Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 01
1).

"အရွင့္သား၊ မိဖုရားက အေခၚေတာ္ပါးပါတယ္။"

မိဖုရား Kate ၏ ရံေရြေတာ္မိန္းမပ်ိဳမွ အရိုအေသျပဳေလၽွာက္တင္လာသည္ကို Sam ေခါင္းညိတ္ျပလိုက္သည္။ ခမည္းေတာ္ ဘုရင္ႀကီး John ၏ မိဖုရားတစ္ပါးျဖစ္သည့္ Kate သည္ ယခင္မိဖုရားေခါင္ Mary နတ္ရြာစံၿပီးေနာက္ မိဖုရားေခါင္ေနရာသို႔ ေရာက္ရွိလာသူျဖစ္ၿပီး မင္းသားငယ္ႏွစ္ဦးျဖစ္သည့္ Dean ႏွင့္ Sam ကို ၾကည့္ရႈေစာင့္ေရွာက္ေပးခဲ့သူ ျဖစ္ေပသည္။ မိေထြးဆိုေသာ္ျငား ဆိုးသြမ္းသည့္အက်င့္စရိုက္မရွိ၍ မင္းသားငယ္ညီအစ္ကိုတို႔မွလည္း ေလးစားသမႈရွိၾကပါ၏။ မိဖုရား Kate မွလည္း မင္းသားငယ္တစ္ပါးဖြားျမင္ထားၿပီး ထိုမင္းသားငယ္၏အမည္မွာ Adam ျဖစ္သည္။

"မင္းသား Sam အခစားဝင္ေၾကာင္းပါ။"

အပ်ိဳေတာ္မ်ား အနည္းငယ္ပ်ာယာခတ္ေနသည့္ မိဖုရားေခါင္နန္းေဆာင္သို႔ Sam ဝင္လာခဲ့ၿပီး Sam မွ Kate ကို အရိုအေသျပဳ၍ ႏႈတ္ဆက္လိုက္သည့္အခါ

"Sammy, Adam ေပ်ာက္သြားျပန္ၿပီကြယ္။"

"ေပ်ာက္သြားျပန္ၿပီလား။ မစိုးရိမ္ပါနဲ႔ မယ္ေတာ္၊ ကၽြန္ေတာ္မ်ိဳးရွာေပးပါမယ္။"

မိဖုရား Kate အား လိုအပ္သည္မ်ားကိုေမး၍ Sam ျပန္ထြက္လာခဲ့သည္။ Adam ၏ကိုယ္ရံေတာ္ပါေပ်ာက္ေန၍ Adam ႏွင့္ အတူတကြရွိေနႏိုင္သည္ေၾကာင့္ အနည္းငယ္စိတ္ေအးရေပသည္။ ေမးရင္းျမန္းရင္းမွပင္ ေနာက္ဆံုးသဲလြန္စမွာ Dean ထံတြင္အဆံုးသတ္၏။ ထို႔ေၾကာင့္ Dean ရွိရာသို႔ Sam ေရာက္လာရေပေတာ့သည္။

2).

"ခစ္ ခစ္"

"ဟား ဟား ဟား"

"အဟမ္း"

နန္းတြင္းသူတစ္ဦးကို က်ီစယ္ေနသည့္ Dean မွာ Sam ၏အသံေၾကာင့္လွည့္ၾကည့္လာၿပီး နန္းတြင္းသူမွလည္း Sam ကို အရိုအေသျပဳလာ၏။

"ဘာကိစၥလဲ။"

"Adam"

Dean ၏မ်က္ႏွာေပၚမွ အရယ္အျပံဳးတို႔ ေပ်ာက္သြားခဲ့ၿပီး

"သြားေတာ့။"

နန္းတြင္းသူေလး ထြက္သြားသည့္အခါမွ

"Adam ဘာျဖစ္ျပန္ၿပီလဲ။"

"ေပ်ာက္ေနလို႔ ဝိုင္းရွာေနၾကပါတယ္။ မင္းသား Dean နဲ႔အတူ မနက္ကေတြ႕တယ္လို႔ ေျပာၾကလို႔ လာေမးၾကည့္တာပါ။"

"ငါေၾကာင့္ပဲ ျဖစ္ျပန္ၿပီလား။"

"ဘာေတြျဖစ္ၾကတာလဲ။"

"ထံုးစံအတိုင္း ေျမႇာက္ေပးလိုက္ၾကတာပဲေပါ့။ လက္ရွိမိဖုရားေခါင္ရဲ႕သားက အိမ္ေရွ႕စံျဖစ္သင့္တယ္တို႔၊ ငါက Adam အတြက္ အႏၲရာယ္ရွိတယ္တို႔၊ ခမည္းေတာ္က ငါတို႔ႏွစ္ေယာက္ကိုပဲ ဦးစားေပးတယ္တို႔နဲ႔ ေသြးခြဲၾကတာပါပဲ။"

"Adam က အဲဒီကိစၥကို လာေျပာျပတာလား။"

"ခမည္းေတာ္ သူ႔ကိုေပးထားတဲ့ ဓားေျမႇာင္ကို ငါကေဖ်ာက္ပစ္တယ္ဆိုၿပီး ျပႆနာတက္တာ။ အဲဒီကေနစၿပီး အဲဒီအေရးမပါတာကို အရာလုပ္ေနတဲ့ ဟိုအမတ္စုတ္ေတြစကားကို သူကျပန္ေျပာေတာ့ ငါနဲ႔စကားမ်ားၾကတာပဲ။"

"ဘာလို႔ေဖ်ာက္ပစ္လိုက္တာလဲ။"

"မင္းကပါ ငါ့ကိုမယံုျပန္တာလား။ မေဖ်ာက္ဘူး၊ သူဓားေပါက္ကစားေနရင္းက လက္ထိသြားလို႔ ငါကသတိထားဖို႔ဝင္ေျပာတာ ငါ့ကိုစိန္ေခၚေနတာနဲ႔ ယုန္နက္ကိုလွမ္းပစ္ျပလိုက္တာ ေခ်ာ္သြားၿပီးခ်ံဳထဲဝင္သြားလို႔ ရွာမေတြ႕တာ။ သူစိတ္ဆိုးၿပီးထြက္သြားေတာ့ သူ႔ကိုယ္ရံေတာ္ပါသြားသားပဲ။"

"ဪ၊ ဒါဆို သြားရွာလိုက္ဦးမယ္။"

"အေနာက္ဘက္ဥယ်ာဥ္ေဘး ဇရပ္ေလးနားက ေခ်ာင္းနားကိုသြားၾကည့္။"

"အဲဒီမွာလား။"

"ငါက သိမလား။ ငါထင္တာ ငါေျပာတာ။"

Sam က လွည့္ထြက္ရန္ျပင္သည့္အခါ Dean က

"ေနဦး။"

Sam လွည့္ၾကည့္လိုက္သည္။

"ေရာ့၊ ျပန္ေပးလိုက္။ Garth ျပန္ရွာေပးထားတာ။"

Adam ၏ ဓားေျမႇာင္။ ခ်ံဳထဲမွ ရေအာင္ျပန္ရွာေပးထားသည္ဟုလည္း ဝန္မခံပါဘဲ Sam မွတစ္ဆင့္ ျပန္ေပးခိုင္းေနျပန္သည္။ အမွန္တကယ္ Garth ကိုရွာခိုင္းလၽွင္လည္း Garth ႏွင့္ျပန္ေပးခိုင္းလိုက္လၽွင္ ၿပီးေနၿပီျဖစ္သည္။ မည္သည့္ေနရာသြားသည္ကိုလည္း လိုက္ၾကည့္ခိုင္းထားၿပီးပါလ်က္ သူထင္ရာေျပာသည္ဟု လိမ္ညာေနေသး၏။
Sam ျပံဳးလိုက္သည္။

"ဘာရယ္တာလဲ။"

"Adam ေလးက အခုမွ ဆယ့္သံုးႏွစ္ပဲရွိေသးေတာ့ သူနားမလည္ေသးလို႔ပါ။ သည္းခံလိုက္ပါ။"

"ငါက ကေလးနဲ႔ရန္ဖက္ျဖစ္ေနတယ္လို႔ ေျပာခ်င္တာလား။"

Sam ေခါင္းခါရင္းႏွင့္ပင္ လွည့္ထြက္ခဲ့သည္။ ေသခ်ာသည္မွာ Adam သည္ ဇရပ္ေလးေဘးနားတြင္ ရွိေနမည္မွာ မလြဲေပ။

3).

Dean ၏စရိုက္အရ သူစိတ္ပူသည္ကိုလည္း ထုတ္ျပမည္မဟုတ္သကဲ့သို႔ Adam အထင္လြဲသည့္အခါလည္း ရွင္းျပမည္မဟုတ္ေပ။ အမတ္မ်ား၏ကုန္းတိုက္စကားတို႔ေၾကာင့္ ငယ္ရြယ္ေသးသည့္ Adam က ရန္လုပ္လၽွင္ အက်ိဳးအေၾကာင္းသင့္စြာ ရွင္းျပေနမည့္သူလည္း မဟုတ္ျပန္ပါ။ ယခုလည္း ဓားေပါက္ေလ့က်င့္ရင္း လက္ထိသည့္ Adam ကို စိတ္ပူ၍ေျပာရာမွ ကေတာက္ကဆျဖစ္ရင္း Adam ေက်နပ္ေစရန္ တမင္ပင္ ဓားကိုလြဲပစ္ျပျခင္းျဖစ္ေပမည္။ မင္းသား Dean ၏အရည္အခ်င္းမွာ ဤမၽွမညံ့ဖ်င္းေပ။ ထို႔ျပင္ ယုန္နက္ေလးဆိုသည္မွာလည္း ညီမေတာ္ Charlie ၏အခ်စ္ေတာ္ျဖစ္သည့္အတြက္ ထိခိုက္မိသြားလၽွင္ အိမ္ေရွ႕စံနန္းေဆာင္ ျပာက်ႏိုင္ေပသည္မဟုတ္ပါလား။

မိဖုရား Mary ရွိစဥ္ကပင္ သားေတာ္အႀကီးဆံုးျဖစ္သည့္ Dean ကို အိမ္ေရွ႕အရာအပ္ႏွင္းထားခဲ့ၿပီးျဖစ္၍ ယခုအခ်ိန္အခါတြင္ ဘုရင္ John က်န္းမာေရးအနည္းငယ္ခ်ိဳ႕ယြင္းလာသည့္အတြက္ ထီးနန္းဆက္ခံမႈအေရးကိစၥကို အခ်ိဳ႕ေသာမႉးႀကီးမတ္ရာတို႔က ကယက္ထေစရန္ ၾကံရြယ္ေနျခင္းပင္။ Sam ကိုပင္ မသိသာေသာနည္းအခ်ိဳ႕ႏွင့္ ထီးနန္းအေမြကိစၥအတြင္းသို႔ ဆြဲသြင္းခ်င္ၾကသည့္အမတ္တို႔လည္း ရွိၾကေသး၏။ Sam အေနႏွင့္ဆိုလၽွင္ ဤကိစၥကို စိတ္ဝင္စားျခင္းမရွိေပ။ ေနာင္ေတာ္မင္းသားက ထီးနန္းဆက္ခံလၽွင္ သူက အတတ္ႏိုင္ဆံုးအကူအညီေပးမည္။ လိုအပ္သည့္ေနရာတြင္ ျဖည့္ဆည္းေပးကာ တိုင္းျပည္ေအးခ်မ္းႏိုင္ရန္သည္သာ အဓိကဆႏၵတစ္ရပ္။

4).

"Lord Masters ကို ဘယ္လိုမွစည္းရံုးလို႔မရႏိုင္ဘူးလား။"

"မရေတာ့ဘူး Sir Roman."

"ဒါဆို က်ဳပ္တို႔အၾကံအစည္ေတြအတြက္ ဘယ္လိုလုပ္ၾကမလဲ။"

"သူ႔ကို အစအဆံုးေျပာထားတာလည္းမဟုတ္၊ ဘာသက္ေသမွလည္း မရွိလို႔ သူဘာတတ္ႏိုင္မွာလဲ။"

"သူက ဘာလို႔မ်ား ဒီကိစၥကိုလက္မခံရသလဲ။"

"က်ဳပ္ၾကားရတာေတာ့ သူ႔သမီးငယ္ကို နန္းေတာ္ဆီလမ္းေဖာက္မလို႔တဲ့။"

"အမွန္ပဲလား။ ဘုရင္ John ဘက္က ဘယ္လိုရွိသတဲ့လဲ။"

"အိမ္ေရွ႕စံအတြက္ မိဖုရားေတြက ေပါပါတယ္။ ဒီလိုနယ္စားတစ္ေယာက္ရဲ႕သမီးကို မက္ေမာစရာေတာ့မရွိဘူးေပါ့။ ဒါေပမဲ့ အခုက သူကသာ ဘုရင့္ဘက္ေတာ္သားျဖစ္သြားခဲ့ရင္ က်ဳပ္တို႔အၾကံအစည္ေတြ ေရစုန္ေမ်ာသြားရမွာ။ သူကဝင္မပါရင္ေတာင္ ေဘးဖယ္ေနမယ္ဆိုရင္ အဆင္ေျပတယ္ေလ။ သူသာ ဘုရင္နဲ႔ခမည္းခမက္ေတာ္သြားရင္ ....."

"ဒါေတာ့ မျဖစ္ေခ်ဘူးမဟုတ္လား။ က်ဳပ္တို႔ တစ္ခုခုေတာ့ စီစဥ္ရမယ္။"

နယ္စားႏွင့္ၿမိဳ႕စားအခ်ိဳ႕၏ လၽွိဳ႕ဝွက္ေတြ႕ဆံုျခင္းသည္ အျခားတိုင္းျပည္ႏွင့္ လက္နက္ေရာင္းဝယ္ရန္ကိစၥပင္ ျဖစ္ရမည္က ရာႏႈန္းျပည့္ေသခ်ာေနသည္ကို သိထားၿပီးျဖစ္ေသာ္လည္း ဆိုးဝါးလြန္းသည့္ကိစၥမဟုတ္လၽွင္ လစ္လ်ဴရႈရန္အတြက္ နယ္စားမင္း Masters က ဆံုးျဖတ္ထားၿပီးျဖစ္သည္။ ယခုအခါ ၎တို႔စီမံရာသို႔ပါမလာသည့္ နယ္စားမင္း Masters ကို တစ္စံုတစ္ရာထိခိုက္ေစရန္ ၾကံစည္ေနၾကသည့္အတြက္ ဤကိစၥကို နယ္စားမင္းထံ အသိေပးရန္မွာ သူ၏တာဝန္ပင္ျဖစ္၏။

5).

"နယ္စားမင္းက ဘယ္မွာလဲ။"

"ေလ့က်င့္ေရးကြင္းမွာပါ တပ္မႉး။"

ေလ့က်င့္ေရးကြင္းရွိရာသို႔ လိုက္လာခဲ့ေလလၽွင္ သမီးျဖစ္သူႏွင့္ျမႇားပစ္ေနသည့္ နယ္စားမင္းကိုေတြ႕ရေလသည္။

"အရွင္"

"ေအး Castiel. ျပန္ေရာက္ၿပီလား။ ခဏေစာင့္ဦး။"

လွည့္ၾကည့္လာသည့္ သားအဖႏွစ္ဦးကို Castiel ဦးညြတ္လိုက္ၿပီး မလွမ္းမကမ္းတြင္သာ ရပ္ေစာင့္ေနလိုက္၏။ မိခင္မရွိေတာ့ၿပီျဖစ္သည့္ သူတို႔၏သခင္မေလးမွာ ဖခင္နယ္စားမင္း၏အခ်စ္ေတာ္ကေလးျဖစ္ၿပီး ဖခင္သြားေလရာပါသည့္အတြက္ သူေလးမွာ ေယာက္်ားေလးတစ္ပိုင္းျဖစ္ေနခဲ့ၿပီ။ အထိန္းေတာ္မ်ားႏွင့္ဆိုလၽွင္ မိန္းကေလးသဘာဝအတိုင္း ျပင္ဆင္လွပေနတတ္ၿပီး ဖခင္ႏွင့္ဆံုလၽွင္ စစ္မက္ေရးရာႏွင့္ ျပည္သူတို႔၏လူေနမႈမ်ားအေၾကာင္းကို သင္ယူေနရတတ္ေလသည္။ တစ္ခါတစ္ရံတြင္ နယ္စားမင္းက သူ႔အားေမးတတ္သည္မွာ

"က်ဳပ္က သမီးေလးအတြက္ ဖခင္ေကာင္းမွ ျဖစ္ရဲ႕လားမသိေတာ့ပါဘူး Castiel."

"အရွင္က သမီးငယ္ကိုသိပ္ခ်စ္တဲ့အေၾကာင္း တစ္နယ္လံုးသိပါတယ္ အရွင္။"

"သားသမီးကိုခ်စ္တတ္ရံုနဲ႔ မိဘေကာင္းျဖစ္မလာႏိုင္ဘူး။ သမီးငယ္က သူ႔မိခင္မရွိဘဲ ႀကီးျပင္းလာရေတာ့ တစ္ခါတေလ သူ႔ခမ်ာမွာ မိန္းကေလးသဘာဝေလးေတြေတာင္ ေပ်ာက္ေနသလားလို႔ပါ။"

"သခင္မေလးက အထိန္းေတာ္ေတြနဲ႔ေတာ့ ေကာင္းေကာင္းမြန္မြန္ရွိတတ္တာပါပဲ။"

"ဟုတ္တယ္။ အဲဒီလိုေလးေတြ႕ရေတာ့ သြားေလသူကို သတိရတယ္။ သူသာရွိခဲ့ရင္ သမီးငယ္က သူ႔လိုသိမ္သိမ္ေမြ႕ေမြ႕ေလးနဲ႔ မိန္းမပီသတဲ့မိန္းမပ်ိဳေလး ျဖစ္လာမွာ။ အခုေတာ့ က်ဳပ္အစိုးရိမ္လြန္တိုင္း သူ႔ကိုသင္ေပးမိတာေတြက ျပင္းထန္လြန္းသလားပဲ။"

"အရွင္က ကိုယ့္ကိုယ္ကိုကာကြယ္တတ္ေအာင္ သင္ၾကားေပးခဲ့လို႔ အခုဆို တျခားသခင္မေလးေတြလို အေစာင့္အေရွာက္တစ္သီႀကီးထားရတာမ်ိဳး မလိုေတာ့ဘူး။ တတ္ထားလို႔လည္း အပိုမဟုတ္တဲ့ပညာရပ္လို႔ ကၽြန္ေတာ္ေတာ့ထင္ပါတယ္။"

"မင္းပဲ ေျပာပါေတာ့။ ငါလည္း ဒီလိုေျပာျပစရာ မင္းပဲရွိတယ္။ ဒါနဲ႔ မင္းကေရာ ငါ့အနားေနတာမ်ားၿပီး အိမ္သူရွာဖို႔ အခ်ိန္ရွိရဲ႕လားကြ။"

Castiel ရယ္လိုက္ၿပီး

"မလိုေတာ့ပါဘူး အရွင္ရာ။"

"ငါကေတာ့ မင္းကို ငါ့တူေလးတစ္ေယာက္လို သေဘာထားတာမို႔ သင့္ေတာ္မယ့္မိန္းကေလးနဲ႔ အိမ္ေထာင္ရက္သားေတာ့ ခ်ေပးခ်င္မိတာပဲ။ ၿပီးရင္သာ ငါသြားေလရာ မင္းကိုေခၚမိေနတာကေတာ့ တစ္ပိုင္းေပါ့ေလ။"

"အဲဒါေတြမလိုပါဘူး။ အရွင့္အမႈေတာ္ထမ္းေနရတာကပဲ ကၽြန္ေတာ့္ဘဝပါ။ ကၽြန္ေတာ့္အသက္က အရွင္ေပးထားခဲ့တာပဲ။ အဲဒီေန႔က ေဈးထဲမွာ အရွင္သာလွည့္မၾကည့္ခဲ့ရင္ ကၽြန္ေတာ္က လူမိုက္ေတြဝိုင္းရိုက္လို႔ ေသၿပီးသားလူပါ။"

"က်ဳပ္က လူတစ္ေယာက္ကို ေက်းဇူးတရားေတြနဲ႔ ခ်ဳပ္ေႏွာင္မိသလိုျဖစ္ေနၿပီ။"

"ဒီလိုေတာ့မေတြးပါနဲ႔ အရွင္။ အရွင့္ေၾကာင့္သာ ကၽြန္ေတာ္က ဒီနယ္ရဲ႕တပ္မႈးအေနနဲ႔ ဂုဏ္ရွိခဲ့ရတာပါ။ မဟုတ္ရင္ အဲဒီတုန္းကမေသခဲ့ရင္ေတာင္ အခုဆို ေဈးလူမိုက္ျဖစ္ေနမလား၊ သူခိုးဓားျပျဖစ္မလား၊ ရာဇဝတ္ေကာင္ျဖစ္ေနမလားပါပဲ။"

"ကဲ၊ ေက်းဇူးေတာ္ဋီကာ ဖြင့္မေနနဲ႔ေတာ့ Castiel. က်ဳပ္ကေတာ့ မင္းရွိေနလို႔ သက္သာေနတာပဲ။"

ေျပာခဲ့ဖူးသည့္စကားမ်ားကို Castiel ျပန္ေတြးရင္းႏွင့္ နယ္စားမင္းတို႔သားအဖ ျမႇားပစ္ၿပိဳင္ေနသည္ကိုသာ ေငးၾကည့္ေနမိေတာ့သည္။

6).

"သူတို႔ကို သတိထားရပါမယ္ အရွင္။"

"သူတို႔လုပ္ရပ္ေတြကို ေသခ်ာေထာက္လွမ္းဖို႔ လိုလာၿပီ Castiel."

"ကၽြန္ေတာ္ လူလႊတ္ထားၿပီးပါၿပီ။"

"ေကာင္းၿပီ။ ၿပီးေတာ့ အမတ္ခ်ဳပ္ Guenther က အေၾကာင္းျပန္တယ္။ ဘုရင္ John က သူအၾကံေပးတာကို မျငင္းဘူးတဲ့။ က်ဳပ္သမီးငယ္ကို သင္ၾကားေပးရမွာေတြမ်ားသြားၿပီ။ မိဖုရားတို႔တတ္အပ္တဲ့ ပညာရပ္ေတြေပါ့၊ ဟား ဟား ဟား။"

နယ္စားမင္း Masters သည္ ဘုရင့္နန္းေတာ္မွ အမတ္ခ်ဳပ္ Mike Guenther ႏွင့္နီးစပ္သူျဖစ္ၿပီး Guenther ဆိုသည္မွာလည္း ဘုရင္ John ႏွင့္ ညီအစ္ကိုမ်ားႏွယ္ ရင္းႏွီးၾကသူမ်ားျဖစ္ၾကသည္။ နယ္စားမင္း Masters သည္ ၎အပိုင္စားရသည့္နယ္မ်ားတြင္သာမက အနီးတစ္ဝိုက္နယ္ပယ္မ်ားတြင္ပါ ဩဇာေညာင္းလွၿပီး နန္းေတာ္၏အက်ိဳးကို လိုလားေထာက္ပံ့ေပးေနသူျဖစ္၍ သူ၏သမီးငယ္ကို အိမ္ေရွ႕စံ၏မိဖုရားအျဖစ္ ဆက္သကမ္းလွမ္းမႈကို အမတ္ Guenther မွတစ္ဆင့္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေပသည္။ ဤအစီအစဥ္အထေျမာက္ခဲ့လၽွင္ နယ္စား၏အရွိန္အဝါသည္လည္း မ်ားစြာတိုးလာႏိုင္ၿပီး နန္းေတာ္အတြက္လည္း အေထာက္အပံ့မ်ားစြာျပဳေပးႏိုင္သည္ဟူေသာ သေဘာတူညီခ်က္မ်ားလည္း ထားခဲ့ၾကသည္။

သို႔ေသာ္

"တစ္ခုေတာ့ရွိတယ္ Castiel. စစ္သူႀကီး Elkins တို႔ကေတာ့ မင္းသမီး Lisa ကို အိမ္ေရွ႕စံမိဖုရားျဖစ္ေရးအတြက္ အသည္းအသန္ႀကိဳးစားေနၾကတယ္။ သူတို႔ကေတာ့ ႏွစ္ႏိုင္ငံၿငိမ္းခ်မ္းေရး၊ ခ်စ္ၾကည္ေရးဆိုတဲ့ ေခါင္းစဥ္နဲ႔ေပါ့။"

သူ၏အရွင္နယ္စားမင္း ေျပာဆိုရွင္းျပေနသည္ကို နားေထာင္ကာ Castiel အေတြးပြားမိသည္မွာ

'အိမ္ေရွ႕စံခမ်ာ သူခ်စ္တဲ့လူကို သူ႔စိတ္ႀကိဳက္ေရြးခ်ယ္ခြင့္ေတာင္ ရပါ့မလား။ ႏိုင္ငံေရးထဲက အိမ္ေထာင္ေရးမ်ိဳးပဲ ရမွာေပါ့။ ဒါေပမဲ့လည္း သူ႔စိတ္ႀကိဳက္လုပ္ႏိုင္တာေတြ အမ်ားႀကီးရွိမွာပါ၊ အာဏာရွိသူပဲ။ လူသိတာနဲ႔မသိတာပဲ ကြာမွာေပါ့။'

7).

"အဲဒီေတာ့ ငါက ႏွစ္ေယာက္လံုးကို ယူလိုက္မယ္ေလ။ ငါက တစ္ေယာက္ေယာက္ကိုေရြးလိုက္ရင္ က်န္တဲ့တစ္ေယာက္အတြက္ မေကာင္းဘူးမဟုတ္လား။ ငါ့စိတ္ႀကိဳက္လည္း ေရြးလို႔ရမွာမွ မဟုတ္တာ။ ဒါကႏိုင္ငံေရး၊ ဒါက ၿငိမ္းခ်မ္းေရး၊ ဒီလိုမ်ိဳးေတြမဟုတ္လား။"

အိမ္ေရွ႕စံ Dean တစ္ေယာက္ သစ္သားဓားတစ္ေခ်ာင္းကိုကိုင္၍ ကိုယ္ရံေတာ္တစ္ဦးႏွင့္ ေလ့က်င့္ေနရာမွ Garth ကိုေျပာေနျခင္းျဖစ္သည္။ Garth မွာ သူ၏အိမ္ေရွ႕စံႏွင့္ ကိုယ္ရံေတာ္တို႔ ေလ့က်င့္ေနရာနားတြင္ သူ႔ကိုမထိခိုက္ေအာင္လည္း ေရွာင္ရေသးသည္၊ အိမ္ေရွ႕စံ၏စကားကိုလည္း နားစြင့္ရေသးသည္၊ ျပန္ေျဖႏိုင္ရန္လည္း စဥ္းစားရပါေသးသည္။ အိမ္ေရွ႕စံအနားေနရသည့္ဘဝမွာ လြယ္ကူလွသည္မဟုတ္ေပ။

"Garth, ငါကိုယ္ေတာ္ေျပာတာ မွန္တယ္မဟုတ္လား။"

အိမ္ေရွ႕စံ Dean ဘာေျပာသည္ကို Garth မသိေတာ့ပါ။ ေမာလည္းေမာလွၿပီျဖစ္၍

"အား၊ ေတာ္ပါေတာ့ အရွင့္သားရဲ႕။ ေဆာ့မွာျဖင့္ေဆာ့ပါ၊ စကားေျပာမွာျဖင့္ ေျပာပါ။ မဟုတ္ရင္လည္း ကၽြန္ေတာ္မ်ိဳးကိုသာ သတ္လိုက္ပါေတာ့။"

Garth သည္ ေရာက္ရာအရပ္တြင္ပင္ ေျမျပင္ေပၚသို႔ထိုင္ခ်လိုက္၍ ေအာ္ဟစ္လိုက္ေတာ့သည္။ အိမ္ေရွ႕စံႏွင့္ကိုယ္ရံေတာ္တို႔မွာ ရုတ္တရက္ Garth ထိုင္ခ်ရာကို ဝင္တိုက္မိေလၿပီ။

"ဟ"

"အေမ့"

"အား"

ကိုယ္ရံေတာ္မွ အိမ္ေရွ႕စံလဲမက်ေစရန္ ေဘးသို႔တြန္းလိုက္ၿပီး သူကိုယ္တိုင္မွာေတာ့ ထိုင္ေနသည့္ Garth ကိုတိုက္မိကာ လဲက်ေလေတာ့သည္။ ကိုယ္ရံေတာ္ႏွင့္ Garth တို႔ လံုးေထြးလဲက်သြားၿပီး ကိုယ္တိုင္လည္းခုန္ထြက္လိုက္သည့္အျပင္ ကိုယ္ရံေတာ္မွလည္း တြန္းလိုက္သည္ေၾကာင့္ ေဘးဘက္အေတာ္ေဝးေဝးသို႔ေရာက္သြားသည့္ အိမ္ေရွ႕စံ Dean သည္ကေတာ့ နန္းတြင္းသူတစ္ဦးကို ဝင္တိုက္မိေတာ့သည္။ လဲက်ေတာ့မည့္နန္းတြင္းသူကို Dean ကလွမ္းထိန္းလိုက္ၿပီး သူ၏လက္အတြင္းပါလာေသာ မိန္းမပ်ိဳကို ငံု႔ၾကည့္လိုက္သည္။ မိန္းမပ်ိဳေလးမွာ ခႏၶာကိုယ္အေနအထား ေတာင့္တင္းအခ်ိဳးက်ၿပီး ေခ်ာေမာသူလည္း ျဖစ္ေပ၏။ နန္းတြင္းသူေလးမွာ အိမ္ေရွ႕စံကို ေမာ္ဖူးဝင့္သည္မဟုတ္သည့္အျပင္ တိုက္မိခဲ့သည္ျဖစ္၍ ေၾကာက္လန္႔တၾကားႏွင့္ ဒူးတုပ္ထိုင္ခ်ကာ

"အျပစ္ျပဳမိပါတယ္ အရွင့္သား။"

"ထပါ။ မယ္မင္းအျပစ္မွမဟုတ္ပဲ။"

နန္းတြင္းသူေလးကို ဆြဲထူထရပ္ေစသည့္ အိမ္ေရွ႕စံေၾကာင့္

"အဟမ္း၊ အဟမ္း"

ေခ်ာင္းဟန္႔သံေၾကာင့္ Dean လွည့္ၾကည့္လိုက္သည္။ ထိုအခါမွ အိမ္ေရွ႕စံ ဓားေရးေလ့က်င့္ေနသည့္ကြင္းအနီးသို႔ နန္းတြင္းသူတစ္ဦးေရာက္ရွိလာသည့္ အဓိကအေၾကာင္းအရင္းကို သိလိုက္ရသည္။

"Charlie"

"ျမင္ေတာ္မူၿပီလား အိမ္ေရွ႕စံ။"

မွန္ေပသည္။ မင္းသမီး Charlie က ေနာက္ပါနန္းတြင္းသူတစ္ဦးႏွင့္အတူ အိမ္ေရွ႕စံေလ့က်င့္ေနရာထံသို႔ ေရာက္လာခဲ့ခ်ိန္ ဖရိုဖရဲျဖစ္ကုန္ၾကသည့္အေျခအေနႏွင့္ တိုးျခင္းပင္။
Charlie အနီးသို႔ Dean တိုးကပ္သြားၿပီး

"နန္းတြင္းသူေတြကို ဘယ္လိုမ်ားေရြးထုတ္ထားသလဲ ငါ့ႏွမေတာ္ေလး။"

မင္းသမီး Charlie က အျပံဳးႀကီးႀကီးတစ္ခုကို ဖန္တီးလိုက္သကဲ့သို႔ Dean သည္လည္း မခိုးမခန္႔အျပံဳးႏွင့္ပင္။
မင္းသမီး Charlie ၏ ရံေရြေတာ္ဆိုလၽွင္ ေျပးၾကည့္စရာမလိုပါဘဲ အတိအက်သိႏိုင္သည္မွာ ေခ်ာေမာလွပသည္ဟုပင္။

"ဒါက ... အင္း ... မေျပာဘူး။"

Dean ကမ်က္ႏွာမဲ့၍ တစ္ဖက္သို႔လွည့္သြားေလသည္။
တစ္ဖက္တြင္လည္း ကိုယ္ရံေတာ္ကသာ ခ်က္ခ်င္းထရပ္လိုက္ႏိုင္ေသာ္လည္း လိမ့္ထြက္သြားသည့္ Garth ခမ်ာ ယခုမွပင္ ယိုင္တိုင္တိုင္ႏွင့္ထရပ္၍ ေပသြားသည့္ဖုန္မ်ားကိုခါရင္း အိမ္ေရွ႕စံကို အၾကည့္ႏွင့္လိုက္ရွာရေတာ့သည္။ မလွမ္းမကမ္းတြင္ မ်က္ႏွာမသာမယာႏွင့္ သူ႔ဘက္လွည့္လာသည့္အိမ္ေရွ႕စံကို ျမင္ေသာအခါမွ

"ကၽြန္ေတာ္မ်ိဳး ဘာလြတ္သြားေသးလဲ အရွင့္သား။"

Dean ႏွင့္ Charlie တို႔ေမာင္ႏွမမွာ ေခါင္းသာရမ္းမိပါေတာ့သည္။

by Demon
27 Feb 2023

■■■ Episode (2) ဆက္ရန္ ■■■

1).

"အရှင့်သား၊ မိဖုရားက အခေါ်တော်ပါးပါတယ်။"

မိဖုရား Kate ၏ ရံရွေတော်မိန်းမပျိုမှ အရိုအသေပြုလျှောက်တင်လာသည်ကို Sam ခေါင်းညိတ်ပြလိုက်သည်။ ခမည်းတော် ဘုရင်ကြီး John ၏ မိဖုရားတစ်ပါးဖြစ်သည့် Kate သည် ယခင်မိဖုရားခေါင် Mary နတ်ရွာစံပြီးနောက် မိဖုရားခေါင်နေရာသို့ ရောက်ရှိလာသူဖြစ်ပြီး မင်းသားငယ်နှစ်ဦးဖြစ်သည့် Dean နှင့် Sam ကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့သူ ဖြစ်ပေသည်။ မိထွေးဆိုသော်ငြား ဆိုးသွမ်းသည့်အကျင့်စရိုက်မရှိ၍ မင်းသားငယ်ညီအစ်ကိုတို့မှလည်း လေးစားသမှုရှိကြပါ၏။ မိဖုရား Kate မှလည်း မင်းသားငယ်တစ်ပါးဖွားမြင်ထားပြီး ထိုမင်းသားငယ်၏အမည်မှာ Adam ဖြစ်သည်။

"မင်းသား Sam အခစားဝင်ကြောင်းပါ။"

အပျိုတော်များ အနည်းငယ်ပျာယာခတ်နေသည့် မိဖုရားခေါင်နန်းဆောင်သို့ Sam ဝင်လာခဲ့ပြီး Sam မှ Kate ကို အရိုအသေပြု၍ နှုတ်ဆက်လိုက်သည့်အခါ

"Sammy, Adam ပျောက်သွားပြန်ပြီကွယ်။"

"ပျောက်သွားပြန်ပြီလား။ မစိုးရိမ်ပါနဲ့ မယ်တော်၊ ကျွန်တော်မျိုးရှာပေးပါမယ်။"

မိဖုရား Kate အား လိုအပ်သည်များကိုမေး၍ Sam ပြန်ထွက်လာခဲ့သည်။ Adam ၏ကိုယ်ရံတော်ပါပျောက်နေ၍ Adam နှင့် အတူတကွရှိနေနိုင်သည်ကြောင့် အနည်းငယ်စိတ်အေးရပေသည်။ မေးရင်းမြန်းရင်းမှပင် နောက်ဆုံးသဲလွန်စမှာ Dean ထံတွင်အဆုံးသတ်၏။ ထို့ကြောင့် Dean ရှိရာသို့ Sam ရောက်လာရပေတော့သည်။

2).

"ခစ် ခစ်"

"ဟား ဟား ဟား"

"အဟမ်း"

နန်းတွင်းသူတစ်ဦးကို ကျီစယ်နေသည့် Dean မှာ Sam ၏အသံကြောင့်လှည့်ကြည့်လာပြီး နန်းတွင်းသူမှလည်း Sam ကို အရိုအသေပြုလာ၏။

"ဘာကိစ္စလဲ။"

"Adam"

Dean ၏မျက်နှာပေါ်မှ အရယ်အပြုံးတို့ ပျောက်သွားခဲ့ပြီး

"သွားတော့။"

နန်းတွင်းသူလေး ထွက်သွားသည့်အခါမှ

"Adam ဘာဖြစ်ပြန်ပြီလဲ။"

"ပျောက်နေလို့ ဝိုင်းရှာနေကြပါတယ်။ မင်းသား Dean နဲ့အတူ မနက်ကတွေ့တယ်လို့ ပြောကြလို့ လာမေးကြည့်တာပါ။"

"ငါကြောင့်ပဲ ဖြစ်ပြန်ပြီလား။"

"ဘာတွေဖြစ်ကြတာလဲ။"

"ထုံးစံအတိုင်း မြှောက်ပေးလိုက်ကြတာပဲပေါ့။ လက်ရှိမိဖုရားခေါင်ရဲ့သားက အိမ်ရှေ့စံဖြစ်သင့်တယ်တို့၊ ငါက Adam အတွက် အန္တရာယ်ရှိတယ်တို့၊ ခမည်းတော်က ငါတို့နှစ်ယောက်ကိုပဲ ဦးစားပေးတယ်တို့နဲ့ သွေးခွဲကြတာပါပဲ။"

"Adam က အဲဒီကိစ္စကို လာပြောပြတာလား။"

"ခမည်းတော် သူ့ကိုပေးထားတဲ့ ဓားမြှောင်ကို ငါကဖျောက်ပစ်တယ်ဆိုပြီး ပြဿနာတက်တာ။ အဲဒီကနေစပြီး အဲဒီအရေးမပါတာကို အရာလုပ်နေတဲ့ ဟိုအမတ်စုတ်တွေစကားကို သူကပြန်ပြောတော့ ငါနဲ့စကားများကြတာပဲ။"

"ဘာလို့ဖျောက်ပစ်လိုက်တာလဲ။"

"မင်းကပါ ငါ့ကိုမယုံပြန်တာလား။ မဖျောက်ဘူး၊ သူဓားပေါက်ကစားနေရင်းက လက်ထိသွားလို့ ငါကသတိထားဖို့ဝင်ပြောတာ ငါ့ကိုစိန်ခေါ်နေတာနဲ့ ယုန်နက်ကိုလှမ်းပစ်ပြလိုက်တာ ချော်သွားပြီးချုံထဲဝင်သွားလို့ ရှာမတွေ့တာ။ သူစိတ်ဆိုးပြီးထွက်သွားတော့ သူ့ကိုယ်ရံတော်ပါသွားသားပဲ။"

"ဪ၊ ဒါဆို သွားရှာလိုက်ဦးမယ်။"

"အနောက်ဘက်ဥယျာဉ်ဘေး ဇရပ်လေးနားက ချောင်းနားကိုသွားကြည့်။"

"အဲဒီမှာလား။"

"ငါက သိမလား။ ငါထင်တာ ငါပြောတာ။"

Sam က လှည့်ထွက်ရန်ပြင်သည့်အခါ Dean က

"နေဦး။"

Sam လှည့်ကြည့်လိုက်သည်။

"ရော့၊ ပြန်ပေးလိုက်။ Garth ပြန်ရှာပေးထားတာ။"

Adam ၏ ဓားမြှောင်။ ချုံထဲမှ ရအောင်ပြန်ရှာပေးထားသည်ဟုလည်း ဝန်မခံပါဘဲ Sam မှတစ်ဆင့် ပြန်ပေးခိုင်းနေပြန်သည်။ အမှန်တကယ် Garth ကိုရှာခိုင်းလျှင်လည်း Garth နှင့်ပြန်ပေးခိုင်းလိုက်လျှင် ပြီးနေပြီဖြစ်သည်။ မည်သည့်နေရာသွားသည်ကိုလည်း လိုက်ကြည့်ခိုင်းထားပြီးပါလျက် သူထင်ရာပြောသည်ဟု လိမ်ညာနေသေး၏။
Sam ပြုံးလိုက်သည်။

"ဘာရယ်တာလဲ။"

"Adam လေးက အခုမှ ဆယ့်သုံးနှစ်ပဲရှိသေးတော့ သူနားမလည်သေးလို့ပါ။ သည်းခံလိုက်ပါ။"

"ငါက ကလေးနဲ့ရန်ဖက်ဖြစ်နေတယ်လို့ ပြောချင်တာလား။"

Sam ခေါင်းခါရင်းနှင့်ပင် လှည့်ထွက်ခဲ့သည်။ သေချာသည်မှာ Adam သည် ဇရပ်လေးဘေးနားတွင် ရှိနေမည်မှာ မလွဲပေ။

3).

Dean ၏စရိုက်အရ သူစိတ်ပူသည်ကိုလည်း ထုတ်ပြမည်မဟုတ်သကဲ့သို့ Adam အထင်လွဲသည့်အခါလည်း ရှင်းပြမည်မဟုတ်ပေ။ အမတ်များ၏ကုန်းတိုက်စကားတို့ကြောင့် ငယ်ရွယ်သေးသည့် Adam က ရန်လုပ်လျှင် အကျိုးအကြောင်းသင့်စွာ ရှင်းပြနေမည့်သူလည်း မဟုတ်ပြန်ပါ။ ယခုလည်း ဓားပေါက်လေ့ကျင့်ရင်း လက်ထိသည့် Adam ကို စိတ်ပူ၍ပြောရာမှ ကတောက်ကဆဖြစ်ရင်း Adam ကျေနပ်စေရန် တမင်ပင် ဓားကိုလွဲပစ်ပြခြင်းဖြစ်ပေမည်။ မင်းသား Dean ၏အရည်အချင်းမှာ ဤမျှမညံ့ဖျင်းပေ။ ထို့ပြင် ယုန်နက်လေးဆိုသည်မှာလည်း ညီမတော် Charlie ၏အချစ်တော်ဖြစ်သည့်အတွက် ထိခိုက်မိသွားလျှင် အိမ်ရှေ့စံနန်းဆောင် ပြာကျနိုင်ပေသည်မဟုတ်ပါလား။

မိဖုရား Mary ရှိစဉ်ကပင် သားတော်အကြီးဆုံးဖြစ်သည့် Dean ကို အိမ်ရှေ့အရာအပ်နှင်းထားခဲ့ပြီးဖြစ်၍ ယခုအချိန်အခါတွင် ဘုရင် John ကျန်းမာရေးအနည်းငယ်ချို့ယွင်းလာသည့်အတွက် ထီးနန်းဆက်ခံမှုအရေးကိစ္စကို အချို့သောမှူးကြီးမတ်ရာတို့က ကယက်ထစေရန် ကြံရွယ်နေခြင်းပင်။ Sam ကိုပင် မသိသာသောနည်းအချို့နှင့် ထီးနန်းအမွေကိစ္စအတွင်းသို့ ဆွဲသွင်းချင်ကြသည့်အမတ်တို့လည်း ရှိကြသေး၏။ Sam အနေနှင့်ဆိုလျှင် ဤကိစ္စကို စိတ်ဝင်စားခြင်းမရှိပေ။ နောင်တော်မင်းသားက ထီးနန်းဆက်ခံလျှင် သူက အတတ်နိုင်ဆုံးအကူအညီပေးမည်။ လိုအပ်သည့်နေရာတွင် ဖြည့်ဆည်းပေးကာ တိုင်းပြည်အေးချမ်းနိုင်ရန်သည်သာ အဓိကဆန္ဒတစ်ရပ်။

4).

"Lord Masters ကို ဘယ်လိုမှစည်းရုံးလို့မရနိုင်ဘူးလား။"

"မရတော့ဘူး Sir Roman."

"ဒါဆို ကျုပ်တို့အကြံအစည်တွေအတွက် ဘယ်လိုလုပ်ကြမလဲ။"

"သူ့ကို အစအဆုံးပြောထားတာလည်းမဟုတ်၊ ဘာသက်သေမှလည်း မရှိလို့ သူဘာတတ်နိုင်မှာလဲ။"

"သူက ဘာလို့များ ဒီကိစ္စကိုလက်မခံရသလဲ။"

"ကျုပ်ကြားရတာတော့ သူ့သမီးငယ်ကို နန်းတော်ဆီလမ်းဖောက်မလို့တဲ့။"

"အမှန်ပဲလား။ ဘုရင် John ဘက်က ဘယ်လိုရှိသတဲ့လဲ။"

"အိမ်ရှေ့စံအတွက် မိဖုရားတွေက ပေါပါတယ်။ ဒီလိုနယ်စားတစ်ယောက်ရဲ့သမီးကို မက်မောစရာတော့မရှိဘူးပေါ့။ ဒါပေမဲ့ အခုက သူကသာ ဘုရင့်ဘက်တော်သားဖြစ်သွားခဲ့ရင် ကျုပ်တို့အကြံအစည်တွေ ရေစုန်မျောသွားရမှာ။ သူကဝင်မပါရင်တောင် ဘေးဖယ်နေမယ်ဆိုရင် အဆင်ပြေတယ်လေ။ သူသာ ဘုရင်နဲ့ခမည်းခမက်တော်သွားရင် ....."

"ဒါတော့ မဖြစ်ချေဘူးမဟုတ်လား။ ကျုပ်တို့ တစ်ခုခုတော့ စီစဉ်ရမယ်။"

နယ်စားနှင့်မြို့စားအချို့၏ လျှို့ဝှက်တွေ့ဆုံခြင်းသည် အခြားတိုင်းပြည်နှင့် လက်နက်ရောင်းဝယ်ရန်ကိစ္စပင် ဖြစ်ရမည်က ရာနှုန်းပြည့်သေချာနေသည်ကို သိထားပြီးဖြစ်သော်လည်း ဆိုးဝါးလွန်းသည့်ကိစ္စမဟုတ်လျှင် လစ်လျူရှုရန်အတွက် နယ်စားမင်း Masters က ဆုံးဖြတ်ထားပြီးဖြစ်သည်။ ယခုအခါ ၎င်းတို့စီမံရာသို့ပါမလာသည့် နယ်စားမင်း Masters ကို တစ်စုံတစ်ရာထိခိုက်စေရန် ကြံစည်နေကြသည့်အတွက် ဤကိစ္စကို နယ်စားမင်းထံ အသိပေးရန်မှာ သူ၏တာဝန်ပင်ဖြစ်၏။

5).

"နယ်စားမင်းက ဘယ်မှာလဲ။"

"လေ့ကျင့်ရေးကွင်းမှာပါ တပ်မှူး။"

လေ့ကျင့်ရေးကွင်းရှိရာသို့ လိုက်လာခဲ့လေလျှင် သမီးဖြစ်သူနှင့်မြှားပစ်နေသည့် နယ်စားမင်းကိုတွေ့ရလေသည်။

"အရှင်"

"အေး Castiel. ပြန်ရောက်ပြီလား။ ခဏစောင့်ဦး။"

လှည့်ကြည့်လာသည့် သားအဖနှစ်ဦးကို Castiel ဦးညွတ်လိုက်ပြီး မလှမ်းမကမ်းတွင်သာ ရပ်စောင့်နေလိုက်၏။ မိခင်မရှိတော့ပြီဖြစ်သည့် သူတို့၏သခင်မလေးမှာ ဖခင်နယ်စားမင်း၏အချစ်တော်ကလေးဖြစ်ပြီး ဖခင်သွားလေရာပါသည့်အတွက် သူလေးမှာ ယောက်ျားလေးတစ်ပိုင်းဖြစ်နေခဲ့ပြီ။ အထိန်းတော်များနှင့်ဆိုလျှင် မိန်းကလေးသဘာဝအတိုင်း ပြင်ဆင်လှပနေတတ်ပြီး ဖခင်နှင့်ဆုံလျှင် စစ်မက်ရေးရာနှင့် ပြည်သူတို့၏လူနေမှုများအကြောင်းကို သင်ယူနေရတတ်လေသည်။ တစ်ခါတစ်ရံတွင် နယ်စားမင်းက သူ့အားမေးတတ်သည်မှာ

"ကျုပ်က သမီးလေးအတွက် ဖခင်ကောင်းမှ ဖြစ်ရဲ့လားမသိတော့ပါဘူး Castiel."

"အရှင်က သမီးငယ်ကိုသိပ်ချစ်တဲ့အကြောင်း တစ်နယ်လုံးသိပါတယ် အရှင်။"

"သားသမီးကိုချစ်တတ်ရုံနဲ့ မိဘကောင်းဖြစ်မလာနိုင်ဘူး။ သမီးငယ်က သူ့မိခင်မရှိဘဲ ကြီးပြင်းလာရတော့ တစ်ခါတလေ သူ့ခမျာမှာ မိန်းကလေးသဘာဝလေးတွေတောင် ပျောက်နေသလားလို့ပါ။"

"သခင်မလေးက အထိန်းတော်တွေနဲ့တော့ ကောင်းကောင်းမွန်မွန်ရှိတတ်တာပါပဲ။"

"ဟုတ်တယ်။ အဲဒီလိုလေးတွေ့ရတော့ သွားလေသူကို သတိရတယ်။ သူသာရှိခဲ့ရင် သမီးငယ်က သူ့လိုသိမ်သိမ်မွေ့မွေ့လေးနဲ့ မိန်းမပီသတဲ့မိန်းမပျိုလေး ဖြစ်လာမှာ။ အခုတော့ ကျုပ်အစိုးရိမ်လွန်တိုင်း သူ့ကိုသင်ပေးမိတာတွေက ပြင်းထန်လွန်းသလားပဲ။"

"အရှင်က ကိုယ့်ကိုယ်ကိုကာကွယ်တတ်အောင် သင်ကြားပေးခဲ့လို့ အခုဆို တခြားသခင်မလေးတွေလို အစောင့်အရှောက်တစ်သီကြီးထားရတာမျိုး မလိုတော့ဘူး။ တတ်ထားလို့လည်း အပိုမဟုတ်တဲ့ပညာရပ်လို့ ကျွန်တော်တော့ထင်ပါတယ်။"

"မင်းပဲ ပြောပါတော့။ ငါလည်း ဒီလိုပြောပြစရာ မင်းပဲရှိတယ်။ ဒါနဲ့ မင်းကရော ငါ့အနားနေတာများပြီး အိမ်သူရှာဖို့ အချိန်ရှိရဲ့လားကွ။"

Castiel ရယ်လိုက်ပြီး

"မလိုတော့ပါဘူး အရှင်ရာ။"

"ငါကတော့ မင်းကို ငါ့တူလေးတစ်ယောက်လို သဘောထားတာမို့ သင့်တော်မယ့်မိန်းကလေးနဲ့ အိမ်ထောင်ရက်သားတော့ ချပေးချင်မိတာပဲ။ ပြီးရင်သာ ငါသွားလေရာ မင်းကိုခေါ်မိနေတာကတော့ တစ်ပိုင်းပေါ့လေ။"

"အဲဒါတွေမလိုပါဘူး။ အရှင့်အမှုတော်ထမ်းနေရတာကပဲ ကျွန်တော့်ဘဝပါ။ ကျွန်တော့်အသက်က အရှင်ပေးထားခဲ့တာပဲ။ အဲဒီနေ့က ဈေးထဲမှာ အရှင်သာလှည့်မကြည့်ခဲ့ရင် ကျွန်တော်က လူမိုက်တွေဝိုင်းရိုက်လို့ သေပြီးသားလူပါ။"

"ကျုပ်က လူတစ်ယောက်ကို ကျေးဇူးတရားတွေနဲ့ ချုပ်နှောင်မိသလိုဖြစ်နေပြီ။"

"ဒီလိုတော့မတွေးပါနဲ့ အရှင်။ အရှင့်ကြောင့်သာ ကျွန်တော်က ဒီနယ်ရဲ့တပ်မှုးအနေနဲ့ ဂုဏ်ရှိခဲ့ရတာပါ။ မဟုတ်ရင် အဲဒီတုန်းကမသေခဲ့ရင်တောင် အခုဆို ဈေးလူမိုက်ဖြစ်နေမလား၊ သူခိုးဓားပြဖြစ်မလား၊ ရာဇဝတ်ကောင်ဖြစ်နေမလားပါပဲ။"

"ကဲ၊ ကျေးဇူးတော်ဋီကာ ဖွင့်မနေနဲ့တော့ Castiel. ကျုပ်ကတော့ မင်းရှိနေလို့ သက်သာနေတာပဲ။"

ပြောခဲ့ဖူးသည့်စကားများကို Castiel ပြန်တွေးရင်းနှင့် နယ်စားမင်းတို့သားအဖ မြှားပစ်ပြိုင်နေသည်ကိုသာ ငေးကြည့်နေမိတော့သည်။

6).

"သူတို့ကို သတိထားရပါမယ် အရှင်။"

"သူတို့လုပ်ရပ်တွေကို သေချာထောက်လှမ်းဖို့ လိုလာပြီ Castiel."

"ကျွန်တော် လူလွှတ်ထားပြီးပါပြီ။"

"ကောင်းပြီ။ ပြီးတော့ အမတ်ချုပ် Guenther က အကြောင်းပြန်တယ်။ ဘုရင် John က သူအကြံပေးတာကို မငြင်းဘူးတဲ့။ ကျုပ်သမီးငယ်ကို သင်ကြားပေးရမှာတွေများသွားပြီ။ မိဖုရားတို့တတ်အပ်တဲ့ ပညာရပ်တွေပေါ့၊ ဟား ဟား ဟား။"

နယ်စားမင်း Masters သည် ဘုရင့်နန်းတော်မှ အမတ်ချုပ် Mike Guenther နှင့်နီးစပ်သူဖြစ်ပြီး Guenther ဆိုသည်မှာလည်း ဘုရင် John နှင့် ညီအစ်ကိုများနှယ် ရင်းနှီးကြသူများဖြစ်ကြသည်။ နယ်စားမင်း Masters သည် ၎င်းအပိုင်စားရသည့်နယ်များတွင်သာမက အနီးတစ်ဝိုက်နယ်ပယ်များတွင်ပါ ဩဇာညောင်းလှပြီး နန်းတော်၏အကျိုးကို လိုလားထောက်ပံ့ပေးနေသူဖြစ်၍ သူ၏သမီးငယ်ကို အိမ်ရှေ့စံ၏မိဖုရားအဖြစ် ဆက်သကမ်းလှမ်းမှုကို အမတ် Guenther မှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပေသည်။ ဤအစီအစဉ်အထမြောက်ခဲ့လျှင် နယ်စား၏အရှိန်အဝါသည်လည်း များစွာတိုးလာနိုင်ပြီး နန်းတော်အတွက်လည်း အထောက်အပံ့များစွာပြုပေးနိုင်သည်ဟူသော သဘောတူညီချက်များလည်း ထားခဲ့ကြသည်။

သို့သော်

"တစ်ခုတော့ရှိတယ် Castiel. စစ်သူကြီး Elkins တို့ကတော့ မင်းသမီး Lisa ကို အိမ်ရှေ့စံမိဖုရားဖြစ်ရေးအတွက် အသည်းအသန်ကြိုးစားနေကြတယ်။ သူတို့ကတော့ နှစ်နိုင်ငံငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့။"

သူ၏အရှင်နယ်စားမင်း ပြောဆိုရှင်းပြနေသည်ကို နားထောင်ကာ Castiel အတွေးပွားမိသည်မှာ

'အိမ်ရှေ့စံခမျာ သူချစ်တဲ့လူကို သူ့စိတ်ကြိုက်ရွေးချယ်ခွင့်တောင် ရပါ့မလား။ နိုင်ငံရေးထဲက အိမ်ထောင်ရေးမျိုးပဲ ရမှာပေါ့။ ဒါပေမဲ့လည်း သူ့စိတ်ကြိုက်လုပ်နိုင်တာတွေ အများကြီးရှိမှာပါ၊ အာဏာရှိသူပဲ။ လူသိတာနဲ့မသိတာပဲ ကွာမှာပေါ့။'

7).

"အဲဒီတော့ ငါက နှစ်ယောက်လုံးကို ယူလိုက်မယ်လေ။ ငါက တစ်ယောက်ယောက်ကိုရွေးလိုက်ရင် ကျန်တဲ့တစ်ယောက်အတွက် မကောင်းဘူးမဟုတ်လား။ ငါ့စိတ်ကြိုက်လည်း ရွေးလို့ရမှာမှ မဟုတ်တာ။ ဒါကနိုင်ငံရေး၊ ဒါက ငြိမ်းချမ်းရေး၊ ဒီလိုမျိုးတွေမဟုတ်လား။"

အိမ်ရှေ့စံ Dean တစ်ယောက် သစ်သားဓားတစ်ချောင်းကိုကိုင်၍ ကိုယ်ရံတော်တစ်ဦးနှင့် လေ့ကျင့်နေရာမှ Garth ကိုပြောနေခြင်းဖြစ်သည်။ Garth မှာ သူ၏အိမ်ရှေ့စံနှင့် ကိုယ်ရံတော်တို့ လေ့ကျင့်နေရာနားတွင် သူ့ကိုမထိခိုက်အောင်လည်း ရှောင်ရသေးသည်၊ အိမ်ရှေ့စံ၏စကားကိုလည်း နားစွင့်ရသေးသည်၊ ပြန်ဖြေနိုင်ရန်လည်း စဉ်းစားရပါသေးသည်။ အိမ်ရှေ့စံအနားနေရသည့်ဘဝမှာ လွယ်ကူလှသည်မဟုတ်ပေ။

"Garth, ငါကိုယ်တော်ပြောတာ မှန်တယ်မဟုတ်လား။"

အိမ်ရှေ့စံ Dean ဘာပြောသည်ကို Garth မသိတော့ပါ။ မောလည်းမောလှပြီဖြစ်၍

"အား၊ တော်ပါတော့ အရှင့်သားရဲ့။ ဆော့မှာဖြင့်ဆော့ပါ၊ စကားပြောမှာဖြင့် ပြောပါ။ မဟုတ်ရင်လည်း ကျွန်တော်မျိုးကိုသာ သတ်လိုက်ပါတော့။"

Garth သည် ရောက်ရာအရပ်တွင်ပင် မြေပြင်ပေါ်သို့ထိုင်ချလိုက်၍ အော်ဟစ်လိုက်တော့သည်။ အိမ်ရှေ့စံနှင့်ကိုယ်ရံတော်တို့မှာ ရုတ်တရက် Garth ထိုင်ချရာကို ဝင်တိုက်မိလေပြီ။

"ဟ"

"အမေ့"

"အား"

ကိုယ်ရံတော်မှ အိမ်ရှေ့စံလဲမကျစေရန် ဘေးသို့တွန်းလိုက်ပြီး သူကိုယ်တိုင်မှာတော့ ထိုင်နေသည့် Garth ကိုတိုက်မိကာ လဲကျလေတော့သည်။ ကိုယ်ရံတော်နှင့် Garth တို့ လုံးထွေးလဲကျသွားပြီး ကိုယ်တိုင်လည်းခုန်ထွက်လိုက်သည့်အပြင် ကိုယ်ရံတော်မှလည်း တွန်းလိုက်သည်ကြောင့် ဘေးဘက်အတော်ဝေးဝေးသို့ရောက်သွားသည့် အိမ်ရှေ့စံ Dean သည်ကတော့ နန်းတွင်းသူတစ်ဦးကို ဝင်တိုက်မိတော့သည်။ လဲကျတော့မည့်နန်းတွင်းသူကို Dean ကလှမ်းထိန်းလိုက်ပြီး သူ၏လက်အတွင်းပါလာသော မိန်းမပျိုကို ငုံ့ကြည့်လိုက်သည်။ မိန်းမပျိုလေးမှာ ခန္ဓာကိုယ်အနေအထား တောင့်တင်းအချိုးကျပြီး ချောမောသူလည်း ဖြစ်ပေ၏။ နန်းတွင်းသူလေးမှာ အိမ်ရှေ့စံကို မော်ဖူးဝင့်သည်မဟုတ်သည့်အပြင် တိုက်မိခဲ့သည်ဖြစ်၍ ကြောက်လန့်တကြားနှင့် ဒူးတုပ်ထိုင်ချကာ

"အပြစ်ပြုမိပါတယ် အရှင့်သား။"

"ထပါ။ မယ်မင်းအပြစ်မှမဟုတ်ပဲ။"

နန်းတွင်းသူလေးကို ဆွဲထူထရပ်စေသည့် အိမ်ရှေ့စံကြောင့်

"အဟမ်း၊ အဟမ်း"

ချောင်းဟန့်သံကြောင့် Dean လှည့်ကြည့်လိုက်သည်။ ထိုအခါမှ အိမ်ရှေ့စံ ဓားရေးလေ့ကျင့်နေသည့်ကွင်းအနီးသို့ နန်းတွင်းသူတစ်ဦးရောက်ရှိလာသည့် အဓိကအကြောင်းအရင်းကို သိလိုက်ရသည်။

"Charlie"

"မြင်တော်မူပြီလား အိမ်ရှေ့စံ။"

မှန်ပေသည်။ မင်းသမီး Charlie က နောက်ပါနန်းတွင်းသူတစ်ဦးနှင့်အတူ အိမ်ရှေ့စံလေ့ကျင့်နေရာထံသို့ ရောက်လာခဲ့ချိန် ဖရိုဖရဲဖြစ်ကုန်ကြသည့်အခြေအနေနှင့် တိုးခြင်းပင်။
Charlie အနီးသို့ Dean တိုးကပ်သွားပြီး

"နန်းတွင်းသူတွေကို ဘယ်လိုများရွေးထုတ်ထားသလဲ ငါ့နှမတော်လေး။"

မင်းသမီး Charlie က အပြုံးကြီးကြီးတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ Dean သည်လည်း မခိုးမခန့်အပြုံးနှင့်ပင်။
မင်းသမီး Charlie ၏ ရံရွေတော်ဆိုလျှင် ပြေးကြည့်စရာမလိုပါဘဲ အတိအကျသိနိုင်သည်မှာ ချောမောလှပသည်ဟုပင်။

"ဒါက ... အင်း ... မပြောဘူး။"

Dean ကမျက်နှာမဲ့၍ တစ်ဖက်သို့လှည့်သွားလေသည်။
တစ်ဖက်တွင်လည်း ကိုယ်ရံတော်ကသာ ချက်ချင်းထရပ်လိုက်နိုင်သော်လည်း လိမ့်ထွက်သွားသည့် Garth ခမျာ ယခုမှပင် ယိုင်တိုင်တိုင်နှင့်ထရပ်၍ ပေသွားသည့်ဖုန်များကိုခါရင်း အိမ်ရှေ့စံကို အကြည့်နှင့်လိုက်ရှာရတော့သည်။ မလှမ်းမကမ်းတွင် မျက်နှာမသာမယာနှင့် သူ့ဘက်လှည့်လာသည့်အိမ်ရှေ့စံကို မြင်သောအခါမှ

"ကျွန်တော်မျိုး ဘာလွတ်သွားသေးလဲ အရှင့်သား။"

Dean နှင့် Charlie တို့မောင်နှမမှာ ခေါင်းသာရမ်းမိပါတော့သည်။

by Demon
27 Feb 2023

■■■ Episode (2) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі