Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 05
1).

"Castiel, ေဈးထဲသြားရေအာင္။"

ၿမိဳ႕တံခါးမွေစာင့္၍ နယ္စားမင္းကိုႀကိဳသည့္ Castiel ကို ျမင္လၽွင္ျမင္ခ်င္းပင္ Meg ေျပာလိုက္သည့္အခ်ိန္တြင္ နယ္စားမင္းကို ဦးညႊတ္လိုက္သည့္ Castiel ေခါင္းပင္ျပန္မေမာ့ရေသးေပ။

"တည္းခိုအိမ္ကို အရင္သြားၾကတာေပါ့ သခင္မေလး။ ေနာက္ေန႔ နန္းေတာ္ကေနျပန္ထြက္လာမွပဲ ..."

"ဘာကို ေနာက္ေန႔လဲ။ ဘယ္က တည္းခိုအိမ္လဲ။"

"အရွင္နဲ႔ သခင္မေလး တည္းခိုဖို႔ ..."

"တပ္မႉး Novak!"

Castiel ၏စကားမ်ားကို ဆံုးေအာင္ပင္မေစာင့္ဘဲ ျဖတ္ေျပာေနသည့္ Meg က ထေအာ္သည့္အတြက္ Castiel တစ္ေယာက္ သူ စကားမွားမိသည္လားဟုပင္ ျပန္ေတြးေနမိသည္။

"ရွင့္ေနရာက ဘာျဖစ္လို႔လဲ။"

"ကၽြန္ေတာ့္ေနရာ ... အဲဒါက က်ဥ္းတယ္ေလ သခင္မေလးရဲ႕။ အခုစီစဥ္ထားတဲ့ေနရာက လံုျခံဳေရးလည္းစိတ္ခ်ရတယ္။ လူလည္း မ်ားမ်ားေနလို႔အဆင္ေျပပါတယ္။"

"ရႈပ္ရႈပ္ယွက္ယွက္"

Castiel မည္သို႔ေျပာရမည္မသိေတာ့၍ နယ္စားမင္းကိုသာၾကည့္မိ၏။ နယ္စားမင္းသည္ Castiel တို႔ေျပာေနၾကသည္ကို မၾကားဟန္ျပဳေနေသာေၾကာင့္ ကိုယ့္ကိစၥကိုယ္ရွင္းဟုသာ ေျပာေနဟန္။

"ဒါဆို အခုကေတာ့ တည္းခိုအိမ္ကိုအရင္သြားၾကမယ္။ ၿပီးရင္ သခင္မေလးသြားခ်င္တဲ့ေနရာ ကၽြန္ေတာ္လိုက္ပို႔ေပးပါ့မယ္။"

"အိမ္ေတာ္ထိန္း သြားစို႔။"

Castiel ၏စကားကို လက္ခံလိုက္သည့္ Meg က ထိုအခါမွ ျမင္းလွည္းအျပင္တြင္ထိုင္ေနသည့္ အိမ္ေတာ္ထိန္းကို လွမ္းေအာ္ရင္း ေခါင္းျပဴၾကည့္ေနရာအေပါက္မွ လွည္းအတြင္းသို႔ျပန္ဝင္သြားေလ၏။ ျမင္းလွည္းေရွ႕ဘက္နားရွိ ျမင္းတစ္ေကာင္ေပၚမွ နယ္စားမင္းမွာလည္း ထိုအခါမွပင္ ျပံဳးသြားၿပီး

"မင္းႏွမကို မင္းဘာသာထိန္းေတာ့ Castiel. က်ဳပ္ကိုလည္း တစ္လမ္းလံုးေျပာလာတာ စံုေနတာပဲ။"

ျမင္းလွည္းေပၚမွ Meg သည္ ေခါင္းျပဴထြက္လာျပန္ၿပီး

"အေဖ ဘာေျပာတာလဲဟင္။"

နယ္စားမင္းက ေခါင္းသာခါၿပီး ေရွ႕သို႔လွည့္သြားေလၿပီ။
Meg ၏ အၾကည့္သည္ Castiel ထံသို႔ေရာက္လာေသာေၾကာင့္

"သခင္မေလးသြားခ်င္တဲ့ေနရာ လိုက္ပို႔ေပးလိုက္ပါတဲ့။"

ထိုစကားၾကားမွပင္ ျပန္ၿငိမ္သြားသည့္ Meg ေၾကာင့္ Castiel သက္ျပင္းခ်မိသည္မွာ သူ၏သခင္မေလးအေၾကာင္း သိေန၍ပင္ျဖစ္သည္။
ယေန႔အဖို႔ Castiel အနားရရန္လမ္းမျမင္ေတာ့ေပ။

2).

"Skull crusher? အဲဒါ သိပ္လၽွိဳ႕ဝွက္တယ္ဆိုတဲ့ အဖြဲ႕မဟုတ္လား။"

"သူတို႔ေခါင္းေဆာင္ကို ျမင္ဖူးတာဆိုလို႔ ဂိုဏ္းခြဲမႉးေတြပဲရွိၿပီး အဲဒီဂိုဏ္းခြဲမႉးေတြကိုလည္း သာမန္ဂိုဏ္းသားေတြက မျမင္ဖူးျပန္ဘူး။ လၽွိဳ႕ဝွက္လြန္းေပမဲ့ စနစ္က်လြန္းၿပီး သူတို႔ရဲ႕ ကၽြမ္းက်င္သူလၽွိဳေတြက ေနာက္ေၾကာင္းရွာမရတဲ့ လူေတြခ်ည္းပဲတဲ့။"

Sam ရွင္းျပေနသည္ကို နားေထာင္ကာ Dean မွ

"ဒါေၾကာင့္ သူေျပာေနတာ။"

"ဘယ္သူ ဘာေျပာတာလဲ။"

Sam ကျပန္ေမးသည့္အခါ Dean ေခါင္းခါျပၿပီး

"Benny ကို ခိုင္းစရာရွိေသးတယ္။ ငါသြားေတာ့မယ္။"

သိလိုသည္မ်ားသိရသည္ႏွင့္ ထထြက္သြားသည့္ Dean ကို Sam မတားလိုက္ႏိုင္ေပ။
Dean သည္ကေတာ့ သူေတြးမိသည့္အၾကံကို အေကာင္အထည္ေဖာ္ရန္ Benny ကိုေခၚကာ

"မေန႔က Novak ထြက္လာတဲ့ဆိုင္မွာ သူဘယ္သူနဲ႔ေတြ႕လဲလို႔ စံုစမ္းေပး။"

"အဲဒါက အေပ်ာ္ေဂဟာဆိုေတာ့ တျခားဘာရွိဦးမွာလဲ အရွင့္သား။"

"ငါ့ေနာက္ေလၽွာက္လိုက္ေနၿပီး အဲဒါကိုမသိဘူးလို႔ ျငင္းမလို႔လား။"

ယမန္ေန႔က Dean တစ္ဦးတည္းထြက္လာေသာ္လည္း Benny ေပၚလာၿပီး Castiel ႏွင့္လိုက္မသြားေစရန္ တားျမစ္ခဲ့သည္။ ထိုသို႔ဆိုလၽွင္ နန္းေတာ္မွထြက္လာစဥ္ကပင္ Benny ပါလာခဲ့သည္မွာ အေသအခ်ာပင္ျဖစ္ေသာေၾကာင့္ Dean ေမးလိုက္ျခင္းျဖစ္သည္။

"အဲဒီက သတင္းေပးေတြက ဘယ္ေလာက္ခိုင္လံုႏိုင္ပါ့မလဲ။"

"ဘာေတြျဖစ္ေနတာလဲ Benny? ဘယ္လိုျဖစ္လို႔မ်ား ငါ့ကို ျပန္ၿပီးေမးခြန္းထုတ္ေနရတာလဲ။ ငါက ဦးေႏွာက္မရွိလို႔မ်ား လိုက္ေျပာေနတာလား။"

"မဟုတ္ရပါဘူး အရွင့္သား။ ကၽြန္ေတာ္မ်ိဳးအျပစ္ကို သိပါၿပီ။"

ဦးညႊတ္ကာေျပာလာသည့္ Benny ေၾကာင့္ Dean သက္ျပင္းခ်လိုက္ၿပီး

"သတင္းေပးနဲ႔ေတြ႕တာေသခ်ာရင္ အဲဒီသတင္းေပးဆီက သူယူသြားတဲ့သတင္းကို ရေအာင္ယူခဲ့။ အခုသြားေတာ့။"

Benny က ေဘးတြင္ရပ္ျမဲအတိုင္းရွိေန၍ ထိုင္ေနသည့္ Dean က ေမာ့ၾကည့္လိုက္၏။ ထိုအခါမွ Benny အရိုအေသေပးကာ လွည့္ထြက္သြားေတာ့သည္။

"Benny ဘာျဖစ္ေနမွန္းမသိဘူး။ အခုမွ ေျပာရခက္ေနတယ္။ Novak က အဲဒီေနရာမွာ သတင္းေပးနဲ႔သြားေတြ႕တာ ျဖစ္ႏိုင္ေနတာပဲကို။"

ထြက္သြားသည့္ Benny မွာလည္း

"ဘာလို႔မ်ား အိမ္ေရွ႕စံက အဲဒီ Novak ဆိုတဲ့လူကို သိပ္ယံုေနတာလဲ။ သူ႔ေၾကာင့္ ဒဏ္ရာရခဲ့တာပဲ လြန္လွၿပီ။ ေကာင္းက်ိဳးေပးမယ့္လူမဟုတ္ဘူး။"

3).

"အဟြတ္ ... အဟြတ္"

တည္းခိုအိမ္တြင္ နယ္စားမင္းႏွင့္ ေနာက္လိုက္ေနာက္ပါမ်ား ေနရာခ်ၿပီးေနာက္ သူ႔ကိုေစာင့္ေနပါဟု အမိန္႔ခ်သြားသည့္ သခင္မေလးေၾကာင့္ Castiel ေစာင့္ေနရင္းမွ ေရတေကာင္းမွေရကိုငွဲ႔ေသာက္စဥ္ သီးသြားခဲ့ၿပီး ေရမ်ားကိုျပန္ေထြးထုတ္မိေလသည္။

"ေရသီးေနတာလား။"

အသံႏွင့္အတူ အနားေရာက္လာသည့္ Meg ကို Castiel လွည့္မၾကည့္အား၊ စကားမျပန္ႏိုင္အား။ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေနရာမွ ေခါင္းသာညိတ္ျပႏိုင္၏။

"ရရဲ႕လား။"

အသက္မွန္မွန္ရႉရင္းမွ Castiel ေခါင္းေမာ့ၾကည့္မိသည့္အခါ Meg ကိုျမင္လိုက္ရၿပီး တစ္ေက်ာ့ျပန္၍ ေခ်ာင္းဆိုးမိေလ၏။
Meg Masters သည္ကေတာ့ ဤတစ္ႀကိမ္တြင္ မ်က္ႏွာတည္ႏွင့္ ၾကည့္ေနေလေတာ့သည္။

"သခင္မေလး ... အဟမ္း ... ဘယ္လိုျဖစ္ၿပီး ..."

"တည္းခိုခန္းမွာ သူလၽွိဳကိစၥ စံုစမ္းေနတယ္ဆို။ အဲဒါလိုက္ခဲ့မယ္ေလ။"

အမ်ိဳးသားတစ္ဦးကဲ့သို႔ ဝတ္စားထားသူ Lady Meg Masters ၏စကားေၾကာင့္ Castiel ေခါင္းခဲသြားရသည္။

"အဲဒါက သတင္းရၿပီးလို႔ တျခားဟာေတြ ဆက္လိုက္ေနပါၿပီ သခင္မေလး။"

"ဟုတ္ရဲ႕လား။"

"တကယ္ပါ။"

"ရတယ္ေလ၊ ေဈးထဲပဲ သြားၾကတာေပါ့။"

ေျပာၿပီးလွည့္ထြက္သြားသည့္ Meg ေနာက္မွ Castiel အေျပးလိုက္ရေပသည္။

"သခင္မ..."

စူးခနဲလြင့္လာသည့္ အၾကည့္တစ္ခ်က္ေၾကာင့္ Castiel စကားလံုးမ်ားကို မ်ိဳခ်လိုက္ၿပီး

"သခင္ေလး"

ယေန႔အတြက္ Castiel ၏ အေျပာအမ်ားဆံုးစကားလံုးကို ေဖာ္ျပရလၽွင္ ထို 'သခင္ေလး' ဟူသည့္စကားပင္ ျဖစ္ေပလိမ့္မည္။ ေဈးထဲေရာက္လာသည့္အခ်ိန္မွစ၍ ေနာက္မွလိုက္ကာ တားရဆီးရသည္မွာ မလြယ္လွေပ။ အစားအေသာက္မ်ားကို တစ္ခုၿပီးတစ္ခုစားၿပီးသည့္ေနာက္ ရတနာပစၥည္းဆိုင္တစ္ခုသို႔ အာရံုက်သြားျပန္သည္။ ဆိုင္အတြင္း လွည့္ပတ္ၾကည့္ၿပီးေနာက္

"အဲဒီ အျပာေရာင္ေက်ာက္ေလးက မင္းမ်က္လံုးေတြနဲ႔ သိပ္တူတာပဲ Castiel."

ခပ္တည္တည္ေျပာ၍ အျပာေရာင္ေက်ာက္ငယ္ေလးပါသည့္ လက္စြပ္တစ္ကြင္းကို လက္ညႇိဳးထိုး၍ ေဈးေမးေနေလသည္။ ဆိုင္ရွင္မွလည္း ဤေက်ာက္သည္ မည္မၽွရွားပါးေၾကာင္း၊ မည္သို႔အရည္အေသြးေကာင္းေၾကာင္းမ်ားကို မုသားေပါင္းစံုႏွင့္ ေဝေဝဆာဆာအမႊန္းတင္ေလေတာ့သည္။

4).

"အဲဒီလူကို မေတြ႕ခဲ့ရဘူးေပါ့။"

"သူရွိႏိုင္မယ့္ေနရာေတြကိုေတာ့ စံုစမ္းခဲ့ပါတယ္ အရွင့္သား။"

"ေကာင္းၿပီ။"

"အဲဒီလူက အေနအထိုင္ေဟာ့ရမ္းေပမဲ့ ကတိတည္ၿပီး သတင္းေပးတိက်တယ္လို႔ သိရပါတယ္။"

"ဘယ္လိုမ်ိဳးလဲ။"

"လူတစ္ေယာက္ကဝယ္သြားတဲ့သတင္းကို ေနာက္တစ္ေယာက္ဆီမေရာက္ဖို႔ လံုေလာက္တဲ့တန္ေၾကးေပးရင္ အဲဒီသတင္းကို သတ္မွတ္ခ်ိန္အတြင္း သူ႔ဆီကေနထပ္ရဖို႔ မျဖစ္ႏိုင္ဘူးတဲ့။"

"အဲဒီလိုရွိေသးတာလား။"

"လၽွိဳ႕ဝွက္သတင္းေတြကို သူ႔ဆီကေနရႏိုင္တာရယ္၊ သတင္းစံုစမ္းခ်ိန္ ျမန္တာရယ္ေၾကာင့္ ဒီလူက နာမည္ႀကီးေနတာပါ။"

"ေကာင္းၿပီေလ၊ ဘယ္ေလာက္ႏႈတ္လံုမလဲ ၾကည့္ရေသးတာေပါ့။"

"အရွင့္သား"

"ဘာက်န္ေသးလို႔လဲ။"

"တပ္မႉး Novak ကို ေဈးမွာေတြ႕ခဲ့ပါတယ္။ သခင္ေလးတစ္ေယာက္ရဲ႕ေဘးမွာပါ။"

"ဘယ္က သခင္ေလးပါလိ္မ့္။"

"ကၽြန္ေတာ္မ်ိဳးၾကည့္ရသေလာက္ေတာ့ ေယာက္်ားေလးလိုဝတ္စားထားတဲ့ အမ်ိဳးသမီးတစ္ဦးလို႔ ထင္ပါတယ္ အရွင့္သား။"

Dean ၏မ်က္ႏွာတြင္ အျပံဳးတစ္ခုေပၚလာၿပီး Benny ကိုေသခ်ာၾကည့္ကာ

"ေမာင္မင္း၊ ငါကိုယ္ေတာ္အနားအေနၾကာလို႔ ဒီလိုေတာင္ အျမင္စူးရွေနၿပီေပါ့။"

အိမ္ေရွ႕စံ Dean ၏ ေနာက္ေျပာင္က်ီစယ္လိုသည့္သေဘာ အနားတိုးကပ္ေျပာသည့္ စကားႏွင့္ ရယ္ျမဴးေနသည့္အၾကည့္တို႔ကို ကိုယ္ရံေတာ္ Benny အၾကည့္လႊဲကာ မ်က္လႊာခ်သြားေလသည္။

"အခုမွျပန္ေရာက္တာဆိုေတာ့ ခဏသြားနားလိုက္ဦး။ Garth ကိုသာ ခဏလႊတ္လိုက္ပါ။"

"မွန္လွပါ အရွင့္သား။ ကၽြန္ေတာ္မ်ိဳးကို ခြင့္ျပဳပါ။"

Benny ထြက္သြားၿပီးေနာက္မွ Dean ေတြးေနမိသည္။

'ေယာက္်ားေလးလိုဝတ္စားထားတဲ့ မိန္းကေလးတစ္ေယာက္တဲ့။ ဘယ္သူမ်ားလဲ။'

5).

"သခင္မေလး၊ နယ္စားမင္းေမၽွာ္ေနပါလိမ့္မယ္။ အဲဒီကိုပဲ ျပန္ရပါမယ္။"

"ေသခ်ာမွာခဲ့ပါတယ္။ သြားပါ ေရွ႕က၊ ေနရာမသိလို႔ကို။"

Castiel ၏ေနရာသို႔ လိုက္မည္ေျပာေနသည့္ Meg ကို Castiel တားမရေတာ့ပါ။ သူ၏လက္ထဲတြင္ေတာ့ Meg ဝယ္လာသည့္ အသီးအႏွံႏွင့္ အသားငါးအခ်ိဳ႕ကို ကိုင္ထားၿပီး သခင္မေလး၏ အမိန္႔ေတာ္အတိုင္း သူ၏ေနရာသို႔သာ ဦးတည္လိုက္ရပါေတာ့သည္။

အိမ္သို႔ေရာက္သည့္အခါ ျပႆနာတစ္မ်ိဳးျဖစ္ျပန္ေလၿပီ။

"ဒါေတြက အမ်ားႀကီးပဲေလ သခင္မေလးရယ္။"

"မ်ားတယ္လား။ ဒါဆို နည္းနည္းပဲေၾကာ္လိုက္။ ငါးကင္လိုက္ဦးမယ္။"

"ကၽြန္ေတာ္ ကင္ေပးပါမယ္။"

"အထင္မေသးပါနဲ႔။ ငါးေလာက္ေတာ့ ကင္တတ္ပါတယ္။"

Castiel အထင္မေသးရဲပါ။ သခင္မေလး Meg Masters ဆိုသည္မွာ ေခ်ာင္းမွငါးကို ကိုယ္တိုင္ဖမ္း၍လည္း ကင္စားေနတတ္သည္မဟုတ္ပါလား။

စားပြဲေလးတြင္ ငါးကင္၊ အသီးအရြက္ေၾကာ္ႏွင့္ ဟင္းခ်ိဳရည္ပန္းကန္တို႔ ေရာက္လာၿပီးေနာက္ Castiel ႏွင့္ Meg မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၾက၏။ Meg ၏ပန္းကန္ထဲသို႔ အရြက္ေၾကာ္အခ်ိဳ႕ကို Castiel ထည့္ေပးလိုက္သည့္အခါ Meg က ျမည္းစမ္းၾကည့္ၿပီး

"ဒီအရသာမ်ိဳး မစားရတာၾကာၿပီ။"

"အိမ္ေတာ္စားဖိုမႉးလက္ရာက ေကာင္းတာပဲ။"

"စားဖိုမႉး Castiel ရဲ႕ အသီးအရြက္ေၾကာ္ကို ပိုႀကိဳက္တယ္။"

Castiel ျပံဳးမိသြား၏။ ဖခင္၏အုပ္ထိန္းမႈေအာက္တြင္ တစ္ခါတရံ စည္းကမ္းတင္းၾကပ္စြာ ေနထိုင္ရတတ္သည့္ သူတို႔၏သခင္မေလးသည္ တစ္ခါတရံတြင္ေတာ့ ယခုကဲ့သို႔ပင္ ကေလးငယ္တစ္ဦးအလား လြတ္လပ္စြာ သြားလာေပ်ာ္ရႊင္ေနတတ္သည္မွာ ႏွစ္လိုဖြယ္ရာအခ်က္တစ္ခ်က္လည္း ျဖစ္ေနပါေသးသည္။

by Demon

6)

"ခမည္းေတာ္ကလည္း ခမည္းေတာ္နဲ႔ဘုရင္မင္းျမတ္ ႏွစ္ေယာက္တည္းစကားေျပာမယ့္ကိစၥကို သမီးကဘာျဖစ္လို႔လိုက္ရဦးမွာလဲ" 

ဟူေသာ စကားကို Meg တစ္လမ္းလုံးေျပာလာခဲ့ေသာ္လည္း ဖခင္နယ္စားမင္းက ဆုံးျဖတ္ခ်က္ကိုမျပင္ေသာေၾကာင့္ နန္းေတာ္အထိ ပါလာရေတာ့သည္ ။ ေ႐ႊနန္းေတာ္၏တံခါးဝသို႔ေရာက္ၿပီျဖစ္ေသာေၾကာင့္ မိမိတို႔စီးလာေသာလွည္းယာဥ္က အေပါက္ဝတြင္ တုံ႔ခနဲရပ္သည္ ။ နယ္စားမင္းက လွည္းယာဥ္ေပၚမွဆင္းကာ

" ခမည္းေတာ္မ်က္ႏွာပ်က္ရမယ့္ကိစၥေတြ မလုပ္နဲ႔ေနာ္ "

ဟု ေျပာသည္ ။ ထို႔ေၾကာင့္ ဖခင္နယ္စားမင္းကို မ်က္ေစာင္းထိုးလိုက္ၿပီး 

" အဲ့ဒီေလာက္ေတာင္ ကိုယ့္သမီးကိုမယုံဘူးလား "

ဟု ေမးလိုက္သည္ ။ နယ္စားမင္းက ဤစကားကိုၾကားေသာအခါ သေဘာက်စြာျဖင့္ တဟားဟားေအာ္ရယ္ကာ 

" တကယ္ ငါ့သမီးေလးကႀကီးလာေလ မယ္ေတာ္နဲ႔တူလာေလပါပဲ "

ဟု ေျပာေသာေၾကာင့္ သေဘာက်စြာ ၿပဳံးလိုက္မိသည္ ။ 

7)

မင္းႀကီးက ညီလာခံခန္းမတြင္ပင္ မိမိတို႔အား လက္ခံေတြ႕ဆုံသျဖင့္ Meg တို႔သားအဖႏွစ္ေယာက္ မင္းႀကီးအား အရိုအေသေပးကာ မင္းႀကီးအေရွ႕တြင္ က်ဳံ႕က်ဳံ႕ေလးထိုင္ေနလိုက္ၾကသည္ ။ မင္းႀကီးက စကၠန္႔အနည္းငယ္ၾကာေအာင္ တိတ္ဆိတ္ေနၿပီးမွ ဖခင္ျဖစ္သူအား

" သူက ေမာင္မင္းရဲ႕သမီးဆိုတဲ့ကေလးမေလးလား "

ဟု စကားစသည္ ။ ႏွစ္ဦးသားေတြ႕ဆုံကာ ႏိုင္ငံ့ေရးရာမ်ားကိုေျပာမည္ဟု ထင္ထားေသာ္လည္း အထင္ႏွင့္အျမင္ လြဲေနေသာေၾကာင့္ မင္းႀကီးကို ခိုးၾကည့္လိုက္မိသည္ ။ မင္းႀကီးက

" မွန္လွပါ ဘုရား "

ဟူေသာ ဖခင္ျဖစ္သူ၏အေျဖစကားကိုရေသာအခါ မိမိအား

" မင္းအသက္ဘယ္ေလာက္ရွိၿပီလဲ ကေလးမ "

ဟု ေမးသည္ ။ ထို႔ေၾကာင့္ ေခါင္းငုံ႔လ်က္ကပင္ 

" ႏွစ္ဆယ့္ႏွစ္,ႏွစ္ပါ အရွင္ "

ဟု အေျဖေပးလိုက္သည္ ။ ဤစကားအဆုံးတြင္ မင္းႀကီးက

" ကိုယ္ေတာ့္သားအႀကီးဆုံး အိမ္ေရွ႕စံမင္းသားက ႏွစ္ဆယ့္ငါးႏွစ္ရွိၿပီ ... ဒါေပမဲ့ မင္းလိုမတည္ၿငိမ္ဘူး ... အခုထိကေလးဆန္ေနတုန္း " 

ဟု ေျပာသည္ ။ ဆက္၍

" အခုလည္း မင္းနဲ႔ေပးေတြ႕ဖို႔ေခၚထားတာကို နန္းေတာ္ထဲကစိုက္ခင္းေတြ ပိုးက်တဲ့ကိစၥကိုေျဖရွင္းမယ္ဆိုၿပီး ထြက္သြားေလရဲ႕ "

ဟု ေျပာသည္ ။ မင္းႀကီးက ပိုးက်သည့္ကိစၥကို ေျပာလာေသာေၾကာင့္ အားတက္သေရာ ျပံဳးမိသြားကာ

" တကယ္လို႔မ်ား အရွင္မင္းႀကီးစိတ္မရွိရင္ ဒီပိုးက်တဲ့ကိစၥကို ကၽြန္ေတာ္မ်ိဳးမ ကူညီေျဖရွင္းေပးပါရေစ .... ကၽြန္ေတာ္မ်ိဳးမမွာ ကိုယ္တိုင္စမ္းသပ္ထားတဲ့ ပိုးသတ္ေဆးစပ္နည္းရွိပါတယ္ " 

ဟု ေျပာလိုက္သည္ ။ 

8)

Meg မင္းႀကီး၏အမိန္႔ေတာ္ျဖင့္ နန္းေတာ္စိုက္ခင္းအတြင္းသို႔ ေရာက္လာေသာ္လည္း စိုက္ခင္းထဲမွအမႈထမ္းမ်ားကိုသာေတြ႕ရၿပီး အိမ္ေရွ႕စံမင္းသားအား အရိပ္ပင္မျမင္ရ ။ ထို႔ေၾကာင့္ အနီးတြင္ရွိေသာအမႈထမ္းတစ္ဦးကို

" ငါက Meg Masters ပါ ... မင္းႀကီးက အိမ္ေရွ႕စံဒီမွာရွိတယ္ဆိုလို႔ အိမ္ေရွ႕စံကိုကူညီဖို႔လႊတ္လိုက္​တာ "

ဟု ေျပာလိုက္သည္ ။ ဤစကားအဆုံးတြင္ ထိုအမႈထမ္းက 

" မင္းသားက မင္းသမီးေလးနဲ႔အတူ ဥယ်ာဥ္ေတာ္ဘက္ကိုထြက္သြားတယ္ "

ဟု အေျဖေပးသည္ ။ ဆက္၍

" တကယ္လို႔ မင္းလိုက္သြားခ်င္ရင္ ငါလမ္းၫႊန္ေပးမယ္ "

ဟု ေျပာသည္ ။ အိမ္ေရွ႕စံႏွင့္ေတြ႕မွ ဤစိုက္ခင္းတြင္ ပိုးက်သည့္ျပႆနာကိုေျဖရွင္းႏိုင္မည္ျဖစ္ေသာ္လည္း မင္းႀကီးက မိမိကို ဤေနရာသို႔သာလာခြင့္ျပဳခဲ့ျခင္းျဖစ္သည္ ။ အျခားေနရာမ်ားသို႔ ေလၽွာက္သြားရန္ခြင့္မျပဳ ။ ထို႔ေၾကာင့္ ေခါင္းခါလိုက္ၿပီး

" ေတာ္ပါၿပီ ... မလိုက္ေတာ့ဘူး " 

ဟု ေျပာကာ လာရာလမ္းအတိုင္း ျပန္ေလၽွာက္လာခဲ့လိုက္သည္ ။ 

9)

သခင္မေလးႏွင့္ နယ္စားမင္းက နန္းေတာ္ထဲဝင္ေနေသာေၾကာင့္ Castiel တစ္ေယာက္ စုံစမ္းလက္စ သူလၽွိဳကိစၥကို ဆက္၍စုံစမ္းရသည္ ။

သို႔ေသာ္ ....
ထိုဂိုဏ္းမွလူမ်ားသည္ ပိရိလြန္းေသာလူမ်ားျဖစ္ေသာေၾကာင့္ ေျခရာခံ၍မလြယ္ ။

ထိုလူမ်ားကို ေျခရာမခံမိပါက နယ္စားမင္းကိုထိခိုက္ႏိုင္မည့္ကိစၥရပ္မ်ား ေပၚေပါက္လာႏိုင္သည့္အျပင္ တိုင္းျပည္အတြက္ အလြန္တုန္လႈပ္ေျခာက္ျခားဖြယ္ေကာင္းေသာ ကိစၥမ်ားသည္လည္း ေပၚေပါက္လာမည္ျဖစ္ေၾကာင္းကို သတင္းေပးမွတစ္ဆင့္ သတင္းရရွိထားသည္ ။ ထို႔ေၾကာင့္ မိမိ သတင္ေပးအားေပးထားသည့္အခ်ိန္မျပည့္ခင္ ဤကိစၥကို သိရရန္အတြက္ အင္တိုက္အားတိုက္ စုံစမ္းေနမိျခင္းျဖစ္သည္ ။

" သဲလြန္စတစ္ခုေလးပဲျဖစ္ျဖစ္ ရလိုက္ပါေတာ့လားကြာ " 

10)

Dean တစ္ေယာက္ Benny အား တိတ္တဆိတ္လႈပ္ရွားေစၿပီးေနာက္ Garth ကိုလည္း သတင္းရရန္အတြက္ ခိုင္းရျပန္သည္ ။ Benny ႏွင့္ Garth ကို အေၾကာင္းမသိသည့္လူတစ္ဦးကၾကည့္လၽွင္ ပုံမွန္မဟုတ္ဟု ထင္ၾကေပလိမ့္မည္ျဖစ္ေသာ္လည္း မိမိထံတြင္ ဤႏွစ္ဦးသည္ အေတာ္ဆုံးသူမ်ားျဖစ္ၾကသည္ ။ ႏွစ္ေယာက္စလုံးက မိမိလိုခ်င္ေသာသတင္းကို ကိုယ္ပိုင္နည္းလမ္းမ်ားျဖင့္ ရွာေဖြကာေပးတတ္ၾကသည္ ။ ထို႔ေၾကာင့္လည္း ယခု Benny မလိုက္ႏိုင္သည့္ကိစၥကို စုံစမ္းရန္ Garth ကို လႊတ္လိုက္ျခင္းျဖစ္သည္ ။ ထုံးစံအတိုင္း ႏွစ္ရက္ၾကာၿပီးေသာအခါ Garth က ျပန္ေရာက္လာသည္ ။ မႈိရသလိုမ်က္ႏွာမ်ိဳးႏွင့္ မိမိထံအခစားဝင္လာေသာ Garth ကို

" ငါ့အတြက္ တကယ္အသုံးဝင္တဲ့သတင္းမ်ိဳးရလာတယ္ဆိုရင္ ေမာင္မင္းကို ေ႐ႊစင္တစ္ဆယ္သားဆုခ်မယ္ "

ဟု ေျပာလိုက္သည္ ။

သို႔ေသာ္ ....
Garth က ဤမၽွႏွင့္မရပ္ ။

" ေ႐ႊစင္တစ္ဆယ္သားအျပင္ အရွင့္သားဆီက အလွဆုံးကိုယ္လုပ္ေတာ္တစ္ဦးကိုပါေပးမွ ကၽြန္ေတာ္မ်ိဳးရလာတဲ့သတင္းကို ေျပာျပမယ္ "

ဟု စပ္ၿဖီးၿဖီးမ်က္ႏွာေပးႏွင့္ အထြန္႔တက္ေနေသာေၾကာင့္ ေခါင္းညိတ္လိုက္ၿပီး 

" အရစ္ရွည္မေနဘဲ ဘာသိလာလဲဆိုတာကိုပဲေျပာစမ္းပါ Garth ရာ "

ဟူ၍ ေျပာလိုက္သည္ ။ ထိုအခါမွ Garth က 

" အရွင့္သားရွာခိုင္းထားတဲ့လူကို ကၽြန္ေတာ္မ်ိဳးရွာေတြ႕ခဲ့ပါတယ္ ... ၿပီးေတာ့ သူအၿမဲတမ္းရွိေနမယ့္ေနရာကိုေရာပါပဲ " 

ဟု ေျပာသည္ ။

by the_richone_IX

■■■ Episode (6) ဆက္ရန္ ■■■

1).

"Castiel, ဈေးထဲသွားရအောင်။"

မြို့တံခါးမှစောင့်၍ နယ်စားမင်းကိုကြိုသည့် Castiel ကို မြင်လျှင်မြင်ချင်းပင် Meg ပြောလိုက်သည့်အချိန်တွင် နယ်စားမင်းကို ဦးညွှတ်လိုက်သည့် Castiel ခေါင်းပင်ပြန်မမော့ရသေးပေ။

"တည်းခိုအိမ်ကို အရင်သွားကြတာပေါ့ သခင်မလေး။ နောက်နေ့ နန်းတော်ကနေပြန်ထွက်လာမှပဲ ..."

"ဘာကို နောက်နေ့လဲ။ ဘယ်က တည်းခိုအိမ်လဲ။"

"အရှင်နဲ့ သခင်မလေး တည်းခိုဖို့ ..."

"တပ်မှူး Novak!"

Castiel ၏စကားများကို ဆုံးအောင်ပင်မစောင့်ဘဲ ဖြတ်ပြောနေသည့် Meg က ထအော်သည့်အတွက် Castiel တစ်ယောက် သူ စကားမှားမိသည်လားဟုပင် ပြန်တွေးနေမိသည်။

"ရှင့်နေရာက ဘာဖြစ်လို့လဲ။"

"ကျွန်တော့်နေရာ ... အဲဒါက ကျဉ်းတယ်လေ သခင်မလေးရဲ့။ အခုစီစဉ်ထားတဲ့နေရာက လုံခြုံရေးလည်းစိတ်ချရတယ်။ လူလည်း များများနေလို့အဆင်ပြေပါတယ်။"

"ရှုပ်ရှုပ်ယှက်ယှက်"

Castiel မည်သို့ပြောရမည်မသိတော့၍ နယ်စားမင်းကိုသာကြည့်မိ၏။ နယ်စားမင်းသည် Castiel တို့ပြောနေကြသည်ကို မကြားဟန်ပြုနေသောကြောင့် ကိုယ့်ကိစ္စကိုယ်ရှင်းဟုသာ ပြောနေဟန်။

"ဒါဆို အခုကတော့ တည်းခိုအိမ်ကိုအရင်သွားကြမယ်။ ပြီးရင် သခင်မလေးသွားချင်တဲ့နေရာ ကျွန်တော်လိုက်ပို့ပေးပါ့မယ်။"

"အိမ်တော်ထိန်း သွားစို့။"

Castiel ၏စကားကို လက်ခံလိုက်သည့် Meg က ထိုအခါမှ မြင်းလှည်းအပြင်တွင်ထိုင်နေသည့် အိမ်တော်ထိန်းကို လှမ်းအော်ရင်း ခေါင်းပြူကြည့်နေရာအပေါက်မှ လှည်းအတွင်းသို့ပြန်ဝင်သွားလေ၏။ မြင်းလှည်းရှေ့ဘက်နားရှိ မြင်းတစ်ကောင်ပေါ်မှ နယ်စားမင်းမှာလည်း ထိုအခါမှပင် ပြုံးသွားပြီး

"မင်းနှမကို မင်းဘာသာထိန်းတော့ Castiel. ကျုပ်ကိုလည်း တစ်လမ်းလုံးပြောလာတာ စုံနေတာပဲ။"

မြင်းလှည်းပေါ်မှ Meg သည် ခေါင်းပြူထွက်လာပြန်ပြီး

"အဖေ ဘာပြောတာလဲဟင်။"

နယ်စားမင်းက ခေါင်းသာခါပြီး ရှေ့သို့လှည့်သွားလေပြီ။
Meg ၏ အကြည့်သည် Castiel ထံသို့ရောက်လာသောကြောင့်

"သခင်မလေးသွားချင်တဲ့နေရာ လိုက်ပို့ပေးလိုက်ပါတဲ့။"

ထိုစကားကြားမှပင် ပြန်ငြိမ်သွားသည့် Meg ကြောင့် Castiel သက်ပြင်းချမိသည်မှာ သူ၏သခင်မလေးအကြောင်း သိနေ၍ပင်ဖြစ်သည်။
ယနေ့အဖို့ Castiel အနားရရန်လမ်းမမြင်တော့ပေ။

2).

"Skull crusher? အဲဒါ သိပ်လျှို့ဝှက်တယ်ဆိုတဲ့ အဖွဲ့မဟုတ်လား။"

"သူတို့ခေါင်းဆောင်ကို မြင်ဖူးတာဆိုလို့ ဂိုဏ်းခွဲမှူးတွေပဲရှိပြီး အဲဒီဂိုဏ်းခွဲမှူးတွေကိုလည်း သာမန်ဂိုဏ်းသားတွေက မမြင်ဖူးပြန်ဘူး။ လျှို့ဝှက်လွန်းပေမဲ့ စနစ်ကျလွန်းပြီး သူတို့ရဲ့ ကျွမ်းကျင်သူလျှိုတွေက နောက်ကြောင်းရှာမရတဲ့ လူတွေချည်းပဲတဲ့။"

Sam ရှင်းပြနေသည်ကို နားထောင်ကာ Dean မှ

"ဒါကြောင့် သူပြောနေတာ။"

"ဘယ်သူ ဘာပြောတာလဲ။"

Sam ကပြန်မေးသည့်အခါ Dean ခေါင်းခါပြပြီး

"Benny ကို ခိုင်းစရာရှိသေးတယ်။ ငါသွားတော့မယ်။"

သိလိုသည်များသိရသည်နှင့် ထထွက်သွားသည့် Dean ကို Sam မတားလိုက်နိုင်ပေ။
Dean သည်ကတော့ သူတွေးမိသည့်အကြံကို အကောင်အထည်ဖော်ရန် Benny ကိုခေါ်ကာ

"မနေ့က Novak ထွက်လာတဲ့ဆိုင်မှာ သူဘယ်သူနဲ့တွေ့လဲလို့ စုံစမ်းပေး။"

"အဲဒါက အပျော်ဂေဟာဆိုတော့ တခြားဘာရှိဦးမှာလဲ အရှင့်သား။"

"ငါ့နောက်လျှောက်လိုက်နေပြီး အဲဒါကိုမသိဘူးလို့ ငြင်းမလို့လား။"

ယမန်နေ့က Dean တစ်ဦးတည်းထွက်လာသော်လည်း Benny ပေါ်လာပြီး Castiel နှင့်လိုက်မသွားစေရန် တားမြစ်ခဲ့သည်။ ထိုသို့ဆိုလျှင် နန်းတော်မှထွက်လာစဉ်ကပင် Benny ပါလာခဲ့သည်မှာ အသေအချာပင်ဖြစ်သောကြောင့် Dean မေးလိုက်ခြင်းဖြစ်သည်။

"အဲဒီက သတင်းပေးတွေက ဘယ်လောက်ခိုင်လုံနိုင်ပါ့မလဲ။"

"ဘာတွေဖြစ်နေတာလဲ Benny? ဘယ်လိုဖြစ်လို့များ ငါ့ကို ပြန်ပြီးမေးခွန်းထုတ်နေရတာလဲ။ ငါက ဦးနှောက်မရှိလို့များ လိုက်ပြောနေတာလား။"

"မဟုတ်ရပါဘူး အရှင့်သား။ ကျွန်တော်မျိုးအပြစ်ကို သိပါပြီ။"

ဦးညွှတ်ကာပြောလာသည့် Benny ကြောင့် Dean သက်ပြင်းချလိုက်ပြီး

"သတင်းပေးနဲ့တွေ့တာသေချာရင် အဲဒီသတင်းပေးဆီက သူယူသွားတဲ့သတင်းကို ရအောင်ယူခဲ့။ အခုသွားတော့။"

Benny က ဘေးတွင်ရပ်မြဲအတိုင်းရှိနေ၍ ထိုင်နေသည့် Dean က မော့ကြည့်လိုက်၏။ ထိုအခါမှ Benny အရိုအသေပေးကာ လှည့်ထွက်သွားတော့သည်။

"Benny ဘာဖြစ်နေမှန်းမသိဘူး။ အခုမှ ပြောရခက်နေတယ်။ Novak က အဲဒီနေရာမှာ သတင်းပေးနဲ့သွားတွေ့တာ ဖြစ်နိုင်နေတာပဲကို။"

ထွက်သွားသည့် Benny မှာလည်း

"ဘာလို့များ အိမ်ရှေ့စံက အဲဒီ Novak ဆိုတဲ့လူကို သိပ်ယုံနေတာလဲ။ သူ့ကြောင့် ဒဏ်ရာရခဲ့တာပဲ လွန်လှပြီ။ ကောင်းကျိုးပေးမယ့်လူမဟုတ်ဘူး။"

3).

"အဟွတ် ... အဟွတ်"

တည်းခိုအိမ်တွင် နယ်စားမင်းနှင့် နောက်လိုက်နောက်ပါများ နေရာချပြီးနောက် သူ့ကိုစောင့်နေပါဟု အမိန့်ချသွားသည့် သခင်မလေးကြောင့် Castiel စောင့်နေရင်းမှ ရေတကောင်းမှရေကိုငှဲ့သောက်စဉ် သီးသွားခဲ့ပြီး ရေများကိုပြန်ထွေးထုတ်မိလေသည်။

"ရေသီးနေတာလား။"

အသံနှင့်အတူ အနားရောက်လာသည့် Meg ကို Castiel လှည့်မကြည့်အား၊ စကားမပြန်နိုင်အား။ ချောင်းတဟွတ်ဟွတ်ဆိုးနေရာမှ ခေါင်းသာညိတ်ပြနိုင်၏။

"ရရဲ့လား။"

အသက်မှန်မှန်ရှူရင်းမှ Castiel ခေါင်းမော့ကြည့်မိသည့်အခါ Meg ကိုမြင်လိုက်ရပြီး တစ်ကျော့ပြန်၍ ချောင်းဆိုးမိလေ၏။
Meg Masters သည်ကတော့ ဤတစ်ကြိမ်တွင် မျက်နှာတည်နှင့် ကြည့်နေလေတော့သည်။

"သခင်မလေး ... အဟမ်း ... ဘယ်လိုဖြစ်ပြီး ..."

"တည်းခိုခန်းမှာ သူလျှိုကိစ္စ စုံစမ်းနေတယ်ဆို။ အဲဒါလိုက်ခဲ့မယ်လေ။"

အမျိုးသားတစ်ဦးကဲ့သို့ ဝတ်စားထားသူ Lady Meg Masters ၏စကားကြောင့် Castiel ခေါင်းခဲသွားရသည်။

"အဲဒါက သတင်းရပြီးလို့ တခြားဟာတွေ ဆက်လိုက်နေပါပြီ သခင်မလေး။"

"ဟုတ်ရဲ့လား။"

"တကယ်ပါ။"

"ရတယ်လေ၊ ဈေးထဲပဲ သွားကြတာပေါ့။"

ပြောပြီးလှည့်ထွက်သွားသည့် Meg နောက်မှ Castiel အပြေးလိုက်ရပေသည်။

"သခင်မ..."

စူးခနဲလွင့်လာသည့် အကြည့်တစ်ချက်ကြောင့် Castiel စကားလုံးများကို မျိုချလိုက်ပြီး

"သခင်လေး"

ယနေ့အတွက် Castiel ၏ အပြောအများဆုံးစကားလုံးကို ဖော်ပြရလျှင် ထို 'သခင်လေး' ဟူသည့်စကားပင် ဖြစ်ပေလိမ့်မည်။ ဈေးထဲရောက်လာသည့်အချိန်မှစ၍ နောက်မှလိုက်ကာ တားရဆီးရသည်မှာ မလွယ်လှပေ။ အစားအသောက်များကို တစ်ခုပြီးတစ်ခုစားပြီးသည့်နောက် ရတနာပစ္စည်းဆိုင်တစ်ခုသို့ အာရုံကျသွားပြန်သည်။ ဆိုင်အတွင်း လှည့်ပတ်ကြည့်ပြီးနောက်

"အဲဒီ အပြာရောင်ကျောက်လေးက မင်းမျက်လုံးတွေနဲ့ သိပ်တူတာပဲ Castiel."

ခပ်တည်တည်ပြော၍ အပြာရောင်ကျောက်ငယ်လေးပါသည့် လက်စွပ်တစ်ကွင်းကို လက်ညှိုးထိုး၍ ဈေးမေးနေလေသည်။ ဆိုင်ရှင်မှလည်း ဤကျောက်သည် မည်မျှရှားပါးကြောင်း၊ မည်သို့အရည်အသွေးကောင်းကြောင်းများကို မုသားပေါင်းစုံနှင့် ဝေဝေဆာဆာအမွှန်းတင်လေတော့သည်။

4).

"အဲဒီလူကို မတွေ့ခဲ့ရဘူးပေါ့။"

"သူရှိနိုင်မယ့်နေရာတွေကိုတော့ စုံစမ်းခဲ့ပါတယ် အရှင့်သား။"

"ကောင်းပြီ။"

"အဲဒီလူက အနေအထိုင်ဟော့ရမ်းပေမဲ့ ကတိတည်ပြီး သတင်းပေးတိကျတယ်လို့ သိရပါတယ်။"

"ဘယ်လိုမျိုးလဲ။"

"လူတစ်ယောက်ကဝယ်သွားတဲ့သတင်းကို နောက်တစ်ယောက်ဆီမရောက်ဖို့ လုံလောက်တဲ့တန်ကြေးပေးရင် အဲဒီသတင်းကို သတ်မှတ်ချိန်အတွင်း သူ့ဆီကနေထပ်ရဖို့ မဖြစ်နိုင်ဘူးတဲ့။"

"အဲဒီလိုရှိသေးတာလား။"

"လျှို့ဝှက်သတင်းတွေကို သူ့ဆီကနေရနိုင်တာရယ်၊ သတင်းစုံစမ်းချိန် မြန်တာရယ်ကြောင့် ဒီလူက နာမည်ကြီးနေတာပါ။"

"ကောင်းပြီလေ၊ ဘယ်လောက်နှုတ်လုံမလဲ ကြည့်ရသေးတာပေါ့။"

"အရှင့်သား"

"ဘာကျန်သေးလို့လဲ။"

"တပ်မှူး Novak ကို ဈေးမှာတွေ့ခဲ့ပါတယ်။ သခင်လေးတစ်ယောက်ရဲ့ဘေးမှာပါ။"

"ဘယ်က သခင်လေးပါလိမ့်။"

"ကျွန်တော်မျိုးကြည့်ရသလောက်တော့ ယောက်ျားလေးလိုဝတ်စားထားတဲ့ အမျိုးသမီးတစ်ဦးလို့ ထင်ပါတယ် အရှင့်သား။"

Dean ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး Benny ကိုသေချာကြည့်ကာ

"မောင်မင်း၊ ငါကိုယ်တော်အနားအနေကြာလို့ ဒီလိုတောင် အမြင်စူးရှနေပြီပေါ့။"

အိမ်ရှေ့စံ Dean ၏ နောက်ပြောင်ကျီစယ်လိုသည့်သဘော အနားတိုးကပ်ပြောသည့် စကားနှင့် ရယ်မြူးနေသည့်အကြည့်တို့ကို ကိုယ်ရံတော် Benny အကြည့်လွှဲကာ မျက်လွှာချသွားလေသည်။

"အခုမှပြန်ရောက်တာဆိုတော့ ခဏသွားနားလိုက်ဦး။ Garth ကိုသာ ခဏလွှတ်လိုက်ပါ။"

"မှန်လှပါ အရှင့်သား။ ကျွန်တော်မျိုးကို ခွင့်ပြုပါ။"

Benny ထွက်သွားပြီးနောက်မှ Dean တွေးနေမိသည်။

'ယောက်ျားလေးလိုဝတ်စားထားတဲ့ မိန်းကလေးတစ်ယောက်တဲ့။ ဘယ်သူများလဲ။'

5).

"သခင်မလေး၊ နယ်စားမင်းမျှော်နေပါလိမ့်မယ်။ အဲဒီကိုပဲ ပြန်ရပါမယ်။"

"သေချာမှာခဲ့ပါတယ်။ သွားပါ ရှေ့က၊ နေရာမသိလို့ကို။"

Castiel ၏နေရာသို့ လိုက်မည်ပြောနေသည့် Meg ကို Castiel တားမရတော့ပါ။ သူ၏လက်ထဲတွင်တော့ Meg ဝယ်လာသည့် အသီးအနှံနှင့် အသားငါးအချို့ကို ကိုင်ထားပြီး သခင်မလေး၏ အမိန့်တော်အတိုင်း သူ၏နေရာသို့သာ ဦးတည်လိုက်ရပါတော့သည်။

အိမ်သို့ရောက်သည့်အခါ ပြဿနာတစ်မျိုးဖြစ်ပြန်လေပြီ။

"ဒါတွေက အများကြီးပဲလေ သခင်မလေးရယ်။"

"များတယ်လား။ ဒါဆို နည်းနည်းပဲကြော်လိုက်။ ငါးကင်လိုက်ဦးမယ်။"

"ကျွန်တော် ကင်ပေးပါမယ်။"

"အထင်မသေးပါနဲ့။ ငါးလောက်တော့ ကင်တတ်ပါတယ်။"

Castiel အထင်မသေးရဲပါ။ သခင်မလေး Meg Masters ဆိုသည်မှာ ချောင်းမှငါးကို ကိုယ်တိုင်ဖမ်း၍လည်း ကင်စားနေတတ်သည်မဟုတ်ပါလား။

စားပွဲလေးတွင် ငါးကင်၊ အသီးအရွက်ကြော်နှင့် ဟင်းချိုရည်ပန်းကန်တို့ ရောက်လာပြီးနောက် Castiel နှင့် Meg မျက်နှာချင်းဆိုင်ထိုင်လိုက်ကြ၏။ Meg ၏ပန်းကန်ထဲသို့ အရွက်ကြော်အချို့ကို Castiel ထည့်ပေးလိုက်သည့်အခါ Meg က မြည်းစမ်းကြည့်ပြီး

"ဒီအရသာမျိုး မစားရတာကြာပြီ။"

"အိမ်တော်စားဖိုမှူးလက်ရာက ကောင်းတာပဲ။"

"စားဖိုမှူး Castiel ရဲ့ အသီးအရွက်ကြော်ကို ပိုကြိုက်တယ်။"

Castiel ပြုံးမိသွား၏။ ဖခင်၏အုပ်ထိန်းမှုအောက်တွင် တစ်ခါတရံ စည်းကမ်းတင်းကြပ်စွာ နေထိုင်ရတတ်သည့် သူတို့၏သခင်မလေးသည် တစ်ခါတရံတွင်တော့ ယခုကဲ့သို့ပင် ကလေးငယ်တစ်ဦးအလား လွတ်လပ်စွာ သွားလာပျော်ရွှင်နေတတ်သည်မှာ နှစ်လိုဖွယ်ရာအချက်တစ်ချက်လည်း ဖြစ်နေပါသေးသည်။

by Demon

6)

"ခမည်းတော်ကလည်း ခမည်းတော်နဲ့ဘုရင်မင်းမြတ် နှစ်ယောက်တည်းစကားပြောမယ့်ကိစ္စကို သမီးကဘာဖြစ်လို့လိုက်ရဦးမှာလဲ" 

ဟူသော စကားကို Meg တစ်လမ်းလုံးပြောလာခဲ့သော်လည်း ဖခင်နယ်စားမင်းက ဆုံးဖြတ်ချက်ကိုမပြင်သောကြောင့် နန်းတော်အထိ ပါလာရတော့သည် ။ ရွှေနန်းတော်၏တံခါးဝသို့ရောက်ပြီဖြစ်သောကြောင့် မိမိတို့စီးလာသောလှည်းယာဉ်က အပေါက်ဝတွင် တုံ့ခနဲရပ်သည် ။ နယ်စားမင်းက လှည်းယာဉ်ပေါ်မှဆင်းကာ

" ခမည်းတော်မျက်နှာပျက်ရမယ့်ကိစ္စတွေ မလုပ်နဲ့နော် "

ဟု ပြောသည် ။ ထို့ကြောင့် ဖခင်နယ်စားမင်းကို မျက်စောင်းထိုးလိုက်ပြီး 

" အဲ့ဒီလောက်တောင် ကိုယ့်သမီးကိုမယုံဘူးလား "

ဟု မေးလိုက်သည် ။ နယ်စားမင်းက ဤစကားကိုကြားသောအခါ သဘောကျစွာဖြင့် တဟားဟားအော်ရယ်ကာ 

" တကယ် ငါ့သမီးလေးကကြီးလာလေ မယ်တော်နဲ့တူလာလေပါပဲ "

ဟု ပြောသောကြောင့် သဘောကျစွာ ပြုံးလိုက်မိသည် ။ 

7)

မင်းကြီးက ညီလာခံခန်းမတွင်ပင် မိမိတို့အား လက်ခံတွေ့ဆုံသဖြင့် Meg တို့သားအဖနှစ်ယောက် မင်းကြီးအား အရိုအသေပေးကာ မင်းကြီးအရှေ့တွင် ကျုံ့ကျုံ့လေးထိုင်နေလိုက်ကြသည် ။ မင်းကြီးက စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးမှ ဖခင်ဖြစ်သူအား

" သူက မောင်မင်းရဲ့သမီးဆိုတဲ့ကလေးမလေးလား "

ဟု စကားစသည် ။ နှစ်ဦးသားတွေ့ဆုံကာ နိုင်ငံ့ရေးရာများကိုပြောမည်ဟု ထင်ထားသော်လည်း အထင်နှင့်အမြင် လွဲနေသောကြောင့် မင်းကြီးကို ခိုးကြည့်လိုက်မိသည် ။ မင်းကြီးက

" မှန်လှပါ ဘုရား "

ဟူသော ဖခင်ဖြစ်သူ၏အဖြေစကားကိုရသောအခါ မိမိအား

" မင်းအသက်ဘယ်လောက်ရှိပြီလဲ ကလေးမ "

ဟု မေးသည် ။ ထို့ကြောင့် ခေါင်းငုံ့လျက်ကပင် 

" နှစ်ဆယ့်နှစ်,နှစ်ပါ အရှင် "

ဟု အဖြေပေးလိုက်သည် ။ ဤစကားအဆုံးတွင် မင်းကြီးက

" ကိုယ်တော့်သားအကြီးဆုံး အိမ်ရှေ့စံမင်းသားက နှစ်ဆယ့်ငါးနှစ်ရှိပြီ ... ဒါပေမဲ့ မင်းလိုမတည်ငြိမ်ဘူး ... အခုထိကလေးဆန်နေတုန်း " 

ဟု ပြောသည် ။ ဆက်၍

" အခုလည်း မင်းနဲ့ပေးတွေ့ဖို့ခေါ်ထားတာကို နန်းတော်ထဲကစိုက်ခင်းတွေ ပိုးကျတဲ့ကိစ္စကိုဖြေရှင်းမယ်ဆိုပြီး ထွက်သွားလေရဲ့ "

ဟု ပြောသည် ။ မင်းကြီးက ပိုးကျသည့်ကိစ္စကို ပြောလာသောကြောင့် အားတက်သရော ပြုံးမိသွားကာ

" တကယ်လို့များ အရှင်မင်းကြီးစိတ်မရှိရင် ဒီပိုးကျတဲ့ကိစ္စကို ကျွန်တော်မျိုးမ ကူညီဖြေရှင်းပေးပါရစေ .... ကျွန်တော်မျိုးမမှာ ကိုယ်တိုင်စမ်းသပ်ထားတဲ့ ပိုးသတ်ဆေးစပ်နည်းရှိပါတယ် " 

ဟု ပြောလိုက်သည် ။ 

8)

Meg မင်းကြီး၏အမိန့်တော်ဖြင့် နန်းတော်စိုက်ခင်းအတွင်းသို့ ရောက်လာသော်လည်း စိုက်ခင်းထဲမှအမှုထမ်းများကိုသာတွေ့ရပြီး အိမ်ရှေ့စံမင်းသားအား အရိပ်ပင်မမြင်ရ ။ ထို့ကြောင့် အနီးတွင်ရှိသောအမှုထမ်းတစ်ဦးကို

" ငါက Meg Masters ပါ ... မင်းကြီးက အိမ်ရှေ့စံဒီမှာရှိတယ်ဆိုလို့ အိမ်ရှေ့စံကိုကူညီဖို့လွှတ်လိုက်တာ "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ထိုအမှုထမ်းက 

" မင်းသားက မင်းသမီးလေးနဲ့အတူ ဥယျာဉ်တော်ဘက်ကိုထွက်သွားတယ် "

ဟု အဖြေပေးသည် ။ ဆက်၍

" တကယ်လို့ မင်းလိုက်သွားချင်ရင် ငါလမ်းညွှန်ပေးမယ် "

ဟု ပြောသည် ။ အိမ်ရှေ့စံနှင့်တွေ့မှ ဤစိုက်ခင်းတွင် ပိုးကျသည့်ပြဿနာကိုဖြေရှင်းနိုင်မည်ဖြစ်သော်လည်း မင်းကြီးက မိမိကို ဤနေရာသို့သာလာခွင့်ပြုခဲ့ခြင်းဖြစ်သည် ။ အခြားနေရာများသို့ လျှောက်သွားရန်ခွင့်မပြု ။ ထို့ကြောင့် ခေါင်းခါလိုက်ပြီး

" တော်ပါပြီ ... မလိုက်တော့ဘူး " 

ဟု ပြောကာ လာရာလမ်းအတိုင်း ပြန်လျှောက်လာခဲ့လိုက်သည် ။ 

9)

သခင်မလေးနှင့် နယ်စားမင်းက နန်းတော်ထဲဝင်နေသောကြောင့် Castiel တစ်ယောက် စုံစမ်းလက်စ သူလျှိုကိစ္စကို ဆက်၍စုံစမ်းရသည် ။

သို့သော် ....
ထိုဂိုဏ်းမှလူများသည် ပိရိလွန်းသောလူများဖြစ်သောကြောင့် ခြေရာခံ၍မလွယ် ။

ထိုလူများကို ခြေရာမခံမိပါက နယ်စားမင်းကိုထိခိုက်နိုင်မည့်ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်သည့်အပြင် တိုင်းပြည်အတွက် အလွန်တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော ကိစ္စများသည်လည်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်းကို သတင်းပေးမှတစ်ဆင့် သတင်းရရှိထားသည် ။ ထို့ကြောင့် မိမိ သတင်ပေးအားပေးထားသည့်အချိန်မပြည့်ခင် ဤကိစ္စကို သိရရန်အတွက် အင်တိုက်အားတိုက် စုံစမ်းနေမိခြင်းဖြစ်သည် ။

" သဲလွန်စတစ်ခုလေးပဲဖြစ်ဖြစ် ရလိုက်ပါတော့လားကွာ " 

10)

Dean တစ်ယောက် Benny အား တိတ်တဆိတ်လှုပ်ရှားစေပြီးနောက် Garth ကိုလည်း သတင်းရရန်အတွက် ခိုင်းရပြန်သည် ။ Benny နှင့် Garth ကို အကြောင်းမသိသည့်လူတစ်ဦးကကြည့်လျှင် ပုံမှန်မဟုတ်ဟု ထင်ကြပေလိမ့်မည်ဖြစ်သော်လည်း မိမိထံတွင် ဤနှစ်ဦးသည် အတော်ဆုံးသူများဖြစ်ကြသည် ။ နှစ်ယောက်စလုံးက မိမိလိုချင်သောသတင်းကို ကိုယ်ပိုင်နည်းလမ်းများဖြင့် ရှာဖွေကာပေးတတ်ကြသည် ။ ထို့ကြောင့်လည်း ယခု Benny မလိုက်နိုင်သည့်ကိစ္စကို စုံစမ်းရန် Garth ကို လွှတ်လိုက်ခြင်းဖြစ်သည် ။ ထုံးစံအတိုင်း နှစ်ရက်ကြာပြီးသောအခါ Garth က ပြန်ရောက်လာသည် ။ မှိုရသလိုမျက်နှာမျိုးနှင့် မိမိထံအခစားဝင်လာသော Garth ကို

" ငါ့အတွက် တကယ်အသုံးဝင်တဲ့သတင်းမျိုးရလာတယ်ဆိုရင် မောင်မင်းကို ရွှေစင်တစ်ဆယ်သားဆုချမယ် "

ဟု ပြောလိုက်သည် ။

သို့သော် ....
Garth က ဤမျှနှင့်မရပ် ။

" ရွှေစင်တစ်ဆယ်သားအပြင် အရှင့်သားဆီက အလှဆုံးကိုယ်လုပ်တော်တစ်ဦးကိုပါပေးမှ ကျွန်တော်မျိုးရလာတဲ့သတင်းကို ပြောပြမယ် "

ဟု စပ်ဖြီးဖြီးမျက်နှာပေးနှင့် အထွန့်တက်နေသောကြောင့် ခေါင်းညိတ်လိုက်ပြီး 

" အရစ်ရှည်မနေဘဲ ဘာသိလာလဲဆိုတာကိုပဲပြောစမ်းပါ Garth ရာ "

ဟူ၍ ပြောလိုက်သည် ။ ထိုအခါမှ Garth က 

" အရှင့်သားရှာခိုင်းထားတဲ့လူကို ကျွန်တော်မျိုးရှာတွေ့ခဲ့ပါတယ် ... ပြီးတော့ သူအမြဲတမ်းရှိနေမယ့်နေရာကိုရောပါပဲ " 

ဟု ပြောသည် ။

by the_richone_IX

■■■ Episode (6) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі