Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 04
1).

ခမည္းေတာ္ Lisa ကိုေခၚေတြ႕သည့္ကိစၥမွာ Leo ကိစၥမဟုတ္သကဲ့သို႔ ပန္းပင္ကိစၥလည္းမဟုတ္ေပ။ မိမိတို႔ႏွင့္မဟာမိတ္ႏိုင္ငံမွ အိမ္ေရွ႕စံမင္းသားႏွင့္ ထိမ္းျမားလက္ထပ္ရန္ကိစၥျဖစ္သည္။ 

မိမိတြင္ ခ်စ္ခင္စုံမက္ရမည့္လူမရွိေသာ္လည္း ယခုကဲ့သို႔ ႐ုတ္တရက္ အျခားႏိုင္ငံမွအိမ္ေရွ႕စံမင္းသားႏွင့္ လက္ထပ္ထိမ္းျမားရန္ စီစဥ္ခံရျခင္းသည္ စိတ္ကသိကေအာင့္ျဖစ္ရေသာေၾကာင့္ ခမည္းေတာ္အား စိတ္ဆိုးမိသည္။

သို႔ေသာ္ ...
ထိုမင္းသားႏွင့္ လက္ထပ္ထိမ္းျမားလိုက္ပါက မိမိတို႔ရင္ဆိုင္ေနရသည့္ ေတာင္ပိုင္းေဒသတြင္ အစာေရစာျပတ္လပ္ရွားပါးေနသည့္ျပႆနာကို ေျဖရွင္းႏိုင္မည္ျဖစ္ေသာေၾကာင့္ ထိုကိစၥကို ၾကည္ျဖဴစြာလက္ခံလိုက္ရေတာ့သည္။ 

2).

အိမ္ေရွ႕စံ Dean သည္ သူ၏အခန္းထဲမွစားပြဲတြင္ တစ္စုံတစ္ခုကို စိတ္ဝင္တစားဖတ္ရႈေနေလသည္။

"Castiel Novak. နယ္စား Masters ရဲ႕ တပ္မႉး။ မိဘေဆြမ်ိဳးမရွိ ..."

ဖတ္ၿပီးသည့္အခါ

"တစ္ေကာင္ႂကြက္ျဖစ္ေနတာကလြဲရင္ မေကာင္းတာသိပ္မေတြ႕ပါလား။ အတြယ္အတာမရွိတာလည္း တကယ္ေတာ့ေကာင္းတာပဲ။ Masters ရဲ႕ညာလက္႐ုံးလိုပဲဆိုေတာ့ သူတို႔အေၾကာင္းသိႏိုင္တာေပါ့။"

သူ၏အေတြးကိုသူသေဘာက်ၿပီး ၿပဳံးမိသည့္ Dean သည္ လက္ထဲမွစာလိပ္ကို စားပြဲေပၚရွိ အနက္ေရာင္အဝတ္ေခါက္ေပၚသို႔ ခ်လိုက္ၿပီး အခန္းတြင္းမွထြက္လာသည္တြင္

"အိမ္ေရွ႕စံ၊ အိမ္ေရွ႕စံ။"

"Charlie, ဘာကိစၥနဲ႔ အေလာတႀကီးျဖစ္ေနတာလဲ။"

"ဟိုေန႔ကကိစၥ ထပ္ၿပီး ဘာသိရၿပီလဲ။"

Charlie ကို စပ္စုရန္ေကာဟူသည့္အၾကည့္ျဖင့္ Dean ၾကည့္လိုက္ကာ

"ဘာမွမသိရေသးဘူး။"

"အခု အျပင္ထြက္မလို႔လား။"

"Sammy ဆီကို သြားမွာပါ။"

"ဒါဆို သြားၾကစို႔။"

Charlie ေျပာၿပီး ေရွ႕ဆက္လွမ္းလိုက္ေသာ္လည္း Dean သည္ကား ရပ္ၿမဲရပ္လ်က္။ Charlie ျပန္လွည့္ၾကည့္ကာ ေမးဆတ္ျပသည့္အခါမွ

"ဘာလိုက္လုပ္မွာလဲ။"

"သိခ်င္လို႔ လိုက္ၾကည့္မလို႔ေလ။ ဟိုေန႔ကဓားကို ေပးထားတယ္မဟုတ္လား။"

"ေနရာတကာပါျပန္ပါၿပီ။ အဲဒီေန႔ကလည္း စပ္စုစရာရွားလို႔ အဲဒီလိုတိုက္ခိုက္ေနတာကို သြားစပ္စုရတယ္လို႔။"

"အဲဒီလိုသြားစပ္စုလို႔ အခုလိုသိရတာမဟုတ္လား။"

"စိတ္ပူလို႔ေျပာေနတာ။ မင္းသမီးျဖစ္ၿပီး ဣေျႏၵရရေလးေနပါေတာ့လား ငါ့ႏွမေတာ္ရယ္။"

"မင္းသမီး Lisa Braeden လိုလား။"

Charlie ၏အၾကည့္ႏွင့္အျပံဳးတို႔သည္ Dean ဘက္သို႔ျမားဦးလွည့္လာၿပီဟု အသိေပးေနဟန္။

"ေနခ်င္သလိုသာ ေနပါေတာ့။"

ေျပာၿပီးသည္ႏွင့္ ေျခလွမ္းက်ဲတို႔ႏွင့္ Dean လွည့္ထြက္ခဲ့ေတာ့သည္။

"အိမ္ေရွ႕စံေရ၊ ေစာင့္ဦးေလ။"

Dean ၏ေဘးမွ ခပ္ျမန္ျမန္လိုက္လာရင္း Charlie ေျပာေနပါေသး၏။

"စစ္သူႀကီး Elkins တို႔က မင္းသမီး Lisa တို႔နဲ႔ ေျပာဆိုၿပီးၾကၿပီလို႔ ၾကားခဲ့တယ္။ ဒါဆို ငါ့အစ္ကိုေတာ္က Lisa နဲ႔ ေတြ႕ရေတာ့မွာေပါ့။ တကယ္ပဲ မိဖုရားေ႐ြးရေတာ့မွာေပါ့။"

"အမတ္ခ်ဳပ္ Guenther လည္း ခမည္းေတာ္ကို ခဏခဏသြားေတြ႕ေနတယ္။"

"အိုး၊ ဒါဆို နယ္စားမင္းရဲ႕သမီးနဲ႔ ကိစၥမ်ားလား။"

"မသိဘူး။"

"အဲဒါဆို ဘယ္လိုလုပ္မွာလဲ။ အဲဒီအမ်ိဳးသမီးက ဘယ္လိုမ်ိဳးလဲ။ ေတာ္တယ္လို႔ေတာ့ ၾကားမိတယ္။"

"သိခ်င္ရင္ စုံစမ္းေပါ့။"

"ဘယ္ကစုံစမ္းရမွာလဲ သူ႕အေၾကာင္းကို။"

လမ္းေလွ်ာက္လာရင္း ေလွ်ာက္လမ္းေဘးမွပန္းပင္တန္းေလးတြင္ ပ်ံဝဲေနသည့္ အဝါေရာင္လိပ္ျပာငယ္တစ္ေကာင္ထံ လက္လွမ္းရင္း Charlie က ေရ႐ြတ္ေနသည္။ လူႏွင့္ေဝးရာသို႔ပ်ံထြက္သြားသည့္ လိပ္ျပာငယ္ကို ၾကည့္ရင္းမွ ေနာက္ဘက္သို႔ေခါင္းငဲ့ၾကည့္ၿပီး

"Benny, ေမာင္မင္းသိလား Meg Masters အေၾကာင္းကို။"

ေနာက္ပါးမွပါလာသည့္ အိမ္ေရွ႕စံ၏ကိုယ္ရံေတာ္ကို လွည့္ေမးေနသည့္ Charlie.

"ကြၽန္ေတာ္မ်ိဳး ေသခ်ာမသိပါဘူး မင္းသမီး။"

"အိမ္ေရွ႕စံအနားေနၿပီး ဒါေလးကိုမသိဘူးတဲ့။"

ကိုယ္ရံေတာ္ကိုေျပာလိုသည္လား၊ အိမ္ေရွ႕စံကိုေျပာလိုသည္လား မေသခ်ာပါ။

Meg Masters အေၾကာင္းသိလိုလၽွင္ မည္သူ႕ထံမွစုံစမ္းႏိုင္သည္ကိုျဖင့္ Dean မေျပာျဖစ္ေတာ့ပါ။

3).

Meg တစ္ေယာက္ ဘုရားသခင္၏အလိုဆႏၵေၾကာင့္သာ နယ္စားမင္း၏သမီးေတာ္ျဖစ္လာရေသာ္လည္း ျမင္ဖူးေတြ႕ဖူးခဲ့သည့္ သခင္မေလးမ်ားကဲ့သို႔ ႏူးႏူးညံ့ညံ့ သိမ္သိမ္ေမြ႕ေမြ႕မေနႏိုင္။ ဖခင္ျဖစ္သူတစ္ဦးတည္းက မိမိအားေစာင့္ေရွာက္ခဲ့ရ၍လည္း ျဖစ္ႏိုင္သကဲ့သို႔ မိမိ၏ပင္ကိုယ္စရိုက္သည္ ဤအတိုင္းသာရွိေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ထို႔ေၾကာင့္ ဖခင္ျဖစ္သူ နန္းတြင္းထဲသို႔အခစားဝင္ရာတြင္ အေဖာ္အျဖစ္လိုက္ပါသြားရမည့္ကိစၥကို ေတြးကာ စိတ္ညစ္ေနမိသည္။ ထို႔အျပင္ က်န္သည့္အခ်ိန္မ်ားတြင္ စကားအသုံးအႏႈန္း၊ အေျပာအဆိုမ်ားကို မိမိစိတ္ႀကိဳက္ သုံးႏႈန္း၊ ေျပာဆို၍ရေသာ္လည္း ဘုရင္မင္းျမတ္၏အေရွ႕တြင္ သတိထား၍ ေျပာဆိုရေပဦးမည္။ မေတာ္တဆ မိမိစကားအေျပာအဆိုမွားသြားပါက မိမိသာမကပဲ ဖခင္ျဖစ္သူပါ ဘုရင္မင္းျမတ္၏အမ်က္ေတာ္ရွျခင္းကို ခံရေပလိမ့္မည္။ ထို႔ေၾကာင့္ ယေန႔ တစ္ေနကုန္အျပင္မထြက္ဘဲ ေနာက္တစ္ရက္ ဘုရင္မင္းျမတ္ႏွင့္ေတြ႕ဆုံလၽွင္ အဆင္ေျပေစရန္ မည္ကဲ့သို႔ေနထိုင္ျပဳမူရမည္ကို ေလ့က်င့္ေနမိသည္။ 

4).

ဧည့္ရိပ္သာတစ္ခု၏ အခန္းတစ္ခုတြင္ Castiel ႏွင့္ လူတစ္ဦး စကားေျပာေနၾကျခင္းျဖစ္သည္။

"ေကာင္းၿပီ။ ဒီေလာက္ဆိုရင္ ဒီသတင္းက က်ဳပ္တစ္ေယာက္တည္းအတြက္လို႔ သတ္မွတ္လို႔ရေရာေပါ့။"

Castiel ထုတ္ေပးသည့္ အိတ္အတြင္းသို႔ တစ္ဖက္လူကၾကည့္လိုက္ၿပီး

"လတစ္ဝက္တိတိ အာမခံတယ္။"

ထိုသူမွာ သတင္းေရာင္းစားေနသူျဖစ္ၿပီး Castiel စုံစမ္းခိုင္းသည့္သတင္းအား မည္သူ႔ကိုမွထပ္မေျပာရန္ ေဈးညွိေနျခင္းပင္။ လတစ္ဝက္ဆိုလၽွင္ အျခားလူတစ္ဦးမွ ထိုသတင္းကို ထပ္တူဝယ္လၽွင္ပင္ အလြန္ေနာက္က်ေနေပေတာ့မည္။

"ေကာင္းၿပီ။"

Castiel ထရပ္လိုက္ၿပီး အခန္းတံခါးကိုဖြင့္လိုက္သည့္အခါ ေဆးေရာင္စုံျခယ္သထားသည့္ အေပ်ာ္မယ္တစ္ဦးမွ Castiel အနားသို႔ကပ္လာၿပီး ရင္ဘတ္ကို အကၤ်ီေပၚမွပြတ္သပ္ကာ

"အဟင္း ဟင္း ... တပ္မႉးရယ္၊ နည္းနည္းေလးေတာင္ အခ်ိန္မျဖဳန္းႏိုင္ဘူးလားရွင္။"

"သူ႔အတြက္သာ စီစဥ္ေပးလိုက္ပါ။ ေရာ့။"

အခန္းအတြင္းသို႔ေခါင္းငဲ့ျပကာ ထိုအမ်ိဳးသမီးလက္သို႔ ေငြအခ်ိဳ႕ထည့္ေပးလိုက္သည္။

"ေနာက္မွ ထပ္ေတြ႕ၾကတာေပါ့ရွင္။"

မည္သို႔မွမတုံ႔ျပန္ဘဲ Castiel ထြက္လာခဲ့သည္။ သူ၏အေတြးတြင္မူ

'ဒီလူက ဘာေၾကာင့္မ်ား ဒီေနရာမွဒီေနရာ ျဖစ္ေနရတယ္မသိ။'

သူ၏သတင္းေပးသည္ ခ်ိန္းလိုက္သည့္အႀကိမ္တိုင္း ဤေနရာျဖစ္ေနသည္မွာ Castiel အတြက္ စိတ္အေႏွာင့္အယွက္တစ္ခု ျဖစ္ေနရသည္။ တိက်၍ ကတိတည္သည့္ သတင္းေပးသူျဖစ္၍သာ ဆက္လက္ပတ္သက္ေနရျခင္းပင္။ 

ထို႔ေၾကာင့္ လ်င္ျမန္စြာပင္ ထိုေနရာမွထြက္လာခဲ့ေတာ့သည္။

Castiel အိမ္ေတာ္သို႔ျပန္ရာတြင္ ေနာက္မွ တစ္စုံတစ္ဦးလိုက္လာသည္ဟု သံသယရွိလာ၍ လူရွင္းသည့္ျဖတ္လမ္းတစ္ခုအတြင္းသို႔ ဝင္လာလိုက္သည္။ အိမ္မ်ားၾကားမွလမ္းက်ဥ္းတစ္ခုျဖစ္၍ ေနာက္မွပါလာသည့္လူကို အမိဖမ္းႏိုင္ရန္ လမ္းခ်ိဳးတစ္ခု၏ေထာင့္ရွိ အိမ္တစ္လုံး၏ေနာက္မွ သစ္ပင္ႀကီးေဘးသို႔ လွစ္ခနဲဝင္ပုန္းကာ ေစာင့္ၾကည့္ေနစဥ္ အထုပ္တစ္ထုပ္သယ္လာသူတစ္ဦး လမ္းအတိုင္းေရွ႕ဆက္သြားသည္ကို ျမင္လိုက္ရ၏။

"ဒီလူမဟုတ္ဘူး။"

ထို႔ေၾကာင့္ Castiel ပုံမွန္အတိုင္းသာ ေရွ႕ဆက္ေလၽွာက္လာခဲ့သည္။

5).

"Novak."

Dean တိုးတိတ္စြာေရ႐ြတ္မိ၏။

ယခင္ေန႔မ်ားတြင္ သူလၽွိဳကိစၥအတြက္ Sam ႏွင့္ေခါင္းခ်င္းဆိုင္ခဲ့ၾကၿပီး ယေန႔တြင္မူ တစ္ဦးတည္း တိတ္တဆိတ္ထြက္လာခဲ့ကာ ၿမိဳ႕ထဲတြင္စုံစမ္းရန္ျပင္ခဲ့၏။ သတင္းေပးတို႔က်က္စားတတ္သည့္ ေနရာတစ္ဝိုက္တြင္ Dean တစ္ဦးတည္းေယာင္လည္ေနစဥ္ အေဆာက္အဦတစ္ခုအတြင္းမွ ထြက္လာသည့္သူကို အမွတ္တမဲ့ သတိျပဳၾကည့္မိသည့္အခါ Castiel ျဖစ္ေနေလသည္။

Castiel ထြက္လာသည့္ေနရာေရွ႕သို႔ Dean လ်င္ျမန္စြာေရာက္သြားေလလၽွင္

'ဪ၊ ငါကေတာ့ သူမ်ား သူလၽွိဳကိစၥစုံစမ္းေနမလားမွတ္တယ္။ သူက ဒီမွာလာေပ်ာ္ေနတာလား။'

ဆိုင္၏ဆိုင္းဘုတ္ကိုၾကည့္ကာ Dean ေတြးလိုက္မိၿပီးမွ

'သတင္းလာစုံစမ္းတာလည္း ျဖစ္ႏိုင္တာပဲ။'

ထို႔ေနာက္ Castiel ေနာက္မွ တိတ္တဆိတ္လိုက္သြားေလသည္။

အိမ္မ်ားၾကားမွလမ္းက်ဥ္းတစ္ခုသို႔ Dean ေရာက္ေနခဲ့သည္။ Castiel ေနာက္သို႔လိုက္လာရင္း မည္သို႔ရိပ္မိသြားသည္မသိ လမ္းခ်ိဳးတစ္ခုတြင္ ဖ်တ္ခနဲေပ်ာက္သြား၍ Dean ဆက္မသြားဘဲေစာင့္ေနစဥ္ အိမ္တစ္လုံး၏ေနာက္ဘက္မွ လူတစ္ဦးထြက္လာၿပီး ထိုလမ္းခ်ိဳးမွျဖတ္သြားသည္ေၾကာင့္ Dean ကံေကာင္းသြားေလၿပီ။

ထိုလူေက်ာ္သြားၿပီးမွ Dean လမ္းခ်ိဳးေလးသို႔ဝင္လာခဲ့ရာ ေရွ႕ဘက္မွ လမ္းခ်ိဳးေနာက္တစ္ခုသို႔ ေကြ႕ခ်ိဳးသြားသည့္လူရိပ္ကို ေတြ႕လိုက္ရ၍ ေနာက္မွအမီလိုက္ရျပန္သည္။ တတိယအႀကိမ္ေျမာက္ ထပ္မံခ်ိဳးေကြ႕လိုက္သည့္လမ္းေၾကာင္းသည္ လမ္းမႀကီးသို႔ ျပန္လည္ဦးတည္သြားေလ၏။ လမ္းေၾကာင္းမကြၽမ္းက်င္သည့္ Dean မွာ Castiel ကိုမ်က္ေျချပတ္သြားေသာေၾကာင့္ ေနာက္ဘက္သို႔ျပန္လွည့္အၾကည့္တြင္

"အ"

တစ္စုံတစ္ဦးႏွင့္ဝင္တိုက္မိကာ Dean ေျခလွမ္းမ်ား ေနာက္ျပန္ဆုတ္လိုက္ရသည္။

"စုံစမ္းေရးမႉး Campbell. ဘာေတြရွာေနတာလဲ။"

"တပ္မႉး Novak."

6).

"ဒီဘက္ႂကြပါ။"

Castiel ၫႊန္ျပရာသို႔ အတူထြက္လာခဲ့ၾကေလသည္။

"ဟိုေန႔ကကိစၥ စုံစမ္းမလို႔လာရင္း တပ္မႉးကိုေတြ႕လိုက္သလိုပဲဆိုၿပီး လိုက္ၾကည့္မိတာ။"

အနည္းငယ္က်ယ္သည့္လမ္းသို႔ ေရာက္လာၿပီးေနာက္ အိမ္ေျခပါးသြားၿပီး ေရွ႕ဘက္တြင္သစ္ပင္တန္းမ်ားသာ စီတန္းေန၍ ယခုမွပင္ Dean အသက္ရႉဝေလသည္။

"ထူးဆန္းတာပဲ။ ဘယ္လိုေနရာ ဘယ္လမ္းဆိုတာကို စုံစမ္းေရးမႉး မသိေသးဘူးထင္တယ္။"

လမ္းမသိ၊ ေနရာမကြၽမ္းက်င္ပါဘဲႏွင့္ မည္သို႔စုံစမ္းသနည္းဟု အဓိပၸါယ္ပါသည့္စကားကို Castiel ဆိုလာသည္။

"ကြၽန္ေတာ္က တျခားနယ္ကေနေျပာင္းလာတာမွ မၾကာေသးတာ။"

"ဪ။ ဒါနဲ႔ စုံစမ္းေရးမႉးက ဘာသိခ်င္လို႔လဲ။"

"Dean."

သူ၏အမည္ကိုျပန္႐ြတ္လိုက္သည့္ Dean ေၾကာင့္ Castiel သူ႔ဘက္သို႔လွည့္ၾကည့္လာၿပီးမွ

"De...an."

ရာထူးကိုမဟုတ္ဘဲ အမည္ကိုေခၚခိုင္းသည္ဟု သေဘာေပါက္သြား၍ Dean ၏အမည္ကို Castiel ျဖည္းျဖည္းခ်င္းေခၚလိုက္သည့္အခါ Dean ၿပဳံးလိုက္မိသည္။

"ဒီလိုေလ။ ဟိုေန႔ကသူလၽွိဳနဲ႔ပတ္သက္ၿပီး ဘယ္အဖြဲ႕အစည္းကလူလဲ၊ ဘာအႀကံအစည္နဲ႔လဲဆိုတာ စုံစမ္းဖို႔ထြက္ခဲ့တာ။"

"အေလာင္းကို ဘယ္သူလဲဆိုတာအတည္ျပဳဖို႔ နည္းနည္းေလးခက္ခဲေနတယ္။ အဲဒီလူရဲ႕ေနာက္ေၾကာင္းကို ဘယ္သူမွမသိၾကဘူး။ ဒါေပမဲ့ သိပ္မၾကာခင္သိရမွာပါ။"

Dean က ေခါင္းညိတ္ျပလိုက္ၿပီး

"အခုက ဘယ္ကိုလဲ။"

"ဒီကိုေရာက္ရင္ ကြၽန္ေတာ္ေနေနက်ေနရာကိုေလ။"

"နယ္စားအိမ္ေတာ္နဲ႔ ေဝးတယ္ေနာ္။"

"ျမင္းလွည္းနဲ႔ေတာ့တစ္ရက္ခရီးဆိုေပမဲ့ တကယ္သြားရင္ တစ္ညပါပဲ။"

7).

Dean 

" သခင္ " 

ဟု လွမ္းေခၚလိုက္ေသာ Benny ၏အသံကို ၾကားလိုက္ရသျဖင့္ အသံလာရာဆီသို႔ လွည့္ၾကည့္လိုက္ၿပီး Benny ကို မ်က္ခုံးႏွစ္ဖက္စလုံးပင့္၍ ၾကည့္လိုက္သည္။ Benny က ဤအၾကည့္၏အဓိပၸါယ္ကို ေကာင္းေကာင္းသိေနသူျဖစ္ေသာေၾကာင့္ အနားသို႔တိုးကပ္လာကာ 

" သခင္ႀကီးက အေခၚေတာ္ရွိပါတယ္ "

ဟု ေျပာသည္။ ထို႔ေၾကာင့္ ေခါင္းညိတ္ျပလိုက္ၿပီး Castiel ကို ၾကည့္လိုက္ကာ

" ဒီလိုဆို ငါတို႔ဒီမွာပဲႏႈတ္ဆက္ၾကတာေပါ့ တပ္မႉး ... ေနာက္ထပ္ေတြ႕ဆုံၾကဖို႔ အခြင့္အေရးေတာ့ရွိလာမွာပါ "

ဟု ေျပာကာ ႏူးညံ့စြာၿပဳံးျပလိုက္သည္။ Castiel ကလည္း ေခါင္းညိတ္၍

" ဒါဆို သြားလိုက္ပါဦးမယ္ "

ဟု ေျပာကာ ေနရာမွထြက္ခြာသြားသည္။ ထိုအခါမွ မိမိသည္လည္း Benny အေနာက္သို႔ လိုက္ရန္ဟန္ျပင္လိုက္သည္။ 

8)

" ခမည္းေတာ္က ႐ုတ္တရက္ႀကီး ဘာကိစၥရွိလို႔တဲ့လဲ "

ဟူေသာ ေမးခြန္းကို Benny က ျပန္မေျဖသျဖင့္ Dean မ်က္ေမွာင္ၾကဳတ္ကာ Benny ကို ၾကည့္လိုက္သည္။ ပါးစပ္မွလည္း

" Benny "

ဟု ေခၚလိုက္သည္။ ထိုအခါမွ Benny က မဝံ့မရဲျဖင့္ မိမိအားၾကည့္ကာ

" တကယ္ေတာ့ အရွင့္သားကို ကြၽန္ေတာ္မ်ိဳးလိမ္ညာတာပါ "

ဟု ေျပာသည္။ Benny စကားကိုနားလည္ႏိုင္ရန္ ဦးေဏွာက္အား အလုပ္ေပးေနစဥ္မွာပင္ Benny က 

" အရွင့္သားကိုကာကြယ္ဖို႔က ကြၽန္ေတာ္မ်ိဳးတာဝန္ပါ ... အဲ့ဒါေၾကာင့္ အရွင့္သား အႏၲရာယ္ရွိတာေတြကိုလုပ္ေနရင္ ကြၽန္ေတာ္မ်ိဳးမွာ အေၾကာင္းျပခ်က္မရွိ တားဆီးခြင့္ရွိပါတယ္ "

ဟု ေျပာသည္။ Benny က တပ္မႉး Novak ကို မယုံၾကည္ေၾကာင္း စကားအရိပ္အႁမြက္ႏွင့္ေျပာလာသျဖင့္ ဟက္ခနဲရယ္လိုက္ၿပီး

" ငါေမးတာေျဖ Benny ... မင္းကို ဟိုလူသတ္သမားေတြလက္က အသက္စြန္႔ၿပီးကယ္ခဲ့တာ ဘယ္သူလဲ "

ဟု ေမးလိုက္သည္။

" အရွင့္သားပါ "

ဟူေသာ အေျဖကိုရေသာေၾကာင့္ ေခါင္းညိတ္လိုက္ၿပီး

" ေနာက္တစ္ခါ ငါ့ကိုေက်ာ္ၿပီး ဘာမွလုပ္ဖို႔စိတ္မကူးနဲ႕ "

ဟု ေျပာလိုက္သည္။ ျပန္တုံ႔ျပန္သံမၾကားေသာ္လည္း Benny က မည္သည့္အခ်ိန္ကမွ မိမိစကားကို မလြန္ဆန္ခဲ့ဖူးေသာေၾကာင့္

" သြားရေအာင္ "

ဟု ေျပာကာ ေနရာမွထြက္ခြာလာခဲ့လိုက္သည္။ 

9)

ညနက္ေနၿပီျဖစ္ေသာ္လည္း Castiel တစ္ေယာက္ မအိပ္ႏိုင္ေသး။ အိပ္ရာထက္တြင္လွဲကာ တစ္ေနကုန္စုံစမ္း၍ ရရွိလာေသာသတင္းမ်ားအေၾကာင္းကို ေတြးေတာေနမိသည္။ ထိုစဥ္ ဖြင့္ထားေသာျပတင္းေပါက္ေဘာင္ေပၚတြင္ ခိုျဖဴေလးတစ္ေကာင္က လာနားသည္။ နယ္စားမင္း၏ စာပို႔ခိုျဖစ္ေသာေၾကာင့္ ခ်က္ခ်င္းပင္ ျပတင္းေပါက္ဆီသို႔ထသြားလိုက္ကာ ခိုငွက္ေလး၏ေျခေထာက္တြင္ခ်ည္ထားေသာ စာလိပ္ကို အသာျဖည္ၾကည့္လိုက္သည္။

" Castiel ငါမနက္ျဖန္ ဘုရင္မင္းျမတ္နဲ႔ေတြ႕ဖို႔ ေနျပည္ေတာ္ကိုလာစရာရွိတယ္ ... မင္းသခင္မေလးလည္းပါလာမွာမို႔လို႔ အိမ္ေတာ္ကိုမျပန္ေသးဘဲ ငါတို႔ကိုေစာင့္ပါ "

ဟူေသာ စာကို ေတြ႕ရသျဖင့္ စဥ္းစားခန္းဖြင့္မိသည္။ 

သို႔ေသာ္ ....
အေျဖမေပၚ။ ယခုတေလာ နယ္စားမင္းႏွင့္ ဘုရင္မင္းျမတ္တို႔ၾကားမွ ဆက္ဆံေရးသည္ ယခင္ကႏွင့္မတူသည္ကို သတိထားမိေသာ္လည္း ယခုလို နယ္စားမင္းကိုယ္တိုင္ ဘုရင္မင္းျမတ္ကိုသြားေတြ႕ရေလာက္သည္အထိ ႀကီးမားေသာကိစၥရွိေနမွန္းမသိခဲ့။ ထို႔ေၾကာင့္ ေလပူတစ္ခ်က္ မႈတ္ထုတ္လိုက္ၿပီး ယခုတိုင္နားေနဆဲျဖစ္သည့္ ခိုျဖဴေလးကို ျပန္လႊတ္ေပးလိုက္သည္။ 

10)

ထိမ္းျမားလက္ထပ္မည့္ကိစၥကို သေဘာတူၿပီးေသာအခါမွ Lisa တစ္ေယာက္ ေနာင္တရခ်င္လာသည္။ ဤတိုင္းျပည္၏ ရွင္ဘုရင္မွေမြးေသာ သမီးေတာ္ျဖစ္ေသာေၾကာင့္ ဤကိစၥႏွင့္ တစ္ေန႔မဟုတ္တစ္ေန႔ ၾကံဳေတြ႕ရမည္ကိုသိေသာ္လည္း နာမည္သာၾကားဖူးၿပီး မ်က္ႏွာကိုမျမင္ဖူးသည့္ အျခားႏိုင္ငံရပ္ျခားမွ အိမ္ေရွ႕စံမင္းသားႏွင့္ လက္ထပ္ရမည့္ကိစၥသည္ ပုံမွန္မဟုတ္ဟုထင္မိသည္။ ပုံမွန္ဆိုလၽွင္ ေယာက္်ားေလးရွင္ဘက္မွ မိန္းကေလးရွင္ဘက္သို႔ ထိမ္းျမားလက္ထပ္ရန္ စကားစေျပာျခင္းျဖစ္ေသာ္လည္း မိမိတို႔ကမူ ေျပာင္းျပန္ျဖစ္ေနသည္။ လက္ထပ္ထိမ္းျမားရန္စကားစၿပီး ရင္တထိတ္ထိတ္ႏွင့္ ေယာက္်ားေလးဘက္မွျပန္လာမည့္စကားကို ေစာင့္ေနရသည္။

ခမည္းေတာ္၏စိတ္က မည္သို႔ရွိသည္ကိုမသိေသာ္လည္း မိမိကမူ ဤကိစၥကို ထိုမင္းသား လက္ခံသည္ဟူေသာစကားထက္ ျငင္းလိုက္သည္ဟူေသာ သတင္းစကားကို ပို၍ေမၽွာ္လင့္မိသည္။ 

သို႔ေသာ္ .... 
ကံၾကမၼာသည္ လူသားမ်ားအား က်ီစယ္ရသည္ႀကိဳက္ေသာေၾကာင့္ ေမၽွာ္လင့္ခ်က္ႀကီးႀကီးမထားဘဲ တစ္ဖက္တြင္ ၾကင္ယာေတာ္ေတြ႕ရန္သြားရပါက ေဆာင္ရ ေရွာင္ရမည္မ်ားကို ေလ့လာသင္ယူေနမိသည္ ။ 

by the_richone_IX & Demon_One

■■■ Episode (5) ဆက္ရန္ ■■■

1).

ခမည်းတော် Lisa ကိုခေါ်တွေ့သည့်ကိစ္စမှာ Leo ကိစ္စမဟုတ်သကဲ့သို့ ပန်းပင်ကိစ္စလည်းမဟုတ်ပေ။ မိမိတို့နှင့်မဟာမိတ်နိုင်ငံမှ အိမ်ရှေ့စံမင်းသားနှင့် ထိမ်းမြားလက်ထပ်ရန်ကိစ္စဖြစ်သည် ။ 

မိမိတွင် ချစ်ခင်စုံမက်ရမည့်လူမရှိသော်လည်း ယခုကဲ့သို့ ရုတ်တရက် အခြားနိုင်ငံမှအိမ်ရှေ့စံမင်းသားနှင့် လက်ထပ်ထိမ်းမြားရန် စီစဥ်ခံရခြင်းသည် စိတ်ကသိကအောင့်ဖြစ်ရသောကြောင့် ခမည်းတော်အား စိတ်ဆိုးမိသည်။

သို့သော် ...

ထိုမင်းသားနှင့် လက်ထပ်ထိမ်းမြားလိုက်ပါက မိမိတို့ရင်ဆိုင်နေရသည့် တောင်ပိုင်းဒေသတွင် အစာရေစာပြတ်လပ်ရှားပါးနေသည့်ပြသ္သနာကို ဖြေရှင်းနိုင်မည်ဖြစ်သောကြောင့် ထိုကိစ္စကို ကြည်ဖြူစွာလက်ခံလိုက်ရတော့သည်။ 

2).

အိမ်ရှေ့စံ Dean သည် သူ၏အခန်းထဲမှစားပွဲတွင် တစ်စုံတစ်ခုကို စိတ်ဝင်တစားဖတ်ရှုနေလေသည်။

"Castiel Novak. နယ်စား Masters ရဲ့ တပ်မှူး။ မိဘဆွေမျိုးမရှိ ..."

ဖတ်ပြီးသည့်အခါ

"တစ်ကောင်ကြွက်ဖြစ်နေတာကလွဲရင် မကောင်းတာသိပ်မတွေ့ပါလား။ အတွယ်အတာမရှိတာလည်း တကယ်တော့ကောင်းတာပဲ။ Masters ရဲ့ညာလက်ရုံးလိုပဲဆိုတော့ သူတို့အကြောင်းသိနိုင်တာပေါ့။"

သူ၏အတွေးကိုသူသဘောကျပြီး ပြုံးမိသည့် Dean သည် လက်ထဲမှစာလိပ်ကို စားပွဲပေါ်ရှိ အနက်ရောင်အဝတ်ခေါက်ပေါ်သို့ ချလိုက်ပြီး အခန်းတွင်းမှထွက်လာသည်တွင်

"အိမ်ရှေ့စံ၊ အိမ်ရှေ့စံ။"

"Charlie, ဘာကိစ္စနဲ့ အလောတကြီးဖြစ်နေတာလဲ။"

"ဟိုနေ့ကကိစ္စ ထပ်ပြီး ဘာသိရပြီလဲ။"

Charlie ကို စပ်စုရန်ကောဟူသည့်အကြည့်ဖြင့် Dean ကြည့်လိုက်ကာ

"ဘာမှမသိရသေးဘူး။"

"အခု အပြင်ထွက်မလို့လား။"

"Sammy ဆီကို သွားမှာပါ။"

"ဒါဆို သွားကြစို့။"

Charlie ပြောပြီး ရှေ့ဆက်လှမ်းလိုက်သော်လည်း Dean သည်ကား ရပ်မြဲရပ်လျက်။ Charlie ပြန်လှည့်ကြည့်ကာ မေးဆတ်ပြသည့်အခါမှ

"ဘာလိုက်လုပ်မှာလဲ။"

"သိချင်လို့ လိုက်ကြည့်မလို့လေ။ ဟိုနေ့ကဓားကို ပေးထားတယ်မဟုတ်လား။"

"နေရာတကာပါပြန်ပါပြီ။ အဲဒီနေ့ကလည်း စပ်စုစရာရှားလို့ အဲဒီလိုတိုက်ခိုက်နေတာကို သွားစပ်စုရတယ်လို့။"

"အဲဒီလိုသွားစပ်စုလို့ အခုလိုသိရတာမဟုတ်လား။"

"စိတ်ပူလို့ပြောနေတာ။ မင်းသမီးဖြစ်ပြီး ဣန္ဒြေရရလေးနေပါတော့လား ငါ့နှမတော်ရယ်။"

"မင်းသမီး Lisa Braeden လိုလား။"

Charlie ၏အကြည့်နှင့်အပြုံးတို့သည် Dean ဘက်သို့မြားဦးလှည့်လာပြီဟု အသိပေးနေဟန်။

"နေချင်သလိုသာ နေပါတော့။"

ပြောပြီးသည်နှင့် ခြေလှမ်းကျဲတို့နှင့် Dean လှည့်ထွက်ခဲ့တော့သည်။

"အိမ်ရှေ့စံရေ၊ စောင့်ဦးလေ။"

Dean ၏ဘေးမှ ခပ်မြန်မြန်လိုက်လာရင်း Charlie ပြောနေပါသေး၏။

"စစ်သူကြီး Elkins တို့က မင်းသမီး Lisa တို့နဲ့ ပြောဆိုပြီးကြပြီလို့ ကြားခဲ့တယ်။ ဒါဆို ငါ့အစ်ကိုတော်က Lisa နဲ့ တွေ့ရတော့မှာပေါ့။ တကယ်ပဲ မိဖုရားရွေးရတော့မှာပေါ့။"

"အမတ်ချုပ် Guenther လည်း ခမည်းတော်ကို ခဏခဏသွားတွေ့နေတယ်။"

"အိုး၊ ဒါဆို နယ်စားမင်းရဲ့သမီးနဲ့ ကိစ္စများလား။"

"မသိဘူး။"

"အဲဒါဆို ဘယ်လိုလုပ်မှာလဲ။ အဲဒီအမျိုးသမီးက ဘယ်လိုမျိုးလဲ။ တော်တယ်လို့တော့ ကြားမိတယ်။"

"သိချင်ရင် စုံစမ်းပေါ့။"

"ဘယ်ကစုံစမ်းရမှာလဲ သူ့အကြောင်းကို။"

လမ်းလျှောက်လာရင်း လျှောက်လမ်းဘေးမှပန်းပင်တန်းလေးတွင် ပျံဝဲနေသည့် အဝါရောင်လိပ်ပြာငယ်တစ်ကောင်ထံ လက်လှမ်းရင်း Charlie က ရေရွတ်နေသည်။ လူနှင့်ဝေးရာသို့ပျံထွက်သွားသည့် လိပ်ပြာငယ်ကို ကြည့်ရင်းမှ နောက်ဘက်သို့ခေါင်းငဲ့ကြည့်ပြီး

"Benny, မောင်မင်းသိလား Meg Masters အကြောင်းကို။"

နောက်ပါးမှပါလာသည့် အိမ်ရှေ့စံ၏ကိုယ်ရံတော်ကို လှည့်မေးနေသည့် Charlie.

"ကျွန်တော်မျိုး သေချာမသိပါဘူး မင်းသမီး။"

"အိမ်ရှေ့စံအနားနေပြီး ဒါလေးကိုမသိဘူးတဲ့။"

ကိုယ်ရံတော်ကိုပြောလိုသည်လား၊ အိမ်ရှေ့စံကိုပြောလိုသည်လား မသေချာပါ။

Meg Masters အကြောင်းသိလိုလျှင် မည်သူ့ထံမှစုံစမ်းနိုင်သည်ကိုဖြင့် Dean မပြောဖြစ်တော့ပါ။

3).

Meg တစ်ယောက် ဘုရားသခင်၏အလိုဆန္ဒကြောင့်သာ နယ်စားမင်း၏သမီးတော်ဖြစ်လာရသော်လည်း မြင်ဖူးတွေ့ဖူးခဲ့သည့် သခင်မလေးများကဲ့သို့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့မနေနိုင်။ ဖခင်ဖြစ်သူတစ်ဦးတည်းက မိမိအားစောင့်ရှောက်ခဲ့ရ၍လည်း ဖြစ်နိုင်သကဲ့သို့ မိမိ၏ပင်ကိုယ်စရိုက်သည် ဤအတိုင်းသာရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဖခင်ဖြစ်သူ နန်းတွင်းထဲသို့အခစားဝင်ရာတွင် အဖော်အဖြစ်လိုက်ပါသွားရမည့်ကိစ္စကို တွေးကာ စိတ်ညစ်နေမိသည်။ ထို့အပြင် ကျန်သည့်အချိန်များတွင် စကားအသုံးအနှုန်း၊ အပြောအဆိုများကို မိမိစိတ်ကြိုက် သုံးနှုန်း၊ ပြောဆို၍ရသော်လည်း ဘုရင်မင်းမြတ်၏အရှေ့တွင် သတိထား၍ ပြောဆိုရပေဦးမည်။ မတော်တဆ မိမိစကားအပြောအဆိုမှားသွားပါက မိမိသာမကပဲ ဖခင်ဖြစ်သူပါ ဘုရင်မင်းမြတ်၏အမျက်တော်ရှခြင်းကို ခံရပေလိမ့်မည်။ ထို့ကြောင့် ယနေ့ တစ်နေကုန်အပြင်မထွက်ဘဲ နောက်တစ်ရက် ဘုရင်မင်းမြတ်နှင့်တွေ့ဆုံလျှင် အဆင်ပြေစေရန် မည်ကဲ့သို့နေထိုင်ပြုမူရမည်ကို လေ့ကျင့်နေမိသည်။ 

4).

ဧည့်ရိပ်သာတစ်ခု၏ အခန်းတစ်ခုတွင် Castiel နှင့် လူတစ်ဦး စကားပြောနေကြခြင်းဖြစ်သည်။

"ကောင်းပြီ။ ဒီလောက်ဆိုရင် ဒီသတင်းက ကျုပ်တစ်ယောက်တည်းအတွက်လို့ သတ်မှတ်လို့ရရောပေါ့။"

Castiel ထုတ်ပေးသည့် အိတ်အတွင်းသို့ တစ်ဖက်လူကကြည့်လိုက်ပြီး

"လတစ်ဝက်တိတိ အာမခံတယ်။"

ထိုသူမှာ သတင်းရောင်းစားနေသူဖြစ်ပြီး Castiel စုံစမ်းခိုင်းသည့်သတင်းအား မည်သူ့ကိုမှထပ်မပြောရန် ဈေးညှိနေခြင်းပင်။ လတစ်ဝက်ဆိုလျှင် အခြားလူတစ်ဦးမှ ထိုသတင်းကို ထပ်တူဝယ်လျှင်ပင် အလွန်နောက်ကျနေပေတော့မည်။

"ကောင်းပြီ။"

Castiel ထရပ်လိုက်ပြီး အခန်းတံခါးကိုဖွင့်လိုက်သည့်အခါ ဆေးရောင်စုံခြယ်သထားသည့် အပျော်မယ်တစ်ဦးမှ Castiel အနားသို့ကပ်လာပြီး ရင်ဘတ်ကို အင်္ကျီပေါ်မှပွတ်သပ်ကာ

"အဟင်း ဟင်း ... တပ်မှူးရယ်၊ နည်းနည်းလေးတောင် အချိန်မဖြုန်းနိုင်ဘူးလားရှင်။"

"သူ့အတွက်သာ စီစဉ်ပေးလိုက်ပါ။ ရော့။"

အခန်းအတွင်းသို့ခေါင်းငဲ့ပြကာ ထိုအမျိုးသမီးလက်သို့ ငွေအချို့ထည့်ပေးလိုက်သည်။

"နောက်မှ ထပ်တွေ့ကြတာပေါ့ရှင်။"

မည်သို့မှမတုံ့ပြန်ဘဲ Castiel ထွက်လာခဲ့သည်။ သူ၏အတွေးတွင်မူ

'ဒီလူက ဘာကြောင့်များ ဒီနေရာမှဒီနေရာ ဖြစ်နေရတယ်မသိ။'

သူ၏သတင်းပေးသည် ချိန်းလိုက်သည့်အကြိမ်တိုင်း ဤနေရာဖြစ်နေသည်မှာ Castiel အတွက် စိတ်အနှောင့်အယှက်တစ်ခု ဖြစ်နေရသည်။ တိကျ၍ ကတိတည်သည့် သတင်းပေးသူဖြစ်၍သာ ဆက်လက်ပတ်သက်နေရခြင်းပင်။ 

ထို့ကြောင့် လျင်မြန်စွာပင် ထိုနေရာမှထွက်လာခဲ့တော့သည်။

Castiel အိမ်တော်သို့ပြန်ရာတွင် နောက်မှ တစ်စုံတစ်ဦးလိုက်လာသည်ဟု သံသယရှိလာ၍ လူရှင်းသည့်ဖြတ်လမ်းတစ်ခုအတွင်းသို့ ဝင်လာလိုက်သည်။ အိမ်များကြားမှလမ်းကျဉ်းတစ်ခုဖြစ်၍ နောက်မှပါလာသည့်လူကို အမိဖမ်းနိုင်ရန် လမ်းချိုးတစ်ခု၏ထောင့်ရှိ အိမ်တစ်လုံး၏နောက်မှ သစ်ပင်ကြီးဘေးသို့ လှစ်ခနဲဝင်ပုန်းကာ စောင့်ကြည့်နေစဉ် အထုပ်တစ်ထုပ်သယ်လာသူတစ်ဦး လမ်းအတိုင်းရှေ့ဆက်သွားသည်ကို မြင်လိုက်ရ၏။

"ဒီလူမဟုတ်ဘူ။း"

ထိုကြောင့် Castiel ပုံမှန်အတိုင်းသာ ရှေ့ဆက်လျှောက်လာခဲ့သည်။

5).

"Novak."

Dean တိုးတိတ်စွာရေရွတ်မိ၏။

ယခင်နေ့များတွင် သူလျှိုကိစ္စအတွက် Sam နှင့်ခေါင်းချင်းဆိုင်ခဲ့ကြပြီး ယနေ့တွင်မူ တစ်ဦးတည်း တိတ်တဆိတ်ထွက်လာခဲ့ကာ မြို့ထဲတွင်စုံစမ်းရန်ပြင်ခဲ့၏။ သတင်းပေးတို့ကျက်စားတတ်သည့် နေရာတစ်ဝိုက်တွင် Dean တစ်ဦးတည်းယောင်လည်နေစဉ် အဆောက်အဦတစ်ခုအတွင်းမှ ထွက်လာသည့်သူကို အမှတ်တမဲ့ သတိပြုကြည့်မိသည့်အခါ Castiel ဖြစ်နေလေသည်။

Castiel ထွက်လာသည့်နေရာရှေ့သို့ Dean လျင်မြန်စွာရောက်သွားလေလျှင်

'ဪ၊ ငါကတော့ သူများ သူလျှိုကိစ္စစုံစမ်းနေမလားမှတ်တယ်။ သူက ဒီမှာလာပျော်နေတာလား။'

ဆိုင်၏ဆိုင်းဘုတ်ကိုကြည့်ကာ Dean တွေးလိုက်မိပြီးမှ

'သတင်းလာစုံစမ်းတာလည်း ဖြစ်နိုင်တာပဲ။'

ထို့နောက် Castiel နောက်မှ တိတ်တဆိတ်လိုက်သွားလေသည်။

အိမ်များကြားမှလမ်းကျဉ်းတစ်ခုသို့ Dean ရောက်နေခဲ့သည်။ Castiel နောက်သို့လိုက်လာရင်း မည်သို့ရိပ်မိသွားသည်မသိ လမ်းချိုးတစ်ခုတွင် ဖျတ်ခနဲပျောက်သွား၍ Dean ဆက်မသွားဘဲစောင့်နေစဉ် အိမ်တစ်လုံး၏နောက်ဘက်မှ လူတစ်ဦးထွက်လာပြီး ထိုလမ်းချိုးမှဖြတ်သွားသည်ကြောင့် Dean ကံကောင်းသွားလေပြီ။

ထိုလူကျော်သွားပြီးမှ Dean လမ်းချိုးလေးသို့ဝင်လာခဲ့ရာ ရှေ့ဘက်မှ လမ်းချိုးနောက်တစ်ခုသို့ ကွေ့ချိုးသွားသည့်လူရိပ်ကို တွေ့လိုက်ရ၍ နောက်မှအမီလိုက်ရပြန်သည်။ တတိယအကြိမ်မြောက် ထပ်မံချိုးကွေ့လိုက်သည့်လမ်းကြောင်းသည် လမ်းမကြီးသို့ ပြန်လည်ဦးတည်သွားလေ၏။ လမ်းကြောင်းမကျွမ်းကျင်သည့် Dean မှာ Castiel ကိုမျက်ခြေပြတ်သွားသောကြောင့် နောက်ဘက်သို့ပြန်လှည့်အကြည့်တွင်

"အ"

တစ်စုံတစ်ဦးနှင့်ဝင်တိုက်မိကာ Dean ခြေလှမ်းများ နောက်ပြန်ဆုတ်လိုက်ရသည်။

"စုံစမ်းရေးမှူး Campbell. ဘာတွေရှာနေတာလဲ။"

"တပ်မှူး Novak."

6).

"ဒီဘက်ကြွပါ။"

Castiel ညွှန်ပြရာသို့ အတူထွက်လာခဲ့ကြလေသည်။

"ဟိုနေ့ကကိစ္စ စုံစမ်းမလို့လာရင်း တပ်မှူးကိုတွေ့လိုက်သလိုပဲဆိုပြီး လိုက်ကြည့်မိတာ။"

အနည်းငယ်ကျယ်သည့်လမ်းသို့ ရောက်လာပြီးနောက် အိမ်ခြေပါးသွားပြီး ရှေ့ဘက်တွင်သစ်ပင်တန်းများသာ စီတန်းနေ၍ ယခုမှပင် Dean အသက်ရှူဝလေသည်။

"ထူးဆန်းတာပဲ။ ဘယ်လိုနေရာ ဘယ်လမ်းဆိုတာကို စုံစမ်းရေးမှူး မသိသေးဘူးထင်တယ်။"

လမ်းမသိ၊ နေရာမကျွမ်းကျင်ပါဘဲနှင့် မည်သို့စုံစမ်းသနည်းဟု အဓိပ္ပါယ်ပါသည့်စကားကို Castiel ဆိုလာသည်။

"ကျွန်တော်က တခြားနယ်ကနေပြောင်းလာတာမှ မကြာသေးတာ။"

"ဪ။ ဒါနဲ့ စုံစမ်းရေးမှူးက ဘာသိချင်လို့လဲ။"

"Dean."

သူ၏အမည်ကိုပြန်ရွတ်လိုက်သည့် Dean ကြောင့် Castiel သူ့ဘက်သို့လှည့်ကြည့်လာပြီးမှ

"De...an."

ရာထူးကိုမဟုတ်ဘဲ အမည်ကိုခေါ်ခိုင်းသည်ဟု သဘောပေါက်သွား၍ Dean ၏အမည်ကို Castiel ဖြည်းဖြည်းချင်းခေါ်လိုက်သည့်အခါ Dean ပြုံးလိုက်မိသည်။

"ဒီလိုလေ။ ဟိုနေ့ကသူလျှိုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလူလဲ၊ ဘာအကြံအစည်နဲ့လဲဆိုတာ စုံစမ်းဖို့ထွက်ခဲ့တာ။"

"အလောင်းကို ဘယ်သူလဲဆိုတာအတည်ပြုဖို့ နည်းနည်းလေးခက်ခဲနေတယ်။ အဲဒီလူရဲ့နောက်ကြောင်းကို ဘယ်သူမှမသိကြဘူး။ ဒါပေမဲ့ သိပ်မကြာခင်သိရမှာပါ။"

Dean က ခေါင်းညိတ်ပြလိုက်ပြီး

"အခုက ဘယ်ကိုလဲ။"

"ဒီကိုရောက်ရင် ကျွန်တော်နေနေကျနေရာကိုလေ။"

"နယ်စားအိမ်တော်နဲ့ ဝေးတယ်နော်။"

"မြင်းလှည်းနဲ့တော့တစ်ရက်ခရီးဆိုပေမဲ့ တကယ်သွားရင် တစ်ညပါပဲ။"

7).

Dean 

" သခင် " 

ဟု လှမ်းခေါ်လိုက်သော Benny ၏အသံကို ကြားလိုက်ရသဖြင့် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ပြီး Benny ကို မျက်ခုံးနှစ်ဖက်စလုံးပင့်၍ ကြည့်လိုက်သည်။ Benny က ဤအကြည့်၏အဓိပ္ပါယ်ကို ကောင်းကောင်းသိနေသူဖြစ်သောကြောင့် အနားသို့တိုးကပ်လာကာ 

" သခင်ကြီးက အခေါ်တော်ရှိပါတယ် "

ဟု ပြောသည်။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး Castiel ကို ကြည့်လိုက်ကာ

" ဒီလိုဆို ငါတို့ဒီမှာပဲနှုတ်ဆက်ကြတာပေါ့ တပ်မှူး ... နောက်ထပ်တွေ့ဆုံကြဖို့ အခွင့်အရေးတော့ရှိလာမှာပါ "

ဟု ပြောကာ နူးညံ့စွာပြုံးပြလိုက်သည်။ Castiel ကလည်း ခေါင်းညိတ်၍

" ဒါဆို သွားလိုက်ပါဦးမယ် "

ဟု ပြောကာ နေရာမှထွက်ခွာသွားသည်။ ထိုအခါမှ မိမိသည်လည်း Benny အနောက်သို့ လိုက်ရန်ဟန်ပြင်လိုက်သည်။ 

8)

" ခမည်းတော်က ရုတ်တရက်ကြီး ဘာကိစ္စရှိလို့တဲ့လဲ "

ဟူသော မေးခွန်းကို Benny က ပြန်မဖြေသဖြင့် Dean မျက်မှောင်ကြုတ်ကာ Benny ကို ကြည့်လိုက်သည်။ ပါးစပ်မှလည်း

" Benny "

ဟု ခေါ်လိုက်သည်။ ထိုအခါမှ Benny က မဝံ့မရဲဖြင့် မိမိအားကြည့်ကာ

" တကယ်တော့ အရှင့်သားကို ကျွန်တော်မျိုးလိမ်ညာတာပါ "

ဟု ပြောသည်။ Benny စကားကိုနားလည်နိုင်ရန် ဦးဏှောက်အား အလုပ်ပေးနေစဉ်မှာပင် Benny က 

" အရှင့်သားကိုကာကွယ်ဖို့က ကျွန်တော်မျိုးတာဝန်ပါ ... အဲ့ဒါကြောင့် အရှင့်သား အန္တရာယ်ရှိတာတွေကိုလုပ်နေရင် ကျွန်တော်မျိုးမှာ အကြောင်းပြချက်မရှိ တားဆီးခွင့်ရှိပါတယ် "

ဟု ပြောသည်။ Benny က တပ်မှူး Novak ကို မယုံကြည်ကြောင်း စကားအရိပ်အမြွက်နှင့်ပြောလာသဖြင့် ဟက်ခနဲရယ်လိုက်ပြီး

" ငါမေးတာဖြေ Benny ... မင်းကို ဟိုလူသတ်သမားတွေလက်က အသက်စွန့်ပြီးကယ်ခဲ့တာ ဘယ်သူလဲ "

ဟု မေးလိုက်သည်။

" အရှင့်သားပါ "

ဟူသော အဖြေကိုရသောကြောင့် ခေါင်းညိတ်လိုက်ပြီး

" နောက်တစ်ခါ ငါ့ကိုကျော်ပြီး ဘာမှလုပ်ဖို့စိတ်မကူးနဲ့ "

ဟု ပြောလိုက်သည်။ ပြန်တုံ့ပြန်သံမကြားသော်လည်း Benny က မည်သည့်အချိန်ကမှ မိမိစကားကို မလွန်ဆန်ခဲ့ဖူးသောကြောင့်

" သွားရအောင် "

ဟု ပြောကာ နေရာမှထွက်ခွာလာခဲ့လိုက်သည်။ 

9)

ညနက်နေပြီဖြစ်သော်လည်း Castiel တစ်ယောက် မအိပ်နိုင်သေး။ အိပ်ရာထက်တွင်လှဲကာ တစ်နေကုန်စုံစမ်း၍ ရရှိလာသောသတင်းများအကြောင်းကို တွေးတောနေမိသည်။ ထိုစဉ် ဖွင့်ထားသောပြတင်းပေါက်ဘောင်ပေါ်တွင် ခိုဖြူလေးတစ်ကောင်က လာနားသည်။ နယ်စားမင်း၏ စာပို့ခိုဖြစ်သောကြောင့် ချက်ချင်းပင် ပြတင်းပေါက်ဆီသို့ထသွားလိုက်ကာ ခိုငှက်လေး၏ခြေထောက်တွင်ချည်ထားသော စာလိပ်ကို အသာဖြည်ကြည့်လိုက်သည်။

" Castiel ငါမနက်ဖြန် ဘုရင်မင်းမြတ်နဲ့တွေ့ဖို့ နေပြည်တော်ကိုလာစရာရှိတယ် ... မင်းသခင်မလေးလည်းပါလာမှာမို့လို့ အိမ်တော်ကိုမပြန်သေးဘဲ ငါတို့ကိုစောင့်ပါ "

ဟူသော စာကို တွေ့ရသဖြင့် စဉ်းစားခန်းဖွင့်မိသည်။ 

သို့သော် ....
အဖြေမပေါ်။ ယခုတလော နယ်စားမင်းနှင့် ဘုရင်မင်းမြတ်တို့ကြားမှ ဆက်ဆံရေးသည် ယခင်ကနှင့်မတူသည်ကို သတိထားမိသော်လည်း ယခုလို နယ်စားမင်းကိုယ်တိုင် ဘုရင်မင်းမြတ်ကိုသွားတွေ့ရလောက်သည်အထိ ကြီးမားသောကိစ္စရှိနေမှန်းမသိခဲ့။ ထို့ကြောင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ယခုတိုင်နားနေဆဲဖြစ်သည့် ခိုဖြူလေးကို ပြန်လွှတ်ပေးလိုက်သည်။ 

10)

ထိမ်းမြားလက်ထပ်မည့်ကိစ္စကို သဘောတူပြီးသောအခါမှ Lisa တစ်ယောက် နောင်တရချင်လာသည်။ ဤတိုင်းပြည်၏ ရှင်ဘုရင်မှမွေးသော သမီးတော်ဖြစ်သောကြောင့် ဤကိစ္စနှင့် တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမည်ကိုသိသော်လည်း နာမည်သာကြားဖူးပြီး မျက်နှာကိုမမြင်ဖူးသည့် အခြားနိုင်ငံရပ်ခြားမှ အိမ်ရှေ့စံမင်းသားနှင့် လက်ထပ်ရမည့်ကိစ္စသည် ပုံမှန်မဟုတ်ဟုထင်မိသည်။ ပုံမှန်ဆိုလျှင် ယောက်ျားလေးရှင်ဘက်မှ မိန်းကလေးရှင်ဘက်သို့ ထိမ်းမြားလက်ထပ်ရန် စကားစပြောခြင်းဖြစ်သော်လည်း မိမိတို့ကမူ ပြောင်းပြန်ဖြစ်နေသည်။ လက်ထပ်ထိမ်းမြားရန်စကားစပြီး ရင်တထိတ်ထိတ်နှင့် ယောက်ျားလေးဘက်မှပြန်လာမည့်စကားကို စောင့်နေရသည်။

ခမည်းတော်၏စိတ်က မည်သို့ရှိသည်ကိုမသိသော်လည်း မိမိကမူ ဤကိစ္စကို ထိုမင်းသား လက်ခံသည်ဟူသောစကားထက် ငြင်းလိုက်သည်ဟူသော သတင်းစကားကို ပို၍မျှော်လင့်မိသည်။ 

သို့သော် .... 
ကံကြမ္မာသည် လူသားများအား ကျီစယ်ရသည်ကြိုက်သောကြောင့် မျှော်လင့်ချက်ကြီးကြီးမထားဘဲ တစ်ဖက်တွင် ကြင်ယာတော်တွေ့ရန်သွားရပါက ဆောင်ရ ရှောင်ရမည်များကို လေ့လာသင်ယူနေမိသည် ။ 

by the_richone_IX & Demon_One

■■■ Episode (5) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі