Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 02
1)

Dean ေလ့က်င့္ေရးကြင္းအတြင္း၌ Charlie တို႔ႏွင့္အတူရွိေနစဥ္ ခမည္းေတာ္၏လက္ေထာက္ျဖစ္သူ Gabriel က ေရာက္လာၿပီး ခမည္းေတာ္က ေတြ႕ရန္ေခၚေၾကာင္းေျပာလာသျဖင့္ ခမည္းေတာ္ရွိေနေသာ စာၾကည့္ေဆာင္သို႔ ေရာက္လာခဲ့ရသည္ ။ စာၾကည့္စားပြဲတြင္ ထိုင္ေနေသာ ဖခင္ျဖစ္သူက မိမိကိုျမင္သည္ႏွင့္

" ထိုင္အုံး အိမ္ေရွ႕စံ "

ဟု ေျပာသျဖင့္ ဖခင္ျဖစ္သူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္သည္ ။ ထိုအခါမွ ဖခင္ျဖစ္သူက

" အရင္ရက္က ကိုယ္ေတာ္ေျပာထားတဲ့လက္ထပ္ဖို႔ကိစၥကို အိမ္ေရွ႕စံစဥ္းစားၿပီးၿပီလား "

ဟု ေမးသည္ ။ ဖခင္ျဖစ္သူက မိမိအား လက္ထပ္ကာ ထီးနန္းအရိုက္အရာကို ဆက္ခံေစလိုေနေသာ္လည္း မိမိကမူ ထိုသို႔မလုပ္ခ်င္ ။ Charlie ၊ Sam တို႔ႏွင့္အတူ လြတ္လြတ္လပ္လပ္ေနလိုေသးသည္ ။

သို႔ေသာ္ ....

ငယ္စဥ္ကတည္းက ယခုအခ်ိန္အထိ တစ္ႀကိမ္တစ္ခါမွ ဖခင္ျဖစ္သူ၏ဆႏၵကို မျငင္းဆန္ခဲ့ဖူးေသာေၾကာင့္ ယခုလည္း ဖခင္ျဖစ္သူကို အေထြအထူးေျပာမေနေတာ့ပဲ ေခါင္းညိတ္၍

" ခမည္းေတာ္ကေကာင္းေစခ်င္လို႔စီစဥ္တာကို ကြၽန္ေတာ္မ်ိဳးမျငင္းပါဘူး "

ဟု ေျပာလိုက္သည္ ။ မိမိစကားအဆုံးတြင္ ဖခင္ျဖစ္သူက ေခါင္းညိတ္၍

" ဒါဆို သိပ္မၾကာခင္ ၾကင္ယာေတာ္နဲ႔ေတြ႕ဖို႔စီစဥ္လိုက္မယ္ .... အိမ္ေရွ႕စံလည္း ျပင္ဆင္စရာရွိတာေတြျပင္ဆင္ထားလိုက္အုံး "

ဟု ေျပာသည္ ။ ထို႔ေၾကာင့္

" မွန္လွပါ အရွင္ "

ဟု ျပန္ေျပာလိုက္သည္ ။ 

2)

Sam ၏

" Dean ... တကယ္လို႔ မင္းတစ္ေယာက္ထဲနဲ႔ပဲလက္ထပ္ရမယ္ဆိုရင္ Meg နဲ႔ Lisa ဆို မင္းဘယ္သူ႔ကိုပိုသေဘာက်လဲ ... ဘယ္သူနဲ႔လက္ထပ္ဖို႔စိတ္ကူးထားလဲ " 

ဟူေသာ ေမးခြန္းကို Dean  

" ငါ့သေဘာအတိုင္းဆို ဘယ္သူ႔ကိုမွမယူခ်င္ဘူး ... ႏွမေတာ္ရယ္ ၊ မင္းရယ္ ၊ ခမည္းေတာ္ရယ္နဲ႔ပဲ အတူတူအၿမဲေနခ်င္တယ္ " 

ဟု မိမိသေဘာကို ပြင့္ပြင့္လင္းလင္းပင္ ျပန္ေျဖမိသည္ ။ စိတ္ထဲမွလည္း ရႈပ္ေထြးလြန္းလွေသာ ဤနန္းတြင္းေရးရာကိစၥမ်ားကိုေတြးရင္း မ်က္စိေရွ႕တြင္ ျမင္ေနရသည့္ ေဒစီပန္းပင္မ်ားကို ေငးၾကည့္ေနမိသည္ ။ ထိုစဥ္

" ႏွစ္ေယာက္သား ဒီမွာလာပုန္းေနၾကတယ္ေပါ့ "

ဟူေသာ အသံႏွင့္အတူ Charlie က မ်က္စိေရွ႕သို႔ေရာက္လာသည္ ။ Charlie ႏွင့္အတူ Adam ပါ,ပါလာသျဖင့္ မတ္တပ္ထရပ္လိုက္ၿပီး 

" ငါခမည္းေတာ္နဲ႔က်ားထိုးဖို႔ခ်ိန္းထားတာရွိလို႔ သြားလိုက္အုံးမယ္ "

ဟု ေျပာလိုက္သည္ ။ ဤစကားကို Sam က မည္သို႔မွမတုံ႔ျပန္ေသာ္လည္း Charlie ကမူ

" ဟာ အိမ္ေရွ႕စံမင္းသားကလည္း ... ကြၽန္ေတာ္မ်ိဳးမတို႔က အခုမွေရာက္တာေလ ... နည္းနည္းပါးပါးေလးေတာင္ ကြၽန္ေတာ္မ်ိဳးမတို႔နဲ႔မေန​ေပးခ်င္ဘူးလား " 

ဟု ရစ္သည္ ။ Adam ႏွင့္အတူရွိေနရသည္ကို မႏွစ္ၿမိဳ႕ေသာ္လည္း Charlie တစ္ခါစိတ္ေကာက္လၽွင္ နန္းေတာ္တစ္ခုလုံး မည္သူမွမေနရေသာေၾကာင့္ သက္ျပင္းခ်လိုက္ၿပီး

" ဒါဆိုလည္း ခဏေနေပးမယ္ "

ဟု ေျပာလိုက္သည္ ။ 

3)

ဆူစရာကိစၥမရွိလွ်င္ ေခၚေတြ႕ေလ့မရွိေသာ ခမည္းေတာ္က ယေန႔ နန္းေဆာင္သို႔လာေတြ႕ရန္ အမွာစကားပါးလိုက္ေသာေၾကာင့္ Lisa ရင္ထိတ္ေနမိသည္ ။ ထို႔ေၾကာင့္ မိမိအား ျပင္ဆင္ေပးေနေသာ အပ်ိဳေတာ္ကို

" ကြၽႏ္ုပ္အခုတေလာ ခမည္းေတာ္အမ်က္ထြက္ေအာင္ ဘာမ်ားလုပ္ထားမိေသးလဲ "

ဟု ရတက္မေအးစြာ ေမးလိုက္မိသည္ ။ အပ်ိဳေတာ္ကလည္း မိမိ၏ေမးခြန္းေၾကာင့္ ေတြေဝသြားကာ လုပ္လက္စအလုပ္ကို ေခတၱရပ္ကာ စဥ္းစားခန္းဖြင့္ေနသည္ ။ ဤသို႔ စဥ္းစားေနရင္း စကၠန္႔အနည္းငယ္ၾကာေသာအခါ လက္ေဖ်ာက္တီး၍

" ကြၽႏ္ုပ္စဥ္းစားလို႔ရၿပီ မင္းသမီးေလး ... တစ္ေန႔က မင္းႀကီးစိုက္ထားတဲ့ ကုမုျဒာႏွင္းဆီပန္းပင္ကို Leo တူးလိုက္တဲ့ကိစၥ " 

ဟု ေျပာသည္ ။ ထိုအပ်ိဳေတာ္ေျပာသလို ခမည္းေတာ္ကိုယ္တိုင္စိုက္ပ်ိဳးထားေသာ ကုမုျဒာႏွင္းဆီပန္းပင္သည္ ခမည္းေတာ္၏အျမတ္ႏိုးဆုံးေသာပန္းပင္ျဖစ္သည္ ။ ထိုပန္းပင္ကို မိမိ၏အခ်စ္ဆုံးေၾကာင္ Leo က စိုက္ၿပီးသည့္ေန႔တြင္ပင္တူးလိုက္ေသာေၾကာင့္ ထိုပန္းပင္သည္ ေသလုေျမာပါးျဖစ္ေနရသည္ ။ အျခားတစ္ပင္ အစားထိုးစိုက္ေပးရန္ကလည္း ထိုပန္းပင္ကို အမတ္ခ်ဳပ္ႀကီးက လက္ေဆာင္ေပးရန္ရည္႐ြယ္၍ အာရွတိုက္ဘက္မွ သယ္ယူလာျခင္းျဖစ္ေသာေၾကာင့္ ဤႏိုင္ငံအတြင္း၌ ရွာ၍ရမည္မဟုတ္ ။ ထို႔ေၾကာင့္ စိတ္ရႈပ္ရႈပ္ႏွင့္ ၿဖီးထားၿပီးေသာေခါင္းကို ခါရမ္းပစ္လိုက္ၿပီး 

" မသိေတာ့ဘူး ဆူရင္လည္းခံရေတာ့မွာပဲ "

ဟု ေျပာလိုက္သည္ ။ 

4)

Charlie ေကာင္းမႈျဖင့္ Dean တစ္ေယာက္ မႀကီးမငယ္ႏွင့္ စြန္လႊတ္ေနရသည္ ။

သို႔ေသာ္ ....

မျငဴစူရက္ ။ တစ္ေယာက္တည္းရွိေသာ ညီမေလးအား အခ်ိန္ျပည့္ စိတ္ခ်မ္းသာေစလိုသည္ ။ ထို႔ေၾကာင့္ Sam ႏွင့္ Adam တို႔ နန္းေဆာင္ျပန္သြားၾကသည္ကိုပင္ မတားပဲ Charlie ကို အေဖာ္ျပဳေပးေနျခင္းျဖစ္သည္ ။ ထိုစဥ္ Charlie က 

" အိမ္ေရွ႕စံ ... နန္းေတာ္အျပင္ကိုထြက္ဖူးလား ... ဘယ္သူမွမပါပဲနဲ႔ေလ " 

ဟု ႐ုတ္တရက္ ထေမးသည္ ။ နန္းေတာ္အျပင္သို႔ ထြက္ဖူးေသာ္လည္း တစ္ေယာက္ထဲထြက္ဖူးျခင္းမဟုတ္ေသာေၾကာင့္ ေခါင္းခါလိုက္ၿပီး

" ဟင့္အင္း ဘာျဖစ္လို႔လဲ "

ဟု ေမးခြန္းထုတ္လိုက္သည္ ။ 

" အျပင္မွာ အရမ္းေပ်ာ္ဖို႔ေကာင္းတယ္ လြတ္လြတ္လပ္လပ္ပဲ ... ဒီမွာလို လူတကာကဝိုင္းၿပီးေစာင့္ၾကည့္တာကိုမခံရဘူး "

ဟူေသာ အေျဖစကားကို Charlie က ျပန္ေပးရင္း မိမိတို႔အနားမွလူမ်ားကို မ်က္ေစာင္းထိုးသည္ ။ ထို႔ေၾကာင့္ ၿပဳံးလိုက္ၿပီး

" ဒါဆို ... ဘယ္သူမွမသိေအာင္ ငါတို႔ႏွစ္ေယာက္ထဲအျပင္ထြက္ၾကမလား " 

ဟု ေလသံျဖင့္ေမးလိုက္သည္ ။ Charlie က သြက္လက္စြာ ေခါင္းညိတ္ျပသျဖင့္ Charlie လက္ကိုဆြဲကာ လက္ထဲမွရစ္ဘီးကိုပစ္ခ်၍ ပန္းခင္းအတြင္းမွ ေျပးထြက္လာခဲ့လိုက္သည္ ။ 

5)

Charlie ေျပာသလို မည္သူမွမပါပဲ နန္းေတာ္အျပင္သို႔ ခိုးထြက္ရသည္က ေပ်ာ္စရာေကာင္းေသာေၾကာင့္ Dean Charlie ႏွင့္အတူ Charlie သြားသည့္ေနရာတိုင္း မၿငီးမျငဴ လိုက္ပါေနမိသည္ ။ ဤသို႔ေလၽွာက္လိုက္ရင္း အထည္လိပ္မ်ားေရာင္းသည့္ဆိုင္ထဲမွထြက္ေသာအခါ Charlie က

" ဗိုက္ဆာၿပီလား အိမ္ေရွ႕စံ "

ဟု ႐ႊတ္ေနာက္ေနာက္ႏွင့္ေမးသည္ ။ ထို႔ေၾကာင့္ ၿပဳံးလိုက္ၿပီး

" ဝယ္ေကြၽးမယ္ဆိုရင္ေတာ့ဆာၿပီ .... ကိုယ့္ဘာသာကိုယ္ထုတ္ဆိုရင္ေတာ့ မဆာေသးဘူး ... ျပန္ေရာက္မွစားေတာ့မယ္ "

ဟု ျပန္ေနာက္လိုက္သည္ ။ Charlie က မိမိ၏စကားအဆုံးတြင္ သေဘာက်စြာၿပဳံးၿပီး

" ဒါဆို ... ပိုင္မုန့္သြားစားရေအာင္ ... လာ " 

ဟု ေျပာကာ အေရွ႕မွေလၽွာက္သြားသျဖင့္ Charlie အေနာက္မွ အေျပးတစ္ပိုင္း လိုက္သြားလိုက္သည္ ။ 

6)

နယ္စားမင္းက အတင္းေစလႊတ္ေသာေၾကာင့္သာ Castiel ခႏၶာကိုယ္က ဤေနရာသို႔ ေရာက္လာရျခင္းျဖစ္္ၿပီး စိတ္ကမူ အႏၲရာယ္ပတ္လည္ဝိုင္းေနေသာ သခင္မေလးႏွင့္ နယ္စားမင္းထံတြင္ က်န္ခဲ့သည္ ။ ထို႔ေၾကာင့္ ​ေအးရာေအးေၾကာင္းေစ်းဝယ္ေနေသာ အိမ္ေတာ္ထိန္းႀကီးကို

" ျမန္ျမန္လုပ္ပါ အိမ္ေတာ္ထိန္းႀကီးရာ "

ဟု ေလာေနမိသည္ ။ အိမ္ေတာ္ထိန္းႀကီးက မိမိတစ္ခ်ိန္လုံးေလာေနေသာေၾကာင့္ထင္သည္ ။ ေခါင္းကိုတျဗင္းျဗင္းကုတ္ၿပီး

" အဲ့ဒီေလာက္ေတာင္အလ်င္လိုေနရင္လည္း က်ဳပ္နဲ႔ဘာျဖစ္လို႔လိုက္လာေသးလဲ Castiel ရယ္ "

ဟု ေဒါသသံျဖင့္ေျပာသည္ ။ အိမ္ေတာ္ထိန္းႀကီး၏စိတ္ကိုသိေသာ္လည္း စိုးရိမ္သည့္စိတ္က ပိုေနေသာေၾကာင့္

" ခင္ဗ်ားဘာသာဝယ္စရာရွိရင္လည္း ဝယ္ၿပီးသာက်န္ခဲ့ေတာ့ ... က်ဳပ္လွည္းေပၚကေနပဲေစာင့္ေတာ့မယ္ "

ဟု ေျပာကာ ျမင္းလွည္းရပ္ထားသည့္ေနရာဆီသို႔ ေလၽွာက္လာခဲ့လိုက္သည္ ။ ထိုစဥ္ မ်က္ႏွာခ်င္းဆိုင္မွ လူတစ္ေယာက္က လမ္းကိုခပ္သြက္သြက္ေလၽွာက္လာသည္ ။ ထိုလူက အလ်င္လိုေနသလို မိမိကလည္း အလ်င္လိုေနေသာေၾကာင့္ ေရွာင္ရန္အခြင့္အေရးရေသာ္လည္း ထိုလူ မိမိအားေရွာင္ေပလိမ့္မည္ဟု ေတြးလိုက္ကာ ထိုလူ႔အား မေရွာင္လိုက္မိ ။ ထိုလူကလည္း မိမိကဲ့သို႔ပင္ ေတြးလိုက္ဟန္တူသည္ ။ က်ယ္ဝန္းေသာလမ္းမေပၚတြင္ ႏွစ္ေယာက္သား တစ္ေယာက္ႏွင့္တစ္ေယာက္တိုက္မိကာ ထိုလူကိုင္လာေသာပစၥည္းမ်ားက ျပဳတ္က်ကုန္သည္ ။ ထို႔ေၾကာင့္

" ေဆာရီးဗ်ာ ... ကြၽန္ေတာ္အလ်င္လိုေနလို႔ပါ " 

ဟု ေျပာကာ ထိုလူျပဳတ္က်သြားေသာပစၥည္းမ်ားကို ကူေကာက္ေပးလိုက္သည္ ။ ဤသို႔ေကာက္ေပးေနရင္း ထိုလူ၏ပစၥည္းမ်ားၾကားတြင္ ခဲတံခြၽန္သည့္ဓားအ႐ြယ္သာရွိေသာဓားတစ္ေခ်ာင္းပါ ေရာ၍ ျပဳတ္က်ေနသည္ကိုေတြ႕လိုက္ရသည္ ။ 

မူလက ထိုဓားသည္ သာမန္ရိုးရိုးဓားပင္ျဖစ္သည္ဟုထင္မိေသာ္လည္း ဓား၏လက္ကိုင္တြင္ထြင္းထားေသာပုံမ်ားက မိမိကို ခ်က္ခ်င္းသံသယဝင္ေစသည္ ။ ပိုင္ရွင္ရွိေန၍ ဓားကိုခ်က္ခ်င္းေကာက္ယူ၍မရေသာ္လည္း ေရွးေဟာင္းဂရိဘာသာစကားကို စိတ္ဝင္စားေသာ သခင္မေလး၏ေက်းဇူးျဖင့္ မိမိသည္လည္း ေရွးေဟာင္းဂရိစာကိုတတ္ေျမာက္ေနေသာေၾကာင့္ ဓားတြင္ထြင္းေသာပုံမ်ားသည္ လၽွိဳ႕ဝွက္အဖြဲ႕အစည္းတစ္ခုခု၏အမည္ကို ေရးထားေၾကာင္းကိုသိလိုက္ရသည္ ။ ထို႔အျပင္ ထိုလူသည္ မိမိဘာသာျပန္၍ မၿပီးေသးခင္မွာပင္ ဓားကိုခ်က္ခ်င္းပင္ေကာက္ယူကာ မတ္တပ္ထရပ္လိုက္ေသာေၾကာင့္ မိမိသံသယသည္ ပို၍ရွင္းလင္းလာသည္ ။

သို႔ေသာ္ ...

သက္ေသအခိုင္အမာမရွိေသာေၾကာင့္ ထိုလူ႔ကို ျပံဳးျပ၍ ႏႈတ္ဆက္လိုက္သည္ ။ 

7)

မင္းအေျပာင္းအလဲျဖစ္မည္ဟူေသာ သတင္းစကားမ်ားေၾကာင့္ တစ္တိုင္းျပည္လုံးမၿငိမ္မသက္ျဖစ္ေနသည့္ကာလတြင္ ဤသို႔လၽွိဳ႕ဝွက္အဖြဲ႕အစည္းတစ္ခုမွလူအားျမင္ရျခင္းသည္ အလြန္ထူးဆန္းေသာကိစၥျဖစ္သည္ ။ Castiel ၏ တပ္မႉးအေတြ႕အႀကဳံမ်ားအျပင္ ထိုကဲ့သို႔ေသာအဖြဲ႕အစည္းမ်ားသည္ ႀကီးမားေသာ အႀကံအစည္တစ္ခုကို ႀကံစည္ေနျခင္းရွိမွသာလၽွင္ လူထုအေရွ႕သို႔ ေပၚေပါက္လာတတ္ၾကေၾကာင္းကို နယ္စားမင္းက မၾကာခဏေျပာေလ့ရွိေသာေၾကာင့္ ထိုလူလာခဲ့ေသာအဖြဲ႕အစည္းသည္ မင္းအေျပာင္းအလဲကာလတြင္ လၽွိဳ႕ဝွက္စြာႀကံစည္ထားေသာ အႀကံအစည္မ်ားကို ျဖစ္ေျမာက္ေအာင္လုပ္ေပလိမ့္မည္ဟု ေတြးမိသည္ ။ ထို႔အျပင္ ထိုအႀကံအစည္သည္လည္း ေကာင္းမြန္ေသာအႀကံအစည္ျဖစ္လိမ့္မည္မဟုတ္ေၾကာင္း သိသျဖင့္ ထိုလူအေဝးသို႔မေရာက္ခင္ ထိုလူ႔အားရေအာင္တားမည္ဟုစိတ္ကူးကာ ထိုလူ႔အေနာက္သို႔ ေျပးလိုက္သြားလိုက္သည္ ။

ထိုလူက လမ္းေလၽွာက္ေႏွးသည္ေလာ သို႔မဟုတ္ မိမိကျမန္ေနသည္ေလာမသိ ။ ေစ်းထိပ္သို႔မေရာက္ခင္မွာပင္ ထိုလူ႔အားမီသည္ ။ အခ်ိန္က ေစ်းခင္းခ်ိန္ျဖစ္ေနသည့္အျပင္ လူသူထူထပ္လွေသာေၾကာင့္ အေျခအေနကို ႐ုတ္႐ုတ္သဲသဲျဖစ္ေအာင္လုပ္၍မရ ။ တစ္ဖက္လွည့္ျဖင့္ ထိုလူအား လူရွင္းသည့္ေနရာသို႔ေခၚသြားရန္လိုသည္ ။ ထို႔ေၾကာင့္ ထိုလူ႔အနားသို႔ ေလၽွာက္သြားလိုက္ၿပီး ပခုံးကို ပုတ္လိုက္ကာ 

" ေဟ့လူ ... ေစာေစာကခင္ဗ်ားပစၥည္းတစ္ခု က်ဳပ္ဆီမွာက်န္ခဲ့လို႔ " 

ဟု ေျပာလိုက္သည္ ။ ထိုလူက မိမိအသံကိုၾကား၍ လွည့္ၾကည့္လာေသာအခါ ဖြက္ယူလာေသာဓားေျမာင္ကို ထိုလူ႕ခါးတြင္ေထာက္လိုက္ၿပီး 

" အေျခအေနေတြကိုရႈပ္ေထြးေအာင္မလုပ္ပဲနဲ႔ က်ဳပ္ေခၚတဲ့ေနာက္ကိုလိုက္လာခဲ့ "

ဟု ေျပာလိုက္သည္ ။ 

8)

ပိုင္မုန္႔ေတြ႕လၽွင္ ခ်စ္သူရည္းစားကိုေတြ႕ရသလိုေပ်ာ္တတ္ေသာအက်င့္ေၾကာင့္ Dean တစ္ေယာက္ ေဘးတြင္တစ္ခ်ိန္လုံးရွိေနသည့္ Charlie ေပ်ာက္သြားသည္ကိုပင္ သတိမထားမိလိုက္ ။ ပိုင္မုန္႔သည္က 

" ေနာက္တစ္ခုက စေတာ္ဘယ္ရီနဲ႔လား ဘလူးဘယ္ရီနဲ႔လား ဆရာ "

ဟု ေမးေသာအခါမွ Charlie ကို လွည့္ၾကည့္မိသည္ ။ ဝယ္လာေသာပစၥည္းမ်ားသာရွိၿပီး လူအေကာင္လိုက္က အစအနပင္မေတြ႕ရေအာင္ေပ်ာက္သြားသည့္ ခ်စ္ညီမေလးအား မည္သို႔လိုက္ရွာရမည္ကိုမသိသည့္အျပင္ ျပႆနာမရွာေလာက္ဟု ေတြးမိေသာေၾကာင့္ ပိုင္မုန္႔ကို ဘလူးဘယ္ရီႏွင့္လုပ္ရန္ေျပာကာ မုန္႔ရသည္ႏွင့္ ဆိုင္ေရွ႕မွ ေအးေအးေဆးေဆးထြက္လာခဲ့လိုက္သည္ ။

မိမိကသာ Charlie တစ္ေယာက္ ျပႆနာမလုပ္ဟုထင္ကာ ေအးေအးေဆးေဆးလုပ္ေနမိေသာ္လည္း ေက်းဇူးရွင္မယ္မင္းႀကီးမကမူ ေစာေစာပိုင္းက အထည္စဝယ္လာသည့္ဆိုင္၏ေဘးတြင္ရွိေသာလမ္းၾကားထဲတြင္ လူတစ္ေယာက္ႏွင့္အတူ အျခားလူတစ္ေယာက္အား လက္ပါေျခပါလုပ္ေနသည္ ။ ဤသို႔ စိတ္လိုက္မာန္ပါမလုပ္ရန္ အႀကိမ္ႀကိမ္ေျပာေသာ္လည္း စကားနားမေထာင္သည့္ညီမျဖစ္သူကို ယခုတစ္ႀကိမ္တြင္မူ ေကာင္းေကာင္းဆုံးမမွျဖစ္မည္ဟုေတြးကာ လမ္းၾကားထဲသို႔ ေျပးလာခဲ့လိုက္သည္ ။ 

9)

တစ္ေယာက္ တစ္ေယာက္ခ်င္းျဖစ္၍ ဤလူအားႏိုင္လိမ့္မည္ဟု Castiel ထင္မိေသာ္လည္း ထိုလူသည္ အတိုက္အခိုက္ပညာကို ႏွစ္ေပါင္းမ်ားစြာသင္ယူလာခဲ့သူကဲ့သို႔ ကြၽမ္းက်င္သျဖင့္ ထိုလူကို မရႈံးနိမ့္ေအာင္႐ုန္းကန္ေနရသည္ ။ ထိုစဥ္

" ရွင္တို႔ရန္ျဖစ္ေနၾကတာလား "

ဟူေသာ ေမးခြန္းႏွင့္အတူ မိန္းကေလးတစ္ဦးက မိမိတို႔အနားသို႔ ေရာက္လာသည္ ။ ထိုမိန္းကေလး၏ပုံစံက ဤၿမိဳ႕သူပုံမေပါက္ေသာေၾကာင့္ ထိုမိန္းကေလး၏ေမးခြန္းကို အေရးလုပ္၍မေျဖပဲေနလိုက္သည္ ။ ထိုမိန္းကေလးက အေျဖျပန္မရေသာ္လည္းဇြဲမေလွ်ာ့ ။

" ရွင္တို႔ကမေျဖေတာ့ ကြၽန္မကဘယ္လိုလုပ္ရွင္တို႔ကိုကူညီလို႔ရမွာလဲ "

ဟု ထပ္ေမးကာ အနားတြင္ ရစ္သီရစ္သီလုပ္ေနသည္ ။ ပုံမွန္မိန္းကေလးဆိုလွ်င္ ဤသို႔ လူႏွစ္ေယာက္သတ္ပုတ္ေနသည္ကိုျမင္ပါက ထိတ္လန္႔၍ထြက္ေျပးသြားမည္ျဖစ္ေသာ္လည္း ဤမိန္းကေလးကမူ ဤကဲ့သို႔ျမင္ကြင္းမ်ားကို ျမင္ဖူးေနဟန္ျဖင့္ ေအးေအးေဆးေဆး ျဖစ္ေနေသာေၾကာင့္

" မင္းကူညီခ်င္ရင္ ဒီလူ႔ကိုႏိုင္ေအာင္ခ် ... ဒီလူကသူလၽွိဳ" 

ဟု ေျပာလိုက္သည္ ။ 

သို႔ေသာ္ ...

ထိုမိန္းကေလးက မိမိစကားကို ခ်က္ခ်င္းမယုံ ။

" သက္ေသကေရာ "

ဟု လုပ္ေနသျဖင့္ စိတ္တိုလာကာ

" အရင္ဆုံး ေျပာသလိုသာလုပ္ပါ ... ၿပီးရင္သက္ေသကိုမင္းႀကိဳက္သလိုရွာလို႔ရတယ္ " 

ဟူ၍ ေအာ္လိုက္သည္ ။ 

10)

" Charlie "

ဟူေသာ ေအာ္သံေၾကာင့္ Castiel ေရာ ၊ ဆံပင္အနီေရာင္ႏွင့္မိန္းကေလးပါ လက္ရွိအေျခအေနကို ေခတၱေမ့ေလ်ာ့သြားမိသည္ ။

သို႔ေသာ္ ... 

မိမိက ခ်က္ခ်င္းအသိဝင္လာကာ ဓားေျမႇာင္ကိုဆြဲထုတ္လာေသာလူ၏မ်က္ႏွာကို လက္သီးႏွင့္ပိတ္ထိုးပစ္လိုက္သည္ ။ 

ထိုလူအနည္းငယ္မူးေဝသြားေသာအခါမွ Charlie ဟု အေခၚခံရေသာမိန္းကေလးက ေစာေစာကေရာက္လာေသာလူထံသို႔ ေျပးသြားသည္ ။ ထို႔ေၾကာင့္ မိမိကပင္ အနစ္နာခံကာ ဤလူကိုအေမွာက္သိပ္လိုက္သည္ ။

ေနရာက အနည္းငယ္လွမ္းေသာေၾကာင့္ ထိုႏွစ္ေယာက္ တီးတိုးစကားေျပာေနသည္ကို မၾကားရေသာ္လည္း ထိုလူက ဆံပင္အနီေရာင္မိန္းကေလးကို အိမ္ျပန္ရန္ေခၚေနျခင္းျဖစ္ေၾကာင္း ထိုႏွစ္ေယာက္၏ အျပဳအမူမ်ားမွတစ္ဆင့္ သိလိုက္ရသည္ ။ ထို႔ေၾကာင့္ ဆံပင္အနီေရာင္မိန္းကေလးကို

" ေဟ့ ... မင္းသက္ေသလိုခ်င္ရင္လာယူလို႔ရၿပီ " 

ဟု လွမ္းေအာ္ေခၚကာ ေျမႀကီးေပၚတြင္လဲေနသူ၏မ်က္ႏွာကို ေျခေထာက္ႏွင့္ဖိထားလိုက္သည္ ။ 

ထိုစဥ္ ေစာေစာကေရာက္လာေသာလူက မိမိရွိရာဆီသို႔ ေလၽွာက္လာသည္ ။ အနားသို႔ေရာက္သည္ႏွင့္ မိမိတက္နင္းထားေသာလူကို ေစ့ေစ့စပ္စပ္ၾကည့္ကာ

" သူလား ... သူလၽွိဳက "

ဟု ေမးသည္ ။ ေမးရင္းႏွင့္လည္း ထိုလူ၏တစ္ကိုယ္လုံးကို လိုက္လံ၍ရွာေဖြေမႊေႏွာက္ေနသည္ ။ စိတ္တိုင္းက်ရွာေဖြၿပီးေနာက္ မိမိအားေမာ့ၾကည့္ကာ 

" လႊတ္ေပးလိုက္ေတာ့ "

ဟု ေျပာသည္ ။ ဤသို႔ေျပာလာေသာအသံက ၾသဇာေညာင္းလွေသာအသံျဖစ္ေသာေၾကာင့္ စကားအပိုေျပာမေနေတာ့ပဲ ေျခေထာက္ကို ႂကြေပးလိုက္သည္ ။ ဤသို႔ႂကြေပးလိုက္သည္ႏွင့္ မည္သည့္အခ်ိန္ကတည္းက ျပန္လည္ခုခံရန္စိတ္ကူးထားသည္မသိေသာထိုလူက ခပ္လွမ္းလွမ္းတြင္က်ေနေသာဓားေျမာင္ကို ေျပးေကာက္သည္ ။ ထိုလူ႔လက္ထဲသို႔ ဓားေျမႇာင္ေရာက္မသြားေအာင္တားရန္ စိတ္ကူးေနစဥ္မွာပင္ 

" သတိထား "

ဟူေသာ ေအာ္သံႏွင့္အတူ ခႏၶာကိုယ္က တစ္စုံတစ္ဦး၏ ေပြ႕ဖက္ျခင္းကို ခံလိုက္ရသည္ ။ ထိုစဥ္မွာပင္ ဆံပင္အနီမိန္းကေလး၏ 

" Dean " 

ဟု ေအာ္လိုက္ေသာအသံကို ၾကားရသည္ ။ ႐ုတ္တရက္ ရႈပ္ေထြးသြားျပန္ေသာအေျခအေနကို နားလည္ရန္စဥ္းစားေနစဥ္မွာပင္ Dean ဟု အေခၚခံရေသာလူက

" က်စ္ ... သနားလို႔ အေလၽွာ့ေပးထားတာကို ေရာင့္တက္ေနျပန္ၿပီ " 

ဟု ေရ႐ြတ္ကာ မည္သည့္အခ်ိန္က ထုတ္လိုက္မွန္းမသိသည့္ဓားေျမာင္ျဖင့္ ထိုလူ၏လည္ပင္းကို အေၾကာက္အ႐ြံ႕မရွိစြာ လွီးျဖတ္လိုက္သည္ ။ 

11)

ေသြးမ်ားျဖာထြက္လာသည့္လည္ပင္းကို လက္ႏွင့္ဖိကိုင္ကာ ေျမႀကီးေပၚသို႔ လဲက်သြားသည့္လူအား မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနေသာလူအား Castiel ေရာ ၊ ဆံပင္အနီမိန္းကေလးပါ မည္သည့္စကားမွမဆိုျဖစ္ၾကသလို ဆိုလည္းမဆိုဝံ့ ။ စကၠန္႔အနည္းငယ္ၾကာေသာအခါမွ ဆံပင္အနီမိန္းကေလးက ထိုလူ႔အနားသို႔ ခ်ဥ္းကပ္သြားကာ 

" ျပန္ၾကရေအာင္ .. ခဏေနရင္လူေတြေရာက္လာလိမ့္မယ္ "

ဟု ေျပာသည္ ။ ထိုလူကလည္း ဆံပင္အနီမိန္းကေလး၏ စကားကို ေထာက္ခံဟန္ျဖင့္ ေခါင္းညိတ္ကာ ေနရာမွခြာရန္ျပင္သည္ ။ 

သို႔ေသာ္ ... 

ခ်က္ခ်င္းဆိုသလို မ်က္ႏွာက ရႈံ႕မဲ့သြားကာ ေနာက္ေက်ာဘက္ဆီသို႔ လက္ျဖင့္လွမ္းစမ္းၾကည့္သည္ ။ 

နီေစြးေစြးေသြးမ်ားက လက္တြင္ကပ္ပါလာသည္ကို ေတြ႕လိုက္ရသျဖင့္ ေျမႀကီးေပၚမွလူကို ေပေစာင္းေစာင္းျဖင့္ၾကည့္ကာ

" ေခြးသားေလး ... ေသတာေတာင္ လူကိုဒုကၡေပးသြားေသးတယ္ " 

ဟု ေရ႐ြတ္သည္ ။ ထိုလူ႔ဒဏ္ရာက မိမိကိုကာကြယ္ရင္းရသည့္ဒဏ္ရာျဖစ္ေသာေၾကာင့္ ေတာင္းပန္စကားဆိုရန္ ဟန္ျပင္ေနစဥ္မွာပင္ ထိုလူက ေနရာမွ ထြက္ခြာသြားသည္ ။

by the_richone_IX

■■■ Episode (3) ဆက္ရန္ ■■■

1)

Dean လေ့ကျင့်ရေးကွင်းအတွင်း၌ Charlie တို့နှင့်အတူရှိနေစဥ် ခမည်းတော်၏လက်ထောက်ဖြစ်သူ Gabriel က ရောက်လာပြီး ခမည်းတော်က တွေ့ရန်ခေါ်ကြောင်းပြောလာသဖြင့် ခမည်းတော်ရှိနေသော စာကြည့်ဆောင်သို့ ရောက်လာခဲ့ရသည် ။ စာကြည့်စားပွဲတွင် ထိုင်နေသော ဖခင်ဖြစ်သူက မိမိကိုမြင်သည်နှင့်

" ထိုင်အုံး အိမ်ရှေ့စံ "

ဟု ပြောသဖြင့် ဖခင်ဖြစ်သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည် ။ ထိုအခါမှ ဖခင်ဖြစ်သူက

" အရင်ရက်က ကိုယ်တော်ပြောထားတဲ့လက်ထပ်ဖို့ကိစ္စကို အိမ်ရှေ့စံစဥ်းစားပြီးပြီလား "

ဟု မေးသည် ။ ဖခင်ဖြစ်သူက မိမိအား လက်ထပ်ကာ ထီးနန်းအရိုက်အရာကို ဆက်ခံစေလိုနေသော်လည်း မိမိကမူ ထိုသို့မလုပ်ချင် ။ Charlie ၊ Sam တို့နှင့်အတူ လွတ်လွတ်လပ်လပ်နေလိုသေးသည် ။

သို့သော် ....

ငယ်စဥ်ကတည်းက ယခုအချိန်အထိ တစ်ကြိမ်တစ်ခါမှ ဖခင်ဖြစ်သူ၏ဆန္ဒကို မငြင်းဆန်ခဲ့ဖူးသောကြောင့် ယခုလည်း ဖခင်ဖြစ်သူကို အထွေအထူးပြောမနေတော့ပဲ ခေါင်းညိတ်၍

" ခမည်းတော်ကကောင်းစေချင်လို့စီစဥ်တာကို ကျွန်တော်မျိုးမငြင်းပါဘူး "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ဖခင်ဖြစ်သူက ခေါင်းညိတ်၍

" ဒါဆို သိပ်မကြာခင် ကြင်ယာတော်နဲ့တွေ့ဖို့စီစဥ်လိုက်မယ် .... အိမ်ရှေ့စံလည်း ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားလိုက်အုံး "

ဟု ပြောသည် ။ ထို့ကြောင့်

" မှန်လှပါ အရှင် "

ဟု ပြန်ပြောလိုက်သည် ။ 

2)

Sam ၏

" Dean ... တကယ်လို့ မင်းတစ်ယောက်ထဲနဲ့ပဲလက်ထပ်ရမယ်ဆိုရင် Meg နဲ့ Lisa ဆို မင်းဘယ်သူ့ကိုပိုသဘောကျလဲ ... ဘယ်သူနဲ့လက်ထပ်ဖို့စိတ်ကူးထားလဲ " 

ဟူသော မေးခွန်းကို Dean  

" ငါ့သဘောအတိုင်းဆို ဘယ်သူ့ကိုမှမယူချင်ဘူး ... နှမတော်ရယ် ၊ မင်းရယ် ၊ ခမည်းတော်ရယ်နဲ့ပဲအတူတူအမြဲနေချင်တယ် " 

ဟု မိမိသဘောကို ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေမိသည် ။ စိတ်ထဲမှလည်း ရှုပ်ထွေးလွန်းလှသော ဤနန်းတွင်းရေးရာကိစ္စများကိုတွေးရင်း မျက်စိရှေ့တွင် မြင်နေရသည့် ဒေစီပန်းပင်များကို ငေးကြည့်နေမိသည် ။ ထိုစဉ်

" နှစ်ယောက်သား ဒီမှာလာပုန်းနေကြတယ်ပေါ့ "

ဟူသော အသံနှင့်အတူ Charlie က မျက်စိရှေ့သို့ရောက်လာသည် ။ Charlie နှင့်အတူ Adam ပါ,ပါလာသဖြင့် မတ်တပ်ထရပ်လိုက်ပြီး 

" ငါခမည်းတော်နဲ့ကျားထိုးဖို့ချိန်းထားတာရှိလို့ သွားလိုက်အုံးမယ် "

ဟု ပြောလိုက်သည် ။ ဤစကားကို Sam က မည်သို့မှမတုံ့ပြန်သော်လည်း Charlie ကမူ

" ဟာ အိမ်ရှေ့စံမင်းသားကလဲ ... ကျွန်တော်မျိုးမတို့က အခုမှရောက်တာလေ ... နည်းနည်းပါးပါးလေးတောင် ကျွန်တော်မျိုးမတို့နဲ့မနေ​ပေးချင်ဘူးလား " 

ဟု ရစ်သည် ။ Adam နှင့်အတူရှိနေရသည်ကို မနှစ်မြို့သော်လည်း Charlie တစ်ခါစိတ်ကောက်လျှင် နန်းတော်တစ်ခုလုံး မည်သူမှမနေရသောကြောင့် သက်ပြင်းချလိုက်ပြီး

" ဒါဆိုလည်း ခဏနေပေးမယ် "

ဟု ပြောလိုက်သည် ။ 

3)

ဆူစရာကိစ္စမရှိလျှင် ခေါ်တွေ့လေ့မရှိသော ခမည်းတော်က ယနေ့ နန်းဆောင်သို့လာတွေ့ရန် အမှာစကားပါးလိုက်သောကြောင့် Lisa ရင်ထိတ်နေမိသည် ။ ထို့ကြောင့် မိမိအား ပြင်ဆင်ပေးနေသော အပျိုတော်ကို

" ကျွန်ုပ်အခုတလော ခမည်းတော်အမျက်ထွက်အောင်ဘာများလုပ်ထားမိသေးလဲ "

ဟု ရတက်မအေးစွာ မေးလိုက်မိသည် ။ အပျိုတော်ကလည်း မိမိ၏မေးခွန်းကြောင့် တွေဝေသွားကာ လုပ်လက်စအလုပ်ကို ခေတ္တရပ်ကာ စဥ်းစားခန်းဖွင့်နေသည် ။ ဤသို့ စဥ်းစားနေရင်း စက္ကန့်အနည်းငယ်ကြာသောအခါ လက်ဖျောက်တီး၍

" ကျွန်ုပ်စဥ်းစားလို့ရပြီ မင်းသမီးလေး ... တစ်နေ့က မင်းကြီးစိုက်ထားတဲ့ ကုမုဒြာနှင်းဆီပန်းပင်ကို Leo တူးလိုက်တဲ့ကိစ္စ " 

ဟု ပြောသည် ။ ထိုအပျိုတော်ပြောသလို ခမည်းတော်ကိုယ်တိုင်စိုက်ပျိုးထားသော ကုမုဒြာနှင်းဆီပန်းပင်သည် ခမည်းတော်၏အမြတ်နိုးဆုံးသောပန်းပင်ဖြစ်သည် ။ ထိုပန်းပင်ကို မိမိ၏အချစ်ဆုံးကြောင် Leo က စိုက်ပြီးသည့်နေ့တွင်ပင်တူးလိုက်သောကြောင့် ထိုပန်းပင်သည် သေလုမြောပါးဖြစ်နေရသည် ။ အခြားတစ်ပင် အစားထိုးစိုက်ပေးရန်ကလည်း ထိုပန်းပင်ကို အမတ်ချုပ်ကြီးက လက်ဆောင်ပေးရန်ရည်ရွယ်၍ အာရှတိုက်ဘက်မှ သယ်ယူလာခြင်းဖြစ်သောကြောင့် ဤနိုင်ငံအတွင်း၌ ရှာ၍ရမည်မဟုတ် ။ ထို့ကြောင့် စိတ်ရှုပ်ရှုပ်နှင့် ဖြီးထားပြီးသောခေါင်းကို ခါရမ်းပစ်လိုက်ပြီး 

" မသိတော့ဘူး ဆူရင်လည်းခံရတော့မှာပဲ "

ဟု ပြောလိုက်သည် ။ 

4)

Charlie ကောင်းမှုဖြင့် Dean တစ်ယောက် မကြီးမငယ်နှင့် စွန်လွှတ်နေရသည် ။

သို့သော် ....

မငြူစူရက် ။ တစ်ယောက်တည်းရှိသော ညီမလေးအား အချိန်ပြည့် စိတ်ချမ်းသာစေလိုသည် ။ ထို့ကြောင့် Sam နှင့် Adam တို့ နန်းဆောင်ပြန်သွားကြသည်ကိုပင် မတားပဲ Charlie ကို အဖော်ပြုပေးနေခြင်းဖြစ်သည် ။ ထိုစဉ် Charlie က 

" အိမ်ရှေ့စံ ... နန်းတော်အပြင်ကိုထွက်ဖူးလား ... ဘယ်သူမှမပါပဲနဲ့လေ " 

ဟု ရုတ်တရက် ထမေးသည် ။ နန်းတော်အပြင်သို့ ထွက်ဖူးသော်လည်း တစ်ယောက်ထဲထွက်ဖူးခြင်းမဟုတ်သောကြောင့် ခေါင်းခါလိုက်ပြီး

" ဟင့်အင်း ဘာဖြစ်လို့လဲ "

ဟု မေးခွန်းထုတ်လိုက်သည် ။ 

" အပြင်မှာ အရမ်းပျော်ဖို့ကောင်းတယ် လွတ်လွတ်လပ်လပ်ပဲ ... ဒီမှာလို လူတကာကဝိုင်းပြီးစောင့်ကြည့်တာကိုမခံရဘူး "

ဟူသော အဖြေစကားကို Charlie က ပြန်ပေးရင်း မိမိတို့အနားမှလူများကို မျက်စောင်းထိုးသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" ဒါဆို ... ဘယ်သူမှမသိအောင် ငါတို့နှစ်ယောက်ထဲအပြင်ထွက်ကြမလား " 

ဟု လေသံဖြင့်မေးလိုက်သည် ။ Charlie က သွက်လက်စွာ ခေါင်းညိတ်ပြသဖြင့် Charlie လက်ကိုဆွဲကာ လက်ထဲမှရစ်ဘီးကိုပစ်ချ၍ ပန်းခင်းအတွင်းမှ ပြေးထွက်လာခဲ့လိုက်သည် ။ 

5)

Charlie ပြောသလို မည်သူမှမပါပဲ နန်းတော်အပြင်သို့ ခိုးထွက်ရသည်က ပျော်စရာကောင်းသောကြောင့် Dean Charlie နှင့်အတူ Charlie သွားသည့်နေရာတိုင်း မငြီးမငြူ လိုက်ပါနေမိသည် ။ ဤသို့လျှောက်လိုက်ရင်း အထည်လိပ်များရောင်းသည့်ဆိုင်ထဲမှထွက်သောအခါ Charlie က

" ဗိုက်ဆာပြီလား အိမ်ရှေ့စံ "

ဟု ရွှတ်နောက်နောက်နှင့်မေးသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" ဝယ်ကျွေးမယ်ဆိုရင်တော့ဆာပြီ .... ကိုယ့်ဘာသာကိုယ်ထုတ်ဆိုရင်တော့ မဆာသေးဘူး ... ပြန်ရောက်မှစားတော့မယ် "

ဟု ပြန်နောက်လိုက်သည် ။ Charlie က မိမိ၏စကားအဆုံးတွင် သဘောကျစွာပြုံးပြီး

" ဒါဆို ... ပိုင်မုန့်သွားစားရအောင် ... လာ " 

ဟု ပြောကာ အရှေ့မှလျှောက်သွားသဖြင့် Charlie အနောက်မှ အပြေးတစ်ပိုင်း လိုက်သွားလိုက်သည် ။ 

6)

နယ်စားမင်းက အတင်းစေလွှတ်သောကြောင့်သာ Castiel ခန္ဓာကိုယ်က ဤနေရာသို့ ရောက်လာရခြင်းဖြစ််ပြီး စိတ်ကမူ အန္တရာယ်ပတ်လည်ဝိုင်းနေသော သခင်မလေးနှင့် နယ်စားမင်းထံတွင် ကျန်ခဲ့သည် ။ ထို့ကြောင့် ​အေးရာအေးကြောင်းစျေးဝယ်နေသော အိမ်တော်ထိန်းကြီးကို

" မြန်မြန်လုပ်ပါ အိမ်တော်ထိန်းကြီးရာ "

ဟု လောနေမိသည် ။ အိမ်တော်ထိန်းကြီးက မိမိတစ်ချိန်လုံးလောနေသောကြောင့်ထင်သည် ။ ခေါင်းကိုတဗြင်းဗြင်းကုတ်ပြီး

" အဲ့ဒီလောက်တောင်အလျင်လိုနေရင်လည်း ကျုပ်နဲ့ဘာဖြစ်လို့လိုက်လာသေးလဲ Castiel ရယ် "

ဟု ဒေါသသံဖြင့်ပြောသည် ။ အိမ်တော်ထိန်းကြီး၏စိတ်ကိုသိသော်လည်း စိုးရိမ်သည့်စိတ်က ပိုနေသောကြောင့်

" ခင်ဗျားဘာသာဝယ်စရာရှိရင်လည်း ဝယ်ပြီးသာကျန်ခဲ့တော့ ... ကျုပ်လှည်းပေါ်ကနေပဲစောင့်တော့မယ် "

ဟု ပြောကာ မြင်းလှည်းရပ်ထားသည့်နေရာဆီသို့ လျှောက်လာခဲ့လိုက်သည် ။ ထိုစဉ် မျက်နှာချင်းဆိုင်မှ လူတစ်ယောက်က လမ်းကိုခပ်သွက်သွက်လျှောက်လာသည် ။ ထိုလူက အလျင်လိုနေသလို မိမိကလည်း အလျင်လိုနေသောကြောင့် ရှောင်ရန်အခွင့်အရေးရသော်လည်း ထိုလူ မိမိအားရှောင်ပေလိမ့်မည်ဟု တွေးလိုက်ကာ ထိုလူ့အား မရှောင်လိုက်မိ ။ ထိုလူကလည်း မိမိကဲ့သို့ပင် တွေးလိုက်ဟန်တူသည် ။ ကျယ်ဝန်းသောလမ်းမပေါ်တွင် နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက်တိုက်မိကာ ထိုလူကိုင်လာသောပစ္စည်းများက ပြုတ်ကျကုန်သည် ။ ထို့ကြောင့်

" ဆောရီးဗျာ ... ကျွန်တော်အလျင်လိုနေလို့ပါ " 

ဟု ပြောကာ ထိုလူပြုတ်ကျသွားသောပစ္စည်းများကို ကူကောက်ပေးလိုက်သည် ။ ဤသို့ကောက်ပေးနေရင်း ထိုလူ၏ပစ္စည်များကြားတွင် ခဲတံချွန်သည့်ဓားအရွယ်သာရှိသောဓားတစ်ချောင်းပါ ရော၍ ပြုတ်ကျနေသည်ကိုတွေ့လိုက်ရသည် ။ 

မူလက ထိုဓားသည် သာမန်ရိုးရိုးဓားပင်ဖြစ်သည်ဟုထင်မိသော်လည်း ဓား၏လက်ကိုင်တွင်ထွင်းထားသောပုံများက မိမိကို ချက်ချင်းသံသယဝင်စေသည် ။ ပိုင်ရှင်ရှိနေ၍ ဓားကိုချက်ချင်းကောက်ယူ၍မရသော်လည်း ရှေးဟောင်းဂရိဘာသာစကားကို စိတ်ဝင်စားသော သခင်မလေး၏ကျေးဇူးဖြင့် မိမိသည်လည်း ရှေးဟောင်းဂရိစာကိုတတ်မြောက်နေသောကြောင့် ဓားတွင်ထွင်းသောပုံများသည် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုခု၏အမည်ကို ရေးထားကြောင်းကိုသိလိုက်ရသည် ။ ထို့အပြင် ထိုလူသည် မိမိဘာသာပြန်၍ မပြီးသေးခင်မှာပင် ဓားကိုချက်ချင်းပင်ကောက်ယူကာ မတ်တပ်ထရပ်လိုက်သောကြောင့် မိမိသံသယသည် ပို၍ရှင်းလင်းလာသည် ။

သို့သော် ...

သက်သေအခိုင်အမာမရှိသောကြောင့် ထိုလူ့ကို ပြုံးပြ၍ နှုတ်ဆက်လိုက်သည် ။ 

7)

မင်းအပြောင်းအလဲဖြစ်မည်ဟူသော သတင်းစကားများကြောင့် တစ်တိုင်းပြည်လုံးမငြိမ်မသက်ဖြစ်နေသည့်ကာလတွင် ဤသို့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုမှလူအားမြင်ရခြင်းသည် အလွန်ထူးဆန်းသောကိစ္စဖြစ်သည် ။ Castiel ၏ တပ်မှုးအတွေ့အကြုံများအပြင် ထိုကဲ့သို့သောအဖွဲ့အစည်းများသည် ကြီးမားသော အကြံအစည်တစ်ခုကို ကြံစည်နေခြင်းရှိမှသာလျှင် လူထုအရှေ့သို့ ပေါ်ပေါက်လာတတ်ကြကြောင်းကို နယ်စားမင်းက မကြာခဏပြောလေ့ရှိသောကြောင့် ထိုလူလာခဲ့သောအဖွဲ့အစည်းသည် မင်းအပြောင်းအလဲကာလတွင် လျှို့ဝှက်စွာကြံစည်ထားသော အကြံအစည်များကို ဖြစ်မြောက်အောင်လုပ်ပေလိမ့်မည်ဟု တွေးမိသည် ။ ထို့အပြင် ထိုအကြံအစည်သည်လည်း ကောင်းမွန်သောအကြံအစည်ဖြစ်လိမ့်မည်မဟုတ်ကြောင်း သိသဖြင့် ထိုလူအဝေးသို့မရောက်ခင် ထိုလူ့အားရအောင်တားမည်ဟုစိတ်ကူးကာ ထိုလူ့အနောက်သို့ ပြေးလိုက်သွားလိုက်သည် ။

ထိုလူက လမ်းလျှောက်နှေးသည်လော သို့မဟုတ် မိမိကမြန်နေသည်လောမသိ ။ စျေးထိပ်သို့မရောက်ခင်မှာပင် ထိုလူ့အားမီသည် ။ အချိန်က စျေးခင်းချိန်ဖြစ်နေသည့်အပြင် လူသူထူထပ်လှသောကြောင့် အခြေအနေကို ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်၍မရ ။ တစ်ဖက်လှည့်ဖြင့် ထိုလူအား လူရှင်းသည့်နေရာသို့ခေါ်သွားရန်လိုသည် ။ ထို့ကြောင့် ထိုလူ့အနားသို့ လျှောက်သွားလိုက်ပြီး ပခုံးကို ပုတ်လိုက်ကာ 

" ဟေ့လူ ... စောစောကခင်ဗျားပစ္စည်းတစ်ခု ကျုပ်ဆီမှာကျန်ခဲ့လို့ " 

ဟု ပြောလိုက်သည် ။ ထိုလူက မိမိအသံကိုကြား၍ လှည့်ကြည့်လာသောအခါ ဖွက်ယူလာသောဓားမြောင်ကို ထိုလူ့ခါးတွင်ထောက်လိုက်ပြီး 

" အခြေအနေတွေကိုရှုပ်ထွေးအောင်မလုပ်ပဲနဲ့ ကျုပ်ခေါ်တဲ့နောက်ကိုလိုက်လာခဲ့ "

ဟု ပြောလိုက်သည် ။ 

8)

ပိုင်မုန့်တွေ့လျှင် ချစ်သူရည်းစားကိုတွေ့ရသလိုပျော်တတ်သောအကျင့်ကြောင့် Dean တစ်ယောက် ဘေးတွင်တစ်ချိန်လုံးရှိနေသည့် Charlie ပျောက်သွားသည်ကိုပင် သတိမထားမိလိုက် ။ ပိုင်မုန့်သည်က 

" နောက်တစ်ခုက စတော်ဘယ်ရီနဲ့လား ဘလူးဘယ်ရီနဲ့လား ဆရာ "

ဟု မေးသောအခါမှ Charlie ကို လှည့်ကြည့်မိသည် ။ ဝယ်လာသောပစ္စည်းများသာရှိပြီး လူအကောင်လိုက်က အစအနပင်မတွေ့ရအောင်ပျောက်သွားသည့် ချစ်ညီမလေးအား မည်သို့လိုက်ရှာရမည်ကိုမသိသည့်အပြင် ပြဿနာမရှာလောက်ဟု တွေးမိသောကြောင့် ပိုင်မုန့်ကို ဘလူးဘယ်ရီနှင့်လုပ်ရန်ပြောကာ မုန့်ရသည်နှင့် ဆိုင်ရှေ့မှ အေးအေးဆေးဆေးထွက်လာခဲ့လိုက်သည် ။

မိမိကသာ Charlie တစ်ယောက် ပြဿနာမလုပ်ဟုထင်ကာ အေးအေးဆေးဆေးလုပ်နေမိသော်လည်း ကျေးဇူးရှင်မယ်မင်းကြီးမကမူ စောစောပိုင်းက အထည်စဝယ်လာသည့်ဆိုင်၏ဘေးတွင်ရှိသောလမ်းကြားထဲတွင် လူတစ်ယောက်နှင့်အတူ အခြားလူတစ်ယောက်အား လက်ပါခြေပါလုပ်နေသည် ။ ဤသို့ စိတ်လိုက်မာန်ပါမလုပ်ရန် အကြိမ်ကြိမ်ပြောသော်လည်း စကားနားမထောင်သည့်ညီမဖြစ်သူကို ယခုတစ်ကြိမ်တွင်မူ ကောင်းကောင်းဆုံးမမှဖြစ်မည်ဟုတွေးကာ လမ်းကြားထဲသို့ ပြေးလာခဲ့လိုက်သည် ။ 

9)

တစ်ယောက် တစ်ယောက်ချင်းဖြစ်၍ ဤလူအားနိုင်လိမ့်မည်ဟု Castiel ထင်မိသော်လည်း ထိုလူသည် အတိုက်အခိုက်ပညာကို နှစ်ပေါင်းများစွာသင်ယူလာခဲ့သူကဲ့သို့ ကျွမ်းကျင်သဖြင့် ထိုလူကို မရှုံးနိမ့်အောင်ရုန်းကန်နေရသည် ။ ထိုစဉ်

" ရှင်တို့ရန်ဖြစ်နေကြတာလား "

ဟူသော မေးခွန်းနှင့်အတူ မိန်းကလေးတစ်ဦးက မိမိတို့အနားသို့ ရောက်လာသည် ။ ထိုမိန်းကလေး၏ပုံစံက ဤမြို့သူပုံမပေါက်သောကြောင့် ထိုမိန်းကလေး၏မေးခွန်းကို အရေးလုပ်၍မဖြေပဲနေလိုက်သည် ။ ထိုမိန်းကလေးက အဖြေပြန်မရသော်လည်းဇွဲမလျှော့ ။

" ရှင်တို့ကမဖြေတော့ ကျွန်မကဘယ်လိုလုပ်ရှင်တို့ကိုကူညီလို့ရမှာလဲ "

ဟု ထပ်မေးကာ အနားတွင် ရစ်သီရစ်သီလုပ်နေသည် ။ ပုံမှန်မိန်းကလေးဆိုလျှင် ဤသို့ လူနှစ်ယောက်သတ်ပုတ်နေသည်ကိုမြင်ပါက ထိတ်လန့်၍ထွက်ပြေးသွားမည်ဖြစ်သော်လည်း ဤမိန်းကလေးကမူ ဤကဲ့သို့မြင်ကွင်းများကို မြင်ဖူးနေဟန်ဖြင့် အေးအေးဆေးဆေး ဖြစ်နေသောကြောင့်

" မင်းကူညီချင်ရင် ဒီလူ့ကိုနိုင်အောင်ချ ... ဒီလူကသူလျှို " 

ဟု ပြောလိုက်သည် ။ 

သို့သော် ...

ထိုမိန်းကလေးက မိမိစကားကို ချက်ချင်းမယုံ ။

" သက်သေကရော "

ဟု လုပ်နေသဖြင့် စိတ်တိုလာကာ

" အရင်ဆုံး ပြောသလိုသာလုပ်ပါ ... ပြီးရင်သက်သေကိုမင်းကြိုက်သလိုရှာလို့ရတယ် " 

ဟူ၍ အော်လိုက်သည် ။ 

10)

" Charlie "

ဟူသော အော်သံကြောင့် Castiel ရော ၊ ဆံပင်အနီရောင်နှင့်မိန်းကလေးပါ လက်ရှိအခြေအနေကို ခေတ္တမေ့လျော့သွားမိသည် ။

သို့သော် ... 

မိမိက ချက်ချင်းအသိဝင်လာကာ ဓားမြှောင်ကိုဆွဲထုတ်လာသောလူ၏မျက်နှာကို လက်သီးနှင့်ပိတ်ထိုးပစ်လိုက်သည် ။ 

ထိုလူအနည်းငယ်မူးဝေသွားသောအခါမှ Charlie ဟု အခေါ်ခံရသောမိန်းကလေးက စောစောကရောက်လာသောလူထံသို့ ပြေးသွားသည် ။ ထို့ကြောင့် မိမိကပင် အနစ်နာခံကာ ဤလူကိုအမှောက်သိပ်လိုက်သည် ။

နေရာက အနည်းငယ်လှမ်းသောကြောင့် ထိုနှစ်ယောက် တီးတိုးစကားပြောနေသည်ကို မကြားရသော်လည်း ထိုလူက ဆံပင်အနီရောင်မိန်းကလေးကို အိမ်ပြန်ရန်ခေါ်နေခြင်းဖြစ်ကြောင်း ထိုနှစ်ယောက်၏ အပြုအမူများမှတစ်ဆင့် သိလိုက်ရသည် ။ ထို့ကြောင့် ဆံပင်အနီရောင်မိန်းကလေးကို

" ဟေ့ ... မင်းသက်သေလိုချင်ရင်လာယူလို့ရပြီ " 

ဟု လှမ်းအော်ခေါ်ကာ မြေကြီးပေါ်တွင်လဲနေသူ၏မျက်နှာကို ခြေထောက်နှင့်ဖိထားလိုက်သည် ။ 

ထိုစဉ် စောစောကရောက်လာသောလူက မိမိရှိရာဆီသို့ လျှောက်လာသည် ။ အနားသို့ရောက်သည်နှင့် မိမိတက်နင်းထားသောလူကို စေ့စေ့စပ်စပ်ကြည့်ကာ

" သူလား ... သူလျှိုက "

ဟု မေးသည် ။ မေးရင်းနှင့်လည်း ထိုလူ၏တစ်ကိုယ်လုံးကို လိုက်လံ၍ရှာဖွေမွှေနှောက်နေသည် ။ စိတ်တိုင်းကျရှာဖွေပြီးနောက် မိမိအားမော့ကြည့်ကာ 

" လွှတ်ပေးလိုက်တော့ "

ဟု ပြောသည် ။ ဤသို့ပြောလာသောအသံက သြဇာညောင်းလှသောအသံဖြစ်သောကြောင့် စကားအပိုပြောမနေတော့ပဲ ခြေထောက်ကို ကြွပေးလိုက်သည် ။ ဤသို့ကြွပေးလိုက်သည်နှင့် မည်သည့်အချိန်ကတည်းက ပြန်လည်ခုခံရန်စိတ်ကူးထားသည်မသိသောထိုလူက ခပ်လှမ်းလှမ်းတွင်ကျနေသောဓားမြောင်ကို ပြေးကောက်သည် ။ ထိုလူ့လက်ထဲသို့ ဓားမြောင်ရောက်မသွားအောင်တားရန် စိတ်ကူးနေစဥ်မှာပင် 

" သတိထား "

ဟူသော အော်သံနှင့်အတူ ခန္ဓာကိုယ်က တစ်စုံတစ်ဦး၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည် ။ ထိုစဥ်မှာပင် ဆံပင်အနီမိန်းကလေး၏ 

" Dean " 

ဟု အော်လိုက်သောအသံကို ကြားရသည် ။ ရုတ်တရက် ရှုပ်ထွေးသွားပြန်သောအခြေအနေကို နားလည်ရန်စဥ်းစားနေစဥ်မှာပင် Dean ဟု အခေါ်ခံရသောလူက

" ကျစ် ... သနားလို့ အလျှော့ပေးထားတာကို ရောင့်တက်နေပြန်ပြီ " 

ဟု ရေရွတ်ကာ မည်သည့်အချိန်က ထုတ်လိုက်မှန်းမသိသည့်ဓားမြောင်ဖြင့် ထိုလူ၏လည်ပင်းကို အကြောက်အရွံ့မရှိစွာ လှီးဖြတ်လိုက်သည် ။ 

11)

သွေးများဖြာထွက်လာသည့်လည်ပင်းကို လက်နှင့်ဖိကိုင်ကာ မြေကြီးပေါ်သို့ လဲကျသွားသည့်လူအား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောလူအား Castiel ရော ၊ ဆံပင်အနီမိန်းကလေးပါ မည်သည့်စကားမှမဆိုဖြစ်ကြသလို ဆိုလည်းမဆိုဝံ့ ။ စက္ကန့်အနည်းငယ်ကြာသောမခါမှ ဆံပင်အနီမိန်းကလေးက ထိုလူ့အနားသို့ ချဥ်းကပ်သွားကာ 

" ပြန်ကြရအောင် .. ခဏနေရင်လူတွေရောက်လာလိမ့်မယ် "

ဟု ပြောသည် ။ ထိုလူကလည်း ဆံပင်အနီမိန်းကလေး၏ စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကာ နေရာမှခွာရန်ပြင်သည် ။ 

သို့သော် ... 

ချက်ချင်းဆိုသလို မျက်နှာက ရှုံ့မဲ့သွားကာ နောက်ကျောဘက်ဆီသို့ လက်ဖြင့်လှမ်းစမ်းကြည့်သည် ။ 

နီစွေးစွေးသွေးများက လက်တွင်ကပ်ပါလာသည်ကို တွေ့လိုက်ရသဖြင့် မြေကြီးပေါ်မှလူကို ပေစောင်းစောင်းဖြင့်ကြည့်ကာ

" ခွေးသားလေး ... သေတာတောင် လူကိုဒုက္ခပေးသွားသေးတယ် " 

ဟု ရေရွတ်သည် ။ ထိုလူ့ဒဏ်ရာက မိမိကိုကာကွယ်ရင်းရသည့်ဒဏ်ရာဖြစ်သောကြောင့် တောင်းပန်စကားဆိုရန် ဟန်ပြင်နေစဥ်မှာပင် ထိုလူက နေရာမှ ထွက်ခွာသွားသည် ။

by the_richone_IX

■■■ Episode (3) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі