Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 17
1).

Castiel ႏွင့္ Meg တို႔ နယ္စားအိမ္ေတာ္တိုက္ခိုက္ခံရေသာညတြင္ ေတာတြင္း၌သာ ပုန္းခိုနားေနခဲ့ၾကၿပီး ေနာက္တစ္ေန႔မနက္အရုဏ္တက္သည္ႏွင့္ ခရီးဆက္ခဲ့ၾကရာတြင္လည္း ေျခရာေဖ်ာက္ေနရသည္က အလုပ္တစ္ခုျဖစ္ေန၍ ခရီးမတြင္ခဲ့ေပ။ စိတ္ခ်ရေသာေနရာတြင္ ေခတၱခဏနားေနစဥ္ Castiel က ပါလာေသာရိကၡာေျခာက္ကိုထုတ္၍

"သခင္မေလး"

Castiel ကမ္းေပးသည့္ရိကၡာေျခာက္ကိုၾကည့္ကာ Meg က မယူေသးဘဲ

"ဘယ္လိုယူလာတာလဲ။"

"စားဖိုေဆာင္ကေနျဖတ္လာရင္း ယူလာတာ။ မြန္းလြဲေနၿပီ၊ ဗိုက္ဆာတယ္မဟုတ္လား။"

မနက္ပိုင္းက လမ္းတြင္ေတြ႕သည့္သစ္သီးအခ်ိဳ႕ႏွင့္ မနက္စာၿပီးခဲ့သည္။

"ဘာမွ မစားဘူးလား။"

"မဆာဘူး သခင္မေလး။"

"မဟုတ္ေသးပါဘူး။"

"ေရွ႕နားမွာ ေရရွိလိမ့္မယ္။"

စကားဆက္ရန္ျပင္သည့္ Meg မွာ ပတ္ဝန္းက်င္ကိုေလ့လာေနလ်က္မွေျပာသည့္ Castiel ၏စကားေၾကာင့္ သူေျပာမည့္စကားရပ္သြားရသည္။ ဆက္ေျပာလၽွင္လည္း Castiel က အဖက္လုပ္မည့္ဟန္မတူ။

ဒုတိယညတြင္လည္း ေတာတြင္းတစ္ေနရာတြင္သာ အနားယူရပ္နားခဲ့ၾကသည္။ ေနာက္တစ္ရက္တြင္မွ စိတ္ခ်ရသည့္ေနရာေလးသို႔ ေရာက္လာခဲ့ၾကျခင္းပင္။
ေရာက္လာသည့္ေနရာတြင္ ရရာသစ္ခက္သစ္လက္၊ ဝါးလံုးမ်ားႏွင့္ေဆာက္ထားေသာ ယာယီတဲငယ္ေဟာင္းေလးတစ္ခုကို Castiel တို႔ ေတြ႕ရခ်ိန္တြင္ ညေနေစာင္းေနခဲ့ၿပီ။

အႏၲရာယ္ၾကားမွထြက္လာခဲ့ၿပီး ေတာတြင္းသို႔ေရာက္ေနေသာ္လည္း Meg ၏စိတ္ထဲတြင္ ေပါ့ပါးလြတ္လပ္ေနေပသည္။ ဤအခိုက္အတန္႔တို႔မွာ မည္သည့္အခါမွျပန္မရေတာ့မည့္ အမွတ္တရမ်ားျဖစ္သည္ကို သိေနသည္ေၾကာင့္ ပို၍ပင္အဖိုးတန္ေနသေယာင္။

"ဟိုဘက္နားအထိ ေခ်ာင္းရိုးကရွိတယ္မဟုတ္လား။ မေမွာင္ခင္ ေရသြားခ်ိဳးရမယ္။ ႏွစ္ရက္လံုးေတာတိုးလာတာ ညစ္ပတ္ေနတာပဲ။"

Meg က စမ္းေခ်ာင္း၌ေရဆင္းခ်ိဳးေနၿပီး Castiel က ခပ္လွမ္းလွမ္းမွေက်ာက္တံုးမ်ားေပၚတြင္ စမ္းေခ်ာင္းဘက္ကိုေက်ာေပးကာ ထိုင္ေစာင့္ရေတာ့သည္။ ေနလံုးမေပ်ာက္မီကပင္ လကထြက္လာေနၿပီး မျပည့္တျပည့္အေနအထားႏွင့္ျဖစ္၍ ေနဝင္သြားလၽွင္ပင္ လင္းေနေပလိမ့္ဦးမည္။

ေကာင္းကင္ကိုေမာ့ၾကည့္ေနသည့္ Castiel ၏ေနာက္ေက်ာကို ေရထဲမွေန၍ Meg ေငးေနမိသည္။ Castiel က ေက်ာက္တံုးမ်ားၾကားမွ အပင္ေလးတစ္ပင္ကိုႏႈတ္ယူကာ အရြက္ငယ္မ်ားကို ေႁခြခ်ေနျပန္သည္။ ထိုင္ေစာင့္ေနလ်က္မွ ပ်င္းလာဟန္တူၿပီး ေတးသြားတစ္ခုကို ေလခၽြန္၍ညည္းသံသဲ့သဲ့အား Meg ၾကားေနရသည္။

"သခင္မေလး ခဏေနရင္ေမွာင္လာေတာ့မယ္။"

"အင္းပါ၊ ၿပီးပါၿပီ။"

ေနာက္လွည့္မၾကည့္ပါဘဲ လွမ္းေအာ္ေနသည့္ Castiel မွာ သူ၏ေနာက္နားမွ Meg ၏အသံေၾကာင့္ လွည့္ၾကည့္မိ၏။ ေရဓာတ္အျပည့္ႏွင့္ ၾကည္လင္ေနသည့္ Meg ကိုျမင္၍ Castiel ျပံဳးျပလိုက္ၿပီး

"သခင္မေလး တက္သြားလိုက္ေတာ့ေနာ္။ ကၽြန္ေတာ္ ေျခလက္ေဆးၿပီး လိုက္ခဲ့မယ္။"

"အင္း"

2).

တတိယေျမာက္ေန႔မနက္တြင္ ထိုေနရာေလး၌သာ ရွိေနခဲ့ၾကၿပီး

"Castiel, အခုက ၿမိဳ႕ေတာ္ဘက္ကိုုျပန္ထြက္လို႔ရမယ့္ရြာနဲ႔ မေဝးေတာ့ဘူးမဟုတ္လား။"

"ဟုတ္ကဲ့"

"တည့္တည့္သြားရင္ တစ္ရက္နဲ႔ေရာက္တဲ့ခရီးက အခုလိုက် ၾကာလိုက္တာ။"

"အေျခအေနေပၚလည္း မူတည္လို႔ပါ။ ေတာလမ္းအတိုင္းေျခလ်င္လာရေတာ့ ရြာအထိကို သံုး၊ေလးရက္ေလာက္ေတာ့ၾကာတာေပါ့။ ရြာဘက္ေရာက္ရင္ေတာ့ ျမင္းနဲ႔ျပန္ထြက္ရင္ ၿမိဳ႕ေတာ္အထိကို အလြန္ဆံုးႏွစ္ရက္ပါပဲ။"

"အေဖတို႔ အဆင္ေျပၾကရဲ႕လားမသိဘူး။"

"အစတည္းကစီစဥ္ထားၿပီးသားမို႔ အဆင္ေျပရမွာေပါ့ သခင္မေလးရယ္။"

မနက္ပိုင္းအထိ နားေနခဲ့ၾကၿပီးမွ ခရီးဆက္ခဲ့ၾကသည့္ Castiel ႏွင့္ Meg တို႔မွာ ေနဝင္မိုးခ်ဳပ္ခါစတြင္ ရြာေလးရွိရာသို႔ ေရာက္လာခဲ့ၾက၏။ အလင္းေရာင္ရွိသည့္အခ်ိန္တြင္ လူသူျမင္၍မွတ္မိသြားၾကမည္ကို မလိုလားသည့္အတြက္ ဤအခ်ိန္မွရြာသို႔ဝင္ရန္တြက္ဆ၍ လာခဲ့ၾကျခင္းပင္။ ရြာတြင္တစ္ညတည္းခိုကာ မနက္ေနထြက္သည္ႏွင့္ ျမင္းႏွင့္ခရီးဆက္ၾကရ၏။ ေလးရက္ကုန္ဆံုးကာ လမ္းရွိၿမိဳ႕ေလးတစ္ၿမိဳ႕တြင္ တစ္ညနားေနစဥ္ သတင္းတို႔ကိုၾကားရေလသည္။

"နယ္စား Masters က အခုအခ်ိန္ထိ ဘာမွမေျပာေသးေပမဲ့ နန္းတြင္းကေတာ့ စံုစမ္းေရးအဖြဲ႕လႊတ္ထားတာတဲ့ဗ်။"

"ဘုရင့္ခမည္းခမက္ေလာင္းဆိုေတာ့ ရွိမွာေပါ့ဗ်ာ။ သခင္မေလး Masters သတင္းကိုလည္း လံုးဝမၾကားရတာ ထူးဆန္းတယ္။ နယ္စားအိမ္ေတာ္က လိုအပ္တာထက္ပိုၿငိမ္ေနတယ္။"

"က်ဳပ္တို႔မသိႏိုင္တဲ့ အတြင္းကအေၾကာင္းအရာေတြက ရွိဦးမွာကိုးဗ်။"

တည္းခိုခန္းတြင္တည္းခို၍ ညစာစားေနၾကစဥ္ တစ္ဖက္ဝိုင္းမွေျပာဆိုေနၾကသည့္အသံကို Castiel ႏွင့္ Meg တို႔ အတိုင္းသားၾကားေနရသည္။ Meg မွာ သခင္ေလးတစ္ဦးအသြင္ဝတ္ဆင္ထားၿပီး Castiel မွာလည္း အသက္ႀကီးႀကီးလူတစ္ဦးအသြင္ႏွင့္ျဖစ္၍ လြယ္လင့္တကူမွတ္မိဖြယ္ရာလည္း မရွိေပ။

ငါးရက္ေျမာက္ေန႔ညေနတြင္ ၿမိဳ႕ေတာ္သို႔ေရာက္ခဲ့ၾကၿပီး Castiel က လူတစ္ဦးႏွင့္ဆက္သြယ္လိုက္၏။

3).

"Balthazar"

"ငါ့ေရာင္းရင္းႀကီး၊ မေတြ႕တာၾကာလို႔ အသက္ေတြေတာင္ႀကီးလာပါေရာလား။"

Castiel ၏ အသြင္အျပင္ေျပာင္းထားျခင္းအား Balthazar မွ စေနာက္ေနေပသည္။

"ေအး၊ အဲဒီလိုျဖစ္သြားတယ္။ ဒါက ငါေျပာထားတဲ့ ..."

"သခင္ေလးေပါ့ေလ။"

ေယာက္်ားပ်ိဳအသြင္ႏွင့္ Meg ကို Balthazar ၾကည့္ကာ Castiel ၏စကားကိုဆက္ေပးလိုက္ျပန္သည္။

"ဟုတ္တယ္။ ငါ စိတ္ခ်မယ္ေနာ္။"

"ငါသရဲျဖစ္ရင္ေတာင္ သူကေတာ့ သက္ရွိထင္ရွားရွိရမယ္ကြာ။"

အာမခံခ်က္က ေကာင္းမြန္လွ၏။

"ငါကိုယ္တိုင္မဆက္သြယ္ဘဲ ငါ့နာမည္နဲ႔လာရင္ အဲဒါ ငါမဟုတ္ဘူး။"

"ငါ သေဘာေပါက္ပါတယ္။ အခု အသိုက္ျပန္မွာေပါ့။"

"အေျခအေနၾကည့္ရဦးမယ္။ ဝင္ခ်င္တိုင္းဝင္သြားလို႔မရဘူး။"

"အျပင္ပိုင္းကမထူးျခားေပမဲ့ တစ္ဖက္မွာ အတြင္းလႈိက္ၿပီးေလာင္သြားႏိုင္တယ္။"

သတင္းေကာင္းၾကားရ၍ ယခုမွပင္သက္ျပင္းခ်ႏိုင္ၾကေလသည္။

4).

ငါးရက္ကုန္ဆံုးသြားၿပီးေနာက္ သခင္မေလး Meg မွာ ၿမိဳ႕ေတာ္သို႔ ေဘးကင္းစြာေရာက္ရွိေနၿပီျဖစ္ၿပီး လံုျခံဳသည့္ေနရာတြင္ရွိေနေပသည္။ Castiel မွာ ၿမိဳ႕ေတာ္မွေန၍ နယ္စားမင္းအိမ္ေတာ္သို႔သြားရန္ ယခင္ကကဲ့သို႔ သြားေနက်လမ္းေၾကာင္းမွသြား၍ မျဖစ္ႏိုင္သည့္အတြက္ ကုန္အဖြဲ႕တစ္ခုႏွင့္ခ်ိတ္ဆက္ကာ ေရာေႏွာလိုက္ပါသြားရန္ ျပင္လိုက္သည္။

ေနာက္မနက္တြင္ ၿမိဳ႕ေတာ္မွထြက္ခြာမည့္ကုန္အဖြဲ႕ႏွင့္ ၿမိဳ႕သို႔ျပန္ရမည္ျဖစ္ၿပီး အေျခအေနကိုတြက္ဆၿပီးမွ နယ္စားမင္းႏွင့္ဆက္သြယ္ရမည္ျဖစ္သည္။ Castiel အလ်င္စလိုလႈပ္ရွားလိုက္၍ တစ္ဖက္မွရိပ္မိသြားၿပီး နယ္စားမင္း၏အစီအစဥ္မ်ား ပ်က္သြားခဲ့လၽွင္ လြန္စြာႏွေျမာဖြယ္ရာျဖစ္ေသာေၾကာင့္ တစ္ဆင့္ခ်င္းလႈပ္ရွားေနရေလသည္။

မနက္ခင္းေနေရာင္ေဖ်ာ့ေဖ်ာ့ေအာက္တြင္ ကုန္အဖြဲ႕မွလွည္းမ်ား စတင္ထြက္ခြာရန္ အလုပ္သမားမ်ားျပင္ဆင္ေနၾက၏။ အလုပ္သမားေခါင္းေဆာင္မွ

"ကဲ၊ အဆင္သင့္ျဖစ္ရင္ စထြက္မယ္။ ေျပာထားတဲ့အတိုင္းပဲ ဒီတစ္ခါက အရင္အေခါက္ေတြထက္ နည္းနည္းပိုျမန္ျမန္သြားရမွာဆိုေတာ့ ကုန္ပစၥည္းေတြကို သတိထားေပးၾက။"

"ဟုတ္ကဲ့"

နန္းၿမိဳ႕ေတာ္မွထြက္ခြာလာၾကၿပီး မြန္းတည့္ခ်ိန္တြင္ လမ္းခရီး၌ပင္တစ္ေထာက္နားကာ ပါလာေသာေန႔လယ္စာကို စားေသာက္ၾကေလသည္။
အဖြဲ႕လိုက္နားေနစဥ္မွာပင္ အလုပ္သမားအျဖစ္ပါလာသည့္ Castiel က လွည္းတစ္စီးအနီးတြင္ အေဖာ္အလုပ္သမားတစ္ဦးႏွင့္အတူ စားေသာက္ၿပီးစီး၍ ကုန္ပစၥည္းမ်ားအေၾကာင္းေျပာသည္ကို နားေထာင္ေနေလသည္။ ထိုအေဖာ္အလုပ္သမားမွ

"ခဏေလးဗ်ာ၊ ဗိုက္နာလို႔ ေတာတိုးဦးမယ္။"

Castiel ေခါင္းညိတ္ျပလိုက္၏။ မၾကာမီပင္ အလုပ္သမားေခါင္းေဆာင္ႏွင့္ အျခားအလုပ္သမားတစ္ဦးေရာက္လာၿပီး

"ဒီတစ္စီးလည္း ကုန္နည္းတယ္။ ဒီကိုနည္းနည္းထည့္လိုက္။"

ေခါင္းေဆာင္ျဖစ္သူျပန္ထြက္သြားေလမွ က်န္ခဲ့သူအလုပ္သမားက

"ေရွ႕ကလွည္းတစ္စီးပ်က္သြားလို႔ ကုန္ေတြြနည္းနည္းစီေရႊ႕ေနရတာဗ်ာ။ ခင္ဗ်ားတို႔လွည္းဆီ နည္းနည္းခြဲတင္ရမယ္။ ကူပါဦး။"

"ဟုတ္ၿပီ၊ ကၽြန္ေတာ္လိုက္သယ္ေပးမယ္။"

Castiel လိုက္သြားစဥ္မွာပင္ Castiel တို႔လွည္းအနီးမွ ျမင္းစီးခရီးသြားႏွစ္ဦး ျဖတ္သြားေလသည္။ ကုန္အဖြဲ႕ရပ္နားေန၍ ထိုလူမ်ားက အရွိန္ေလၽွာ့ကာျဖတ္သြားစဥ္ တစ္ဦးက လွည္းႏွင့္ခပ္လွမ္းလွမ္းသို႔ေရာက္သြားၿပီျဖစ္သည့္ Castiel ၏ေက်ာျပင္ကို လွည့္ၾကည့္ေနေလသည္။ ထို႔ေနာက္မွ ဆက္၍ထြက္သြားေလ၏။

5).

"အဲဒီလူေတြတစ္သီတစ္တန္းနဲ႔ နယ္စားအိမ္ေတာ္ကိုသြားေတာ့ ေခ်ာင္းသတ္မယ့္လူသတ္သမားကို ငါဒီမွာေဟ့လို႔ေျပာသလို ျဖစ္ေနမွာေပါ့။"

"အဲဒါက သတ္ကြင္းဆိုတာသိရဲ႕နဲ႔ မင္းသားက သြားမလို႔ုလုပ္ေနတာေလ။"

"ေအး၊ အဲဒီကိုသြားမွ အေၾကာင္းစံုသိရမွာေပါ့။"

"အႏၲရာယ္မ်ားလို႔ လူေခၚသြားဖို႔ ..."

"မင္းပါမွာမဟုတ္လား။"

စကားျဖတ္ေမးသည့္ Dean ၏စကားကို Benny က ခ်က္ခ်င္းပင္ေခါင္းညိတ္လိုက္၏။

"ငါတို႔ႏွစ္ေယာက္ဆို ရၿပီ။ နယ္စားအိမ္ေတာ္ကိုလည္း ခိုးဝင္ရမွာ။ ဘယ္သူမွသတိထားမိလို႔ မျဖစ္ဘူး။"

"ဘယ္လိုမွ ေျပာမရပါလား။"

Benny ၏ခပ္ဖြဖြေရရြတ္သံကို လွည့္ထြက္သြားသည့္ Dean ကၾကားၿပီး လည္ျပန္လွည့္ၾကည့္ကာ

"မင္းကေရာ ငါ့ေျပာစကားဆိုနားေထာင္လို႔လား။ ဒဏ္ရာရထားလို႔ အျပင္မထြက္ပါနဲ႔လို႔မွာခဲ့လည္း ငါ့ကိုလိုက္ရွာတာပဲေလ။"

Benny မျငင္းႏိုင္ေသာ္လည္း မ်က္ႏွာမေကာင္းေပ။

'အခုက ဘယ္သူ႔ကိုစိုးရိမ္ေနတာလဲ အရွင့္သား။'

တားမရသည့္ Benny လက္ေလၽွာ့လိုက္ရ၍ Dean တစ္ေယာက္ နယ္စားအိမ္ေတာ္သို႔ထြက္လာခဲ့သည္။
မနက္ပိုင္းတြင္မွ Castiel ၏ေနအိမ္သို႔ေရာက္ခဲ့ၾကၿပီး အေတာ္ေလးေနျမင့္မွ ထြက္လာခဲ့ၾကသည္ျဖစ္၍ ျမင္းကိုအရွိန္တင္စီးနင္းလာခဲ့ၾကရာ အရိပ္ရသည့္လမ္းေဘးတစ္ေနရာတြင္ ခရီးတစ္ေထာက္နားေနသည့္ ကုန္အဖြဲ႕တစ္ဖြဲ႕ကိုေတြ႕ရ၍ အရွိန္ေလၽွာ့လိုက္ၾကၿပီး ၎တို႔အနီးမွ ျဖတ္လာခဲ့လိုက္သည္။

ေရွ႕မွသြားေနသည့္ Benny ၏ေနာက္နားမွ Dean ပါလာလ်က္ ခပ္ေျပေျပေကြ႕ခ်ိဳးသြားသည့္လမ္းေနရာတြင္ ရပ္နားထားေသာလွည္းတစ္စီးအနီးမွ ထြက္သြားသည့္လူႏွစ္ဦးကို သတိျပဳမိသြားသည္။ ထိုလွည္းအနီးမွ Dean ျဖတ္သြားသည့္အခါ ထိုလူတို႔မွာ အနည္းငယ္ေဝးသြားေလၿပီ။ ထိုအထဲမွတစ္ဦးကိုၾကည့္ရသည္မွာ တပ္မႉး Novak ႏွင့္တူေနသည္ဟု Dean ေတြးေနမိသည္။

'Novak ဆိုရင္လည္း Meg Masters အနားမွာ ရွိရမွာေပါ့။ ကုန္အဖြဲ႕ထဲေရာက္ေနစရာမွ မလိုတာ။'

ထိုသို႔ေတြးလိုက္ၿပီး Dean ေရွ႕ဆက္ထြက္လာခဲ့ေတာ့သည္။

6).

"ဟိုဘက္အျခမ္းက မီးေလာင္တာကို ျပင္ထားတဲ့ဘက္ထင္တယ္။ အဲဒီဘက္ကလယ္ေတာေတြဆီ သြားၾကစို႔။"

ေနဝင္ရီတေရာမွ အိမ္ေတာ္သို႔ေရာက္သြားသည့္ Dean ႏွင့္ Benny တို႔မွာ ေပၚေပၚထင္ထင္လႈပ္ရွားမရ၍ အိမ္ေတာ္တံခါးေခါက္ကာ ဝင္သြားရန္လည္း မျဖစ္ႏိုင္ေပ။ ကံေကာင္းေထာက္မစြာႏွင့္ ျပန္လည္ျပဳျပင္ထားသည့္ထိုအျခမ္း၌ အေစာင့္ႏွစ္ဦးရွိေန၍ ခ်ဥ္းကပ္သြားလိုက္ၾကၿပီး

"က်ဳပ္တို႔က တပ္မႉး Novak ရဲ႕မိတ္ေဆြေတြပါ။ ဒါကို နယ္စားမင္းဆီ ပို႔ေပးပါ။ အေရးႀကီးကိစၥနဲ႔ ၿမိဳ႕ေတာ္ကလာတယ္လို႔ ေျပာေပးပါ။"

Benny ေပးသည့္အိတ္ကို ထုတ္စစ္မည္ျပင္သည့္အတြက္

"အဲဒီအတိုင္းပို႔ေပးပါ။"

"ဘယ္ျဖစ္မလဲဗ်။ က်ဳပ္တို႔က တာဝန္အရ စစ္ေဆးရပါမယ္။"

ထိုေနရာတြင္ပင္ အျငင္းအခုန္ျဖစ္ေနၾကခ်ိန္

"ဘာျဖစ္ၾကတာလဲ။"

ေရာက္လာသူကို အေစာင့္မ်ားက အေၾကာင္းစံုရွင္းျပၿပီးေနာက္ ထိုလူက

"ကၽြန္ေတာ့္နာမည္ Inias ပါ။ နယ္စားအိမ္ေတာ္ရဲ႕ လံုျခံဳေရးမႉးပါ။ ဒီကမိတ္ေဆြတို႔ရဲ႕ နာမည္နဲ႔ရာထူးေလးသိခြင့္ရမလားဗ်ာ။"

"ၿမိဳ႕ေတာ္စံုစမ္းေရးဌာနက စံုစမ္းေရးမႉး Campbell ပါ။"

Benny က အိတ္ထဲမွ နန္းတြင္းကိုယ္ရံေတာ္တံဆိပ္ကို ထုတ္ျပလိုက္၏။

"ကၽြန္ေတာ္ နယ္စားမင္းကို အေၾကာင္းၾကားေပးပါ့မယ္။ ဧည့္ေဆာင္ကို ႂကြပါခင္ဗ်ာ။"

ဤသို႔ျဖင့္ Dean တို႔ ဧည့္ခန္းေဆာင္တြင္ေစာင့္ဆိုင္းေနၾကၿပီးေနာက္ ခဏအၾကာတြင္ နယ္စားမင္း အလ်င္စလိုေရာက္လာေလသည္။ ဧည့္ခန္းေဆာင္သို႔မဝင္မီတြင္လည္း

"အဲဒါ အိမ္ေရွ႕စံရဲ႕ကိုယ္ရံေတာ္တံဆိပ္ပဲ။"

Inias ကို ေျပာလာဟန္တူ၏။ Dean ႏွင့္ Benny တို႔ ဧည့္ေဆာင္အေပါက္ဝသို႔ ၾကည့္ေနၾကစဥ္မွာပင္ နယ္စားမင္း Masters အခန္းတြင္းသို႔ေျခခ်ၿပီးသည့္အခါ

"ဒီက ကိုယ္ရံေတာ္တို႔က ... ဟင္ ... အိမ္ေရွ႕စံ။"

by Demon

7)

" ေတာ္ေသးတာေပါ့ နယ္စားမင္းတစ္ခုခုျဖစ္မသြားလို႔ "

ဟူေသာ Dean ၏ စကားကို နယ္စားမင္း Masters က နားမလည္ဟန္ျဖင့္ အူေၾကာင္ေၾကာင္လုပ္ေနေသာေၾကာင့္ Benny က

" အရွင့္သားေျပာခ်င္တာက နယ္စားမင္းထိခိုက္ဒဏ္ရာရမသြားလို႔ ေတာ္ေသးတယ္ဆိုတဲ့အဓိပၸါယ္ပါ "

ဟု ၾကားဝင္၍ ေျဖရွင္းေပးရသည္ ။ ထိုအခါမွ နယ္စားမင္း Masters က သေဘာက်စြာၿပဳံး၍

" အဲ့ဒီအတြက္ေတာ့ တပ္မႉး Novak ကို ခ်ီးက်ဴးရမွာပဲ ... အသက္ငယ္သေလာက္ သိပ္အေမၽွာ္အျမင္ရွိတာေလ "

ဟု ေျပာကာ Castiel ကို ခ်ီးက်ဴးသည္ ။ ထို႔ေၾကာင့္ နယ္စားမင္း Masters ႏွင့္အတူ လိုက္ျပံဳးလိုက္ၿပီး

" အဲ့ဒါေၾကာင့္ နယ္စားမင္းဆီေရာက္လာရတာ ... Lady Masters နဲ႕ Castiel အႏၲရာယ္ကင္းၾကရဲ႕လား "

ဟု ေမးလိုက္သည္ ။ ဤစကားကိုၾကားေသာအခါ နယ္စားမင္း Masters ၏ မ်က္ႏွာက ခ်က္ခ်င္းညႇိဳးသြားကာ

" အခုထိ ဘာသတင္းမွမၾကားရေသးဘူးဆိုေတာ့ အဆင္ေျပၾကေလာက္မွာပါ "

ဟု ေျပာသည္ ။ နယ္စားမင္း Masters ၏ ပုံစံက ေပ်ာက္ဆုံးေနေသာ ထိုႏွစ္ေယာက္၏အေၾကာင္းကို အတိအက်သိပုံမရေသာေၾကာင့္ သက္ျပင္းခ်လိုက္ၿပီး ဤေနရာသို႔ မိမိကိုယ္တိုင္ေရာက္လာရသည့္အေၾကာင္းႏွင့္ နန္းတြင္းအေျခအေနမ်ားကို အက်ဥ္းခ်ဳပ္၍ ရွင္းျပလိုက္သည္ ။

8)

Castiel က Balthazar ၏ အကူအညီျဖင့္ မိမိအား နန္းေတာ္ထဲသို႔သြင္းရန္ စီစဥ္ေပးထားေသာ္လည္း မခ်စ္ခင္မႏွစ္သက္သူႏွင့္ ေပါင္းဖက္ရမည့္အေရးကို ရင္မဆိုင္လိုေသာ Meg တစ္ေယာက္ ဤအေရးမွလြတ္ေျမာက္ေအာင္ မည္သို႔ထြက္ေျပးရမည္နည္းဟု တစ္လမ္းလုံး ၾကံစည္ေတြးေတာေနမိသည္ ။

သို႔ေသာ္ ....
ေတြးမိသမၽွအႀကံအစည္တို႔သည္ ထက္ျမက္ကာ ပါးနပ္ေသာ Balthazar ကို မေက်ာ္ႏိုင္ေသာေၾကာင့္ အခ်ည္းႏွီးသာ ျဖစ္ခဲ့ရသည္ ။ ထို႔ေၾကာင့္ လာမည့္ေဘးေျပးေတြ႕ရန္သာစိတ္ဆုံးျဖတ္လိုက္ၿပီး Balthazar အေနာက္သို႔ ပါလာခဲ့ရသည္ ။

ဤသို႔ Balthazar ႏွင့္အတူ ခရီးႏွင္လာရင္း Balthazar က

" သခင္ေလး ... မင္းမနက္ျဖန္က်ရင္ နန္းေတာ္ထဲဝင္ၿပီး အိမ္ေရွ႕စံမင္းသားရဲ႕ၾကင္ယာေတာ္ ျဖစ္ရေတာ့မယ္ .... ဒါေပမဲ့ မင္းကိုၾကည့္ရတာ ေယာက္်ားေလးေတြကို စိတ္ဝင္စားတဲ့ပုံလည္းမေပၚဘူး ... မဟုတ္မွ မင္းက မိန္းကေလးေတြကိုပဲ စိတ္ဝင္စားတာလား "

ဟူေသာ ေပါက္ကရစကားကို ႐ုတ္တရက္ထေျပာသည္ ။ အေျခအေနအရပ္ရပ္ေၾကာင့္သာ ဤသို႔ဝတ္စားထားရေသာ္လည္း မိမိသည္ သာမန္မိန္းကေလးသာျဖစ္ေၾကာင္း Balthazar ကို လတ္တေလာ သက္ေသျပ၍မရေသးေသာေၾကာင့္

" ရွင္လည္း နန္းေတာ္ထဲကလူပဲမဟုတ္လား ... အဲ့ဒါဆို ေနာက္ပိုင္းက် ကြၽန္မကဘယ္လိုလူဆိုတာ သိလာလိမ့္မယ္ "

ဟု မေက်မနပ္ ေျပာလိုက္သည္ ။ Balthazar က ဤစကားကို ျပန္မတုံ႔ျပန္ဘဲ အားရပါးရေအာ္ရယ္ေသာေၾကာင့္ အနီးအနားရွိ ပိုးထည္ဆိုင္ထဲသို႔ ေဆာင့္ေအာင့္၍ဝင္လာခဲ့လိုက္သည္ ။

9)

Dean နယ္စားမင္း Masters ၏ သတင္းစကားအတိုင္း Lady Mastes ႏွင့္ Castiel ကို လိုက္ရွာခဲ့ေသာ္လည္း ႏွစ္ေယာက္စလုံး၏ သတင္းအစအနကိုမရ ။ ဆက္ရွာလိုေသးေသာ္လည္း Benny က

" နန္းေတာ္ထဲျပန္ၾကရေအာင္ပါ အရွင့္သား ... အခုအေျခအေနက အရွင့္သားဝင္ပါလို႔ေကာင္းတဲ့အေျခအေန မဟုတ္ေသးဘူး ... ၿပီးေတာ့ နန္းေတာ္မွာ မင္းသမီး Lisa လည္း ရွိေနတယ္ေလ .... ေတာ္ၾကာ အရွင့္သားနဲ႔ၾကင္ယာေတာ္ႏွစ္ေယာက္ၾကားမွာ အထင္လြဲစရာကိစၥေတြ ျဖစ္ေနပါဦးမယ္ "

ဟု ေျပာကာ တားသည့္အျပင္ Benny ေျပာသည့္စကားမွာ မွန္သည္ဟုထင္မိေသာေၾကာင့္ နန္းေတာ္သို႔ျပန္ရန္ စိတ္ဆုံးျဖတ္လိုက္သည္ ။

သို႔ေသာ္ ....
လက္ဗလာႏွင့္ျပန္သြားလၽွင္မေကာင္းဟု ယူဆမိေသာေၾကာင့္ Lisa အတြက္ လက္ေဆာင္ပစၥည္းတစ္ခုခု ဝယ္သြားမည္ဟုစိတ္ကူးကာ ၿမိဳ႕စြန္ရွိ ပြဲ႐ုံတန္းမ်ားဆီသို႔ ထြက္လာခဲ့လိုက္သည္ ။

10)

Dean က Lisa အတြက္ ႏိုင္ငံရပ္ျခားမွတင္သြင္းလာေသာ ႏႈတ္ခမ္းနီဝယ္ေပးလိုေသာ္လည္း Benny က ႏႈတ္ခမ္းနီထက္ ပိုးထည္ဝယ္ေပးျခင္းက ပို၍ေကာင္းသည္ဟု အၾကံေပးေသာေၾကာင့္ Benny ေခၚေဆာင္ရာ ပိုးထည္ဆိုင္အတြင္းသို႔ ဝင္လာခဲ့လိုက္သည္ ။

ဆိုင္ထဲသို႔ေရာက္သည္ႏွင့္ Benny က ေကာင္းႏိုးရာရာပိုးထည္စမ်ားကို အလိုက္တသိႏွင့္ ယူလာျပေပးေသာေၾကာင့္ အပင္ပန္းခံစရာမလိုဘဲ Lisa ႏွင့္ သင့္ေတာ္မည့္ ပိုးထည္စကို ေ႐ြးေနမိသည္ ။ ဤသို႔ စိတ္ေအးလက္ေအး ပိုးထည္ၾကည့္ေနစဥ္

" ဒါကြၽန္ေတာ္ယူထားတာ "

" ဒီဟာကို က်ဳပ္အရင္ေတြ႕တာ "

စသည္ျဖင့္ ျငင္းခုန္သံမ်ားကိုၾကားရသျဖင့္ တုံ႔ဆိုင္းမေနဘဲ အသံလာရာဆီသို႔ ထြက္လာခဲ့လိုက္သည္ ။ ထိုအခါ မိန္းကေလးတစ္ဦးႏွင့္ ပိုးထည္လုေနေသာ Benny ကို ေတြ႕ရသည္ ။

Benny ႏွင့္ ပိုးထည္လုေနေသာ ထိုမိန္းကေလးက ေယာက္်ားေလးတစ္ဦးသဖြယ္ ဝတ္စားထားေသာ္လည္း ၾကည့္႐ုံႏွင့္ပင္ မိန္းကေလးတစ္ဦးမွန္း တန္းသိေနေစေသာ ခႏၶာကိုယ္အခ်ိဳးအစားေၾကာင့္ Benny ကို

" Benny ဘာျဖစ္လို႔ မိန္းကေလးနဲ႔ၿပိဳင္ၿပီး ရန္ျဖစ္ေနရတာလဲ "

ဟု ေမးလိုက္သည္ ။ ဤစကားကိုၾကားေသာအခါ ထိုေယာက္်ားေလးအေယာင္ေဆာင္ မိန္းကေလးက

" ေဟ့လူ ခင္ဗ်ားဘာစကားေျပာတာလဲ "

ဟု ထေအာ္ေလသည္ ။ ထို႔ေၾကာင့္ လက္ပိုက္၍ ထိုမိန္းကေလးအားၾကည့္လိုက္ကာ

" ဒီမွာ ... မင္းလိမ္ခ်င္ရင္ တျခားလူကိုသြားလိမ္ ... ငါ့ကိုေတာ့မရဘူး "

ဟု ေျပာလိုက္သည္ ။ မိမိစကားကို ထိုမိန္းကေလး ျပန္မတုံ႔ျပန္ရေသးခင္

" မင္းကလည္း ၾကာလိုက္တာကြာ ... ဘယ္အခ်ိန္အထိေ႐ြးေနမွာလဲ "

ဟူေသာ အမ်ိဳးသားတစ္ဦး၏အသံကို ၾကားရသည္ ။ ထိုအမ်ိဳးသားက ဤစကားကိုေျပာၿပီးသည္ႏွင့္ မိမိတို႔အနားသို႔ ေလၽွာက္လာသည္ ။ မိမိက ထိုအမ်ိဳးသားကိုမသိေသာ္လည္း Benny က

" Balthazar "

ဟု ထေခၚသျဖင့္ ထိုအမ်ိဳးသားကို မ်က္ေမွာင္ၾကဳတ္၍ အေသအခ်ာၾကည့္လိုက္မိသည္ ။

by the_richone_IX

■■■ Episode (18) ဆက္ရန္ ■■■

1).

Castiel နှင့် Meg တို့ နယ်စားအိမ်တော်တိုက်ခိုက်ခံရသောညတွင် တောတွင်း၌သာ ပုန်းခိုနားနေခဲ့ကြပြီး နောက်တစ်နေ့မနက်အရုဏ်တက်သည်နှင့် ခရီးဆက်ခဲ့ကြရာတွင်လည်း ခြေရာဖျောက်နေရသည်က အလုပ်တစ်ခုဖြစ်နေ၍ ခရီးမတွင်ခဲ့ပေ။ စိတ်ချရသောနေရာတွင် ခေတ္တခဏနားနေစဉ် Castiel က ပါလာသောရိက္ခာခြောက်ကိုထုတ်၍

"သခင်မလေး"

Castiel ကမ်းပေးသည့်ရိက္ခာခြောက်ကိုကြည့်ကာ Meg က မယူသေးဘဲ

"ဘယ်လိုယူလာတာလဲ။"

"စားဖိုဆောင်ကနေဖြတ်လာရင်း ယူလာတာ။ မွန်းလွဲနေပြီ၊ ဗိုက်ဆာတယ်မဟုတ်လား။"

မနက်ပိုင်းက လမ်းတွင်တွေ့သည့်သစ်သီးအချို့နှင့် မနက်စာပြီးခဲ့သည်။

"ဘာမှ မစားဘူးလား။"

"မဆာဘူး သခင်မလေး။"

"မဟုတ်သေးပါဘူး။"

"ရှေ့နားမှာ ရေရှိလိမ့်မယ်။"

စကားဆက်ရန်ပြင်သည့် Meg မှာ ပတ်ဝန်းကျင်ကိုလေ့လာနေလျက်မှပြောသည့် Castiel ၏စကားကြောင့် သူပြောမည့်စကားရပ်သွားရသည်။ ဆက်ပြောလျှင်လည်း Castiel က အဖက်လုပ်မည့်ဟန်မတူ။

ဒုတိယညတွင်လည်း တောတွင်းတစ်နေရာတွင်သာ အနားယူရပ်နားခဲ့ကြသည်။ နောက်တစ်ရက်တွင်မှ စိတ်ချရသည့်နေရာလေးသို့ ရောက်လာခဲ့ကြခြင်းပင်။
ရောက်လာသည့်နေရာတွင် ရရာသစ်ခက်သစ်လက်၊ ဝါးလုံးများနှင့်ဆောက်ထားသော ယာယီတဲငယ်ဟောင်းလေးတစ်ခုကို Castiel တို့ တွေ့ရချိန်တွင် ညနေစောင်းနေခဲ့ပြီ။

အန္တရာယ်ကြားမှထွက်လာခဲ့ပြီး တောတွင်းသို့ရောက်နေသော်လည်း Meg ၏စိတ်ထဲတွင် ပေါ့ပါးလွတ်လပ်နေပေသည်။ ဤအခိုက်အတန့်တို့မှာ မည်သည့်အခါမှပြန်မရတော့မည့် အမှတ်တရများဖြစ်သည်ကို သိနေသည်ကြောင့် ပို၍ပင်အဖိုးတန်နေသယောင်။

"ဟိုဘက်နားအထိ ချောင်းရိုးကရှိတယ်မဟုတ်လား။ မမှောင်ခင် ရေသွားချိုးရမယ်။ နှစ်ရက်လုံးတောတိုးလာတာ ညစ်ပတ်နေတာပဲ။"

Meg က စမ်းချောင်း၌ရေဆင်းချိုးနေပြီး Castiel က ခပ်လှမ်းလှမ်းမှကျောက်တုံးများပေါ်တွင် စမ်းချောင်းဘက်ကိုကျောပေးကာ ထိုင်စောင့်ရတော့သည်။ နေလုံးမပျောက်မီကပင် လကထွက်လာနေပြီး မပြည့်တပြည့်အနေအထားနှင့်ဖြစ်၍ နေဝင်သွားလျှင်ပင် လင်းနေပေလိမ့်ဦးမည်။

ကောင်းကင်ကိုမော့ကြည့်နေသည့် Castiel ၏နောက်ကျောကို ရေထဲမှနေ၍ Meg ငေးနေမိသည်။ Castiel က ကျောက်တုံးများကြားမှ အပင်လေးတစ်ပင်ကိုနှုတ်ယူကာ အရွက်ငယ်များကို ခြွေချနေပြန်သည်။ ထိုင်စောင့်နေလျက်မှ ပျင်းလာဟန်တူပြီး တေးသွားတစ်ခုကို လေချွန်၍ညည်းသံသဲ့သဲ့အား Meg ကြားနေရသည်။

"သခင်မလေး ခဏနေရင်မှောင်လာတော့မယ်။"

"အင်းပါ၊ ပြီးပါပြီ။"

နောက်လှည့်မကြည့်ပါဘဲ လှမ်းအော်နေသည့် Castiel မှာ သူ၏နောက်နားမှ Meg ၏အသံကြောင့် လှည့်ကြည့်မိ၏။ ရေဓာတ်အပြည့်နှင့် ကြည်လင်နေသည့် Meg ကိုမြင်၍ Castiel ပြုံးပြလိုက်ပြီး

"သခင်မလေး တက်သွားလိုက်တော့နော်။ ကျွန်တော် ခြေလက်ဆေးပြီး လိုက်ခဲ့မယ်။"

"အင်း"

2).

တတိယမြောက်နေ့မနက်တွင် ထိုနေရာလေး၌သာ ရှိနေခဲ့ကြပြီး

"Castiel, အခုက မြို့တော်ဘက်ကိုုပြန်ထွက်လို့ရမယ့်ရွာနဲ့ မဝေးတော့ဘူးမဟုတ်လား။"

"ဟုတ်ကဲ့"

"တည့်တည့်သွားရင် တစ်ရက်နဲ့ရောက်တဲ့ခရီးက အခုလိုကျ ကြာလိုက်တာ။"

"အခြေအနေပေါ်လည်း မူတည်လို့ပါ။ တောလမ်းအတိုင်းခြေလျင်လာရတော့ ရွာအထိကို သုံး၊လေးရက်လောက်တော့ကြာတာပေါ့။ ရွာဘက်ရောက်ရင်တော့ မြင်းနဲ့ပြန်ထွက်ရင် မြို့တော်အထိကို အလွန်ဆုံးနှစ်ရက်ပါပဲ။"

"အဖေတို့ အဆင်ပြေကြရဲ့လားမသိဘူး။"

"အစတည်းကစီစဉ်ထားပြီးသားမို့ အဆင်ပြေရမှာပေါ့ သခင်မလေးရယ်။"

မနက်ပိုင်းအထိ နားနေခဲ့ကြပြီးမှ ခရီးဆက်ခဲ့ကြသည့် Castiel နှင့် Meg တို့မှာ နေဝင်မိုးချုပ်ခါစတွင် ရွာလေးရှိရာသို့ ရောက်လာခဲ့ကြ၏။ အလင်းရောင်ရှိသည့်အချိန်တွင် လူသူမြင်၍မှတ်မိသွားကြမည်ကို မလိုလားသည့်အတွက် ဤအချိန်မှရွာသို့ဝင်ရန်တွက်ဆ၍ လာခဲ့ကြခြင်းပင်။ ရွာတွင်တစ်ညတည်းခိုကာ မနက်နေထွက်သည်နှင့် မြင်းနှင့်ခရီးဆက်ကြရ၏။ လေးရက်ကုန်ဆုံးကာ လမ်းရှိမြို့လေးတစ်မြို့တွင် တစ်ညနားနေစဉ် သတင်းတို့ကိုကြားရလေသည်။

"နယ်စား Masters က အခုအချိန်ထိ ဘာမှမပြောသေးပေမဲ့ နန်းတွင်းကတော့ စုံစမ်းရေးအဖွဲ့လွှတ်ထားတာတဲ့ဗျ။"

"ဘုရင့်ခမည်းခမက်လောင်းဆိုတော့ ရှိမှာပေါ့ဗျာ။ သခင်မလေး Masters သတင်းကိုလည်း လုံးဝမကြားရတာ ထူးဆန်းတယ်။ နယ်စားအိမ်တော်က လိုအပ်တာထက်ပိုငြိမ်နေတယ်။"

"ကျုပ်တို့မသိနိုင်တဲ့ အတွင်းကအကြောင်းအရာတွေက ရှိဦးမှာကိုးဗျ။"

တည်းခိုခန်းတွင်တည်းခို၍ ညစာစားနေကြစဉ် တစ်ဖက်ဝိုင်းမှပြောဆိုနေကြသည့်အသံကို Castiel နှင့် Meg တို့ အတိုင်းသားကြားနေရသည်။ Meg မှာ သခင်လေးတစ်ဦးအသွင်ဝတ်ဆင်ထားပြီး Castiel မှာလည်း အသက်ကြီးကြီးလူတစ်ဦးအသွင်နှင့်ဖြစ်၍ လွယ်လင့်တကူမှတ်မိဖွယ်ရာလည်း မရှိပေ။

ငါးရက်မြောက်နေ့ညနေတွင် မြို့တော်သို့ရောက်ခဲ့ကြပြီး Castiel က လူတစ်ဦးနှင့်ဆက်သွယ်လိုက်၏။

3).

"Balthazar"

"ငါ့ရောင်းရင်းကြီး၊ မတွေ့တာကြာလို့ အသက်တွေတောင်ကြီးလာပါရောလား။"

Castiel ၏ အသွင်အပြင်ပြောင်းထားခြင်းအား Balthazar မှ စနောက်နေပေသည်။

"အေး၊ အဲဒီလိုဖြစ်သွားတယ်။ ဒါက ငါပြောထားတဲ့ ..."

"သခင်လေးပေါ့လေ။"

ယောက်ျားပျိုအသွင်နှင့် Meg ကို Balthazar ကြည့်ကာ Castiel ၏စကားကိုဆက်ပေးလိုက်ပြန်သည်။

"ဟုတ်တယ်။ ငါ စိတ်ချမယ်နော်။"

"ငါသရဲဖြစ်ရင်တောင် သူကတော့ သက်ရှိထင်ရှားရှိရမယ်ကွာ။"

အာမခံချက်က ကောင်းမွန်လှ၏။

"ငါကိုယ်တိုင်မဆက်သွယ်ဘဲ ငါ့နာမည်နဲ့လာရင် အဲဒါ ငါမဟုတ်ဘူး။"

"ငါ သဘောပေါက်ပါတယ်။ အခု အသိုက်ပြန်မှာပေါ့။"

"အခြေအနေကြည့်ရဦးမယ်။ ဝင်ချင်တိုင်းဝင်သွားလို့မရဘူး။"

"အပြင်ပိုင်းကမထူးခြားပေမဲ့ တစ်ဖက်မှာ အတွင်းလှိုက်ပြီးလောင်သွားနိုင်တယ်။"

သတင်းကောင်းကြားရ၍ ယခုမှပင်သက်ပြင်းချနိုင်ကြလေသည်။

4).

ငါးရက်ကုန်ဆုံးသွားပြီးနောက် သခင်မလေး Meg မှာ မြို့တော်သို့ ဘေးကင်းစွာရောက်ရှိနေပြီဖြစ်ပြီး လုံခြုံသည့်နေရာတွင်ရှိနေပေသည်။ Castiel မှာ မြို့တော်မှနေ၍ နယ်စားမင်းအိမ်တော်သို့သွားရန် ယခင်ကကဲ့သို့ သွားနေကျလမ်းကြောင်းမှသွား၍ မဖြစ်နိုင်သည့်အတွက် ကုန်အဖွဲ့တစ်ခုနှင့်ချိတ်ဆက်ကာ ရောနှောလိုက်ပါသွားရန် ပြင်လိုက်သည်။

နောက်မနက်တွင် မြို့တော်မှထွက်ခွာမည့်ကုန်အဖွဲ့နှင့် မြို့သို့ပြန်ရမည်ဖြစ်ပြီး အခြေအနေကိုတွက်ဆပြီးမှ နယ်စားမင်းနှင့်ဆက်သွယ်ရမည်ဖြစ်သည်။ Castiel အလျင်စလိုလှုပ်ရှားလိုက်၍ တစ်ဖက်မှရိပ်မိသွားပြီး နယ်စားမင်း၏အစီအစဉ်များ ပျက်သွားခဲ့လျှင် လွန်စွာနှမြောဖွယ်ရာဖြစ်သောကြောင့် တစ်ဆင့်ချင်းလှုပ်ရှားနေရလေသည်။

မနက်ခင်းနေရောင်ဖျော့ဖျော့အောက်တွင် ကုန်အဖွဲ့မှလှည်းများ စတင်ထွက်ခွာရန် အလုပ်သမားများပြင်ဆင်နေကြ၏။ အလုပ်သမားခေါင်းဆောင်မှ

"ကဲ၊ အဆင်သင့်ဖြစ်ရင် စထွက်မယ်။ ပြောထားတဲ့အတိုင်းပဲ ဒီတစ်ခါက အရင်အခေါက်တွေထက် နည်းနည်းပိုမြန်မြန်သွားရမှာဆိုတော့ ကုန်ပစ္စည်းတွေကို သတိထားပေးကြ။"

"ဟုတ်ကဲ့"

နန်းမြို့တော်မှထွက်ခွာလာကြပြီး မွန်းတည့်ချိန်တွင် လမ်းခရီး၌ပင်တစ်ထောက်နားကာ ပါလာသောနေ့လယ်စာကို စားသောက်ကြလေသည်။
အဖွဲ့လိုက်နားနေစဉ်မှာပင် အလုပ်သမားအဖြစ်ပါလာသည့် Castiel က လှည်းတစ်စီးအနီးတွင် အဖော်အလုပ်သမားတစ်ဦးနှင့်အတူ စားသောက်ပြီးစီး၍ ကုန်ပစ္စည်းများအကြောင်းပြောသည်ကို နားထောင်နေလေသည်။ ထိုအဖော်အလုပ်သမားမှ

"ခဏလေးဗျာ၊ ဗိုက်နာလို့ တောတိုးဦးမယ်။"

Castiel ခေါင်းညိတ်ပြလိုက်၏။ မကြာမီပင် အလုပ်သမားခေါင်းဆောင်နှင့် အခြားအလုပ်သမားတစ်ဦးရောက်လာပြီး

"ဒီတစ်စီးလည်း ကုန်နည်းတယ်။ ဒီကိုနည်းနည်းထည့်လိုက်။"

ခေါင်းဆောင်ဖြစ်သူပြန်ထွက်သွားလေမှ ကျန်ခဲ့သူအလုပ်သမားက

"ရှေ့ကလှည်းတစ်စီးပျက်သွားလို့ ကုန်တွေနည်းနည်းစီရွှေ့နေရတာဗျာ။ ခင်ဗျားတို့လှည်းဆီ နည်းနည်းခွဲတင်ရမယ်။ ကူပါဦး။"

"ဟုတ်ပြီ၊ ကျွန်တော်လိုက်သယ်ပေးမယ်။"

Castiel လိုက်သွားစဉ်မှာပင် Castiel တို့လှည်းအနီးမှ မြင်းစီးခရီးသွားနှစ်ဦး ဖြတ်သွားလေသည်။ ကုန်အဖွဲ့ရပ်နားနေ၍ ထိုလူများက အရှိန်လျှော့ကာဖြတ်သွားစဉ် တစ်ဦးက လှည်းနှင့်ခပ်လှမ်းလှမ်းသို့ရောက်သွားပြီဖြစ်သည့် Castiel ၏ကျောပြင်ကို လှည့်ကြည့်နေလေသည်။ ထို့နောက်မှ ဆက်၍ထွက်သွားလေ၏။

5).

"အဲဒီလူတွေတစ်သီတစ်တန်းနဲ့ နယ်စားအိမ်တော်ကိုသွားတော့ ချောင်းသတ်မယ့်လူသတ်သမားကို ငါဒီမှာဟေ့လို့ပြောသလို ဖြစ်နေမှာပေါ့။"

"အဲဒါက သတ်ကွင်းဆိုတာသိရဲ့နဲ့ မင်းသားက သွားမလို့လုပ်နေတာလေ။"

"အေး၊ အဲဒီကိုသွားမှ အကြောင်းစုံသိရမှာပေါ့။"

"အန္တရာယ်များလို့ လူခေါ်သွားဖို့ ..."

"မင်းပါမှာမဟုတ်လား။"

စကားဖြတ်မေးသည့် Dean ၏စကားကို Benny က ချက်ချင်းပင်ခေါင်းညိတ်လိုက်၏။

"ငါတို့နှစ်ယောက်ဆို ရပြီ။ နယ်စားအိမ်တော်ကိုလည်း ခိုးဝင်ရမှာ။ ဘယ်သူမှသတိထားမိလို့ မဖြစ်ဘူး။"

"ဘယ်လိုမှ ပြောမရပါလား။"

Benny ၏ခပ်ဖွဖွရေရွတ်သံကို လှည့်ထွက်သွားသည့် Dean ကကြားပြီး လည်ပြန်လှည့်ကြည့်ကာ

"မင်းကရော ငါ့ပြောစကားဆိုနားထောင်လို့လား။ ဒဏ်ရာရထားလို့ အပြင်မထွက်ပါနဲ့လို့မှာခဲ့လည်း ငါ့ကိုလိုက်ရှာတာပဲလေ။"

Benny မငြင်းနိုင်သော်လည်း မျက်နှာမကောင်းပေ။

'အခုက ဘယ်သူ့ကိုစိုးရိမ်နေတာလဲ အရှင့်သား။'

တားမရသည့် Benny လက်လျှော့လိုက်ရ၍ Dean တစ်ယောက် နယ်စားအိမ်တော်သို့ထွက်လာခဲ့သည်။
မနက်ပိုင်းတွင်မှ Castiel ၏နေအိမ်သို့ရောက်ခဲ့ကြပြီး အတော်လေးနေမြင့်မှ ထွက်လာခဲ့ကြသည်ဖြစ်၍ မြင်းကိုအရှိန်တင်စီးနင်းလာခဲ့ကြရာ အရိပ်ရသည့်လမ်းဘေးတစ်နေရာတွင် ခရီးတစ်ထောက်နားနေသည့် ကုန်အဖွဲ့တစ်ဖွဲ့ကိုတွေ့ရ၍ အရှိန်လျှော့လိုက်ကြပြီး ၎င်းတို့အနီးမှ ဖြတ်လာခဲ့လိုက်သည်။

ရှေ့မှသွားနေသည့် Benny ၏နောက်နားမှ Dean ပါလာလျက် ခပ်ပြေပြေကွေ့ချိုးသွားသည့်လမ်းနေရာတွင် ရပ်နားထားသောလှည်းတစ်စီးအနီးမှ ထွက်သွားသည့်လူနှစ်ဦးကို သတိပြုမိသွားသည်။ ထိုလှည်းအနီးမှ Dean ဖြတ်သွားသည့်အခါ ထိုလူတို့မှာ အနည်းငယ်ဝေးသွားလေပြီ။ ထိုအထဲမှတစ်ဦးကိုကြည့်ရသည်မှာ တပ်မှူး Novak နှင့်တူနေသည်ဟု Dean တွေးနေမိသည်။

'Novak ဆိုရင်လည်း Meg Masters အနားမှာ ရှိရမှာပေါ့။ ကုန်အဖွဲ့ထဲရောက်နေစရာမှ မလိုတာ။'

ထိုသို့တွေးလိုက်ပြီး Dean ရှေ့ဆက်ထွက်လာခဲ့တော့သည်။

6).

"ဟိုဘက်အခြမ်းက မီးလောင်တာကို ပြင်ထားတဲ့ဘက်ထင်တယ်။ အဲဒီဘက်ကလယ်တောတွေဆီ သွားကြစို့။"

နေဝင်ရီတရောမှ အိမ်တော်သို့ရောက်သွားသည့် Dean နှင့် Benny တို့မှာ ပေါ်ပေါ်ထင်ထင်လှုပ်ရှားမရ၍ အိမ်တော်တံခါးခေါက်ကာ ဝင်သွားရန်လည်း မဖြစ်နိုင်ပေ။ ကံကောင်းထောက်မစွာနှင့် ပြန်လည်ပြုပြင်ထားသည့်ထိုအခြမ်း၌ အစောင့်နှစ်ဦးရှိနေ၍ ချဉ်းကပ်သွားလိုက်ကြပြီး

"ကျုပ်တို့က တပ်မှူး Novak ရဲ့မိတ်ဆွေတွေပါ။ ဒါကို နယ်စားမင်းဆီ ပို့ပေးပါ။ အရေးကြီးကိစ္စနဲ့ မြို့တော်ကလာတယ်လို့ ပြောပေးပါ။"

Benny ပေးသည့်အိတ်ကို ထုတ်စစ်မည်ပြင်သည့်အတွက်

"အဲဒီအတိုင်းပို့ပေးပါ။"

"ဘယ်ဖြစ်မလဲဗျ။ ကျုပ်တို့က တာဝန်အရ စစ်ဆေးရပါမယ်။"

ထိုနေရာတွင်ပင် အငြင်းအခုန်ဖြစ်နေကြချိန်

"ဘာဖြစ်ကြတာလဲ။"

ရောက်လာသူကို အစောင့်များက အကြောင်းစုံရှင်းပြပြီးနောက် ထိုလူက

"ကျွန်တော့်နာမည် Inias ပါ။ နယ်စားအိမ်တော်ရဲ့ လုံခြုံရေးမှူးပါ။ ဒီကမိတ်ဆွေတို့ရဲ့ နာမည်နဲ့ရာထူးလေးသိခွင့်ရမလားဗျာ။"

"မြို့တော်စုံစမ်းရေးဌာနက စုံစမ်းရေးမှူး Campbell ပါ။"

Benny က အိတ်ထဲမှ နန်းတွင်းကိုယ်ရံတော်တံဆိပ်ကို ထုတ်ပြလိုက်၏။

"ကျွန်တော် နယ်စားမင်းကို အကြောင်းကြားပေးပါ့မယ်။ ဧည့်ဆောင်ကို ကြွပါခင်ဗျာ။"

ဤသို့ဖြင့် Dean တို့ ဧည့်ခန်းဆောင်တွင်စောင့်ဆိုင်းနေကြပြီးနောက် ခဏအကြာတွင် နယ်စားမင်း အလျင်စလိုရောက်လာလေသည်။ ဧည့်ခန်းဆောင်သို့မဝင်မီတွင်လည်း

"အဲဒါ အိမ်ရှေ့စံရဲ့ကိုယ်ရံတော်တံဆိပ်ပဲ။"

Inias ကို ပြောလာဟန်တူ၏။ Dean နှင့် Benny တို့ ဧည့်ဆောင်အပေါက်ဝသို့ ကြည့်နေကြစဉ်မှာပင် နယ်စားမင်း Masters အခန်းတွင်းသို့ခြေချပြီးသည့်အခါ

"ဒီက ကိုယ်ရံတော်တို့က ... ဟင် ... အိမ်ရှေ့စံ။"

by Demon

7)

" တော်သေးတာပေါ့ နယ်စားမင်းတစ်ခုခုဖြစ်မသွားလို့ "

ဟူသော Dean ၏ စကားကို နယ်စားမင်း Masters က နားမလည်ဟန်ဖြင့် အူကြောင်ကြောင်လုပ်နေသောကြောင့် Benny က

" အရှင့်သားပြောချင်တာက နယ်စားမင်းထိခိုက်ဒဏ်ရာရမသွားလို့ တော်သေးတယ်ဆိုတဲ့အဓိပ္ပါယ်ပါ "

ဟု ကြားဝင်၍ ဖြေရှင်းပေးရသည် ။ ထိုအခါမှ နယ်စားမင်း Masters က သဘောကျစွာပြုံး၍

" အဲ့ဒီအတွက်တော့ တပ်မှူး Novak ကို ချီးကျူးရမှာပဲ ... အသက်ငယ်သလောက် သိပ်အမျှော်အမြင်ရှိတာလေ "

ဟု ပြောကာ Castiel ကို ချီးကျူးသည် ။ ထို့ကြောင့် နယ်စားမင်း Masters နှင့်အတူ လိုက်ပြုံးလိုက်ပြီး

" အဲ့ဒါကြောင့် နယ်စားမင်းဆီရောက်လာရတာ ... Lady Masters နဲ့ Castiel အန္တရာယ်ကင်းကြရဲ့လား "

ဟု မေးလိုက်သည် ။ ဤစကားကိုကြားသောအခါ နယ်စားမင်း Masters ၏ မျက်နှာက ချက်ချင်းညှိုးသွားကာ

" အခုထိ ဘာသတင်းမှမကြားရသေးဘူးဆိုတော့ အဆင်ပြေကြလောက်မှာပါ "

ဟု ပြောသည် ။ နယ်စားမင်း Masters ၏ ပုံစံက ပျောက်ဆုံးနေသော ထိုနှစ်ယောက်၏အကြောင်းကို အတိအကျသိပုံမရသောကြောင့် သက်ပြင်းချလိုက်ပြီး ဤနေရာသို့ မိမိကိုယ်တိုင်ရောက်လာရသည့်အကြောင်းနှင့် နန်းတွင်းအခြေအနေများကို အကျဉ်းချုပ်၍ ရှင်းပြလိုက်သည် ။

8)

Castiel က Balthazar ၏ အကူအညီဖြင့် မိမိအား နန်းတော်ထဲသို့သွင်းရန် စီစဉ်ပေးထားသော်လည်း မချစ်ခင်မနှစ်သက်သူနှင့် ပေါင်းဖက်ရမည့်အရေးကို ရင်မဆိုင်လိုသော Meg တစ်ယောက် ဤအရေးမှလွတ်မြောက်အောင် မည်သို့ထွက်ပြေးရမည်နည်းဟု တစ်လမ်းလုံး ကြံစည်တွေးတောနေမိသည် ။

သို့သော် ....
တွေးမိသမျှအကြံအစည်တို့သည် ထက်မြက်ကာ ပါးနပ်သော Balthazar ကို မကျော်နိုင်သောကြောင့် အချည်းနှီးသာ ဖြစ်ခဲ့ရသည် ။ ထို့ကြောင့် လာမည့်ဘေးပြေးတွေ့ရန်သာစိတ်ဆုံးဖြတ်လိုက်ပြီး Balthazar အနောက်သို့ ပါလာခဲ့ရသည် ။

ဤသို့ Balthazar နှင့်အတူ ထွက်လာကြရင်း Balthazar က

" သခင်လေး ... မင်းမနက်ဖြန်ကျရင် နန်းတော်ထဲဝင်ပြီး အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော် ဖြစ်ရတော့မယ် .... ဒါပေမဲ့ မင်းကိုကြည့်ရတာ ယောက်ျားလေးတွေကို စိတ်ဝင်စားတဲ့ပုံလည်းမပေါ်ဘူး ... မဟုတ်မှ မင်းက မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတာလား "

ဟူသော ပေါက်ကရစကားကို ရုတ်တရက်ထပြောသည် ။ အခြေအနေအရပ်ရပ်ကြောင့်သာ ဤသို့ဝတ်စားထားရသော်လည်း မိမိသည် သာမန်မိန်းကလေးသာဖြစ်ကြောင်း Balthazar ကို လတ်တလော သက်သေပြ၍မရသေးသောကြောင့်

" ရှင်လည်း နန်းတော်ထဲကလူပဲမဟုတ်လား ... အဲ့ဒါဆို နောက်ပိုင်းကျ ကျွန်မကဘယ်လိုလူဆိုတာ သိလာလိမ့်မယ် "

ဟု မကျေမနပ် ပြောလိုက်သည် ။ Balthazar က ဤစကားကို ပြန်မတုံ့ပြန်ဘဲ အားရပါးရအော်ရယ်သောကြောင့် အနီးအနားရှိ ပိုးထည်ဆိုင်ထဲသို့ ဆောင့်အောင့်၍ဝင်လာခဲ့လိုက်သည် ။

9)

Dean နယ်စားမင်း Masters ၏ သတင်းစကားအတိုင်း Lady Mastes နှင့် Castiel ကို လိုက်ရှာခဲ့သော်လည်း နှစ်ယောက်စလုံး၏ သတင်းအစအနကိုမရ ။ ဆက်ရှာလိုသေးသော်လည်း Benny က

" နန်းတော်ထဲပြန်ကြရအောင်ပါ အရှင့်သား ... အခုအခြေအနေက အရှင့်သားဝင်ပါလို့ကောင်းတဲ့အခြေအနေ မဟုတ်သေးဘူး ... ပြီးတော့ နန်းတော်မှာ မင်းသမီး Lisa လည်း ရှိနေတယ်လေ .... တော်ကြာ အရှင့်သားနဲ့ကြင်ယာတော်နှစ်ယောက်ကြားမှာ အထင်လွဲစရာကိစ္စတွေ ဖြစ်နေပါဦးမယ် "

ဟု ပြောကာ တားသည့်အပြင် Benny ပြောသည့်စကားမှာ မှန်သည်ဟုထင်မိသောကြောင့် နန်းတော်သို့ပြန်ရန် စိတ်ဆုံးဖြတ်လိုက်သည် ။

သို့သော် ....
လက်ဗလာနှင့်ပြန်သွားလျှင်မကောင်းဟု ယူဆမိသောကြောင့် Lisa အတွက် လက်ဆောင်ပစ္စည်းတစ်ခုခု ဝယ်သွားမည်ဟုစိတ်ကူးကာ မြို့စွန်ရှိ ပွဲရုံတန်းများဆီသို့ ထွက်လာခဲ့လိုက်သည် ။

10)

Dean က Lisa အတွက် နိုင်ငံရပ်ခြားမှတင်သွင်းလာသော နှုတ်ခမ်းနီဝယ်ပေးလိုသော်လည်း Benny က နှုတ်ခမ်းနီထက် ပိုးထည်ဝယ်ပေးခြင်းက ပို၍ကောင်းသည်ဟု အကြံပေးသောကြောင့် Benny ခေါ်ဆောင်ရာ ပိုးထည်ဆိုင်အတွင်းသို့ ဝင်လာခဲ့လိုက်သည် ။

ဆိုင်ထဲသို့ရောက်သည်နှင့် Benny က ကောင်းနိုးရာရာပိုးထည်စများကို အလိုက်တသိနှင့် ယူလာပြပေးသောကြောင့် အပင်ပန်းခံစရာမလိုဘဲ Lisa နှင့် သင့်တော်မည့် ပိုးထည်စကို ရွေးနေမိသည် ။ ဤသို့ စိတ်အေးလက်အေး ပိုးထည်ကြည့်နေစဉ်

" ဒါကျွန်တော်ယူထားတာ "

" ဒီဟာကို ကျုပ်အရင်တွေ့တာ "

စသည်ဖြင့် ငြင်းခုန်သံများကိုကြားရသဖြင့် တုံ့ဆိုင်းမနေဘဲ အသံလာရာဆီသို့ ထွက်လာခဲ့လိုက်သည် ။ ထိုအခါ မိန်းကလေးတစ်ဦးနှင့် ပိုးထည်လုနေသော Benny ကို တွေ့ရသည် ။

Benny နှင့် ပိုးထည်လုနေသော ထိုမိန်းကလေးက ယောက်ျားလေးတစ်ဦးသဖွယ် ဝတ်စားထားသော်လည်း ကြည့်ရုံနှင့်ပင် မိန်းကလေးတစ်ဦးမှန်း တန်းသိနေစေသော ခန္ဓာကိုယ်အချိုးအစားကြောင့် Benny ကို

" Benny ဘာဖြစ်လို့ မိန်းကလေးနဲ့ပြိုင်ပြီး ရန်ဖြစ်နေရတာလဲ "

ဟု မေးလိုက်သည် ။ ဤစကားကိုကြားသောအခါ ထိုယောက်ျားလေးအယောင်ဆောင် မိန်းကလေးက

" ဟေ့လူ ခင်ဗျားဘာစကားပြောတာလဲ "

ဟု ထအော်လေသည် ။ ထို့ကြောင့် လက်ပိုက်၍ ထိုမိန်းကလေးအားကြည့်လိုက်ကာ

" ဒီမှာ ... မင်းလိမ်ချင်ရင် တခြားလူကိုသွားလိမ် ... ငါ့ကိုတော့မရဘူး "

ဟု ပြောလိုက်သည် ။ မိမိစကားကို ထိုမိန်းကလေး ပြန်မတုံ့ပြန်ရသေးခင်

" မင်းကလည်း ကြာလိုက်တာကွာ ... ဘယ်အချိန်အထိရွေးနေမှာလဲ "

ဟူသော အမျိုးသားတစ်ဦး၏အသံကို ကြားရသည် ။ ထိုအမျိုးသားက ဤစကားကိုပြောပြီးသည်နှင့် မိမိတို့အနားသို့ လျှောက်လာသည် ။ မိမိက ထိုအမျိုးသားကိုမသိသော်လည်း Benny က

" Balthazar "

ဟု ထခေါ်သဖြင့် ထိုအမျိုးသားကို မျက်မှောင်ကြုတ်၍ အသေအချာကြည့်လိုက်မိသည် ။

by the_richone_IX

■■■ Episode (18) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі