Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 13
1).

"လာေနၾကၿပီ။"

Castiel ၏တိုးလ်ေသာသတိေပးသံေၾကာင့္ ပုန္းေအာင္းရာေနရာမွ အျပင္ဘက္သို႔ Sam ေခ်ာင္းၾကည့္လိုက္၏။ လူႏွစ္ဦးေရာက္လာၿပီး ထိုေနရာဝန္းက်င္ကို စူးစမ္းၾကည့္ရႈၿပီးေနာက္ အေမွာင္ရိပ္ရွိရာဘက္သို႔ အခ်က္ျပသည့္အခါ လူသုံးဦး ေရွ႕ေနာက္ဆင့္ကာထြက္လာၾကေလသည္။

ထိုစဥ္မွာပင္ ၎တို႔လားရာႏွင့္ဆန႔္က်င္ဘက္အရပ္မွ အျခားလူႏွစ္ဦး အလ်င္လိုစြာေရာက္လာျပန္သည္။ ပထမဦးဆုံးထြက္လာသူႏွစ္ဦးက ေနာက္ဆုံးမွေရာက္လာသူႏွစ္ဦးႏွင့္ စကားအနည္းငယ္ေျပာၿပီးေနာက္ ၎တို႔၏ေနာက္ဘက္တြင္ရပ္ေနသူထံ လွည့္လာ၏။ ေခါင္းတြင္ဝတ္႐ုံၿခဳံထားသည့္ ထိုလူမွာ က်န္လူမ်ားထက္ပို၍အေရးပါဟန္ရွိၿပီး ထိုလူထံသို႔ အစီရင္ခံေနသည့္အရိပ္အေယာင္ကို Castiel ႏွင့္ Sam တို႔ ျမင္ေနရေလသည္။

တစ္ဖက္မွလူႏွစ္ဦးကေစာင့္ေနၿပီး တစ္ဖက္တြင္လည္း အလယ္မွေခါင္းေဆာင္ျဖစ္ဟန္တူသူကို အစီရင္ခံေနသည္။ ထိုလူကေခါင္းညိတ္လိုက္ၿပီး တစ္စုံတစ္ခုေျပာကာ ပတ္ဝန္းက်င္ကိုေဝ့ဝဲၾကည့္လာ၏။ ထိုလူ၏မ်က္ႏွာ Castiel တို႔ရွိရာဘက္သို႔လွည့္လာသည့္အခါ

"Dick Roman"

Castiel တိုးညင္းစြာေရ႐ြတ္သည့္အခါ Sam ထံမွ ဘယ္သူလဲဟုေမးလိုသည့္အၾကည့္ကို ရရွိလိုက္ေလသည္။

"ၿမိဳ႕စား"

နယ္စားမင္း Masters လက္ေအာက္မွ ၿမိဳ႕စားတစ္ဦးျဖစ္သည္ဟု Sam သေဘာေပါက္လိုက္၏။ ၾကည့္ေနစဥ္မွာပင္ ထိုလူမ်ား လူစုခြဲရန္ျပင္ေနၾကေလၿပီ။

"အစီအစဥ္ပ်က္ၿပီထင္တယ္။ ငါ ၿမိဳ႕စားေနာက္ကိုလိုက္ရမယ္။"

"ဒါဆို ဟိုဘက္ကိုလိုက္သြားလိုက္မယ္။"

"မနက္ျဖန္ညေနေလာက္မွ ငါ့ေနရာမွာဆုံမယ္။"

တစ္ဖက္မွလူႏွစ္ဦးေနာက္သို႔ Sam က လိုက္ရန္ျပင္၏။ Castiel က

"Sam, သတိထားပါ။"

Sam ေခါင္းညိတ္ျပလိုက္ၿပီး လူစုခြဲသြားသူတို႔ေနာက္သို႔ လိုက္သြားေတာ့သည္။

Castiel ပုန္းခိုေနရာမွထြက္လာၿပီး ၿမိဳ႕စား Roman ေနာက္မွလိုက္လာသည့္အခါ ၿမိဳ႕သို႔ဦးတည္ရာျဖတ္လမ္းသို႔ ေရာက္လာခဲ့၏။ ထိုလမ္းတြင္ ျမင္းႏွင့္ေစာင့္ဆိုင္းေနသူမ်ားႏွင့္ Roman ေတြ႕ဆုံၿပီး ျမင္းစီးကာထြက္သြားသည့္အခါ Castiel က်န္ေနခဲ့ေတာ့သည္။

ေနာက္မွလိုက္ႏိုင္ရန္ အနီးဆုံးျမင္းနားစခန္းတစ္ခုရွိရာသို႔ Castiel ထြက္လာသည့္အခါ ထိုေနရာတြင္ ယခင္ကတည္းက ပုန္းခိုေစာင့္ဆိုင္းကာၾကည့္ေနသည့္ လူတစ္ဦးလည္း ထြက္သြားေလသည္။

2)

အိမ္ေရွ႕စံမင္းသား၏တစ္ကိုယ္လုံးတြင္ မ်ားျပားလွေသာ ဒဏ္ရာဒဏ္ခ်က္မ်ားကို ေတြ႕လိုက္ရသျဖင့္ Benny စိုးရိမ္စိတ္တို႔က ငယ္ထိပ္အထိေဆာင့္တက္သြားရသလို ေဒါသမီးတို႔ကလည္း တဟုန္းဟုန္းေတာက္ေလာင္ရေတာ့သည္ ။ ထို႔ေၾကာင့္ Garth ကို

" Garth .... မင္းအလုပ္က အရွင့္သားကိုေစာင့္ေရွာက္ဖို႔ေလ .... အခုလိုျဖစ္တာကိုၾကည့္ေနဖို႔မဟုတ္ဘူး "

ဟု ေအာ္လိုက္သည္ ။ Garth ကလည္း အျပစ္ကိုသိဟန္တူသည္ ။ မိမိစကားကို တစ္ခြန္းပင္ျပန္မတုံ႔ျပန္ ။

သို႔ေသာ္ ....
လတ္တေလာအိမ္ေရွ႕စံ၏အေျခအေနက သမားေတာ္ႏွင့္ျပရန္လိုအပ္ေနေသာေၾကာင့္ Garth ကို

" အခုျမန္ျမန္သြားၿပီး သမားေတာ္ရွာလာခဲ့ .... ဒီပုံစံအတိုင္း နန္းေတာ္ထဲျပန္သြားလို႔ကေတာ့ မင္းကိုေရာငါ့ကိုေရာ မင္းႀကီးက ေခါင္းျဖတ္သတ္လိမ့္မယ္ "

ဟု ေအာ္လိုက္သည္ ။ Garth က ေခါင္းညိတ္၍ ေနရာမွထြက္ခြာသြားေသာအခါမွ မိမိသည္လည္း အိမ္ေရွ႕စံမင္းသား၏ဒဏ္ရာမ်ားကို ၾကည့္ရႈစစ္ေဆးရန္ ျပင္ဆင္ရေတာ့သည္ ။

3).

ေနာက္ေယာင္ခံလိုက္လာသည့္ Sam တစ္ေယာက္ အခက္ေတြ႕ေနေလသည္။ အေၾကာင္းမွာ ေရွ႕မွသြားေနသည့္လူႏွစ္ဦးသည္ လမ္းခြဲထြက္သြားၾကေသာေၾကာင့္ပင္။

"မတတ္ႏိုင္ဘူး။ တစ္ဖက္ေတာ့လြတ္မွာပဲ။"

ေနာက္ဆုံးတြင္ Sam ေရာက္ရွိသြားသည္မွာ သူဖုန္းစား႐ြာသို႔ျဖစ္ေလသည္။ ထိုလူသည္ ႐ြာအတြင္းသို႔တိုက္ရိုက္မဝင္ဘဲ အေျခအေနကိုစူးစမ္းေန၍ Sam ေစာင့္ၾကည့္ေနစဥ္ ႐ြာေတာင္ဘက္ျခမ္းေခ်ာင္းရိုးဘက္မွ လူတစ္ဦးထြက္လာၿပီး ထိုလူႏွင့္စကားေျပာကာ အလ်င္စလိုထြက္ခြာရန္ျပင္ေနၾကေသာေၾကာင့္ ဆက္လိုက္ရန္ ျပင္ေသာ္လည္း အျခားတစ္ဖက္ျခမ္းမွထြက္လာသည့္ လူရိပ္မ်ားေၾကာင့္ၾကည့္လိုက္ရာ

"Garth? သူက ဒီေရာက္ေနတာလား။ ဒါဆို Dean ပါရွိေနတာလား။ ဒီမွာဘာေတြျဖစ္သြားၾကလို႔ Roman နဲ႔အေပးအယူကိစၥ ပ်က္သြားရတာလဲ။"

အေတြးစုံေနသည့္ Sam မွာ မည္သို႔မၽွဆက္မေတြးႏိုင္ေတာ့ဘဲ Garth ရွိေနရာသို႔သာ ဦးတည္လိုက္ပါေတာ့သည္။

4)

Sam တစ္ေယာက္ Garth အေနာက္သို႔ အမီလိုက္သြားရန္ႀကိဳးစားခဲ့ေသာ္လည္း Garth က ျမင္းျဖင့္ အလ်င္စလိုထြက္ခြာသြားေသာေၾကာင့္မမီလိုက္ ။ ထို႔ေၾကာင့္ ႐ြာထဲသို႔သာဝင္ၾကည့္ရန္စိတ္ကူး၍ ႐ြာထဲသို႔ အသာဝင္လာခဲ့လိုက္သည္ ။

သို႔ေသာ္ ....
႐ြာထဲတြင္ သံသယျဖစ္ဖြယ္အေျခအေနမ်ားကိုမေတြ႕ရ ။ သန္းေခါင္ေက်ာ္ေနၿပီျဖစ္၍ လူတိုင္းသည္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနၾကၿပီျဖစ္သည္ ။

အေျခအေနက ဤသို႔ရွင္းလင္းေနေသာ္လည္း မိမိစိတ္ထဲတြင္ တစ္စုံတစ္ရာကို အာ႐ုံခံမိေနသည္ ။ ထို႔ေၾကာင့္ ျပန္မထြက္ေသးဘဲ ေမွာင္ရိပ္ခိုကာ ႐ြာထဲမွအေျခအေနမ်ားကို လိုက္လံစူးစမ္းေနမိသည္ ။ ဤသို႔ ေလၽွာက္စူးစမ္းရင္း ပ်က္စီးေနသည့္ဂိုေဒါင္တစ္ခုအနားသို႔ ေရာက္ခါနီးတြင္

" လူဝင္ေနတယ္ဗ်ိဳး "

" လူဝင္ေနတယ္ "

ဟု က်ယ္ေလာင္စြာေအာ္လိုက္ေသာ အမ်ိဳးသမီးတစ္ဦး၏ အသံစူးစူးက ထြက္ေပၚလာသည္ ။ ထိုအမ်ိဳးသမီး၏အသံေၾကာင့္ အိမ္အခ်ိဳ႕မွ မီးမ်ားလင္းလာသည္ ။ ထို႔ေၾကာင့္

" အေရးထဲမွ ကင္းေစာင့္နဲ႔လာတိုးေနေသးတယ္ "

ဟု ေရ႐ြတ္ကာ ေနရာမွ အသာျပန္လည္၍ဆုတ္ခြာလာခဲ့လိုက္သည္ ။

5).

"Castiel Novak ပဲတဲ့လား။ တကယ္ကိုေလၽွာ့တြက္မရတာပဲ။ ငါက ဂိုေဒါင္ဘက္မွာျပႆနာတက္တာ သူ႔လက္ခ်က္လို႔ထင္ေနမိတာ။ သူက တစ္ဖက္ကိုေရာက္ေနတာတဲ့လား။"

"မွန္ပါတယ္ သခင္။ ၿမိဳ႕စား Roman ေနာက္ကေနလိုက္သြားဖို႔ျပင္တာကို ကြၽန္ေတာ္ေသခ်ာေတြ႕ခဲ့တာပါ။"

"ေကာင္းၿပီ၊ မင္းတာဝန္အတိုင္း Roman ကို ဆက္ၿပီးေစာင့္ၾကည့္ထား။"

ထြက္သြားသည့္သူ၏လူကိုၾကည့္ရင္း Lilith တစ္စုံတစ္ခုကိုေတြးေနေလသည္။ ထို႔ေနာက္ ေဘးတြင္အဆင္သင့္ရွိေနသည့္ သူ၏ညာလက္႐ုံးကို အနားတိုးကပ္ေစရန္ လက္ဟန္ျပလိုက္၏။

"အမိန႔္ရွိပါ သခင္။"

"Roman ကို Masters တို႔ဘက္က လိုက္ေနတဲ့ကိစၥ အေၾကာင္းၾကားလိုက္။ သူတို႔ခ်င္း ရွင္းၾကပါေစဦး။ ညကဝင္လာတဲ့လူကို စုံစမ္းတဲ့ကိစၥလည္း ျမန္ျမန္လုပ္ဖို႔ ေျပာလိုက္။"

"ဟုတ္ကဲ့ပါ သခင္။"

6).

"Roman က Skullcrusher နဲ႔ပူးေပါင္းေနတယ္လို႔ ေျပာတာလား။"

"ပူးေပါင္းတာမဟုတ္ရင္ေတာင္ အေရာင္းအဝယ္ကိစၥ ပတ္သက္မႈရွိေနတာေတာ့ ေသခ်ာပါတယ္ အရွင္။"

"ဒါဆို သူတို႔အကုန္လုံး ဆက္စပ္ၿပီး တျခားအႀကံအစည္ေတြရွိေနႏိုင္တယ္။"

"ကြၽန္ေတာ္ ဆက္ၿပီးစုံစမ္းမွာပါ အရွင္။ အခုက အေျခအေနသိရတာနဲ႔ ခ်က္ခ်င္းလာအေၾကာင္းၾကားရတာပါ။"

"သတိထားပါ Castiel. မင္းကို တစ္ဖက္ဂိုဏ္းကလည္း ေစာင့္ၾကည့္ေနေတာ့မွာ ေသခ်ာေနၿပီ။ ျဖစ္ႏိုင္ရင္ Inias နဲ႔အတူလႈပ္ရွားေစခ်င္တယ္။ မင္းတစ္ေယာက္တည္းကေတာ့ အႏၲရာယ္မ်ားလြန္းေနၿပီ။"

"Inias ကို ဒီမွာထားမွျဖစ္မွာပါ အရွင္။ ကြၽန္ေတာ္တစ္ေယာက္တည္းက ျပႆနာမရွိပါဘူး။ ဒီမွာသူက်န္ေနမွ အိမ္ေတာ္နဲ႕ အရွင္တို႔သားအဖအတြက္ ကြၽန္ေတာ္စိတ္ေျဖာင့္ႏိုင္မွာပါ။"

"ဒါဆိုလည္း Uriel ကို ျပန္ေခၚတာျဖစ္ျဖစ္ လုပ္ေစခ်င္တယ္။"

"နယ္စပ္မွာက သူမရွိလို႔အဆင္မေျပပါဘူး အရွင္။ ကြၽန္ေတာ့္ကိုစိတ္မပူပါနဲ႔။"

"ေကာင္းၿပီ။ ဘာကိစၥပဲျဖစ္လာျဖစ္လာ မင္းထိခိုက္မယ့္ကိစၥဆိုရင္ ကိုယ္လြတ္႐ုန္းခဲ့ပါ Castiel. ငါေျပာတာ နားလည္တယ္မဟုတ္လား။"

စိုးရိမ္ေနသည့္နယ္စားမင္းေၾကာင့္ Castiel ၿပဳံးလိုက္ၿပီး

"ကြၽန္ေတာ္နားလည္ပါတယ္ အရွင္။"

7).

"သခင္မေလး"

Castiel က သူ၏ျမင္းညိဳႀကီးကိုျပင္ဆင္ရန္ ျမင္းေဇာင္းသို႔ေရာက္လာသည့္အခါ အစာစားေနသည့္ျမင္းညိဳႀကီးေဘးတြင္ Meg ကထိုင္ၾကည့္ေနသည္ကို ေတြ႕လိုက္ရျခင္းပင္။

Castiel ၏အသံေၾကာင့္ Meg မတ္တပ္ထရပ္ၿပီး လွည့္ၾကည့္လာ၏။

"Roman ေနာက္ကိုလိုက္ရင္း ျပန္ေရာက္လာတာဆို။"

"ဟုတ္ပါတယ္။"

"အႏၲရာယ္မ်ားတယ္မဟုတ္လား။"

"မဟုတ္ပါဘူး။ သူတို႔ဆိုတာ အရင္ကတည္းကလည္း ..."

"Skullcrusher ပါ ပါလာတာ အႏၲရာယ္မမ်ားဘူးတဲ့လား။"

"..............."

"Castiel, သတိထားပါေနာ္။"

"စိတ္ခ်ပါ သခင္မေလး။"

ျမင္းညိဳႀကီးအနီးသို႔ေရာက္လာသည့္ Castiel မွာ ယခုမွပင္ Meg ကို အနီးကပ္ၾကည့္မိၿပီးေနာက္

"သခင္မေလး ေနမေကာင္းဘူးလား။"

"ေကာင္းပါတယ္။"

"ဒါဆို ငိုထားတာပဲ။ ဘာျဖစ္လို႔လဲ သခင္မေလး။"

Castiel ၏စကားေၾကာင့္ ေဖာင္းမို႔သေယာင္ရွိေနသည့္ မ်က္ဝန္းအိမ္တို႔ကို Meg လက္ႏွင့္စမ္းၾကည့္လိုက္မိသည္။ အေတြးတြင္မူ

'အဲဒီေလာက္အထိ သတိထားဂ႐ုစိုက္တာေတြ မလုပ္ပါနဲ႕လား။'

မ်က္ခမ္းစပ္ကိုလက္ႏွင့္ပြတ္လ်က္ ၿငိမ္သြားသည့္ Meg ေၾကာင့္ Castiel က

"သခင္မေလး"

"ဟင္။ ဒီလိုပါပဲ၊ အေဖနဲ႔စိတ္ေကာက္တာ။"

"ညာပါဗ်ာ။"

Meg ၿပဳံးလိုက္ကာ

"ေျပာစရာရွိတယ္။"

"ဟုတ္ကဲ့"

"Hannah ကို ဘယ္လိုသေဘာရလဲ။"

"ဗ်ာ"

"Hannah ေလ၊ သူ႔ကို ဘယ္လိုသေဘာရလဲလို႔။"

"Hannah ဆိုတာ ဟို Hannah?"

"အင္းေပါ့၊ အဲဒီ Hannah. လွတယ္မဟုတ္လား။ သေဘာက်လား။"

"ဟာဗ်ာ၊ သူလွတာကလွတာေလ။ ကြၽန္ေတာ္က ဘာလို႔သေဘာက်ရမွာလဲ။"

ၿမိဳ႕မ်က္ႏွာဖုံးသူေဌးတစ္ဦး၏ သမီးတစ္ေယာက္ျဖစ္သူ Hannah မွာ Castiel အား သေဘာက်ေနသူျဖစ္ေလသည္။

"ဪ၊ ဟိုတစ္ရက္က အေဖကလည္းေျပာေနလို႔။ Castiel ကတဲ့၊ သူ႔ဘဝနဲ႔သူမေနရေသးဘူးတဲ့။ အိမ္ေတာ္ကိစၥေတြနဲ႔ပဲရႈပ္ေနရတာတဲ့။ သူ႔ခမ်ာ ကိုယ့္မိသားစုနဲ႔ကိုယ္ေနဖို႔ အခြင့္အေရးေလးေတာ့ ရွိသင့္တယ္တဲ့။"

ရယ္ေမာကာေျပာေနသည့္ Meg ေၾကာင့္ Castiel မ်က္ႏွာတည္သြားၿပီး

"သခင္မေလးက ကြၽန္ေတာ့္ကို ေအးေအးေဆးေဆးေနတာ မျမင္ခ်င္ဘူးထင္တယ္။ သားပူ၊ မယားပူ မိေစခ်င္တာလားဗ်ာ။"

"အေဖေျပာလို႔ ေျပာရတာပါ။ ေအာင္သြယ္ေပးစရာရွိေၾကာင္း အသိေပးတာ။"

"ေနပါေစေတာ့ဗ်ာ၊ ဒီအတိုင္းပဲေနပါရေစ။ သူမ်ားသမီးပ်ိဳေလးကို ဒုကၡမေပးခ်င္ပါဘူး။ သူ႔ဘာသာ ေအးေအးခ်မ္းခ်မ္းေနပါေစလား၊"

"ေစတနာနဲ႔ေျပာတာကို။"

'သူမ်ားအပိုင္ျဖစ္သြားရင္ စိတ္ထဲကထုတ္ပစ္ဖို႔ ပိုလြယ္သြားမလားလို႔ပါ Castiel.'

ရယ္႐ုံသာရယ္ေနသည့္ Castiel ကိုၾကည့္လ်က္ Meg အေတြးတို႔သည္လြင့္ေမ်ာလ်က္။

8)

Garth က ခခယယသြားေခၚလာ၍ သမားေတာ္ပါလာၿပီး အိမ္ေရွ႕စံမင္းသားကို စမ္းသပ္ၾကည့္ရႈေပးသြားေသာ္လည္း မနက္မိုးစင္စင္လင္းသည္အထိ အိမ္ေရွ႕စံမင္းသားက သတိရမလာေသး ။ ထို႔ေၾကာင့္ Benny တစ္ေယာက္ ပူထူလာကာ Garth ကို

" Garth ... မင္းမေန႔ကေခၚလာတာ သမားေတာ္ေရာ ဟုတ္ရဲ႕လား "

ဟု ေမးလိုက္သည္ ။ Garth က

" ေသခ်ာပါတယ္ ... ငါကိုယ္တိုင္ၿမိဳ႕ထဲကအတင္းေခၚလာတာ "

ဟု အေျဖေပးေသာေၾကာင့္ ေခါင္းကုတ္လိုက္ၿပီး

" ဒါဆို အရွင့္သားက ဘာျဖစ္လို႔အခုထိမႏိုးလာေသးတာလဲ "

ဟူ၍ ေမးခြန္းထုတ္လိုက္သည္ ။

" မေန႔က သမားေတာ္ေျပာသြားတယ္ေလ .... အနာသက္သာေအာင္ေသာက္ရတဲ့ေဆးကအရမ္းျပင္းေတာ့ လူနာကေတာ္ေတာ္နဲ႔သတိရလာမွာမဟုတ္ဘူးလို႔ "

ဟူေသာ အေျဖကိုရေသာေၾကာင့္

" ငါတို႔ နန္းေတာ္ထဲျပန္ဝင္ရဦးမယ္ေလ "

ဟု ေအာ္လိုက္သည္ ။ ထိုစဥ္ အိမ္ေရွ႕စံမင္းသားက လူးလြန္႔လႈပ္ရွားလာသျဖင့္ Garth ႏွင့္ ရန္ျဖစ္ေနသည္ကိုပင္ေမ့သြားကာ

" အရွင့္သား "

ဟု ေခၚၿပီး အိမ္ေရွ႕စံမင္းသားထံသို႔ ေျပးသြားလိုက္သည္ ။

9)

ကေလးမဟုတ္သူငယ္မဟုတ္ႏွင့္ ရန္ျဖစ္ေနၾကေသာ Garth ႏွင့္ Benny ကို ၾကည့္၍ Dean သက္ျပင္းခ်လိုက္ကာ

" မင္းတို႔ႏွစ္ေကာင္ ရန္ဆက္ျဖစ္ေနၾကဦးမယ္ဆိုရင္ ဒီမွာပဲေနခဲ့ၿပီး ဆက္ျဖစ္ေနလိုက္ၾကေတာ့ .... ငါေတာ့ျပန္ေတာ့မယ္ "

ဟု ေျပာၿပီး မတ္တပ္ထရပ္လိုက္သည္ ။ ထိုအခါမွ Benny က အနားသို႔ေျပးလာၿပီး

" ကြၽန္ေတာ္မ်ိဳးက အရွင့္သားရဲ႕ကိုယ္ရံေတာ္ဆိုေတာ့ ကြၽန္ေတာ္မ်ိဳးပါအတူလိုက္မယ္ "

ဟု ေျပာသည္ ။ Garth ကလည္း Benny ကို အရႈံးမေပးဘဲ အနားသို႔ျပန္ေရာက္လာေသာေၾကာင့္ ေခါင္းခါလိုက္ကာ

" မင္းတို႔ ရန္ဆက္ျဖစ္ေနၾကဦးမယ္ဆိုရင္ေတာ့ ငါမျပန္ေတာ့ဘူး .... ဒီမွာပဲေနလိုက္ေတာ့မယ္ .... မင္းတို႔ဘာသာ ျပန္လိုက္ၾကေတာ့ "

ဟု ေျပာကာ ထိုင္ခုံတြင္ျပန္ထိုင္လိုက္ၿပီး လက္ပိုက္၍ မတည့္အတူေနႏွစ္ေယာက္ကို စိုက္ၾကည့္ေနလိုက္သည္ ။

10)

ခမည္းေတာ္၏အစီအစဥ္ကို တစ္ဖက္ႏိုင္ငံမွလက္ခံသည္ဟူေသာသတင္းစကားေၾကာင့္ Lisa တစ္ေယာက္ ထိုသတင္းရၿပီး အခ်ိန္သိပ္မၾကာခင္မွာပင္ ၾကင္ယာေတာ္ေတြ႕ဆုံပြဲသို႔သြားရန္ျပင္ဆင္ကာ တစ္ဖက္ႏိုင္ငံဆီသို႔ ထြက္ခြာလာရသည္ ။

ခမည္းေတာ္ ၊ မယ္ေတာ္တို႔မပါဘဲ ပထမဦးဆုံးအႀကိမ္ တိုင္းတပါးသို႔ထြက္လာခဲ့ရျခင္းျဖစ္ေသာေၾကာင့္ အားငယ္ကာ ဝမ္းနည္းမိေသာ္လည္း ဤကိစၥအဆင္မေျပလၽွင္ မိမိတို႔ႏိုင္ငံ၏ စားဝတ္ေနေရးအေျခအေနသည္လည္း ပို၍ၾကပ္တည္းလာမည္ျဖစ္ေသာေၾကာင့္ စိတ္ကိုတင္းကာ ခရီးႏွင္လာခဲ့ရသည္ ။ ဤသို႔ခရီးႏွင္လာရင္း ႏွစ္လျပည့္ရန္ တစ္ပတ္အလိုတြင္ တစ္ဖက္ႏိုင္ငံႏွင့္ထိစပ္ေနေသာ ေတာအုပ္ဆီသို႔ ေရာက္ရွိလာသည္ ။ မိမိတို႔ေရာက္ရွိခ်ိန္သည္ ေႏြဦးေရာက္ေတာ့မည္ျဖစ္ေသာေၾကာင့္ စိမ္းလန္းေသာသစ္ပင္တို႔မွ အ႐ြက္မ်ားသည္ အဝါေရာင္သန္းစျပဳလာၿပီျဖစ္သည္ ။ ထို႔အျပင္ ရာသီဥတုသည္လည္း ယခင္ေဆာင္းတြင္းကလိုမဟုတ္ေတာ့ ။ ေႏြးေထြးေသာေလမ်ားက တိုက္ခတ္စျပဳလာၿပီျဖစ္သည္ ။ ထို႔ေၾကာင့္ စိတ္ညစ္ေနသည္ကိုပင္ေမ့ကာ တစ္လမ္းလုံး ျမင္ရသမၽွျမင္ကြင္းမ်ားကို တအံ့တၾသ လိုက္လံၾကည့္ရႈေနမိသည္ ။ ထိုစဥ္

" ေရာက္ဖို႔ကေတာ့ သိပ္မလိုေတာ့ပါဘူး မင္းသမီးေလး ... ဒါေပမဲ့ မေန႔ကတည္းက ဒီေန႔အထိမနားဘဲ ေတာက္ေလၽွာက္ခရီးႏွင္လာရေတာ့ မင္းသမီးေလးပင္ပန္းေနေလာက္ၿပီထင္လို႔ ကြၽန္ေတာ္မ်ိဳးတို႔ ဒီနားမွာခရီးတစ္ေထာက္နားၾကရင္ ေကာင္းမလားလို႔ မင္းသမီးေလးကို လာေမးတာပါ "

ဟူေသာ ေမးခြန္းကို မိမိ၏ ကိုယ္ရံေတာ္ျဖစ္သူက ေမးလာသည္ ။

မိမိက လွည္းေပၚတြင္ အခန္႔သားထိုင္၍လိုက္ရသူျဖစ္ေသာေၾကာင့္ မပင္ပန္းေသာ္လည္း အေနာက္မွလိုက္လာရေသာ ရံေ႐ြေတာ္မ်ားႏွင့္ အမႈထမ္းမ်ားသည္ ေျခလ်င္လိုက္ရျခင္းျဖစ္သည္ ။ တစ္ရက္ႏွင့္တစ္ညလုံး မနားရေသး၍ ပင္ပန္းေနၾကမည္ကိုသိေသာေၾကာင့္ ေခါင္းညိတ္ျပလိုက္ၿပီး လွည္းေပၚမွဆင္းလိုက္သည္ ။

by Demon & the_richone_IX

■■■ Episode (14) ဆက္ရန္ ■■■

1).

"လာနေကြပြီ။"

Castiel ၏တိုးလျသောသတိပေးသံကြောင့် ပုန်းအောင်းရာနေရာမှ အပြင်ဘက်သို့ Sam ချောင်းကြည့်လိုက်၏။ လူနှစ်ဦးရောက်လာပြီး ထိုနေရာဝန်းကျင်ကို စူးစမ်းကြည့်ရှုပြီးနောက် အမှောင်ရိပ်ရှိရာဘက်သို့ အချက်ပြသည့်အခါ လူသုံးဦး ရှေ့နောက်ဆင့်ကာထွက်လာကြလေသည်။

ထိုစဉ်မှာပင် ၎င်းတို့လားရာနှင့်ဆန့်ကျင်ဘက်အရပ်မှ အခြားလူနှစ်ဦး အလျင်လိုစွာရောက်လာပြန်သည်။ ပထမဦးဆုံးထွက်လာသူနှစ်ဦးက နောက်ဆုံးမှရောက်လာသူနှစ်ဦးနှင့် စကားအနည်းငယ်ပြောပြီးနောက် ၎င်းတို့၏နောက်ဘက်တွင်ရပ်နေသူထံ လှည့်လာ၏။ ခေါင်းတွင်ဝတ်ရုံခြုံထားသည့် ထိုလူမှာ ကျန်လူများထက်ပို၍အရေးပါဟန်ရှိပြီး ထိုလူထံသို့ အစီရင်ခံနေသည့်အရိပ်အယောင်ကို Castiel နှင့် Sam တို့ မြင်နေရလေသည်။

တစ်ဖက်မှလူနှစ်ဦးကစောင့်နေပြီး တစ်ဖက်တွင်လည်း အလယ်မှခေါင်းဆောင်ဖြစ်ဟန်တူသူကို အစီရင်ခံနေသည်။ ထိုလူကခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုပြောကာ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လာ၏။ ထိုလူ၏မျက်နှာ Castiel တို့ရှိရာဘက်သို့လှည့်လာသည့်အခါ

"Dick Roman"

Castiel တိုးညင်းစွာရေရွတ်သည့်အခါ Sam ထံမှ ဘယ်သူလဲဟုမေးလိုသည့်အကြည့်ကို ရရှိလိုက်လေသည်။

"မြို့စား"

နယ်စားမင်း Masters လက်အောက်မှ မြို့စားတစ်ဦးဖြစ်သည်ဟု Sam သဘောပေါက်လိုက်၏။ ကြည့်နေစဉ်မှာပင် ထိုလူများ လူစုခွဲရန်ပြင်နေကြလေပြီ။

"အစီအစဉ်ပျက်ပြီထင်တယ်။ ငါ မြို့စားနောက်ကိုလိုက်ရမယ်။"

"ဒါဆို ဟိုဘက်ကိုလိုက်သွားလိုက်မယ်။"

"မနက်ဖြန်ညနေလောက်မှ ငါ့နေရာမှာဆုံမယ်။"

တစ်ဖက်မှလူနှစ်ဦးနောက်သို့ Sam က လိုက်ရန်ပြင်၏။ Castiel က

"Sam, သတိထားပါ။"

Sam ခေါင်းညိတ်ပြလိုက်ပြီး လူစုခွဲသွားသူတို့နောက်သို့ လိုက်သွားတော့သည်။

Castiel ပုန်းခိုနေရာမှထွက်လာပြီး မြို့စား Roman နောက်မှလိုက်လာသည့်အခါ မြို့သို့ဦးတည်ရာဖြတ်လမ်းသို့ ရောက်လာခဲ့၏။ ထိုလမ်းတွင် မြင်းနှင့်စောင့်ဆိုင်းနေသူများနှင့် Roman တွေ့ဆုံပြီး မြင်းစီးကာထွက်သွားသည့်အခါ Castiel ကျန်နေခဲ့တော့သည်။

နောက်မှလိုက်နိုင်ရန် အနီးဆုံးမြင်းနားစခန်းတစ်ခုရှိရာသို့ Castiel ထွက်လာသည့်အခါ ထိုနေရာတွင် ယခင်ကတည်းက ပုန်းခိုစောင့်ဆိုင်းကာကြည့်နေသည့် လူတစ်ဦးလည်း ထွက်သွားလေသည်။

2)

အိမ်ရှေ့စံမင်းသား၏တစ်ကိုယ်လုံးတွင် များပြားလှသော ဒဏ်ရာဒဏ်ချက်များကို တွေ့လိုက်ရသဖြင့် Benny စိုးရိမ်စိတ်တို့က ငယ်ထိပ်အထိဆောင့်တက်သွားရသလို ဒေါသမီးတို့ကလည်း တဟုန်းဟုန်းတောက်လောင်ရတော့သည် ။ ထို့ကြောင့် Garth ကို

" Garth .... မင်းအလုပ်က အရှင့်သားကိုစောင့်ရှောက်ဖို့လေ .... အခုလိုဖြစ်တာကိုကြည့်နေဖို့မဟုတ်ဘူး "

ဟု အော်လိုက်သည် ။ Garth ကလည်း အပြစ်ကိုသိဟန်တူသည် ။ မိမိစကားကို တစ်ခွန်းပင်ပြန်မတုံ့ပြန် ။

သို့သော် ....
လတ်တလောအိမ်ရှေ့စံ၏အခြေအနေက သမားတော်နှင့်ပြရန်လိုအပ်နေသောကြောင့် Garth ကို

" အခုမြန်မြန်သွားပြီး သမားတော်ရှာလာခဲ့ .... ဒီပုံစံအတိုင်း နန်းတော်ထဲပြန်သွားလို့ကတော့ မင်းကိုရောငါ့ကိုရော မင်းကြီးက ခေါင်းဖြတ်သတ်လိမ့်မယ် "

ဟု အော်လိုက်သည် ။ Garth က ခေါင်းညိတ်၍ နေရာမှထွက်ခွာသွားသောအခါမှ မိမိသည်လည်း အိမ်ရှေ့စံမင်းသား၏ဒဏ်ရာများကို ကြည့်ရှုစစ်ဆေးရန် ပြင်ဆင်ရတော့သည် ။

3).

နောက်ယောင်ခံလိုက်လာသည့် Sam တစ်ယောက် အခက်တွေ့နေလေသည်။ အကြောင်းမှာ ရှေ့မှသွားနေသည့်လူနှစ်ဦးသည် လမ်းခွဲထွက်သွားကြသောကြောင့်ပင်။

"မတတ်နိုင်ဘူး။ တစ်ဖက်တော့လွတ်မှာပဲ။"

နောက်ဆုံးတွင် Sam ရောက်ရှိသွားသည်မှာ သူဖုန်းစားရွာသို့ဖြစ်လေသည်။ ထိုလူသည် ရွာအတွင်းသို့တိုက်ရိုက်မဝင်ဘဲ အခြေအနေကိုစူးစမ်းနေ၍ Sam စောင့်ကြည့်နေစဉ် ရွာတောင်ဘက်ခြမ်းချောင်းရိုးဘက်မှ လူတစ်ဦးထွက်လာပြီး ထိုလူနှင့်စကားပြောကာ အလျင်စလိုထွက်ခွာရန်ပြင်နေကြသောကြောင့် ဆက်လိုက်ရန် ပြင်သော်လည်း အခြားတစ်ဖက်ခြမ်းမှထွက်လာသည့် လူရိပ်များကြောင့်ကြည့်လိုက်ရာ

"Garth? သူက ဒီရောက်နေတာလား။ ဒါဆို Dean ပါရှိနေတာလား။ ဒီမှာဘာတွေဖြစ်သွားကြလို့ Roman နဲ့အပေးအယူကိစ္စ ပျက်သွားရတာလဲ။"

အတွေးစုံနေသည့် Sam မှာ မည်သို့မျှဆက်မတွေးနိုင်တော့ဘဲ Garth ရှိနေရာသို့သာ ဦးတည်လိုက်ပါတော့သည်။

4)

Sam တစ်ယောက် Garth အနောက်သို့ အမီလိုက်သွားရန်ကြိုးစားခဲ့သော်လည်း Garth က မြင်းဖြင့် အလျင်စလိုထွက်ခွာသွားသောကြောင့်မမီလိုက် ။ ထို့ကြောင့် ရွာထဲသို့သာဝင်ကြည့်ရန်စိတ်ကူး၍ ရွာထဲသို့ အသာဝင်လာခဲ့လိုက်သည် ။

သို့သော် ....
ရွာထဲတွင် သံသယဖြစ်ဖွယ်အခြေအနေများကိုမတွေ့ရ ။ သန်းခေါင်ကျော်နေပြီဖြစ်၍ လူတိုင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီဖြစ်သည် ။

အခြေအနေက ဤသို့ရှင်းလင်းနေသော်လည်း မိမိစိတ်ထဲတွင် တစ်စုံတစ်ရာကို အာရုံခံမိနေသည် ။ ထို့ကြောင့် ပြန်မထွက်သေးဘဲ မှောင်ရိပ်ခိုကာ ရွာထဲမှအခြေအနေများကို လိုက်လံစူးစမ်းနေမိသည် ။ ဤသို့ လျှောက်စူးစမ်းရင်း ပျက်စီးနေသည့်ဂိုဒေါင်တစ်ခုအနားသို့ ရောက်ခါနီးတွင်

" လူဝင်နေတယ်ဗျိုး "

" လူဝင်နေတယ် "

ဟု ကျယ်လောင်စွာအော်လိုက်သော အမျိုးသမီးတစ်ဦး၏ အသံစူးစူးက ထွက်ပေါ်လာသည် ။ ထိုအမျိုးသမီး၏အသံကြောင့် အိမ်အချို့မှ မီးများလင်းလာသည် ။ ထို့ကြောင့်

" အရေးထဲမှ ကင်းစောင့်နဲ့လာတိုးနေသေးတယ် "

ဟု ရေရွတ်ကာ နေရာမှ အသာပြန်လည်၍ဆုတ်ခွာလာခဲ့လိုက်သည် ။

5).

"Castiel Novak ပဲတဲ့လား။ တကယ်ကိုလျှော့တွက်မရတာပဲ။ ငါက ဂိုဒေါင်ဘက်မှာပြဿနာတက်တာ သူ့လက်ချက်လို့ထင်နေမိတာ။ သူက တစ်ဖက်ကိုရောက်နေတာတဲ့လား။"

"မှန်ပါတယ် သခင်။ မြို့စား Roman နောက်ကနေလိုက်သွားဖို့ပြင်တာကို ကျွန်တော်သေချာတွေ့ခဲ့တာပါ။"

"ကောင်းပြီ၊ မင်းတာဝန်အတိုင်း Roman ကို ဆက်ပြီးစောင့်ကြည့်ထား။"

ထွက်သွားသည့်သူ၏လူကိုကြည့်ရင်း Lilith တစ်စုံတစ်ခုကိုတွေးနေလေသည်။ ထို့နောက် ဘေးတွင်အဆင်သင့်ရှိနေသည့် သူ၏ညာလက်ရုံးကို အနားတိုးကပ်စေရန် လက်ဟန်ပြလိုက်၏။

"အမိန့်ရှိပါ သခင်။"

"Roman ကို Masters တို့ဘက်က လိုက်နေတဲ့ကိစ္စ အကြောင်းကြားလိုက်။ သူတို့ချင်း ရှင်းကြပါစေဦး။ ညကဝင်လာတဲ့လူကို စုံစမ်းတဲ့ကိစ္စလည်း မြန်မြန်လုပ်ဖို့ ပြောလိုက်။"

"ဟုတ်ကဲ့ပါ သခင်။"

6).

"Roman က Skullcrusher နဲ့ပူးပေါင်းနေတယ်လို့ ပြောတာလား။"

"ပူးပေါင်းတာမဟုတ်ရင်တောင် အရောင်းအဝယ်ကိစ္စ ပတ်သက်မှုရှိနေတာတော့ သေချာပါတယ် အရှင်။"

"ဒါဆို သူတို့အကုန်လုံး ဆက်စပ်ပြီး တခြားအကြံအစည်တွေရှိနေနိုင်တယ်။"

"ကျွန်တော် ဆက်ပြီးစုံစမ်းမှာပါ အရှင်။ အခုက အခြေအနေသိရတာနဲ့ ချက်ချင်းလာအကြောင်းကြားရတာပါ။"

"သတိထားပါ Castiel. မင်းကို တစ်ဖက်ဂိုဏ်းကလည်း စောင့်ကြည့်နေတော့မှာ သေချာနေပြီ။ ဖြစ်နိုင်ရင် Inias နဲ့အတူလှုပ်ရှားစေချင်တယ်။ မင်းတစ်ယောက်တည်းကတော့ အန္တရာယ်များလွန်းနေပြီ။"

"Inias ကို ဒီမှာထားမှဖြစ်မှာပါ အရှင်။ ကျွန်တော်တစ်ယောက်တည်းက ပြဿနာမရှိပါဘူး။ ဒီမှာသူကျန်နေမှ အိမ်တော်နဲ့ အရှင်တို့သားအဖအတွက် ကျွန်တော်စိတ်ဖြောင့်နိုင်မှာပါ။"

"ဒါဆိုလည်း Uriel ကို ပြန်ခေါ်တာဖြစ်ဖြစ် လုပ်စေချင်တယ်။"

"နယ်စပ်မှာက သူမရှိလို့အဆင်မပြေပါဘူး အရှင်။ ကျွန်တော့်ကိုစိတ်မပူပါနဲ့။"

"ကောင်းပြီ။ ဘာကိစ္စပဲဖြစ်လာဖြစ်လာ မင်းထိခိုက်မယ့်ကိစ္စဆိုရင် ကိုယ်လွတ်ရုန်းခဲ့ပါ Castiel. ငါပြောတာ နားလည်တယ်မဟုတ်လား။"

စိုးရိမ်နေသည့်နယ်စားမင်းကြောင့် Castiel ပြုံးလိုက်ပြီး

"ကျွန်တော်နားလည်ပါတယ် အရှင်။"

7).

"သခင်မလေး"

Castiel က သူ၏မြင်းညိုကြီးကိုပြင်ဆင်ရန် မြင်းဇောင်းသို့ရောက်လာသည့်အခါ အစာစားနေသည့်မြင်းညိုကြီးဘေးတွင် Meg ကထိုင်ကြည့်နေသည်ကို တွေ့လိုက်ရခြင်းပင်။

Castiel ၏အသံကြောင့် Meg မတ်တပ်ထရပ်ပြီး လှည့်ကြည့်လာ၏။

"Roman နောက်ကိုလိုက်ရင်း ပြန်ရောက်လာတာဆို။"

"ဟုတ်ပါတယ်။"

"အန္တရာယ်များတယ်မဟုတ်လား။"

"မဟုတ်ပါဘူး။ သူတို့ဆိုတာ အရင်ကတည်းကလည်း ..."

"Skullcrusher ပါ ပါလာတာ အန္တရာယ်မများဘူးတဲ့လား။"

"..............."

"Castiel, သတိထားပါနော်။"

"စိတ်ချပါ သခင်မလေး။"

မြင်းညိုကြီးအနီးသို့ရောက်လာသည့် Castiel မှာ ယခုမှပင် Meg ကို အနီးကပ်ကြည့်မိပြီးနောက်

"သခင်မလေး နေမကောင်းဘူးလား။"

"ကောင်းပါတယ်။"

"ဒါဆို ငိုထားတာပဲ။ ဘာဖြစ်လို့လဲ သခင်မလေး။"

Castiel ၏စကားကြောင့် ဖောင်းမို့သယောင်ရှိနေသည့် မျက်ဝန်းအိမ်တို့ကို Meg လက်နှင့်စမ်းကြည့်လိုက်မိသည်။ အတွေးတွင်မူ

'အဲဒီလောက်အထိ သတိထားဂရုစိုက်တာတွေ မလုပ်ပါနဲ့လား။'

မျက်ခမ်းစပ်ကိုလက်နှင့်ပွတ်လျက် ငြိမ်သွားသည့် Meg ကြောင့် Castiel က

"သခင်မလေး"

"ဟင်။ ဒီလိုပါပဲ၊ အဖေနဲ့စိတ်ကောက်တာ။"

"ညာပါဗျာ။"

Meg ပြုံးလိုက်ကာ

"ပြောစရာရှိတယ်။"

"ဟုတ်ကဲ့"

"Hannah ကို ဘယ်လိုသဘောရလဲ။"

"ဗျာ"

"Hannah လေ၊ သူ့ကို ဘယ်လိုသဘောရလဲလို့။"

"Hannah ဆိုတာ ဟို Hannah?"

"အင်းပေါ့၊ အဲဒီ Hannah. လှတယ်မဟုတ်လား။ သဘောကျလား။"

"ဟာဗျာ၊ သူလှတာကလှတာလေ။ ကျွန်တော်က ဘာလို့သဘောကျရမှာလဲ။"

မြို့မျက်နှာဖုံးသူဌေးတစ်ဦး၏ သမီးတစ်ယောက်ဖြစ်သူ Hannah မှာ Castiel အား သဘောကျနေသူဖြစ်လေသည်။

"ဪ၊ ဟိုတစ်ရက်က အဖေကလည်းပြောနေလို့။ Castiel ကတဲ့၊ သူ့ဘဝနဲ့သူမနေရသေးဘူးတဲ့။ အိမ်တော်ကိစ္စတွေနဲ့ပဲရှုပ်နေရတာတဲ့။ သူ့ခမျာ ကိုယ့်မိသားစုနဲ့ကိုယ်နေဖို့ အခွင့်အရေးလေးတော့ ရှိသင့်တယ်တဲ့။"

ရယ်မောကာပြောနေသည့် Meg ကြောင့် Castiel မျက်နှာတည်သွားပြီး

"သခင်မလေးက ကျွန်တော့်ကို အေးအေးဆေးဆေးနေတာ မမြင်ချင်ဘူးထင်တယ်။ သားပူ၊ မယားပူ မိစေချင်တာလားဗျာ။"

"အဖေပြောလို့ ပြောရတာပါ။ အောင်သွယ်ပေးစရာရှိကြောင်း အသိပေးတာ။"

"နေပါစေတော့ဗျာ၊ ဒီအတိုင်းပဲနေပါရစေ။ သူများသမီးပျိုလေးကို ဒုက္ခမပေးချင်ပါဘူး။ သူ့ဘာသာ အေးအေးချမ်းချမ်းနေပါစေလား၊"

"စေတနာနဲ့ပြောတာကို။"

'သူများအပိုင်ဖြစ်သွားရင် စိတ်ထဲကထုတ်ပစ်ဖို့ ပိုလွယ်သွားမလားလို့ပါ Castiel.'

ရယ်ရုံသာရယ်နေသည့် Castiel ကိုကြည့်လျက် Meg အတွေးတို့သည်လွင့်မျောလျက်။

8)

Garth က ခခယယသွားခေါ်လာ၍ သမားတော်ပါလာပြီး အိမ်ရှေ့စံမင်းသားကို စမ်းသပ်ကြည့်ရှုပေးသွားသော်လည်း မနက်မိုးစင်စင်လင်းသည်အထိ အိမ်ရှေ့စံမင်းသားက သတိရမလာသေး ။ ထို့ကြောင့် Benny တစ်ယောက် ပူထူလာကာ Garth ကို

" Garth ... မင်းမနေ့ကခေါ်လာတာ သမားတော်ရော ဟုတ်ရဲ့လား "

ဟု မေးလိုက်သည် ။ Garth က

" သေချာပါတယ် ... ငါကိုယ်တိုင်မြို့ထဲကအတင်းခေါ်လာတာ "

ဟု အဖြေပေးသောကြောင့် ခေါင်းကုတ်လိုက်ပြီး

" ဒါဆို အရှင့်သားက ဘာဖြစ်လို့အခုထိမနိုးလာသေးတာလဲ "

ဟူ၍ မေးခွန်းထုတ်လိုက်သည် ။

" မနေ့က သမားတော်ပြောသွားတယ်လေ .... အနာသက်သာအောင်သောက်ရတဲ့ဆေးကအရမ်းပြင်းတော့ လူနာကတော်တော်နဲ့သတိရလာမှာမဟုတ်ဘူးလို့ "

ဟူသော အဖြေကိုရသောကြောင့်

" ငါတို့ နန်းတော်ထဲပြန်ဝင်ရဦးမယ်လေ "

ဟု အော်လိုက်သည် ။ ထိုစဉ် အိမ်ရှေ့စံမင်းသားက လူးလွန့်လှုပ်ရှားလာသဖြင့် Garth နှင့် ရန်ဖြစ်နေသည်ကိုပင်မေ့သွားကာ

" အရှင့်သား "

ဟု ခေါ်ပြီး အိမ်ရှေ့စံမင်းသားထံသို့ ပြေးသွားလိုက်သည် ။

9)

ကလေးမဟုတ်သူငယ်မဟုတ်နှင့် ရန်ဖြစ်နေကြသော Garth နှင့် Benny ကို ကြည့်၍ Dean သက်ပြင်းချလိုက်ကာ

" မင်းတို့နှစ်ကောင် ရန်ဆက်ဖြစ်နေကြဦးမယ်ဆိုရင် ဒီမှာပဲနေခဲ့ပြီး ဆက်ဖြစ်နေလိုက်ကြတော့ .... ငါတော့ပြန်တော့မယ် "

ဟု ပြောပြီး မတ်တပ်ထရပ်လိုက်သည် ။ ထိုအခါမှ Benny က အနားသို့ပြေးလာပြီး

" ကျွန်တော်မျိုးက အရှင့်သားရဲ့ကိုယ်ရံတော်ဆိုတော့ ကျွန်တော်မျိုးပါအတူလိုက်မယ် "

ဟု ပြောသည် ။ Garth ကလည်း Benny ကို အရှုံးမပေးဘဲ အနားသို့ပြန်ရောက်လာသောကြောင့် ခေါင်းခါလိုက်ကာ

" မင်းတို့ ရန်ဆက်ဖြစ်နေကြဦးမယ်ဆိုရင်တော့ ငါမပြန်တော့ဘူး .... ဒီမှာပဲနေလိုက်တော့မယ် .... မင်းတို့ဘာသာ ပြန်လိုက်ကြတော့ "

ဟု ပြောကာ ထိုင်ခုံတွင်ပြန်ထိုင်လိုက်ပြီး လက်ပိုက်၍ မတည့်အတူနေနှစ်ယောက်ကို စိုက်ကြည့်နေလိုက်သည် ။

10)

ခမည်းတော်၏အစီအစဉ်ကို တစ်ဖက်နိုင်ငံမှလက်ခံသည်ဟူသောသတင်းစကားကြောင့် Lisa တစ်ယောက် ထိုသတင်းရပြီး အချိန်သိပ်မကြာခင်မှာပင် ကြင်ယာတော်တွေ့ဆုံပွဲသို့သွားရန်ပြင်ဆင်ကာ တစ်ဖက်နိုင်ငံဆီသို့ ထွက်ခွာလာရသည် ။

ခမည်းတော် ၊ မယ်တော်တို့မပါဘဲ ပထမဦးဆုံးအကြိမ် တိုင်းတပါးသို့ထွက်လာခဲ့ရခြင်းဖြစ်သောကြောင့် အားငယ်ကာ ဝမ်းနည်းမိသော်လည်း ဤကိစ္စအဆင်မပြေလျှင် မိမိတို့နိုင်ငံ၏ စားဝတ်နေရေးအခြေအနေသည်လည်း ပို၍ကြပ်တည်းလာမည်ဖြစ်သောကြောင့် စိတ်ကိုတင်းကာ ခရီးနှင်လာခဲ့ရသည် ။ ဤသို့ခရီးနှင်လာရင်း နှစ်လပြည့်ရန် တစ်ပတ်အလိုတွင် တစ်ဖက်နိုင်ငံနှင့်ထိစပ်နေသော တောအုပ်ဆီသို့ ရောက်ရှိလာသည် ။ မိမိတို့ရောက်ရှိချိန်သည် နွေဦးရောက်တော့မည်ဖြစ်သောကြောင့် စိမ်းလန်းသောသစ်ပင်တို့မှ အရွက်များသည် အဝါရောင်သန်းစပြုလာပြီဖြစ်သည် ။ ထို့အပြင် ရာသီဥတုသည်လည်း ယခင်ဆောင်းတွင်းကလိုမဟုတ်တော့ ။ နွေးထွေးသောလေများက တိုက်ခတ်စပြုလာပြီဖြစ်သည် ။ ထို့ကြောင့် စိတ်ညစ်နေသည်ကိုပင်မေ့ကာ တစ်လမ်းလုံး မြင်ရသမျှမြင်ကွင်းများကို တအံ့တသြ လိုက်လံကြည့်ရှုနေမိသည် ။ ထိုစဉ်

" ရောက်ဖို့ကတော့ သိပ်မလိုတော့ပါဘူး မင်းသမီးလေး ... ဒါပေမဲ့ မနေ့ကတည်းက ဒီနေ့အထိမနားဘဲ တောက်လျှောက်ခရီးနှင်လာရတော့ မင်းသမီးလေးပင်ပန်းနေလောက်ပြီထင်လို့ ကျွန်တော်မျိုးတို့ ဒီနားမှာခရီးတစ်ထောက်နားကြရင် ကောင်းမလားလို့ မင်းသမီးလေးကို လာမေးတာပါ "

ဟူသော မေးခွန်းကို မိမိ၏ ကိုယ်ရံတော်ဖြစ်သူက မေးလာသည် ။

မိမိက လှည်းပေါ်တွင် အခန့်သားထိုင်၍လိုက်ရသူဖြစ်သောကြောင့် မပင်ပန်းသော်လည်း အနောက်မှလိုက်လာရသော ရံရွေတော်များနှင့် အမှုထမ်းများသည် ခြေလျင်လိုက်ရခြင်းဖြစ်သည် ။ တစ်ရက်နှင့်တစ်ညလုံး မနားရသေး၍ ပင်ပန်းနေကြမည်ကိုသိသောကြောင့် ခေါင်းညိတ်ပြလိုက်ပြီး လှည်းပေါ်မှဆင်းလိုက်သည် ။

by Demon & the_richone_IX

■■■ Episode (14) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі