အသံုးအေဆာင္အသစ္အဆန္းမ်ားႏွင့္ စားစရာမ်ားကိုျမင္ေတြ့ရသည္က အထူးအဆန္းပင္ျဖစ္ေနေလသည္။

တစ္ေနရာအေရာက္ ေရ႔ွမွသြားေသာ ႀကီးေမသည့္ ရပ္တန္႔လိုက္ေသာေၾကာင့္ ကႀကိဳးလည္းရပ္ကာ ႀကီးေမ ဘာလုပ္မလဲ ေစာင့္ၾကည့္လိုက္ေလသည္။

ႀကီးေမသည္ ထိုင္ကာ ေဈးေရာင္းေနေသာ အမ်ိဳးသမီး၏ ေရ႔ွသို႔လက္ၫွိုးထိုးကာေျပာေနေသာေၾကာင့္ ကႀကိဳးလည္း ေရ႔ွသို႔ ေခါင္းတိုးကာ ေက်ာ္ၾကည့္လိုက္ေလသည္။

ႀကီးေမလက္ၫွိုးထိုးျပေနသည့္အရာအားၾကည့္ၿပီး ကႀကိဳး ၾကက္သီးမ်ားပင္ထလာရသလို႔ ကိုယ့္အၿမႇီးကိုပင္ မလံုၿခံဳသလို ခံစားလာရသည္။

ႀကီးေမသည္ ထိုအမ်ိဳးသမီးအား ငါးတစ္ေကာင္ကို ခုတ္ထစ္ခိုင္းေနျခင္းပင္။

သူကိုယ္တိုင္လဲ အၿမႇီးပါသူမို႔ 'ႀကီးေမသာ ငါ့ကိုအၿမႇီးပါတဲ့သူမွန္း သိသြားရင္ အဲ့လိုဓားႀကီးနဲ႔မ်ား ခုတ္ခိုင္းေလ မလား'ဟု ကႀကိဳး ေတြးေတာေနမိသည္။

'ဘာပဲျဖစ္ျဖစ္ အခုခ်ိန္မွာေတာ့ အခုတ္ခံေနရတဲ့ မင္းတို႔ကို ငါ့မွာ အမ်ွေဝဖို႔ရာက လြဲရင္ ဘာမွလုပ္မေပးႏိုင္လို႔ ခြင့္လႊတ္ၾကပါ ငါ့ေကာင္တို႔ရာ အမ်ွ အမ်ွ အမ်ွ.. သာဓု သာဓု သာဓု'

ကႀကိဳး သူ႔စိတ္ထဲကေနပင္ အမ်ွအတမ္းေပးေဝကာ သူကိုယ္တိုင္ပဲ သာဓုေခၚလိုက္ေလသည္။

'သူတို႔က ေသၿပီေလ ဘယ္လိုလုပ္ သာဓုေခၚႏိုင္ေတာ့မလဲ အာ့ေၾကာင့္ ကိုယ္စားေခၚေပးတာ မေက်နပ္ ေလျဖတ္ ဒါပဲ ဟြန္႔'

ႀကီးေမ ေဈးဝယ္သည္အား ေစာင့္ဆိုင္းေနစဥ္ ေက်ာေနာက္ဘက္ရိွ အမ်ိဳးသမီးတစ္ၪီးနဲ႔ အမ်ိဳးသားတစ္ၪီးအသံေၾကာင့္ ကႀကိဳးလွည့္ၾကည့္လိုက္ေလသည္။

ထိုအမ်ိဳးသမီးသည္ သူ႔ေဘးရိွ အမ်ိဳးသား လက္ေမာင္းအား တြဲခ်ိတ္ကာျဖင့္ စကားေျပာေနျခင္းပင္။

သူမပံုစံက တေလာက ကႀကိဳး TV ဆိုသည့္ မွန္ျပင္ႀကီးထဲက ၾကည့္လိုက္ရသည့္ ပံုစံႏွင့္တူသည္။ႀကီးေမကိုေမးေတာ့ အဲ့တာ ေကာင္ေလးကို ေကာင္မေလးက ခြၽဲေနတာလို႔ ေခၚတယ္ဟု ေျပာသည္။

ကႀကိဳး တစ္ခါမွ ခြၽဲတာကို မျမင္ဖူးေပ။
သူ႔အသက္ငယ္ငယ္မွာပဲ မိခင္ျဖစ္သူက ဆံုးပါးသြားသျဖင့္ ေဖေဖနဲ႔ေမေမ ဘယ္လိုခြၽဲလဲ သူမျမင္ဖူး။ ထို႔အျပင္ ကုန္းေပၚမေရာက္ခင္ထိ သူ႔မွာ ေရေအာက္ထဲ၌ ေမႊလို႔မၿပီးေသးေသာေၾကာင့္ ခြၽဲတယ္ ဆိုတာ ဘာမွန္းပင္မသိေခ်။

"ေမာင္လို႔ ခ်စ္ကို အဲ့တာေလး ဝယ္ေပးပါ့လားဟင္"

"ဝယ္ေပးမွာေပါ့ ခ်စ္ရယ္ ခ်စ္အလိုရိွသမ်ွ ဘာမဆိုျဖစ္ေစရမယ္"

"တကယ္ေနာ္"

"တကယ္ တကယ္"

"ေဟာ.. သားငယ္.. လာေလ.. အဲ့မွာ ဘာရပ္လုပ္ေနတာလဲ.. လူကြဲသြားမျွဖင့္"

"ဟုတ္ သားလာၿပီ ႀကီးေမ"

ကႀကိဳး သူႏွင့္ ခပ္လွမ္းလွမ္းသို႔ ေရာက္ေနၿပီျဖစ္သည့္ ႀကီးေမအနားသို႔ အေျပးေလးသြားလိုက္ၿပီး သူသိခ်င္တာကို တရစပ္ေမးေတာ့သည္။

"ႀကီးေမ ႀကီးေမ ဟိုေလ ဟိုအမက ဘာလို႔ သူ႔ေဘးကလူကို ေမာင္လို႔ေခၚတာလဲဟင္"

"ေျဖးေျဖးေမးပါ သားရယ္ ႀကီးေမ ဘယ္မွထြက္မေျပးပါဘူး"

"အဟီး သားက သိခ်င္ေဇာ အားႀကီးသြားလို႔ပါ"

"ျဖစ္ရမယ္ သားငယ္ကေတာ့.. ေမာင္ဆိုတာ ကိုယ့္ခ်စ္သူတို႔၊ ကိုယ့္ခင္ပြန္းတို႔ကို ေခၚတာသားရဲ့.. အဲ့ဒါ့အျပင္ ကိုကိုတို႔၊ အကိုတို႔ အစံုပါပဲသားရယ္ ကိုယ္ခ်စ္ျမတ္ႏိုးတဲ့သူကို ခ်စ္စႏိုးေခၚၾကတာေပါ့ကြယ္.."

"ဟင္ အဲ့တာဆို သားလည္း ကိုမုန္းမာန္ကို အဲ့လိုေခၚလို႔ရလားဟင္ ႀကီးေမ"

"ရတာေပါ့ သားရဲ့.. ဒါနဲ႔ သားက သားမုန္းမာန္ကိုေရာ ခ်စ္လို႔လား"

"ခ်စ္တာေပါ့ ႀကီးေမကလည္း.. သားက သူ႔ကိုအမ်ားႀကီးခ်စ္တာ"

"ဟင္း ဟင္း.. ဟုတ္ပါၿပီ သားရယ္"

ကႀကိဳး ႀကီးေမအား သူ႔ရဲ့မ်က္ဝန္းေလးေတြကို လျခမ္းေကြးေလးလိုမ်ိဳး မိွတ္က်သြားသည္အထိ ၿပံဳးရယ္ကာျပလိုက္သလို ရင္ထဲ၌လည္း စြဲမွတ္ထားသည္က 'ေမာင္' ဆိုေသာ နာမ္စားေလးတစ္ခုပင္။

အတန္ငယ္ လမ္းေလ်ွာက္ၿပီးေနာက္ ေဈးထြက္ေပါက္အနားမေရာက္ခင္ ျမင္ေတြ့ရေသာ အရာတစ္ခုေၾကာင့္ ကႀကိဳး ေငးၾကည့္ေနမိသည္။

"သားငယ္ ငွက္ေပ်ာသီးစားခ်င္လို႔လား"

ႀကီးေမသည္ သူေငးၾကည့္ေနသည့္ အရာအား သတိျပဳမိဟန္တူသည္။ခ်က္ခ်င္းပင္ ေမးျမန္းလာၿပီး ထိုအရာအနားသို႔ လက္ဆြဲေခၚသြားသည္။

"ႀကီးေမ အဲ့တာ ဘာလဲဟင္"

"ဒါက ငွက္ေပ်ာသီးေလ သားရဲ့.. သား စားခ်င္ေနၿပီလား"

"ဟုတ္ ႀကီးေမ"

ကႀကိဳးသည္ သူ႔ရဲ့မူပိုင္ ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္ကာ ေျဖလိုက္ေလသည္။

"ဒါဆို ႀကီးေမ ငွက္ေပ်ာသီး တစ္ဖီးဝယ္ခဲ့မယ္ေနာ္ သား"

"ဟုတ္"

ႀကီးေမသည္ ထိုငွက္ေပ်ာသီးအား ဝယ္ယူၿပီး ေဈးျခင္းေလးထဲသို႔ ထည့္ရန္ျပင္လိုက္စဥ္ ကႀကိဳးသည္ ႀကီးေမလက္အား ဖမ္းဆြဲလိုက္ေလသည္။

ႀကီးေမသည္ သူ႔အား ေမာ့ၾကည့္လာေလေသာအခါ ကႀကိဳးသည္ ၿပံဳးရင္းျဖင့္..

"သား ခုစားလို႔ ရလားဟင္"

"ရတာေပါ့ သားရဲ့.. စားေလ"

"ဟုတ္"

ေျပာရင္းဆိုရင္း ကႀကိဳးသည္ ထိုငွက္ေပ်ာဖီးထဲမွ တစ္လံုးကို ဆြဲျဖဳတ္လိုက္ေလသည္။ သို႔ေသာ္ ပါလာသည္က မထင္မွတ္ထားသည့္ အမႊာပူး ငွက္ေပ်ာသီးေလးပင္။

ကႀကိဳးသည္ သူ႔လက္ထဲပါလာသည့္ အမႊာပူး ငွက္ေပ်ာသီးေလးအား တအံ့တၾသၾကည့္ေနစဥ္ ႀကီးေမသည္ ေျပာလာေလသည္။

"အိုး.. အမႊာပူးေလးပါလား ဒါဆိုရင္ ႀကီးေမသားငယ္ေတာ့ အမႊာပူးေလး ေမြးေတာ့မယ္ ထင္တယ္ေနာ္"

"ဟင္ တ တကယ္ႀကီးလား ႀကီးေမ"

"ဒါေပါ့"

ႀကီးေမသည္ ေခါင္းလဲၿငိမ့္ျပရင္း ေျဖလိုက္ေလသည္။

"အဲ့ အဲ့တာဆို ​ဘယ္လိုမ်ိဳးႀကီးလဲဟင္ ေၾကာက္စရာႀကီးလားဟင္ ႀကီးေမ"

"အင္းးးး ဘယ္လိုေျပာရမလဲ.. သားငယ္ ဗိုက္ႀကီးက ပံုမွန္ထက္ပိုႀကီးလာလိမ့္မယ္ သားရဲ့"

"ဟင္ အဲ့တာဆို သားက ဗိုက္ႀကီး ႀကီး ႀကီးနဲ႔ ရုပ္ဆိုး ဆိုးႀကီးေပါ့ ဟုတ္လားဟင္ ၿပီး ၿပီးေတာ့ အမႊာဆိုတာ ႏွစ္ခုကိုေျပာတာမို႔လားဟင္ ဒါဆို သားဗိုက္ထဲမွာ လူႏွစ္ေယာက္ႀကီးေတာင္ ေရာက္ေနမွာေပါ့ေနာ္ အီး ဟီး"

ေျပာရင္း ဆိုရင္း ထငိုသည့္ကႀကိဳးေၾကာင့္ ႀကီးေမ ပ်ာယာခတ္သြားေလသည္။

"ဟဲ့ ဟဲ့ သားရဲ့ လူလယ္ေခါင္မွာ ဘာလို႔ထငိုရတာလဲ ႀကီးေမက စတာပါ သားရဲ့ အဲ့လိုမျဖစ္ပါဘူး.."

"တကယ္ စေနတာပါေနာ္"

"ဒါေပါ့ သားရဲ့.. တိတ္ တိတ္ မငိုနဲ႔ေတာ့.. သားငိုရင္ ဗိုက္ထဲက ကေလးေလး ဝမ္းနည္းေနလိမ့္မယ္ လာ ႀကီးေမတို႔ အိမ္ကိုျမန္ျမန္ျပန္ၾကရေအာင္ေနာ္ သားလဲ ဗိုက္ဆာေနၿပီမို႔လား"

"ဟုတ္ ႀကီးေမ သား ဆာေနၿပီ"

"ဟုတ္ၿပီ လာ လာ"

ႀကီးေမသည္ ကႀကိဳးလက္အား ဆြဲေခၚကာ အိမ္သို႔ ျပန္လာခဲ့ရေလသည္။
_______________

တကၠစီတစ္စီးေပၚ၌ ေကာင္ေလးတစ္ေယာက္သည္ ထမင္းခ်ိဳင့္ေလးအား ေပါင္ေပၚသို႔တင္ကာ ေမ်ွာ္လင့္ခ်က္ မ်ားစြာျဖင့္ စီးနင္းလိုက္ပါလာေလသည္။

တစ္ေနရာအေရာက္ ထိုကားသည္ ရပ္တန္႔သြားၿပီးေနာက္ ကားအေနာက္ခန္းမွ ေကာင္ေလး ထြက္လာသလို အေရ႔ွခန္းမွ ယာဥ္ေမာင္းသမားသည္ ထိုေကာင္ေလးအား လိပ္စာကတ္ေလးျပန္ေပးကာ စကားလွမ္းေျပာလိုက္ေလသည္။

"ဒီေနရာပဲ ငါ့ညီပို႔ခိုင္းတဲ့ေနရာက ဒါဆို အကိုသြားၿပီေနာ္"

"ဟုတ္"

ထိုေကာင္ေလးသည္ ယာဥ္ေမာင္းသမားအား ေခါင္းၿငိမ့္ျပလိုက္ၿပီးေနာက္ ကားေလးထြက္သြားသည္အထိ ၾကည့္ေနၿပီးမွ အေရ႔ွတည့္တည့္သို႔ မ်က္ႏွာမူလိုက္ခ်ိန္တြင္ သူ႔ရဲ့ ေမ်ွာ္လင့္ခ်က္တစ္ခုလံုး ပ်က္စီးသြားရေလသည္။

ထိုသူ။
သူသိပ္ခ်စ္ရပါေသာ ထိုသူသည္ မိန္းမပ်ိဳတစ္ၪီး၏ လက္အား ဆြဲကိုင္ကာျဖင့္ လမ္းတစ္ဖက္ရိွ ဆိုင္တစ္ဆိုင္မွ ထြက္လာေလသည္။

"ေမာင္"

ဟုတ္ပါသည္။ ေမာင္မွ သူသိပ္ခ်စ္ရပါေသာ ေမာင္အစစ္ပါ။ဒါ့အျပင္ ကေလးေလးရဲ့ ေဖေဖဆိုလည္း ဟုတ္ပါသည္။

ေမာင္သည္ သူ႔ကိုမျမင္ဘဲ ေဘးကေကာင္မေလး၏မ်က္ႏွာကိုသာ အရိပ္တစ္ၾကည့္ၾကည့္ျဖင့္ ၾကည့္လ်က္ သူႏွင့္မလွမ္းမကမ္းမွ ျဖတ္ေလ်ွာက္သြားေလသည္။

ေမာင္ႏွင့္အတူတူ ထမင္းစားရန္အတြက္ ကုမၸဏီသို႔လိုက္လာသည့္ သူ႔မွာေတာ့ ေမာင့္ေက်ာျပင္ကို ေငးၾကည့္ရင္းသာ မတ္တပ္ရပ္လ်က္ က်န္ရစ္ခဲ့ေလသည္။

မ်က္ဝန္းမွ ရစ္သိုင္းလာေသာ မ်က္ရည္ၾကည္အခ်ိဳ႕ႏွင့္အတူ ရင္ထဲမွလည္း တစ္ဆစ္ဆစ္နာက်င္လ်က္ရိွ၏။

Tbc...

-----------------*----------------
Long time no update ျဖစ္သြားလို႔ တကယ္ေတာင္းပန္ပါတယ္ ဒီအပိုင္းက လက္ကေရးခ်င္ေပမယ့္ ၪီးေနွာက္က idea မထြက္ေနလို႔ ၾကာသြားတာပါ🤧
တကယ္ကိုေတာင္းပန္ပါတယ္ရွင့္
ေမ့ေရာ ေမ့သြားၾကၿပီလားဟင္☹️
________________________

© Kout Tay,
книга «My Heart For You».
အပိုင္း_၃၅
Коментарі