Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 16
1).

'ဘာျဖစ္ကုန္တာလဲ။'

ျမင္ေနရသည့္ျမင္ကြင္းကို Castiel မယံုႏိုင္ျဖစ္မိသြားသည္။
နယ္စားအိမ္ေတာ္၏ေတာင္ဘက္တစ္ျခမ္းမွာ အနက္ေရာင္မီးခိုးေငြ႕မ်ားၾကားတြင္ ေပ်ာက္ကြယ္လုမတတ္။ လူမ်ားရုတ္ရုတ္သဲသဲျဖစ္မေနသည္က ႀကိဳတင္ျပင္ဆင္ထားသည့္အတိုင္း အစီအစဥ္က်ေနေသးသည့္ဟန္။ ရဲမက္တို႔သည္သာ အိမ္ေတာ္ဝင္းအတြင္း လိုအပ္ရာကို ေျပးလႊားေဆာင္ရြက္ေနၾကသည္။

*ဝုန္း*

သိမ့္ခနဲတုန္ခါမႈကပ္ပါလာသည့္ ေပါက္ကြဲသံေၾကာင့္ နယ္စားမင္းကို Castiel ရွာမိသည္။ အနီးဆံုးရဲမက္ကိုဆြဲေခၚေမးလိုက္ရာ နယ္စားမင္းကို Inias ႏွင့္အတူေတြ႕လိုက္သည္ဟုသာ သိလိုက္ရ၏။ ထို႔ေၾကာင့္ အိမ္ေတာ္ေနာက္ဘက္အျခမ္းသို႔ Castiel ကူးလာလိုက္သည့္အခါ

"တပ္မႉး၊ နယ္စားမင္းတို႔ ဒီဘက္မွာပါ။"

လာေခၚသည့္ရဲမက္ေနာက္သို႔ Castiel လိုက္ခဲ့၏။ လက္နက္တိုက္ရွိရာသို႔ ေရာက္လာခဲ့ၿပီး နယ္စားမင္းကိုေတြ႕လိုက္ရသည္။

"အရွင္၊ ေပါက္ကြဲမႈက ..."

"အိမ္ေတာ္ထဲမေရာက္ဖို႔ကို ႀကိဳျပင္လိုက္ႏိုင္လို႔ စိတ္ပူစရာမရွိဘူး။ မီးကေတာ့ မတားႏိုင္ေတာ့ဘူး။ အခု အေရးႀကီးတာ စားဖိုေဆာင္ေနာက္ဘက္မွာ သမီးငယ္ကိုသြားေခၚဖို႔ပဲ။"

စားဖိုေဆာင္၏ေနာက္ဘက္တြင္ သီးႏွံမ်ိဳးေစ့မ်ားသိုေလွာင္ရာ တဲငယ္မ်ားရွိၿပီး ေအာက္ဘက္တြင္ ေျမေအာက္အခန္းတစ္ခုဖြဲ႕စည္းထားကာ ထိုမွထြက္သြားလၽွင္ အေနာက္ဘက္လယ္ေျမမ်ားကိုေက်ာ္၍ ေတာတန္းရွိရာသို႔ ေရာက္ႏိုင္ေပသည္။ ေတာတန္းကိုပတ္ထြက္လၽွင္ နန္းၿမိဳ႕ေတာ္သို႔သြားရာလမ္းသို႔ ေရာက္ႏိုင္၏။

"Inias ေရာ အရွင္။"

"ငါ့ကိုမပူနဲ႔၊ Inias ရွိတယ္။ အခု သူတို႔အဓိကထားၿပီးရွာေနမွာ ငါနဲ႔ သမီးငယ္ပဲ။ ဒါေၾကာင့္ မင္းကိုစိတ္ခ်ပါရေစ။"

*ဝုန္း*

"လယ္ကြင္းဘက္ကပဲ Castiel. ေပါက္ကြဲမႈေတြက အဲဒီေနရာကေန ေရွ႕ဆက္မတိုးႏိုင္ပါဘူး။ အေျခအေနကိုတည္ၿငိမ္ေအာင္ ငါထိန္းထားႏိုင္တဲ့အထိ သမီးေလးကို ေဘးကင္းေအာင္ေစာင့္ေရွာက္ပါ။"

Castiel ေခါင္းညိတ္ျပ၍ စားဖိုေဆာင္ရွိရာသို႔ ထြက္လာခဲ့လိုက္၏။ တဲငယ္မ်ားမွအခ်ိဳ႕ကို မီးကူးစျပဳေန၍ မီးခိုးမ်ားၾကားမွ ေျမေအာက္ခန္းဆီသို႔ Castiel ဦးတည္လိုက္သည္။

2).

အမ်ိဳးသားတစ္ဦး၏ေနာက္တြင္ အမ်ိဳးသမီးႀကီးတစ္ဦးႏွင့္ မိန္းမပ်ိဳတစ္ဦးတို႔ လိုက္ပါလာၿပီး နယ္စားအိမ္ေတာ္၏ေနာက္ဘက္ရွိ လယ္ေတာမ်ားကိုျဖတ္ရန္ ႀကိဳးစားေနသည္။ ေတာင္ဘက္ျခမ္းမီးေလာင္ေနရာမွ လူအခ်ိဳ႕က ထိုသံုးဦးထံဦးတည္၍ ရန္ျပဳရန္ျပင္၏။ သို႔ေသာ္ မည္သည့္ေနရာမွလာသည္မသိသည့္ ျမားတံတို႔က ရန္ျပဳမည့္သူတို႔အား ဟန္႔တားလိုက္ေသာေၾကာင့္ လူႏွစ္ဦးျမားမွန္သြားေလၿပီ။ က်န္သူတို႔ႏွင့္ ရဲမက္အခ်ိဳ႕တို႔ ေရာေထြးသြားသည္။ ဆက္၍ေျပးထြက္သြားသည့္ လူသံုးဦးမွာ ေတာတန္းေလးအစပ္သို႔ေရာက္လာၿပီးေနာက္ ထိုေနရာသို႔ ျမင္းႏွင့္လူတစ္စုကလည္း ဝင္ေရာက္လိုက္ပါသြားေလသည္။

ေတာတန္းတစ္ဖက္ျခမ္းတြင္

"ၿမိဳ႕စားမင္း၊ နယ္စားအိမ္ေတာ္ကိုေတာ့ ဝင္ၿပီးရွာေနၾကပါတယ္။ Lady Masters နဲ႔ သူ႔အထိန္းေတာ္လို႔ထင္ရတဲ့ အမ်ိဳးသမီးကို ေတာတန္းထဲဝင္သြားတာေတြ႕လိုက္ပါတယ္။"

"ဘယ္သူပါသလဲ။"

"အေစာင့္အေရွာက္တစ္ေယာက္ပဲ ပါသြားပါတယ္။"

"Novak ပဲျဖစ္မယ္။ ၿမိဳ႕ေတာ္ဆီသြားတဲ့လမ္းေတြ အကုန္ပိတ္ထားလိုက္။ အဲဒီသံုးေယာက္ကို ရေအာင္ရွာ။"

ၿမိဳ႕စားမင္း Roman ၏အမိန္႔အတိုင္း ေတာနင္းရွာၾကေလရာ ေတာတန္းတစ္ေနရာတြင္ ထိုလူသံုးဦးအား ဝိုင္းမိေလေတာ့သည္။ တစ္ဦးတည္းႏွင့္ လူေျခာက္ေယာက္ခန္႔အဖြဲ႕ကို ခုခံေနရာမွ အမ်ိဳးသမီးတစ္ဦးကို တစ္ဖက္မွလွမ္းဆြဲေခၚႏိုင္သြားခ်ိန္

"အ"

ထိုအမ်ိဳးသမီး၏လက္မွဓားေျမႇာင္က ဆြဲေခၚသည့္လူ၏နံၾကားသို႔ ထိုးစိုက္သြားေလသည္။ ထို႔ေၾကာင့္ အျခားတစ္ဦးမွေန၍ ထိုအမ်ိဳးသမီးအား တစ္ခ်က္ကန္လိုက္ရာ ၿပိဳလဲက်သြားရွာသည္။ တစ္ဖက္မွတိုက္ခိုက္ေနသူက ထိုအမ်ိဳးသမီးငယ္ကိုကယ္ရန္ ေနာက္လွည့္ရျပန္ေလသည္။ အင္အားမမၽွသည္ေၾကာင့္ ထိုလူထံတြင္ ဒဏ္ရာမ်ားရလာၿပီး အမ်ိဳးသမီးႏွစ္ဦးသည္လည္း တစ္ဖက္လူႏွစ္ဦးထံတြင္ အဖမ္းခံလိုက္ရသည္။

"ရပ္လိုက္။"

အမ်ိဳးသမီးတို႔ကိုခုတံုးလုပ္ကာ တိုက္ခိုက္ေနသူကိုရပ္တန္႔ေစသည့္ တစ္ဖက္တြင္လည္း လူႏွစ္ဦးသာက်န္၏။ ဖမ္းခ်ဳပ္ခံရသည့္အမ်ိဳးသမီးငယ္၏ ေခါင္းေဆာင္းကို တစ္ဖက္လူကဆြဲဖယ္လိုက္သည့္အခါ

"လူမွားၿပီ။"

၎တို႔ေတြးထင္ထားသကဲ့သို႔ ထိုအမ်ိဳးသမီးငယ္မွာ သခင္မေလး Meg Masters မဟုတ္သကဲ့သို႔ တစ္ဦးတည္းခုခံတိုက္ခိုက္ေနသည္မွာလည္း တပ္မႉး Novak မဟုတ္ေပ။ ထိုမိန္းကေလးမွာ သခင္မေလး၏အနီးတြင္ အျမဲတမ္းရွိေနတတ္သည့္ Tracy ဆိုသည့္မိန္းကေလးပင္ျဖစ္သည္။ ေၾကာင္အသြားသည့္ထိုလူႏွစ္ဦးအား Tracy က တစ္ကိုယ္လံုးႏွင့္တိုက္၍ရုန္းထြက္လိုက္ခ်ိန္ တစ္ဦးတည္းရွိသည့္ခုခံသူကလည္း ထိုလူမ်ားထံ ေျပးဝင္တိုက္ခိုက္ေလေတာ့သည္။
အေျခအေနမ်ား ၿငိမ္သက္သြားခ်ိန္တြင္ ေတာတန္းေလးထဲ၌ အေလာင္းေျခာက္ေလာင္းႏွင့္ လူသံုးဦးရွိေနေလသည္။

"Samandriel, အဆင္ေျပရဲ႕လား။"

ေသြးတို႔ေပက်ံေနသည့္ ဒဏ္ရာဗလပြႏွင့္ Samandriel က ေခါင္းညိတ္ျပကာ

"အသက္နဲ႔ေတာ့ေဝးပါတယ္။ အထိန္းေတာ္ႀကီးေရာ။"

"အိုကြယ္၊ အသက္ႀကီးေတာ့ ေမာတာေပါ့။ က်န္တာဘာမွမဖစ္ဘူး။ သခင္မေလးတို႔ ေဘးကင္းမွာပါေနာ္။"

"ေဘးကင္းမွာပါ။ အဲဒီဘက္ကိုသြားမယ္လို႔ သူတို႔ထင္မွာမဟုတ္ဘူး။ အဲဒီဘက္မွာက သူတို႔အေစာင့္ထားလည္း တစ္ေယာက္ႏွစ္ေယာက္ေပါ့။"

Tracy က အားတက္သေရာေခါင္းညိတ္ရင္း

"အ"

"ဟင္၊ Tracy! ေသြးေတြ ..."

"နည္းနည္းေလးပါ။"

ေျပာၿပီးေခြက်သြားသည့္ Tracy ၏ဝမ္းဗိုက္ေဘးတြင္ ေသြးတို႔ကစိမ့္ထြက္လို႔ေနေတာ့သည္။

3).

သစ္ပင္ေပၚမွ လြင့္စင္က်လာသည့္လူက ေျမျပင္ေပၚသို႔အေရာက္တြင္ ၿငိမ္သက္ေနေလၿပီ။ ေလးတစ္လက္ကိုလက္မွကိုင္လ်က္ က်န္လက္တစ္ဖက္တြင္ ဓားတစ္လက္အသင့္ျပင္ကာ ထိုလူအနီးသို႔တိုးကပ္သြားၿပီး စစ္ေဆးၾကည့္ကာ ေသခ်ာသြားသည့္အခါမွ ေနာက္ဘက္သို႔ေခါင္းညိတ္ျပလိုက္သည့္ Castiel ေနာက္သို႔ Meg တိုးကပ္သြားလိုက္၏။

"ဒီေကာင္ေတြ ဒီေနရာမွာ လူအမ်ားႀကီးမရွိႏိုင္ပါဘူး။"

Meg ေခါင္းညိတ္လိုက္၏။
ထို႔ေနာက္ စီစဥ္ထားရာလမ္းေၾကာင္းအတိုင္း ဆက္ထြက္လာခဲ့ၾကေလသည္။ ႀကိဳတင္တြက္ဆခဲ့သည့္အတိုင္းပင္ ထိုလမ္းေၾကာင္းတြင္ Castiel လက္ခ်က္မိသြားသည္မွာ ေလးဦးသာ။ ထိုေလးဦးမွာလည္း တစ္ေနရာတြင္တစ္ဦးက်ႏွင့္ အေစာင့္သက္သက္ပင္။

အုပ္ဆိုင္းေနသည့္ သစ္ပင္အုပ္ေလးရွိရာခ်ိဳင့္ဝွမ္းေလးသို႔ ေရာက္လာၾကၿပီးေနာက္ နားေနလိုက္ၾကသည္။

"လသာတယ္။ မီးေမႊးမရတာနဲ႔ အေတာ္ပဲ။"

Meg ၏အဆိုကို Castiel ေထာက္ခံလိုက္သည္။ သန္းေခါင္ေက်ာ္လမင္းက ေကာင္းကင္ယံတြင္ထိန္ထိန္ညီးလ်က္။

"အထိန္းေတာ္ႀကီးတို႔ ေဘးကင္းရဲ႕လားမသိဘူး။"

"Samandriel က စိတ္ခ်ရပါတယ္။"

"တအားေဝးခဲ့ၿပီမဟုတ္လား။"

"ဟုတ္ကဲ့။ သခင္မေလးမဟုတ္မွန္း သူတို႔သိသြားလို႔ လိုက္ရွာမယ္ဆိုရင္ေတာင္ ဒီေနရာကို မနက္ေနျမင့္မွေရာက္မွာပါ။ ဒါကလည္း ဒီေနရာကိုဦးတည္လာဦးမွပါ။"

"ၿမိဳ႕ေတာ္ဆီသြားမယ္လို႔ပဲ ေတြးၾကမွာေပါ့ေနာ္။"

Castiel ေခါင္းညိတ္သည့္အခါ Meg က တိုးလ်စြာရယ္၏။
Castiel က ေမးခြန္းဆန္ေသာအၾကည့္ႏွင့္ ၾကည့္သည့္အခါ

"သူတို႔က ဘာလို႔ အိမ္ေရွ႕စံဆီေျပးမယ္လို႔ပဲေတြးသလဲ။ အခုေတာ့ သူတို႔ပဲအရူးျဖစ္ဦးမယ္၊ ဟာဟ။ သူတို႔ကို ဒီတစ္ခါေတာ့ အမိဖမ္းႏိုင္မယ္မဟုတ္လား Castiel?"

"အဓိကလူေတြ အကုန္လံုးမဟုတ္ရင္ေတာင္ ေတာ္ေတာ္မ်ားမ်ားေတာ့ မိမွာပါ။ ဒီတစ္ေခါက္ကို သူတို႔ကအပိုင္တြက္ထားတာပဲ။ သခင္မေလးနဲ႔အရွင့္ကို တစ္ေယာက္ေတာ့ရရမယ္လို႔ တြက္ထားမွာ။ သခင္မေလးက ဒီဘက္အထိ ဒုကၡခံၿပီးလာေရွာင္မယ္လို႔ ေတြးမွာမဟုတ္ေတာ့ ဟိုဘက္မွာအသည္းအသန္ရွာၾကမွာပဲ။ မေတြ႕တဲ့အခါ အနည္းနဲ႔အမ်ားေတာ့ လႈပ္လႈပ္ရွားရွားျဖစ္ၿပီး ေျခလွမ္းမွားၾကမယ္။ သူတို႔မွာက တစ္ညပဲအခ်ိန္ရတာေလ။"

"အင္း၊ လြဲၾကပါေစ။"

စကားေျပာေနလ်က္မွပင္ ေနရာထိုင္ခင္းတစ္ခုကို ျပင္ဆင္ၿပီးသြားသည့္ Castiel က

"သခင္မေလး အနားယူလိုက္ပါဦး။"

ပါလာသည့္ေရဘူးကို အနားတြင္ခ်ေပးကာ Castiel က ထရပ္လိုက္သည့္အခါ

"ဘယ္ကိုလဲ။"

"ဒီမွာပဲရွိမွာပါ။"

ခပ္လွမ္းလွမ္းမွ သစ္ကမူေလးထံညႊန္ျပရင္း Castiel က ဆို၏။ Meg ေခါင္းညိတ္ျပၿပီး သူ႔အတြက္ေနရာေလးတြင္ ေခြေခြေလးလဲေလ်ာင္းေနလိုက္ေတာ့သည္။ တစ္ညလံုးေျပးလႊားလာခဲ့ရ၍ ေျခအစံုတို႔က ေညာင္းညာေနသည္မွာအမွန္ပင္။ သစ္ပင္ရိပ္တို႔ၾကားမွ တိုးထြက္ေနသည့္လေရာင္တန္းကို ေငးေမာရင္းမွပင္ Meg Masters တစ္ေယာက္ အိပ္စက္ျခင္းထံသို႔တိုးဝင္သြားခဲ့ေတာ့သည္။

4).

သစ္ရြက္မ်ားၾကားမွလေရာင္က ေျမျပင္ေပၚသို႔ျဖာတန္းေနေလသည္။ လေရာင္တိုက္ရိုက္က်ေနသည့္ သစ္ပင္တန္းႏွင့္လြတ္ကင္းရာသို႔ Dean ထြက္လိုက္၏။ တံတားငယ္ေလးေပၚသို႔ဦးတည္လိုက္ၿပီး တံတားအလယ္သို႔အေရာက္တြင္ ထိုင္ခ်လိုက္သည္။ ကန္ေရျပင္တြင္ ဝိုင္းစက္ေနသည့္လမင္းက အရိပ္ထင္လ်က္။ Dean လက္ထဲတြင္ပါလာသည့္ အရက္အိုးကို ေမာ့ေသာက္လိုက္သည္။ ယခုအထိေတာ့ ျမင္ကြင္းတိုင္းသည္ ရွင္းလင္းျပတ္သားစြာ။

"တစ္ဖက္ကမိန္းကေလးေတြေတာ့ ေတာ္ေတာ္စိတ္ညစ္မွာ။"

ရယ္ခ်င္သည့္ေလသံႏွင့္ Dean ၏စကားေၾကာင့္ ေနာက္နားမွပါလာၿပီး ခပ္လွမ္းလွမ္းတြင္ရပ္ေစာင့္ေနသည့္ Benny စကားျပန္ရန္ျပင္လိုက္သည္။ သို႔ေသာ္ Dean ကပင္ဆက္ေျပာသည္မွာ

"စဥ္းစားၾကည့္ပါဦး။ တစ္ခါမွမေတြ႕ဖူးတဲ့ေယာက္်ားကို တစ္ခါမွမျမင္ဖူးတဲ့ တျခားမိန္းမတစ္ေယာက္နဲ႔ ခြဲယူရမွာတဲ့။ အရမ္းသနားဖို႔ေကာင္းတယ္။ ၿပီးရင္ အဲဒီေယာက္်ားကလည္း ခ်စ္မွာမဟုတ္ဘူး။"

ေျပာခ်င္ရာေျပာေနသည့္ အိမ္ေရွ႕စံ၏စကားတို႔ကို မင္းသမီး Lisa ႏွင့္ သခင္မေလး Meg တို႔ၾကားႏိုင္မည္ဆိုလၽွင္ နန္းေတာ္ႏွင့္ေဝးရာသို႔သာ ထြက္ေျပးခ်င္ေပေတာ့မည္။

"Benny, ငါကေရာ ဒီတစ္သက္ ငါခ်စ္တဲ့လူနဲ႔ အတူေနႏိုင္မွာလား။"

"အရွင့္သား သေဘာက်တဲ့မိန္းကေလးေတြ႕တဲ့အခါ အနားကိုေခၚထားႏိုင္တာပဲ။"

"ငါေခၚထားခ်င္တဲ့အခါက် သူက လာေနႏိုင္ပါ့မလား။"

"အရွင့္သားလိုလူကို ဘယ္သူကျငင္းဆန္မွာပါတဲ့လဲ။"

"အခုေတာင္ ျငင္းဆန္ႏိုင္ခြင့္မရွိၾကလို႔သာ ငါ့အနားေရာက္လာၾကတာေလ။ ဘာျဖစ္တယ္၊ ကိစၥက တစ္ခုတည္းမဟုတ္ပါဘူးတဲ့။ အဲဒီဝန္ေတြကိုထမ္းပိုးၿပီး သူကေတာင္တာဝန္ယူႏိုင္ေသးတာပဲ၊ ငါက ဘာလို႔မယူႏိုင္ရမွာလဲ။ လာဦးမယ္ ေနာက္တစ္ေယာက္။ ဘာေတြၾကားရဦးမယ္မသိဘူး။"

အရက္တစ္က်ိဳက္ေမာ့၊ စကားတစ္ခြန္းေျပာႏွင့္ အိမ္ေရွ႕စံ Dean တစ္ေယာက္ တရိပ္ရိပ္မူးလာေနၿပီျဖစ္သည္။

"ဘဝကလည္း ေရထဲကအရိပ္ထင္တဲ့လေတာင္ ႏွစ္စင္းျဖစ္ေနၿပီ။ Benny, ငါ အိပ္ခ်င္ၿပီ။"

ကန္ေရျပင္မွလရိပ္ကိုလက္ညႇိဳးညႊန္လ်က္မွ တံတားၾကမ္းခင္းေပၚပစ္လွဲသည့္ အိမ္ေရွ႕စံကို ကိုယ္ရံေတာ္ Benny ဆြဲထူကာ ေက်ာထက္သို႔တင္လိုက္၏။ မူးေနၿပီျဖစ္သည့္ အိမ္ေရွ႕စံမွာေတာ့ ကိုယ္ရံေတာ္၏ေက်ာေပၚတြင္ ၿငိမ္သက္စြာပါလာေလေတာ့သည္။

ညက္ေညာလွသည့္အိပ္ရာထက္သို႔ အိမ္ေရွ႕စံကိုတင္ေပးကာ ျခံဳလႊာေစာင္ကိုဆြဲယူ၍ ကိုယ္ရံေတာ္ Benny ဂရုတစိုက္ျခံဳေပးလိုက္၏။ ထို႔ေနာက္တြင္ အိပ္စက္ေနၿပီျဖစ္သည့္ Dean ကိုၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ရႈိက္ကာ Benny ျပန္ထြက္သြားေလသည္။ ထိုအခါမွ Dean က လူးလြန္႔လာၿပီး တစ္ဖက္စြန္းရွိအခင္းေမြ႕ရာေအာက္သို႔ လက္ကိုထိုးသြင္းလိုက္၏။ ျပန္ထြက္လာသည့္ Dean ၏လက္တြင္ အနက္ေရာင္အဝတ္ေခါက္တစ္ထည္က အျခားေသာပိုးဖဲကတၱီပါတို႔ႏွင့္ဆန္႔က်င္စြာ။

5).

အနက္ေရာင္ဝတ္ရံုကိုျဖန္႔လိုက္ၿပီး အိပ္ေပ်ာ္ေနသည့္ သခင္မေလး Meg ၏ကိုယ္ေပၚသို႔ Castiel ျခံဳလႊားေပးလိုက္သည္။ သခင္မေလး၏ညစဥ္တိုင္းကို ဤကဲ့သို႔ၾကမ္းတမ္းျခင္းမ်ိဳးႏွင့္ ကင္းေဝးေစလိုသည့္ဆႏၵတို႔က Castiel ရင္တြင္း၌ျဖစ္ေပၚလာသည္။ သို႔ေသာ္ Castiel ေတြးမိသည္တို႔က အဆိုးဘက္သို႔သာယိမ္းယိုင္ေန၏။ နန္းတြင္းသို႔ေရာက္သြားခဲ့လၽွင္ ေအးခ်မ္းႏိုင္မည္ဟု ယခင္ကေတြးထင္ထားခဲ့ေသာ္လည္း ယခုအခါ ထိုသို႔ေတြးမရေတာ့ၿပီ။ ေအးခ်မ္းစြာအိပ္ေမာက်ေနသည့္ သခင္မေလး၏မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္ၿပီး Castiel ထထြက္လာလိုက္ေတာ့သည္။

သစ္ကမူေလးတြင္ Castiel ထိုင္ခ်လိုက္ၿပီး အက်ႌကိုပခံုးထက္မွဆြဲခ်သည့္အခါ ပခံုးမွဒဏ္ရာသည္ ေသြးတို႔ပင္ေျခာက္ေသြ႕စျပဳေနေလၿပီ။ အျခားလည္းမရႏိုင္သည္ေၾကာင့္ ေရႏွင့္သာေလာင္း၍ ေသြးတို႔ကိုသုတ္ပစ္ကာ ေဆာင္ထားေနက်ျဖစ္သည့္ေဆးကို ေလာင္းထည့္လိုက္သည္။ ထို႔ေနာက္ အဝတ္စတစ္ခုျဖင့္စည္းေႏွာင္လိုက္ၿပီး အက်ႌကိုျပန္ျပင္ဝတ္လိုက္သည္။ သခင္မေလး Meg ကို လွမ္းၾကည့္သည့္အခါ ေကာင္းမြန္စြာအိပ္စက္ေနဆဲ။

"ဘယ္ေနရာေရာက္ေရာက္ အႏၲရာယ္ကင္းႏိုင္ဖို႔ ကၽြန္ေတာ္အတတ္ႏိုင္ဆံုး ေစာင့္ေရွာက္ပါ့မယ္။"

by Demon

6.

ေနပင္ေကာင္းေကာင္းမထြက္ေသး ဘုရင္မင္းျမတ္၏ မနက္ညီလာခံခန္းမဆီသို႔ ဘုရင္မင္းျမတ္ယုံၾကည္ရသည့္ မႉးမတ္မ်ားက ဝင္ထြက္သြားလာၾကကာ ေျခရႈပ္ေနၾကေသာေၾကာင့္ Dean အိပ္ခ်င္ေနသည့္စိတ္မ်ားပင္ ေပ်ာက္ဆုံးသြားရသည္ ။ ထို႔ေၾကာင့္ Sam ရွိေနမည့္အေဆာင္ဘက္သို႔ ဤအမတ္မ်ား ေျခရႈပ္ေနရသည့္ အေၾကာင္းအရာကိုစုံစမ္းရန္ ထြက္လာခဲ့လိုက္သည္ ။ ထိုစဥ္ တိုက္တိုက္ဆိုင္ဆိုင္ပင္ Sam က မိမိထံသို႔ တည့္တည့္ေလၽွာက္လာသျဖင့္ Sam ကို လက္လွမ္းျပလိုက္ၿပီး အနားသို႔ ခပ္သြက္သြက္ေလၽွာက္သြားလိုက္သည္ ။

အနားသို႔ေရာက္ေသာအခါမွ

" ခမည္းေတာ္က မနက္ေစာေစာစီးစီး ညီလာခံေခၚေနတာ ဘာမ်ားျဖစ္လို႔လဲ ... မင္းသိလား "

ဟု မိမိသိခ်င္ေနေသာေမးခြန္းကို ေမးလိုက္သည္ ။ Sam က မသိေၾကာင္းေခါင္းခါျပသျဖင့္ စိတ္ညစ္သြားကာ

" ဒါျဖင့္ ငါတို႔ဘယ္သူ႔ကိုေမးၾကမလဲ "

ဟု ေျပာလိုက္သည္ ။

" Charlie "

ဟူေသာ အမည္နာမကို ႏွစ္ေယာက္စလုံး ၿပိဳင္တူေရ႐ြတ္လိုက္မိေသာေၾကာင့္ Charlie ရွိေနမည့္ေနရာဆီသို႔ ႏွစ္ေယာက္အတူ ထြက္လာခဲ့လိုက္သည္ ။

7.

" နယ္စားမင္း Masters တို႔သားအဖ လုပ္ၾကံခံရလို႔တဲ့ "

ဟူေသာ အေျဖကို Charlie က ေပးလာေသာေၾကာင့္ Dean မ်က္လုံးျပဴးသြားၿပီး

" သူတို႔ ဘာမွေတာ့မျဖစ္ၾကဘူးမဟုတ္လား ... အႏၲရာယ္ကင္းၾကရဲ႕လား "

ဟု အေလာတႀကီး ေမးလိုက္မိသည္ ။

" နယ္စားမင္း Masters ကေတာ့ ေဘးကင္းတယ္တဲ့ "

ဟု Charlie က အေျဖျပန္ေပးျပန္ေသာေၾကာင့္

" ဒါျဖင့္ Novak နဲ႔ Meg Masters ကေရာ "

ဟူ၍ ေမးလိုက္သည္ ။ ယခုတစ္ႀကိမ္တြင္မူ Charlie က ေခါင္းခါျပေသာေၾကာင့္ အံႀကိတ္လိုက္ၿပီး

" ဒီကိစၥကို ခမည္းေတာ္သိလား "

ဟု ေမးလိုက္သည္ ။

" အခုညီလာခံေခၚေနတယ္ဆိုေတာ့ သိလို႔ေနမွာေပါ့ "

ဟူေသာ အေျဖကို Charlie က ျပန္ေပးေသာေၾကာင့္ Sam ကို

" ငါ ခမည္းေတာ္ကိုသြားေတြ႕လိုက္အုံးမယ္ "

ဟု ေျပာကာ အခန္းထဲမွ ခပ္သြက္သြက္ထြက္လာခဲ့လိုက္သည္ ။

8.

နယ္စားမင္း Masters ကို လုပ္ၾကံရန္ၾကံစည္သည့္လူအား စုံစမ္းေဖာ္ထုတ္သည့္ကိစၥႏွင့္ ေပ်ာက္ဆုံးေနေသာ Lady Masters ႏွင့္ Castiel Novak ကို ရွာေဖြသည့္ကိစၥကို နန္းေတာ္အတြင္းမွ အထူးတပ္သားမ်ားက ဘုရင္မင္းျမတ္ထံမွ အမိန္႔ရသည္ႏွင့္ လုပ္ေဆာင္ေနၾကၿပီျဖစ္ေသာ္လည္း Dean တစ္ေယာက္ စိတ္မေအးႏိုင္ ။ မင္းႀကီးထံမွခြင့္ေတာင္းကာ ထိုအဖြဲ႕ႏွင့္အတူ Castiel တို႔ကို ရွာေဖြရာ၌ ပါဝင္ကူညီေနမိသည္ ။

သို႔ေသာ္ ....
လြယ္လြယ္ႏွင့္ ရွာမေတြ႕ ။ ဤမၽွေလာက္မ်ားျပားလွေသာ လူအင္အားသုံး၍ ရွာေဖြေနေသာ္လည္း အခ်ိန္ငါးရက္ၾကာသည္အထိ အပုန္းေကာင္းေနသူႏွစ္ေယာက္၏ သတင္းအစအနကိုမရ ။

" မဟုတ္မွ ႏွစ္ေယာက္စလုံးေသသြားၾကတာေတာ့ မဟုတ္ေလာက္ပါဘူး "

ဟု ေတြးမိေသာအခါ ယခုလို နန္းေတာ္ထဲမွေန၍ ကူညီေန႐ုံႏွင့္မျဖစ္ေတာ့ဟု ေတြးမိကာ စုံစမ္းေရးအဖြဲ႕မ်ားႏွင့္အတူ နန္းျပင္သို႔လိုက္လာခဲ့လိုက္သည္ ။

9.

" ဒါျဖင့္လည္း လက္ထပ္ၾကတာေပါ့ "

ဟု ဆိုသြားေလသူက ယခု နယ္စားမင္း Masters ၏ သမီးျဖစ္သူ Meg Masters အား ရွာေဖြရာ၌ ထဲထဲဝင္ဝင္ပါဝင္ပတ္သက္ေနျပန္သျဖင့္ Lisa တစ္ေယာက္ အားငယ္ရျပန္သည္ ။ ဤကဲ့သို႔ အားငယ္ေနသည့္ၾကားက နန္းေတာ္ထဲမွလူအခ်ိဳ႕သည္ အိမ္ေရွ႕စံမင္းသားႏွင့္ Meg Masters ၏ အေၾကာင္းမ်ားကို မိမိၾကားထား ၊ သိထားသည္ႏွင့္ ဆန္႔က်င္ဘက္သတင္းမ်ားကို ေျပာေနသျဖင့္ ဤနန္းေတာ္သို႔စထြက္လာစဥ္ကတည္းက မိမိအနားတြင္ တေကာက္ေကာက္လိုက္ပါလာေသာ မိမိ၏ကိုယ္လုပ္ေတာ္ကို

" အိမ္ေရွ႕စံက ငါ့ကို တကယ္ေတာ့လက္ထပ္ေလာက္ပါတယ္ေနာ္ "

ဟု မိမိစိတ္ထဲတြင္ခံစားေနရေသာ မတင္မက်ျဖစ္ေနသည့္အေၾကာင္းအရာအား ထုတ္ေမးလိုက္မိသည္ ။ ထိုကိုယ္လုပ္ေတာ္မိန္းမပ်ိဳက မိမိေမးခြန္းကို

" မင္းသမီးေလးက ဒီေလာက္လွပၿပီးက်က္သေရရွိတာ ဘယ္သူက မင္းသမီးေလးကို အပိုင္မရခ်င္ဘဲေနမလဲ "

ဟု ျပန္ေျဖေသာ္လည္း မိမိစိတ္ကမူ မေအးႏိုင္ပါေပ ။

10.

Dean စုံစမ္းေရးအဖြဲ႕ႏွင့္အတူ ယခင္တစ္ေခါက္ကေရာက္ဖူးေသာ Castiel ၏ ယာယီေနအိမ္ဆီသို႔ လာခဲ့ေသာ္လည္း ေသာ့ခတ္ထားေသာအိမ္သည္ တိတ္ဆိတ္ၿငိမ္သက္စြာျဖင့္ မိမိတို႔အား ေစာင့္ႀကိဳလ်က္ရွိေနသည္ ။ ထို႔ေၾကာင့္ အေနာက္မွ ထက္ၾကပ္မကြာလိုက္ပါလာေသာ Benny ကို မ်က္ႏွာရိပ္ျပကာ လူရွင္းသည့္ေနရာဆီသို႔ ႏွစ္ေယာက္သား ထြက္လာခဲ့လိုက္သည္ ။ ေနရာသို႔ေရာက္သည္ႏွင့္ Benny က

" ဘာမ်ားအလိုရွိလို႔လဲ အရွင့္သား "

ဟု ေမးသည္ ။ မိမိ၏ ဤလုပ္ရပ္သည္ မိမိအတြက္အႏၲရာယ္ရွိႏိုင္သလို ခမည္းေတာ္အတြက္လည္း အႏၲရာယ္ရွိႏိုင္ေသာ္လည္း ေပ်ာက္ဆုံးေနသူႏွစ္ဦးကို ဤနည္းႏွင့္မွမရွာလၽွင္ ရွာေတြ႕ႏိုင္မည္မဟုတ္ေသာေၾကာင့္ သက္ျပင္းခ်လိုက္ၿပီး

" ငါ နယ္စားမင္း Masters ရဲ႕ အိမ္ေတာ္ကိုသြားၾကည့္ခ်င္တယ္ "

ဟု ေျပာလိုက္သည္ ။ ဤစကားကိုၾကားေသာအခါ Benny က မ်က္လုံးျပဴးသြားကာ

" အရွင့္သား "

ဟု ေခၚသည္ ။ ထို႔ေနာက္

" အရွင့္သားရဲ႕လုပ္ရပ္က ဘယ္ေလာက္အႏၲရာယ္မ်ားႏိုင္တယ္ဆိုတာကိုေရာ သတိထားမိေသးရဲ႕လား "

ဟု ေမးသည္ ။ Benny က စိုးရိမ္ေနေသာ္လည္း မိမိကမူ Benny သေဘာတူသည္ျဖစ္ေစ ၊ မတူသည္ျဖစ္ေစ ထိုေနရာသို႔သြားမည္ျဖစ္ေသာေၾကာင့္

" ငါအခု မင္းကိုတိုင္ပင္ေနတာမဟုတ္ဘူး အသိေပးေနတာ .... မင္းဘာသာ လိုက္ခ်င္ရင္လိုက္ မလိုက္ခ်င္ရင္ေနခဲ့ "

ဟု ပိတ္ေျပာကာ ေနရာမွထြက္လာခဲ့လိုက္သည္ ။

by the_richone_IX

■■■ Episode (17) ဆက္ရန္ ■■■


1).

'ဘာဖြစ်ကုန်တာလဲ။'

မြင်နေရသည့်မြင်ကွင်းကို Castiel မယုံနိုင်ဖြစ်မိသွားသည်။
နယ်စားအိမ်တော်၏တောင်ဘက်တစ်ခြမ်းမှာ အနက်ရောင်မီးခိုးငွေ့များကြားတွင် ပျောက်ကွယ်လုမတတ်။ လူများရုတ်ရုတ်သဲသဲဖြစ်မနေသည်က ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း အစီအစဉ်ကျနေသေးသည့်ဟန်။ ရဲမက်တို့သည်သာ အိမ်တော်ဝင်းအတွင်း လိုအပ်ရာကို ပြေးလွှားဆောင်ရွက်နေကြသည်။

*ဝုန်း*

သိမ့်ခနဲတုန်ခါမှုကပ်ပါလာသည့် ပေါက်ကွဲသံကြောင့် နယ်စားမင်းကို Castiel ရှာမိသည်။ အနီးဆုံးရဲမက်ကိုဆွဲခေါ်မေးလိုက်ရာ နယ်စားမင်းကို Inias နှင့်အတူတွေ့လိုက်သည်ဟုသာ သိလိုက်ရ၏။ ထို့ကြောင့် အိမ်တော်နောက်ဘက်အခြမ်းသို့ Castiel ကူးလာလိုက်သည့်အခါ

"တပ်မှူး၊ နယ်စားမင်းတို့ ဒီဘက်မှာပါ။"

လာခေါ်သည့်ရဲမက်နောက်သို့ Castiel လိုက်ခဲ့၏။ လက်နက်တိုက်ရှိရာသို့ ရောက်လာခဲ့ပြီး နယ်စားမင်းကိုတွေ့လိုက်ရသည်။

"အရှင်၊ ပေါက်ကွဲမှုက ..."

"အိမ်တော်ထဲမရောက်ဖို့ကို ကြိုပြင်လိုက်နိုင်လို့ စိတ်ပူစရာမရှိဘူး။ မီးကတော့ မတားနိုင်တော့ဘူး။ အခု အရေးကြီးတာ စားဖိုဆောင်နောက်ဘက်မှာ သမီးငယ်ကိုသွားခေါ်ဖို့ပဲ။"

စားဖိုဆောင်၏နောက်ဘက်တွင် သီးနှံမျိုးစေ့များသိုလှောင်ရာ တဲငယ်များရှိပြီး အောက်ဘက်တွင် မြေအောက်အခန်းတစ်ခုဖွဲ့စည်းထားကာ ထိုမှထွက်သွားလျှင် အနောက်ဘက်လယ်မြေများကိုကျော်၍ တောတန်းရှိရာသို့ ရောက်နိုင်ပေသည်။ တောတန်းကိုပတ်ထွက်လျှင် နန်းမြို့တော်သို့သွားရာလမ်းသို့ ရောက်နိုင်၏။

"Inias ရော အရှင်။"

"ငါ့ကိုမပူနဲ့၊ Inias ရှိတယ်။ အခု သူတို့အဓိကထားပြီးရှာနေမှာ ငါနဲ့ သမီးငယ်ပဲ။ ဒါကြောင့် မင်းကိုစိတ်ချပါရစေ။"

*ဝုန်း*

"လယ်ကွင်းဘက်ကပဲ Castiel. ပေါက်ကွဲမှုတွေက အဲဒီနေရာကနေ ရှေ့ဆက်မတိုးနိုင်ပါဘူး။ အခြေအနေကိုတည်ငြိမ်အောင် ငါထိန်းထားနိုင်တဲ့အထိ သမီးလေးကို ဘေးကင်းအောင်စောင့်ရှောက်ပါ။"

Castiel ခေါင်းညိတ်ပြ၍ စားဖိုဆောင်ရှိရာသို့ ထွက်လာခဲ့လိုက်၏။ တဲငယ်များမှအချို့ကို မီးကူးစပြုနေ၍ မီးခိုးများကြားမှ မြေအောက်ခန်းဆီသို့ Castiel ဦးတည်လိုက်သည်။

2).

အမျိုးသားတစ်ဦး၏နောက်တွင် အမျိုးသမီးကြီးတစ်ဦးနှင့် မိန်းမပျိုတစ်ဦးတို့ လိုက်ပါလာပြီး နယ်စားအိမ်တော်၏နောက်ဘက်ရှိ လယ်တောများကိုဖြတ်ရန် ကြိုးစားနေသည်။ တောင်ဘက်ခြမ်းမီးလောင်နေရာမှ လူအချို့က ထိုသုံးဦးထံဦးတည်၍ ရန်ပြုရန်ပြင်၏။ သို့သော် မည်သည့်နေရာမှလာသည်မသိသည့် မြားတံတို့က ရန်ပြုမည့်သူတို့အား ဟန့်တားလိုက်သောကြောင့် လူနှစ်ဦးမြားမှန်သွားလေပြီ။ ကျန်သူတို့နှင့် ရဲမက်အချို့တို့ ရောထွေးသွားသည်။ ဆက်၍ပြေးထွက်သွားသည့် လူသုံးဦးမှာ တောတန်းလေးအစပ်သို့ရောက်လာပြီးနောက် ထိုနေရာသို့ မြင်းနှင့်လူတစ်စုကလည်း ဝင်ရောက်လိုက်ပါသွားလေသည်။

တောတန်းတစ်ဖက်ခြမ်းတွင်

"မြို့စားမင်း၊ နယ်စားအိမ်တော်ကိုတော့ ဝင်ပြီးရှာနေကြပါတယ်။ Lady Masters နဲ့ သူ့အထိန်းတော်လို့ထင်ရတဲ့ အမျိုးသမီးကို တောတန်းထဲဝင်သွားတာတွေ့လိုက်ပါတယ်။"

"ဘယ်သူပါသလဲ။"

"အစောင့်အရှောက်တစ်ယောက်ပဲ ပါသွားပါတယ်။"

"Novak ပဲဖြစ်မယ်။ မြို့တော်ဆီသွားတဲ့လမ်းတွေ အကုန်ပိတ်ထားလိုက်။ အဲဒီသုံးယောက်ကို ရအောင်ရှာ။"

မြို့စားမင်း Roman ၏အမိန့်အတိုင်း တောနင်းရှာကြလေရာ တောတန်းတစ်နေရာတွင် ထိုလူသုံးဦးအား ဝိုင်းမိလေတော့သည်။ တစ်ဦးတည်းနှင့် လူခြောက်ယောက်ခန့်အဖွဲ့ကို ခုခံနေရာမှ အမျိုးသမီးတစ်ဦးကို တစ်ဖက်မှလှမ်းဆွဲခေါ်နိုင်သွားချိန်

"အ"

ထိုအမျိုးသမီး၏လက်မှဓားမြှောင်က ဆွဲခေါ်သည့်လူ၏နံကြားသို့ ထိုးစိုက်သွားလေသည်။ ထို့ကြောင့် အခြားတစ်ဦးမှနေ၍ ထိုအမျိုးသမီးအား တစ်ချက်ကန်လိုက်ရာ ပြိုလဲကျသွားရှာသည်။ တစ်ဖက်မှတိုက်ခိုက်နေသူက ထိုအမျိုးသမီးငယ်ကိုကယ်ရန် နောက်လှည့်ရပြန်လေသည်။ အင်အားမမျှသည်ကြောင့် ထိုလူထံတွင် ဒဏ်ရာများရလာပြီး အမျိုးသမီးနှစ်ဦးသည်လည်း တစ်ဖက်လူနှစ်ဦးထံတွင် အဖမ်းခံလိုက်ရသည်။

"ရပ်လိုက်။"

အမျိုးသမီးတို့ကိုခုတုံးလုပ်ကာ တိုက်ခိုက်နေသူကိုရပ်တန့်စေသည့် တစ်ဖက်တွင်လည်း လူနှစ်ဦးသာကျန်၏။ ဖမ်းချုပ်ခံရသည့်အမျိုးသမီးငယ်၏ ခေါင်းဆောင်းကို တစ်ဖက်လူကဆွဲဖယ်လိုက်သည့်အခါ

"လူမှားပြီ။"

၎င်းတို့တွေးထင်ထားသကဲ့သို့ ထိုအမျိုးသမီးငယ်မှာ သခင်မလေး Meg Masters မဟုတ်သကဲ့သို့ တစ်ဦးတည်းခုခံတိုက်ခိုက်နေသည်မှာလည်း တပ်မှူး Novak မဟုတ်ပေ။ ထိုမိန်းကလေးမှာ သခင်မလေး၏အနီးတွင် အမြဲတမ်းရှိနေတတ်သည့် Tracy ဆိုသည့်မိန်းကလေးပင်ဖြစ်သည်။ ကြောင်အသွားသည့်ထိုလူနှစ်ဦးအား Tracy က တစ်ကိုယ်လုံးနှင့်တိုက်၍ရုန်းထွက်လိုက်ချိန် တစ်ဦးတည်းရှိသည့်ခုခံသူကလည်း ထိုလူများထံ ပြေးဝင်တိုက်ခိုက်လေတော့သည်။
အခြေအနေများ ငြိမ်သက်သွားချိန်တွင် တောတန်းလေးထဲ၌ အလောင်းခြောက်လောင်းနှင့် လူသုံးဦးရှိနေလေသည်။

"Samandriel, အဆင်ပြေရဲ့လား။"

သွေးတို့ပေကျံနေသည့် ဒဏ်ရာဗလပွနှင့် Samandriel က ခေါင်းညိတ်ပြကာ

"အသက်နဲ့တော့ဝေးပါတယ်။ အထိန်းတော်ကြီးရော။"

"အိုကွယ်၊ အသက်ကြီးတော့ မောတာပေါ့။ ကျန်တာဘာမှမဖစ်ဘူး။ သခင်မလေးတို့ ဘေးကင်းမှာပါနော်။"

"ဘေးကင်းမှာပါ။ အဲဒီဘက်ကိုသွားမယ်လို့ သူတို့ထင်မှာမဟုတ်ဘူး။ အဲဒီဘက်မှာက သူတို့အစောင့်ထားလည်း တစ်ယောက်နှစ်ယောက်ပေါ့။"

Tracy က အားတက်သရောခေါင်းညိတ်ရင်း

"အ"

"ဟင်၊ Tracy! သွေးတွေ ..."

"နည်းနည်းလေးပါ။"

ပြောပြီးခွေကျသွားသည့် Tracy ၏ဝမ်းဗိုက်ဘေးတွင် သွေးတို့ကစိမ့်ထွက်လို့နေတော့သည်။

3).

သစ်ပင်ပေါ်မှ လွင့်စင်ကျလာသည့်လူက မြေပြင်ပေါ်သို့အရောက်တွင် ငြိမ်သက်နေလေပြီ။ လေးတစ်လက်ကိုလက်မှကိုင်လျက် ကျန်လက်တစ်ဖက်တွင် ဓားတစ်လက်အသင့်ပြင်ကာ ထိုလူအနီးသို့တိုးကပ်သွားပြီး စစ်ဆေးကြည့်ကာ သေချာသွားသည့်အခါမှ နောက်ဘက်သို့ခေါင်းညိတ်ပြလိုက်သည့် Castiel နောက်သို့ Meg တိုးကပ်သွားလိုက်၏။

"ဒီကောင်တွေ ဒီနေရာမှာ လူအများကြီးမရှိနိုင်ပါဘူး။"

Meg ခေါင်းညိတ်လိုက်၏။
ထို့နောက် စီစဉ်ထားရာလမ်းကြောင်းအတိုင်း ဆက်ထွက်လာခဲ့ကြလေသည်။ ကြိုတင်တွက်ဆခဲ့သည့်အတိုင်းပင် ထိုလမ်းကြောင်းတွင် Castiel လက်ချက်မိသွားသည်မှာ လေးဦးသာ။ ထိုလေးဦးမှာလည်း တစ်နေရာတွင်တစ်ဦးကျနှင့် အစောင့်သက်သက်ပင်။

အုပ်ဆိုင်းနေသည့် သစ်ပင်အုပ်လေးရှိရာချိုင့်ဝှမ်းလေးသို့ ရောက်လာကြပြီးနောက် နားနေလိုက်ကြသည်။

"လသာတယ်။ မီးမွှေးမရတာနဲ့ အတော်ပဲ။"

Meg ၏အဆိုကို Castiel ထောက်ခံလိုက်သည်။ သန်းခေါင်ကျော်လမင်းက ကောင်းကင်ယံတွင်ထိန်ထိန်ညီးလျက်။

"အထိန်းတော်ကြီးတို့ ဘေးကင်းရဲ့လားမသိဘူး။"

"Samandriel က စိတ်ချရပါတယ်။"

"တအားဝေးခဲ့ပြီမဟုတ်လား။"

"ဟုတ်ကဲ့။ သခင်မလေးမဟုတ်မှန်း သူတို့သိသွားလို့ လိုက်ရှာမယ်ဆိုရင်တောင် ဒီနေရာကို မနက်နေမြင့်မှရောက်မှာပါ။ ဒါကလည်း ဒီနေရာကိုဦးတည်လာဦးမှပါ။"

"မြို့တော်ဆီသွားမယ်လို့ပဲ တွေးကြမှာပေါ့နော်။"

Castiel ခေါင်းညိတ်သည့်အခါ Meg က တိုးလျစွာရယ်၏။
Castiel က မေးခွန်းဆန်သောအကြည့်နှင့် ကြည့်သည့်အခါ

"သူတို့က ဘာလို့ အိမ်ရှေ့စံဆီပြေးမယ်လို့ပဲတွေးသလဲ။ အခုတော့ သူတို့ပဲအရူးဖြစ်ဦးမယ်၊ ဟာဟ။ သူတို့ကို ဒီတစ်ခါတော့ အမိဖမ်းနိုင်မယ်မဟုတ်လား Castiel?"

"အဓိကလူတွေ အကုန်လုံးမဟုတ်ရင်တောင် တော်တော်များများတော့ မိမှာပါ။ ဒီတစ်ခေါက်ကို သူတို့ကအပိုင်တွက်ထားတာပဲ။ သခင်မလေးနဲ့အရှင့်ကို တစ်ယောက်တော့ရရမယ်လို့ တွက်ထားမှာ။ သခင်မလေးက ဒီဘက်အထိ ဒုက္ခခံပြီးလာရှောင်မယ်လို့ တွေးမှာမဟုတ်တော့ ဟိုဘက်မှာအသည်းအသန်ရှာကြမှာပဲ။ မတွေ့တဲ့အခါ အနည်းနဲ့အများတော့ လှုပ်လှုပ်ရှားရှားဖြစ်ပြီး ခြေလှမ်းမှားကြမယ်။ သူတို့မှာက တစ်ညပဲအချိန်ရတာလေ။"

"အင်း၊ လွဲကြပါစေ။"

စကားပြောနေလျက်မှပင် နေရာထိုင်ခင်းတစ်ခုကို ပြင်ဆင်ပြီးသွားသည့် Castiel က

"သခင်မလေး အနားယူလိုက်ပါဦး။"

ပါလာသည့်ရေဘူးကို အနားတွင်ချပေးကာ Castiel က ထရပ်လိုက်သည့်အခါ

"ဘယ်ကိုလဲ။"

"ဒီမှာပဲရှိမှာပါ။"

ခပ်လှမ်းလှမ်းမှ သစ်ကမူလေးထံညွှန်ပြရင်း Castiel က ဆို၏။ Meg ခေါင်းညိတ်ပြပြီး သူ့အတွက်နေရာလေးတွင် ခွေခွေလေးလဲလျောင်းနေလိုက်တော့သည်။ တစ်ညလုံးပြေးလွှားလာခဲ့ရ၍ ခြေအစုံတို့က ညောင်းညာနေသည်မှာအမှန်ပင်။ သစ်ပင်ရိပ်တို့ကြားမှ တိုးထွက်နေသည့်လရောင်တန်းကို ငေးမောရင်းမှပင် Meg Masters တစ်ယောက် အိပ်စက်ခြင်းထံသို့တိုးဝင်သွားခဲ့တော့သည်။

4).

သစ်ရွက်များကြားမှလရောင်က မြေပြင်ပေါ်သို့ဖြာတန်းနေလေသည်။ လရောင်တိုက်ရိုက်ကျနေသည့် သစ်ပင်တန်းနှင့်လွတ်ကင်းရာသို့ Dean ထွက်လိုက်၏။ တံတားငယ်လေးပေါ်သို့ဦးတည်လိုက်ပြီး တံတားအလယ်သို့အရောက်တွင် ထိုင်ချလိုက်သည်။ ကန်ရေပြင်တွင် ဝိုင်းစက်နေသည့်လမင်းက အရိပ်ထင်လျက်။ Dean လက်ထဲတွင်ပါလာသည့် အရက်အိုးကို မော့သောက်လိုက်သည်။ ယခုအထိတော့ မြင်ကွင်းတိုင်းသည် ရှင်းလင်းပြတ်သားစွာ။

"တစ်ဖက်ကမိန်းကလေးတွေတော့ တော်တော်စိတ်ညစ်မှာ။"

ရယ်ချင်သည့်လေသံနှင့် Dean ၏စကားကြောင့် နောက်နားမှပါလာပြီး ခပ်လှမ်းလှမ်းတွင်ရပ်စောင့်နေသည့် Benny စကားပြန်ရန်ပြင်လိုက်သည်။ သို့သော် Dean ကပင်ဆက်ပြောသည်မှာ

"စဉ်းစားကြည့်ပါဦး။ တစ်ခါမှမတွေ့ဖူးတဲ့ယောက်ျားကို တစ်ခါမှမမြင်ဖူးတဲ့ တခြားမိန်းမတစ်ယောက်နဲ့ ခွဲယူရမှာတဲ့။ အရမ်းသနားဖို့ကောင်းတယ်။ ပြီးရင် အဲဒီယောက်ျားကလည်း ချစ်မှာမဟုတ်ဘူး။"

ပြောချင်ရာပြောနေသည့် အိမ်ရှေ့စံ၏စကားတို့ကို မင်းသမီး Lisa နှင့် သခင်မလေး Meg တို့ကြားနိုင်မည်ဆိုလျှင် နန်းတော်နှင့်ဝေးရာသို့သာ ထွက်ပြေးချင်ပေတော့မည်။

"Benny, ငါကရော ဒီတစ်သက် ငါချစ်တဲ့လူနဲ့ အတူနေနိုင်မှာလား။"

"အရှင့်သား သဘောကျတဲ့မိန်းကလေးတွေ့တဲ့အခါ အနားကိုခေါ်ထားနိုင်တာပဲ။"

"ငါခေါ်ထားချင်တဲ့အခါကျ သူက လာနေနိုင်ပါ့မလား။"

"အရှင့်သားလိုလူကို ဘယ်သူကငြင်းဆန်မှာပါတဲ့လဲ။"

"အခုတောင် ငြင်းဆန်နိုင်ခွင့်မရှိကြလို့သာ ငါ့အနားရောက်လာကြတာလေ။ ဘာဖြစ်တယ်၊ ကိစ္စက တစ်ခုတည်းမဟုတ်ပါဘူးတဲ့။ အဲဒီဝန်တွေကိုထမ်းပိုးပြီး သူကတောင်တာဝန်ယူနိုင်သေးတာပဲ၊ ငါက ဘာလို့မယူနိုင်ရမှာလဲ။ လာဦးမယ် နောက်တစ်ယောက်။ ဘာတွေကြားရဦးမယ်မသိဘူး။"

အရက်တစ်ကျိုက်မော့၊ စကားတစ်ခွန်းပြောနှင့် အိမ်ရှေ့စံ Dean တစ်ယောက် တရိပ်ရိပ်မူးလာနေပြီဖြစ်သည်။

"ဘဝကလည်း ရေထဲကအရိပ်ထင်တဲ့လတောင် နှစ်စင်းဖြစ်နေပြီ။ Benny, ငါ အိပ်ချင်ပြီ။"

ကန်ရေပြင်မှလရိပ်ကိုလက်ညှိုးညွှန်လျက်မှ တံတားကြမ်းခင်းပေါ်ပစ်လှဲသည့် အိမ်ရှေ့စံကို ကိုယ်ရံတော် Benny ဆွဲထူကာ ကျောထက်သို့တင်လိုက်၏။ မူးနေပြီဖြစ်သည့် အိမ်ရှေ့စံမှာတော့ ကိုယ်ရံတော်၏ကျောပေါ်တွင် ငြိမ်သက်စွာပါလာလေတော့သည်။

ညက်ညောလှသည့်အိပ်ရာထက်သို့ အိမ်ရှေ့စံကိုတင်ပေးကာ ခြုံလွှာစောင်ကိုဆွဲယူ၍ ကိုယ်ရံတော် Benny ဂရုတစိုက်ခြုံပေးလိုက်၏။ ထို့နောက်တွင် အိပ်စက်နေပြီဖြစ်သည့် Dean ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ Benny ပြန်ထွက်သွားလေသည်။ ထိုအခါမှ Dean က လူးလွန့်လာပြီး တစ်ဖက်စွန်းရှိအခင်းမွေ့ရာအောက်သို့ လက်ကိုထိုးသွင်းလိုက်၏။ ပြန်ထွက်လာသည့် Dean ၏လက်တွင် အနက်ရောင်အဝတ်ခေါက်တစ်ထည်က အခြားသောပိုးဖဲကတ္တီပါတို့နှင့်ဆန့်ကျင်စွာ။

5).

အနက်ရောင်ဝတ်ရုံကိုဖြန့်လိုက်ပြီး အိပ်ပျော်နေသည့် သခင်မလေး Meg ၏ကိုယ်ပေါ်သို့ Castiel ခြုံလွှားပေးလိုက်သည်။ သခင်မလေး၏ညစဉ်တိုင်းကို ဤကဲ့သို့ကြမ်းတမ်းခြင်းမျိုးနှင့် ကင်းဝေးစေလိုသည့်ဆန္ဒတို့က Castiel ရင်တွင်း၌ဖြစ်ပေါ်လာသည်။ သို့သော် Castiel တွေးမိသည်တို့က အဆိုးဘက်သို့သာယိမ်းယိုင်နေ၏။ နန်းတွင်းသို့ရောက်သွားခဲ့လျှင် အေးချမ်းနိုင်မည်ဟု ယခင်ကတွေးထင်ထားခဲ့သော်လည်း ယခုအခါ ထိုသို့တွေးမရတော့ပြီ။ အေးချမ်းစွာအိပ်မောကျနေသည့် သခင်မလေး၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး Castiel ထထွက်လာလိုက်တော့သည်။

သစ်ကမူလေးတွင် Castiel ထိုင်ချလိုက်ပြီး အကျႌကိုပခုံးထက်မှဆွဲချသည့်အခါ ပခုံးမှဒဏ်ရာသည် သွေးတို့ပင်ခြောက်သွေ့စပြုနေလေပြီ။ အခြားလည်းမရနိုင်သည်ကြောင့် ရေနှင့်သာလောင်း၍ သွေးတို့ကိုသုတ်ပစ်ကာ ဆောင်ထားနေကျဖြစ်သည့်ဆေးကို လောင်းထည့်လိုက်သည်။ ထို့နောက် အဝတ်စတစ်ခုဖြင့်စည်းနှောင်လိုက်ပြီး အကျႌကိုပြန်ပြင်ဝတ်လိုက်သည်။ သခင်မလေး Meg ကို လှမ်းကြည့်သည့်အခါ ကောင်းမွန်စွာအိပ်စက်နေဆဲ။

"ဘယ်နေရာရောက်ရောက် အန္တရာယ်ကင်းနိုင်ဖို့ ကျွန်တော်အတတ်နိုင်ဆုံး စောင့်ရှောက်ပါ့မယ်။"

by Demon

6.

နေပင်ကောင်းကောင်းမထွက်သေး ဘုရင်မင်းမြတ်၏ မနက်ညီလာခံခန်းမဆီသို့ ဘုရင်မင်းမြတ်ယုံကြည်ရသည့် မှူးမတ်များက ဝင်ထွက်သွားလာကြကာ ခြေရှုပ်နေကြသောကြောင့် Dean အိပ်ချင်နေသည့်စိတ်များပင် ပျောက်ဆုံးသွားရသည် ။ ထို့ကြောင့် Sam ရှိနေမည့်အဆောင်ဘက်သို့ ဤအမတ်များ ခြေရှုပ်နေရသည့် အကြောင်းအရာကိုစုံစမ်းရန် ထွက်လာခဲ့လိုက်သည် ။ ထိုစဉ် တိုက်တိုက်ဆိုင်ဆိုင်ပင် Sam က မိမိထံသို့ တည့်တည့်လျှောက်လာသဖြင့် Sam ကို လက်လှမ်းပြလိုက်ပြီး အနားသို့ ခပ်သွက်သွက်လျှောက်သွားလိုက်သည် ။

အနားသို့ရောက်သောအခါမှ

" ခမည်းတော်က မနက်စောစောစီးစီး ညီလာခံခေါ်နေတာ ဘာများဖြစ်လို့လဲ ... မင်းသိလား "

ဟု မိမိသိချင်နေသောမေးခွန်းကို မေးလိုက်သည် ။ Sam က မသိကြောင်းခေါင်းခါပြသဖြင့် စိတ်ညစ်သွားကာ

" ဒါဖြင့် ငါတို့ဘယ်သူ့ကိုမေးကြမလဲ "

ဟု ပြောလိုက်သည် ။

" Charlie "

ဟူသော အမည်နာမကို နှစ်ယောက်စလုံး ပြိုင်တူရေရွတ်လိုက်မိသောကြောင့် Charlie ရှိနေမည့်နေရာဆီသို့ နှစ်ယောက်အတူ ထွက်လာခဲ့လိုက်သည် ။

7.

" နယ်စားမင်း Masters တို့သားအဖ လုပ်ကြံခံရလို့တဲ့ "

ဟူသော အဖြေကို Charlie က ပေးလာသောကြောင့် Dean မျက်လုံးပြူးသွားပြီး

" သူတို့ ဘာမှတော့မဖြစ်ကြဘူးမဟုတ်လား ... အန္တရာယ်ကင်းကြရဲ့လား "

ဟု အလောတကြီး မေးလိုက်မိသည် ။

" နယ်စားမင်း Masters ကတော့ ဘေးကင်းတယ်တဲ့ "

ဟု Charlie က အဖြေပြန်ပေးပြန်သောကြောင့်

" ဒါဖြင့် Novak နဲ့ Meg Masters ကရော "

ဟူ၍ မေးလိုက်သည် ။ ယခုတစ်ကြိမ်တွင်မူ Charlie က ခေါင်းခါပြသောကြောင့် အံကြိတ်လိုက်ပြီး

" ဒီကိစ္စကို ခမည်းတော်သိလား "

ဟု မေးလိုက်သည် ။

" အခုညီလာခံခေါ်နေတယ်ဆိုတော့ သိလို့နေမှာပေါ့ "

ဟူသော အဖြေကို Charlie က ပြန်ပေးသောကြောင့် Sam ကို

" ငါ ခမည်းတော်ကိုသွားတွေ့လိုက်အုံးမယ် "

ဟု ပြောကာ အခန်းထဲမှ ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည် ။

8.

နယ်စားမင်း Masters ကို လုပ်ကြံရန်ကြံစည်သည့်လူအား စုံစမ်းဖော်ထုတ်သည့်ကိစ္စနှင့် ပျောက်ဆုံးနေသော Lady Masters နှင့် Castiel Novak ကို ရှာဖွေသည့်ကိစ္စကို နန်းတော်အတွင်းမှ အထူးတပ်သားများက ဘုရင်မင်းမြတ်ထံမှ အမိန့်ရသည်နှင့် လုပ်ဆောင်နေကြပြီဖြစ်သော်လည်း Dean တစ်ယောက် စိတ်မအေးနိုင် ။ မင်းကြီးထံမှခွင့်တောင်းကာ ထိုအဖွဲ့နှင့်အတူ Castiel တို့ကို ရှာဖွေရာ၌ ပါဝင်ကူညီနေမိသည် ။

သို့သော် ....
လွယ်လွယ်နှင့် ရှာမတွေ့ ။ ဤမျှလောက်များပြားလှသော လူအင်အားသုံး၍ ရှာဖွေနေသော်လည်း အချိန်ငါးရက်ကြာသည်အထိ အပုန်းကောင်းနေသူနှစ်ယောက်၏ သတင်းအစအနကိုမရ ။

" မဟုတ်မှ နှစ်ယောက်စလုံးသေသွားကြတာတော့ မဟုတ်လောက်ပါဘူး "

ဟု တွေးမိသောအခါ ယခုလို နန်းတော်ထဲမှနေ၍ ကူညီနေရုံနှင့်မဖြစ်တော့ဟု တွေးမိကာ စုံစမ်းရေးအဖွဲ့များနှင့်အတူ နန်းပြင်သို့လိုက်လာခဲ့လိုက်သည် ။

9.

" ဒါဖြင့်လည်း လက်ထပ်ကြတာပေါ့ "

ဟု ဆိုသွားလေသူက ယခု နယ်စားမင်း Masters ၏ သမီးဖြစ်သူ Meg Masters အား ရှာဖွေရာ၌ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေပြန်သဖြင့် Lisa တစ်ယောက် အားငယ်ရပြန်သည် ။ ဤကဲ့သို့ အားငယ်နေသည့်ကြားက နန်းတော်ထဲမှလူအချို့သည် အိမ်ရှေ့စံမင်းသားနှင့် Meg Masters ၏ အကြောင်းများကို မိမိကြားထား ၊ သိထားသည်နှင့် ဆန့်ကျင်ဘက်သတင်းများကို ပြောနေသဖြင့် ဤနန်းတော်သို့စထွက်လာစဉ်ကတည်းက မိမိအနားတွင် တကောက်ကောက်လိုက်ပါလာသော မိမိ၏ကိုယ်လုပ်တော်ကို

" အိမ်ရှေ့စံက ငါ့ကို တကယ်တော့လက်ထပ်လောက်ပါတယ်နော် "

ဟု မိမိစိတ်ထဲတွင်ခံစားနေရသော မတင်မကျဖြစ်နေသည့်အကြောင်းအရာအား ထုတ်မေးလိုက်မိသည် ။ ထိုကိုယ်လုပ်တော်မိန်းမပျိုက မိမိမေးခွန်းကို

" မင်းသမီးလေးက ဒီလောက်လှပပြီးကျက်သရေရှိတာ ဘယ်သူက မင်းသမီးလေးကို အပိုင်မရချင်ဘဲနေမလဲ "

ဟု ပြန်ဖြေသော်လည်း မိမိစိတ်ကမူ မအေးနိုင်ပါပေ ။

10.

Dean စုံစမ်းရေးအဖွဲ့နှင့်အတူ ယခင်တစ်ခေါက်ကရောက်ဖူးသော Castiel ၏ ယာယီနေအိမ်ဆီသို့ လာခဲ့သော်လည်း သော့ခတ်ထားသောအိမ်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မိမိတို့အား စောင့်ကြိုလျက်ရှိနေသည် ။ ထို့ကြောင့် အနောက်မှ ထက်ကြပ်မကွာလိုက်ပါလာသော Benny ကို မျက်နှာရိပ်ပြကာ လူရှင်းသည့်နေရာဆီသို့ နှစ်ယောက်သား ထွက်လာခဲ့လိုက်သည် ။ နေရာသို့ရောက်သည်နှင့် Benny က

" ဘာများအလိုရှိလို့လဲ အရှင့်သား "

ဟု မေးသည် ။ မိမိ၏ ဤလုပ်ရပ်သည် မိမိအတွက်အန္တရာယ်ရှိနိုင်သလို ခမည်းတော်အတွက်လည်း အန္တရာယ်ရှိနိုင်သော်လည်း ပျောက်ဆုံးနေသူနှစ်ဦးကို ဤနည်းနှင့်မှမရှာလျှင် ရှာတွေ့နိုင်မည်မဟုတ်သောကြောင့် သက်ပြင်းချလိုက်ပြီး

" ငါ နယ်စားမင်း Masters ရဲ့ အိမ်တော်ကိုသွားကြည့်ချင်တယ် "

ဟု ပြောလိုက်သည် ။ ဤစကားကိုကြားသောအခါ Benny က မျက်လုံးပြူးသွားကာ

" အရှင့်သား "

ဟု ခေါ်သည် ။ ထို့နောက်

" အရှင့်သားရဲ့လုပ်ရပ်က ဘယ်လောက်အန္တရာယ်များနိုင်တယ်ဆိုတာကိုရော သတိထားမိသေးရဲ့လား "

ဟု မေးသည် ။ Benny က စိုးရိမ်နေသော်လည်း မိမိကမူ Benny သဘောတူသည်ဖြစ်စေ ၊ မတူသည်ဖြစ်စေ ထိုနေရာသို့သွားမည်ဖြစ်သောကြောင့်

" ငါအခု မင်းကိုတိုင်ပင်နေတာမဟုတ်ဘူး အသိပေးနေတာ .... မင်းဘာသာ လိုက်ချင်ရင်လိုက် မလိုက်ချင်ရင်နေခဲ့ "

ဟု ပိတ်ပြောကာ နေရာမှထွက်လာခဲ့လိုက်သည် ။

by the_richone_IX

■■■ Episode (17) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі