Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 06
1).

"Castiel, အဲဒီသူလ်ိွဳကိစၥစံုစမ္းတာ သတိထားပါေနာ္။ ဒီေလာက္ခက္ခဲတယ္ဆိုရင္ လၽွိဳ႕ဝွက္ၿပီးအႏၲရာယ္မ်ားမွာ ေသခ်ာေနၿပီ။"

"စိတ္ခ်ပါ သခင္မေလးရဲ႕။ ဟိုမွာ အိမ္ေတာ္ထိန္းႀကီးလာေခၚၿပီ။"

"အင္း။ ဓား ခဏေပး။"

အဆက္အစပ္မရွိပါဘဲ ေျပာလာသည္ေၾကာင့္ Castiel ေၾကာင္အသြားၿပီးမွ သူကိုင္ေနက်ဓားကို Meg ထံသို႔ ကမ္းေပးလိုက္၏။
Meg ၏လက္ဖဝါးတစ္ဖက္မွ တြဲေလာင္းက်လာသည့္ တစ္စံုတစ္ရာကို Castiel ၏ ဓားထိပ္တြင္ ခ်ည္ေႏွာင္လိုက္ၿပီး

"လက္ေဆာင္"

ဓားကို Castiel ထံသို႔ျပန္ေပးလိုက္ၿပီး Meg လွည့္ထြက္လိုက္ရင္း

"လိုက္မပို႔နဲ႔ေတာ့။"

အိမ္ေတာ္ထိန္းႏွင့္အတူထြက္သြားသည့္ သခင္မေလးကိုရပ္ၾကည့္ေနမိရင္း Castiel အရိုိုအေသျပဳလိုက္သည္။ ထို႔ေနာက္မွ သူ၏ဓားကိုျပန္ၾကည့္သည့္အခါ ရတနာပစၥည္းဆိုင္မွဝယ္လာသည့္ လက္စြပ္ေလးကို နက္ေမွာင္ေနသည့္ခ်ည္တစ္မ်ိဳးျဖင့္ က်စ္ကာ ဓားလက္ကိုင္တြင္ခ်ိတ္ေပးခဲ့ျခင္းပင္။

ၾကည္ျပာေရာင္ေက်ာက္ေလးသည္ အလင္းေရာင္တြင္ လက္ခနဲ။
ထိုေက်ာက္ေလးမွျပန္ထြက္လာသည့္ အလင္းသည္လည္း ၾကည့္ေနသည့္ Castiel ၏မ်က္ဝန္းျပာတို႔တြင္ ျဖတ္ေျပးသြားသည္မွာ လြန္စြာလိုက္ဖက္ညီသည့္ အတြဲအစပ္တစ္မ်ိဳးပင္ ျဖစ္ေပလိမ့္မည္။

2).

နယ္စားမင္း Masters တို႔သားအဖ ျပန္သြားၿပီးေနာက္ Castiel စံုစမ္းမိသည့္သတင္းတစ္ခုမွာ ေသဆံုးသြားေသာသူလၽွိဳသည္ သူအသက္ရွိစဥ္က တစ္စံုတစ္ဦးထံ လစဥ္ပံုမွန္ ေငြလႊဲေျပာင္းေပးေနတတ္သည္ဟူသည့္ သတင္းပင္ျဖစ္သည္။ ထိုေနရာသို႔ Castiel လိုက္သြားလၽွင္ သတင္းအစအနရႏိုင္ေပမည္။

Castiel ေရာက္သြားသည့္အခါ ထိုေနရာတြင္ မည္သူမၽွမရွိေတာ့ေပ။ စံုစမ္းၾကည့္သည့္အခါ ယခင္က ေဆးဆိုင္တစ္ဆိုင္ျဖစ္ၿပီး ေနာက္ကြယ္တြင္မူ တန္ဖိုးႀကီးေဆးျမစ္မ်ားကို တရားမဝင္ေမွာင္ခိုေရာင္းခ်သည္ဟု သိလိုက္ရေပသည္။ ေသဆံုးသူသူလၽွိဳ၏ ေပးပို႔ေငြတို႔သည္ ထိုဆိုင္သို႔ တရားမဝင္ေငြေၾကးအေနႏွင့္ လစဥ္ဝင္ေရာက္ေနၿပီး ထိုေငြမွာလည္း သာမန္ေဆးေမွာင္ခိုမ်ားမွရႏိုင္သည့္ ေငြေၾကးထက္ အဆမတန္မ်ားေနျခင္းမွာ သံသယဝင္ဖြယ္ရာျဖစ္ေနျခင္းပင္။ ယခု ထိုသူလၽွိဳေသဆံုးၿပီးေနာက္ရက္တြင္ပင္ ဤေဆးဆိုင္ေျပာင္းေရႊ႕သြားသည္ဟု သိလိုက္ရၿပီး မည္သည့္ေနရာသို႔ေျပာင္းေရႊ႕သြားသည္ကိုမူ အမ်ိဳးမ်ိဳးေျပာဆိုေနၾက၍ လမ္းစေပ်ာက္သြားရပါေတာ့သည္။

"လူတစ္ေယာက္ကလည္း ဒီကလူႀကီးမင္းလိုပဲ ေဆးဆိုင္အေၾကာင္းလာေမးသြားတယ္။"

"ေဆးဆိုင္အေၾကာင္းလား။ ဘယ္တုန္းကလဲ ခင္ဗ်ာ။ ဘယ္လိုပံုစံနဲ႔လူလဲ။"

"ဒီမနက္မွာပါပဲ။ အရပ္ျမင့္တယ္၊ ခႏၶာကိုယ္ေတာင့္တယ္။ ေခါင္းေဆာင္းထားေတာ့ မ်က္ႏွာကိုေသခ်ာမျမင္ရေပမဲ့ အသံကေတာ့ ဩဇာအျပည့္ပါပဲ။"

မည္သူက သူ႔နည္းတူသတင္းရသြားသည္ကို Castiel အေတြးပြားသြား၏။
ထိုေနရာမွ Castiel ထြက္လာခဲ့ခ်ိန္တြင္ မြန္းလြဲေနၿပီျဖစ္၍ ေန႔လယ္စာစားရန္ စားေသာက္ဆိုင္တစ္ခုသို႔ ဝင္လာခဲ့လိုက္သည္။ ေန႔လယ္စာစားခ်ိန္ျဖစ္၍ လူမ်ားျပည့္ေနၿပီး ေနရာလြတ္ရွာေနခ်ိန္ စားပြဲထိုးေကာင္ေလးေရာက္လာကာ

"လူႀကီးမင္း၊ ဟိုဘက္နားကဝိုင္းက လြတ္ပါၿပီ။"

ထိုကေလးညႊန္ျပရာသို႔ Castiel လွမ္းၾကည့္သည့္အခါ ထိုဝိုင္းမွလူမ်ား ေငြရွင္းၿပီး၍ ထသြားၾကရန္ျပင္ေနၾကၿပီ။ ထို႔ေၾကာင့္ Castiel ထိုေနရာသို႔ေလၽွာက္လာစဥ္ အျခားလူတစ္ဦးလည္းေရာက္လာၿပီး စားပြဲအနီးတြင္ဆံုေလ၏။ စားပြဲထိုးေကာင္ေလးသည္ ေခါင္းကုတ္လိုက္ၿပီး

"လူႀကီးမင္းတို႔ တျခားအေဖာ္မပါဘူးဆိုရင္ အတူတူမၽွသံုးလို႔ရမလား ခင္ဗ်ာ။ လူက်ခ်ိန္မို႔ တျခားစားပြဲမလြတ္ေသးလို႔ပါ။"

Castiel ေခါင္းညိတ္လိုက္သည္။ သူ႔အတြက္ မည္သို႔မၽွျပႆနာမရွိ။ ထမင္းတစ္နပ္စားရန္မွာ ခက္ခဲသည့္အလုပ္မဟုတ္ေပ။ ထိုလူသည္ကေတာ့ တစ္စံုတစ္ခုေျပာရန္ ေခါင္းေဆာင္းကိုဖယ္လိုက္သည့္အခါ Castiel အမည္တစ္ခုကို ေရရြတ္မိသည္။ ထိုလူသည္လည္း အံ့ဩသြားၿပီးမွ ျပံဳးလိုက္ၿပီး စားပြဲထိုးေလးကို ေျပာလိုက္သည္။

"ျပႆနာမရွိပါဘူး။ အဆင္ေျပတယ္။"

သို႔ႏွင့္ အစားအေသာက္မွာၾကၿပီးေနာက္ Castiel ေတြးမိသြားသည္မွာ

"အရပ္ျမင့္တယ္၊ ခႏၶာကိုယ္ေတာင့္တယ္။ ေခါင္းေဆာင္းထားေတာ့ မ်က္ႏွာကိုေသခ်ာမျမင္ရေပမဲ့ အသံကေတာ့ ဩဇာအျပည့္ပါပဲ။"

ဟူသည့္စကားပင္။ ဤသည္မွာ မည္သူျဖစ္သည္ဟု ဆက္လက္ေတြးေနရန္ မလိုေတာ့ၿပီ။

"Dean, ဒီကို ဘာကိစၥနဲ႔ေရာက္ေနတာလဲ။"

"ဒီအတိုင္းဆို က်ဳပ္တို႔ ရည္ရြယ္ခ်က္ခ်င္းတူေနၿပီထင္တယ္။"

Castiel တစ္ေယာက္ သူ၏သတင္းေပးကို စိတ္ထဲမွက်ိန္ဆဲမိသြားသည္။ ထို႔ေနာက္မွ ဆက္ေတြးမိသည္မွာ ဤမၽွစိတ္ခ်ရပါသည့္သတင္းေပးကို ပါးစပ္ပြင့္ေစသည့္ပမာဏမ်ိဳး တတ္ႏိုင္ေနသည့္ စံုစမ္းေရးမႉးဆိုသူကိုသာ သံသယဝင္မိေတာ့သည္။ ထို႔ေၾကာင့္ Castiel မည္သည့္စကားမွမဆိုေတာ့ေပ။
အစားအေသာက္မ်ားေရာက္လာၿပီးခ်ိန္တြင္ Dean မွ

"ခင္ဗ်ား ဘာသိရၿပီလဲ။"

"လမ္းစေပ်ာက္သြားျပန္ပါၿပီ။"

"က်ဳပ္ တစ္ခုသိလာရတယ္။ အဲဒီေဆးဆိုင္ပိုင္ရွင္အစစ္က အမ်ိဳးသမီးတဲ့။"

ဤသည္ကို Castiel လည္း သိခဲ့ရပါသည္။

"ၿပီးေတာ့ ေဂဟာတစ္ခုကိုလည္း ပိုင္ေသးတယ္တဲ့။"

ထိုစကားေၾကာင့္ Dean ကို Castiel ၾကည့္မိ၏။ Dean က ျပံဳးျပလာၿပီး

"ညေနက်ရင္ အဲဒီေဂဟာကို သြားစံုစမ္းၾကည့္မလို႔။"

3).

အရက္ေသစာႏွင့္ အျမည္းေပါင္းစံုလွေသာ စားပြဲတြင္ထိုင္၍ Castiel ၏မ်က္ႏွာမွာ နီသထက္နီလာေပသည္။ သူ၏ပါးစပ္အနီးသို႔ေရာက္လာသည့္ အသားကင္တစ္ဖတ္ကို Castiel ျငင္းလိုက္သည့္အခါ သူ၏အနီးတြင္ကပ္ထိုင္ေနသည့္ အမ်ိဳးသမီးထံမွ အသံခပ္ညင္းညင္းက ထြက္လာ၏။

"အို ... ရွင္ရယ္၊ ျငင္းလွခ်ည္လားကြယ္။ ဒီကိုေရာက္လာၿပီးမွေတာ့ ဒီလိုႀကီးပဲ ထိုင္ေနေတာ့မွာလား။"

ပခံုးေပၚေရာက္လာသည့္ လက္သြယ္သြယ္ကို Castiel ဖယ္ခ်လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္မွ Dean ကို လွမ္းၾကည့္လိုက္၏။ Dean သည္ သူ၏ေဘးတစ္ဖက္တစ္ခ်က္မွ အမ်ိဳးသမီးငယ္ႏွစ္ဦးၾကားထိုင္ကာ ရယ္ေမာ၍ အရက္ခြက္ကိုေမာ့ေသာက္လိုက္ၿပီး ခြံ႕ေကၽြးေသာအျမည္းကို စားေနေလသည္။

"Dean!"

အသံအုပ္အုပ္ျဖင့္ Castiel ေခၚသည့္အခါ Dean လွမ္းၾကည့္လာၿပီးမွ ကိုယ္ရွိန္သတ္ကာ မိန္းကေလးတို႔ၾကားမွ ကိုယ္ကိုမတ္၍ေရွ႕တိုးထိုင္လိုက္သည္။

"ဘာေတြေလာေနတာလဲ Cas?"

Cas.
Dean ထံမွ Cas ဟုေခၚသည့္အသံကို ပထမဆံုးၾကားမိျခင္းပင္။ တပ္မႉးျဖစ္ေစ၊ Novak ျဖစ္ေစ ေခၚတတ္သည့္လူမွ Castiel ဟူ၍ပင္မဟုတ္ပါဘဲ Cas ဟူေသာခပ္ျမဴးျမဴးေခၚသံသည္ Castiel ၏နားစည္ကို အႀကိမ္ႀကိမ္ရိုက္ခတ္သကဲ့သို႔ အထပ္ထပ္ၾကားေနမိသည္။

"Cas"

Dean ကိုၾကည့္မိသည့္အခါ

"ေသာက္ေလ။"

ေဘးမွမိန္းကေလးကမ္းေပးေနသည့္ အရက္ခြက္ကို ေမးေငါ့၍ Dean က ေျပာျခင္း။
Castiel ထိုခြက္ကိုယူလိုက္ၿပီး ေမာ့ေသာက္လိုက္သည့္အခါ Dean က တဟားဟားရယ္ေနျပန္သည္။ ထို႔ေနာက္တြင္ ထိုမိန္းကေလးမ်ားႏွင့္ စကားဆက္ေျပာေနသည္။

Dean သည္ ဤသို႔ေသာေနရာမ်ိဳးႏွင့္ အကၽြမ္းဝင္ပံုရေသာ္လည္း Castiel အတြက္ အဆင္မေျပေခ်။ သို႔ေသာ္လည္း ေရာက္ႏွင့္ေနၿပီးျဖစ္သည့္အျပင္ အတူလာသူကလည္း သူ၏အရွိန္ႏွင့္သူသြားေနၿပီျဖစ္၍ မထူးေတာ့ၿပီ။

"မိန္းကေလး၊ က်ဳပ္အတြက္ မိန္းကေလးကိုယ္တိုင္ အသားကင္ထပ္မွာေပးႏိုင္မလား။"

"ေကာင္းပါၿပီတဲ့ရွင္။"

ခါးသိမ္သိမ္ကိုခါရမ္း၍ ထထြက္သြားပါေသာ ထိုမိန္းကေလးအား Dean လိုက္ၾကည့္ေနသည္ကို Castiel ျမင္လိုက္ရသည္။

'ဒီလူေတာ့ အလုပ္ကိစၥနဲ႔လာတယ္ဆိုတာေရာ သိေသးရဲ႕လား။'

သူ႔အေတြးႏွင့္သူ Castiel သက္ျပင္းခ်မိသြားသည္။

"ေဟး Cas! ေရာ့"

Dean ကမ္းေပးေနသည့္ခြက္ကို Castiel လွမ္းယူလိုက္ရသည္။ မယူလၽွင္လည္း မရမကေပးေနဦးမည္ျဖစ္၍ ျငင္းမေနေတာ့ၿပီ။

4).

ဝုန္းခနဲပစ္က်သံႏွင့္အတူ ခုတင္ေပၚသို႔က်လာသည့္ ခႏၶာကုိယ္တစ္ခု။

"အား"

ေဘးမွထိန္းေပးလာသူက စိတ္ပ်က္လက္ပ်က္ႏွင့္ လွည့္ထြက္ရန္ျပင္၏။

"ေနဦး"

ေခၚသံေၾကာင့္ လွည့္ထြက္ရန္ေက်ာခိုင္းၿပီးမွ ရပ္ေနလိုက္၏။

"ေရေလးတစ္ခြက္ေလာက္ ယူေပးႏိုင္မလား Cas?"

မွန္ပါသည္။
Castiel ကို အရက္တိုက္ၿပီး အမွန္တကယ္မူးသြားသည္မွာ Dean သာ။ Dean ေပးသမၽွအရက္တို႔ကို ေဘးမွဟင္းခ်ိဳရည္ခြက္အလြတ္ထဲသို႔ ေလာင္းထည့္ပစ္ေနသည့္ Castiel ကေတာ့ တစ္ခြက္၊ ႏွစ္ခြက္သာေသာက္မိသည္ျဖစ္၍ မည္သို႔မၽွမျဖစ္ေသာ္လည္း Dean သည္ကေတာ့ အရက္စည္အတြင္းနစ္သည့္အလား။ ယခုမွ ရင္ပူေနဟန္ပင္။ ထို႔ေၾကာင့္ ေရတစ္ခြက္ငွဲ႔ယူကာ Dean ရွိရာသို႔ ယူသြားေပးလိုက္၏။ ယိုင္နဲ႔စြာထထိုင္သူကို မေနႏိုင္သူ Castiel ကပင္ ထိန္းေပးေနရၿပီး ေရတိုက္ရပါေသးသည္။

"Cas, က်ဳပ္ ... သတင္းတစ္ခု ရလိုက္တယ္ ... သိလား။"

ေလးကန္စြာေျပာသည့္စကားေၾကာင့္ Castiel မယံုသကၤာႏွင့္ၾကည့္မိ၏။

"ဟိုေၾကာင္မေလးက ေျပာတာ။"

ေၾကာင္မေလးဆိုသည္မွာ အရက္ဝိုင္းတြင္ Dean အနား တိုးေဝွ႕ပြတ္သပ္ေနသည့္ မိန္းကေလးကို Dean ေခၚသည့္အမည္ပင္ျဖစ္သည္။ မည္သည့္အခ်ိန္တြင္ ထိုမိန္းကေလးထံမွ သတင္းရလိုက္သည္ကို တစ္ဝိုင္းတည္းထိုင္ေနသည့္ Castiel မသိလိုက္ရပါ။

"ဘာတဲ့လဲ။"

အနားတိုးရန္ Dean အခ်က္ျပ၍ Castiel တိုးကပ္လိုက္သည္။

by Demon

5)

Dean က အနားသို႔တိုးလာရန္လက္ျပေသာေၾကာင့္ Castiel တစ္ေယာက္ Dean အနားသို႔ တိုးကပ္သြားလိုက္ေသာ္လည္း တကယ္တမ္းတြင္မူ Dean က အိပ္ရာေပၚသို႔ ဝုန္းကနဲပစ္လဲက်သြားသည္ ။ ထို႔ေၾကာင့္ စိတ္ရႈပ္စြာျဖင့္ သက္ျပင္း႐ႈိက္လိုက္ၿပီး ခုတင္ေျခရင္းမွေစာင္ကိုယူကာ အမူးသမားအား လႊမ္းျခံဳေပးလိုက္သည္ ။ ဤသို႔လႊမ္းျခံဳေပးရင္း ပါးစပ္မွလည္း

" မနက္က်မွ အခုမေျပာျပတဲ့ကိစၥကိုသတိမရရင္ အရိုးတျခားအသားတျခားျဖစ္ေအာင္လုပ္ပစ္မယ္ "

ဟု ေရ႐ြတ္လိုက္သည္ ။ ထိုစဥ္ Dean ထံမွ အသံခပ္တိုးတိုးကို ၾကားရသည္ ။ ထပ္ၾကားရေလမည္ေလာဟု နားစြင့္ေနမိစဥ္မွာပင္

" Lilith "

ဟူေသာ အသံခပ္တိုးတိုးကို ထပ္ၾကားရသည္ ။ ထို႔ေၾကာင့္ Dean ကို လွည့္ၾကည့္လိုက္သည္ ။ အႏွီအမ်ိဳးေကာင္းသားေလးက ျခံဳေပးထားေသာေစာင္ကို ေခါင္းၿမီးျခံဳကာ အိပ္ေနၿပီျဖစ္ေသာေၾကာင့္ မနက္မွ ဤကိစၥအေၾကာင္းေျပာေတာ့မည္ဟုေတြးကာ အခန္းထဲမွ ထြက္လာခဲ့လိုက္သည္ ။

6)

Dean အိပ္ရာမွႏိုးေသာအခါ ေခါင္းတစ္ခုလုံး အုံခဲေနသည္ ။ ထို႔ေၾကာင့္ စိတ္ရႈပ္စြာျဖင့္ ငုတ္တုတ္ထထိုင္လိုက္ကာ ပတ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္လိုက္သည္ ။ ေက်းငွက္တို႔၏ သာယာေသာေအာ္ျမည္သံတို႔ကိုၾကားရမည့္အစား ဆူညံေသာလူသံမ်ားကိုၾကားရသျဖင့္ ေနအေတာ္ျမင့္ေနၿပီျဖစ္ေၾကာင္းသိလိုက္ရသည္ ။ ထို႔ေၾကာင့္ မ်က္စိေရွ႕တြင္ျမင္ရေသာ ဝတ္႐ုံတစ္ခုကို ေကာက္ဝတ္လိုက္ကာ ျပတင္းေပါက္ဆီသို႔ ေလၽွာက္သြားလိုက္သည္ ။ တပ္မႉး Novak အထဲသို႔ဝင္လာသည္ကို ျပတင္းေပါက္မွတစ္ဆင့္ ေတြ႕လိုက္ရေသာအခါမွ မိမိႏွင့္အတူ တပ္မႉးပါ,ပါလာသည္ကို သတိရသြားကာ

" Shit "

ဟု ေရ႐ြတ္ၿပီး ကိုယ္လက္သန္႔စင္ရန္ အထဲသို႔ျပန္ေျပးလာခဲ့လိုက္သည္ ။

7)

Castiel တစ္ေယာက္ အိပ္ရာမွႏိုးကတည္းက Dean ကိုေစာင့္ေနေသာ္လည္း ထိုအမူးသမားက အရက္နာက်ေနသည္ထင္သည္ ။ ေန႔လယ္စာစားခ်ိန္ေရာက္သည္အထိ ေပၚမလာ ။ ထို႔ေၾကာင့္ ဟိုနားသည္နားသို႔သြားကာ Lilith ဟူေသာအမည္ကို သိေသာလူရွိမည္ေလာဟုစုံစမ္းရန္စိတ္ကူးကာ တည္းခိုသည့္ေနရာမွ ထြက္လာခဲ့လိုက္သည္ ။

သို႔ေသာ္ ....
ထူးျခားတိက်ေသာသတင္းကိုမရခဲ့ေသာေၾကာင့္ တည္းခိုရာေနရာဆီသို႔သာ ျပန္လာခဲ့လိုက္သည္ ။

မိမိတို႔တည္းခိုသည့္ေနရာသည္ ညပိုင္းသာလူမ်ားေသာေၾကာင့္ မိမိအခန္းဆီသို႔ မသြားေသးဘဲ ေအာက္ထပ္တြင္ေနကာ ေသရည္တစ္အိုးမွာ၍ ေသာက္ေနလိုက္သည္ ။ ဤသို႔ေသာက္ေနရင္း အိုးတစ္ဝက္ေရာက္လုနီးတြင္

" Novak "

ဟူေသာ ေခၚသံႏွင့္အတူ Dean က မ်က္စိေရွ႕တြင္ေပၚလာသည္ ။ ထို႔ေၾကာင့္

" ႏိုးလာေသးလို႔ေတာ္ေသးတာေပါ့ စုံစမ္းေရးမႉး "

ဟု ႐ြတ္လိုက္သည္ ။

8)

Castiel က

" ခင္ဗ်ားညက သိလိုက္ရတယ္ဆိုတဲ့သတင္းက ဘာလဲ "

ဟု ခရီးေရာက္မဆိုက္ ေမးေသာေၾကာင့္ Dean အူေၾကာင္ေၾကာင္ျဖင့္ Castiel ကို ၾကည့္လိုက္ကာ

" က်ဳပ္ ညကေျပာခဲ့လို႔လား "

ဟူ၍ ေမးလိုက္သည္ ။ Castiel က

" Lilith ဆိုတဲ့နာမည္ကိုလည္း ခင္ဗ်ားေျပာခဲ့ေသးတယ္ေလ "

ဟု ထပ္ေျပာေသာအခါမွ သတိရသြားၿပီး

" အာ ... ဟုတ္သားပဲ "

ဟူ၍ ေျပာလိုက္သည္ ။ ထို႔ေနာက္

" အဲ့ဒီအေၾကာင္းက ဒီမွာေျပာလို႔မေကာင္းဘူး ... ခဏေနရင္ အေနာက္ကလိုက္ခဲ့ "

ဟု ေျပာကာ မတ္တပ္ထရပ္လိုက္သည္ ။ Castiel က သေဘာေပါက္ေၾကာင္း အၾကည့္ျဖင့္ေျပာသျဖင့္ ဆိုင္အေနာက္ဘက္သို႔ အရင္ေလၽွာက္သြားႏွင့္လိုက္သည္ ။

9)

" က်ဳပ္တို႔လိုက္ရွာေနတဲ့ ဒီေဂဟာပိုင္ရွင္အမ်ိဳးသမီးနဲ႔ ေဆးဆိုင္ပိုင္ရွင္အမ်ိဳးသမီးက Lilith ဆိုတဲ့ အမ်ိဳးသမီးပဲ .... သတင္းသဲ့သဲ့ၾကားရသေလာက္ဆိုရင္ အဲ့ဒီအမ်ိဳးသမီးက Skull crusher ဂိုဏ္းရဲ႕ ဂိုဏ္းခြဲမႉးပဲ "

ဟူေသာ စကားကို Dean က ​ေျပာလာေသာေၾကာင့္ Castiel မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

" ေသခ်ာရဲ႕လား "

ဟု ထပ္ေမးလိုက္သည္ ။ Dean က ေခါင္းညိတ္၍

" သိရသေလာက္ကေတာ့ သူတို႔ေခါင္းေဆာင္ကို ျမင္ဖူးတာဆိုလို႔ ဂိုဏ္းခြဲမႉးေတြပဲရွိၿပီး အဲဒီဂိုဏ္းခြဲမႉးေတြကိုလည္း သာမန္ဂိုဏ္းသားေတြက မျမင္ဖူးျပန္ဘူး ... လၽွိဳ႕ဝွက္လြန္းေပမဲ့ စနစ္က်လြန္းၿပီး သူတို႔ရဲ႕ ကၽြမ္းက်င္သူလၽွိဳေတြက ေနာက္ေၾကာင္းရွာမရတဲ့ လူေတြခ်ည္းပဲတဲ့ .... ဒါေပမဲ့ Lilith ကေတာ့ ႁခြင္းခ်က္ပဲ .... ဒီေနရာမွာ ဟိုးအရင္က Lilith ပဲ အုပ္စိုးခဲ့တာ "

ဟု ေျပာသျဖင့္ စိတ္အိုက္သြားရသည္ ။ တစ္ဆက္တည္းမွာပင္ ဤမၽွေလာက္မ်ားေသာသတင္းမ်ားကိုရေအာင္ Dean မည္သို႔စုံစမ္းလိုက္ေလသနည္းဟု ေတြးေနမိသည္ ။ မိမိက ဤသို႔ေတြးေနေသာ္လည္း Dean ကမူ ဤသည္ကို သိဟန္မတူ ။

" ဒီသတင္းသာအမွန္ဆိုရင္ က်ဳပ္တို႔ေတာ့က်ားအၿမီးဆြဲမိတာပဲ Novak .... Lilith မွာ သူ႔ကိုသစၥာခံထားတဲ့လူေတြက သူတို႔ဂိုဏ္းတစ္ဂိုဏ္းစာေလာက္ရွိတယ္ "

ဟု ဆက္ေျပာေနသည္ ။ ထို႔ေၾကာင့္ သက္ျပင္းခ်လိုက္ၿပီး

" ဒါေပမဲ့ ေရွ႕ဆက္ၾကရမွာပဲမဟုတ္လား ... က်ဳပ္တို႔တာဝန္က ဒါပဲမဟုတ္လား "

ဟု ေျပာလိုက္သည္ ။

10)

Dean လူက Castiel ႏွင့္စကားေျပာေနေသာ္လည္း မ်က္လုံးမ်ားကိုမူ ၿငိမ္ၿငိမ္မထားႏိုင္ ။ ေစာေစာပိုင္းက စားေသာက္ဆိုင္ထဲတြင္ရွိေနစဥ္ကတည္းက တစ္ခုခုမူမမွန္ေသာခံစားခ်က္ကို ခံစားေနရသျဖင့္ တမင္ပင္ Castiel ကို ဤေနရာသို႔ ေခၚလာခဲ့ျခင္းျဖစ္သည္ ။

သို႔ေသာ္လည္း ...
ဤခံစားခ်က္က ဤေနရာေရာက္သည္အထိလည္း ေပ်ာက္မသြားေသးေသာေၾကာင့္ ပတ္ဝန္းက်င္ရွိ တစ္စုံတစ္ဦးပုန္းေနႏိုင္ေလာက္မည့္ေနရာမ်ားကို လိုက္ၾကည့္ေနမိသည္ ။ ဤသို႔လိုက္ၾကည့္ရင္း အရက္စည္မ်ားထားသည့္ ဂိုေထာင္ဘက္သို႔ လူအရိပ္တစ္ခု လွစ္ခနဲေျပးသြားသည္ကို ေတြ႕လိုက္ရသည္ ။ ထို႔ေၾကာင့္ Castiel ကို

" ေခ်ာင္းနားေထာင္ေနတဲ့လူရွိတယ္ "

ဟု ေျပာကာ ထိုလူေျပးသြားသည့္ဘက္သို႔ လိုက္ေျပးသြားလိုက္သည္ ။

by the_richone_IX

■■■ Episode (7) ဆက္ရန္ ■■■

1).

"Castiel, အဲဒီသူလျှိုကိစ္စစုံစမ်းတာ သတိထားပါနော်။ ဒီလောက်ခက်ခဲတယ်ဆိုရင် လျှို့ဝှက်ပြီးအန္တရာယ်များမှာ သေချာနေပြီ။"

"စိတ်ချပါ သခင်မလေးရဲ့။ ဟိုမှာ အိမ်တော်ထိန်းကြီးလာခေါ်ပြီ။"

"အင်း။ ဓား ခဏပေး။"

အဆက်အစပ်မရှိပါဘဲ ပြောလာသည်ကြောင့် Castiel ကြောင်အသွားပြီးမှ သူကိုင်နေကျဓားကို Meg ထံသို့ ကမ်းပေးလိုက်၏။
Meg ၏လက်ဖဝါးတစ်ဖက်မှ တွဲလောင်းကျလာသည့် တစ်စုံတစ်ရာကို Castiel ၏ ဓားထိပ်တွင် ချည်နှောင်လိုက်ပြီး

"လက်ဆောင်"

ဓားကို Castiel ထံသို့ပြန်ပေးလိုက်ပြီး Meg လှည့်ထွက်လိုက်ရင်း

"လိုက်မပို့နဲ့တော့။"

အိမ်တော်ထိန်းနှင့်အတူထွက်သွားသည့် သခင်မလေးကိုရပ်ကြည့်နေမိရင်း Castiel အရိုအသေပြုလိုက်သည်။ ထို့နောက်မှ သူ၏ဓားကိုပြန်ကြည့်သည့်အခါ ရတနာပစ္စည်းဆိုင်မှဝယ်လာသည့် လက်စွပ်လေးကို နက်မှောင်နေသည့်ချည်တစ်မျိုးဖြင့် ကျစ်ကာ ဓားလက်ကိုင်တွင်ချိတ်ပေးခဲ့ခြင်းပင်။

ကြည်ပြာရောင်ကျောက်လေးသည် အလင်းရောင်တွင် လက်ခနဲ။
ထိုကျောက်လေးမှပြန်ထွက်လာသည့် အလင်းသည်လည်း ကြည့်နေသည့် Castiel ၏မျက်ဝန်းပြာတို့တွင် ဖြတ်ပြေးသွားသည်မှာ လွန်စွာလိုက်ဖက်ညီသည့် အတွဲအစပ်တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။

2).

နယ်စားမင်း Masters တို့သားအဖ ပြန်သွားပြီးနောက် Castiel စုံစမ်းမိသည့်သတင်းတစ်ခုမှာ သေဆုံးသွားသောသူလျှိုသည် သူအသက်ရှိစဉ်က တစ်စုံတစ်ဦးထံ လစဉ်ပုံမှန် ငွေလွှဲပြောင်းပေးနေတတ်သည်ဟူသည့် သတင်းပင်ဖြစ်သည်။ ထိုနေရာသို့ Castiel လိုက်သွားလျှင် သတင်းအစအနရနိုင်ပေမည်။

Castiel ရောက်သွားသည့်အခါ ထိုနေရာတွင် မည်သူမျှမရှိတော့ပေ။ စုံစမ်းကြည့်သည့်အခါ ယခင်က ဆေးဆိုင်တစ်ဆိုင်ဖြစ်ပြီး နောက်ကွယ်တွင်မူ တန်ဖိုးကြီးဆေးမြစ်များကို တရားမဝင်မှောင်ခိုရောင်းချသည်ဟု သိလိုက်ရပေသည်။ သေဆုံးသူသူလျှို၏ ပေးပို့ငွေတို့သည် ထိုဆိုင်သို့ တရားမဝင်ငွေကြေးအနေနှင့် လစဉ်ဝင်ရောက်နေပြီး ထိုငွေမှာလည်း သာမန်ဆေးမှောင်ခိုများမှရနိုင်သည့် ငွေကြေးထက် အဆမတန်များနေခြင်းမှာ သံသယဝင်ဖွယ်ရာဖြစ်နေခြင်းပင်။ ယခု ထိုသူလျှိုသေဆုံးပြီးနောက်ရက်တွင်ပင် ဤဆေးဆိုင်ပြောင်းရွှေ့သွားသည်ဟု သိလိုက်ရပြီး မည်သည့်နေရာသို့ပြောင်းရွှေ့သွားသည်ကိုမူ အမျိုးမျိုးပြောဆိုနေကြ၍ လမ်းစပျောက်သွားရပါတော့သည်။

"လူတစ်ယောက်ကလည်း ဒီကလူကြီးမင်းလိုပဲ ဆေးဆိုင်အကြောင်းလာမေးသွားတယ်။"

"ဆေးဆိုင်အကြောင်းလား။ ဘယ်တုန်းကလဲ ခင်ဗျာ။ ဘယ်လိုပုံစံနဲ့လူလဲ။"

"ဒီမနက်မှာပါပဲ။ အရပ်မြင့်တယ်၊ ခန္ဓာကိုယ်တောင့်တယ်။ ခေါင်းဆောင်းထားတော့ မျက်နှာကိုသေချာမမြင်ရပေမဲ့ အသံကတော့ ဩဇာအပြည့်ပါပဲ။"

မည်သူက သူ့နည်းတူသတင်းရသွားသည်ကို Castiel အတွေးပွားသွား၏။
ထိုနေရာမှ Castiel ထွက်လာခဲ့ချိန်တွင် မွန်းလွဲနေပြီဖြစ်၍ နေ့လယ်စာစားရန် စားသောက်ဆိုင်တစ်ခုသို့ ဝင်လာခဲ့လိုက်သည်။ နေ့လယ်စာစားချိန်ဖြစ်၍ လူများပြည့်နေပြီး နေရာလွတ်ရှာနေချိန် စားပွဲထိုးကောင်လေးရောက်လာကာ

"လူကြီးမင်း၊ ဟိုဘက်နားကဝိုင်းက လွတ်ပါပြီ။"

ထိုကလေးညွှန်ပြရာသို့ Castiel လှမ်းကြည့်သည့်အခါ ထိုဝိုင်းမှလူများ ငွေရှင်းပြီး၍ ထသွားကြရန်ပြင်နေကြပြီ။ ထို့ကြောင့် Castiel ထိုနေရာသို့လျှောက်လာစဉ် အခြားလူတစ်ဦးလည်းရောက်လာပြီး စားပွဲအနီးတွင်ဆုံလေ၏။ စားပွဲထိုးကောင်လေးသည် ခေါင်းကုတ်လိုက်ပြီး

"လူကြီးမင်းတို့ တခြားအဖော်မပါဘူးဆိုရင် အတူတူမျှသုံးလို့ရမလား ခင်ဗျာ။ လူကျချိန်မို့ တခြားစားပွဲမလွတ်သေးလို့ပါ။"

Castiel ခေါင်းညိတ်လိုက်သည်။ သူ့အတွက် မည်သို့မျှပြဿနာမရှိ။ ထမင်းတစ်နပ်စားရန်မှာ ခက်ခဲသည့်အလုပ်မဟုတ်ပေ။ ထိုလူသည်ကတော့ တစ်စုံတစ်ခုပြောရန် ခေါင်းဆောင်းကိုဖယ်လိုက်သည့်အခါ Castiel အမည်တစ်ခုကို ရေရွတ်မိသည်။ ထိုလူသည်လည်း အံ့ဩသွားပြီးမှ ပြုံးလိုက်ပြီး စားပွဲထိုးလေးကို ပြောလိုက်သည်။

"ပြဿနာမရှိပါဘူး။ အဆင်ပြေတယ်။"

သို့နှင့် အစားအသောက်မှာကြပြီးနောက် Castiel တွေးမိသွားသည်မှာ

"အရပ်မြင့်တယ်၊ ခန္ဓာကိုယ်တောင့်တယ်။ ခေါင်းဆောင်းထားတော့ မျက်နှာကိုသေချာမမြင်ရပေမဲ့ အသံကတော့ ဩဇာအပြည့်ပါပဲ။"

ဟူသည့်စကားပင်။ ဤသည်မှာ မည်သူဖြစ်သည်ဟု ဆက်လက်တွေးနေရန် မလိုတော့ပြီ။

"Dean, ဒီကို ဘာကိစ္စနဲ့ရောက်နေတာလဲ။"

"ဒီအတိုင်းဆို ကျုပ်တို့ ရည်ရွယ်ချက်ချင်းတူနေပြီထင်တယ်။"

Castiel တစ်ယောက် သူ၏သတင်းပေးကို စိတ်ထဲမှကျိန်ဆဲမိသွားသည်။ ထို့နောက်မှ ဆက်တွေးမိသည်မှာ ဤမျှစိတ်ချရပါသည့်သတင်းပေးကို ပါးစပ်ပွင့်စေသည့်ပမာဏမျိုး တတ်နိုင်နေသည့် စုံစမ်းရေးမှူးဆိုသူကိုသာ သံသယဝင်မိတော့သည်။ ထို့ကြောင့် Castiel မည်သည့်စကားမှမဆိုတော့ပေ။
အစားအသောက်များရောက်လာပြီးချိန်တွင် Dean မှ

"ခင်ဗျား ဘာသိရပြီလဲ။"

"လမ်းစပျောက်သွားပြန်ပါပြီ။"

"ကျုပ် တစ်ခုသိလာရတယ်။ အဲဒီဆေးဆိုင်ပိုင်ရှင်အစစ်က အမျိုးသမီးတဲ့။"

ဤသည်ကို Castiel လည်း သိခဲ့ရပါသည်။

"ပြီးတော့ ဂေဟာတစ်ခုကိုလည်း ပိုင်သေးတယ်တဲ့။"

ထိုစကားကြောင့် Dean ကို Castiel ကြည့်မိ၏။ Dean က ပြုံးပြလာပြီး

"ညနေကျရင် အဲဒီဂေဟာကို သွားစုံစမ်းကြည့်မလို့။"

3).

အရက်သေစာနှင့် အမြည်းပေါင်းစုံလှသော စားပွဲတွင်ထိုင်၍ Castiel ၏မျက်နှာမှာ နီသထက်နီလာပေသည်။ သူ၏ပါးစပ်အနီးသို့ရောက်လာသည့် အသားကင်တစ်ဖတ်ကို Castiel ငြင်းလိုက်သည့်အခါ သူ၏အနီးတွင်ကပ်ထိုင်နေသည့် အမျိုးသမီးထံမှ အသံခပ်ညင်းညင်းက ထွက်လာ၏။

"အို ... ရှင်ရယ်၊ ငြင်းလှချည်လားကွယ်။ ဒီကိုရောက်လာပြီးမှတော့ ဒီလိုကြီးပဲ ထိုင်နေတော့မှာလား။"

ပခုံးပေါ်ရောက်လာသည့် လက်သွယ်သွယ်ကို Castiel ဖယ်ချလိုက်ပြီး မျက်နှာချင်းဆိုင်မှ Dean ကို လှမ်းကြည့်လိုက်၏။ Dean သည် သူ၏ဘေးတစ်ဖက်တစ်ချက်မှ အမျိုးသမီးငယ်နှစ်ဦးကြားထိုင်ကာ ရယ်မော၍ အရက်ခွက်ကိုမော့သောက်လိုက်ပြီး ခွံ့ကျွေးသောအမြည်းကို စားနေလေသည်။

"Dean!"

အသံအုပ်အုပ်ဖြင့် Castiel ခေါ်သည့်အခါ Dean လှမ်းကြည့်လာပြီးမှ ကိုယ်ရှိန်သတ်ကာ မိန်းကလေးတို့ကြားမှ ကိုယ်ကိုမတ်၍ရှေ့တိုးထိုင်လိုက်သည်။

"ဘာတွေလောနေတာလဲ Cas?"

Cas.
Dean ထံမှ Cas ဟုခေါ်သည့်အသံကို ပထမဆုံးကြားမိခြင်းပင်။ တပ်မှူးဖြစ်စေ၊ Novak ဖြစ်စေ ခေါ်တတ်သည့်လူမှ Castiel ဟူ၍ပင်မဟုတ်ပါဘဲ Cas ဟူသောခပ်မြူးမြူးခေါ်သံသည် Castiel ၏နားစည်ကို အကြိမ်ကြိမ်ရိုက်ခတ်သကဲ့သို့ အထပ်ထပ်ကြားနေမိသည်။

"Cas"

Dean ကိုကြည့်မိသည့်အခါ

"သောက်လေ။"

ဘေးမှမိန်းကလေးကမ်းပေးနေသည့် အရက်ခွက်ကို မေးငေါ့၍ Dean က ပြောခြင်း။
Castiel ထိုခွက်ကိုယူလိုက်ပြီး မော့သောက်လိုက်သည့်အခါ Dean က တဟားဟားရယ်နေပြန်သည်။ ထို့နောက်တွင် ထိုမိန်းကလေးများနှင့် စကားဆက်ပြောနေသည်။

Dean သည် ဤသို့သောနေရာမျိုးနှင့် အကျွမ်းဝင်ပုံရသော်လည်း Castiel အတွက် အဆင်မပြေချေ။ သို့သော်လည်း ရောက်နှင့်နေပြီးဖြစ်သည့်အပြင် အတူလာသူကလည်း သူ၏အရှိန်နှင့်သူသွားနေပြီဖြစ်၍ မထူးတော့ပြီ။

"မိန်းကလေး၊ ကျုပ်အတွက် မိန်းကလေးကိုယ်တိုင် အသားကင်ထပ်မှာပေးနိုင်မလား။"

"ကောင်းပါပြီတဲ့ရှင်။"

ခါးသိမ်သိမ်ကိုခါရမ်း၍ ထထွက်သွားပါသော ထိုမိန်းကလေးအား Dean လိုက်ကြည့်နေသည်ကို Castiel မြင်လိုက်ရသည်။

'ဒီလူတော့ အလုပ်ကိစ္စနဲ့လာတယ်ဆိုတာရော သိသေးရဲ့လား။'

သူ့အတွေးနှင့်သူ Castiel သက်ပြင်းချမိသွားသည်။

"ဟေး Cas! ရော့"

Dean ကမ်းပေးနေသည့်ခွက်ကို Castiel လှမ်းယူလိုက်ရသည်။ မယူလျှင်လည်း မရမကပေးနေဦးမည်ဖြစ်၍ ငြင်းမနေတော့ပြီ။

4).

ဝုန်းခနဲပစ်ကျသံနှင့်အတူ ခုတင်ပေါ်သို့ကျလာသည့် ခန္ဓာကိုယ်တစ်ခု။

"အား"

ဘေးမှထိန်းပေးလာသူက စိတ်ပျက်လက်ပျက်နှင့် လှည့်ထွက်ရန်ပြင်၏။

"နေဦး"

ခေါ်သံကြောင့် လှည့်ထွက်ရန်ကျောခိုင်းပြီးမှ ရပ်နေလိုက်၏။

"ရေလေးတစ်ခွက်လောက် ယူပေးနိုင်မလား Cas?"

မှန်ပါသည်။
Castiel ကို အရက်တိုက်ပြီး အမှန်တကယ်မူးသွားသည်မှာ Dean သာ။ Dean ပေးသမျှအရက်တို့ကို ဘေးမှဟင်းချိုရည်ခွက်အလွတ်ထဲသို့ လောင်းထည့်ပစ်နေသည့် Castiel ကတော့ တစ်ခွက်၊ နှစ်ခွက်သာသောက်မိသည်ဖြစ်၍ မည်သို့မျှမဖြစ်သော်လည်း Dean သည်ကတော့ အရက်စည်အတွင်းနစ်သည့်အလား။ ယခုမှ ရင်ပူနေဟန်ပင်။ ထို့ကြောင့် ရေတစ်ခွက်ငှဲ့ယူကာ Dean ရှိရာသို့ ယူသွားပေးလိုက်၏။ ယိုင်နဲ့စွာထထိုင်သူကို မနေနိုင်သူ Castiel ကပင် ထိန်းပေးနေရပြီး ရေတိုက်ရပါသေးသည်။

"Cas, ကျုပ် ... သတင်းတစ်ခု ရလိုက်တယ် ... သိလား။"

လေးကန်စွာပြောသည့်စကားကြောင့် Castiel မယုံသင်္ကာနှင့်ကြည့်မိ၏။

"ဟိုကြောင်မလေးက ပြောတာ။"

ကြောင်မလေးဆိုသည်မှာ အရက်ဝိုင်းတွင် Dean အနား တိုးဝှေ့ပွတ်သပ်နေသည့် မိန်းကလေးကို Dean ခေါ်သည့်အမည်ပင်ဖြစ်သည်။ မည်သည့်အချိန်တွင် ထိုမိန်းကလေးထံမှ သတင်းရလိုက်သည်ကို တစ်ဝိုင်းတည်းထိုင်နေသည့် Castiel မသိလိုက်ရပါ။

"ဘာတဲ့လဲ။"

အနားတိုးရန် Dean အချက်ပြ၍ Castiel တိုးကပ်လိုက်သည်။

by Demon

5)

Dean က အနားသို့တိုးလာရန်လက်ပြသောကြောင့် Castiel တစ်ယောက် Dean အနားသို့ တိုးကပ်သွားလိုက်သော်လည်း တကယ်တမ်းတွင်မူ Dean က အိပ်ရာပေါ်သို့ ဝုန်းကနဲပစ်လဲကျသွားသည် ။ ထို့ကြောင့် စိတ်ရှုပ်စွာဖြင့် သက်ပြင်းရှိုက်လိုက်ပြီး ခုတင်ခြေရင်းမှစောင်ကိုယူကာ အမူးသမားအား လွှမ်းခြုံပေးလိုက်သည် ။ ဤသို့လွှမ်းခြုံပေးရင်း ပါးစပ်မှလည်း

" မနက်ကျမှ အခုမပြောပြတဲ့ကိစ္စကိုသတိမရရင် အရိုးတခြားအသားတခြားဖြစ်အောင်လုပ်ပစ်မယ် "

ဟု ရေရွတ်လိုက်သည် ။ ထိုစဉ် Dean ထံမှ အသံခပ်တိုးတိုးကို ကြားရသည် ။ ထပ်ကြားရလေမည်လောဟု နားစွင့်နေမိစဉ်မှာပင်

" Lilith "

ဟူသော အသံခပ်တိုးတိုးကို ထပ်ကြားရသည် ။ ထို့ကြောင့် Dean ကို လှည့်ကြည့်လိုက်သည် ။ အနှီအမျိုးကောင်းသားလေးက ခြုံပေးထားသောစောင်ကို ခေါင်းမြီးခြုံကာ အိပ်နေပြီဖြစ်သောကြောင့် မနက်မှ ဤကိစ္စအကြောင်းပြောတော့မည်ဟုတွေးကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။

6)

Dean အိပ်ရာမှနိုးသောအခါ ခေါင်းတစ်ခုလုံး အုံခဲနေသည် ။ ထို့ကြောင့် စိတ်ရှုပ်စွာဖြင့် ငုတ်တုတ်ထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည် ။ ကျေးငှက်တို့၏ သာယာသောအော်မြည်သံတို့ကိုကြားရမည့်အစား ဆူညံသောလူသံများကိုကြားရသဖြင့် နေအတော်မြင့်နေပြီဖြစ်ကြောင်းသိလိုက်ရသည် ။ ထို့ကြောင့် မျက်စိရှေ့တွင်မြင်ရသော ဝတ်ရုံတစ်ခုကို ကောက်ဝတ်လိုက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည် ။ တပ်မှူး Novak အထဲသို့ဝင်လာသည်ကို ပြတင်းပေါက်မှတစ်ဆင့် တွေ့လိုက်ရသောအခါမှ မိမိနှင့်အတူ တပ်မှူးပါ,ပါလာသည်ကို သတိရသွားကာ

" Shit "

ဟု ရေရွတ်ပြီး ကိုယ်လက်သန့်စင်ရန် အထဲသို့ပြန်ပြေးလာခဲ့လိုက်သည် ။

7)

Castiel တစ်ယောက် အိပ်ရာမှနိုးကတည်းက Dean ကိုစောင့်နေသော်လည်း ထိုအမူးသမားက အရက်နာကျနေသည်ထင်သည် ။ နေ့လယ်စာစားချိန်ရောက်သည်အထိ ပေါ်မလာ ။ ထို့ကြောင့် ဟိုနားသည်နားသို့သွားကာ Lilith ဟူသောအမည်ကို သိသောလူရှိမည်လောဟုစုံစမ်းရန်စိတ်ကူးကာ တည်းခိုသည့်နေရာမှ ထွက်လာခဲ့လိုက်သည် ။

သို့သော် ....
ထူးခြားတိကျသောသတင်းကိုမရခဲ့သောကြောင့် တည်းခိုရာနေရာဆီသို့သာ ပြန်လာခဲ့လိုက်သည် ။

မိမိတို့တည်းခိုသည့်နေရာသည် ညပိုင်းသာလူများသောကြောင့် မိမိအခန်းဆီသို့ မသွားသေးဘဲ အောက်ထပ်တွင်နေကာ သေရည်တစ်အိုးမှာ၍ သောက်နေလိုက်သည် ။ ဤသို့သောက်နေရင်း အိုးတစ်ဝက်ရောက်လုနီးတွင်

" Novak "

ဟူသော ခေါ်သံနှင့်အတူ Dean က မျက်စိရှေ့တွင်ပေါ်လာသည် ။ ထို့ကြောင့်

" နိုးလာသေးလို့တော်သေးတာပေါ့ စုံစမ်းရေးမှူး "

ဟု ရွတ်လိုက်သည် ။

8)

Castiel က

" ခင်ဗျားညက သိလိုက်ရတယ်ဆိုတဲ့သတင်းက ဘာလဲ "

ဟု ခရီးရောက်မဆိုက် မေးသောကြောင့် Dean အူကြောင်ကြောင်ဖြင့် Castiel ကို ကြည့်လိုက်ကာ

" ကျုပ် ညကပြောခဲ့လို့လား "

ဟူ၍ မေးလိုက်သည် ။ Castiel က

" Lilith ဆိုတဲ့နာမည်ကိုလည်း ခင်ဗျားပြောခဲ့သေးတယ်လေ "

ဟု ထပ်ပြောသောအခါမှ သတိရသွားပြီး

" အာ ... ဟုတ်သားပဲ "

ဟူ၍ ပြောလိုက်သည် ။ ထို့နောက်

" အဲ့ဒီအကြောင်းက ဒီမှာပြောလို့မကောင်းဘူး ... ခဏနေရင် အနောက်ကလိုက်ခဲ့ "

ဟု ပြောကာ မတ်တပ်ထရပ်လိုက်သည် ။ Castiel က သဘောပေါက်ကြောင်း အကြည့်ဖြင့်ပြောသဖြင့် ဆိုင်အနောက်ဘက်သို့ အရင်လျှောက်သွားနှင့်လိုက်သည် ။

9)

" ကျုပ်တို့လိုက်ရှာနေတဲ့ ဒီဂေဟာပိုင်ရှင်အမျိုးသမီးနဲ့ ဆေးဆိုင်ပိုင်ရှင်အမျိုးသမီးက Lilith ဆိုတဲ့ အမျိုးသမီးပဲ .... သတင်းသဲ့သဲ့ကြားရသလောက်ဆိုရင် အဲ့ဒီအမျိုးသမီးက Skull crusher ဂိုဏ်းရဲ့ ဂိုဏ်းခွဲမှူးပဲ "

ဟူသော စကားကို Dean က ပြောလာသောကြောင့် Castiel မျက်မှောင်ကြုတ်လိုက်ပြီး

" သေချာရဲ့လား "

ဟု ထပ်မေးလိုက်သည် ။ Dean က ခေါင်းညိတ်၍

" သိရသလောက်ကတော့ သူတို့ခေါင်းဆောင်ကို မြင်ဖူးတာဆိုလို့ ဂိုဏ်းခွဲမှူးတွေပဲရှိပြီး အဲဒီဂိုဏ်းခွဲမှူးတွေကိုလည်း သာမန်ဂိုဏ်းသားတွေက မမြင်ဖူးပြန်ဘူး ... လျှို့ဝှက်လွန်းပေမဲ့ စနစ်ကျလွန်းပြီး သူတို့ရဲ့ ကျွမ်းကျင်သူလျှိုတွေက နောက်ကြောင်းရှာမရတဲ့ လူတွေချည်းပဲတဲ့ .... ဒါပေမဲ့ Lilith ကတော့ ခြွင်းချက်ပဲ .... ဒီနေရာမှာ ဟိုးအရင်က Lilith ပဲ အုပ်စိုးခဲ့တာ "

ဟု ပြောသဖြင့် စိတ်အိုက်သွားရသည် ။ တစ်ဆက်တည်းမှာပင် ဤမျှလောက်များသောသတင်းများကိုရအောင် Dean မည်သို့စုံစမ်းလိုက်လေသနည်းဟု တွေးနေမိသည် ။ မိမိက ဤသို့တွေးနေသော်လည်း Dean ကမူ ဤသည်ကို သိဟန်မတူ ။

" ဒီသတင်းသာအမှန်ဆိုရင် ကျုပ်တို့တော့ကျားအမြီးဆွဲမိတာပဲ Novak .... Lilith မှာ သူ့ကိုသစ္စာခံထားတဲ့လူတွေက သူတို့ဂိုဏ်းတစ်ဂိုဏ်းစာလောက်ရှိတယ် "

ဟု ဆက်ပြောနေသည် ။ ထို့ကြောင့် သက်ပြင်းချလိုက်ပြီး

" ဒါပေမဲ့ ရှေ့ဆက်ကြရမှာပဲမဟုတ်လား ... ကျုပ်တို့တာဝန်က ဒါပဲမဟုတ်လား "

ဟု ပြောလိုက်သည် ။

10)

Dean လူက Castiel နှင့်စကားပြောနေသော်လည်း မျက်လုံးများကိုမူ ငြိမ်ငြိမ်မထားနိုင် ။ စောစောပိုင်းက စားသောက်ဆိုင်ထဲတွင်ရှိနေစဉ်ကတည်းက တစ်ခုခုမူမမှန်သောခံစားချက်ကို ခံစားနေရသဖြင့် တမင်ပင် Castiel ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည် ။

သို့သော်လည်း ...
ဤခံစားချက်က ဤနေရာရောက်သည်အထိလည်း ပျောက်မသွားသေးသောကြောင့် ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ဦးပုန်းနေနိုင်လောက်မည့်နေရာများကို လိုက်ကြည့်နေမိသည် ။ ဤသို့လိုက်ကြည့်ရင်း အရက်စည်များထားသည့် ဂိုထောင်ဘက်သို့ လူအရိပ်တစ်ခု လှစ်ခနဲပြေးသွားသည်ကို တွေ့လိုက်ရသည် ။ ထို့ကြောင့် Castiel ကို

" ချောင်းနားထောင်နေတဲ့လူရှိတယ် "

ဟု ပြောကာ ထိုလူပြေးသွားသည့်ဘက်သို့ လိုက်ပြေးသွားလိုက်သည် ။

by the_richone_IX

■■■ Episode (7) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі