Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 14
1)

Lisa တို႔ ေတာအုပ္အတြင္းရွိ စမ္းေခ်ာင္းေလး၌ ကိုယ္လက္သန္႔စင္ေနၾကစဥ္ ေတာေျခာက္သံကဲ့သို႔ သစ္ပင္မ်ား၏လႈပ္ရွားသံမ်ားကို ၾကားရသည္ ။ ထို႔ေၾကာင့္ အတူပါလာေသာအပ်ိဳေတာ္မ်ားအပါအဝင္ မိမိပါထိတ္လန္႔သြားကာ တစ္ေနရာထဲ၌ စုမိၾကသည္ ။ မိမိ၏ကိုယ္ရံေတာ္အပါအဝင္ ရဲမက္မ်ားက အႏၲရာယ္ကိုရင္ဆိုင္ရန္ဟန္ျပင္ေနစဥ္ ထင္မထားသည့္လူသုံးဦးက ျမင္းကိုယ္စီစီး၍ မိမိတို႔အေရွ႕၌ေပၚလာသည္ ။ ထိုလူမ်ားအနက္ ဗလေတာင့္ေတာင့္ႏွင့္ အနည္းငယ္ေၾကာက္စရာေကာင္းဟန္တူေသာလူက မိမိတို႔အား စူးစိုက္ၾကည့္ကာ

" မင္းတို႔ကဘယ္သူေတြလဲ ... ဒီမွာ ဘာလုပ္ေနတာလဲ " 

ဟု ေမးသည္ ။ ထို႔ေၾကာင့္ မိမိကပင္ 

" ငါတို႔က တျခားႏိုင္ငံကေန ဒီကိုကုန္သြယ္ဖို႔ေရာက္လာတဲ့လူေတြပါ ... ဘာမ်ားျဖစ္လို႔လဲ " 

ဟု ထိုလူ႔ေမးခြန္းကို အေျဖေပးလိုက္သည္ ။ ဤအေျဖစကားကိုၾကားေသာအခါ ထိုလူက မိမိအား မ်က္ေမွာင္ၾကဳတ္၍ၾကည့္ကာ 

" မင္းတို႔ေရာက္ေနတာ အိမ္ေရွ႕စံမင္းသားရဲ႕ဥယ်ာဥ္ထဲကို "

ဟု ေျပာသည္ ။ ေျပာရင္းႏွင့္လည္း တံဆိပ္ျပားတစ္ခုကို ထုတ္ျပသည္ ။ ' ကိုယ္ရံေတာ္ ' ဟု တံဆိပ္ျပားတြင္ထြင္းထားသည္ကိုေတြ႕ရသျဖင့္ ထိတ္လန္႔သြားကာ

" ငါတို႔တကယ္ ဒီေနရာက အိမ္ေရွ႕စံမင္းသားရဲ႕ေနရာဆိုတာကိုမသိလို႔ပါ ... အခုခ်က္ခ်င္းထြက္သြားေပးပါ့မယ္ " 

ဟု ေျပာလိုက္သည္ ။ မိမိစကားကိုၾကားသည္ႏွင့္ အျခားသူမ်ားက ေနရာမွခြာရန္ျပင္ၾကသျဖင့္ မိမိလည္း ကိုယ္ရံေတာ္ကိုမ်က္ႏွာရိပ္ျပကာ ေနရာမွ ခပ္သြက္သြက္ထြက္လာခဲ့လိုက္သည္ ။ 

2)

နန္းေတာ္ထဲသို႔ျပန္မည့္အေရးကို ေတာ္ေတာ္ႏွင့္မျပန္ဘဲ ရန္ျဖစ္ေနၾကေသာ Garth ႏွင့္ Benny ေၾကာင့္ Dean စိတ္ရႈပ္လာကာ ၿမိဳ႕ျပင္ရွိ ဥယ်ာဥ္ေတာ္ဆီသို႔ ျမင္းကိုဦးတည္၍ ႏွင္လာခဲ့လိုက္သည္ ။

သို႔ေသာ္ ....
ဥယ်ာဥ္ေတာ္အတြင္းသို႔ မိမိထက္အရင္ေရာက္ႏွင့္သူက ရွိေနသည္ ။ ဤတစ္ႏိုင္ငံလုံး ဤေနရာသည္ မိမိပိုင္ေသာေနရာျဖစ္ေၾကာင္းသိၾကသျဖင့္ ယခုေရာက္ေနသူသည္ ဤႏိုင္ငံအတြင္းမွျပည္သူမျဖစ္ႏိုင္ ။ လတ္တေလာအေျခအေနမ်ားအရ သူလၽွိဳျဖစ္ႏိုင္ေျခပိုမ်ားေသာေၾကာင့္ အေနာက္မွ ရန္ျဖစ္ရင္းလိုက္လာၾကသူႏွစ္ေယာက္ကိုေစာင့္ၿပီး ေစာေစာပိုင္းက မီးခိုးေငြ႕ျမင္ခဲ့ရေသာေနရာဆီသို႔ ခ်ဥ္းကပ္လာခဲ့လိုက္သည္ ။

မိမိဘက္က ထိုလူမ်ားကို သူလၽွိဳဟုထင္ခဲ့မိေသာ္လည္း Benny ႏွင့္ စကားလက္ခံေျပာသည့္ ေခါင္းေဆာင္ျဖစ္ဟန္တူေသာမိန္းကေလး၏ပုံစံသည္ ႏူးႏူးညံ့ညံ့ႏွင့္ ရိုးသားသည့္ပုံအျပည့္ေပၚေနေသာေၾကာင့္ Benny ကို မ်က္ႏွာရိပ္ျပကာ ထိုမိန္းကေလးႏွင့္အဖြဲ႕ကို ဥယ်ာဥ္ေတာ္အတြင္းမွ ေဘးအႏၲရာယ္ကင္းကင္းႏွင့္ ထြက္ခြာသြားေစလိုက္သည္ ။ 

3)

ညကအေျခအေနအရပ္ရပ္ေၾကာင့္ Sam တစ္ေယာက္ Dean နန္းေတာ္ထဲတြင္ ရွိ ၊ မရွိ မေမးျမန္းလိုက္ရေသာေၾကာင့္ ယေန႔မနက္ႏိုးသည္ႏွင့္ Dean ၏ အေဆာင္ဘက္သို႔ကူးလာကာ အေစခံေခါင္းေဆာင္အား

" အိမ္ေရွ႕စံ သူ႔အေဆာင္မွာရွိလား "

ဟု ေမးလိုက္သည္ ။

" အရွင့္သား ညကအိပ္ေဆာင္မဝင္ပါဘူး "

ဟူေသာ အေျဖကိုရေသာေၾကာင့္

" ဒါျဖင့္ Benny နဲ႔ Garth ကေရာ "

ဟု ထပ္ေမးလိုက္သည္ ။ ယခုတစ္ႀကိမ္တြင္လည္း

" ႏွစ္ေယာက္စလုံး အရွင့္သားအေနာက္ကိုလိုက္သြားၾကပါတယ္ မင္းသားေလး "

ဟူေသာ အေျဖကိုပင္ရျပန္ေသာေၾကာင့္ မေန႔ညက မိမိေတြ႕ခဲ့ေသာလူသည္ Garth ပင္ျဖစ္ေၾကာင္း ပို၍ေသခ်ာသြားရသည္ ။

သို႔ေသာ္ ...
ယေန႔မနက္အထိ ေပ်ာက္ခ်က္သားေကာင္းေနၾကေသာထိုသုံးေယာက္ကို မည္သည့္ေနရာက စ၍ရွာရမည္ကိုမသိ ။ ထို႔ေၾကာင့္ ေခါင္းညိတ္လိုက္ၿပီး

" အိမ္ေရွ႕စံျပန္ေရာက္ရင္ ငါလာရွာသြားတယ္လို႔ေျပာလိုက္ "

ဟု မွာကာ ေနရာမွ ထြက္ခြာလာခဲ့လိုက္သည္ ။ 

4)

Sam တစ္ေယာက္ မေန႔ညက မိမိႏွင့္ Castiel စုံစမ္းသိရွိလာေသာအေၾကာင္းအရာမ်ားကို Dean အား ေျပာျပရန္လိုအပ္ေနေသာအခါမွ Dean က နန္းေတာ္ထဲတြင္မရွိ ။ ထို႔ေၾကာင့္ ထိုင္မရ ထမရ ျဖစ္ေနရသည္ ။ ထိုစဥ္ စာၾကည့္တိုက္မွျပန္လာေသာ Bobby က မိမိအနားသို႔ေရာက္လာသည္ ။ ဂနာမၿငိမ္ျဖစ္ေနေသာမိမိကိုျမင္ေသာအခါ 

" ဘာျဖစ္လို႔ ေမ်ာက္မီးခဲကိုင္မိသလို ဂနာမၿငိမ္ျဖစ္ေနတာလဲ Sam "

ဟု ေမးသည္ ။ Bobby ႏွင့္ မိမိတို႔အၾကားတြင္ မည္သည့္ကိစၥကိုမွ ဖုံးကြယ္ထားေလ့မရွိေသာေၾကာင့္ ပြင့္ပြင့္လင္းလင္းပင္ Dean ေပ်ာက္ေနသည့္အေၾကာင္းကို ေျပာျပလိုက္သည္ ။ ဤစကားကိုၾကားေသာအခါ Bobby က

" မေန႔က ငါ့ကို Dean ေမးခြန္းေတြအမ်ားႀကီးေမးသြားတယ္ "
" သူအဓိကေမးသြားတာ Skullcrusher အေၾကာင္း "

ဟု ေျပာသည္ ။ ဆက္၍

" သူ႔ကိုၾကည့္ရတာ ေတာ္ေတာ္အေရးႀကီးေနတဲ့ပုံေပါက္ေနလို႔ ငါလည္းငါသိသေလာက္ အကုန္ေျပာျပလိုက္တယ္ ... အဲ့ဒီ Skullcrusher အဖြဲ႕က အရမ္းလ်င္ၿပီးထက္ျမက္တဲ့အဖြဲ႕ဆိုေတာ့ လြဲပါေစ ဖယ္ပါေစ Dean သူတို႔ကိုေနာက္ေယာင္ခံေနတာမ်ား သိသြားၿပီလား "

ဟု ေျပာသည္ ။ Bobby စကားေၾကာင့္ မူလကတည္းက ပူေနေသာစိတ္က ပို၍ပူသြားၿပီး

" ဒါဆို ကြၽန္ေတာ္သူ႔ကိုသြားရွာလိုက္အုံးမယ္ "

ဟု ေျပာကာ Bobby အနားမွ ေျပးထြက္လာခဲ့လိုက္သည္ ။

5)

Castiel မနက္ပိုင္းတစ္ျဖတ္ နယ္စားမင္းႏွင့္သခင္မေလးေက်နပ္ေအာင္ အိမ္ေတာ္တြင္ေနေပးၿပီး ေနမြန္းတည့္ေက်ာ္မွ မိမိလတ္တေလာေနထိုင္ေနသည့္အိမ္ဆီသို႔ ထြက္လာခဲ့လိုက္သည္ ။ မေန႔ညက ျဖစ္ပ်က္သြားခဲ့သည့္အျဖစ္အပ်က္မ်ားႏွင့္ပတ္သက္ၿပီး Sam ကို ေျပာစရာမ်ား ၊ ေဆြးေႏြးစရာမ်ားရွိသည့္အျပင္ Sam ထံမွသတင္းကိုလည္း သိခ်င္သျဖင့္ အျပင္မထြက္ေတာ့ဘဲ အိမ္တြင္သာေန၍ Sam ေရာက္အလာကို ေစာင့္ေနလိုက္သည္ ။ ဤသို႔ေစာင့္ရင္း ေနမဝင္ခင္အခ်ိန္မွာပင္ Sam က ေရာက္လာသည္ ။ Sam ႏွင့္အတူ Bobby ပါ,ပါလာသျဖင့္ အံ့ၾသေနစဥ္မွာပင္ Sam က

" Dean ဒီကိုလာသြားေသးလား Cas "

ဟု ခရီးေရာက္မဆိုက္ေမးေသာေၾကာင့္ Sam ကို

" ငါသူနဲ႔မေတြ႕တာ သုံးရက္ေလာက္ရွိၿပီ ... သူဘာ​ျဖစ္လို႔လဲ " 

ဟု ေမးလိုက္သည္ ။ Sam က 

" သူေပ်ာက္ေနတယ္ ... မေန႔ညကတည္းက မေတြ႕တာ " 

ဟု အေျဖျပန္ေပးသျဖင့္ Dean ကို စိုးရိမ္သြားမိသည္ ။ ထို႔ေၾကာင့္ Sam ကို

" သူကဒီအတိုင္း အေၾကာင္းမရွိဘဲ ေပ်ာက္သြားတာေတာ့မျဖစ္ႏိုင္ဘူး .... သူနဲ႔အတူဘယ္သူေတြပါသြားေသးလဲ .... သူဘာေတြထပ္သိထားေသးလဲ " 

ဟု တရစပ္ေမးလိုက္သည္ ။ 

by the_richone_IX

6).

"ဒီအေျခအေနအတိုင္းဆိုရင္ Skullcrusher က Dean ကိုပါ ေစာင့္ၾကည့္ေနတယ္ဆိုတာ ေသခ်ာေနၿပီ။ မင္းတို႔ရဲ႕စံုစမ္းစစ္ေဆးေရးကိစၥမွာ အရင္လို တစ္ေယာက္တည္းလႈပ္ရွားတာ မလုပ္သင့္ေတာ့ဘူး။ တစ္ဖက္က ေတာ္တန္ရံုဂိုဏ္းတစ္ခုေတာ့ မဟုတ္ဘူးေလ။"

"မွန္တယ္ Sam. မင္း Dean ကို လႊတ္မထားနဲ႔ေတာ့။ ငါလည္းေျပာပါဦးမယ္။"

Castiel ၏ေျပာစကားကို Bobby ကေထာက္ခံသည့္အခါ Castiel ကလည္း ေခါင္းညိတ္ျပလာ၏။ ထိုအခါမွ Sam တစ္ေယာက္ Dean အတြက္ ပို၍စိတ္ပူမိသည္။ Sam ၏အမူအရာကိုၾကည့္၍ Bobby က ဆိုျပန္သည္မွာ

"Dean က Benny တို႔ Garth တို႔နဲ႔ အတူရွိမယ္လို႔ထင္ရတာပဲ။ ငါတို႔ အေလာတႀကီးရွာေတာ့မွ တစ္ဖက္ကပိုသတိထားမိရင္ မေကာင္းဘူး။"

ထိုစကားေၾကာင့္ Bobby ကို Castiel ၾကည့္လိုက္သည္။ ၿပီးမွ Sam ဘက္သို႔ၾကည့္၍

"အဲဒီရြာဘက္ကို အခုသြားစံုစမ္းခ်င္သလား Sam."

Sam ေခါင္းညိတ္ရန္ျပင္စဥ္ Bobby က

"ေရွ႕ဆက္ၿပီးက ေမွာင္လာဖို႔ပဲရွိတာေနာ္ ေကာင္ေလးေတြ။ အခ်ိန္ကိုၾကည့္ဦး။ Dean လည္း ျပန္ေရာက္ရင္ေရာက္ေနေလာက္မွာပါ။"

"ကၽြန္ေတာ္ထိုင္ေစာင့္မေနႏိုင္ဘူး။ အဲဒီမွာသြားရွာမယ္။ Bobby က ျပန္ၿပီးေတာ့ Dean ေရာက္မေရာက္ၾကည့္ေပးၿပီး တကယ္လို႔ျပန္ေရာက္ၿပီဆိုရင္ အဲဒီရြာဘက္ကို လူလႊတ္အေၾကာင္းၾကားေပးလို႔ ရတာပဲ။ အဲဒီဘက္မွာရွာၿပီးရင္ ကၽြန္ေတာ္ျပန္လာမွာပါ။ ဘယ္မွထပ္မသြားပါဘူး။"

"အဲဒါက စိတ္မခ်ရဘူး။"

"ကၽြန္ေတာ္လည္းလိုက္သြားမွာပဲမို႔ အရမ္းစိတ္မပူပါနဲ႔။ Sam ေျပာသလိိုပဲလုပ္ၾကည့္တာ ေကာင္းမယ္ထင္တယ္။ ထိုင္ေစာင့္ေနဖို႔က စိတ္ထဲအဆင္မေျပဘူးမဟုတ္လား။"

Bobby တားပါေသာ္လည္း မရသည့္အဆံုးတြင္ ထိုသို႔သာဆံုးျဖတ္လိုက္ေတာ့သည္။

အိမ္အတြင္းမွဦးစြာထြက္လာသည့္ Bobby ႏွင့္ Sam တို႔မွာ ေနာက္မွ Castiel လိုက္မလာမီ အိမ္အျပင္တြင္ ခပ္တိုးတိုးေျပာေနၾကေလသည္။

"မင္းတို႔ႏွစ္ေယာက္ နန္းေတာ္ထဲမွာပဲ ၿငိမ္ၿငိမ္ေနသင့္ေနၿပီ။ တျခားသက္ဆိုင္ရာအမႈထမ္းေတြကိုပဲ လႊဲလိုက္ေတာ့။ ကိစၥကမေသးဘူး။"

"ကၽြန္ေတာ္ Dean ကို ေသခ်ာေျပာပါ့မယ္။"

ထိုအခ်ိန္တြင္ ေနာက္မွ Castiel ေရာက္လာၿပီး

"သြားၾကစို႔။"

7).

"လူသံုးေယာက္ေတာင္ဆိုၿပီး အဲဒီလူေတြအေကာင္လိုက္ေပ်ာက္သြားတာကို မသိလိုက္ရေအာင္ သူတို႔က ေျမလၽွိဳးမိုးပ်ံတဲ့ ႂကြက္ေတြငွက္ေတြလား။"

အထိအခိုက္မ်ားသြားသည့္ ယခုတစ္ႀကိမ္ေႏွာင့္ယွက္ခံရျခင္းအတြက္ တရားခံကိုသိလိုေနသည့္ Lilith မွာ အလိုရွိသကဲ့သို႔ျဖစ္မလာ၍ ေဒါသထြက္ေနေပသည္။

"တစ္ခုေတာ့ေသခ်ာတာရွိပါတယ္ သခင္။ သူတို႔က ရံုးေတာ္နဲ႔ေတာ့အဆက္အစပ္ရွိပါမယ္။ အဲဒီဘက္ကလူမဟုတ္ရင္ အဲဒီလိုအပိုင္းနဲ႔မစိမ္းသက္တဲ့လူေတြဆိုတာ ေသခ်ာပါတယ္။"

"ေအး၊ Novak နဲ႔ေပါင္းေနမွေတာ့ အဲဒီကမဟုတ္ရင္ ေတာပုန္းေတြျဖစ္မလား။ ဒီထက္ထူးျခားတဲ့သတင္း မရွိေတာ့ဘူးလား။"

"သူတို႔ဘက္က ေနာက္ထပ္လူေတြထပ္တိုးလာေတာ့ ဘယ္သူဘယ္ဝါဆိုတာ စံုစမ္းဖို႔လြယ္လာႏိုင္ပါတယ္။ လူမ်ားတဲ့အတြက္ ပိုၿပီးရွာရလြယ္မွာပါ သခင္။ အျမန္ဆံုးေဖာ္ထုတ္လိုက္ပါ့မယ္။"

"တစ္ေယာက္ႏွစ္ေယာက္နဲ႔တင္ အခုဘာေတြျဖစ္ကုန္သလဲ။ သံုးေယာက္ေလးေယာက္ဆိုရင္ မင္းတို႔ေခါင္းေတြပါ ေသခ်ာကိုင္ထားဦး။ ထြက္သြားၾက။ ႏွစ္ရက္အတြင္း ဘာသတင္းမွမထူးရင္ မင္းတို႔ေခါင္းေတြကို ငါအရင္ျဖဳတ္ေပးမယ္။"

Lilith မွာ စိတ္ကိုတည္ၿငိမ္ေစရန္ ထိုင္ခံုတြင္မွီ၍ မ်က္စိစံုမွိတ္ကာ ေခတၱခဏနားလိုက္ၿပီးေနာက္ ေပးပို႔သည့္သတင္းမ်ားကို ျပန္လည္သံုးသပ္ေနမိသည္။ မည္သူမည္ဝါ၊ မည္သည့္အဖြဲ႕အစည္းမွ ဝင္ေရာက္စြက္ဖက္လာသည္ကို အခ်ိန္မီေဖာ္ထုတ္ျခင္းမျပဳႏိုင္လၽွင္ ေရွ႕ဆက္သြားမည့္အၾကံအစည္မ်ားကို ထိခိုက္မည္ပင္။ တစ္ရက္၊ တစ္မနက္ႏွင့္ စီစဥ္တည္ေဆာက္ခဲ့သည္မ်ားမဟုတ္၍ အပ်က္စီးမခံႏိုင္သကဲ့သို႔ ထိုအၾကံအစည္မ်ားပ်က္စီးသည္ႏွင့္ အသက္ခႏၶာပ်က္သုဥ္းရန္သာ ရွိေတာ့သည္မဟုတ္ပါလား။

"သခင္"

Lilith ေတြးေတာေနစဥ္မွာပင္ သူ၏လက္ရံုးဝင္လာၿပီး

"နယ္စား Masters တို႔က အခုထိ ဘာမွလႈပ္ရွားမႈမရွိပါဘူး။ Novak က နယ္စားအိမ္ေတာ္ျပန္ေရာက္ၿပီး သတင္းပို႔ရံုနဲ႔တင္ ျပန္ထြက္လာပံုရပါတယ္ သခင္။"

"သူတို႔က လူနည္းစုနဲ႔လႈပ္ရွားတာဆိုေပမဲ့ မဆင္မျခင္သြားထိျပန္ရင္ သူ႔ေနာက္ကေနဆက္ပါလာမွာေတြက မနည္းဘူး။ သူ႔ကိုဆက္ေစာင့္ၾကည့္ေနပါ။ Roman တို႔က ဘာထူးလဲ။"

"သူတို႔ကေတာ့ လူစုၾကၿပီးတိုင္ပင္ၾကပါလိမ့္မယ္ သခင္။ ဒီအတိုင္းဆို သူတို႔ဘက္က နယ္စား Masters နဲ႔ပတ္သက္ၿပီး တစ္ခုခုစီစဥ္ၾကေတာ့မွာပါ။"

"ေကာင္းတယ္။ သူတို႔ဘာသာရွင္းၾကေတာ့ ငါတို႔သက္သာတာေပါ့။ ၿပီးေတာ့မွ အျမတ္ရႏိုင္မယ့္အကြက္ကို ေကာက္သိမ္းလိုက္ရင္ ..."

သူ၏အေတြးကိုသူေက်နပ္ကာ Lilith ျပံဳးလိုက္၏။

8).

"Inias, Roman တို႔ရဲ႕အေျခအေနက ထူးျခားတယ္ဆိုရင္ Castiel ဆီကို အခ်ိန္မီသတင္းေရာက္ႏိုင္ေအာင္ စီစဥ္ထားပါ။"

"ဟုတ္ကဲ့ ခင္ဗ်ာ၊ အရင္ကထက္ပိုလြယ္ေအာင္ ကၽြန္ေတာ္စီစဥ္ထားၿပီးပါၿပီ နယ္စားမင္း။ Samandriel ကို ေသခ်ာေျပာထားပါတယ္။ ဒီဘက္မွာေတာ့ ကၽြန္ေတာ္လည္းရွိတာေၾကာင့္ တျခားစိတ္ခ်ရတဲ့လူနဲ႔ တြဲထားလိုက္ပါတယ္။ Samandriel က တစ္ဖက္ကိုစီစဥ္တဲ့အခါ ထပ္ျဖည့္ထားတဲ့လူေတြက ဒီဘက္ကိုၾကည့္ေပးႏိုင္ပါတယ္။ သခင္မေလးအတြက္လည္း နယ္စားမင္းစိတ္ခ်ပါ။"

"ေအး၊ ေကာင္းတယ္။ ၿမိဳ႕စားေတြက မၾကာခင္မွာလႈပ္ရွားလာၾကမွာပဲ။ နန္းေတာ္ကလည္းဝင္ပါေနၿပီဆိုေတာ့ Skullcrusher ကလည္း ေလၽွာ့တြက္မရလို႔ သတိႀကီးႀကီးထားဖို႔ပဲ။ မဂၤလာကိစၥကိုပါ ထိခိုက္လာႏိုင္လို႔ ငါ့သမီးေလးကိုပဲ စိတ္ပူတာ။"

"အဆံုးစြန္အထိေတြးၿပီး စီစဥ္ထားပါတယ္။ သခင္မေလးရဲ႕လံုျခံဳေရးအတြက္ ျပင္ဆင္ေနပါၿပီ။ အခုရက္ပိုင္းအတြင္း အားလံုးၿပီးစီးေစရပါမယ္။"

"ေကာင္းၿပီ Inias. မင္းတို႔ရွိေနတာ ငါ့အတြက္ေတာ့ တကယ္အားကိုးရတယ္။ ေက်းဇူးတင္ပါတယ္။"

Inias ၏လက္ေမာင္းကို နယ္စားမင္းက ခပ္တင္းတင္းဆုပ္ကိုင္ျဖစ္ညႇစ္၍ အျပံဳးၾကည္ၾကည္တစ္ပြင့္ႏွင့္ ေက်းဇူးတင္စကားဆိုသည့္အခါ Inias က ဦးညႊတ္၍

"နယ္စားမင္းရဲ႕အမႈေတာ္ကိုထမ္းရတာ ကၽြန္ေတာ့္အတြက္ဂုဏ္ယူစရာပါ။ အရွင့္ေက်းဇူးတရားေတြက ကၽြန္ေတာ္တို႔အေပၚပိုမ်ားတာေၾကာင့္ အခုလိုေျပာတာကမသင့္ေတာ္ပါဘူး နယ္စားမင္း။"

"ေက်းဇူးတင္သင့္တာကို ေက်းဇူးျပဳရတယ္ Inias ရဲ႕။ ဒါက ရာထူးဂုဏ္သိမ္နဲ႔မဆိုင္ဘူး။"

"ကၽြန္ေတာ္နားလည္ပါၿပီ။ မွတ္သားထားပါ့မယ္ အရွင္။"

9).

"ဘာေတြျဖစ္ေနၾကတာလဲ အထိန္းေတာ္ႀကီး။"

"အိမ္ေတာ္လံုျခံဳေရးျမႇင့္တာတဲ့ သခင္မေလးရယ္။ အေရးႀကီးကိစၥရွိတယ္ထင္တယ္။ သခင္မေလးကိုလည္း အျပင္ေတြေပးမထြက္ဖို႔ ကၽြန္မတို႔ေတြကိုမွာထားတယ္။ သခင္မေလးလည္း သိမွာပါတဲ့။"

"ဪ၊ မထြက္ရေတာ့လည္း အိမ္ေတာ္ထဲတင္ လုပ္စရာေတြလုပ္တာေပါ့။ အျပင္ထြက္စရာပဲရွိတာက်လို႔ေနာ္။ ဟုတ္တယ္မဟုတ္လား အထိန္းေတာ္ႀကီး။ လာ၊ လာ၊ ဟိုဘက္နားသြားမယ္။"

"ဪ၊ ေအးကြယ္။ လာပါၿပီ သခင္မေလး။"

တက္ႂကြစြာလွည့္ထြက္သြားသူ သခင္မေလး Meg ေနာက္သို႔ အထိန္းေတာ္ႀကီးလိုက္ရျပန္ပါသည္။ သူ၏ဦးတည္ရာကား

"အဲဒီၾကက္ဥကိုထားလိုက္ပါ။ အသီးအရြက္ထဲ ဘယ္ဟာက သိပ္ၿပီးမျပင္မဆင္ရဘဲစားလို႔လြယ္လဲ သိခ်င္တယ္။"

"ဒါေလးက ေရေႏြးေလးနဲ႔ ..."

"မဟုတ္ဘူး။ မီးေမႊးမရတဲ့အခါ ဘယ္လိုလုပ္စားေသာက္လို႔ရလဲဆိုတာေလး သင္ျပေပးလို႔ ေျပာခ်င္တာ။"

စားဖိုေဆာင္တြင္ အထူးအဆန္းမ်ားေမးျမန္းေနသည့္ Meg Masters ေၾကာင့္ စားဖိုေဆာင္အလုပ္သမားမ်ား သူတို႔၏သခင္မေလးကို အကဲခတ္ေနၾကေလ၏။ သို႔ေသာ္ Meg သည္က တစ္ခါတစ္ရံတြင္ ထိုသို႔ အဆန္းအျပားမ်ားလည္းလုပ္တတ္၍  အမွတ္တမဲ့ပင္ထားလိုက္ၾကေတာ့သည္။

"စားေကာင္းတယ္ေနာ္။ အဲဒီအရြက္ကို ဘာေခၚတာလဲ။ ဘာနဲ႔မွားတတ္ေသးလဲ။"

တစ္ခုၿပီးတစ္ခုေမးျမန္းေနသမၽွကို စိတ္ရွည္စြာႏွင့္ရွင္းျပေပးေနသည့္ စားဖိုမႉးႀကီးႏွင့္ Meg ကိုၾကည့္၍ Meg ၏အေဖာ္မိန္းကေလးက သူ၏သခင္မေလးအနားသို႔ တိုးကပ္၍ေမးျမန္းလိုက္သည္မွာ

"အိမ္ေထာင္ျပဳေတာ့မွာမို႔ ဒါေတြသင္ေနတာလား။ နန္းေတာ္မွာ ဒါေတြမရႏိုင္ဘူးေနာ္ သခင္မေလး။ ဧကႏၲ သခင္မေလးက အိမ္ေရွ႕စံနဲ႔မယူခ်င္လို႔ ခ်စ္သူနဲ႔ထြက္ေျပးမွာေတာ့ မဟုတ္ပါဘူးေနာ္။"

ထိုစကားေၾကာင့္ တစ္စံုတစ္ခုကိုေတြးမိသြားသည့္ Meg က လွစ္ခနဲျပံဳးလိုက္မိသည္။

"အဲဒီလိုဆို ေကာင္းမလား။"

"ရွင္၊ သခင္မေလးမွာ ခ်စ္သူရွိလို႔လား။ ကၽြန္မေတာင္မသိလိုက္ရဘူး။ ဘယ္သူလဲဟင္၊ သူ႔ကိုကၽြန္မသိလား။"

အထိန္ေတာ္ႀကီးၿပီးလၽွင္ Meg ႏွင့္အေနအနီးဆံုးမိန္းမသားျဖစ္သည့္ ထိုမိန္းကေလးမွာ Meg ၏ခ်စ္သူကို သူမသိလိုက္ရေလျခင္းဟု ယူၾကံဳးမရျဖစ္ေနဟန္ပင္။

"ငါထြက္ေျပးမယ္ဆိုရင္ ေကာင္းပါ့မလား။"

"အဲဒါက ... ဟိုေလ ... ကၽြန္မကေတာ့ သခင္မေလးစိတ္ခ်မ္းသာမယ္ဆိုရင္ ဘာျဖစ္ျဖစ္အားေပးမွာပဲ။ ဒါနဲ႔ အဲဒါက ဘယ္သူလဲဟင္။"

"အင္း ... သူက ..."

Meg ကသံရွည္ဆြဲကာ စကားမဆက္ေသးသျဖင့္ သိလိုသူမွာ ေခါင္းတဆတ္ဆတ္ႏွင့္ ေမၽွာ္တလင့္လင့္။

"ရွိဘူး။ စိတ္ကူးယဥ္ၾကည့္တာ။"

"ရွင္။ ကၽြန္မက တကယ္မွတ္ေနတာကို။ သခင္မေလးကလည္း ..."

'တကယ္လို႔ မွတ္လို႔ရရင္ေတာ့ ေကာင္းတာေပါ့ကြယ္။'

Meg အေတြးတြင္ျဖစ္ေပၚလာသည္တို႔ကို ေဖ်ာက္ပစ္လိုက္ၿပီး ရယ္ေမာ၍သာ စကားဆက္ေနမိေတာ့သည္။

10).

"ေျခရာလက္ရာ ဘာမွမက်န္ဘူး Sam. ဒီအတိုင္းဆို သံုးေယာက္ဆံုၿပီး ေဘးလြတ္ရာေရာက္သြားၾကေလာက္ၿပီ။ သူတို႔ုျပန္ေရာက္ရင္ေရာက္ေနၾကေရာေပါ့။"

"အဆင္ေျပတယ္ဆိုလည္း အဆင္ေျပတဲ့အေၾကာင္းေတာ့ အသိေပးသင့္တယ္။ တကယ္တစ္ဇြတ္ထိုးပဲ။"

"ငါေထာက္ခံတယ္။ သူလုပ္ခ်င္တာကိုလုပ္လိုက္ရမွ ေက်နပ္တဲ့ပံုပဲ။ သိပ္ၿပီးအာရံုေနာက္မခံတတ္ဘူးထင္တယ္။ မင္းတို႔ အေတာ္ေလးရင္းႏွီးၾကသလား။"

"အင္း၊ ရင္းႏွီးတာေပါ့။ ရင္းႏွီးတယ္၊ ညီအစ္ကိုလိုပါပဲ။"

Castiel ႏွင့္ Sam တို႔ ေနရာစံုရွာၾကည့္ၾကၿပီး အတူတူျပန္ထြက္လာၾက၏။

"ငါတို႔စေတြ႕တုန္းက သူ႔ၾကည့္ရတာ ေအးေအးေဆးေဆးေပမဲ့ လူတစ္ေယာက္ကို အလြယ္တကူေလးသတ္သြားတာ ငါ့စိတ္ထဲ သူ႔ကို မေကာင္းတဲ့လူလို႔ ေတြးမိေတာ့မလို႔။ ဟိုမိန္းကေလးကလည္း အေၾကာက္အလန္႔မရွိဘူး။"

Sam ျပံဳးလိုက္မိသည္။

"Charlie လား။ သူတို႔က အဲဒီလိုပဲ။ Charlie ကလည္း တျခားမိန္းကေလးေတြလိုမဟုတ္ဘူး။"

"အင္း၊ ေတာ္ေတာ္လက္ရဲဇက္ရဲပဲ။ ဒါေပမဲ့ အဲဒါက သူတို႔အတြက္ အႏၲရာယ္မ်ားတယ္ Sam."

"ေျပာပါတယ္၊ ၾကံဳတိုင္းေျပာတယ္။"

"Sam, ငါ မင္းနဲ႔လိုက္ခဲ့မယ္။ သူတို႔ေဘးကင္းရဲ႕လားလို႔ ငါသိရတာေပါ့။"

"ဪ ... အဲဒါက ..."

Sam စကားျပန္ရန္ အၾကံထုတ္ေနမိသည္။ ျပန္ရမည္က Castiel ေတြးထင္သကဲ့သို႔ စစ္ေဆးေရးရံုးလည္းမဟုတ္သကဲ့သို႔ ေနအိမ္တစ္လံုးလည္း မဟုတ္ၿပီ။ Sam ေျဖရခက္ေနစဥ္ မ်က္ႏွာခ်င္းဆိုင္မွ ျမင္းတစ္စီးႏွင့္လူတစ္ဦးလာေန၍ အာရံုေျပာင္းသြားၾကေလသည္။

"တပ္မႉး Castiel ဆိုတာလား ခင္ဗ်ာ။"

"ဟုတ္ပါတယ္။"

"Mr. Singer က အားလံုးေဘးကင္းတဲ့အေၾကာင္း ေျပာခိုင္းလို႔ပါခင္ဗ်ာ။"

ရံုးေတာ္ရဲမက္တံဆိပ္ႏွင့္ထိုလူက အက်ိဳးအေၾကာင္းရွင္းျပကာ ျပန္ထြက္သြားေလမွပင္ Sam ႏွင့္ Castiel သက္ျပင္းခ်ႏိုင္ေတာ့သည္။

by Demon

■■■ Episode (15) ဆက္ရန္ ■■■

1)

Lisa တို့ တောအုပ်အတွင်းရှိ စမ်းချောင်းလေး၌ ကိုယ်လက်သန့်စင်နေကြစဉ် တောခြောက်သံကဲ့သို့ သစ်ပင်များ၏လှုပ်ရှားသံများကို ကြားရသည် ။ ထို့ကြောင့် အတူပါလာသောအပျိုတော်များအပါအဝင် မိမိပါထိတ်လန့်သွားကာ တစ်နေရာထဲ၌ စုမိကြသည် ။ မိမိ၏ကိုယ်ရံတော်အပါအဝင် ရဲမက်များက အန္တရာယ်ကိုရင်ဆိုင်ရန်ဟန်ပြင်နေစဉ် ထင်မထားသည့်လူသုံးဦးက မြင်းကိုယ်စီစီး၍ မိမိတို့အရှေ့၌ပေါ်လာသည် ။ ထိုလူများအနက် ဗလတောင့်တောင့်နှင့် အနည်းငယ်ကြောက်စရာကောင်းဟန်တူသောလူက မိမိတို့အား စူးစိုက်ကြည့်ကာ

" မင်းတို့ကဘယ်သူတွေလဲ ... ဒီမှာ ဘာလုပ်နေတာလဲ " 

ဟု မေးသည် ။ ထို့ကြောင့် မိမိကပင် 

" ငါတို့က တခြားနိုင်ငံကနေ ဒီကိုကုန်သွယ်ဖို့ရောက်လာတဲ့လူတွေပါ ... ဘာများဖြစ်လို့လဲ " 

ဟု ထိုလူ့မေးခွန်းကို အဖြေပေးလိုက်သည် ။ ဤအဖြေစကားကိုကြားသောအခါ ထိုလူက မိမိအား မျက်မှောင်ကြုတ်၍ကြည့်ကာ 

" မင်းတို့ရောက်နေတာ အိမ်ရှေ့စံမင်းသားရဲ့ဥယျာဉ်ထဲကို "

ဟု ပြောသည် ။ ပြောရင်းနှင့်လည်း တံဆိပ်ပြားတစ်ခုကို ထုတ်ပြသည် ။ ' ကိုယ်ရံတော် ' ဟု တံဆိပ်ပြားတွင်ထွင်းထားသည်ကိုတွေ့ရသဖြင့် ထိတ်လန့်သွားကာ

" ငါတို့တကယ် ဒီနေရာက အိမ်ရှေ့စံမင်းသားရဲ့နေရာဆိုတာကိုမသိလို့ပါ ... အခုချက်ချင်းထွက်သွားပေးပါ့မယ် " 

ဟု ပြောလိုက်သည် ။ မိမိစကားကိုကြားသည်နှင့် အခြားသူများက နေရာမှခွာရန်ပြင်ကြသဖြင့် မိမိလည်း ကိုယ်ရံတော်ကိုမျက်နှာရိပ်ပြကာ နေရာမှ ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည် ။ 

2)

နန်းတော်ထဲသို့ပြန်မည့်အရေးကို တော်တော်နှင့်မပြန်ဘဲ ရန်ဖြစ်နေကြသော Garth နှင့် Benny ကြောင့် Dean စိတ်ရှုပ်လာကာ မြို့ပြင်ရှိ ဥယျာဉ်တော်ဆီသို့ မြင်းကိုဦးတည်၍ နှင်လာခဲ့လိုက်သည် ။

သို့သော် ....
ဥယျာဉ်တော်အတွင်းသို့ မိမိထက်အရင်ရောက်နှင့်သူက ရှိနေသည် ။ ဤတစ်နိုင်ငံလုံး ဤနေရာသည် မိမိပိုင်သောနေရာဖြစ်ကြောင်းသိကြသဖြင့် ယခုရောက်နေသူသည် ဤနိုင်ငံအတွင်းမှပြည်သူမဖြစ်နိုင် ။ လတ်တလောအခြေအနေများအရ သူလျှိုဖြစ်နိုင်ခြေပိုများသောကြောင့် အနောက်မှ ရန်ဖြစ်ရင်းလိုက်လာကြသူနှစ်ယောက်ကိုစောင့်ပြီး စောစောပိုင်းက မီးခိုးငွေ့မြင်ခဲ့ရသောနေရာဆီသို့ ချဉ်းကပ်လာခဲ့လိုက်သည် ။

မိမိဘက်က ထိုလူများကို သူလျှိုဟုထင်ခဲ့မိသော်လည်း Benny နှင့် စကားလက်ခံပြောသည့် ခေါင်းဆောင်ဖြစ်ဟန်တူသောမိန်းကလေး၏ပုံစံသည် နူးနူးညံ့ညံ့နှင့် ရိုးသားသည့်ပုံအပြည့်ပေါ်နေသောကြောင့် Benny ကို မျက်နှာရိပ်ပြကာ ထိုမိန်းကလေးနှင့်အဖွဲ့ကို ဥယျာဉ်တော်အတွင်းမှ ဘေးအန္တရာယ်ကင်းကင်းနှင့် ထွက်ခွာသွားစေလိုက်သည် ။ 

3)

ညကအခြေအနေအရပ်ရပ်ကြောင့် Sam တစ်ယောက် Dean နန်းတော်ထဲတွင် ရှိ ၊ မရှိ မမေးမြန်းလိုက်ရသောကြောင့် ယနေ့မနက်နိုးသည်နှင့် Dean ၏ အဆောင်ဘက်သို့ကူးလာကာ အစေခံခေါင်းဆောင်အား

" အိမ်ရှေ့စံ သူ့အဆောင်မှာရှိလား "

ဟု မေးလိုက်သည် ။

" အရှင့်သား ညကအိပ်ဆောင်မဝင်ပါဘူး "

ဟူသော အဖြေကိုရသောကြောင့်

" ဒါဖြင့် Benny နဲ့ Garth ကရော "

ဟု ထပ်မေးလိုက်သည် ။ ယခုတစ်ကြိမ်တွင်လည်း

" နှစ်ယောက်စလုံး အရှင့်သားအနောက်ကိုလိုက်သွားကြပါတယ် မင်းသားလေး "

ဟူသော အဖြေကိုပင်ရပြန်သောကြောင့် မနေ့ညက မိမိတွေ့ခဲ့သောလူသည် Garth ပင်ဖြစ်ကြောင်း ပို၍သေချာသွားရသည် ။

သို့သော် ...
ယနေ့မနက်အထိ ပျောက်ချက်သားကောင်းနေကြသောထိုသုံးယောက်ကို မည်သည့်နေရာက စ၍ရှာရမည်ကိုမသိ ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး

" အိမ်ရှေ့စံပြန်ရောက်ရင် ငါလာရှာသွားတယ်လို့ပြောလိုက် "

ဟု မှာကာ နေရာမှ ထွက်ခွာလာခဲ့လိုက်သည် ။ 

4)

Sam တစ်ယောက် မနေ့ညက မိမိနှင့် Castiel စုံစမ်းသိရှိလာသောအကြောင်းအရာများကို Dean အား ပြောပြရန်လိုအပ်နေသောအခါမှ Dean က နန်းတော်ထဲတွင်မရှိ ။ ထို့ကြောင့် ထိုင်မရ ထမရ ဖြစ်နေရသည် ။ ထိုစဉ် စာကြည့်တိုက်မှပြန်လာသော Bobby က မိမိအနားသို့ရောက်လာသည် ။ ဂနာမငြိမ်ဖြစ်နေသောမိမိကိုမြင်သောအခါ 

" ဘာဖြစ်လို့ မျောက်မီးခဲကိုင်မိသလို ဂနာမငြိမ်ဖြစ်နေတာလဲ Sam "

ဟု မေးသည် ။ Bobby နှင့် မိမိတို့အကြားတွင် မည်သည့်ကိစ္စကိုမှ ဖုံးကွယ်ထားလေ့မရှိသောကြောင့် ပွင့်ပွင့်လင်းလင်းပင် Dean ပျောက်နေသည့်အကြောင်းကို ပြောပြလိုက်သည် ။ ဤစကားကိုကြားသောအခါ Bobby က

" မနေ့က ငါ့ကို Dean မေးခွန်းတွေအများကြီးမေးသွားတယ် "
" သူအဓိကမေးသွားတာ Skullcrusher အကြောင်း "

ဟု ပြောသည် ။ ဆက်၍

" သူ့ကိုကြည့်ရတာ တော်တော်အရေးကြီးနေတဲ့ပုံပေါက်နေလို့ ငါလည်းငါသိသလောက် အကုန်ပြောပြလိုက်တယ် ... အဲ့ဒီ Skullcrusher အဖွဲ့က အရမ်းလျင်ပြီးထက်မြက်တဲ့အဖွဲ့ဆိုတော့ လွဲပါစေ ဖယ်ပါစေ Dean သူတို့ကိုနောက်ယောင်ခံနေတာများ သိသွားပြီလား "

ဟု ပြောသည် ။ Bobby စကားကြောင့် မူလကတည်းက ပူနေသောစိတ်က ပို၍ပူသွားပြီး

" ဒါဆို ကျွန်တော်သူ့ကိုသွားရှာလိုက်အုံးမယ် "

ဟု ပြောကာ Bobby အနားမှ ပြေးထွက်လာခဲ့လိုက်သည် ။

5)

Castiel မနက်ပိုင်းတစ်ဖြတ် နယ်စားမင်းနှင့်သခင်မလေးကျေနပ်အောင် အိမ်တော်တွင်နေပေးပြီး နေမွန်းတည့်ကျော်မှ မိမိလတ်တလောနေထိုင်နေသည့်အိမ်ဆီသို့ ထွက်လာခဲ့လိုက်သည် ။ မနေ့ညက ဖြစ်ပျက်သွားခဲ့သည့်အဖြစ်အပျက်များနှင့်ပတ်သက်ပြီး Sam ကို ပြောစရာများ ၊ ဆွေးနွေးစရာများရှိသည့်အပြင် Sam ထံမှသတင်းကိုလည်း သိချင်သဖြင့် အပြင်မထွက်တော့ဘဲ အိမ်တွင်သာနေ၍ Sam ရောက်အလာကို စောင့်နေလိုက်သည် ။ ဤသို့စောင့်ရင်း နေမဝင်ခင်အချိန်မှာပင် Sam က ရောက်လာသည် ။ Sam နှင့်အတူ Bobby ပါ,ပါလာသဖြင့် အံ့သြနေစဉ်မှာပင် Sam က

" Dean ဒီကိုလာသွားသေးလား Cas "

ဟု ခရီးရောက်မဆိုက်မေးသောကြောင့် Sam ကို

" ငါသူနဲ့မတွေ့တာ သုံးရက်လောက်ရှိပြီ ... သူဘာဖြစ်လို့လဲ " 

ဟု မေးလိုက်သည် ။ Sam က 

" သူပျောက်နေတယ် ... မနေ့ညကတည်းက မတွေ့တာ " 

ဟု အဖြေပြန်ပေးသဖြင့် Dean ကို စိုးရိမ်သွားမိသည် ။ ထို့ကြောင့် Sam ကို

" သူကဒီအတိုင်း အကြောင်းမရှိဘဲ ပျောက်သွားတာတော့မဖြစ်နိုင်ဘူး .... သူနဲ့အတူဘယ်သူတွေပါသွားသေးလဲ .... သူဘာတွေထပ်သိထားသေးလဲ " 

ဟု တရစပ်မေးလိုက်သည် ။ 

by the_richone_IX

6).

"ဒီအခြေအနေအတိုင်းဆိုရင် Skullcrusher က Dean ကိုပါ စောင့်ကြည့်နေတယ်ဆိုတာ သေချာနေပြီ။ မင်းတို့ရဲ့စုံစမ်းစစ်ဆေးရေးကိစ္စမှာ အရင်လို တစ်ယောက်တည်းလှုပ်ရှားတာ မလုပ်သင့်တော့ဘူး။ တစ်ဖက်က တော်တန်ရုံဂိုဏ်းတစ်ခုတော့ မဟုတ်ဘူးလေ။"

"မှန်တယ် Sam. မင်း Dean ကို လွှတ်မထားနဲ့တော့။ ငါလည်းပြောပါဦးမယ်။"

Castiel ၏ပြောစကားကို Bobby ကထောက်ခံသည့်အခါ Castiel ကလည်း ခေါင်းညိတ်ပြလာ၏။ ထိုအခါမှ Sam တစ်ယောက် Dean အတွက် ပို၍စိတ်ပူမိသည်။ Sam ၏အမူအရာကိုကြည့်၍ Bobby က ဆိုပြန်သည်မှာ

"Dean က Benny တို့ Garth တို့နဲ့ အတူရှိမယ်လို့ထင်ရတာပဲ။ ငါတို့ အလောတကြီးရှာတော့မှ တစ်ဖက်ကပိုသတိထားမိရင် မကောင်းဘူး။"

ထိုစကားကြောင့် Bobby ကို Castiel ကြည့်လိုက်သည်။ ပြီးမှ Sam ဘက်သို့ကြည့်၍

"အဲဒီရွာဘက်ကို အခုသွားစုံစမ်းချင်သလား Sam."

Sam ခေါင်းညိတ်ရန်ပြင်စဉ် Bobby က

"ရှေ့ဆက်ပြီးက မှောင်လာဖို့ပဲရှိတာနော် ကောင်လေးတွေ။ အချိန်ကိုကြည့်ဦး။ Dean လည်း ပြန်ရောက်ရင်ရောက်နေလောက်မှာပါ။"

"ကျွန်တော်ထိုင်စောင့်မနေနိုင်ဘူး။ အဲဒီမှာသွားရှာမယ်။ Bobby က ပြန်ပြီးတော့ Dean ရောက်မရောက်ကြည့်ပေးပြီး တကယ်လို့ပြန်ရောက်ပြီဆိုရင် အဲဒီရွာဘက်ကို လူလွှတ်အကြောင်းကြားပေးလို့ ရတာပဲ။ အဲဒီဘက်မှာရှာပြီးရင် ကျွန်တော်ပြန်လာမှာပါ။ ဘယ်မှထပ်မသွားပါဘူး။"

"အဲဒါက စိတ်မချရဘူး။"

"ကျွန်တော်လည်းလိုက်သွားမှာပဲမို့ အရမ်းစိတ်မပူပါနဲ့။ Sam ပြောသလိုပဲလုပ်ကြည့်တာ ကောင်းမယ်ထင်တယ်။ ထိုင်စောင့်နေဖို့က စိတ်ထဲအဆင်မပြေဘူးမဟုတ်လား။"

Bobby တားပါသော်လည်း မရသည့်အဆုံးတွင် ထိုသို့သာဆုံးဖြတ်လိုက်တော့သည်။

အိမ်အတွင်းမှဦးစွာထွက်လာသည့် Bobby နှင့် Sam တို့မှာ နောက်မှ Castiel လိုက်မလာမီ အိမ်အပြင်တွင် ခပ်တိုးတိုးပြောနေကြလေသည်။

"မင်းတို့နှစ်ယောက် နန်းတော်ထဲမှာပဲ ငြိမ်ငြိမ်နေသင့်နေပြီ။ တခြားသက်ဆိုင်ရာအမှုထမ်းတွေကိုပဲ လွှဲလိုက်တော့။ ကိစ္စကမသေးဘူး။"

"ကျွန်တော် Dean ကို သေချာပြောပါ့မယ်။"

ထိုအချိန်တွင် နောက်မှ Castiel ရောက်လာပြီး

"သွားကြစို့။"

7).

"လူသုံးယောက်တောင်ဆိုပြီး အဲဒီလူတွေအကောင်လိုက်ပျောက်သွားတာကို မသိလိုက်ရအောင် သူတို့က မြေလျှိုးမိုးပျံတဲ့ ကြွက်တွေငှက်တွေလား။"

အထိအခိုက်များသွားသည့် ယခုတစ်ကြိမ်နှောင့်ယှက်ခံရခြင်းအတွက် တရားခံကိုသိလိုနေသည့် Lilith မှာ အလိုရှိသကဲ့သို့ဖြစ်မလာ၍ ဒေါသထွက်နေပေသည်။

"တစ်ခုတော့သေချာတာရှိပါတယ် သခင်။ သူတို့က ရုံးတော်နဲ့တော့အဆက်အစပ်ရှိပါမယ်။ အဲဒီဘက်ကလူမဟုတ်ရင် အဲဒီလိုအပိုင်းနဲ့မစိမ်းသက်တဲ့လူတွေဆိုတာ သေချာပါတယ်။"

"အေး၊ Novak နဲ့ပေါင်းနေမှတော့ အဲဒီကမဟုတ်ရင် တောပုန်းတွေဖြစ်မလား။ ဒီထက်ထူးခြားတဲ့သတင်း မရှိတော့ဘူးလား။"

"သူတို့ဘက်က နောက်ထပ်လူတွေထပ်တိုးလာတော့ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဖို့လွယ်လာနိုင်ပါတယ်။ လူများတဲ့အတွက် ပိုပြီးရှာရလွယ်မှာပါ သခင်။ အမြန်ဆုံးဖော်ထုတ်လိုက်ပါ့မယ်။"

"တစ်ယောက်နှစ်ယောက်နဲ့တင် အခုဘာတွေဖြစ်ကုန်သလဲ။ သုံးယောက်လေးယောက်ဆိုရင် မင်းတို့ခေါင်းတွေပါ သေချာကိုင်ထားဦး။ ထွက်သွားကြ။ နှစ်ရက်အတွင်း ဘာသတင်းမှမထူးရင် မင်းတို့ခေါင်းတွေကို ငါအရင်ဖြုတ်ပေးမယ်။"

Lilith မှာ စိတ်ကိုတည်ငြိမ်စေရန် ထိုင်ခုံတွင်မှီ၍ မျက်စိစုံမှိတ်ကာ ခေတ္တခဏနားလိုက်ပြီးနောက် ပေးပို့သည့်သတင်းများကို ပြန်လည်သုံးသပ်နေမိသည်။ မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်လာသည်ကို အချိန်မီဖော်ထုတ်ခြင်းမပြုနိုင်လျှင် ရှေ့ဆက်သွားမည့်အကြံအစည်များကို ထိခိုက်မည်ပင်။ တစ်ရက်၊ တစ်မနက်နှင့် စီစဉ်တည်ဆောက်ခဲ့သည်များမဟုတ်၍ အပျက်စီးမခံနိုင်သကဲ့သို့ ထိုအကြံအစည်များပျက်စီးသည်နှင့် အသက်ခန္ဓာပျက်သုဉ်းရန်သာ ရှိတော့သည်မဟုတ်ပါလား။

"သခင်"

Lilith တွေးတောနေစဉ်မှာပင် သူ၏လက်ရုံးဝင်လာပြီး

"နယ်စား Masters တို့က အခုထိ ဘာမှလှုပ်ရှားမှုမရှိပါဘူး။ Novak က နယ်စားအိမ်တော်ပြန်ရောက်ပြီး သတင်းပို့ရုံနဲ့တင် ပြန်ထွက်လာပုံရပါတယ် သခင်။"

"သူတို့က လူနည်းစုနဲ့လှုပ်ရှားတာဆိုပေမဲ့ မဆင်မခြင်သွားထိပြန်ရင် သူ့နောက်ကနေဆက်ပါလာမှာတွေက မနည်းဘူး။ သူ့ကိုဆက်စောင့်ကြည့်နေပါ။ Roman တို့က ဘာထူးလဲ။"

"သူတို့ကတော့ လူစုကြပြီးတိုင်ပင်ကြပါလိမ့်မယ် သခင်။ ဒီအတိုင်းဆို သူတို့ဘက်က နယ်စား Masters နဲ့ပတ်သက်ပြီး တစ်ခုခုစီစဉ်ကြတော့မှာပါ။"

"ကောင်းတယ်။ သူတို့ဘာသာရှင်းကြတော့ ငါတို့သက်သာတာပေါ့။ ပြီးတော့မှ အမြတ်ရနိုင်မယ့်အကွက်ကို ကောက်သိမ်းလိုက်ရင် ..."

သူ၏အတွေးကိုသူကျေနပ်ကာ Lilith ပြုံးလိုက်၏။

8).

"Inias, Roman တို့ရဲ့အခြေအနေက ထူးခြားတယ်ဆိုရင် Castiel ဆီကို အချိန်မီသတင်းရောက်နိုင်အောင် စီစဉ်ထားပါ။"

"ဟုတ်ကဲ့ ခင်ဗျာ၊ အရင်ကထက်ပိုလွယ်အောင် ကျွန်တော်စီစဉ်ထားပြီးပါပြီ နယ်စားမင်း။ Samandriel ကို သေချာပြောထားပါတယ်။ ဒီဘက်မှာတော့ ကျွန်တော်လည်းရှိတာကြောင့် တခြားစိတ်ချရတဲ့လူနဲ့ တွဲထားလိုက်ပါတယ်။ Samandriel က တစ်ဖက်ကိုစီစဉ်တဲ့အခါ ထပ်ဖြည့်ထားတဲ့လူတွေက ဒီဘက်ကိုကြည့်ပေးနိုင်ပါတယ်။ သခင်မလေးအတွက်လည်း နယ်စားမင်းစိတ်ချပါ။"

"အေး၊ ကောင်းတယ်။ မြို့စားတွေက မကြာခင်မှာလှုပ်ရှားလာကြမှာပဲ။ နန်းတော်ကလည်းဝင်ပါနေပြီဆိုတော့ Skullcrusher ကလည်း လျှော့တွက်မရလို့ သတိကြီးကြီးထားဖို့ပဲ။ မင်္ဂလာကိစ္စကိုပါ ထိခိုက်လာနိုင်လို့ ငါ့သမီးလေးကိုပဲ စိတ်ပူတာ။"

"အဆုံးစွန်အထိတွေးပြီး စီစဉ်ထားပါတယ်။ သခင်မလေးရဲ့လုံခြုံရေးအတွက် ပြင်ဆင်နေပါပြီ။ အခုရက်ပိုင်းအတွင်း အားလုံးပြီးစီးစေရပါမယ်။"

"ကောင်းပြီ Inias. မင်းတို့ရှိနေတာ ငါ့အတွက်တော့ တကယ်အားကိုးရတယ်။ ကျေးဇူးတင်ပါတယ်။"

Inias ၏လက်မောင်းကို နယ်စားမင်းက ခပ်တင်းတင်းဆုပ်ကိုင်ဖြစ်ညှစ်၍ အပြုံးကြည်ကြည်တစ်ပွင့်နှင့် ကျေးဇူးတင်စကားဆိုသည့်အခါ Inias က ဦးညွှတ်၍

"နယ်စားမင်းရဲ့အမှုတော်ကိုထမ်းရတာ ကျွန်တော့်အတွက်ဂုဏ်ယူစရာပါ။ အရှင့်ကျေးဇူးတရားတွေက ကျွန်တော်တို့အပေါ်ပိုများတာကြောင့် အခုလိုပြောတာကမသင့်တော်ပါဘူး နယ်စားမင်း။"

"ကျေးဇူးတင်သင့်တာကို ကျေးဇူးပြုရတယ် Inias ရဲ့။ ဒါက ရာထူးဂုဏ်သိမ်နဲ့မဆိုင်ဘူး။"

"ကျွန်တော်နားလည်ပါပြီ။ မှတ်သားထားပါ့မယ် အရှင်။"

9).

"ဘာတွေဖြစ်နေကြတာလဲ အထိန်းတော်ကြီး။"

"အိမ်တော်လုံခြုံရေးမြှင့်တာတဲ့ သခင်မလေးရယ်။ အရေးကြီးကိစ္စရှိတယ်ထင်တယ်။ သခင်မလေးကိုလည်း အပြင်တွေပေးမထွက်ဖို့ ကျွန်မတို့တွေကိုမှာထားတယ်။ သခင်မလေးလည်း သိမှာပါတဲ့။"

"ဪ၊ မထွက်ရတော့လည်း အိမ်တော်ထဲတင် လုပ်စရာတွေလုပ်တာပေါ့။ အပြင်ထွက်စရာပဲရှိတာကျလို့နော်။ ဟုတ်တယ်မဟုတ်လား အထိန်းတော်ကြီး။ လာ၊ လာ၊ ဟိုဘက်နားသွားမယ်။"

"ဪ၊ အေးကွယ်။ လာပါပြီ သခင်မလေး။"

တက်ကြွစွာလှည့်ထွက်သွားသူ သခင်မလေး Meg နောက်သို့ အထိန်းတော်ကြီးလိုက်ရပြန်ပါသည်။ သူ၏ဦးတည်ရာကား

"အဲဒီကြက်ဥကိုထားလိုက်ပါ။ အသီးအရွက်ထဲ ဘယ်ဟာက သိပ်ပြီးမပြင်မဆင်ရဘဲစားလို့လွယ်လဲ သိချင်တယ်။"

"ဒါလေးက ရေနွေးလေးနဲ့ ..."

"မဟုတ်ဘူး။ မီးမွှေးမရတဲ့အခါ ဘယ်လိုလုပ်စားသောက်လို့ရလဲဆိုတာလေး သင်ပြပေးလို့ ပြောချင်တာ။"

စားဖိုဆောင်တွင် အထူးအဆန်းများမေးမြန်းနေသည့် Meg Masters ကြောင့် စားဖိုဆောင်အလုပ်သမားများ သူတို့၏သခင်မလေးကို အကဲခတ်နေကြလေ၏။ သို့သော် Meg သည်က တစ်ခါတစ်ရံတွင် ထိုသို့ အဆန်းအပြားများလည်းလုပ်တတ်၍  အမှတ်တမဲ့ပင်ထားလိုက်ကြတော့သည်။

"စားကောင်းတယ်နော်။ အဲဒီအရွက်ကို ဘာခေါ်တာလဲ။ ဘာနဲ့မှားတတ်သေးလဲ။"

တစ်ခုပြီးတစ်ခုမေးမြန်းနေသမျှကို စိတ်ရှည်စွာနှင့်ရှင်းပြပေးနေသည့် စားဖိုမှူးကြီးနှင့် Meg ကိုကြည့်၍ Meg ၏အဖော်မိန်းကလေးက သူ၏သခင်မလေးအနားသို့ တိုးကပ်၍မေးမြန်းလိုက်သည်မှာ

"အိမ်ထောင်ပြုတော့မှာမို့ ဒါတွေသင်နေတာလား။ နန်းတော်မှာ ဒါတွေမရနိုင်ဘူးနော် သခင်မလေး။ ဧကန္တ သခင်မလေးက အိမ်ရှေ့စံနဲ့မယူချင်လို့ ချစ်သူနဲ့ထွက်ပြေးမှာတော့ မဟုတ်ပါဘူးနော်။"

ထိုစကားကြောင့် တစ်စုံတစ်ခုကိုတွေးမိသွားသည့် Meg က လှစ်ခနဲပြုံးလိုက်မိသည်။

"အဲဒီလိုဆို ကောင်းမလား။"

"ရှင်၊ သခင်မလေးမှာ ချစ်သူရှိလို့လား။ ကျွန်မတောင်မသိလိုက်ရဘူး။ ဘယ်သူလဲဟင်၊ သူ့ကိုကျွန်မသိလား။"

အထိန်တော်ကြီးပြီးလျှင် Meg နှင့်အနေအနီးဆုံးမိန်းမသားဖြစ်သည့် ထိုမိန်းကလေးမှာ Meg ၏ချစ်သူကို သူမသိလိုက်ရလေခြင်းဟု ယူကြုံးမရဖြစ်နေဟန်ပင်။

"ငါထွက်ပြေးမယ်ဆိုရင် ကောင်းပါ့မလား။"

"အဲဒါက ... ဟိုလေ ... ကျွန်မကတော့ သခင်မလေးစိတ်ချမ်းသာမယ်ဆိုရင် ဘာဖြစ်ဖြစ်အားပေးမှာပဲ။ ဒါနဲ့ အဲဒါက ဘယ်သူလဲဟင်။"

"အင်း ... သူက ..."

Meg ကသံရှည်ဆွဲကာ စကားမဆက်သေးသဖြင့် သိလိုသူမှာ ခေါင်းတဆတ်ဆတ်နှင့် မျှော်တလင့်လင့်။

"ရှိဘူး။ စိတ်ကူးယဉ်ကြည့်တာ။"

"ရှင်။ ကျွန်မက တကယ်မှတ်နေတာကို။ သခင်မလေးကလည်း ..."

'တကယ်လို့ မှတ်လို့ရရင်တော့ ကောင်းတာပေါ့ကွယ်။'

Meg အတွေးတွင်ဖြစ်ပေါ်လာသည်တို့ကို ဖျောက်ပစ်လိုက်ပြီး ရယ်မော၍သာ စကားဆက်နေမိတော့သည်။

10).

"ခြေရာလက်ရာ ဘာမှမကျန်ဘူး Sam. ဒီအတိုင်းဆို သုံးယောက်ဆုံပြီး ဘေးလွတ်ရာရောက်သွားကြလောက်ပြီ။ သူတို့ပြန်ရောက်ရင်ရောက်နေကြရောပေါ့။"

"အဆင်ပြေတယ်ဆိုလည်း အဆင်ပြေတဲ့အကြောင်းတော့ အသိပေးသင့်တယ်။ တကယ်တစ်ဇွတ်ထိုးပဲ။"

"ငါထောက်ခံတယ်။ သူလုပ်ချင်တာကိုလုပ်လိုက်ရမှ ကျေနပ်တဲ့ပုံပဲ။ သိပ်ပြီးအာရုံနောက်မခံတတ်ဘူးထင်တယ်။ မင်းတို့ အတော်လေးရင်းနှီးကြသလား။"

"အင်း၊ ရင်းနှီးတာပေါ့။ ရင်းနှီးတယ်၊ ညီအစ်ကိုလိုပါပဲ။"

Castiel နှင့် Sam တို့ နေရာစုံရှာကြည့်ကြပြီး အတူတူပြန်ထွက်လာကြ၏။

"ငါတို့စတွေ့တုန်းက သူ့ကြည့်ရတာ အေးအေးဆေးဆေးပေမဲ့ လူတစ်ယောက်ကို အလွယ်တကူလေးသတ်သွားတာ ငါ့စိတ်ထဲ သူ့ကို မကောင်းတဲ့လူလို့ တွေးမိတော့မလို့။ ဟိုမိန်းကလေးကလည်း အကြောက်အလန့်မရှိဘူး။"

Sam ပြုံးလိုက်မိသည်။

"Charlie လား။ သူတို့က အဲဒီလိုပဲ။ Charlie ကလည်း တခြားမိန်းကလေးတွေလိုမဟုတ်ဘူး။"

"အင်း၊ တော်တော်လက်ရဲဇက်ရဲပဲ။ ဒါပေမဲ့ အဲဒါက သူတို့အတွက် အန္တရာယ်များတယ် Sam."

"ပြောပါတယ်၊ ကြုံတိုင်းပြောတယ်။"

"Sam, ငါ မင်းနဲ့လိုက်ခဲ့မယ်။ သူတို့ဘေးကင်းရဲ့လားလို့ ငါသိရတာပေါ့။"

"ဪ ... အဲဒါက ..."

Sam စကားပြန်ရန် အကြံထုတ်နေမိသည်။ ပြန်ရမည်က Castiel တွေးထင်သကဲ့သို့ စစ်ဆေးရေးရုံးလည်းမဟုတ်သကဲ့သို့ နေအိမ်တစ်လုံးလည်း မဟုတ်ပြီ။ Sam ဖြေရခက်နေစဉ် မျက်နှာချင်းဆိုင်မှ မြင်းတစ်စီးနှင့်လူတစ်ဦးလာနေ၍ အာရုံပြောင်းသွားကြလေသည်။

"တပ်မှူး Castiel ဆိုတာလား ခင်ဗျာ။"

"ဟုတ်ပါတယ်။"

"Mr. Singer က အားလုံးဘေးကင်းတဲ့အကြောင်း ပြောခိုင်းလို့ပါခင်ဗျာ။"

ရုံးတော်ရဲမက်တံဆိပ်နှင့်ထိုလူက အကျိုးအကြောင်းရှင်းပြကာ ပြန်ထွက်သွားလေမှပင် Sam နှင့် Castiel သက်ပြင်းချနိုင်တော့သည်။

by Demon

■■■ Episode (15) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі