Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 03
1).

Castiel တစ္ေယာက္ ေသသူအနီးမွ လက္နက္မ်ားကိုယူလိုက္ၿပီး ထြက္သြားသူႏွစ္ဦးေနာက္သို႔ လိုက္ရေပေတာ့သည္။ သူ႔ကိုကူရင္း ဒဏ္ရာရသြားသည့္အျပင္ လက္ယဥ္စြာလူသတ္သြားသည့္ ထိုလူကို လႊတ္ေပးလိုက္ရန္ Castiel ဆႏၵမရွိပါ။

"ဒီမွာ ..."

လူျပတ္သည့္လမ္းၾကားသို႔ဝင္သြားၾကသည့္ ၎တို႔ႏွစ္ဦးမွာ လွည့္ပင္မၾကည့္။ ေဈးအစြန္ဘက္ ပစၥည္းမ်ားထားသိုသည့္ဂိုေဒါင္မ်ားရွိရာ ထိုေနရာသည္ ေဈးခ်ိန္အတြင္းတြင္ လူျပတ္ေလ့ရွိ၏။ ေရွ႕မွႏွစ္ဦးကို Castiel အမီလိုက္၍ ပခံုးကိုလွမ္းဆြဲလိုက္သည့္အခါ ဆတ္ခနဲရုန္းထြက္သြားၿပီးမွ မ်က္ႏွာမဲ့သြားသူအားၾကည့္ကာ ေဘးမွမိန္းကေလးက ေအာ္ေလေတာ့သည္။

"ရွင္ ဘာလုပ္တာလဲ။"

"လူသတ္ၿပီးထြက္ေျပးသြားလို႔ လိုက္လာတာေလ။ မင္းဘယ္သူလဲ။"

Charlie ကိုေျပာလိုက္ၿပီး Dean ကိုၾကည့္ကာေမးသည့္ Castiel ကို Dean က ျပန္မေျဖခဲ့။

"ရွင္ေမးတိုင္းေျဖရေအာင္ ရွင္ကဘာမို႔လို႔လဲ။ ရွင့္ကိုကယ္လိုက္တာေတာင္ ေက်းဇူးတင္ရဦးမွာ။"

Dean ဒဏ္ရာမွေသြးထြက္ေနပံုအရ ယခုအတိုင္းဆက္သြားေန၍ မျဖစ္ေတာ့ေပ။ ထို႔ေၾကာင့္ Castiel ကပင္ ဝတ္ရံုကိုကမ္းေပးလိုက္ၿပီး

"ဒဏ္ရာကိုေဆးထည့္ရေအာင္ က်ဳပ္နဲ႔လိုက္ခဲ့ေပး။"

"ေဆးဆရာဆီ သြားလို႔မျဖစ္ဘူး။"

Charlie ဆိုလိုသည္မွာ အိမ္ေရွ႕စံသည္ ေတြ႕ရာေဆးဆရာႏွင့္ ကုသ၍မျဖစ္ဟု ဆိုလိုရင္းပင္။ သို႔ေသာ္ Castiel မွတ္ယူသည္က ဓားဒဏ္ရာျဖစ္၍ ေဆးခန္းသြားလၽွင္ ျပႆနာျဖစ္ႏိုင္သည္ဟူ၍။

"က်ဳပ္နားလည္တယ္။"

Castiel ေပးသည့္ဝတ္ရံုကို Dean ကဆြဲယူျခံဳလိုက္ၿပီး

"သြားစို႔"

"Dean"

Castiel ၏စကားကို Dean က အလြယ္တကူလက္ခံလိုက္၍ Charlie က တားလိုသည့္ဟန္။
Castiel က တံဆိပ္ျပားတစ္ခုကို ထုတ္ျပလာၿပီး

"က်ဳပ္နဲ႔လိုက္ခဲ့တာ ေကာင္းမယ္။"

ျငင္းမည့္ဟန္ျပင္သည့္ Charlie ၏လက္ကိုကိုင္ၿပီး Dean က

"ဒီေနရာကေန ျမန္ျမန္သြားစို႔။"

လွည့္ထြက္သည့္ Castiel ေနာက္မွ ပါလာၾကရင္း Charlie က Dean ကို ခပ္တိုးတိုးဆိုသည္မွာ

"အဲဒီတံဆိပ္က အစစ္ဆိုတာ ဘယ္လိုယံုလို႔ရမွာလဲ။"

"ဒီမွာ ၾကာၾကာေနလို႔မေကာင္းဘူး။"

"ျပန္မယ္ေလ။"

"ဒဏ္ရာေတာ့ ေဆးထည့္ရမယ္။"

"သူ႔ကို ဘယ္လိုယံုရမွာလဲ။"

"ကဲ Charlie ေရ၊ ငါ့ကိုေတာ့ ယံုဟ။ ထပ္ၿပီးျငင္းရရင္ ငါ လဲေသေတာ့မွာ။"

"မဟုတ္တာေတြ မေျပာနဲ႔။"

ခပ္တိုးတိုးေျပာေနၾကေသာ္လည္း နီးကပ္ေနသည္ျဖစ္၍ Castiel အတိုင္းသားၾကားေနရေပသည္။ လူရွင္းသည့္လမ္းၾကားတစ္ခုကိုျဖတ္၍ ျမင္းလွည္းရွိရာသို႔ Castiel ဦးတည္ေနသည္။

"ရွင္ ဘယ္ေနရာကိုေခၚေနတာလဲ။"

Charlie ၏အေမးကို လမ္းၾကားထိပ္တြင္ရပ္ထားေသာ ျမင္းလွည္းကို ေမးေငါ့ျပ၍သာ Castiel အေျဖေပးလိုက္ေတာ့သည္။

2).

ျမင္းလွည္းအတြင္းတြင္ Dean က ဝတ္ရံုကိုဆြဲဖယ္ကာ Castiel က ေဆးဘူးတစ္ဘူး၊ အရက္ထည့္ထားပံုရသည့္ အိုးငယ္ေလးတစ္ခုႏွင့္ အဝတ္စတစ္ထပ္ကို ထုတ္ယူလိုက္သည္။
Dean က Castiel ကိုေက်ာေပးလိုက္သည့္အခါ

"ဒဏ္ရာက မ်ားတာပဲ။ အေရာင္ရင့္ဝတ္ထားလို႔ မသိသာတာ။ ခၽြတ္လိုက္တာေကာင္းမယ္။ ဒါမွ ေဆးထည့္ၿပီး အဝတ္စည္းလို႔္ရမွာ။"

အေပၚပိုင္းအဝတ္တို႔ကို ပခံုးမွဆြဲခ်လိုက္ၿပီးသည့္အခါ

"Dean, Dean, ဒဏ္ရာက ..."

Charlie ထေအာ္၍ Castiel က တိုးတိုးေျပာရန္ အမူအရာျပရေလ၏။ ထိုအခါမွ Charlie သည္ ပါးစပ္ကိုလက္ႏွင့္အုပ္လိုက္ၿပီး

"မ်ားတယ္။"

"ေတာ္ေသးတာက မနက္ဘူး။"

Castiel က ေျပာလိုက္ၿပီး အရက္အနည္းငယ္ကို ဒဏ္ရာေပၚသို႔ ေလာင္းခ်လိုက္၏။

"အ"

Dean အသံထြက္လာၿပီးမွ ႏႈတ္ခမ္းကိုက္၍ ျပန္တိတ္သြားျပန္သည္။
ထိုအခ်ိန္ ျမင္းလွည္းအတြင္းသို႔ တစ္စံုတစ္ဦးဝင္လာသည္ေၾကာင့္ လွည့္အၾကည့္

"အိုး၊ ဘာျဖစ္တာလဲ Castiel? သူက ဘယ္သူလဲ။"

"ၿပီးမွရွင္းျပမယ္ အိမ္ေတာ္ထိန္းရယ္။"

Castiel က ဒဏ္ရာကိုသန္႔ရွင္း၊ ေဆးထည့္၊ အဝတ္ျဖဴတစ္စကိုထုတ္ယူၿပီး ေက်ာမွေန၍ ေရွ႕ဘက္သို႔သိုင္းယူလိုက္သည့္အခါ Dean ခါးမတ္သြားကာ အဝတ္စႏွင့္အတူ သူ၏ရင္ဘတ္ေရွ႕သို႔ေရာက္လာသည့္ လက္တစ္စံုကို ငံု႔ၾကည့္မိ၏။ လက္တစ္ဖက္သည္  Dean ၏ ညာဘက္လက္ေအာက္မွဝင္ေရာက္လာၿပီး ဘယ္ဘက္ပခံုးေပၚမွ အျခားလက္တစ္ဖက္ဆီသို႔ အဝတ္စကိုေရာက္သြားေစသည္။ ထိုသို႔လႈပ္ရွားတိုင္းတြင္ Dean ၏ညာဘက္ပခံုးသို႔ ေႏြးသက္သည့္ေလစီးေၾကာင္းငယ္က ထိေတြ႕ေနေပသည္။ ဤနည္းအတိုင္း ေလး၊ငါးႀကိမ္လႈပ္ရွားေနသည္ကို Dean သတိလက္လြတ္ၾကည့္ေနမိသည္မွာ ပခံုးထက္သို႔ အက်ႌျပန္ေရာက္လာသည္အထိပင္။

"လတ္တေလာေတာ့ ေသြးတိတ္ဖို႔နဲ႔ အနာမရင္းဖို႔ကို အေထာက္အကူျဖစ္ပါလိမ့္မယ္။ က်ဳပ္သံုးေနက်ပဲ။"

Castiel ႏွင့္မ်က္ႏွာခ်င္းဆိုင္သို႔ Dean ျပန္လွည့္လာသည့္အခါ အိမ္ေတာ္ထိန္းဆိုသူကပါ အကဲခတ္ေနသည္ကို Dean ေတြ႕လိုက္ရသည္။

"က်ဳပ္က တပ္မႉး Castiel Novak."

စကားစကိုျဖတ္လိုက္သည္မွာ Dean တို႔ဘက္မွ တံု႔ျပန္လာမည္ကို ေစာင့္သည့္ဟန္ပင္။ Dean ဦးေႏွာက္ကို အလုပ္ေပးေနစဥ္တြင္ပင္ Charlie က တံဆိပ္ျပားတစ္ခုကို ထုတ္ယူျပလိုက္၏။

"Middleton?"

"အြန္း၊ ဟုတ္တယ္။ အဲဒီက။"

Dean ခိုးျပံဳးမိ၏။ Charlie သည္ Dean တို႔ႏွင့္ မိခင္မတူေပ။ အမတ္ႀကီး Middleton ၏ညီမျဖစ္သူ မိဖုရား Gertrude Middleton ႏွင့္ ဘုရင္ John ၏ သမီးေတာ္ျဖစ္သည္။ ယခု Charlie သည္ ဘႀကီးေတာ္၏အိမ္ေတာ္တံဆိပ္ကို ထုတ္သံုးေနေလၿပီ။
Charlie ကရွင္းလိုက္ေသာ္လည္း Castiel ၏ အၾကည့္တို႔သည္ Dean ထံသို႔ေရာက္လာျပန္၏။ လူတစ္ဦးအား အလြယ္တကူသတ္လိုက္မိသည္ကို ယခုမွ Dean ေနာင္တရခ်င္သြားသည္။

"က်ဳပ္က ... အင္း ... Dean Campbell. အမတ္ႀကီးအိမ္ေတာ္က စံုစမ္းေရးမႉး။ အခုတေလာ အဲဒီေကာင္ေတြေျခရႈပ္လာလို႔ လာစံုစမ္းတာ။"

စံုစမ္းစစ္ေဆးေရးအမႈကိစၥမ်ားကို တာဝန္ယူရသည့္ Charlie ၏ဘႀကီးေတာ္အမတ္ႀကီးႏွင့္ မယ္ေတာ္၏မိသားစုအမည္ကိုသာ Dean ခုတံုးျပဳမိေတာ့သည္။

3).

"ဒီလိုဆိုရင္ နန္းေတာ္ကပါ ရိပ္မိေနၿပီးသားေပါ့။"

"ဟုတ္ပါတယ္ အရွင္။"

"အဲဒီစစ္ေဆးေရးမႉးက တျခားဘာေျပာသြားေသးလဲ။"

"သူ႔ဘက္ကေတာ့ ဘာသတင္းမွ ထုတ္ေျပာမသြားပါဘူး။"

"ေအးေပါ့။ ငါတို႔ဆီကသာ သတင္းယူခ်င္ယူမယ္၊ ငါတို႔က ဘာသိရမွာလဲ။"

"ဓားေျမႇာင္ကိုစစ္ေဆးဖို႔နဲ႔ အဲဒီကေနဆက္စံုစမ္းဖို႔လည္း စီစဥ္ခဲ့ၿပီးပါၿပီ အရွင္။"

"မင္းကိုေတာ့ စိတ္ခ်ၿပီးသားပါ Castiel."

"ဒီအတိုင္းဆို သတိထားရမွာေတြ အရမ္းမ်ားလာပါၿပီ အရွင္။ အိမ္ေတာ္လံုျခံဳေရးအျပင္ အရွင္နဲ႔သခင္မေလးရဲ႕ လံုျခံဳေရးအတြက္ပါ ထပ္ၿပီးတင္းၾကပ္မွ ျဖစ္ပါလိမ့္မယ္။"

"ငါက ျပႆနာမရွိပါဘူး။ သမီးငယ္နဲ႔ အိမ္ေတာ္အတြက္ကို လိုတာေတြစီစဥ္ေပးထားလိုက္ပါ။"

"ဘာေတြစီစဥ္ေနတာလဲ အေဖ။"

အျပင္မွဝင္လာသည့္ နယ္စားမင္း၏သမီးငယ္ Meg ကို Castiel အရိုအေသေပးလိုက္၏။

"လၽွိဳ႕ဝွက္အဖြဲ႕အစည္းေတြ ေျခ႐ႈပ္လာတယ္ကြယ္။ ငါ့သမီးလည္း အခုတေလာ အျပင္ေတြေလၽွာက္ထြက္မေနနဲ႔။"

"အဲဒါေျပာဖို႔ အေခၚလႊတ္လိုက္တာလား။ ဒီလိုမွန္းသိ အေျပးမလာခဲ့ပါဘူး။"

စားပြဲေပၚရွိကရားအိုးထဲမွ ေရငွဲ႔ကာ ေသာက္လိုက္ရင္း Meg က ဆို၏။
သူ၏ဝတ္စံုတြင္လည္း ေျမမႈန္႔တို႔ အနည္းငယ္ေပက်ံေနေပသည္။

"ဘာေတြ သြားလုပ္ထားျပန္တာလဲ။ ေပက်ံေနပါေရာလား။"

"ေတာင္ပိုင္းက လယ္ေျမေတြထဲ ပိုးေတြက်တယ္အေဖရဲ႕။ အဲဒါ သီးႏွံေတြပ်က္စီးလို႔ လယ္သမားေတြစိတ္ညစ္ေနတာနဲ႔ ပိုးသတ္ေဆးလုပ္ဖို႔ စမ္းေနတာ။"

"ပိုးသတ္ေဆး"

"ဟုတ္တယ္ အေဖ။ စိုက္ပ်ိဳးေရးဘက္ကအရာရွိကို သြားေမးၿပီး ပိုးေတြေသေအာင္နဲ႔ လူေတြကိုအႏၲရာယ္မျဖစ္မယ့္ေဆး ေသခ်ာသြားေမးထားတာ ဒီေန႔ရတယ္ေလ။ အဲဒါနဲ႔ လယ္ထဲဆင္းၿပီး စမ္းၾကည့္ေနတာ။"

"ဘယ္သူ႔လယ္ကို သြားစမ္းေနျပန္တာလဲ။"

"စိတ္မပူပါနဲ႔။ သူမ်ားလယ္ကို မပ်က္ေစရပါဘူး။ အေဖ့အပိုင္လယ္ကို စမ္းေနတာ။"

"အိမ္း ... ေကာင္းပါေလေရာလားကြာ။"

"ေကာင္းပါတယ္။ အဲဒီအစြန္ကအကြက္ကို ပိုးကူးထားလို႔ အရင္သြားစမ္းတာပါေနာ္။ အေဖ့လယ္ကအရင္ ပိုးကင္းသြားမွာပါ။"

"ေက်းဇူးႀကီးလွပါတယ္ သခင္မေလးရယ္။"

သားအဖႏွစ္ဦး ရယ္ေမာေျပာဆိုေနသည္ကို Castiel ၾကည့္ကာ ျပံဳးမိရသည္။ လယ္ထဲမွအလုပ္သမားမ်ားၾကား မိန္းကေလးတန္မဲ့ ရႊံ႕လူး၊ ေျမလူးႏွင့္ အလုပ္လုပ္ရန္လည္း မတြန္႔ဆုတ္တတ္သည့္ သူတို႔၏သခင္မေလးသည္ အားလံုး၏အခ်စ္ခံေလးပင္။

4).

"အိမ္ေရွ႕စံ၊ အိမ္ေရွ႕စံ။ Dean!"

အိမ္ေရွ႕စံနန္းေဆာင္သို႔ ေရာက္ရွိလာၿပီး အခန္းအတြင္းသို႔ေအာ္ေခၚေသာ္လည္း တံု႔ျပန္သံမၾကားရ၍ စိတ္ပူေနပံုရသည့္ မင္းသား Sam မွာ နာမည္ကိုသာ ေအာ္ေခၚေလေတာ့သည္။

"Sammy"

"အဲဒါ ဘယ္ထြက္သြားျပန္တာလဲ။ ဒဏ္ရာရလို႔ဆို။"

"တိုးတိုးေျပာစမ္းပါ။ ဘယ္သူမွမသိေစခ်င္လို႔ တိတ္တိတ္ေလး ေဆးသြားထည့္တာကို။"

"ခိုးထြက္သြားတာလည္း မသိရ၊ ျပန္လာေတာ့လည္း ဒဏ္ရာနဲ႔။"

စိုးရိမ္တႀကီးႏွင့္ေမးျမန္းေနသည့္ ညီေတာ္ Sam ေၾကာင့္ Dean က

"ငါ အဆင္ေျပတယ္။"

"ဒဏ္ရာမ်ားတယ္ဆို။ ျပစမ္းပါ။"

"ဪ ... ကဲ၊ ဘယ္လိုေတြျဖစ္တာလဲ။"

အက်ႌကိုဆြဲမၿပီး ေမးေနသည့္ Sam ကို Dean တားမရ၍

"အခန္းတံခါးသြားပိတ္ဦး။ မင္းလုပ္တာနဲ႔ နန္းေတာ္တစ္ခုလံုး သိေတာ့မယ္။"

"ဟာ၊ ဒဏ္ရာကမ်ားတယ္ေလ။"

"ဒါေပမဲ့ မနက္ဘူး။"

"သမားေတာ္က ဘာေျပာလဲ။"

"ျဖစ္ခါစမွာ ေသြးျမန္ျမန္တိတ္သြားတာ ကံေကာင္းတယ္တဲ့။"

"ဘာေၾကာင့္မ်ား ရႈပ္ရႈပ္ယွက္ယွက္ေတြထဲ ဝင္ပါရသလဲ။"

"ငါမဟုတ္ဘူး၊ အဲဒါ မင္းႏွမေတာ္။"

"ဪ ... "

သူႏွင့္ မည္သို႔မွမေတာ္စပ္သကဲ့သို႔ ေျပာလာသည့္ Dean ေၾကာင့္ Sam ျငင္းမေနေတာ့ၿပီ။

"သူလၽွိဳဆို။"

"အင္း၊ ေနာက္မွ ဆက္ၿပီးစံုစမ္းၾကည့္ရမယ္။"

"Benjamin ကို ခိုင္းလိုက္ၿပီလား။"

"ဟင့္အင္း၊ ေနာက္မွပဲ။"

"ကိုယ္တိုင္စံုစမ္းမွာလို႔ေတာ့ မေျပာပါဘူးေနာ္။"

Sam ၏ မယံုသကၤာအၾကည့္ႏွင့္ အေမးကို Dean မသိခ်င္ေယာင္ေဆာင္ကာ ေခါင္းသာခါလိုက္၏။

"ဒဏ္ရာရတာေတာင္ မမွတ္ဘူး။ အိမ္ေရွ႕စံလို႔သာ တစ္ေယာက္ေယာက္သိသြားရင္ အႏၲရာယ္မ်ားပါဘိနဲ႔။ ထပ္ဝင္မပါနဲ႔ေတာ့။"

တစ္ေယာက္ေယာက္က သူ႔ကို အိမ္ေရွ႕စံလို႔သိသြားရင္ ဘယ္လိုမ်ားဆက္ဆံေလမလဲလို႔ Dean သိခ်င္မိပါရဲ႕။

by Demon

5)

Sam က အႏၲရာယ္မ်ားေသာကိစၥမ်ားကို ထပ္မပါရန္ေျပာေသာအခါမွ Dean အခင္းျဖစ္ေနရာမွ ဓားေျမႇာင္တစ္ေခ်ာင္းယူလာသည္ကို သတိရသြားသည္ ။ ထို႔​ေၾကာင့္ Sam ကို 

" Sammy ငါမင္းကိုျပစရာရွိတယ္ "

ဟု ဆိုကာ စားပြဲခုံေပၚတြင္ တင္ထားေသာဓားေျမႇာင္ကိုယူ၍ Sam လက္ထဲသို႔ ထည့္ေပးလိုက္သည္ ။ ထည့္ေပးရင္းကလည္း

" အဲ့ဒီဓားေပၚမွာဘာေရးထားတာလဲဆိုတာ မင္းဘာသာျပန္ေပးလို႔ရမလား "

ဟု ေျပာလိုက္သည္ ။ Sam က ဓားေျမႇာင္ကိုအေသအခ်ာၾကည့္၍

" ဒါ ... ေရွးေဟာင္းဂရိစာပဲ ... ဘာေရးထားတာလဲဆိုတာသိဖို႔အတြက္ကေတာ့ ငါစာအုပ္ျပန္ၾကည့္ဖို႔လိုတယ္ "

ဟု ေျပာသည္ ။ ၿပီးမွ

" မင္းဒါကိုဘယ္ကရလာတာလဲ ... မဟုတ္မွ.... " 

ဟု စကားစသည္ ။ ထို႔ေၾကာင့္ 

" ဟုတ္တယ္ ... ေသသြားတဲ့လူဆီကယူလာတာ "

ဟူ၍ ျဖတ္ေျပာလိုက္သည္ ။ ထို႔ေနာက္

" အေရးႀကီးတဲ့ကိစၥမို႔လို႔ ျမန္ျမန္သိရေလေကာင္းေလပဲ "

ဟူေသာ စကားကိုပါ ထပ္ေျပာလိုက္သည္ ။ 

6)

Castiel လူေသအေလာင္းဆီမွ ပစၥည္းမ်ားကိုယူခဲ့ေသာ္လည္း ထိုပစၥည္းမ်ားထဲတြင္ မိမိေတြ႕ခဲ့ေသာဓားေျမႇာင္ပါမလာ ။

" အဲ့ဒီလူဆီမွာက်န္ခဲ့တာမ်ားလား "

ဟု ေတြးမိေသာ္လည္း ထိုကိစၥသည္မျဖစ္ႏိုင္ ။ ေနရာမွမထြက္လာခင္ကတည္းက ထိုလူ႔ကို အေသအခ်ာစစ္ေဆးခဲ့ၿပီးၿပီျဖစ္သည္ ။ ထို႔ေၾကာင့္

" ဟို Campbell ယူသြားတာမ်ားလား "

ဟု ေတြးလိုက္မိသည္ ။

သို႔ေသာ္ ....
ဤကိစၥကလည္းမျဖစ္ႏိုင္ ။ ထိုလူက မိမိထက္အရင္ ေနရာမွထြက္သြားခဲ့ျခင္းျဖစ္ေသာေၾကာင့္ ထိုလူ အေလာင္းဆီမွ တစ္ခုခုယူသြားလၽွင္ မသိဘဲေနမည္မဟုတ္ေသာေၾကာင့္

" က်စ္ ... သဲလြန္စရဖို႔အတြက္ ဒီဓားကအဓိကပါဆို အခုဓားကေပ်ာက္ေနေတာ့ ဘယ္လိုလုပ္ရပါ့မလဲ " 

ဟု ေရ႐ြတ္ကာ မိမိတြင္ပါလာေသာပစၥည္းမ်ားကို စားပြဲခုံေပၚသို႔ စီ၍တင္လိုက္သည္ ။ 

7)

အေရးႀကီးေသာအစည္းအေဝးရွိ၍ အစည္းအေဝးတက္ရမည့္လူမ်ားသာ အခန္းထဲသို႔ဝင္ခိုင္းထားေသာ္လည္း မိမိ၏လက္ေအာက္မွလူတစ္ေယာက္က အခန္းထဲသို႔ အေျပးအလႊားဝင္လာကာ

" ျပႆနာေတာ့တက္ၿပီ သခင္ "

ဟု ေျပာသျဖင့္ Lilith မတ္တပ္ထရပ္လိုက္ၿပီး

" မင္းကိုအခန္းထဲဝင္လာဖို႔ ဘယ္သူကခြင့္ျပဳလို႔လဲ "

ဟူ၍ ေမးလိုက္သည္ ။

သို႔ေသာ္ ....
ထိုလူက မိမိစကားကို အေရးမလုပ္ ။

" ေန႔လယ္က သခင္လႊတ္လိုက္တဲ့သူလၽွိဳ လုပ္ႀကံခံလိုက္ရတယ္ "

ဟူေသာ စကားကို အသည္းအသန္ေျပာသည္ ။ ထိုလူေျပာသည့္သူလၽွိဳသည္ မိမိတို႔ဂိုဏ္းထဲတြင္ အပါးနပ္ဆုံးႏွင့္ အပိရိဆုံးေသာလူျဖစ္ေသာေၾကာင့္ ဤသတင္းကို ၾကားလိုက္ရေသာအခါ ေဒါသမီးတို႔က ဟုန္းကနဲထေတာက္လာရသည္ ။ ထို႔ေၾကာင့္ ေတာက္ေခါက္လိုက္ၿပီး

" လုပ္ႀကံတဲ့လူဘယ္သူဆိုတာ သိရၿပီလား "

ဟု ေမးလိုက္သည္ ။

" Castiel Novak ပါ သခင္ "

ဟူေသာ အေျဖစကားေၾကာင့္ ေျဖာင့္မတ္တည္ၾကည္လြန္းကာ မိမိတို႔ႏွင့္မပူေပါင္းဘဲ ဘုရင္ႏွင့္ ခမည္းခမက္ေတာ္ရန္ႀကိဳးစားေနေသာ နယ္စားမင္း Masters ၏ မ်က္ႏွာကို ေျပးျမင္မိသည္ ။ တစ္ဆက္တည္းမွာပင္

" ဪ ... သင္းက လုံးဝကိုဘုရင့္ဘက္ေတာ္သားျဖစ္သြားၿပီေပါ့ "

ဟု ေရ႐ြတ္လိုက္သည္ ။ ၿပီးသည္ႏွင့္ ရပ္ေနေသာလူအား

" အခုေလာေလာဆယ္ေတာ့ သူလၽွိဳကငါတို႔ဂိုဏ္းကဆိုတာ သူတို႔သိၾကေသးဦးမွာမဟုတ္ဘူး ... ဒါေပမဲ့ အဲ့ဒီ Novak က တအားပါးနပ္တာဆိုေတာ့ မၾကာခင္သိသြားလိမ့္မယ္ ... အဲ့ဒါေၾကာင့္ ငါတို႔ဘက္က ျပင္ဆင္စရာရွိတာေတြ ႀကိဳတင္ျပင္ဆင္ထားရမယ္ "

ဟု ေျပာလိုက္သည္ ။ 

8)

ဖခင္ျဖစ္သူက အျပင္မထြက္ရန္အမိန္႔ထုတ္ထားေသာေၾကာင့္ Meg တစ္ေယာက္ စံအိမ္ထဲတြင္ တစ္ေယာက္တည္း အူလည္လည္ႏွင့္ အထီးက်န္ေနရသည္ ။ ခါတိုင္းဆိုလွ်င္ Castiel ႏွင့္ အပ်င္းေျပစကားေျပာေန၍ရေသာ္လည္း ယခင္တစ္ေခါက္ကိစၥျဖစ္ၿပီးကတည္းက Castiel တစ္ေယာက္ အလုပ္ရႈပ္ေနသည္ ။ ထို႔ေၾကာင့္ မိမိထံမလာႏိုင္အား ။

" သူ႔ဆီ ငါသြားၾကည့္ရင္ေရာ "

ဟု ေတြးမိေသာအခါ ပ်င္းသည့္စိတ္တို႔က ၾကက္ေပ်ာက္ငွက္ေပ်ာက္,ေပ်ာက္ကုန္ၿပီး ခ်က္ခ်င္းပင္ မတ္တပ္ထရပ္လိုက္သည္ ။ ထို႔ေနာက္ Castiel အတြက္ သီးသန္႔ေနရာေပးထားေသာ အေနာက္ဘက္အိမ္ေလးဆီသို႔ ထြက္လာခဲ့လိုက္သည္ ။ 

ထင္ထားသည့္အတိုင္း Castiel က အိမ္ေရွ႕တြင္ စားပြဲခုံတစ္လုံးခ်၍ စာ႐ြက္မ်ားႏွင့္အလုပ္ရႈပ္ေနသည္ ။ ဤသို႔ ဦးေဏွာက္ကို အသုံးျပဳရသည့္အလုပ္မ်ားကိုလုပ္ရသည့္အခါမ်ားတြင္ အေႏွာင့္အယွက္ေပးခံရသည္ကို Castiel က မႀကိဳက္သျဖင့္ တမင္ပင္ သီခ်င္းတစ္ပုဒ္ကို ေအာ္ဆို၍ Castiel ထိုင္ေနသည့္ေနရာဆီသို႔ ေလၽွာက္သြားလိုက္သည္ ။ 

9)

Castiel တစ္ေယာက္ ဓားေျမႇာင္ကိုရွာမေတြ႕၍ ရထားသည့္သဲလြန္စကို လက္လႊတ္လိုက္ရမည့္အျဖစ္အား မျဖစ္လိုသျဖင့္ ဓားေျမႇာင္တြင္ပါေသာပုံမ်ားကို မိမိမွတ္မိသေလာက္ ျပန္စဥ္းစားကာ စာ႐ြက္ေပၚတြင္ ခ်ဆြဲေနမိသည္ ။ ဤသို႔ဆြဲေနေသာ္လည္း ဓားေျမႇာင္ကို အေသအခ်ာၾကည့္လိုက္ရျခင္းမဟုတ္သည့္အတြက္ ထင္သေလာက္ခရီးမေရာက္ ။ 

သို႔ေသာ္ ... 

" ဘာမွမရွိျခင္းထက္ အနည္းငယ္ရွိျခင္းက ပို၍ေကာင္းသည္ "

ဟူေသာ မူကို လက္ကိုင္ထားသူျဖစ္ေသာေၾကာင့္ အားမေလၽွာ့။ မွတ္မိသည့္ပုံကို ဂရိေရွးေဟာင္းဘာသာျပန္စာအုပ္ထဲတြင္ ျပန္ရွာကာ ခန္႔မွန္းၾကည့္မည္ဟုေတြးကာ စိတ္ထဲတြင္ေပၚလာသည့္ပုံမ်ားကို ခ်ဆြဲေနလိုက္သည္ ။ မည္မၽွၾကာေအာင္ ထိုပုံမ်ားတြင္စိတ္ေရာက္ေနမိသည္မသိ ။ သခင္မေလးေရာက္လာသည္ကိုပင္ မသိလိုက္ ။

" ဘာေတြဒီေလာက္ေတာင္ လုပ္ေနတာလဲ Mr. Novak "

ဟူေသာ ေမးခြန္းႏွင့္အတူ လက္ထဲတြင္ရွိေနေသာစာရြက္က သခင္မေလး၏လက္ထဲသို႔ ေရာက္သြားေသာအခါမွ သတိဝင္လာသည္ ။ 

10)

သခင္မေလးက စာ႐ြက္ကိုၾကည့္၍

" Skullcrusher "

" အဲ့ဒါဘာႀကီးလဲ "

ဟု ေမးသျဖင့္ Castiel သခင္မေလး၏လက္ထဲမွ စာ႐ြက္ကို ျပန္ယူလိုက္ၿပီး 

" ဟိုေန႔က နယ္စားမင္းကိုေျပာျပတဲ့သူလၽွိဳေလ ... သူ႔ဓားေျမႇာင္မွာထြင္းထားတာကိုေတြ႕ခဲ့တာ ... ဒါေပမဲ့ သိပ္ေတာ့မမွတ္မိပါဘူး ... မွတ္မိသေလာက္ခ်ဆြဲထားၾကည့္တာ " 

ဟူ၍ အေျဖေပးလိုက္သည္ ။ ဤစကားအဆုံးတြင္ သခင္မေလးက ေခါင္းညိတ္၍

" ၾကည့္ရသေလာက္ကေတာ့ Skullcrusher ပဲ "

ဟု ေျပာသည္ ။ ဤမၽွေလာက္မ်ားသည့္ပုံမ်ားက ဤႏွစ္လုံးသာျဖစ္သည္ဟူေသာကိစၥကို သိပ္လက္မခံလိုေသာ္လည္း သခင္မေလးက ေရွးေဟာင္းဂရိဘာသာစကားကို ကြၽမ္းက်င္သူျဖစ္ေသာေၾကာင့္ 

" Skullcrusher ဆိုတဲ့အဖြဲ႕ကို ကြၽန္ေတာ္ၾကားဖူးတယ္ ... ဒါဆို ဒီအေျပာင္းအလဲကာလမွာ တစ္ခုခုလုပ္ဖို႔ႀကံေနၾကတာ သူတို႔အဖြဲ႕ေပါ့ " 

ဟု မမေလးကိုေျပာရင္း မိမိကိုယ္ကိုယ္လည္း ျပန္ေျပာလိုက္သည္ ။

by the_richone_IX

■■■ Episode (4) ဆက္ရန္ ■■■

1).

Castiel တစ်ယောက် သေသူအနီးမှ လက်နက်များကိုယူလိုက်ပြီး ထွက်သွားသူနှစ်ဦးနောက်သို့ လိုက်ရပေတော့သည်။ သူ့ကိုကူရင်း ဒဏ်ရာရသွားသည့်အပြင် လက်ယဉ်စွာလူသတ်သွားသည့် ထိုလူကို လွှတ်ပေးလိုက်ရန် Castiel ဆန္ဒမရှိပါ။

"ဒီမှာ ..."

လူပြတ်သည့်လမ်းကြားသို့ဝင်သွားကြသည့် ၎င်းတို့နှစ်ဦးမှာ လှည့်ပင်မကြည့်။ ဈေးအစွန်ဘက် ပစ္စည်းများထားသိုသည့်ဂိုဒေါင်များရှိရာ ထိုနေရာသည် ဈေးချိန်အတွင်းတွင် လူပြတ်လေ့ရှိ၏။ ရှေ့မှနှစ်ဦးကို Castiel အမီလိုက်၍ ပခုံးကိုလှမ်းဆွဲလိုက်သည့်အခါ ဆတ်ခနဲရုန်းထွက်သွားပြီးမှ မျက်နှာမဲ့သွားသူအားကြည့်ကာ ဘေးမှမိန်းကလေးက အော်လေတော့သည်။

"ရှင် ဘာလုပ်တာလဲ။"

"လူသတ်ပြီးထွက်ပြေးသွားလို့ လိုက်လာတာလေ။ မင်းဘယ်သူလဲ။"

Charlie ကိုပြောလိုက်ပြီး Dean ကိုကြည့်ကာမေးသည့် Castiel ကို Dean က ပြန်မဖြေခဲ့။

"ရှင်မေးတိုင်းဖြေရအောင် ရှင်ကဘာမို့လို့လဲ။ ရှင့်ကိုကယ်လိုက်တာတောင် ကျေးဇူးတင်ရဦးမှာ။"

Dean ဒဏ်ရာမှသွေးထွက်နေပုံအရ ယခုအတိုင်းဆက်သွားနေ၍ မဖြစ်တော့ပေ။ ထို့ကြောင့် Castiel ကပင် ဝတ်ရုံကိုကမ်းပေးလိုက်ပြီး

"ဒဏ်ရာကိုဆေးထည့်ရအောင် ကျုပ်နဲ့လိုက်ခဲ့ပေး။"

"ဆေးဆရာဆီ သွားလို့မဖြစ်ဘူး။"

Charlie ဆိုလိုသည်မှာ အိမ်ရှေ့စံသည် တွေ့ရာဆေးဆရာနှင့် ကုသ၍မဖြစ်ဟု ဆိုလိုရင်းပင်။ သို့သော် Castiel မှတ်ယူသည်က ဓားဒဏ်ရာဖြစ်၍ ဆေးခန်းသွားလျှင် ပြဿနာဖြစ်နိုင်သည်ဟူ၍။

"ကျုပ်နားလည်တယ်။"

Castiel ပေးသည့်ဝတ်ရုံကို Dean ကဆွဲယူခြုံလိုက်ပြီး

"သွားစို့"

"Dean"

Castiel ၏စကားကို Dean က အလွယ်တကူလက်ခံလိုက်၍ Charlie က တားလိုသည့်ဟန်။
Castiel က တံဆိပ်ပြားတစ်ခုကို ထုတ်ပြလာပြီး

"ကျုပ်နဲ့လိုက်ခဲ့တာ ကောင်းမယ်။"

ငြင်းမည့်ဟန်ပြင်သည့် Charlie ၏လက်ကိုကိုင်ပြီး Dean က

"ဒီနေရာကနေ မြန်မြန်သွားစို့။"

လှည့်ထွက်သည့် Castiel နောက်မှ ပါလာကြရင်း Charlie က Dean ကို ခပ်တိုးတိုးဆိုသည်မှာ

"အဲဒီတံဆိပ်က အစစ်ဆိုတာ ဘယ်လိုယုံလို့ရမှာလဲ။"

"ဒီမှာ ကြာကြာနေလို့မကောင်းဘူး။"

"ပြန်မယ်လေ။"

"ဒဏ်ရာတော့ ဆေးထည့်ရမယ်။"

"သူ့ကို ဘယ်လိုယုံရမှာလဲ။"

"ကဲ Charlie ရေ၊ ငါ့ကိုတော့ ယုံဟ။ ထပ်ပြီးငြင်းရရင် ငါ လဲသေတော့မှာ။"

"မဟုတ်တာတွေ မပြောနဲ့။"

ခပ်တိုးတိုးပြောနေကြသော်လည်း နီးကပ်နေသည်ဖြစ်၍ Castiel အတိုင်းသားကြားနေရပေသည်။ လူရှင်းသည့်လမ်းကြားတစ်ခုကိုဖြတ်၍ မြင်းလှည်းရှိရာသို့ Castiel ဦးတည်နေသည်။

"ရှင် ဘယ်နေရာကိုခေါ်နေတာလဲ။"

Charlie ၏အမေးကို လမ်းကြားထိပ်တွင်ရပ်ထားသော မြင်းလှည်းကို မေးငေါ့ပြ၍သာ Castiel အဖြေပေးလိုက်တော့သည်။

2).

မြင်းလှည်းအတွင်းတွင် Dean က ဝတ်ရုံကိုဆွဲဖယ်ကာ Castiel က ဆေးဘူးတစ်ဘူး၊ အရက်ထည့်ထားပုံရသည့် အိုးငယ်လေးတစ်ခုနှင့် အဝတ်စတစ်ထပ်ကို ထုတ်ယူလိုက်သည်။
Dean က Castiel ကိုကျောပေးလိုက်သည့်အခါ

"ဒဏ်ရာက များတာပဲ။ အရောင်ရင့်ဝတ်ထားလို့ မသိသာတာ။ ချွတ်လိုက်တာကောင်းမယ်။ ဒါမှ ဆေးထည့်ပြီး အဝတ်စည်းလို့်ရမှာ။"

အပေါ်ပိုင်းအဝတ်တို့ကို ပခုံးမှဆွဲချလိုက်ပြီးသည့်အခါ

"Dean, Dean, ဒဏ်ရာက ..."

Charlie ထအော်၍ Castiel က တိုးတိုးပြောရန် အမူအရာပြရလေ၏။ ထိုအခါမှ Charlie သည် ပါးစပ်ကိုလက်နှင့်အုပ်လိုက်ပြီး

"များတယ်။"

"တော်သေးတာက မနက်ဘူး။"

Castiel က ပြောလိုက်ပြီး အရက်အနည်းငယ်ကို ဒဏ်ရာပေါ်သို့ လောင်းချလိုက်၏။

"အ"

Dean အသံထွက်လာပြီးမှ နှုတ်ခမ်းကိုက်၍ ပြန်တိတ်သွားပြန်သည်။
ထိုအချိန် မြင်းလှည်းအတွင်းသို့ တစ်စုံတစ်ဦးဝင်လာသည်ကြောင့် လှည့်အကြည့်

"အိုး၊ ဘာဖြစ်တာလဲ Castiel? သူက ဘယ်သူလဲ။"

"ပြီးမှရှင်းပြမယ် အိမ်တော်ထိန်းရယ်။"

Castiel က ဒဏ်ရာကိုသန့်ရှင်း၊ ဆေးထည့်၊ အဝတ်ဖြူတစ်စကိုထုတ်ယူပြီး ကျောမှနေ၍ ရှေ့ဘက်သို့သိုင်းယူလိုက်သည့်အခါ Dean ခါးမတ်သွားကာ အဝတ်စနှင့်အတူ သူ၏ရင်ဘတ်ရှေ့သို့ရောက်လာသည့် လက်တစ်စုံကို ငုံ့ကြည့်မိ၏။ လက်တစ်ဖက်သည်  Dean ၏ ညာဘက်လက်အောက်မှဝင်ရောက်လာပြီး ဘယ်ဘက်ပခုံးပေါ်မှ အခြားလက်တစ်ဖက်ဆီသို့ အဝတ်စကိုရောက်သွားစေသည်။ ထိုသို့လှုပ်ရှားတိုင်းတွင် Dean ၏ညာဘက်ပခုံးသို့ နွေးသက်သည့်လေစီးကြောင်းငယ်က ထိတွေ့နေပေသည်။ ဤနည်းအတိုင်း လေး၊ငါးကြိမ်လှုပ်ရှားနေသည်ကို Dean သတိလက်လွတ်ကြည့်နေမိသည်မှာ ပခုံးထက်သို့ အင်္ကျီပြန်ရောက်လာသည်အထိပင်။

"လတ်တလောတော့ သွေးတိတ်ဖို့နဲ့ အနာမရင်းဖို့ကို အထောက်အကူဖြစ်ပါလိမ့်မယ်။ ကျုပ်သုံးနေကျပဲ။"

Castiel နှင့်မျက်နှာချင်းဆိုင်သို့ Dean ပြန်လှည့်လာသည့်အခါ အိမ်တော်ထိန်းဆိုသူကပါ အကဲခတ်နေသည်ကို Dean တွေ့လိုက်ရသည်။

"ကျုပ်က တပ်မှူး Castiel Novak."

စကားစကိုဖြတ်လိုက်သည်မှာ Dean တို့ဘက်မှ တုံ့ပြန်လာမည်ကို စောင့်သည့်ဟန်ပင်။ Dean ဦးနှောက်ကို အလုပ်ပေးနေစဉ်တွင်ပင် Charlie က တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြလိုက်၏။

"Middleton?"

"အွန်း၊ ဟုတ်တယ်။ အဲဒီက။"

Dean ခိုးပြုံးမိ၏။ Charlie သည် Dean တို့နှင့် မိခင်မတူပေ။ အမတ်ကြီး Middleton ၏ညီမဖြစ်သူ မိဖုရား Gertrude Middleton နှင့် ဘုရင် John ၏ သမီးတော်ဖြစ်သည်။ ယခု Charlie သည် ဘကြီးတော်၏အိမ်တော်တံဆိပ်ကို ထုတ်သုံးနေလေပြီ။
Charlie ကရှင်းလိုက်သော်လည်း Castiel ၏ အကြည့်တို့သည် Dean ထံသို့ရောက်လာပြန်၏။ လူတစ်ဦးအား အလွယ်တကူသတ်လိုက်မိသည်ကို ယခုမှ Dean နောင်တရချင်သွားသည်။

"ကျုပ်က ... အင်း ... Dean Campbell. အမတ်ကြီးအိမ်တော်က စုံစမ်းရေးမှူး။ အခုတလော အဲဒီကောင်တွေခြေရှုပ်လာလို့ လာစုံစမ်းတာ။"

စုံစမ်းစစ်ဆေးရေးအမှုကိစ္စများကို တာဝန်ယူရသည့် Charlie ၏ဘကြီးတော်အမတ်ကြီးနှင့် မယ်တော်၏မိသားစုအမည်ကိုသာ Dean ခုတုံးပြုမိတော့သည်။

3).

"ဒီလိုဆိုရင် နန်းတော်ကပါ ရိပ်မိနေပြီးသားပေါ့။"

"ဟုတ်ပါတယ် အရှင်။"

"အဲဒီစစ်ဆေးရေးမှူးက တခြားဘာပြောသွားသေးလဲ။"

"သူ့ဘက်ကတော့ ဘာသတင်းမှ ထုတ်ပြောမသွားပါဘူး။"

"အေးပေါ့။ ငါတို့ဆီကသာ သတင်းယူချင်ယူမယ်၊ ငါတို့က ဘာသိရမှာလဲ။"

"ဓားမြှောင်ကိုစစ်ဆေးဖို့နဲ့ အဲဒီကနေဆက်စုံစမ်းဖို့လည်း စီစဉ်ခဲ့ပြီးပါပြီ အရှင်။"

"မင်းကိုတော့ စိတ်ချပြီးသားပါ Castiel."

"ဒီအတိုင်းဆို သတိထားရမှာတွေ အရမ်းများလာပါပြီ အရှင်။ အိမ်တော်လုံခြုံရေးအပြင် အရှင်နဲ့သခင်မလေးရဲ့ လုံခြုံရေးအတွက်ပါ ထပ်ပြီးတင်းကြပ်မှ ဖြစ်ပါလိမ့်မယ်။"

"ငါက ပြဿနာမရှိပါဘူး။ သမီးငယ်နဲ့ အိမ်တော်အတွက်ကို လိုတာတွေစီစဉ်ပေးထားလိုက်ပါ။"

"ဘာတွေစီစဉ်နေတာလဲ အဖေ။"

အပြင်မှဝင်လာသည့် နယ်စားမင်း၏သမီးငယ် Meg ကို Castiel အရိုအသေပေးလိုက်၏။

"လျှို့ဝှက်အဖွဲ့အစည်းတွေ ခြေရှုပ်လာတယ်ကွယ်။ ငါ့သမီးလည်း အခုတလော အပြင်တွေလျှောက်ထွက်မနေနဲ့။"

"အဲဒါပြောဖို့ အခေါ်လွှတ်လိုက်တာလား။ ဒီလိုမှန်းသိ အပြေးမလာခဲ့ပါဘူး။"

စားပွဲပေါ်ရှိကရားအိုးထဲမှ ရေငှဲ့ကာ သောက်လိုက်ရင်း Meg က ဆို၏။
သူ၏ဝတ်စုံတွင်လည်း မြေမှုန့်တို့ အနည်းငယ်ပေကျံနေပေသည်။

"ဘာတွေ သွားလုပ်ထားပြန်တာလဲ။ ပေကျံနေပါရောလား။"

"တောင်ပိုင်းက လယ်မြေတွေထဲ ပိုးတွေကျတယ်အဖေရဲ့။ အဲဒါ သီးနှံတွေပျက်စီးလို့ လယ်သမားတွေစိတ်ညစ်နေတာနဲ့ ပိုးသတ်ဆေးလုပ်ဖို့ စမ်းနေတာ။"

"ပိုးသတ်ဆေး"

"ဟုတ်တယ် အဖေ။ စိုက်ပျိုးရေးဘက်ကအရာရှိကို သွားမေးပြီး ပိုးတွေသေအောင်နဲ့ လူတွေကိုအန္တရာယ်မဖြစ်မယ့်ဆေး သေချာသွားမေးထားတာ ဒီနေ့ရတယ်လေ။ အဲဒါနဲ့ လယ်ထဲဆင်းပြီး စမ်းကြည့်နေတာ။"

"ဘယ်သူ့လယ်ကို သွားစမ်းနေပြန်တာလဲ။"

"စိတ်မပူပါနဲ့။ သူများလယ်ကို မပျက်စေရပါဘူး။ အဖေ့အပိုင်လယ်ကို စမ်းနေတာ။"

"အိမ်း ... ကောင်းပါလေရောလားကွာ။"

"ကောင်းပါတယ်။ အဲဒီအစွန်ကအကွက်ကို ပိုးကူးထားလို့ အရင်သွားစမ်းတာပါနော်။ အဖေ့လယ်ကအရင် ပိုးကင်းသွားမှာပါ။"

"ကျေးဇူးကြီးလှပါတယ် သခင်မလေးရယ်။"

သားအဖနှစ်ဦး ရယ်မောပြောဆိုနေသည်ကို Castiel ကြည့်ကာ ပြုံးမိရသည်။ လယ်ထဲမှအလုပ်သမားများကြား မိန်းကလေးတန်မဲ့ ရွှံ့လူး၊ မြေလူးနှင့် အလုပ်လုပ်ရန်လည်း မတွန့်ဆုတ်တတ်သည့် သူတို့၏သခင်မလေးသည် အားလုံး၏အချစ်ခံလေးပင်။

4).

"အိမ်ရှေ့စံ၊ အိမ်ရှေ့စံ။ Dean!"

အိမ်ရှေ့စံနန်းဆောင်သို့ ရောက်ရှိလာပြီး အခန်းအတွင်းသို့အော်ခေါ်သော်လည်း တုံ့ပြန်သံမကြားရ၍ စိတ်ပူနေပုံရသည့် မင်းသား Sam မှာ နာမည်ကိုသာ အော်ခေါ်လေတော့သည်။

"Sammy"

"အဲဒါ ဘယ်ထွက်သွားပြန်တာလဲ။ ဒဏ်ရာရလို့ဆို။"

"တိုးတိုးပြောစမ်းပါ။ ဘယ်သူမှမသိစေချင်လို့ တိတ်တိတ်လေး ဆေးသွားထည့်တာကို။"

"ခိုးထွက်သွားတာလည်း မသိရ၊ ပြန်လာတော့လည်း ဒဏ်ရာနဲ့။"

စိုးရိမ်တကြီးနှင့်မေးမြန်းနေသည့် ညီတော် Sam ကြောင့် Dean က

"ငါ အဆင်ပြေတယ်။"

"ဒဏ်ရာများတယ်ဆို။ ပြစမ်းပါ။"

"ဪ ... ကဲ၊ ဘယ်လိုတွေဖြစ်တာလဲ။"

အင်္ကျီကိုဆွဲမပြီး မေးနေသည့် Sam ကို Dean တားမရ၍

"အခန်းတံခါးသွားပိတ်ဦး။ မင်းလုပ်တာနဲ့ နန်းတော်တစ်ခုလုံး သိတော့မယ်။"

"ဟာ၊ ဒဏ်ရာကများတယ်လေ။"

"ဒါပေမဲ့ မနက်ဘူး။"

"သမားတော်က ဘာပြောလဲ။"

"ဖြစ်ခါစမှာ သွေးမြန်မြန်တိတ်သွားတာ ကံကောင်းတယ်တဲ့။"

"ဘာကြောင့်များ ရှုပ်ရှုပ်ယှက်ယှက်တွေထဲ ဝင်ပါရသလဲ။"

"ငါမဟုတ်ဘူး၊ အဲဒါ မင်းနှမတော်။"

"ဪ ... "

သူနှင့် မည်သို့မှမတော်စပ်သကဲ့သို့ ပြောလာသည့် Dean ကြောင့် Sam ငြင်းမနေတော့ပြီ။

"သူလျှိုဆို။"

"အင်း၊ နောက်မှ ဆက်ပြီးစုံစမ်းကြည့်ရမယ်။"

"Benjamin ကို ခိုင်းလိုက်ပြီလား။"

"ဟင့်အင်း၊ နောက်မှပဲ။"

"ကိုယ်တိုင်စုံစမ်းမှာလို့တော့ မပြောပါဘူးနော်။"

Sam ၏ မယုံသင်္ကာအကြည့်နှင့် အမေးကို Dean မသိချင်ယောင်ဆောင်ကာ ခေါင်းသာခါလိုက်၏။

"ဒဏ်ရာရတာတောင် မမှတ်ဘူး။ အိမ်ရှေ့စံလို့သာ တစ်ယောက်ယောက်သိသွားရင် အန္တရာယ်များပါဘိနဲ့။ ထပ်ဝင်မပါနဲ့တော့။"

တစ်ယောက်ယောက်က သူ့ကို အိမ်ရှေ့စံလို့သိသွားရင် ဘယ်လိုများဆက်ဆံလေမလဲလို့ Dean သိချင်မိပါရဲ့။

by Demon

5)

Sam က အန္တရာယ်များသောကိစ္စများကို ထပ်မပါရန်ပြောသောအခါမှ Dean အခင်းဖြစ်နေရာမှ ဓားမြှောင်

တစ်ချောင်းယူလာသည်ကို သတိရသွားသည် ။ ထို့​ကြောင့် Sam ကို 

" Sammy ငါမင်းကိုပြစရာရှိတယ် "

ဟု ဆိုကာ စားပွဲခုံပေါ်တွင် တင်ထားသောဓားမြှောင်ကိုယူ၍ Sam လက်ထဲသို့ ထည့်ပေးလိုက်သည် ။ ထည့်ပေးရင်းကလည်း

" အဲ့ဒီဓားပေါ်မှာဘာရေးထားတာလဲဆိုတာ မင်းဘာသာပြန်ပေးလို့ရမလား "

ဟု ပြောလိုက်သည် ။ Sam က ဓားမြှောင်ကိုအသေအချာကြည့်၍

" ဒါ ... ရှေးဟောင်းဂရိစာပဲ ... ဘာရေးထားတာလဲဆိုတာသိဖို့အတွက်ကတော့ ငါစာအုပ်ပြန်ကြည့်ဖို့လိုတယ် "

ဟု ပြောသည် ။ ပြီးမှ

" မင်းဒါကိုဘယ်ကရလာတာလဲ ... မဟုတ်မှ.... " 

ဟု စကားစသည် ။ ထို့ကြောင့် 

" ဟုတ်တယ် ... သေသွားတဲ့လူဆီကယူလာတာ "

ဟူ၍ ဖြတ်ပြောလိုက်သည် ။ ထို့နောက်

" အရေးကြီးတဲ့ကိစ္စမို့လို့ မြန်မြန်သိရလေကောင်းလေပဲ "

ဟူသော စကားကိုပါ ထပ်ပြောလိုက်သည် ။ 

6)

Castiel လူသေအလောင်းဆီမှ ပစ္စည်းများကိုယူခဲ့သော်လည်း ထိုပစ္စည်းများထဲတွင် မိမိတွေ့ခဲ့သောဓားမြှောင်ပါမလာ ။

" အဲ့ဒီလူဆီမှာကျန်ခဲ့တာများလား "

ဟု တွေးမိသော်လည်း ထိုကိစ္စသည်မဖြစ်နိုင် ။ နေရာမှမထွက်လာခင်ကတည်းက ထိုလူ့ကို အသေအချာစစ်ဆေးခဲ့ပြီးပြီဖြစ်သည် ။ ထို့ကြောင့်

" ဟို Campbell ယူသွားတာများလား "

ဟု တွေးလိုက်မိသည် ။

သို့သော် ....

ဤကိစ္စကလည်းမဖြစ်နိုင် ။ ထိုလူက မိမိထက်အရင် နေရာမှထွက်သွားခဲ့ခြင်းဖြစ်သောကြောင့် ထိုလူ အလောင်းဆီမှ တစ်ခုခုယူသွားလျှင် မသိဘဲနေမည်မဟုတ်သောကြောင့်

" ကျစ် ... သဲလွန်စရဖို့အတွက် ဒီဓားကအဓိကပါဆို အခုဓားကပျောက်နေတော့ ဘယ်လိုလုပ်ရပါ့မလဲ " 

ဟု ရေရွတ်ကာ မိမိတွင်ပါလာသောပစ္စည်းများကို စားပွဲခုံပေါ်သို့ စီ၍တင်လိုက်သည် ။ 

7)

အရေးကြီးသောအစည်းအဝေးရှိ၍ အစည်းအဝေးတက်ရမည့်လူများသာ အခန်းထဲသို့ဝင်ခိုင်းထားသော်လည်း မိမိ၏လက်အောက်မှလူတစ်ယောက်က အခန်းထဲသို့ အပြေးအလွှားဝင်လာကာ

" ပြသ္သနာတော့တက်ပြီ သခင် "

ဟု ပြောသဖြင့် Lilith မတ်တပ်ထရပ်လိုက်ပြီး

" မင်းကိုအခန်းထဲဝင်လာဖို့ ဘယ်သူကခွင့်ပြုလို့လဲ "

ဟူ၍ မေးလိုက်သည် ။

သို့သော် ....

ထိုလူက မိမိစကားကို အရေးမလုပ် ။

" နေ့လယ်က သခင်လွှတ်လိုက်တဲ့သူလျှို လုပ်ကြံခံလိုက်ရတယ် "

ဟူသော စကားကို အသည်းအသန်ပြောသည် ။ ထိုလူပြောသည့်သူလျှိုသည် မိမိတို့ဂိုဏ်းထဲတွင် အပါးနပ်ဆုံးနှင့် အပိရိဆုံးသောလူဖြစ်သောကြောင့် ဤသတင်းကို ကြားလိုက်ရသောအခါ ဒေါသမီးတို့က ဟုန်းကနဲထတောက်လာရသည် ။ ထို့ကြောင့် တောက်ခေါက်လိုက်ပြီး

" လုပ်ကြံတဲ့လူဘယ်သူဆိုတာ သိရပြီလား "

ဟု မေးလိုက်သည် ။

" Castiel Novak ပါ သခင် "

ဟူသော အဖြေစကားကြောင့် ဖြောင့်မတ်တည်ကြည်လွန်းကာ မိမိတို့နှင့်မပူပေါင်းဘဲ ဘုရင်နှင့် ခမည်းခမက်တော်ရန်ကြိုးစားနေသော နယ်စားမင်း Masters ၏ မျက်နှာကို ပြေးမြင်မိသည် ။ တစ်ဆက်တည်းမှာပင်

" ဪ ... သင်းက လုံးဝကိုဘုရင့်ဘက်တော်သားဖြစ်သွားပြီပေါ့ "

ဟု ရေရွတ်လိုက်သည် ။ ပြီးသည်နှင့် ရပ်နေသောလူအား

" အခုလောလောဆယ်တော့ သူလျှိုကငါတို့ဂိုဏ်းကဆိုတာ သူတို့သိကြသေးဦးမှာမဟုတ်ဘူး ... ဒါပေမဲ့ အဲ့ဒီ Novak က တအားပါးနပ်တာဆိုတော့ မကြာခင်သိသွားလိမ့်မယ် ... အဲ့ဒါကြောင့် ငါတို့ဘက်က ပြင်ဆင်စရာရှိတာတွေ ကြိုတင်ပြင်ဆင်ထားရမယ် "

ဟု ပြောလိုက်သည် ။ 

8)

ဖခင်ဖြစ်သူက အပြင်မထွက်ရန်အမိန့်ထုတ်ထားသောကြောင့် Meg တစ်ယောက် စံအိမ်ထဲတွင် တစ်ယောက်တည်း အူလည်လည်နှင့် အထီးကျန်နေရသည် ။ ခါတိုင်းဆိုလျှင် Castiel နှင့် အပျင်းပြေစကားပြောနေ၍ရသော်လည်း ယခင်တစ်ခေါက်ကိစ္စဖြစ်ပြီးကတည်းက Castiel တစ်ယောက် အလုပ်ရှုပ်နေသည် ။ ထို့ကြောင့် မိမိထံမလာနိုင်အား ။

" သူ့ဆီ ငါသွားကြည့်ရင်ရော "

ဟု တွေးမိသောအခါ ပျင်းသည့်စိတ်တို့က ကြက်ပျောက်ငှက်ပျောက်,ပျောက်ကုန်ပြီး ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည် ။ ထို့နောက် Castiel အတွက် သီးသန့်နေရာပေးထားသော အနောက်ဘက်အိမ်လေးဆီသို့ ထွက်လာခဲ့လိုက်သည် ။ 

ထင်ထားသည့်အတိုင်း Castiel က အိမ်ရှေ့တွင် စားပွဲခုံတစ်လုံးချ၍ စာရွက်များနှင့်အလုပ်ရှုပ်နေသည် ။ ဤသို့ ဦးဏှောက်ကို အသုံးပြုရသည့်အလုပ်များကိုလုပ်ရသည့်အခါများတွင် အနှောင့်အယှက်ပေးခံရသည်ကို Castiel က မကြိုက်သဖြင့် တမင်ပင် သီချင်းတစ်ပုဒ်ကို အော်ဆို၍ Castiel ထိုင်နေသည့်နေရာဆီသို့ လျှောက်သွားလိုက်သည် ။ 

9)

Castiel တစ်ယောက် ဓားမြှောင်ကိုရှာမတွေ့၍ ရထားသည့်သဲလွန်စကို လက်လွှတ်လိုက်ရမည့်အဖြစ်အား မဖြစ်လိုသဖြင့် ဓားမြှောင်တွင်ပါသောပုံများကို မိမိမှတ်မိသလောက် ပြန်စဥ်းစားကာ စာရွက်ပေါ်တွင် ချဆွဲနေမိသည် ။ ဤသို့ဆွဲနေငေါ်လည်း ဓားမြှောင်ကို အသေအချာကြည့်လိုက်ရခြင်းမဟုတ်သည့်အတွက် ထင်သလောက်ခရီးမရောက် ။ 

သို့သော် ... 

" ဘာမှမရှိခြင်းထက် အနည်းငယ်ရှိခြင်းက ပို၍ကောင်းသည် "

ဟူသော မူကို လက်ကိုင်ထားသူဖြစ်သောကြောင့် အားမလျှော့ ။ မှတ်မိသည့်ပုံကို ဂရိရှေးဟောင်းဘာသာပြန်စာအုပ်ထဲတွင် ပြန်ရှာကာ ခန့်မှန်းကြည့်မည်ဟုတွေးကာ စိတ်ထဲတွင်ပေါ်လာသည့်ပုံများကို ချဆွဲနေလိုက်သည် ။ မည်မျှကြာအောင် ထိုပုံများတွင်စိတ်ရောက်နေမိသည်မသိ ။ သခင်မလေးရောက်လာသည်ကိုပင်မသိလိုက် ။

" ဘာတွေဒီလောက်တောင် လုပ်နေတာလဲ Mr. Novak "

ဟူသော မေးခွန်းနှင့်အတူ လက်ထဲတွင်ရှိနေသောစာရွက်က သခင်မလေး၏လက်ထဲသို့ ရောက်သွားသောအခါမှ သတိဝင်လာသည် ။ 

10)

သခင်မလေးက စာရွက်ကိုကြည့်၍

" Skullcrusher "

" အဲ့ဒါဘာကြီးလဲ "

ဟု မေးသဖြင့် Castiel သခင်မလေး၏လက်ထဲမှ စာရွက်ကို ပြန်ယူလိုက်ပြီး 

" ဟိုနေ့က နယ်စားမင်းကိုပြောပြတဲ့သူလျှိုလေ ... သူ့ဓားမြှောင်မှာထွင်းထားတာကိုတွေ့ခဲ့တာ ... ဒါပေမဲ့ သိပ်တော့မမှတ်မိပါဘူး ... မှတ်မိသလောက်ချဆွဲထားကြည့်တာ " 

ဟူ၍ အဖြေပေးလိုက်သည် ။ ဤစကားအဆုံးတွင် သခင်မလေးက ခေါင်းညိတ်၍

" ကြည့်ရသလောက်ကတော့ Skullcrusher ပဲ "

ဟု ပြောသည် ။ ဤမျှလောက်များသည့်ပုံများက ဤနှစ်လုံးသာဖြစ်သည်ဟူသောကိစ္စကို သိပ်လက်မခံလိုသော်လည်း သခင်မလေးက ရှေးဟောင်းဂရိဘာသာစကားကို ကျွမ်းကျင်သူဖြစ်သောကြောင့် 

" Skullcrusher ဆိုတဲ့အဖွဲ့ကို ကျွန်တော်ကြားဖူးတယ် ... ဒါဆို ဒီအပြောင်းအလဲကာလမှာ တစ်ခုခုလုပ်ဖို့ကြံနေကြတာ သူတို့အဖွဲ့ပေါ့ " 

ဟု မမလေးကိုပြောရင်း မိမိကိုယ်ကိုယ်လည်း ပြန်ပြောလိုက်သည် ။

by the_richone_IX

■■■ Episode (4) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі