Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 11
1).

"စစ္သူႀကီး၊ နယ္စား Masters တို႔ကေတာ့ လာပါေတြ႕ၿပီးၿပီ။ မင္းသမီး Lisa နဲ႔က အေျခအေနေကာင္းပါ့မလား။"

"မင္းႀကီးနဲ႔သာေတြ႕သြားတာ၊ အိမ္ေရွ႕စံက သူတို႔လာမွာသိရဲ႕နဲ႔ ေသခ်ာလက္ခံမေတြ႕လိုက္ဘူးေလ။ စိတ္မပူပါနဲ႔ အမတ္ႀကီးရဲ႕။ မင္းမ်ိဳးႏြယ္မင္းသမီးတစ္ပါးနဲ႔ ဟိုနယ္စားမင္းရဲ႕သမီးနဲ႔ဆို ခင္ဗ်ားသာ အိမ္ေရွ႕စံေနရာမွာဆိုရင္ ဘယ္သူ႔ကိုေရြးမလဲ။"

"က်ဳပ္ျမင္တာေတာ့ အိမ္ေရွ႕စံက ဘယ္ကိစၥကိုမွ စိတ္ဝင္စားပံုမေပၚဘူး။"

"ေကာင္းတယ္။ သူ႔စိတ္ထဲ ဘာမွမရွိတာလည္း အခြင့္အေရးပဲေပါ့။ က်ဳပ္တို႔က သူ႔စိတ္ထဲကိုတစ္ခုခုထည့္ေပးႏိုင္ရင္ ရၿပီေလ။"

စစ္သူႀကီး Elkins ၏အဆိုကို အေပါင္းအပါအမတ္တို႔က ေခါင္းညိတ္ေလ၏။

"အခုအထိ အတိအက်အမိန္႔မခ်ေသးတာကို က်ဳပ္ေတာ့စိုးရိမ္မိပါရဲ႕ဗ်ာ။"

"ၿငိမ္းခ်မ္းေရးကိစၥဆိုေတာ့ ျငင္းစရာမရွိတာေၾကာင့္ သိပ္လည္းစိတ္ပူစရာမရွိဘူး အမတ္ႀကီးရဲ႕။ က်ဳပ္တို႔က နည္းနည္းေလးေဆာ္ဩေပးဖို႔ေတာ့ လိုတာေပါ့။ ေနာက္ဆံုး မိဖုရားႏွစ္ပါးျဖစ္လာရင္ေတာင္ က်ဳပ္တို႔ဘက္က မိဖုရားငယ္ျဖစ္လာစရာအေၾကာင္း လံုးဝမရွိဘူး။"

"စစ္သူႀကီးေျပာတာလည္း မွန္ပါတယ္ဗ်ာ။"

တစ္ဖက္တြင္ ထိုသို႔ေတြ႕ဆံုေျပာဆိုေနၾကသည့္နည္းတူ တစ္ဖက္တြင္လည္း

"စစ္သူႀကီးတို႔ဘက္က စကားသံေတြထြက္ေနတယ္ အမတ္ခ်ဳပ္ႀကီး။ မိဖုရားက ႏွစ္ပါးျဖစ္သြားရင္ေတာင္ သူတို႔ဘက္က မိဖုရားငယ္ျဖစ္စရာမရွိဘူးတဲ့။ က်ဳပ္တို႔စိုးရိမ္တာလည္း အဲဒါပဲဗ်ာ။ မင္းမ်ိဳးမင္းႏြယ္မိဖုရားကိုပဲ မိဖုရားေခါင္အျဖစ္ထားမွာပဲ။ တစ္ဖက္ကဘုရင့္မ်က္ႏွာေတာ္ကလည္း ရွိေသးတယ္မဟုတ္လားဗ်ာ။"

အမတ္ခ်ဳပ္ Guenther ေခါင္းတဆတ္ဆတ္ညိတ္လ်က္မွ

"တစ္ခါတေလမွာ ရာထူးထက္ အရည္အခ်င္းကအဓိကက်ပါတယ္။ အိမ္ေရွ႕စံရဲ႕အလုပ္ေတြမွာ တစ္ျပည္သူမိဖုရားက ဘယ္ေလာက္အေထာက္အကူျဖစ္မွာတဲ့လဲ။ Lady Meg Masters က သူ႔ဖခင္ရဲ႕ေျခရာအတိုင္း လိုက္ေနရတဲ့သူဆိုေတာ့ အရည္အခ်င္းကအျပည့္ပဲ။ အိမ္ေရွ႕စံရဲ႕လုပ္ငန္းစဥ္ေတြမွာ အေထာက္အကူအမ်ားႀကီးေပးႏိုင္တယ္။ ဒီလိုဆိုရင္ အိမ္ေရွ႕စံက ဘယ္သူ႔ကိုအေရးေပးမယ္လို႔ ထင္သလဲ။"

တြက္ခ်က္မႈအသီးသီးတို႔ႏွင့္အတူ မိမိတို႔အင္အားေတာင့္တင္းေရးအတြက္ ႀကိဳးပမ္းေနသည္မ်ားက နန္းတြင္းတစ္ခုလံုးတြင္ တိုးတိတ္စြာ အႀကိတ္အနယ္အားၿပိဳင္ေနၾကေလေတာ့သည္။

2).

Castiel ျပန္ေရာက္မလာေသးသည့္ေန႔တစ္ေန႔သည္ Meg အတြက္ ၿငီးေငြ႕ဖြယ္ရာေကာင္းလွသည္။ ကိုယ္ပိုင္သေဘာဆႏၵမပါသည့္ ဆံုးျဖတ္ခ်က္တစ္ခု၏ေနာက္တြင္ ရႏိုင္သမၽွအခ်ိန္တို႔အား စိတ္ရွိသမၽွအတိုင္းသာ ကုန္ဆံုးခ်င္ခဲ့သည္။ သို႔ေသာ္ အေျခအေနမေပးသည့္အခါ စိတ္ထင္ရာကိုဦးစားေပးခ်င္မိသည္အထိ Meg Masters ရူးမိုက္ပစ္ခ်င္လာသည္။ သို႔ေသာ္ တစ္ဦးတစ္ဖက္တည္းဆံုးျဖတ္၍ ရႏိုင္ေကာင္းသည့္ကိစၥလည္း မဟုတ္ျပန္ပါ။

"သိပ္ကိုရူးမိုက္တာပဲ Meg Masters ရယ္။ နင့္ကို ဘယ္သူက ေမၽွာ္လင့္ခ်က္ေတြေပးေနလို႔ ရူးမိုက္ခ်င္ရတာလဲ။"

ကိုယ့္ကိုကုိယ္ျပန္လည္သတိေပးကာ ထိန္းခ်ဳပ္ထားရသည္မွာ ရူးမတတ္ပင္။

"သမီးငယ္၊ ဘာေတြေငးေနသလဲကြဲ႕။"

အိမ္ေတာ္၏ေဘးဘက္ ကုန္းျမင့္ေလးေပၚတြင္ထိုင္ကာ ေျမနိမ့္ပိုင္းသို႔ေႂကြက်သြားသည့္ ရြက္ေႂကြတို႔ကိုေငးလ်က္ အေတြးပြားေနသည့္ Meg မွာ သူ၏နံေဘးသို႔ ဖခင္ျဖစ္သူေရာက္လာၿပီး ဝင္ထိုင္လိုက္သည္ကိုပင္ သတိမထားမိေပ။ စကားသံၾကားမွပင္ လွည့္ၾကည့္မိၿပီး ခ်က္ခ်င္းျပံဳးလိုက္ကာ

"ရြက္ေႂကြေတြက သိပ္လွတာပဲ။ တကယ္ဆို အပင္ေပၚမွာဆက္ေနရင္ ပိုလွေနမွာကို။"

"သူ႔အခ်ိန္က်ရင္ မူလေနရပ္ကိုစြန္႔ခြာရတာ သဘာဝပါပဲကြယ္။"

"ဒီေနရာ၊ ဒီလူေတြနဲ႔ မခြဲခ်င္ဘူး။ ၿပီးေတာ့ ဒီတစ္ဦးတည္းေသာမိဘကို ခြဲသြားရမွာလည္း ..."

Meg ၏အသံတို႔က တုန္ယင္လာ၍ သမီးျဖစ္သူကိုပခံုးမွဆြဲဖက္ရင္း Lord Masters ႏွစ္သိမ့္မိသည္။

"ငါ့သမီးေလး တအားပင္ပန္းရမယ္ဆိုရင္ အဲဒီကိစၥကို ရပ္ပစ္ေပးမယ္။"

"ေနာက္ဆုတ္လို႔လည္း မထူးေတာ့ဘူးထင္ပါတယ္။ တစ္ခုေတာ့သိခ်င္မိတယ္။"

ဖခင္ျဖစ္သူဘက္သို႔အနည္းငယ္မွီထားလ်က္မွ Meg စကားစသည္။

"အင္း"

"မင္းသမီး Lisa ကလည္း သိပ္မၾကာခင္ ေရာက္လာမယ္လို႔ၾကားတယ္။ ဒါဆိုရင္ သေဘာက ..."

"ငါ့သမီးေလးက အဲဒီကိစၥကို အေကာင္းဆံုးေျဖရွင္းႏိုင္မယ္လို႔ ယံုၾကည္တယ္။ Meg Masters ဆိုတာ အိမ္ထဲမွာပဲေက်ာ့ေက်ာ့ေလးေနၿပီး ဘာမွမသိနားမလည္တဲ့မိန္းမပ်ိဳေလးမွ မဟုတ္တာပဲ။ တကယ္လို႔ ငါ့သမီးေလး အခုေတြးေနသလိုျဖစ္လာရင္ သည္းခံၿပီးေတာ့ ေရွ႕ဆက္ေပးႏိုင္မလား။ အခုအခ်ိန္မွာျငင္းမယ္ဆိုရင္ အေဖက လက္ခံေပးမယ္၊ ေနာက္ဆုတ္ေပးပါ့မယ္။"

Meg ဖခင္ျဖစ္သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၿပီး

"ျငင္းလိုက္ရင္ ဘာျဖစ္မွာလဲဟင္။"

"ဘာမွမျဖစ္ပါဘူး။ မင္းသမီးေရာက္လာမွာေၾကာင့္ ႏွစ္ဖက္ၿငိမ္းခ်မ္းေရးကို ဦးစားေပးလိုက္တယ္လို႔ပဲ ျဖစ္ရမွာေပါ့။"

"အေဖ့အစီအစဥ္ေတြကေရာ။"

"ဒါက ဘုရင္နဲ႔ခမည္းခမက္ျဖစ္ရင္ ပိုေကာင္းတယ္ဆိုေပမဲ့ ဒီအတိုင္းလည္း မလုပ္ႏိုင္တာမွမဟုတ္တာကြယ္။"

"ခက္ခဲသြားမယ္မဟုတ္လား။ ေမးၾကည့္တာပါ၊ ျငင္းဖို႔အစီအစဥ္မရွိပါဘူး။ စခဲ့ၿပီးသားလမ္းကို ဆံုးေအာင္ေလၽွာက္မွာပါ။ အေဖ့ကိုေတာ့ လြမ္းေနရဦးမွာပဲ။"

ဝဲတက္လာသည့္မ်က္ရည္တို႔ကို မ်က္ေတာင္ရွည္တို႔ျဖင့္ပုတ္ထုတ္လိုက္ၿပီး ဖခင္ျဖစ္သူရင္ခြင္အတြင္းသို႔ တိုးဝင္ေပြ႕ဖက္လိုက္မိသည္။ ေနာင္တြင္ ဤသို႔ေသာၿငိမ္းခ်မ္းလံုျခံဳမႈကို ခံစားရရွိႏိုင္ရန္မလြယ္ကူေတာ့ၿပီ။

3).

"တပ္မႉးက ဒီေန႔ညေနျပန္မယ္ဆိုၿပီးေျပာလို႔ ကၽြန္ေတာ္က မီဦးမွာပါဆိုၿပီး ထြက္လာတာ။"

"ဟိုမွာ ကၽြန္ေတာ္လုပ္ရမယ့္ကိစၥေလးေတြက အဆင္ေျပတာေၾကာင့္ အေလာတႀကီးျပန္ဖို႔မလိုတာနဲ႔ တစ္လက္စတည္း စံုစမ္းလက္စေတြကို ေရွ႕ဆက္မလို႔ပါ။"

"အခု ဘယ္သြားမွာလဲ။"

"Skullcrusher နဲ႔ပတ္သက္ၿပီး သတင္းရထားလို႔။"

"ဒါနဲ႔၊ အဲဒီကိစၥကို တပ္မႉးဘယ္လိုသိတာလဲ။"

"ကၽြန္ေတာ္မွတ္မိသေလာက္ ရွာေဖြၾကည့္ရင္း သခင္မေလးကေျပာျပလို႔ သိရတာပဲ။ ဘာျဖစ္လို႔လဲဗ်။ ခင္ဗ်ားတို႔စံုစမ္းေရးမႉးက ဓားေျမႇာင္ယူသြားေပမဲ့ အဲဒီအေပၚကသေကၤတေတြကို ကၽြန္ေတာ္ေသခ်ာမွတ္မိပါတယ္။"

Sam ရယ္လိုက္မိ၏။ ထို႔ေနာက္

"သခင္မေလး Masters က အဲဒါေတြလည္းသိသတဲ့လား။"

"သခင္မေလးက ေရွးေဟာင္းစာေပေတြကို စိတ္ဝင္စားတယ္ဗ်။"

"ကၽြန္ေတာ့္မွာ အေတာ္ေလးရွာေဖြဘာသာျပန္ခဲ့ရတာ။ သခင္မေလး Masters ကေတာ့ တပ္မႉးမွတ္မိသမၽွနဲ႔တင္ ေျပာႏိုင္ခဲ့တာေပါ့။"

Sam ၏စကားေၾကာင့္ Castiel က ႏွစ္ၿခိဳက္စြာျပံဳး၏။

"သခင္မေလးက သာမန္မိန္းကေလးေတြနဲ႔ ကြဲျပားတယ္။"

ထိုအျပံဳးႏွင့္ထိုစကားသံေၾကာင့္ Sam ၏စိတ္ထဲတြင္ သံသယအခ်ိဳ႕ျဖတ္ေျပးသြားေလသည္။

"တပ္မႉးက Lord Masters ဆီမွာ ငယ္ကတည္းကေရာက္ေနခဲ့တာလား။"

"ဟုတ္ပါတယ္။ ကၽြန္ေတာ့္ကို လူမိုက္ေတြဝိုင္းရိုက္ေနေတာ့ နယ္စားမင္းက ကယ္လိုက္ၿပီး အိမ္ေတာ္မွာေခၚထားခဲ့တာပါ။ ေနာက္ေတာ့ နယ္စားမင္းရဲ႕တပ္ထဲကို တပ္သားဘဝနဲ႔ ကၽြန္ေတာ္ေရာက္သြားခဲ့တာ။"

"တပ္မႉးက Dean နဲ႔ အသက္သိပ္မကြာဘူးထင္တယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေအာက္ေျခေနရာကေန တပ္မႉးေနရာအထိေရာက္လာတာ နည္းတဲ့အရည္အခ်င္းေတာ့ မဟုတ္ဘူးပဲ။"

"ကၽြန္ေတာ္ ႏွစ္ဆယ့္ခုနစ္ႏွစ္။ နယ္စားမင္းကယံုၾကည္ေပးလို႔လည္း ဒီလိုအထိျဖစ္လာခဲ့ရတာပါ။"

"Dean ထက္ ႏွစ္ႏွစ္ႀကီးတာပဲ။ ကၽြန္ေတာ္နဲ႔ဆို ေျခာက္ႏွစ္ေလာက္ကြာတယ္။"

"ငယ္ေသးတာပဲ။ ဘယ္လိုျဖစ္ၿပီးေတာ့မ်ား ..."

"ကၽြန္ေတာ္က ဘာရာထူးရယ္လို႔မွ မရွိပါဘူး။ အမတ္ႀကီး Middleton နဲ႔ ေဆြနီးမ်ိဳးစပ္မို႔ အလုပ္သင္တဲ့သေဘာနဲ႔ Dean နဲ႔အတူတြဲၿပီး အလုပ္လုပ္တာမ်ိဳးပါ။ ကၽြန္ေတာ့္ကို ရင္းရင္းႏွီးႏွီးပဲ ေျပာဆိုဆက္ဆံႏိုင္ပါတယ္။ အစကျပန္ေျပာရမလား၊ ကၽြန္ေတာ့္နာမည္ Sam ပါ။"

"ဟား ဟား၊ ေကာင္းၿပီ Sam. ငါ့နာမည္ Castiel ပါ။"

"ဟုတ္ၿပီ Cas."

လြယ္လင့္တကူပင္ ရင္းႏွီးကၽြမ္းဝင္သြားၾကသည့္ Sam ႏွင့္ Castiel တို႔ သတင္းရရာေနရာဆီသို႔ ခ်ီတက္ခဲ့ၾကေလသည္။

by Demon

4).

Bobby အခန္းမွျပန္ထြက္လာၿပီးေနာက္ Dean တစ္ေယာက္ စိတ္ရႈပ္လြန္းသျဖင့္ ေခါင္းပင္ကိုက္မိသည္ ။

သို႔ေသာ္ ....
ဤမၽွေလာက္ႏွင့္လက္ေလၽွာ့လိုက္လၽွင္ Dean Winchester ဟုတ္ေတာ့မည္မဟုတ္ ။ ထို႔ေၾကာင့္ အေနာက္မွ တေကာက္ေကာက္လိုက္ေနေသာ Garth ကို

" Sam ကို ေတြ႕မိလား Garth "

ဟု ေမးလိုက္သည္ ။

" ဟို မင္းသား Sam က နန္းျပင္ထြက္သြားတယ္ထင္ပါတယ္ "

ဟူေသာ အေျဖစကားကိုရေသာေၾကာင့္ မေန႔က Castiel ထံထပ္လာမည္ဟုေျပာထားသည္ကို သတိရသြားကာ

" ဟုတ္သားပဲ Novak နဲ႔ ခ်ိန္းထားတာကို "

ဟု မိမိကိုယ္ကိုယ္ ေျပာလိုက္သည္ ။ ၿပီးမွ Garth ကို

" ငါအျပင္ခဏထြက္လိုက္အုံးမယ္ Garth ... ဒီအေၾကာင္း ဘယ္သူမွမသိေစနဲ႔ ... အထူးသျဖင့္ Benny နဲ႔ Charlie "

ဟု ေျပာလိုက္သည္ ။ ထို႔ေနာက္ Garth အနားမွ ခပ္သြက္သြက္ထြက္လာခဲ့လိုက္သည္ ။

5).

Castiel တစ္ေယာက္ ရထားေသာသတင္းမ်ားအတိုင္း Skullcrusher အဖြဲ႕၏ေျခရာမ်ားကို ေနာက္ေယာင္ခံ၍လိုက္ၾကည့္ခဲ့ေသာ္လည္း ပါးနပ္လြန္းေသာ ထိုအဖြဲ႕က အခ်ိန္တိုအတြင္းမွာပင္ မိမိတို႔ျမင္ကြင္းအတြင္းမွ ေပ်ာက္ကြယ္သြားၾကသည္ ။ ထို႔ေၾကာင့္ အတူပါလာေသာ Sam ကို

" Sam ... ငါရထားတဲ့သတင္းက ဒီအထိပဲ .... ေရွ႕ဆက္လိုက္ဖို႔အတြက္က ေဝးကြာလြန္းသြားၿပီ "

ဟု ေျပာလိုက္သည္ ။ ၿပီးမွ

" Dean ေရာ ... ဘာသတင္းရထားေသးလဲ "

ဟု ေမးလိုက္သည္ ။

" Dean အေျခအေနက မင္းထက္ဆိုးတယ္ "

ဟူေသာ အေျဖကိုရေသာေၾကာင့္ သက္ျပင္းခ်လိုက္မိသည္ ။ ထို႔ေနာက္

" ဟိုနားကဆိုင္မွာဝင္ၿပီး အခုတေလာ ဒီနားမွာဘာအထူးအဆန္းကိစၥမ်ားျဖစ္ေသးလဲ စုံစမ္းၾကည့္ရေအာင္ "

ဟု ေျပာကာ Sam ႏွင့္အတူ ခပ္လွမ္းလွမ္းမွ စားေသာက္ဆိုင္ရွိရာဆီသို႔ေလွ်ာက္သြားလိုက္သည္ ။

6).

အေနာက္မွလိုက္မလာရန္ အတန္တန္တားေနသည့္ၾကားက ရေအာင္လိုက္လာေသာ Garth တစ္ေယာက္ကို Dean လည္း ေျပာ၍မႏိုင္ေသာေၾကာင့္ လက္ေျမႇာက္အရႈံးေပးလိုက္ကာ Bobby ထံမွရလာသည့္သတင္းစကားအတိုင္း Skullcrusher ဂိုဏ္း၏ေျခရာအေနာက္သို႔ ေနာက္ေယာင္ခံ၍ လိုက္လာခဲ့ရေတာ့သည္ ။

သို႔ေသာ္ ....
ေတာ္၍ထက္ျမက္ေသာအမ်ိဳးသမီး၏ လက္ေအာက္တြင္ရွိေသာ ထိုဂိုဏ္းသည္ မိမိတို႔လက္မွ လက္မတင္ေလးလြတ္လြတ္သြားေသာေၾကာင့္ လြယ္လြယ္ႏွင့္ေျခရာခံ၍မရ ။ ဤအေျခအေနကိုပင္ ထိုလူမ်ားက လိုလားေနသည္ကိုသိေသာေၾကာင့္ လက္မေလၽွာ့ဘဲ Bobby ေျပာလိုက္သည့္ ႏွင္းဆီဧည့္ရိပ္သာဆီသို႔ ခ်ီတက္လာခဲ့လိုက္သည္ ။

ဤေနရာက ဧည့္ရိပ္သာႏွင့္ေဂဟာကို တြဲ၍ဖြင့္ထားေသာေၾကာင့္ မိမိတို႔ရွာေနသည့္လူအား ဤေနရာမွပိုင္ရွင္သည္ သိေပလိမ့္မည္ဟု ယူဆမိသည္ ။ ထို႔ေၾကာင့္ Garth ကို

" မင္းဒီမွာခဏေနခဲ့ ... ငါသတင္းသြားစုံစမ္းလိုက္ဦးမယ္ "

ဟု ေျပာကာ လူမ်ားစု႐ုံးစု႐ုံးျဖစ္ေနသည့္ေနရာဆီသို႔ အသာထလာခဲ့လိုက္သည္ ။

7).

" သူတို႔ကို ေျခရာေဖ်ာက္ႏိုင္ခဲ့ပါၿပီ သခင္ "

ဟူေသာ စကားကိုၾကားရေသာအခါမွ Lilith တစ္ေယာက္ သက္ျပင္းခ်မိသည္ ။

သို႔ေသာ္လည္း လုံးဝဥႆုံ စိတ္ေအးလက္ေအးေနလိုက္၍မရ ။ မိမိအေနာက္သို႔လိုက္ေနေသာလူႏွစ္ဦးအနက္ နယ္စားမင္း Masters ၏ လက္႐ုံးျဖစ္သူ တပ္မႈး Castiel Novak သည္ အလြန္ထက္သူျဖစ္သည္ ။ အခ်ိန္ေန႔တစ္ပိုင္းအတြင္း၌ပင္ မိမိတို႔အဖြဲ႕၏ စခန္းငယ္မ်ားကို ရေအာင္လိုက္ရွာႏိုင္ခဲ့သည္ ။ ထို႔ေၾကာင့္ မိမိအား သတင္းလာေပးသူကို

" အကုန္လုံးေတာ္တယ္ ... ဒါေပမဲ့ အဲ့ဒီ Novak မ်ိဳးရိုးကေတာ္တယ္ ထက္ျမက္တယ္ ... တစ္ရက္ႏွစ္ရက္အတြင္း ငါတို႔ရဲ႕ဒီေနရာကို ရွာေတြ႕သြားႏိုင္တယ္ .... အဲ့ဒါေၾကာင့္ အခုညကတည္းက အေရးႀကီးတဲ့ပစၥည္းေတြကို ဂိုေဒါင္ဆီအရင္ပို႔ထားႏွင့္ရမယ္ "

ဟု ေျပာလိုက္သည္ ။

8).

ညသန္းေခါင္ေရာက္လုၿပီျဖစ္ေသာ္လည္း Dean ႏွင့္ Garth က ၿမိဳ႕ထဲလမ္းမမ်ားေပၚတြင္ ေလၽွာက္သြားေနၾကဆဲျဖစ္သည္ ။ Garth က နန္းေတာ္သို႔ျပန္အိပ္ၿပီး မနက္ခပ္ေစာေစာမွျပန္ထြက္ရန္ေျပာေသာ္လည္း မိမိရလာေသာသတင္းအရ ကုန္သည္ဟန္ေဆာင္လာၾကေသာထိုလူစုသည္ ယခုလက္ရွိေနရာမွ မနက္မလင္းခင္အၿပီးေ႐ႊ႕ေျပာင္းၾကမည္မွာ တစ္ရာ,ရာခိုင္ႏႈန္းပင္ျဖစ္သည္ ။ ထို႔ေၾကာင့္ Garth ကို

" မင္းပင္ပန္းရင္ျပန္ေတာ့ ... မနက္ျဖန္မွျပန္လာခဲ့ "

ဟု ေျပာကာ နန္းေတာ္ထဲသို႔ျပန္ရန္ခြင့္ျပဳလိုက္ျခင္းျဖစ္သည္ ။

သို႔ေသာ္ ....
Garth က မိမိအားစိတ္ခ်ဟန္မတူ ။ ညည္းရင္းညဴရင္းႏွင့္ အေနာက္မွတေကာက္ေကာက္ပါလာသည္ ။

ဤသို႔ ႏွစ္ေယာက္သားထြက္လာၾကရင္း သန္းေခါင္ေက်ာ္ခန္႔တြင္ ထိုလူမ်ားရွိေနသည္ဟုသတင္းရေသာ အေနာက္႐ြာဆီသို႔ေရာက္လာၾကသည္ ။ ထိုအေနာက္႐ြာသည္ ၿမိဳ႕ထဲကဲ့သို႔မဟုတ္ဘဲ ဆင္းရဲမြဲေတကာ ေနစရာစားစရာမရွိသည့္လူမ်ားသာ စုေဝး၍ေနၾကေသာ သူဖုန္းစား႐ြာျဖစ္ေသာေၾကာင့္ မိမိတို႔၏လက္ရွိပုံစံအတိုင္းဝင္သြား၍မရ ။ ပုံေျပာင္းရန္လိုအပ္သည္ ။ ထို႔ေၾကာင့္ မ်က္စိေရွ႕တြင္ျမင္ေနရေသာ အဝတ္တန္းမွ အဝတ္အစားႏွစ္စုံကိုယူလိုက္သည္ ။

" အရွင့္သား ကြၽန္ေတာ္မ်ိဳးတို႔ ဒီပုံအတိုင္းဝင္သြားလို႔အဆင္ေျပပါ့မလား "

ဟူေသာ ေမးခြန္းကို Garth က စိုးရိမ္တႀကီးျဖင့္ ေမးလာေသာေၾကာင့္ Dean မ်က္စိတစ္ဖက္မွိတ္ျပလိုက္ၿပီး

" လိုက္မွာသာလိုက္လာခဲ့စမ္းပါ "

ဟု ေျပာၿပီး ပုန္းေနရာမွ အသာထြက္လိုက္သည္ ။ ထိုစဥ္

" ဟိုႏွစ္ေယာက္ "

ဟု ေအာ္လိုက္ေသာ အမ်ိဳးသားတစ္ဦး၏အသံကို ၾကားရသည္ ။ မိမိတို႔ခိုးဝင္သည့္ကိစၥကို သိသြားၿပီေလာဟုေတြးကာ အသံလာရာဆီသို႔ လွည့္ၾကည့္လိုက္သည္ ။ ၾကာပြတ္တစ္ခုကိုကိုင္ထားေသာ ညစ္စုတ္စုတ္လူတစ္ဦးက မိမိတို႔အား မ်က္ေမွာင္ၾကဳတ္၍ၾကည့္ကာ

" ဘာျဖစ္လို႔ ဒီမွာအေခ်ာင္လာခိုေနတာလဲ ... သြားစမ္း .... လုပ္စရာရွိတာသြားလုပ္ၾက ... ပစၥည္းေတြက ဒီညအၿပီးေ႐ႊ႕ရမွာ "

ဟု ေအာ္သည္ ။ ထို႔ေၾကာင့္ Garth ကို ဤေနရာမွထြက္သြားရန္ မ်က္ႏွာရိပ္ျပ၍ ေနရာမွခပ္သုတ္သုတ္ထြက္လာခဲ့လိုက္သည္ ။

9).

ဂိုေဒါင္ႏွင့္အျပည့္ထည့္ထားေသာ မည္သည့္အရာမွန္းမသိသည့္ ေသတၱာမ်ားကိုၾကည့္ၿပီး Dean တစ္ေယာက္ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္ ။ စိတ္ထဲမွလည္း

" တစ္ခ်ိန္လုံး ဒါေတြသယ္ၿပီး ေနရာအႏွံ႔ေလၽွာက္သြားေနၾကတာကိုေတာင္ မင္းသတိမထားမိဘူးလား Dean "

ဟု မိမိကိုယ္ကိုယ္ အျပစ္တင္လိုက္မိသည္ ။ ထို႔ေနာက္ ေသတၱာထဲတြင္ထည့္ထားေသာအရာမ်ားကိုသိရရန္ ေသတၱာအဖုံးကို ဖြင့္ရန္ႀကိဳးစားလိုက္သည္ ။

သို႔ေသာ္ ...
လြယ္လြယ္ႏွင့္ဖြင့္၍မရ ။ ေၾကးေသာ့ခေလာက္ႀကီးျဖင့္ ေသတၱာကိုခတ္ထားသည္ ။ ထို႔ေၾကာင့္ မဲ့ၿပဳံး,ၿပဳံးလိုက္ၿပီး

" Dean Winchester ကို ဒီလိုလာစမ္းလို႔ဘယ္ရမလဲ "

ဟု ေရ႐ြတ္ကာ မည္သည့္ေနရာသို႔သြားသြား ကိုယ္ႏွင့္မကြာေအာင္ေဆာင္ထားေသာ အဝတ္အိတ္ေလးကိုထုတ္ယူလိုက္သည္ ။

တရားမဝင္ေမွာင္ခိုအလုပ္ကိုလုပ္ေနၾကသည့္ဂိုဏ္းမ်ားသည္ ေရွးေဟာင္းပစၥည္းမ်ား သို႔မဟုတ္ ရွားပါးေဆးမ်ားကိုသာ အမ်ားဆုံး ေရာင္းဝယ္ေဖာက္ကားေလ့ရွိေသာေၾကာင့္ ဤေနရာမွလူမ်ား အသည္းအသန္ကာကြယ္ေနေသာပစၥည္းမ်ားသည္ ေရွးေဟာင္းပစၥည္းမ်ားျဖစ္ေနသည္ကို Dean မအံ့ၾသေတာ့ ။ အံ့ၾသရသည္က ထိုပစၥည္းမ်ားသည္ ေက်ာက္စိမ္းျဖင့္ျပဳလုပ္ထားသည့္ပစၥည္းမ်ားသာ ျဖစ္ေနျခင္းေၾကာင့္ ။

မိမိတို႔ႏိုင္ငံသည္ သာယာစည္ပင္​ၿပီး တြင္းထြက္ပစၥည္းမ်ား ေပါႂကြယ္ဝေသာ္လည္း ေက်ာက္စိမ္းေၾကာမရွိ ။ အျခားႏိုင္ငံမွ တင္သြင္းလာေသာ ေက်ာက္စိမ္းမ်ားကိုသာ ေရာင္းဝယ္ေဖာက္ကားၾကရသည္ ။ ထို႔ေၾကာင့္ မိမိျမင္ေနရေသာဤပစၥည္းမ်ားသည္ အခြန္မေဆာင္ဘဲ မိမိတို႔ႏိုင္ငံအတြင္းသို႔ဝင္လာေသာပစၥည္းမ်ားျဖစ္ေၾကာင္း ပို၍ေသခ်ာသြားရသည္ ။

သို႔ေသာ္ ....
ဤကိစၥသည္ မိမိခ်က္ခ်င္းေျဖရွင္း၍ရမည့္ကိစၥမဟုတ္ ။ အျခားေသတၱာမ်ားကိုပါ ဖြင့္ေဖာက္စစ္ေဆးၾကည့္ရန္လိုအပ္ေသးေသာေၾကာင့္ မသိမ္းရေသးေသာအဝတ္အိတ္ကို လွမ္းယူလိုက္သည္ ။

ဖြင့္လိုက္သမၽွေသတၱာမ်ားအားလုံးက ေက်ာက္စိမ္းပစၥည္းမ်ားျဖစ္ေနသျဖင့္ Dean ဤကိစၥကို လတ္တေလာမေျဖရွင္းေသးဘဲ Garth ႏွင့္အတူ အျပင္သို႔ျပန္ခိုးထြက္ၿပီး အနီးဆုံးေနရာမွ အေစာင့္ရဲမက္မ်ားကို တာဝန္သိျပည္သူတစ္ဦးအေနႏွင့္ သတင္းေပးကာ ဤေနရာအားဝင္စီးခိုင္းမည္ဟု စိတ္ကူးလိုက္သည္ ။

သို႔ေသာ္ ...
မိမိစိတ္ကူးသည္ စပင္မစလိုက္ရ ။

" ဟိုတစ္ေယာက္က အျပင္မွာရွိမေနဘဲ ဒီမွာဘာလာလုပ္ေနတာလဲ "

ဟူေသာ အသံႏွင့္အတူ ၾကာပြတ္ကိုင္ေသာလူက ဂိုေဒါင္ထဲဝင္လာသည္ ။

" ဟို ... ဟို ... အိမ္သာရွာေနတာပါ "

ဟု မုသားစကားဆိုလိုက္ေသာ္လည္း ထိုလူကမယုံၾကည္ ။ လက္ထဲတြင္ကိုင္ထားေသာ ၾကာပြတ္ျဖင့္ မိမိအားလွမ္းရိုက္သည္ ။ အခ်ိန္မီေရွာင္လိုက္ေသာ္လည္း ေသတၱာမ်ား ၊ ပစၥည္းမ်ားကခံေနေသာေၾကာင့္ ထိျဖစ္ေအာင္ထိသြားသည္ ။ စပ္ဖ်ဥ္းဖ်ဥ္းခံစားခ်က္ကို ခံစားလိုက္ရေသာေၾကာင့္ ၿငိမ္သက္ေနေသာေဒါသတို႔က ဆူပြက္လာကာ ထိုလူအား ျပန္လည္၍ရင္ဆိုင္ခုခံရန္ ဆုံးျဖတ္လိုက္သည္ ။

10).

Garth အိမ္ေရွ႕စံ၏အမိန္႔ေၾကာင့္သာ ဤေနရာတြင္ေယာင္လည္လည္လုပ္ေနရေသာ္လည္း အိမ္ေရွ႕စံအားစိတ္မခ် ။ ဂိုေဒါင္ထဲခဏဝင္မည္ဟုေျပာကာ ယခုအခ်ိန္အထိ ျပန္ထြက္မလာေသးေသာေၾကာင့္ လူမိသြားကာ ဘဝအမွန္ကို သိသြားမည္ကိုစိုးရိမ္မိသည္ ။ ထို႔ေၾကာင့္ ရွည္ရွည္ေဝးေဝးေတြးမေနေတာ့ဘဲ ဂိုေဒါင္ဘက္သို႔ ေျပးလာခဲ့မိသည္ ။

ဂိုေဒါင္အေရွ႕တြင္ မိမိထက္အရင္ေရာက္ေနေသာလူမ်ားကို မေမၽွာ္လင့္ဘဲ ေတြ႕လိုက္ရေသာေၾကာင့္ ရင္ထိတ္သြားကာ လူအုပ္ၾကားထဲသို႔ အတင္းတိုးဝင္လာခဲ့လိုက္သည္ ။ ထင္ထားသည့္အတိုင္း အိမ္ေရွ႕စံကို ၾကာပြတ္ကိုင္ထားသည့္လူက အားရပါးရရိုက္ႏွက္ေနေသာေၾကာင့္ စိုးရိမ္စိတ္တို႔က ငယ္ထိပ္အထိတက္သြားရကာ

" Dean "

ဟု ေအာ္လိုက္သည္ ။ ထိုအခါမွ အလူးအလဲအရိုက္ခံေနရေသာအိမ္ေရွ႕စံက ကုန္႐ုန္း၍ထကာ

" ေျပးေတာ့ Garth "
" အေဝးဆုံးကိုေျပး ငါဒီမွာအခ်ိန္ဆြဲထားမယ္ "

ဟု ရေအာင္ေအာ္သည္ ။ ထို႔ေၾကာင့္ ေသြး႐ူးေသြးတန္းျဖင့္ လူအုပ္ၾကားထဲမွ ေျပးထြက္လာခဲ့လိုက္သည္ ။

by the_richone_IX

■■■ Episode (12) ဆက္ရန္ ■■■

1).

"စစ်သူကြီး၊ နယ်စား Masters တို့ကတော့ လာပါတွေ့ပြီးပြီ။ မင်းသမီး Lisa နဲ့က အခြေအနေကောင်းပါ့မလား။"

"မင်းကြီးနဲ့သာတွေ့သွားတာ၊ အိမ်ရှေ့စံက သူတို့လာမှာသိရဲ့နဲ့ သေချာလက်ခံမတွေ့လိုက်ဘူးလေ။ စိတ်မပူပါနဲ့ အမတ်ကြီးရဲ့။ မင်းမျိုးနွယ်မင်းသမီးတစ်ပါးနဲ့ ဟိုနယ်စားမင်းရဲ့သမီးနဲ့ဆို ခင်ဗျားသာ အိမ်ရှေ့စံနေရာမှာဆိုရင် ဘယ်သူ့ကိုရွေးမလဲ။"

"ကျုပ်မြင်တာတော့ အိမ်ရှေ့စံက ဘယ်ကိစ္စကိုမှ စိတ်ဝင်စားပုံမပေါ်ဘူး။"

"ကောင်းတယ်။ သူ့စိတ်ထဲ ဘာမှမရှိတာလည်း အခွင့်အရေးပဲပေါ့။ ကျုပ်တို့က သူ့စိတ်ထဲကိုတစ်ခုခုထည့်ပေးနိုင်ရင် ရပြီလေ။"

စစ်သူကြီး Elkins ၏အဆိုကို အပေါင်းအပါအမတ်တို့က ခေါင်းညိတ်လေ၏။

"အခုအထိ အတိအကျအမိန့်မချသေးတာကို ကျုပ်တော့စိုးရိမ်မိပါရဲ့ဗျာ။"

"ငြိမ်းချမ်းရေးကိစ္စဆိုတော့ ငြင်းစရာမရှိတာကြောင့် သိပ်လည်းစိတ်ပူစရာမရှိဘူး အမတ်ကြီးရဲ့။ ကျုပ်တို့က နည်းနည်းလေးဆော်ဩပေးဖို့တော့ လိုတာပေါ့။ နောက်ဆုံး မိဖုရားနှစ်ပါးဖြစ်လာရင်တောင် ကျုပ်တို့ဘက်က မိဖုရားငယ်ဖြစ်လာစရာအကြောင်း လုံးဝမရှိဘူး။"

"စစ်သူကြီးပြောတာလည်း မှန်ပါတယ်ဗျာ။"

တစ်ဖက်တွင် ထိုသို့တွေ့ဆုံပြောဆိုနေကြသည့်နည်းတူ တစ်ဖက်တွင်လည်း

"စစ်သူကြီးတို့ဘက်က စကားသံတွေထွက်နေတယ် အမတ်ချုပ်ကြီး။ မိဖုရားက နှစ်ပါးဖြစ်သွားရင်တောင် သူတို့ဘက်က မိဖုရားငယ်ဖြစ်စရာမရှိဘူးတဲ့။ ကျုပ်တို့စိုးရိမ်တာလည်း အဲဒါပဲဗျာ။ မင်းမျိုးမင်းနွယ်မိဖုရားကိုပဲ မိဖုရားခေါင်အဖြစ်ထားမှာပဲ။ တစ်ဖက်ကဘုရင့်မျက်နှာတော်ကလည်း ရှိသေးတယ်မဟုတ်လားဗျာ။"

အမတ်ချုပ် Guenther ခေါင်းတဆတ်ဆတ်ညိတ်လျက်မှ

"တစ်ခါတလေမှာ ရာထူးထက် အရည်အချင်းကအဓိကကျပါတယ်။ အိမ်ရှေ့စံရဲ့အလုပ်တွေမှာ တစ်ပြည်သူမိဖုရားက ဘယ်လောက်အထောက်အကူဖြစ်မှာတဲ့လဲ။ Lady Meg Masters က သူ့ဖခင်ရဲ့ခြေရာအတိုင်း လိုက်နေရတဲ့သူဆိုတော့ အရည်အချင်းကအပြည့်ပဲ။ အိမ်ရှေ့စံရဲ့လုပ်ငန်းစဉ်တွေမှာ အထောက်အကူအများကြီးပေးနိုင်တယ်။ ဒီလိုဆိုရင် အိမ်ရှေ့စံက ဘယ်သူ့ကိုအရေးပေးမယ်လို့ ထင်သလဲ။"

တွက်ချက်မှုအသီးသီးတို့နှင့်အတူ မိမိတို့အင်အားတောင့်တင်းရေးအတွက် ကြိုးပမ်းနေသည်များက နန်းတွင်းတစ်ခုလုံးတွင် တိုးတိတ်စွာ အကြိတ်အနယ်အားပြိုင်နေကြလေတော့သည်။

2).

Castiel ပြန်ရောက်မလာသေးသည့်နေ့တစ်နေ့သည် Meg အတွက် ငြီးငွေ့ဖွယ်ရာကောင်းလှသည်။ ကိုယ်ပိုင်သဘောဆန္ဒမပါသည့် ဆုံးဖြတ်ချက်တစ်ခု၏နောက်တွင် ရနိုင်သမျှအချိန်တို့အား စိတ်ရှိသမျှအတိုင်းသာ ကုန်ဆုံးချင်ခဲ့သည်။ သို့သော် အခြေအနေမပေးသည့်အခါ စိတ်ထင်ရာကိုဦးစားပေးချင်မိသည်အထိ Meg Masters ရူးမိုက်ပစ်ချင်လာသည်။ သို့သော် တစ်ဦးတစ်ဖက်တည်းဆုံးဖြတ်၍ ရနိုင်ကောင်းသည့်ကိစ္စလည်း မဟုတ်ပြန်ပါ။

"သိပ်ကိုရူးမိုက်တာပဲ Meg Masters ရယ်။ နင့်ကို ဘယ်သူက မျှော်လင့်ချက်တွေပေးနေလို့ ရူးမိုက်ချင်ရတာလဲ။"

ကိုယ့်ကိုကိုယ်ပြန်လည်သတိပေးကာ ထိန်းချုပ်ထားရသည်မှာ ရူးမတတ်ပင်။

"သမီးငယ်၊ ဘာတွေငေးနေသလဲကွဲ့။"

အိမ်တော်၏ဘေးဘက် ကုန်းမြင့်လေးပေါ်တွင်ထိုင်ကာ မြေနိမ့်ပိုင်းသို့ကြွေကျသွားသည့် ရွက်ကြွေတို့ကိုငေးလျက် အတွေးပွားနေသည့် Meg မှာ သူ၏နံဘေးသို့ ဖခင်ဖြစ်သူရောက်လာပြီး ဝင်ထိုင်လိုက်သည်ကိုပင် သတိမထားမိပေ။ စကားသံကြားမှပင် လှည့်ကြည့်မိပြီး ချက်ချင်းပြုံးလိုက်ကာ

"ရွက်ကြွေတွေက သိပ်လှတာပဲ။ တကယ်ဆို အပင်ပေါ်မှာဆက်နေရင် ပိုလှနေမှာကို။"

"သူ့အချိန်ကျရင် မူလနေရပ်ကိုစွန့်ခွာရတာ သဘာဝပါပဲကွယ်။"

"ဒီနေရာ၊ ဒီလူတွေနဲ့ မခွဲချင်ဘူး။ ပြီးတော့ ဒီတစ်ဦးတည်းသောမိဘကို ခွဲသွားရမှာလည်း ..."

Meg ၏အသံတို့က တုန်ယင်လာ၍ သမီးဖြစ်သူကိုပခုံးမှဆွဲဖက်ရင်း Lord Masters နှစ်သိမ့်မိသည်။

"ငါ့သမီးလေး တအားပင်ပန်းရမယ်ဆိုရင် အဲဒီကိစ္စကို ရပ်ပစ်ပေးမယ်။"

"နောက်ဆုတ်လို့လည်း မထူးတော့ဘူးထင်ပါတယ်။ တစ်ခုတော့သိချင်မိတယ်။"

ဖခင်ဖြစ်သူဘက်သို့အနည်းငယ်မှီထားလျက်မှ Meg စကားစသည်။

"အင်း"

"မင်းသမီး Lisa ကလည်း သိပ်မကြာခင် ရောက်လာမယ်လို့ကြားတယ်။ ဒါဆိုရင် သဘောက ..."

"ငါ့သမီးလေးက အဲဒီကိစ္စကို အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။ Meg Masters ဆိုတာ အိမ်ထဲမှာပဲကျော့ကျော့လေးနေပြီး ဘာမှမသိနားမလည်တဲ့မိန်းမပျိုလေးမှ မဟုတ်တာပဲ။ တကယ်လို့ ငါ့သမီးလေး အခုတွေးနေသလိုဖြစ်လာရင် သည်းခံပြီးတော့ ရှေ့ဆက်ပေးနိုင်မလား။ အခုအချိန်မှာငြင်းမယ်ဆိုရင် အဖေက လက်ခံပေးမယ်၊ နောက်ဆုတ်ပေးပါ့မယ်။"

Meg ဖခင်ဖြစ်သူနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး

"ငြင်းလိုက်ရင် ဘာဖြစ်မှာလဲဟင်။"

"ဘာမှမဖြစ်ပါဘူး။ မင်းသမီးရောက်လာမှာကြောင့် နှစ်ဖက်ငြိမ်းချမ်းရေးကို ဦးစားပေးလိုက်တယ်လို့ပဲ ဖြစ်ရမှာပေါ့။"

"အဖေ့အစီအစဉ်တွေကရော။"

"ဒါက ဘုရင်နဲ့ခမည်းခမက်ဖြစ်ရင် ပိုကောင်းတယ်ဆိုပေမဲ့ ဒီအတိုင်းလည်း မလုပ်နိုင်တာမှမဟုတ်တာကွယ်။"

"ခက်ခဲသွားမယ်မဟုတ်လား။ မေးကြည့်တာပါ၊ ငြင်းဖို့အစီအစဉ်မရှိပါဘူး။ စခဲ့ပြီးသားလမ်းကို ဆုံးအောင်လျှောက်မှာပါ။ အဖေ့ကိုတော့ လွမ်းနေရဦးမှာပဲ။"

ဝဲတက်လာသည့်မျက်ရည်တို့ကို မျက်တောင်ရှည်တို့ဖြင့်ပုတ်ထုတ်လိုက်ပြီး ဖခင်ဖြစ်သူရင်ခွင်အတွင်းသို့ တိုးဝင်ပွေ့ဖက်လိုက်မိသည်။ နောင်တွင် ဤသို့သောငြိမ်းချမ်းလုံခြုံမှုကို ခံစားရရှိနိုင်ရန်မလွယ်ကူတော့ပြီ။

3).

"တပ်မှူးက ဒီနေ့ညနေပြန်မယ်ဆိုပြီးပြောလို့ ကျွန်တော်က မီဦးမှာပါဆိုပြီး ထွက်လာတာ။"

"ဟိုမှာ ကျွန်တော်လုပ်ရမယ့်ကိစ္စလေးတွေက အဆင်ပြေတာကြောင့် အလောတကြီးပြန်ဖို့မလိုတာနဲ့ တစ်လက်စတည်း စုံစမ်းလက်စတွေကို ရှေ့ဆက်မလို့ပါ။"

"အခု ဘယ်သွားမှာလဲ။"

"Skullcrusher နဲ့ပတ်သက်ပြီး သတင်းရထားလို့။"

"ဒါနဲ့၊ အဲဒီကိစ္စကို တပ်မှူးဘယ်လိုသိတာလဲ။"

"ကျွန်တော်မှတ်မိသလောက် ရှာဖွေကြည့်ရင်း သခင်မလေးကပြောပြလို့ သိရတာပဲ။ ဘာဖြစ်လို့လဲဗျ။ ခင်ဗျားတို့စုံစမ်းရေးမှူးက ဓားမြှောင်ယူသွားပေမဲ့ အဲဒီအပေါ်ကသင်္ကေတတွေကို ကျွန်တော်သေချာမှတ်မိပါတယ်။"

Sam ရယ်လိုက်မိ၏။ ထို့နောက်

"သခင်မလေး Masters က အဲဒါတွေလည်းသိသတဲ့လား။"

"သခင်မလေးက ရှေးဟောင်းစာပေတွေကို စိတ်ဝင်စားတယ်ဗျ။"

"ကျွန်တော့်မှာ အတော်လေးရှာဖွေဘာသာပြန်ခဲ့ရတာ။ သခင်မလေး Masters ကတော့ တပ်မှူးမှတ်မိသမျှနဲ့တင် ပြောနိုင်ခဲ့တာပေါ့။"

Sam ၏စကားကြောင့် Castiel က နှစ်ခြိုက်စွာပြုံး၏။

"သခင်မလေးက သာမန်မိန်းကလေးတွေနဲ့ ကွဲပြားတယ်။"

ထိုအပြုံးနှင့်ထိုစကားသံကြောင့် Sam ၏စိတ်ထဲတွင် သံသယအချို့ဖြတ်ပြေးသွားလေသည်။

"တပ်မှူးက Lord Masters ဆီမှာ ငယ်ကတည်းကရောက်နေခဲ့တာလား။"

"ဟုတ်ပါတယ်။ ကျွန်တော့်ကို လူမိုက်တွေဝိုင်းရိုက်နေတော့ နယ်စားမင်းက ကယ်လိုက်ပြီး အိမ်တော်မှာခေါ်ထားခဲ့တာပါ။ နောက်တော့ နယ်စားမင်းရဲ့တပ်ထဲကို တပ်သားဘဝနဲ့ ကျွန်တော်ရောက်သွားခဲ့တာ။"

"တပ်မှူးက Dean နဲ့ အသက်သိပ်မကွာဘူးထင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောက်ခြေနေရာကနေ တပ်မှူးနေရာအထိရောက်လာတာ နည်းတဲ့အရည်အချင်းတော့ မဟုတ်ဘူးပဲ။"

"ကျွန်တော် နှစ်ဆယ့်ခုနစ်နှစ်။ နယ်စားမင်းကယုံကြည်ပေးလို့လည်း ဒီလိုအထိဖြစ်လာခဲ့ရတာပါ။"

"Dean ထက် နှစ်နှစ်ကြီးတာပဲ။ ကျွန်တော်နဲ့ဆို ခြောက်နှစ်လောက်ကွာတယ်။"

"ငယ်သေးတာပဲ။ ဘယ်လိုဖြစ်ပြီးတော့များ ..."

"ကျွန်တော်က ဘာရာထူးရယ်လို့မှ မရှိပါဘူး။ အမတ်ကြီး Middleton နဲ့ ဆွေနီးမျိုးစပ်မို့ အလုပ်သင်တဲ့သဘောနဲ့ Dean နဲ့အတူတွဲပြီး အလုပ်လုပ်တာမျိုးပါ။ ကျွန်တော့်ကို ရင်းရင်းနှီးနှီးပဲ ပြောဆိုဆက်ဆံနိုင်ပါတယ်။ အစကပြန်ပြောရမလား၊ ကျွန်တော့်နာမည် Sam ပါ။"

"ဟား ဟား၊ ကောင်းပြီ Sam. ငါ့နာမည် Castiel ပါ။"

"ဟုတ်ပြီ Cas."

လွယ်လင့်တကူပင် ရင်းနှီးကျွမ်းဝင်သွားကြသည့် Sam နှင့် Castiel တို့ သတင်းရရာနေရာဆီသို့ ချီတက်ခဲ့ကြလေသည်။

by Demon

4).

Bobby အခန်းမှပြန်ထွက်လာပြီးနောက် Dean တစ်ယောက် စိတ်ရှုပ်လွန်းသဖြင့် ခေါင်းပင်ကိုက်မိသည် ။

သို့သော် ....
ဤမျှလောက်နှင့်လက်လျှော့လိုက်လျှင် Dean Winchester ဟုတ်တော့မည်မဟုတ် ။ ထို့ကြောင့် အနောက်မှ တကောက်ကောက်လိုက်နေသော Garth ကို

" Sam ကို တွေ့မိလား Garth "

ဟု မေးလိုက်သည် ။

" ဟို မင်းသား Sam က နန်းပြင်ထွက်သွားတယ်ထင်ပါတယ် "

ဟူသော အဖြေစကားကိုရသောကြောင့် မနေ့က Castiel ထံထပ်လာမည်ဟုပြောထားသည်ကို သတိရသွားကာ

" ဟုတ်သားပဲ Novak နဲ့ ချိန်းထားတာကို "

ဟု မိမိကိုယ်ကိုယ် ပြောလိုက်သည် ။ ပြီးမှ Garth ကို

" ငါအပြင်ခဏထွက်လိုက်အုံးမယ် Garth ... ဒီအကြောင်း ဘယ်သူမှမသိစေနဲ့ ... အထူးသဖြင့် Benny နဲ့ Charlie "

ဟု ပြောလိုက်သည် ။ ထို့နောက် Garth အနားမှ ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည် ။

5).

Castiel တစ်ယောက် ရထားသောသတင်းများအတိုင်း Skullcrusher အဖွဲ့၏ခြေရာများကို နောက်ယောင်ခံ၍လိုက်ကြည့်ခဲ့သော်လည်း ပါးနပ်လွန်းသော ထိုအဖွဲ့က အချိန်တိုအတွင်းမှာပင် မိမိတို့မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားကြသည် ။ ထို့ကြောင့် အတူပါလာသော Sam ကို

" Sam ... ငါရထားတဲ့သတင်းက ဒီအထိပဲ .... ရှေ့ဆက်လိုက်ဖို့အတွက်က ဝေးကွာလွန်းသွားပြီ "

ဟု ပြောလိုက်သည် ။ ပြီးမှ

" Dean ရော ... ဘာသတင်းရထားသေးလဲ "

ဟု မေးလိုက်သည် ။

" Dean အခြေအနေက မင်းထက်ဆိုးတယ် "

ဟူသော အဖြေကိုရသောကြောင့် သက်ပြင်းချလိုက်မိသည် ။ ထို့နောက်

" ဟိုနားကဆိုင်မှာဝင်ပြီး အခုတလော ဒီနားမှာဘာအထူးအဆန်းကိစ္စများဖြစ်သေးလဲ စုံစမ်းကြည့်ရအောင် "

ဟု ပြောကာ Sam နှင့်အတူ ခပ်လှမ်းလှမ်းမှ စားသောက်ဆိုင်ရှိရာဆီသို့လျှောက်သွားလိုက်သည် ။

6).

အနောက်မှလိုက်မလာရန် အတန်တန်တားနေသည့်ကြားက ရအောင်လိုက်လာသော Garth တစ်ယောက်ကို Dean လည်း ပြော၍မနိုင်သောကြောင့် လက်မြှောက်အရှုံးပေးလိုက်ကာ Bobby ထံမှရလာသည့်သတင်းစကားအတိုင်း Skullcrusher ဂိုဏ်း၏ခြေရာအနောက်သို့ နောက်ယောင်ခံ၍ လိုက်လာခဲ့ရတော့သည် ။

သို့သော် ....
တော်၍ထက်မြက်သောအမျိုးသမီး၏ လက်အောက်တွင်ရှိသော ထိုဂိုဏ်းသည် မိမိတို့လက်မှ လက်မတင်လေးလွတ်လွတ်သွားသောကြောင့် လွယ်လွယ်နှင့်ခြေရာခံ၍မရ ။ ဤအခြေအနေကိုပင် ထိုလူများက လိုလားနေသည်ကိုသိသောကြောင့် လက်မလျှော့ဘဲ Bobby ပြောလိုက်သည့် နှင်းဆီဧည့်ရိပ်သာဆီသို့ ချီတက်လာခဲ့လိုက်သည် ။

ဤနေရာက ဧည့်ရိပ်သာနှင့်ဂေဟာကို တွဲ၍ဖွင့်ထားသောကြောင့် မိမိတို့ရှာနေသည့်လူအား ဤနေရာမှပိုင်ရှင်သည် သိပေလိမ့်မည်ဟု ယူဆမိသည် ။ ထို့ကြောင့် Garth ကို

" မင်းဒီမှာခဏနေခဲ့ ... ငါသတင်းသွားစုံစမ်းလိုက်ဦးမယ် "

ဟု ပြောကာ လူများစုရုံးစုရုံးဖြစ်နေသည့်နေရာဆီသို့ အသာထလာခဲ့လိုက်သည် ။

7).

" သူတို့ကို ခြေရာဖျောက်နိုင်ခဲ့ပါပြီ သခင် "

ဟူသော စကားကိုကြားရသောအခါမှ Lilith တစ်ယောက် သက်ပြင်းချမိသည် ။

သို့သော်လည်း လုံးဝဥဿုံ စိတ်အေးလက်အေးနေလိုက်၍မရ ။ မိမိအနောက်သို့လိုက်နေသောလူနှစ်ဦးအနက် နယ်စားမင်း Masters ၏ လက်ရုံးဖြစ်သူ တပ်မှုး Castiel Novak သည် အလွန်ထက်သူဖြစ်သည် ။ အချိန်နေ့တစ်ပိုင်းအတွင်း၌ပင် မိမိတို့အဖွဲ့၏ စခန်းငယ်များကို ရအောင်လိုက်ရှာနိုင်ခဲ့သည် ။ ထို့ကြောင့် မိမိအား သတင်းလာပေးသူကို

" အကုန်လုံးတော်တယ် ... ဒါပေမဲ့ အဲ့ဒီ Novak မျိုးရိုးကတော်တယ် ထက်မြက်တယ် ... တစ်ရက်နှစ်ရက်အတွင်း ငါတို့ရဲ့ဒီနေရာကို ရှာတွေ့သွားနိုင်တယ် .... အဲ့ဒါကြောင့် အခုညကတည်းက အရေးကြီးတဲ့ပစ္စည်းတွေကို ဂိုဒေါင်ဆီအရင်ပို့ထားနှင့်ရမယ် "

ဟု ပြောလိုက်သည် ။

8).

ညသန်းခေါင်ရောက်လုပြီဖြစ်သော်လည်း Dean နှင့် Garth က မြို့ထဲလမ်းမများပေါ်တွင် လျှောက်သွားနေကြဆဲဖြစ်သည် ။ Garth က နန်းတော်သို့ပြန်အိပ်ပြီး မနက်ခပ်စောစောမှပြန်ထွက်ရန်ပြောသော်လည်း မိမိရလာသောသတင်းအရ ကုန်သည်ဟန်ဆောင်လာကြသောထိုလူစုသည် ယခုလက်ရှိနေရာမှ မနက်မလင်းခင်အပြီးရွှေ့ပြောင်းကြမည်မှာ တစ်ရာ,ရာခိုင်နှုန်းပင်ဖြစ်သည် ။ ထို့ကြောင့် Garth ကို

" မင်းပင်ပန်းရင်ပြန်တော့ ... မနက်ဖြန်မှပြန်လာခဲ့ "

ဟု ပြောကာ နန်းတော်ထဲသို့ပြန်ရန်ခွင့်ပြုလိုက်ခြင်းဖြစ်သည် ။

သို့သော် ....
Garth က မိမိအားစိတ်ချဟန်မတူ ။ ညည်းရင်းညူရင်းနှင့် အနောက်မှတကောက်ကောက်ပါလာသည် ။

ဤသို့ နှစ်ယောက်သားထွက်လာကြရင်း သန်းခေါင်ကျော်ခန့်တွင် ထိုလူများရှိနေသည်ဟုသတင်းရသော အနောက်ရွာဆီသို့ရောက်လာကြသည် ။ ထိုအနောက်ရွာသည် မြို့ထဲကဲ့သို့မဟုတ်ဘဲ ဆင်းရဲမွဲတေကာ နေစရာစားစရာမရှိသည့်လူများသာ စုဝေး၍နေကြသော သူဖုန်းစားရွာဖြစ်သောကြောင့် မိမိတို့၏လက်ရှိပုံစံအတိုင်းဝင်သွား၍မရ ။ ပုံပြောင်းရန်လိုအပ်သည် ။ ထို့ကြောင့် မျက်စိရှေ့တွင်မြင်နေရသော အဝတ်တန်းမှ အဝတ်အစားနှစ်စုံကိုယူလိုက်သည် ။

" အရှင့်သား ကျွန်တော်မျိုးတို့ ဒီပုံအတိုင်းဝင်သွားလို့အဆင်ပြေပါ့မလား "

ဟူသော မေးခွန်းကို Garth က စိုးရိမ်တကြီးဖြင့် မေးလာသောကြောင့် Dean မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး

" လိုက်မှာသာလိုက်လာခဲ့စမ်းပါ "

ဟု ပြောပြီး ပုန်းနေရာမှ အသာထွက်လိုက်သည် ။ ထိုစဉ်

" ဟိုနှစ်ယောက် "

ဟု အော်လိုက်သော အမျိုးသားတစ်ဦး၏အသံကို ကြားရသည် ။ မိမိတို့ခိုးဝင်သည့်ကိစ္စကို သိသွားပြီလောဟုတွေးကာ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည် ။ ကြာပွတ်တစ်ခုကိုကိုင်ထားသော ညစ်စုတ်စုတ်လူတစ်ဦးက မိမိတို့အား မျက်မှောင်ကြုတ်၍ကြည့်ကာ

" ဘာဖြစ်လို့ ဒီမှာအချောင်လာခိုနေတာလဲ ... သွားစမ်း .... လုပ်စရာရှိတာသွားလုပ်ကြ ... ပစ္စည်းတွေက ဒီညအပြီးရွှေ့ရမှာ "

ဟု အော်သည် ။ ထို့ကြောင့် Garth ကို ဤနေရာမှထွက်သွားရန် မျက်နှာရိပ်ပြ၍ နေရာမှခပ်သုတ်သုတ်ထွက်လာခဲ့လိုက်သည် ။

9).

ဂိုဒေါင်နှင့်အပြည့်ထည့်ထားသော မည်သည့်အရာမှန်းမသိသည့် သေတ္တာများကိုကြည့်ပြီး Dean တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရသည် ။ စိတ်ထဲမှလည်း

" တစ်ချိန်လုံး ဒါတွေသယ်ပြီး နေရာအနှံ့လျှောက်သွားနေကြတာကိုတောင် မင်းသတိမထားမိဘူးလား Dean "

ဟု မိမိကိုယ်ကိုယ် အပြစ်တင်လိုက်မိသည် ။ ထို့နောက် သေတ္တာထဲတွင်ထည့်ထားသောအရာများကိုသိရရန် သေတ္တာအဖုံးကို ဖွင့်ရန်ကြိုးစားလိုက်သည် ။

သို့သော် ...
လွယ်လွယ်နှင့်ဖွင့်၍မရ ။ ကြေးသော့ခလောက်ကြီးဖြင့် သေတ္တာကိုခတ်ထားသည် ။ ထို့ကြောင့် မဲ့ပြုံး,ပြုံးလိုက်ပြီး

" Dean Winchester ကို ဒီလိုလာစမ်းလို့ဘယ်ရမလဲ "

ဟု ရေရွတ်ကာ မည်သည့်နေရာသို့သွားသွား ကိုယ်နှင့်မကွာအောင်ဆောင်ထားသော အဝတ်အိတ်လေးကိုထုတ်ယူလိုက်သည် ။

တရားမဝင်မှောင်ခိုအလုပ်ကိုလုပ်နေကြသည့်ဂိုဏ်းများသည် ရှေးဟောင်းပစ္စည်းများ သို့မဟုတ် ရှားပါးဆေးများကိုသာ အများဆုံး ရောင်းဝယ်ဖောက်ကားလေ့ရှိသောကြောင့် ဤနေရာမှလူများ အသည်းအသန်ကာကွယ်နေသောပစ္စည်းများသည် ရှေးဟောင်းပစ္စည်းများဖြစ်နေသည်ကို Dean မအံ့သြတော့ ။ အံ့သြရသည်က ထိုပစ္စည်းများသည် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့်ပစ္စည်းများသာ ဖြစ်နေခြင်းကြောင့် ။

မိမိတို့နိုင်ငံသည် သာယာစည်ပင်ပြီး တွင်းထွက်ပစ္စည်းများ ပေါကြွယ်ဝသော်လည်း ကျောက်စိမ်းကြောမရှိ ။ အခြားနိုင်ငံမှ တင်သွင်းလာသော ကျောက်စိမ်းများကိုသာ ရောင်းဝယ်ဖောက်ကားကြရသည် ။ ထို့ကြောင့် မိမိမြင်နေရသောဤပစ္စည်းများသည် အခွန်မဆောင်ဘဲ မိမိတို့နိုင်ငံအတွင်းသို့ဝင်လာသောပစ္စည်းများဖြစ်ကြောင်း ပို၍သေချာသွားရသည် ။

သို့သော် ....
ဤကိစ္စသည် မိမိချက်ချင်းဖြေရှင်း၍ရမည့်ကိစ္စမဟုတ် ။ အခြားသေတ္တာများကိုပါ ဖွင့်ဖောက်စစ်ဆေးကြည့်ရန်လိုအပ်သေးသောကြောင့် မသိမ်းရသေးသောအဝတ်အိတ်ကို လှမ်းယူလိုက်သည် ။

ဖွင့်လိုက်သမျှသေတ္တာများအားလုံးက ကျောက်စိမ်းပစ္စည်းများဖြစ်နေသဖြင့် Dean ဤကိစ္စကို လတ်တလောမဖြေရှင်းသေးဘဲ Garth နှင့်အတူ အပြင်သို့ပြန်ခိုးထွက်ပြီး အနီးဆုံးနေရာမှ အစောင့်ရဲမက်များကို တာဝန်သိပြည်သူတစ်ဦးအနေနှင့် သတင်းပေးကာ ဤနေရာအားဝင်စီးခိုင်းမည်ဟု စိတ်ကူးလိုက်သည် ။

သို့သော် ...
မိမိစိတ်ကူးသည် စပင်မစလိုက်ရ ။

" ဟိုတစ်ယောက်က အပြင်မှာရှိမနေဘဲ ဒီမှာဘာလာလုပ်နေတာလဲ "

ဟူသော အသံနှင့်အတူ ကြာပွတ်ကိုင်သောလူက ဂိုဒေါင်ထဲဝင်လာသည် ။

" ဟို ... ဟို ... အိမ်သာရှာနေတာပါ "

ဟု မုသားစကားဆိုလိုက်သော်လည်း ထိုလူကမယုံကြည် ။ လက်ထဲတွင်ကိုင်ထားသော ကြာပွတ်ဖြင့် မိမိအားလှမ်းရိုက်သည် ။ အချိန်မီရှောင်လိုက်သော်လည်း သေတ္တာများ ၊ ပစ္စည်းများကခံနေသောကြောင့် ထိဖြစ်အောင်ထိသွားသည် ။ စပ်ဖျဉ်းဖျဉ်းခံစားချက်ကို ခံစားလိုက်ရသောကြောင့် ငြိမ်သက်နေသောဒေါသတို့က ဆူပွက်လာကာ ထိုလူအား ပြန်လည်၍ရင်ဆိုင်ခုခံရန် ဆုံးဖြတ်လိုက်သည် ။

10).

Garth အိမ်ရှေ့စံ၏အမိန့်ကြောင့်သာ ဤနေရာတွင်ယောင်လည်လည်လုပ်နေရသော်လည်း အိမ်ရှေ့စံအားစိတ်မချ ။ ဂိုဒေါင်ထဲခဏဝင်မည်ဟုပြောကာ ယခုအချိန်အထိ ပြန်ထွက်မလာသေးသောကြောင့် လူမိသွားကာ ဘဝအမှန်ကို သိသွားမည်ကိုစိုးရိမ်မိသည် ။ ထို့ကြောင့် ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ ဂိုဒေါင်ဘက်သို့ ပြေးလာခဲ့မိသည် ။

ဂိုဒေါင်အရှေ့တွင် မိမိထက်အရင်ရောက်နေသောလူများကို မမျှော်လင့်ဘဲ တွေ့လိုက်ရသောကြောင့် ရင်ထိတ်သွားကာ လူအုပ်ကြားထဲသို့ အတင်းတိုးဝင်လာခဲ့လိုက်သည် ။ ထင်ထားသည့်အတိုင်း အိမ်ရှေ့စံကို ကြာပွတ်ကိုင်ထားသည့်လူက အားရပါးရရိုက်နှက်နေသောကြောင့် စိုးရိမ်စိတ်တို့က ငယ်ထိပ်အထိတက်သွားရကာ

" Dean "

ဟု အော်လိုက်သည် ။ ထိုအခါမှ အလူးအလဲအရိုက်ခံနေရသောအိမ်ရှေ့စံက ကုန်ရုန်း၍ထကာ

" ပြေးတော့ Garth "
" အဝေးဆုံးကိုပြေး ငါဒီမှာအချိန်ဆွဲထားမယ် "

ဟု ရအောင်အော်သည် ။ ထို့ကြောင့် သွေးရူးသွေးတန်းဖြင့် လူအုပ်ကြားထဲမှ ပြေးထွက်လာခဲ့လိုက်သည် ။

by the_richone_IX

■■■ Episode (12) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі