Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 12
1).

"အဲဒါဘယ္လိုျဖစ္တာလဲ။ အိမ္ေရွ႕စံ နန္းတြင္းထဲမွာမရွိတာကို မင္းတို႔ကမသိၾကဘူးလား။ ဘယ္ကိုထြက္သြားလဲဆိုတာ မသိၾကဘူးလား။"

ဒဏ္ရာတစ္ဖက္ႏွင့္ ကိုယ္ရံေတာ္ Benny Lafitte တစ္ေယာက္ အိမ္ေရွ႕စံအေဆာင္ေတာ္မွအေစာင့္မ်ားကို ေမးျမန္းဆူပူေနေလသည္။ မည္သည့္ေနရာသို႔ထြက္သြားသည္ကို မည္သူမၽွမသိလိုက္ၾကေပ။

"ဦးရီးေတာ္ Singer ကို သြားေတြ႕တာေတာ့ ..."

"ေတာ္စမ္း၊ အခု အဲဒီမွာမရွိဘူးေလ။ Garth ဘယ္မွာလဲ။"

"အိမ္ေရွ႕စံနဲ႔အတူတူထြက္သြားတာပါ ကိုယ္ရံေတာ္ႀကီး။"

"မင္းသား Sam နဲ႔ေရာ အတူတူပဲလား။"

"မင္းသား Sam က ေန႔လယ္ကတည္းကထြက္သြားတာပါ ကိုယ္ရံေတာ္ႀကီး။"

"အခု သြားရွာတဲ့ေကာင္ေတြဆီက ဘာသတင္းမွမလာဘူးေပါ့။"

မည္သူမၽွမေျဖရဲ၍ ေခါင္းသာငံု႔ေနၾကေလ၏။ Benny ေတာက္တစ္ခ်က္ေခါက္၍ လွည့္ထြက္သြားၿပီး သူ၏အခန္းသို႔ျပန္ကာ အဝတ္အစားမ်ားလဲ၍ အျပင္သို႔ထြက္ရန္ျပင္ေလသည္။

"ကိုယ္ရံေတာ္ႀကီး ဒဏ္ရာတစ္ဖက္နဲ႔ နန္းျပင္မထြက္ပါနဲ႔။ အိမ္ေရွ႕စံကလည္း ကိုယ္ရံေတာ္ႀကီးကို အျပင္မထြက္ဖို႔ ေသခ်ာမွာသြားပါတယ္။ အခုလည္း ေသခ်ာေလးသြားရွာေနၾကၿပီဆိုေတာ့ ..."

"အိမ္ေရွ႕စံတစ္ခုခုျဖစ္သြားရင္ အဲဒီကိစၥကို မင္းတာဝန္ခံႏိုင္သလား။"

တားေနသည့္ကိုယ္ရံေတာ္မွာ မည္သို႔တံု႔ျပန္ရမည္မသိ။

"တာဝန္မခံႏိုင္ဘူးမဟုတ္လား။ ဖယ္စမ္း ငါ့ကိုမတားနဲ႔။"

အိမ္ေရွ႕စံႏွင့္ ညီေတာ္မင္းသား Sam ျပန္ေရာက္မလာသည့္အျပင္ မည္သည့္သတင္းမၽွမရသည့္အတြက္ အျခားသူမ်ားလည္းမရိပ္မိေစရန္ သတိထားလႈပ္ရွား၍ အေရးတႀကီးရွာေဖြေနရသည့္ၾကားတြင္ အိမ္ေရွ႕စံမွ မလႈပ္ရွားရန္မွာထားသည့္ ကိုယ္ရံေတာ္ကပါ အိမ္ေရွ႕စံကိုထြက္ရွာမည္ဆိုေသာေၾကာင့္ ညနက္သန္းေခါင္တြင္ ကိုယ္ရံေတာ္အဖြဲ႕သားမ်ား ဗ်ာမ်ားေနၾကေလၿပီ။

Benny မွာ ပထမဦးစြာ ဦးရီးေတာ္ Robert Singer ထံသို႔ သြားရေလသည္။ Garth ပါသြားေသာ္လည္း အေရးၾကံဳလၽွင္ကူညီႏိုင္ေလာက္သည့္ လက္ရံုးရည္ရွိသူမဟုတ္၍ အိမ္ေရွ႕စံအတြက္စိုးရိမ္ပူပန္မိသည္။ ဦးရီးေတာ္ Singer မွာလည္း ယခုအထိမအိပ္ႏိုင္ေသးေပ။ အက်ိဳးအေၾကာင္းေမးျမန္းကာ စိတ္မပူရန္မွာ၍ ဦးရီးေတာ္ေျပာသည့္ဧည့္ရိပ္သာရွိရာသို႔ Benny ထြက္လာခဲ့ေလသည္။

"အိမ္ေရွ႕စံေဘးကင္းမွာပါ။"

မိမိကိုယ္မိမိအားေပး၍သာ အျမန္ဆံုးရွာေတြ႕ရန္ ဆုေတာင္းမိေတာ့သည္။

2).

"ဒီကိုေရာက္လာမယ္ဆိုၿပီး အခုထိ ဘာအရိပ္အေယာင္မွမျမင္ရေသးဘူးပဲ။ Cas, ခင္ဗ်ားသတင္းက ေသခ်ာရဲ႕လားဗ်ာ။"

"မင္းလည္းၾကားခဲ့တာပဲ။ အ႐ုဏ္မတက္ခင္ ဒီေနရာကိုအေရာက္ပို႔ၾကမွာေလ။"

"ဘယ္တတ္ႏိုင္မလဲ၊ ေစာင့္ရံုေပါ့။ မတရားလိုက္တာ။"

"ဘာကိုလဲ Sam?"

"ေဂဟာမွာသတင္းယူၿပီး တစ္ညအိပ္ေတာ့ Dean ေလ။ အခု အျပင္မွာတစ္ညလံုးေစာင့္ရေတာ့ Sam တဲ့။"

"ဟား ဟား၊ ဟိုေန႔က ေဂဟာထဲသတင္းဝင္ယူၿပီး ျပန္ထြက္လာေတာ့ မင္းဘာေျပာခဲ့သလဲ။ ေနာက္ဆို အဲဒီလိုေနရာမ်ိဳးေတြဆီ က်ဳပ္ကိုမေခၚပါနဲ႔ဆို။"

"ေန႔လယ္ခင္းႀကီးကို ဧည့္သည္ေခၚေနတာေလ။ ေတာ္ပါၿပီ။"

ပခံုးတြန္႔၍ေျပာသည့္ Sam ေၾကာင့္ Castiel ရယ္မိ၏။ Sam က သူ၏လက္ကိုလာကိုက္သည့္ အင္းဆက္တစ္ေကာင္ကိုဖိေခ်လိုက္ၿပီး Castiel ကို ေမးသည္မွာ

"Lady Meg က အိမ္ေရွ႕စံၾကင္ယာေတာ္ေနရာအတြက္ ေရြးခံရတယ္ဆို။"

ေမးခြန္းေမးသည္သာမဟုတ္ဘဲ Castiel ၏မ်က္ႏွာကိုလည္း Sam မသိမသာအကဲခတ္ေနသည္။

"ဟုတ္တယ္။ အဲဒီလိုဆိုရင္ေတာ့ နယ္စားမင္းနဲ႔သခင္မေလးတို႔ အခုထက္ေတာ့ ေဘးကင္းမယ္လို႔ထင္ရတာပဲ။"

"ဘုရင့္ခမည္းခမက္ဆိုတဲ့ ရာထူးအာဏာေၾကာင့္လား။"

"နယ္စားမင္းက အဲဒီလိုမက္ေမာတတ္တဲ့လူေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ တခ်ိဳ႕ျပႆနာေလးေတြက ရာထူးနဲ႔ဖိၿပီးရွင္းမွရတာမ်ိဳးေတြ ရွိတတ္တယ္မဟုတ္လား။ နယ္စားတစ္ေယာက္အေနနဲ႔ ကိုယ့္နယ္ေျမကို တာဝန္ယူေစာင့္ေရွာက္ရတဲ့အခါ အဲဒါကလည္း လိုအပ္ခ်က္တစ္ခုပဲေလ။"

Sam ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္ သိခ်င္သည္ကို ဆက္ေမးေလသည္။

"သခင္မေလး Meg ကေရာ မဂၤလာကိစၥကို ၾကည္ၾကည္ျဖဴျဖဴလက္ခံလား။ ျပဇာတ္ေတြထဲကလို အခ်စ္ဦးရွိတာတို႔ဘာတို႔ေရာ။"

"ငါသိသေလာက္ေတာ့ မရွိပါဘူး။ ပိုေကာင္းဖို႔အတြက္ရည္ရြယ္တာဆိုေတာ့ သူမျငင္းဘူး။ သူ႔အိမ္၊ သူ႔မိဘနဲ႔ သူ႔ေမြးရပ္ကေနေတာ့ ဘယ္ခြဲခြာခ်င္ပါ့မလဲ။ ၿပီးေတာ့ သခင္မေလးက လြတ္လြတ္လပ္လပ္ပ်ံသန္းခ်င္တဲ့ ငွက္တစ္ေကာင္လိုပဲ။ ႀကိဳးကိုင္ခ်ယ္လွယ္ခံရမယ့္စြန္တစ္ေကာင္လို နန္းတြင္းထဲေနရမယ့္ဘဝက သူ႔အတြက္ေတာ့ စြန္႔စားခန္းပဲေနမွာ။"

"သူ႔အေၾကာင္း ေကာင္းေကာင္းသိတယ္ေပါ့။"

Sam အကဲခတ္မိသည့္ Castiel ၏အမူအရာတို႔သည္ သာမန္ထက္အနည္းငယ္ပိုသည့္ ေလးနက္မႈတို႔ပါဝင္ေသာ္လည္း Sam သံသယရွိသကဲ့သို႔အေျခအေနကိုျဖင့္ မေတြ႕ရေသးေပ။

"Meg Masters ဆိုတာက ေက်းဇူးရွင္ရဲ႕သမီး၊ ငါ့ရဲ႕သခင္မေလးဆိုေပမဲ့ ငါ့အတြက္ေတာ့ ေစာင့္ေရွာက္ေပးရမယ့္ ႏွမေလးတစ္ေယာက္လိုပါပဲ။ တစ္ခါတေလေတာ့လည္း ငါက သူ႔အတြက္သူငယ္ခ်င္းတစ္ေယာက္လိုပဲလို႔ သူေျပာဖူးတယ္။"

"ဪ"

Sam ထပ္မံေမးလိုသည္မ်ားရွိေသးေသာ္လည္း သိသာလြန္းမည္စိုးရိမ္၍ ဆက္၍မေမးေတာ့ပါ။ ထိုအခါမွ Castiel က ေမးလာသည္။

"Sam, စစ္သူႀကီး Elkins နဲ႔ မင္းသမီး Lisa တို႔အေၾကာင္း မင္းသိသလား။"

"နည္းနည္းေတာ့ ၾကားဖူးတယ္ေလ။ ဘာျဖစ္လို႔လဲ။"

"သူတို႔ကို မေကာင္းေျပာခ်င္တာမရွိေပမဲ့ သခင္မေလးကို အႏၲရာယ္ျဖစ္ေစမယ့္လူေတြဟုတ္မဟုတ္ေတာ့ ေသခ်ာသိခ်င္မိလို႔ပါ။"

"ၾကားမိတာတစ္ခုရွိတယ္။"

Castiel က Sam ဘက္သို႔လွည့္ၾကည့္လာသည္။

"မင္းသမီး Lisa က သိပ္မၾကာခင္ နန္းတြင္းကိုေရာက္မယ္ထင္တယ္။"

"ငါသိခ်င္တာရွိေသးတယ္။ အိမ္ေရွ႕စံမိဖုရားက ႏွစ္ေယာက္ျဖစ္သြားမွာလား။"

"မေျပာတတ္ပါဘူး။"

"အင္း၊ ဒီကိစၥကိုဆံုးျဖတ္မွာ ဘုရင္လား၊ အိမ္ေရွ႕စံလားေတာ့ ငါမသိေပမဲ့ အိမ္ေရွ႕စံက လူေကာင္းတစ္ေယာက္ျဖစ္ပါေစလို႔ေတာ့ ငါေမၽွာ္လင့္တယ္။"

Sam ခိုးျပံဳးမိ၏။

"အိမ္ေရွ႕စံကို ဘယ္လိုထင္လဲ Cas? ၾကားဖူးတဲ့သတင္းေတြအရေပါ့။"

"မေကာင္းသတင္းေတာ့ သိပ္မၾကားမိပါဘူး။ ငါေသခ်ာမသိဘူး Sam. ဘာျဖစ္လို႔လဲ။"

"ဘာမွမျဖစ္ပါဘူး။ သခင္မေလး Meg အတြက္ သိပ္စိုးရိမ္ေနတယ္ထင္လို႔ အိမ္ေရွ႕စံအေၾကာင္း ဘာၾကားမိလို႔လဲလို႔ ေမးတာပါ။"

"ဒီလိုပါပဲ၊ ငါ့မ်က္စိေရွ႕မွာႀကီးျပင္းလာတဲ့ ငါ့ႏွမေလးလိုမိန္းကေလးအတြက္ စိုးရိမ္မိရံုပါ။"

ထိုစကားေၾကာင့္ Sam ေတြးမိသည္မွာ

'ငါထင္သလိုကိစၥမ်ိဳးေတာ့ မရွိဘူးပဲ။'

ေနာင္ေတာ္ျဖစ္သူကိုယ္စား မရီးေတာ္ေလာင္းလ်ာ၏အေျခအေနကို စူးစမ္းေနသည့္ မင္းသား Sam ကို Castiel မရိပ္မိခဲ့ပါ။

3).

ႏွင္းဆီတည္းခိုခန္းမွျပန္ထြက္လာသည့္ Benny မွာ သူ၏အိမ္ေရွ႕စံအတြက္ အလြန္အမင္းစိုးရိမ္ေနေလသည္။ Benny ေရာက္သြားခ်ိန္တြင္ Lilith ၏ေနာက္လိုက္ေနာက္ပါမ်ားက ရွင္းလင္းၿပီးခ်ိန္ျဖစ္၍ Benny မည္သည့္သတင္းမၽွမရလိုက္ေပ။ သူေတြးမိသည္မွာ

'Castiel Novak နဲ႔အတူရွိေနမလား။ သူ႔ကိုရွာၾကည့္တာ ပိုေကာင္းမယ္ထင္တယ္။'

Benny မွာ သူစံုစမ္းထားခဲ့သည့္ Castiel ၏ေနရာသို႔ ထြက္လာခဲ့သည္။ Benny ဧည့္ေဂဟာေရွ႕မွထြက္သြားၿပီး မ်ားမၾကာမီပင္ Garth သည္လည္း ထိုေဂဟာေရွ႕မွ အေလာတႀကီးျဖတ္သြားေလသည္။ အခ်ိန္အနည္းငယ္ကြာဟသြားျခင္းက ၎တို႔ကိုလြဲေခ်ာ္သြားေစသည္။

Castiel ၏ေနရာသို႔ Benny ေရာက္လာခ်ိန္တြင္ အလင္းေရာင္မဲ့ကာတိတ္ဆိတ္ၿငိမ္သက္ေနသည့္ ေနအိမ္တစ္လံုးကသာ ဆီးႀကိဳေနေလသည္။ ပိတ္ထားသည့္တံခါးကို အဓိပၸါယ္မဲ့ေငးၾကည့္ကာ Benny အေတြးတို႔သည္ မၿငိမ္မသက္။ ထိုလမ္းေလးအတိုင္းျပန္ထြက္လာသည့္အခါ နန္းတြင္းကိုယ္ရံေတာ္အဖြဲ႕မွ ရဲမက္ႏွစ္ဦးႏွင့္ဆံုေလသည္။

"Castiel Novak နဲ႔ပတ္သက္ၿပီး ဘာသတင္းရလဲ။"

"ေန႔လယ္ကတည္းက လူတစ္ေယာက္နဲ႔အတူထြက္သြားတယ္လို႔ သိရပါတယ္ ကိုယ္ရံေတာ္ Lafitte. အဲဒီလူရဲ႕ပံုပန္းသ႑ာန္အရေတာ့ မင္းသား Sam ျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။"

Benny ၏အေတြးတို႔ ရပ္တန္႔သြား၏။
Dean ႏွင့္ Garth တို႔သည္ Skullcrusher ဂိုဏ္း၏ ပစၥည္းမ်ားသယ္မည့္ေနရာတြင္ရွိေနၿပီး Sam ႏွင့္ Castiel တို႔မွာ ပစၥည္းေရာက္မည့္ေနရာတြင္ရွိေနၾကသည္ကို မသိႏိုင္ေသာ Benny မွာ Castiel ႏွင့္အတူရွိမေနသည့္ Garth ႏွင့္အတူထြက္သြားေသာ သူ၏အိမ္ေရွ႕စံကိုရွာရန္ အႀကီးအက်ယ္အခက္ေတြ႕ေနပါေတာ့သည္။

4).

Lilith ၏အမိန္႔အရ ပစၥည္းမ်ားကိုညတြင္းခ်င္းသယ္ယူရန္ တာဝန္ယူထားသည့္ တာဝန္ခံမွာ Castiel ၏အရိပ္အေယာင္ကိုသာ သတိျပဳေနမိသည္ျဖစ္၍ ၎တို႔၏ေနရာသို႔ Dean စံုစမ္းေရာက္ရွိေနသည္ကို သတိမမူမိသည့္အျပင္ ပစၥည္းမ်ားသယ္ယူရာတြင္ ၾကပ္မတ္ေနရသည့္အတြက္ ပစၥည္းေရာက္မည့္ေနရာတြင္ Castiel ႀကိဳတင္ေရာက္ရွိေနသည္ကိုလည္း မသိရွိခဲ့ပါ။

ထိုစုရပ္ေနရာသို႔ အရုဏ္မတက္မီေရာက္မွသာ မနက္အေစာပိုင္းတြင္ ၿမိဳ႕စား Roman ၏လက္သို႔ သတ္မွတ္ထားသည့္ပစၥည္းအခ်ိဳ႕ကို လႊဲေျပာင္းေပးႏိုင္မည္ျဖစ္သည္။ ၿမိဳ႕စား Dick Roman သည္ နယ္စားမင္း Masters ၏ လက္ေအာက္မွ ၿမိဳ႕စားတစ္ဦးျဖစ္ၿပီး နယ္စားမင္း Masters ဘုရင့္ခမည္းခမက္ျဖစ္မည္ကို မလိုလားသူတစ္ဦးလည္းျဖစ္သည္။ ၎တို႔၏ လက္နက္ပစၥည္းေရာင္းဝယ္သည့္ေဈးကြက္ကို ခ်ဲ႕ထြင္ရန္အတြက္ နယ္စားမင္း Masters ပူးေပါင္းပါဝင္လာေစရန္ ႀကိဳးပမ္းခဲ့ဖူးေသာ္လည္း ျပဒါးတစ္လမ္း သံတစ္လမ္းျဖစ္ေနသည့္ ခံယူခ်က္မ်ားေၾကာင့္ သူ၏ႀကိဳးပမ္းမႈက်႐ႈံးခဲ့ရသည္။

ယခုအခါတြင္ နန္းတြင္းကိုဆန္႔က်င္သည့္ Skullcrusher ဂိုဏ္းႏွင့္ အလ်ဥ္းသင့္စြာပူးေပါင္းမိေနသည့္ ၿမိဳ႕စား Roman မွာ နယ္စားမင္း၏အၾကံအစည္မ်ားကိုလည္း ပ်က္စီးရာပ်က္စီးေၾကာင္း စီစဥ္ေနသည္ျဖစ္ရာ နယ္စားမင္း၏လက္ရံုးတစ္ဖက္ျဖစ္သည့္ Castiel သည္ ၿမိဳ႕စား Roman ၏ပစ္မွတ္တစ္ခုျဖစ္လာေလသည္။ ဤသည္ကို Castiel က ရိပ္မိေနေသာ္လည္း Roman ႏွင့္ Skullcrusher တို႔ ပူးေပါင္းေနသည္ကိုမူ Castiel မသိိရွိေပ။

ယခုအခါတြင္ မရည္ရြယ္ပါဘဲႏွင့္ Skullcrusher ကိုစံုစမ္းေနသည့္ Castiel က Roman တို႔ႏွင့္ဆံုမည့္ေနရာသို႔ ေရာက္ရွိေနသည့္အျပင္ ျပည့္ရွင္ဘုရင္၏ဒုတိယသားေတာ္ မင္းသား Sam ကပါ ထိုေနရာသို႔ ေရာက္ရွိေနသည့္အျဖစ္မွာ ထူးျခားေနပါေတာ့သည္။

by Demon

5)

ပစၥည္းမ်ားကို ယာယီထိန္းသိမ္းထားသည့္ဂိုေဒါင္ဆီသို႔ သူလၽွိဳေရာက္ေနသည္ဟူေသာစကားေၾကာင့္ Lilith ၏ ေဒါသမီးမ်ားက တဟုန္းဟုန္းေတာက္ေလာင္ရျပန္သည္ ။ ထို႔ေၾကာင့္ ဤအေၾကာင္းကို သတင္းလာေပးသူအား

" အခုခ်က္ခ်င္း ဂိုေဒါင္ကိုသြားမယ္ "

ဟု ေျပာကာ မတ္တပ္ထရပ္လိုက္သည္ ။

သို႔ေသာ္ ...
ထိုလူက ေခါင္းခါ၍

" အခ်ိန္မမီေတာ့ဘူး သခင္ ... ဘုရင့္ရဲမက္ေတြ အဲ့ဒီေနရာကိုေရာက္ေနၾကေလာက္ၿပီ "

ဟု ေျပာကာ တားဆီးသျဖင့္ ထိုလူႏွင့္မဆိုင္ေသာ္လည္း ထိုလူအား ပါးခ်လိုက္သည္ ။ ပါးစပ္မွလည္း

" အဲ့ဒီပစၥည္းေတြရဲ႕တန္ေၾကးဘယ္ေလာက္ရွိလဲဆိုတာ မင္းတို႔သိၾကရဲ႕လား "

ဟု ေအာ္လိုက္သည္ ။ အကုန္လုံးက တိတ္ဆိတ္ေနၾကသျဖင့္ ေတာက္ေခါက္လိုက္ၿပီး

" အခုခ်က္ခ်င္း ျဖစ္သြားတဲ့အေျခအေနကို Mr Roman ဆီ အေၾကာင္းၾကား ... ၿပီးရင္ ဂိုေဒါင္ကိုသြားမယ္ "

ဟု အမိန္႔ေပးလိုက္သည္ ။

6)

Dean ၏ အမိန္႔အတိုင္း Garth နီးစပ္ရာေနရာမွရဲမက္မ်ားကို ခ်က္ခ်င္းေျပးေခၚၿပီး ေနရာသို႔ျပန္ေရာက္ေသာအခါ က်န္ေနေသးသည့္လူမ်ားက ပစၥည္းမ်ားကို ရသေလာက္သယ္ေ႐ႊ႕ေနၾကသည္ ။ ထို႔ေၾကာင့္ အေမွာင္ရိပ္တြင္မတ္တပ္ရပ္လိုက္ကာ ထိုလူမ်ားအားလက္ညႇိဳးထိုးၿပီး

" သူတို႔ပါ ဆရာ "
" ေမွာင္ခိုကုန္သည္ေတြပါ "

ဟု ေျပာလိုက္သည္ ။ မိမိစကားအဆုံးတြင္ ေခါင္းေဆာင္ရဲမက္က ေခါင္းညိတ္၍ အေနာက္မွရဲမက္မ်ားအား အထဲဝင္ရန္အခ်က္ျပသျဖင့္ မ်က္စိႏွစ္ဖက္စလုံးကိုပိတ္ကာ

" အဖဘုရားသခင္ရဲ႕ေမတၱာေတာ္နဲ႔ အိမ္ေရွ႕စံမင္းသားေလးအသက္ကို ကယ္တင္ေပးေတာ္မူပါ "

ဟု ေရ႐ြတ္လိုက္သည္ ။ ထို႔ေနာက္ သတိႀကီးႀကီးထား၍ အခင္းျဖစ္ပြားရာဆီသို႔ ခ်ဥ္းကပ္လာခဲ့လိုက္သည္ ။

7)

ရဲမက္မ်ားက ဤကိစၥတြင္ပါဝင္ပတ္သက္ေနသူမ်ားကို ႐ုံးခ်ဳပ္ဆီသို႔ေခၚေဆာင္သြားၿပီျဖစ္၍ ဤေနရာသည္ ျပန္လည္၍ တိတ္ဆိတ္ၿငိမ္သက္သြားျပန္သည္ ။ ထို႔ေၾကာင့္ Garth ရင္တဖိုဖိုျဖင့္ အိမ္ေရွ႕စံမင္းသားကိုရွာရေတာ့သည္ ။ မိမိထြက္လာစဥ္က အိမ္ေရွ႕စံမင္းသားသည္ ဂိုေဒါင္ေရွ႕တြင္ရွိေနေသာေၾကာင့္ ယခုျပန္သြားရွာေသာ္လည္းမေတြ႕ ။

" မဟုတ္မွ နတ္႐ြာစံသြားတာေတာ့မဟုတ္ေလာက္ပါဘူး "

ဟု ေတြးမိေသာအခါ ဘုရင္မင္းျမတ္၏ ေခါင္းျဖတ္ကာစီရင္မည့္အေရးကိုပါ ဆက္ေတြးမိသျဖင့္ ၾကက္သီးထသြားရသည္ ။ ထို႔ေၾကာင့္

" မင္းသားေလးကရွိမွာပါ ... မင္းမေတြ႕တာေနမွာပါ "

ဟု မိမိကိုယ္ကိုယ္အားေပးကာ အပ်က္အစီးမ်ားၾကားသို႔ တိုးဝင္လာခဲ့လိုက္သည္ ။

8)

ကံေကာင္းေထာက္မ၍ Garth တစ္ေယာက္ တစ္နာရီခြဲနီးပါးရွာၿပီးေသာအခါ ဂိုေဒါင္ႏွင့္ခပ္လွမ္းလွမ္းတြင္ရွိေသာ ႐ႊံ႕အိုင္ထဲတြင္လဲေနသည့္ အိမ္ေရွ႕စံမင္းသားကို ေတြ႕ရသည္ ။ ထို႔ေၾကာင့္

" မင္းသားေလး "

ဟု ေအာ္ေခၚကာ အနားသို႔ေျပးသြားလိုက္သည္ ။ အိမ္ေရွ႕စံက မလႈပ္မယွက္ႏွင့္ ၿငိမ္သက္ေနေသာေၾကာင့္ လက္ေကာက္ဝတ္ကိုကိုင္ကာ ေသြးခုန္ႏႈန္းကိုစမ္းၾကည့္လိုက္သည္ ။ နတ္႐ြာစံသည့္အျဖစ္သို႔မေရာက္ေသးေသာေၾကာင့္ စိတ္ေအးသြားရၿပီး

" အရွင့္သား ကြၽန္ေတာ္မ်ိဳးလာၿပီ "

ဟု ေျပာကာ ႏြံထဲမွအိမ္ေရွ႕စံကို ကယ္တင္ရန္ျပင္ရေတာ့သည္ ။

သို႔ေသာ္ ...
လြယ္လြယ္ႏွင့္ကယ္တင္၍မရ ။ မိမိထက္ ခႏၶာကိုယ္ပို၍ႀကီးထြားၿပီး အရပ္လည္းရွည္သည့္အိမ္ေရွ႕စံကိုဆြဲထူရန္ မိမိအျပင္ အျခားတစ္ေယာက္ ထပ္လိုေသးေသာေၾကာင့္ ေဘးဘီဝဲယာသို႔ အားကိုးတႀကီး ေဝ့ဝဲၾကည့္မိသည္ ။ ထိုစဥ္

" Garth "
" Garth မင္းဟုတ္တယ္မဟုတ္လား "

ဟု ေမးလိုက္ေသာအသံက ထြက္ေပၚလာသျဖင့္ အသံလာရာဆီသို႔ လွည့္ၾကည့္လိုက္မိသည္ ။

9)

Benny တစ္ေယာက္ အိမ္ေရွ႕စံမင္းသားႏွင့္ ဒုတိယမင္းသားကို အခ်ိန္အေတာ္ၾကာေအာင္ လိုက္ရွာေနခဲ့ေသာ္လည္း သတင္းအစအနပင္မရေသာေၾကာင့္ နန္းေတာ္ထဲျပန္ၾကည့္ရန္စိတ္ကူးေနစဥ္ ၿမိဳ႕ထဲမွအေစာင့္ရဲမက္မ်ားက တစ္ေနရာဆီသို႔ အသည္းအသန္ခ်ီတက္ရန္ျပင္ေနၾကသည္ကို မေမၽွာ္လင့္ဘဲ ေတြ႕လိုက္ရသည္ ။ ထို႔ေၾကာင့္ မိမိ၏ကိုယ္ရံေတာ္တံဆိပ္ကိုသုံးကာ ထိုရဲမက္မ်ားသြားမည့္ေနရာသည္ မည္သည့္ေနရာျဖစ္ေၾကာင္းေမးလိုက္သည္ ။

ၿမိဳ႕စြန္ရွိသူဖုန္းစား႐ြာတြင္ ေရွးေဟာင္းပစၥည္းေမွာင္ခိုေရာင္းဝယ္ေနသည့္လူမ်ား ေရာက္ေနေၾကာင္း သတင္းရလိုက္သျဖင့္ အနည္းငယ္ေတြေဝသြားမိသည္ ။ ဤသို႔ သတင္းေပးလာသူသည္ မည္သူျဖစ္သနည္းဟု စုံစမ္းၾကည့္ေသာအခါ ထိုလူသည္ ေခါင္းေဆာင္ရဲမက္၏ျမင္းေပၚတြင္ အရင္ပါသြားႏွင့္ၿပီျဖစ္ေၾကာင္း ထပ္မံ၍ သိရွိလိုက္ရသည္ ။ ဤကိစၥသည္ မိမိႏွင့္မဆိုင္ေသာ္လည္း အိမ္ေရွ႕စံတို႔ေပ်ာက္ေနသည့္ကိစၥႏွင့္ ပတ္သက္ေနမည္ေလာဟု ေတြးမိေသာေၾကာင့္ ဤရဲမက္မ်ားႏွင့္ အတူလိုက္သြားကာ အေျခအေနကို စုံစမ္းမည္ဟု စိတ္ဆုံးျဖတ္လိုက္သည္ ။

10)

အိမ္ေရွ႕စံကို အခင္းျဖစ္ေနရာတြင္မေတြ႕ရေသာ္လည္း Garth ကိုမူ အထင္အရွားေတြ႕လိုက္ရသျဖင့္ Benny ရင္ထိတ္သြားသည္ ။ စိတ္ထဲမွလည္း

" အရွင့္သား ဘာမွမျဖစ္ပါေစနဲ႔ အဖဘုရားသခင္ "

ဟု ဆုေတာင္းလိုက္သည္ ။ ထို႔ေနာက္ Garth ကို ေတြ႕လိုက္သည့္ေနရာဆီသို႔ ခပ္ျမန္ျမန္ထြက္လာခဲ့လိုက္သည္ ။

သို႔ေသာ္ ....
Garth က ရဲမက္မ်ားရွိေနသည့္ေနရာဆီသို႔ ဝင္မသြားေသးဘဲ အျပင္တြင္ေနကာ အေျခအေနကို ေစာင့္ၾကည့္အကဲခတ္ေနသည္ ။ ဤသို႔ ေစာင့္ၾကည့္အကဲခတ္ေနသည္မွာ ႏွစ္နာရီခန္႔ၾကာသြားၿပီျဖစ္ေသာေၾကာင့္ Garth အနားသို႔သြားကာ မိမိေရာက္ေနေၾကာင္း သြားအသိေပးမည္ဟု စိတ္ကူးမိေသာ္လည္း Garth ၾကံစည္ေနသည့္အၾကံအစည္ကို မသိေသာေၾကာင့္ Garth ႏွင့္ ခပ္လွမ္းလွမ္းတြင္ ပုန္းေနလိုက္သည္ ။

Garth က ဇြဲရွိရွိႏွင့္ ဤသို႔ပုန္းေနရင္း ရဲမက္မ်ားျပန္ၿပီး လူရွင္းသြားေသာအခါ ေစာေစာပိုင္းက ရဲမက္မ်ားရွိေနသည့္ေနရာဆီသို႔ လွစ္ကနဲဝင္သြားသည္ ။ ထို႔ေၾကာင့္ Garth အေနာက္သို႔ ခပ္လွမ္းလွမ္းမွ အသာလိုက္လာခဲ့လိုက္သည္ ။ ဤသို႔ Garth သြားသည့္ေနရာတိုင္း ေလၽွာက္လိုက္ေနေသာအခါမွ Garth သည္ တစ္ခုခုကို အသည္းအသန္ရွာေဖြေနျခင္းျဖစ္ေၾကာင္း သိလိုက္ရသည္ ။ သိလိုက္ေသာ္လည္း ယခုအခ်ိန္အထိ Garth လုပ္ေနသည့္အျပဳအမူမ်ားကို နားမလည္ေသးသျဖင့္ မိမိ၏မူလပုံစံအတိုင္းပင္ အေနာက္မွဆက္လိုက္ေနလိုက္သည္ ။

by the_richone_IX

■■■ Episode (13) ဆက္ရန္ ■■■

1).

"အဲဒါဘယ်လိုဖြစ်တာလဲ။ အိမ်ရှေ့စံ နန်းတွင်းထဲမှာမရှိတာကို မင်းတို့ကမသိကြဘူးလား။ ဘယ်ကိုထွက်သွားလဲဆိုတာ မသိကြဘူးလား။"

ဒဏ်ရာတစ်ဖက်နှင့် ကိုယ်ရံတော် Benny Lafitte တစ်ယောက် အိမ်ရှေ့စံအဆောင်တော်မှအစောင့်များကို မေးမြန်းဆူပူနေလေသည်။ မည်သည့်နေရာသို့ထွက်သွားသည်ကို မည်သူမျှမသိလိုက်ကြပေ။

"ဦးရီးတော် Singer ကို သွားတွေ့တာတော့ ..."

"တော်စမ်း၊ အခု အဲဒီမှာမရှိဘူးလေ။ Garth ဘယ်မှာလဲ။"

"အိမ်ရှေ့စံနဲ့အတူတူထွက်သွားတာပါ ကိုယ်ရံတော်ကြီး။"

"မင်းသား Sam နဲ့ရော အတူတူပဲလား။"

"မင်းသား Sam က နေ့လယ်ကတည်းကထွက်သွားတာပါ ကိုယ်ရံတော်ကြီး။"

"အခု သွားရှာတဲ့ကောင်တွေဆီက ဘာသတင်းမှမလာဘူးပေါ့။"

မည်သူမျှမဖြေရဲ၍ ခေါင်းသာငုံ့နေကြလေ၏။ Benny တောက်တစ်ချက်ခေါက်၍ လှည့်ထွက်သွားပြီး သူ၏အခန်းသို့ပြန်ကာ အဝတ်အစားများလဲ၍ အပြင်သို့ထွက်ရန်ပြင်လေသည်။

"ကိုယ်ရံတော်ကြီး ဒဏ်ရာတစ်ဖက်နဲ့ နန်းပြင်မထွက်ပါနဲ့။ အိမ်ရှေ့စံကလည်း ကိုယ်ရံတော်ကြီးကို အပြင်မထွက်ဖို့ သေချာမှာသွားပါတယ်။ အခုလည်း သေချာလေးသွားရှာနေကြပြီဆိုတော့ ..."

"အိမ်ရှေ့စံတစ်ခုခုဖြစ်သွားရင် အဲဒီကိစ္စကို မင်းတာဝန်ခံနိုင်သလား။"

တားနေသည့်ကိုယ်ရံတော်မှာ မည်သို့တုံ့ပြန်ရမည်မသိ။

"တာဝန်မခံနိုင်ဘူးမဟုတ်လား။ ဖယ်စမ်း ငါ့ကိုမတားနဲ့။"

အိမ်ရှေ့စံနှင့် ညီတော်မင်းသား Sam ပြန်ရောက်မလာသည့်အပြင် မည်သည့်သတင်းမျှမရသည့်အတွက် အခြားသူများလည်းမရိပ်မိစေရန် သတိထားလှုပ်ရှား၍ အရေးတကြီးရှာဖွေနေရသည့်ကြားတွင် အိမ်ရှေ့စံမှ မလှုပ်ရှားရန်မှာထားသည့် ကိုယ်ရံတော်ကပါ အိမ်ရှေ့စံကိုထွက်ရှာမည်ဆိုသောကြောင့် ညနက်သန်းခေါင်တွင် ကိုယ်ရံတော်အဖွဲ့သားများ ဗျာများနေကြလေပြီ။

Benny မှာ ပထမဦးစွာ ဦးရီးတော် Robert Singer ထံသို့ သွားရလေသည်။ Garth ပါသွားသော်လည်း အရေးကြုံလျှင်ကူညီနိုင်လောက်သည့် လက်ရုံးရည်ရှိသူမဟုတ်၍ အိမ်ရှေ့စံအတွက်စိုးရိမ်ပူပန်မိသည်။ ဦးရီးတော် Singer မှာလည်း ယခုအထိမအိပ်နိုင်သေးပေ။ အကျိုးအကြောင်းမေးမြန်းကာ စိတ်မပူရန်မှာ၍ ဦးရီးတော်ပြောသည့်ဧည့်ရိပ်သာရှိရာသို့ Benny ထွက်လာခဲ့လေသည်။

"အိမ်ရှေ့စံဘေးကင်းမှာပါ။"

မိမိကိုယ်မိမိအားပေး၍သာ အမြန်ဆုံးရှာတွေ့ရန် ဆုတောင်းမိတော့သည်။

2).

"ဒီကိုရောက်လာမယ်ဆိုပြီး အခုထိ ဘာအရိပ်အယောင်မှမမြင်ရသေးဘူးပဲ။ Cas, ခင်ဗျားသတင်းက သေချာရဲ့လားဗျာ။"

"မင်းလည်းကြားခဲ့တာပဲ။ အရုဏ်မတက်ခင် ဒီနေရာကိုအရောက်ပို့ကြမှာလေ။"

"ဘယ်တတ်နိုင်မလဲ၊ စောင့်ရုံပေါ့။ မတရားလိုက်တာ။"

"ဘာကိုလဲ Sam?"

"ဂေဟာမှာသတင်းယူပြီး တစ်ညအိပ်တော့ Dean လေ။ အခု အပြင်မှာတစ်ညလုံးစောင့်ရတော့ Sam တဲ့။"

"ဟား ဟား၊ ဟိုနေ့က ဂေဟာထဲသတင်းဝင်ယူပြီး ပြန်ထွက်လာတော့ မင်းဘာပြောခဲ့သလဲ။ နောက်ဆို အဲဒီလိုနေရာမျိုးတွေဆီ ကျုပ်ကိုမခေါ်ပါနဲ့ဆို။"

"နေ့လယ်ခင်းကြီးကို ဧည့်သည်ခေါ်နေတာလေ။ တော်ပါပြီ။"

ပခုံးတွန့်၍ပြောသည့် Sam ကြောင့် Castiel ရယ်မိ၏။ Sam က သူ၏လက်ကိုလာကိုက်သည့် အင်းဆက်တစ်ကောင်ကိုဖိချေလိုက်ပြီး Castiel ကို မေးသည်မှာ

"Lady Meg က အိမ်ရှေ့စံကြင်ယာတော်နေရာအတွက် ရွေးခံရတယ်ဆို။"

မေးခွန်းမေးသည်သာမဟုတ်ဘဲ Castiel ၏မျက်နှာကိုလည်း Sam မသိမသာအကဲခတ်နေသည်။

"ဟုတ်တယ်။ အဲဒီလိုဆိုရင်တော့ နယ်စားမင်းနဲ့သခင်မလေးတို့ အခုထက်တော့ ဘေးကင်းမယ်လို့ထင်ရတာပဲ။"

"ဘုရင့်ခမည်းခမက်ဆိုတဲ့ ရာထူးအာဏာကြောင့်လား။"

"နယ်စားမင်းက အဲဒီလိုမက်မောတတ်တဲ့လူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ပြဿနာလေးတွေက ရာထူးနဲ့ဖိပြီးရှင်းမှရတာမျိုးတွေ ရှိတတ်တယ်မဟုတ်လား။ နယ်စားတစ်ယောက်အနေနဲ့ ကိုယ့်နယ်မြေကို တာဝန်ယူစောင့်ရှောက်ရတဲ့အခါ အဲဒါကလည်း လိုအပ်ချက်တစ်ခုပဲလေ။"

Sam ခေါင်းညိတ်လိုက်သည်။ ထို့နောက် သိချင်သည်ကို ဆက်မေးလေသည်။

"သခင်မလေး Meg ကရော မင်္ဂလာကိစ္စကို ကြည်ကြည်ဖြူဖြူလက်ခံလား။ ပြဇာတ်တွေထဲကလို အချစ်ဦးရှိတာတို့ဘာတို့ရော။"

"ငါသိသလောက်တော့ မရှိပါဘူး။ ပိုကောင်းဖို့အတွက်ရည်ရွယ်တာဆိုတော့ သူမငြင်းဘူး။ သူ့အိမ်၊ သူ့မိဘနဲ့ သူ့မွေးရပ်ကနေတော့ ဘယ်ခွဲခွာချင်ပါ့မလဲ။ ပြီးတော့ သခင်မလေးက လွတ်လွတ်လပ်လပ်ပျံသန်းချင်တဲ့ ငှက်တစ်ကောင်လိုပဲ။ ကြိုးကိုင်ချယ်လှယ်ခံရမယ့်စွန်တစ်ကောင်လို နန်းတွင်းထဲနေရမယ့်ဘဝက သူ့အတွက်တော့ စွန့်စားခန်းပဲနေမှာ။"

"သူ့အကြောင်း ကောင်းကောင်းသိတယ်ပေါ့။"

Sam အကဲခတ်မိသည့် Castiel ၏အမူအရာတို့သည် သာမန်ထက်အနည်းငယ်ပိုသည့် လေးနက်မှုတို့ပါဝင်သော်လည်း Sam သံသယရှိသကဲ့သို့အခြေအနေကိုဖြင့် မတွေ့ရသေးပေ။

"Meg Masters ဆိုတာက ကျေးဇူးရှင်ရဲ့သမီး၊ ငါ့ရဲ့သခင်မလေးဆိုပေမဲ့ ငါ့အတွက်တော့ စောင့်ရှောက်ပေးရမယ့် နှမလေးတစ်ယောက်လိုပါပဲ။ တစ်ခါတလေတော့လည်း ငါက သူ့အတွက်သူငယ်ချင်းတစ်ယောက်လိုပဲလို့ သူပြောဖူးတယ်။"

"ဪ"

Sam ထပ်မံမေးလိုသည်များရှိသေးသော်လည်း သိသာလွန်းမည်စိုးရိမ်၍ ဆက်၍မမေးတော့ပါ။ ထိုအခါမှ Castiel က မေးလာသည်။

"Sam, စစ်သူကြီး Elkins နဲ့ မင်းသမီး Lisa တို့အကြောင်း မင်းသိသလား။"

"နည်းနည်းတော့ ကြားဖူးတယ်လေ။ ဘာဖြစ်လို့လဲ။"

"သူတို့ကို မကောင်းပြောချင်တာမရှိပေမဲ့ သခင်မလေးကို အန္တရာယ်ဖြစ်စေမယ့်လူတွေဟုတ်မဟုတ်တော့ သေချာသိချင်မိလို့ပါ။"

"ကြားမိတာတစ်ခုရှိတယ်။"

Castiel က Sam ဘက်သို့လှည့်ကြည့်လာသည်။

"မင်းသမီး Lisa က သိပ်မကြာခင် နန်းတွင်းကိုရောက်မယ်ထင်တယ်။"

"ငါသိချင်တာရှိသေးတယ်။ အိမ်ရှေ့စံမိဖုရားက နှစ်ယောက်ဖြစ်သွားမှာလား။"

"မပြောတတ်ပါဘူး။"

"အင်း၊ ဒီကိစ္စကိုဆုံးဖြတ်မှာ ဘုရင်လား၊ အိမ်ရှေ့စံလားတော့ ငါမသိပေမဲ့ အိမ်ရှေ့စံက လူကောင်းတစ်ယောက်ဖြစ်ပါစေလို့တော့ ငါမျှော်လင့်တယ်။"

Sam ခိုးပြုံးမိ၏။

"အိမ်ရှေ့စံကို ဘယ်လိုထင်လဲ Cas? ကြားဖူးတဲ့သတင်းတွေအရပေါ့။"

"မကောင်းသတင်းတော့ သိပ်မကြားမိပါဘူး။ ငါသေချာမသိဘူး Sam. ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။ သခင်မလေး Meg အတွက် သိပ်စိုးရိမ်နေတယ်ထင်လို့ အိမ်ရှေ့စံအကြောင်း ဘာကြားမိလို့လဲလို့ မေးတာပါ။"

"ဒီလိုပါပဲ၊ ငါ့မျက်စိရှေ့မှာကြီးပြင်းလာတဲ့ ငါ့နှမလေးလိုမိန်းကလေးအတွက် စိုးရိမ်မိရုံပါ။"

ထိုစကားကြောင့် Sam တွေးမိသည်မှာ

'ငါထင်သလိုကိစ္စမျိုးတော့ မရှိဘူးပဲ။'

နောင်တော်ဖြစ်သူကိုယ်စား မရီးတော်လောင်းလျာ၏အခြေအနေကို စူးစမ်းနေသည့် မင်းသား Sam ကို Castiel မရိပ်မိခဲ့ပါ။

3).

နှင်းဆီတည်းခိုခန်းမှပြန်ထွက်လာသည့် Benny မှာ သူ၏အိမ်ရှေ့စံအတွက် အလွန်အမင်းစိုးရိမ်နေလေသည်။ Benny ရောက်သွားချိန်တွင် Lilith ၏နောက်လိုက်နောက်ပါများက ရှင်းလင်းပြီးချိန်ဖြစ်၍ Benny မည်သည့်သတင်းမျှမရလိုက်ပေ။ သူတွေးမိသည်မှာ

'Castiel Novak နဲ့အတူရှိနေမလား။ သူ့ကိုရှာကြည့်တာ ပိုကောင်းမယ်ထင်တယ်။'

Benny မှာ သူစုံစမ်းထားခဲ့သည့် Castiel ၏နေရာသို့ ထွက်လာခဲ့သည်။ Benny ဧည့်ဂေဟာရှေ့မှထွက်သွားပြီး များမကြာမီပင် Garth သည်လည်း ထိုဂေဟာရှေ့မှ အလောတကြီးဖြတ်သွားလေသည်။ အချိန်အနည်းငယ်ကွာဟသွားခြင်းက ၎င်းတို့ကိုလွဲချော်သွားစေသည်။

Castiel ၏နေရာသို့ Benny ရောက်လာချိန်တွင် အလင်းရောင်မဲ့ကာတိတ်ဆိတ်ငြိမ်သက်နေသည့် နေအိမ်တစ်လုံးကသာ ဆီးကြိုနေလေသည်။ ပိတ်ထားသည့်တံခါးကို အဓိပ္ပါယ်မဲ့ငေးကြည့်ကာ Benny အတွေးတို့သည် မငြိမ်မသက်။ ထိုလမ်းလေးအတိုင်းပြန်ထွက်လာသည့်အခါ နန်းတွင်းကိုယ်ရံတော်အဖွဲ့မှ ရဲမက်နှစ်ဦးနှင့်ဆုံလေသည်။

"Castiel Novak နဲ့ပတ်သက်ပြီး ဘာသတင်းရလဲ။"

"နေ့လယ်ကတည်းက လူတစ်ယောက်နဲ့အတူထွက်သွားတယ်လို့ သိရပါတယ် ကိုယ်ရံတော် Lafitte. အဲဒီလူရဲ့ပုံပန်းသဏ္ဍာန်အရတော့ မင်းသား Sam ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။"

Benny ၏အတွေးတို့ ရပ်တန့်သွား၏။
Dean နှင့် Garth တို့သည် Skullcrusher ဂိုဏ်း၏ ပစ္စည်းများသယ်မည့်နေရာတွင်ရှိနေပြီး Sam နှင့် Castiel တို့မှာ ပစ္စည်းရောက်မည့်နေရာတွင်ရှိနေကြသည်ကို မသိနိုင်သော Benny မှာ Castiel နှင့်အတူရှိမနေသည့် Garth နှင့်အတူထွက်သွားသော သူ၏အိမ်ရှေ့စံကိုရှာရန် အကြီးအကျယ်အခက်တွေ့နေပါတော့သည်။

4).

Lilith ၏အမိန့်အရ ပစ္စည်းများကိုညတွင်းချင်းသယ်ယူရန် တာဝန်ယူထားသည့် တာဝန်ခံမှာ Castiel ၏အရိပ်အယောင်ကိုသာ သတိပြုနေမိသည်ဖြစ်၍ ၎င်းတို့၏နေရာသို့ Dean စုံစမ်းရောက်ရှိနေသည်ကို သတိမမူမိသည့်အပြင် ပစ္စည်းများသယ်ယူရာတွင် ကြပ်မတ်နေရသည့်အတွက် ပစ္စည်းရောက်မည့်နေရာတွင် Castiel ကြိုတင်ရောက်ရှိနေသည်ကိုလည်း မသိရှိခဲ့ပါ။

ထိုစုရပ်နေရာသို့ အရုဏ်မတက်မီရောက်မှသာ မနက်အစောပိုင်းတွင် မြို့စား Roman ၏လက်သို့ သတ်မှတ်ထားသည့်ပစ္စည်းအချို့ကို လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ မြို့စား Dick Roman သည် နယ်စားမင်း Masters ၏ လက်အောက်မှ မြို့စားတစ်ဦးဖြစ်ပြီး နယ်စားမင်း Masters ဘုရင့်ခမည်းခမက်ဖြစ်မည်ကို မလိုလားသူတစ်ဦးလည်းဖြစ်သည်။ ၎င်းတို့၏ လက်နက်ပစ္စည်းရောင်းဝယ်သည့်ဈေးကွက်ကို ချဲ့ထွင်ရန်အတွက် နယ်စားမင်း Masters ပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသည့် ခံယူချက်များကြောင့် သူ၏ကြိုးပမ်းမှုကျရှုံးခဲ့ရသည်။

ယခုအခါတွင် နန်းတွင်းကိုဆန့်ကျင်သည့် Skullcrusher ဂိုဏ်းနှင့် အလျဉ်းသင့်စွာပူးပေါင်းမိနေသည့် မြို့စား Roman မှာ နယ်စားမင်း၏အကြံအစည်များကိုလည်း ပျက်စီးရာပျက်စီးကြောင်း စီစဉ်နေသည်ဖြစ်ရာ နယ်စားမင်း၏လက်ရုံးတစ်ဖက်ဖြစ်သည့် Castiel သည် မြို့စား Roman ၏ပစ်မှတ်တစ်ခုဖြစ်လာလေသည်။ ဤသည်ကို Castiel က ရိပ်မိနေသော်လည်း Roman နှင့် Skullcrusher တို့ ပူးပေါင်းနေသည်ကိုမူ Castiel မသိရှိပေ။

ယခုအခါတွင် မရည်ရွယ်ပါဘဲနှင့် Skullcrusher ကိုစုံစမ်းနေသည့် Castiel က Roman တို့နှင့်ဆုံမည့်နေရာသို့ ရောက်ရှိနေသည့်အပြင် ပြည့်ရှင်ဘုရင်၏ဒုတိယသားတော် မင်းသား Sam ကပါ ထိုနေရာသို့ ရောက်ရှိနေသည့်အဖြစ်မှာ ထူးခြားနေပါတော့သည်။

by Demon

5)

ပစ္စည်းများကို ယာယီထိန်းသိမ်းထားသည့်ဂိုဒေါင်ဆီသို့ သူလျှိုရောက်နေသည်ဟူသောစကားကြောင့် Lilith ၏ ဒေါသမီးများက တဟုန်းဟုန်းတောက်လောင်ရပြန်သည် ။ ထို့ကြောင့် ဤအကြောင်းကို သတင်းလာပေးသူအား

" အခုချက်ချင်း ဂိုဒေါင်ကိုသွားမယ် "

ဟု ပြောကာ မတ်တပ်ထရပ်လိုက်သည် ။

သို့သော် ...
ထိုလူက ခေါင်းခါ၍

" အချိန်မမီတော့ဘူး သခင် ... ဘုရင့်ရဲမက်တွေ အဲ့ဒီနေရာကိုရောက်နေကြလောက်ပြီ "

ဟု ပြောကာ တားဆီးသဖြင့် ထိုလူနှင့်မဆိုင်သော်လည်း ထိုလူအား ပါးချလိုက်သည် ။ ပါးစပ်မှလည်း

" အဲ့ဒီပစ္စည်းတွေရဲ့တန်ကြေးဘယ်လောက်ရှိလဲဆိုတာ မင်းတို့သိကြရဲ့လား "

ဟု အော်လိုက်သည် ။ အကုန်လုံးက တိတ်ဆိတ်နေကြသဖြင့် တောက်ခေါက်လိုက်ပြီး

" အခုချက်ချင်း ဖြစ်သွားတဲ့အခြေအနေကို Mr Roman ဆီ အကြောင်းကြား ... ပြီးရင် ဂိုဒေါင်ကိုသွားမယ် "

ဟု အမိန့်ပေးလိုက်သည် ။

6)

Dean ၏ အမိန့်အတိုင်း Garth နီးစပ်ရာနေရာမှရဲမက်များကို ချက်ချင်းပြေးခေါ်ပြီး နေရာသို့ပြန်ရောက်သောအခါ ကျန်နေသေးသည့်လူများက ပစ္စည်းများကို ရသလောက်သယ်ရွှေ့နေကြသည် ။ ထို့ကြောင့် အမှောင်ရိပ်တွင်မတ်တပ်ရပ်လိုက်ကာ ထိုလူများအားလက်ညှိုးထိုးပြီး

" သူတို့ပါ ဆရာ "
" မှောင်ခိုကုန်သည်တွေပါ "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ခေါင်းဆောင်ရဲမက်က ခေါင်းညိတ်၍ အနောက်မှရဲမက်များအား အထဲဝင်ရန်အချက်ပြသဖြင့် မျက်စိနှစ်ဖက်စလုံးကိုပိတ်ကာ

" အဖဘုရားသခင်ရဲ့မေတ္တာတော်နဲ့ အိမ်ရှေ့စံမင်းသားလေးအသက်ကို ကယ်တင်ပေးတော်မူပါ "

ဟု ရေရွတ်လိုက်သည် ။ ထို့နောက် သတိကြီးကြီးထား၍ အခင်းဖြစ်ပွားရာဆီသို့ ချဉ်းကပ်လာခဲ့လိုက်သည် ။

7)

ရဲမက်များက ဤကိစ္စတွင်ပါဝင်ပတ်သက်နေသူများကို ရုံးချုပ်ဆီသို့ခေါ်ဆောင်သွားပြီဖြစ်၍ ဤနေရာသည် ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည် ။ ထို့ကြောင့် Garth ရင်တဖိုဖိုဖြင့် အိမ်ရှေ့စံမင်းသားကိုရှာရတော့သည် ။ မိမိထွက်လာစဉ်က အိမ်ရှေ့စံမင်းသားသည် ဂိုဒေါင်ရှေ့တွင်ရှိနေသောကြောင့် ယခုပြန်သွားရှာသော်လည်းမတွေ့ ။

" မဟုတ်မှ နတ်ရွာစံသွားတာတော့မဟုတ်လောက်ပါဘူး "

ဟု တွေးမိသောအခါ ဘုရင်မင်းမြတ်၏ ခေါင်းဖြတ်ကာစီရင်မည့်အရေးကိုပါ ဆက်တွေးမိသဖြင့် ကြက်သီးထသွားရသည် ။ ထို့ကြောင့်

" မင်းသားလေးကရှိမှာပါ ... မင်းမတွေ့တာနေမှာပါ "

ဟု မိမိကိုယ်ကိုယ်အားပေးကာ အပျက်အစီးများကြားသို့ တိုးဝင်လာခဲ့လိုက်သည် ။

8)

ကံကောင်းထောက်မ၍ Garth တစ်ယောက် တစ်နာရီခွဲနီးပါးရှာပြီးသောအခါ ဂိုဒေါင်နှင့်ခပ်လှမ်းလှမ်းတွင်ရှိသော ရွှံ့အိုင်ထဲတွင်လဲနေသည့် အိမ်ရှေ့စံမင်းသားကို တွေ့ရသည် ။ ထို့ကြောင့်

" မင်းသားလေး "

ဟု အော်ခေါ်ကာ အနားသို့ပြေးသွားလိုက်သည် ။ အိမ်ရှေ့စံက မလှုပ်မယှက်နှင့် ငြိမ်သက်နေသောကြောင့် လက်ကောက်ဝတ်ကိုကိုင်ကာ သွေးခုန်နှုန်းကိုစမ်းကြည့်လိုက်သည် ။ နတ်ရွာစံသည့်အဖြစ်သို့မရောက်သေးသောကြောင့် စိတ်အေးသွားရပြီး

" အရှင့်သား ကျွန်တော်မျိုးလာပြီ "

ဟု ပြောကာ နွံထဲမှအိမ်ရှေ့စံကို ကယ်တင်ရန်ပြင်ရတော့သည် ။

သို့သော် ...
လွယ်လွယ်နှင့်ကယ်တင်၍မရ ။ မိမိထက် ခန္ဓာကိုယ်ပို၍ကြီးထွားပြီး အရပ်လည်းရှည်သည့်အိမ်ရှေ့စံကိုဆွဲထူရန် မိမိအပြင် အခြားတစ်ယောက် ထပ်လိုသေးသောကြောင့် ဘေးဘီဝဲယာသို့ အားကိုးတကြီး ဝေ့ဝဲကြည့်မိသည် ။ ထိုစဉ်

" Garth "
" Garth မင်းဟုတ်တယ်မဟုတ်လား "

ဟု မေးလိုက်သောအသံက ထွက်ပေါ်လာသဖြင့် အသံလာရာဆီသို့ လှည့်ကြည့်လိုက်မိသည် ။

9)

Benny တစ်ယောက် အိမ်ရှေ့စံမင်းသားနှင့် ဒုတိယမင်းသားကို အချိန်အတော်ကြာအောင် လိုက်ရှာနေခဲ့သော်လည်း သတင်းအစအနပင်မရသောကြောင့် နန်းတော်ထဲပြန်ကြည့်ရန်စိတ်ကူးနေစဉ် မြို့ထဲမှအစောင့်ရဲမက်များက တစ်နေရာဆီသို့ အသည်းအသန်ချီတက်ရန်ပြင်နေကြသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည် ။ ထို့ကြောင့် မိမိ၏ကိုယ်ရံတော်တံဆိပ်ကိုသုံးကာ ထိုရဲမက်များသွားမည့်နေရာသည် မည်သည့်နေရာဖြစ်ကြောင်းမေးလိုက်သည် ။

မြို့စွန်ရှိသူဖုန်းစားရွာတွင် ရှေးဟောင်းပစ္စည်းမှောင်ခိုရောင်းဝယ်နေသည့်လူများ ရောက်နေကြောင်း သတင်းရလိုက်သဖြင့် အနည်းငယ်တွေဝေသွားမိသည် ။ ဤသို့ သတင်းပေးလာသူသည် မည်သူဖြစ်သနည်းဟု စုံစမ်းကြည့်သောအခါ ထိုလူသည် ခေါင်းဆောင်ရဲမက်၏မြင်းပေါ်တွင် အရင်ပါသွားနှင့်ပြီဖြစ်ကြောင်း ထပ်မံ၍ သိရှိလိုက်ရသည် ။ ဤကိစ္စသည် မိမိနှင့်မဆိုင်သော်လည်း အိမ်ရှေ့စံတို့ပျောက်နေသည့်ကိစ္စနှင့် ပတ်သက်နေမည်လောဟု တွေးမိသောကြောင့် ဤရဲမက်များနှင့် အတူလိုက်သွားကာ အခြေအနေကို စုံစမ်းမည်ဟု စိတ်ဆုံးဖြတ်လိုက်သည် ။

10)

အိမ်ရှေ့စံကို အခင်းဖြစ်နေရာတွင်မတွေ့ရသော်လည်း Garth ကိုမူ အထင်အရှားတွေ့လိုက်ရသဖြင့် Benny ရင်ထိတ်သွားသည် ။ စိတ်ထဲမှလည်း

" အရှင့်သား ဘာမှမဖြစ်ပါစေနဲ့ အဖဘုရားသခင် "

ဟု ဆုတောင်းလိုက်သည် ။ ထို့နောက် Garth ကို တွေ့လိုက်သည့်နေရာဆီသို့ ခပ်မြန်မြန်ထွက်လာခဲ့လိုက်သည် ။

သို့သော် ....
Garth က ရဲမက်များရှိနေသည့်နေရာဆီသို့ ဝင်မသွားသေးဘဲ အပြင်တွင်နေကာ အခြေအနေကို စောင့်ကြည့်အကဲခတ်နေသည် ။ ဤသို့ စောင့်ကြည့်အကဲခတ်နေသည်မှာ နှစ်နာရီခန့်ကြာသွားပြီဖြစ်သောကြောင့် Garth အနားသို့သွားကာ မိမိရောက်နေကြောင်း သွားအသိပေးမည်ဟု စိတ်ကူးမိသော်လည်း Garth ကြံစည်နေသည့်အကြံအစည်ကို မသိသောကြောင့် Garth နှင့် ခပ်လှမ်းလှမ်းတွင် ပုန်းနေလိုက်သည် ။

Garth က ဇွဲရှိရှိနှင့် ဤသို့ပုန်းနေရင်း ရဲမက်များပြန်ပြီး လူရှင်းသွားသောအခါ စောစောပိုင်းက ရဲမက်များရှိနေသည့်နေရာဆီသို့ လှစ်ကနဲဝင်သွားသည် ။ ထို့ကြောင့် Garth အနောက်သို့ ခပ်လှမ်းလှမ်းမှ အသာလိုက်လာခဲ့လိုက်သည် ။ ဤသို့ Garth သွားသည့်နေရာတိုင်း လျှောက်လိုက်နေသောအခါမှ Garth သည် တစ်ခုခုကို အသည်းအသန်ရှာဖွေနေခြင်းဖြစ်ကြောင်း သိလိုက်ရသည် ။ သိလိုက်သော်လည်း ယခုအချိန်အထိ Garth လုပ်နေသည့်အပြုအမူများကို နားမလည်သေးသဖြင့် မိမိ၏မူလပုံစံအတိုင်းပင် အနောက်မှဆက်လိုက်နေလိုက်သည် ။

by the_richone_IX

■■■ Episode (13) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі