Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 15
1).

ျခံဝန္းေလးတစ္ခုသည္ သူ၏ပိုင္နက္အတြင္းမွအိမ္ငယ္ေလးအတြက္ သင့္တင့္သည့္အက်ယ္အဝန္းႏွင့္ ေအးခ်မ္းစြာဝန္းရံေပးထား၏။ အပင္ႀကီး၊ အပင္ငယ္မ်ားက ေနရာတက်အထိုင္က်ေနၿပီး တိတ္ဆိတ္စြာေနထိုင္လိုသူအတြက္ အံဝင္ခြင္က်ျဖစ္သည့္ ဌာေနေလးတစ္ခုပင္။ အိမ္ေရွ႕တြင္ ေနရာက်ယ္တစ္ခုလည္းရွိေနၿပီး အိမ္ေလး၏ျပတင္းတံခါးႏွင့္ အဝင္အဝတံခါးတစ္ခ်ပ္မွာ ပြင့္ဟေနေပသည္။

"Dean"

ေရွ႕မွသြားေနသည့္ Sam ၏ ေနာက္ျပန္လွည့္ၾကည့္ကာေခၚသည့္အသံေၾကာင့္ အရွိန္ေလ်ာ့ေနသည့္ေျခလွမ္းမ်ားႏွင့္ ပတ္ဝန္းက်င္ကိုေငးေမာေနမိသည့္ Dean ၏စိတ္အစံုတို႔က မူလေနရာသို႔ျပန္လည္ကပ္ၿငိသြားၿပီး

"အင္း၊ လာၿပီ။"

Dean ေခါင္းညိိတ္ျပသည့္အခါ Sam ကျပန္လွည့္သြားကာ

"Castiel. Cas! ဘယ္မွာလဲ၊ ဝင္လာမယ္ေနာ္။"

လွမ္းေအာ္ေခၚလ်က္ အိမ္ေပါက္ဝထံဦးတည္သြားသည့္ Sam ကို Dean ၾကည့္ေနစဥ္

"Sam"

အိမ္ေဘးဘက္မွထြက္လာသည့္ တည္ၿငိမ္ေနသည့္အသံတစ္ခု၊ အတိအက်မွတ္မိေနႏိုင္သည့္ ထိုသူ၏အမွတ္အသားဟုေျပာရမည့္ အသံႏွင့္အတူ Castiel ေပၚလာသည္။ အေပၚပိုင္းဗလာႏွင့္ ေခၽြးမ်ားစို႔ေနၿပီး လက္ထဲတြင္လည္းရဲဒင္းတစ္လက္ကိုင္ထားကာ ခႏၶာကိုယ္တြင္ သစ္မႈန္အခ်ိဳ႕ကပ္ၿငိေနသည့္သူက ထင္းခြဲသည္လား၊ သစ္ပင္ခုတ္ေနသည္လား။

Sam ၏ေနာက္တြင္ရပ္လ်က္ Castiel ကိုအကဲခတ္ေနမိသည့္ Dean ကို Castiel ေတြ႕သြားၿပီး ျပံဳးရယ္လိုက္ကာ ေျခလွမ္းတို႔ကိုေရွ႕တိုးလိုက္သည္။ ႏႈတ္မွလည္း

"Dean. ေဘးကင္းလို႔ေတာ္ေသးတာေပါ့။"

Dean ေခါင္းညိတ္လိုက္သည္။ Sam က

"အိုး ... အိုး ... "

ေရွ႕တိုးလာသည့္ Castiel ၏ လက္ထဲမွရဲဒင္းကို လက္ညႇိဳးထိုး၍ေအာ္ေလသည္။ ထိုအခါမွ Castiel က

"ဟား ဟား ... ထင္းနည္းနည္းခုတ္ေနတာပါ။"

ေျပာၿပီး အိမ္နံရံတြင္သြားေထာင္ထားလိုက္ေလသည္။

"မင္းတို႔ ေစာေစာေရာက္လာမယ္လို႔ မထင္လိုက္လို႔။ အိမ္ထဲဝင္ထိုင္ေစာင့္ေပး။ ခဏပဲ၊ ငါ လာခဲ့မယ္။"

"အင္း၊ ျဖည္းျဖည္းလုပ္။"

Castiel က ႏွစ္ဦးလံုးကိုရည္ရြယ္၍ေျပာေနေသာ္လည္း Sam ကပင္ စကားျပန္ေနၿပီး Dean သည္က ေခါင္းညိတ္ျပံဳးျပႏွင့္သာ။

Sam ႏွင့္ Dean တို႔ အိမ္ေလး၏ျပတင္းတံခါးအနီးမွ ထိုင္ခံုမ်ားတြင္ ဝင္ထိုင္လိုက္ၾကသည္။ Dean က အိမ္အတြင္းသို႔ မသိမသာအကဲခတ္ေနၿပီး Sam မွာ ျပတင္းေပါက္မွေန၍ အျပင္သို႔ၾကည့္ကာ

"ဒီလိုေလးေနရေတာ့ ေအးခ်မ္းတယ္ေျပာရမလား။ ငါတို႔နဲ႔မ်ားကြာပါ့။"

"နယ္စားအိမ္ေတာ္မွာဆိုရင္ေတာ့ ဒီလိုဘယ္ဟုတ္မလဲ။"

မည္သည့္အဓိပၸါယ္ကိုဆိုလိုသည္မသိသည့္ Dean ၏စကားေၾကာင့္ Sam က Dean ကို ၾကည့္လိုက္သည္။

"ဪ၊ သူ႔ေနရာနဲ႔သူ အေဆာင္အေယာင္ဆိုတာလိုတယ္လို႔။ မလိုတဲ့ေနရာက် ေအးခ်မ္းတာေပါ့။ အဲဒါေျပာတာ။"

ႏွစ္ဦးသားစကားေျပာေနစဥ္ ေနာက္ေဖးေပါက္မွဝင္လာသည့္ Castiel မွာ ယခုအခါတြင္ အဝတ္အစားအျပည့္အစံုႏွင့္။

"စားဖို႔ေသာက္ဖို႔ ငါစီစဥ္ထားတယ္။ စားရင္းေသာက္ရင္း ေအးေအးေဆးေဆးစကားေျပာရတာေပါ့။"

2).

"အဲဒီလိုသြားမယ္ဆိုလည္း တစ္ေယာက္တည္းဆံုးျဖတ္ၿပီး ထလုပ္လို႔မရဘူးေလ။ Skullcrusher ဆိုတာ ႏွယ္ႏွယ္ရရလည္းမဟုတ္ဘူး။ ရြာထဲအထိေမႊေႏွာက္ဖို႔ကို ႏွစ္ေယာက္တည္းသြားတာက အႏၲရာယ္မ်ားလြန္းတယ္။ အသက္အႏၲရာယ္မျဖစ္တာပဲ ကံေကာင္းတယ္ေျပာရမလား။"

Castiel ၏စကားကို Sam က

"ငါေျပာတာလည္း အဲဒါပဲ Dean."

"ေအး၊ မင္းေျပာေနတာ ဒီမနက္တင္ ငါးခါရွိၿပီ။"

Dean က Sam ကို မေက်မနပ္ခြန္းတံု႔ျပန္၏။ ထို႔ေနာက္မွ ဆက္လက္၍

"မင္းတို႔ႏွစ္ေယာက္က အဲဒီပစၥည္းေတြသာ အဲဒီေနရာေရာက္လာရင္ ဘာဆက္လုပ္မွာလဲ။"

Sam က Castiel ကိုၾကည့္လိုက္၏။ Castiel က

"ဘယ္ေနရာပို႔လဲလို႔ သိေအာင္ၾကည့္ရမွာေပါ့။ ေနာက္မွ လူအင္အားနဲ႔စီစဥ္ရမယ္ေလ။"

"အဲဒီမွာ အကုန္လြတ္ရင္လြတ္၊ မဟုတ္လည္း မင္းတို႔ကိုေခ်ာင္းေနတဲ့ဟာေတြက မင္းတို႔ကိုလုပ္သြားလိမ့္မယ္။"

Dean ေျပာသည္ကမမွားေသာ္လည္း ရာႏႈန္းျပည့္မွန္သည္လည္း မဟုတ္ျပန္ပါ။

"အခုလိုအခ်ိန္မွာ ဘယ္သူကမွ မဆင္မျခင္ဘဲ စၿပီးမလႈပ္ရွားပါဘူး။ အေျခအေနကိုၾကည့္ရေသးတယ္။ ကိစၥကလည္း ေသးေသးေကြးေကြးမဟုတ္ဘူး။ ၿပီးေတာ့ တစ္ဖက္ႏိုင္ငံကမင္းသမီးလည္း ဒီကိုလာေနၿပီဆိုေတာ့ အိမ္ေရွ႕စံရဲ႕မဂၤလာကိစၥနဲ႔ ထီးနန္းကိစၥေတြလည္း အေနအထားဘယ္လိုလာမယ္မသိေတာ့ အကုန္လံုးက ေသခ်ာအာရံုစိုက္လႈပ္ရွားေနၾကတာ။"

"ငါက မဆင္ျခင္ ..."

"Dean"

Castiel ကို ခြန္းတံု႔ျပန္ရန္ျပင္သည့္ Dean ကို Sam ကတားလိုက္၏။ Castiel က ဆက္ေျပာသည္မွာ

"အနည္းဆံုးေတာ့ လူေခၚသြားဖို႔ေျပာတာပါ။ အခုလည္း Benjamin ေရာက္လာေပလို႔သာေပါ့။ ဒီတိုင္းဆိုရင္ ရံုးေတာ္ကိုသတင္းပို႔တဲ့ကိစၥကေန ဘယ္သူဘယ္ဝါဆိုတာကို သူတို႔ဘက္က စံုစမ္းေနေလာက္ၿပီ။ ေရွ႕ဆက္ၿပီး တစ္ေယာက္တည္း ႏွစ္ေယာက္တည္း လႈပ္ရွားတာေတြ ေရွာင္သင့္တယ္။"

"ခင္ဗ်ားေရာပဲ Cas. တစ္ေယာက္တည္းျဖစ္ေနတာ။"

Sam ၏စကားေၾကာင့္ Castiel ႏွင့္ေဘးေစာင္းထိုင္ေနသည့္ Dean ကပါ Castiel ဘက္သို႔ေစာင္းငဲ့ၾကည့္လာသည္။

"ငါ့ေနာက္မွာ ငါ့လူေတြရွိပါတယ္။ ၿပီးေတာ့ ငါကလႈပ္ရွားေနက်။"

"ဪ"

ရြဲ႕ေစာင္းဟန္ေလသံျပဳသည့္ Dean ေၾကာင့္ Castiel က Dean ကို တစ္ခ်က္ငဲ့ၾကည့္ၿပီးမွ

"အဲဒီပစၥည္းေတြက အေယာင္ျပလို႔ပဲ ထင္တယ္။"

"အေယာင္ျပပစၥည္းေတြက တန္ဖိုးမနည္းဘူး။"

"ဘယ္လိုေျပာရမလဲ။ ဒါကလည္း အေရာင္းအဝယ္ႀကီးတစ္ခုျဖစ္သလို ဒီေနာက္မွာလည္း ဒီထက္ႀကီးတဲ့တစ္ခုခုရွိေနလိမ့္မယ္။ ရုတ္တရက္ဆိုရင္ ဒီတစ္ခုနဲ႔တင္အာရံုလႊဲႏိုင္တဲ့ လွည့္ကြက္ႀကီးႀကီးတစ္ခုကို စြန္႔စားလိုက္တာမ်ိဳးေပါ့။"

"ပုန္ကန္ဖို႔ကိစၥေတြကို ဆိုလိုတာလား။"

Dean ၏အေမးကို Castiel ေခါင္းညိတ္၏။

"ငါတို႔ဘက္ကေတာ့ အဲဒီကိစၥကို ထဲထဲဝင္ဝင္စံုစမ္းေနလို႔ သိပ္မၾကာခင္မွာ အတိုင္းအတာတစ္ခုအထိေတာ့ သတင္းရမွာပါ။"

"အခု နန္းတြင္းစံုစမ္းေရးဘက္ကို သတင္းတခ်ိဳ႕လႊဲေပးၿပီး လၽွိဳ႕ဝွက္အဖြဲ႕တစ္ခုနဲ႔ဆက္လႈပ္ရွားဖို႔ စီစဥ္ေနၾကတယ္။"

အရက္ခြက္ကိုေမာ့၍ေျပာသည့္ Dean ေၾကာင့္ Castiel က ေခါင္းတဆတ္ဆတ္ညိတ္၏။ သတင္းမ်ားအျပန္အလွန္ဖလွယ္ကာ စကားမ်ားေျပာၾကရင္း မထင္မွတ္ဘဲ ေအးခ်မ္းသည့္အခ်ိန္ေလးတစ္ခုကို ျဖတ္သန္းခဲ့ၾကေလသည္။

3).

"ေငြေၾကးပိုင္းကို အရံအစီအစဥ္အတိုင္း ထုတ္လိုက္ေတာ့ ရြာလူႀကီး။"

"ဟုတ္ကဲ့ပါ ၿမိဳ႕စား။"

"လက္နက္ေတြလြတ္သြားတာ ဒီတစ္ခါ အရႈံးထဲကအျမတ္ႀကီးႀကီးပဲ။"

"အရႈံးကလည္း မေသးဘူး။ အခုဆံုး႐ႈံးသြားတာေတြက ဘ႑ာေရးကိုေတာ္ေတာ္ထိတယ္။ အဆိုးဆံုးကေတာ့ ငါတို႔လႈပ္ရွားေနတာကို သိသြားတာပဲ။ အျပန္အလွန္သိေနၾကေပမဲ့ အတိအက်မသိေစခ်င္တာ။ အခုကိစၥကိုေတာ့ ေသခ်ာပိရိၾကပါေစ။"

ၿမိဳ႕စား Dick Roman တို႔လူတစ္စုမွာ လၽွိဳ႕ဝွက္ေသာေနရာတစ္ခုတြင္စုေဝး၍ တစ္စံုတစ္ခုကိုၾကံစည္ေနေလသည္။
Castiel ခန႔္မွန္းခဲ့သည့္အတိုင္းပင္ ယခုအေရာင္းအဝယ္ကိစၥ၏ေနာက္ကြယ္တြင္ လက္နက္ပစၥည္းမ်ားႏွင့္ ရိကၡာအေထာက္အပံ့အခ်ိဳ႕လည္းရွိေနၿပီး လိုရာအရပ္သို႔ပို႔ေဆာင္ရန္ အနည္းငယ္အခ်ိန္ၾကန္႔ၾကာသြားခဲ့သည္မွတစ္ပါး ေရွ႕ဆက္၍လုပ္ေဆာင္ေနၾကၿပီျဖစ္သည္။

4).

"Roman တို႔ဘက္က အရမ္းကိုပိပိရိရိလႈပ္ရွားေနတယ္။ ဒီအေျခအေနကို ငါသေဘာမက်ဘူး Samandriel."

"က်ဳပ္တို႔ ေသခ်ာေစာင့္ၾကည့္ေနတာဆိုေတာ့ သူတို႔ဘက္က ဒီဘက္အထိဦးတည္လာရင္ ေသခ်ာေပါက္သိရမွာပါ။ တပ္မႉးနဲ႔လည္း အခ်ိန္မီဆက္သြယ္ႏိုင္ဖို႔ အားလံုးျပင္ဆင္ၿပီးသြားပါၿပီ။"

"တပ္မႉးဘက္က ဘာထူးေသးလဲ။"

"နန္းတြင္းဘက္က လၽွိဳ႕ဝွက္စံုစမ္းေရးေတြစေတာ့မယ္လို႔ သတင္းရတယ္။ အိမ္ေတာ္ဘက္ကိုသတိထားဖို႔နဲ႔ Roman တို႔ရဲ႕အတြင္းပိုင္းကလည္း ေတာ္ေတာ္ေလးခိုင္မာတယ္လို႔ သိရတယ္။ သူတို႔လူစာရင္းအားလံုး သိရဖို႔ကို က်ဳပ္ဆက္လုပ္ေနပါတယ္။"

Inias ႏွင့္ Samandriel တို႔သည္လည္း လံုျခံဳေရးအတြက္ ေခါင္းခ်င္းဆိုင္ေဆြးေႏြးေနၾကေလၿပီ။

5).

"သခင္မေလး၊ နန္းတြင္းက အရမ္းလွမွာပဲေနာ္။"

"အင္း။ လွတယ္၊ ခမ္းနားတယ္၊ အေဆာင္အေယာင္မ်ားတယ္၊ အေယာင္ေဆာင္ေတြလည္းမ်ားတယ္။ ၿပီးေတာ့ အေရာင္ေတြလည္းမ်ားတယ္။"

"အိမ္ေရွ႕စံက ဘယ္လိုမ်ိဳးလဲဟင္။"

"ငါလည္း ေသခ်ာမသိပါဘူး Tracy ရယ္။ မေကာင္းတဲ့သတင္း သိပ္မၾကားရတဲ့လူဆိုေတာ့ မဆိုးဘူးလို႔ပဲ ေမၽွာ္လင့္ရမွာေပါ့။"

"သခင္မေလး၊ ဟိုေလ ... မင္းသမီး Lisa ကေရာ ဟင္။ ကၽြန္မ အရမ္းစိတ္ပူတာပဲ။ ဘာလို႔မ်ား ေယာက္်ားေတြက မိန္းမေတြအမ်ားႀကီးယူခ်င္ၾကတာလဲ။"

"အေၾကာင္းျပခ်က္ေတြကလည္း မ်ားတယ္ေလ Tracy ရဲ႕။"

"ဘဝႀကီးတစ္ခုလံုးနဲ႔ စိတ္ခံစားခ်က္ေတြကို အဲဒီႏိုင္ငံနဲ႔ခ်ီတဲ့ ႀကီးက်ယ္ျမင့္ျမတ္ပါတယ္ဆိုတဲ့ အေၾကာင္းအရာေတြၾကားမွာ တစ္သက္လံုးေလွာင္ပိတ္ထားရမယ့္ မိန္းမေတြကို သူတို႔က အရုပ္ေတြလို႔ထင္တာလား။ ေရာင္းကုန္လား၊ ၿငိမ္းခ်မ္းေရးအမွတ္တရပစၥည္းလား။ သူတို႔က်ေတာ့ လုပ္ခ်င္ရာလုပ္လို႔ရလား။"

"အဟင္း ... စြာလိုက္တာ ငါ့ Tracy ေလးက။ အခုလို ငါ့ဘက္ကကာကြယ္ေပးမယ့္မင္းပါလာရင္ ငါေတာ့ နန္းတြင္းမကလို႔ ဘယ္ကမ႓ာျဖစ္ျဖစ္သြားလို႔ရပါၿပီေလ။"

"အြန္း၊ ကၽြန္မကိုအားကိုးလိုက္ သခင္မေလး။ အဟီး ..."

'သာမန္လူတစ္ေယာက္ရဲ႕ တစ္ဦးတည္းေသာဆိုတဲ့ဘဝနဲ႔ ဘုရင္တစ္ပါးရဲ႕မိဖုရားငယ္ဆိုတဲ့ဘဝကေတာ့ အကြာႀကီးကြာမွာေပါ့။ ကၽြန္မ ရွင့္ကိုေတာ့ နည္းနည္းေလးယံုစားလို႔ရမလား အိမ္ေရွ႕စံ။ ဆိုးသြမ္းတဲ့လူမဟုတ္ပါဘူးလို႔ေပါ့။'

by Demon

6)

Lisa နန္းေတာ္သို႔ေရာက္သည္မွာ ယေန႔ႏွင့္ဆိုလၽွင္ တစ္ရက္ေက်ာ္ၿပီျဖစ္ေသာ္လည္း ယခုအခ်ိန္အထိ အိမ္ေရွ႕စံမင္းသားႏွင့္ မေတြ႕ရေသး။ မင္းႀကီးထံ အခစားဝင္စဥ္က အိမ္ေရွ႕စံမင္းသားက ယခုတေလာ အလုပ္ရႈပ္ေနေသာေၾကာင့္ အားလပ္ခ်ိန္နည္းပါးေနေၾကာင္းေျပာလိုက္ေသာ္လည္း မိမိ၏မိဖုရားျဖစ္လာမည့္သူအား စိတ္ဝင္စားပုံမရသည့္ အိမ္ေရွ႕စံမင္းသားႏွင့္ လက္ထပ္ထိမ္းျမားရမည့္အေရးကိုေတြးမိကာ ရင္ေလးရျပန္သည္ ။ ထို႔အျပင္ အိမ္ေရွ႕စံမင္းသားသည္ မိမိတစ္ေယာက္တည္းႏွင့္ ထိမ္းျမားရမည္မဟုတ္ ။ နယ္စားမင္း Masters ၏ သမီးေတာ္ Meg Masters ဟု အမည္တြင္အပ္ေသာ အမ်ိဳးသမီးႏွင့္လည္း ထိမ္းျမားရေပဦးမည္ ။ မိမိအတြက္ မည္သူသည္ မိဖုရားေခါင္ျဖစ္မည္နည္းဟူေသာကိစၥသည္ အေရးမပါေသာ္လည္း မိမိတို႔ႏိုင္ငံ၏အၾကပ္အတည္းသည္ မိမိ,မိဖုရားေခါင္ျဖစ္ပါမွ ပို၍အဆင္ေျပမည့္အေျခအေနသို႔ ေရာက္ေနရသည္ ။ ထို႔ေၾကာင့္ အိမ္ေရွ႕စံမင္းသား မိမိအား သေဘာက်ႏွစ္သက္ေစရန္ စိတ္ထဲမွ ႀကိတ္၍ဆုေတာင္းေနမိသည္ ။

7)

Castiel ႏွင့္ေတြ႕ၿပီး ျပန္လာသည့္လမ္းတစ္ေလၽွာက္လုံးသာမကပဲ နန္းေတာ္ေရာက္သည့္အခ်ိန္အထိပါ Sam က ယခုစုံစမ္းေဖာ္ထုတ္ေနသည့္ကိစၥအား Castiel တို႔ႏွင့္ နန္းတြင္စစ္ေဆးေရးအဖြဲ႕ထံသို႔အပ္လိုက္ရန္ နားပူနားဆာလုပ္ေနေသာေၾကာင့္ Dean တစ္ေယာက္ Sam ေက်နပ္ေစရန္ ထိုကိစၥကို ဆက္လက္မစုံစမ္းေတာ့ဟု ကတိေပးလိုက္သည္ ။ ဤသို႔ ကတိေပးလိုက္သည္ႏွင့္ Sam က မိမိႏွင့္ ၾကင္ဖက္ေတြ႕ဆုံရန္ေရာက္လာေသာ အျခားႏိုင္ငံမွ မင္းသမီး Lisa ႏွင့္ ေတြ႕ၾကည့္ရန္ အတင္းတိုက္တြန္းေလေတာ့သည္ ။

မိမိက ရံေ႐ြေတာ္မ်ား ၊ အပ်ိဳေတာ္မ်ား ၊ အေပ်ာ္မယ္မ်ားႏွင့္ ပေရာပရည္လုပ္ေလ့ရွိေသာ္လည္း မိန္းကေလးတစ္ဦးကို အတည္တက် ေပါင္းသင္းလက္ထပ္ရန္ မည္သည့္အခါကမွ စိတ္မကူးမိခဲ့ ။ ဤကိစၥကို ခမည္းေတာ္စီစဥ္ခဲ့စဥ္ကလည္း ခမည္းေတာ္၏က်န္းမာေရးက အေရးႀကီးေသာေၾကာင့္သာ မျငင္းခဲ့ျခင္းျဖစ္သည္ ။ ထို႔ေၾကာင့္ အနာဂတ္၏ မရီးေတာ္အေလာင္းအလ်ာႏွင့္ အတင္းေတြ႕ဆုံခိုင္းေနေသာ Sam ကို

" မင္းဒီေလာက္ေတာင္ျဖစ္ေနတာ မင္းပဲ သူ႔ကိုလက္ထပ္လိုက္ပါေတာ့လား "

ဟု ႐ြတ္လိုက္သည္ ။ ဤစကားကိုၾကားေသာအခါ Sam က ရယ္ႀကဲႀကဲျဖင့္

" မင္းကလည္း ဒီေလာက္လွတယ္လို႔နာမည္ႀကီးတဲ့မင္းသမီးေလးကို မေတြ႕ခ်င္တဲ့လူရွိပါ့မလား "

ဟု ေျပာသည္ ။ ဆက္၍

" သြားေတြ႕လိုက္ပါကြာ ... သူ႔ခမ်ာ အေဝးႀကီးကေနခရီးႏွင္ၿပီး ဒီကိုေရာက္လာရတာ ... အားငယ္ေနရွာမွာေပါ့ "

ဟု ေျပာသျဖင့္ Sam ကို အသံတိတ္က်ိန္ဆဲလိုက္သည္ ။

8)

Lisa နန္းေတာ္သို႔ေရာက္ၿပီး သုံးရက္အၾကာတြင္ အိမ္ေရွ႕စံမင္းသားက ႏွစ္ေယာက္တည္းသီးသန္႔ေတြ႕ဆုံရန္ ခြင့္ေတာင္းလာသျဖင့္ ထိုခြင့္ေတာင္းခ်က္ကို လက္ခံလိုက္သည္ ။ ထို႔ေၾကာင့္ ယေန႔မနက္ကတည္းက ေစာေစာထကာ အိမ္ေရွ႕စံမင္းသားႏွင့္ေတြ႕လၽွင္ လွပေက်ာ့ရွင္းေနေစရန္ ျပင္ဆင္ျခယ္သေနျခင္းျဖစ္သည္ ။ မိမိ၏ရံေ႐ြေတာ္မ်ားက ယေန႔အဖို႔ မိမိသည္ ပုံမွန္ေန႔မ်ားထက္ပို၍ လွပကာ ယဥ္ေက်းသိမ္ေမြ႕ေနသည္ဟုေျပာၾကေသာ္လည္း ထိုရံေ႐ြေတာ္မ်ားသည္ မိမိအားေၾကာက္၍ ဤသို႔ေျပာၾကျခင္းျဖစ္မည္ဟု ထင္ျမင္ကာ အိမ္ေရွ႕စံမင္းသားႏွင့္ခ်ိန္းထားသည့္ ေလသာေဆာင္သို႔ေရာက္သည္အထိ မိမိကိုယ္ကိုယ္ ယုံၾကည္မႈမရွိေသး ။

သို႔ေသာ္ ....
ျပန္လွည့္၍မရေတာ့ေသာအခ်ိန္သို႔ ေရာက္ေနၿပီျဖစ္ေသာေၾကာင့္ ရင္တထိတ္ထိတ္ႏွင့္သာ အိမ္ေရွ႕စံမင္းသားကို ေမၽွာ္ေနမိေတာ့သည္ ။

ဤသို႔ေမၽွာ္ေနရင္း အခ်ိန္အနည္းငယ္ၾကာေသာအခါ

" ေရာက္ေနတာၾကာၿပီလား "

ဟူေသာ အမ်ိဳးသားတစ္ဦး၏အသံကို ၾကားရသည္ ။ စိတ္လႈပ္ရွားစြာျဖင့္ အသံလာရာဆီသို႔ လွည့္ၾကည့္လိုက္မိသည္ ။ မိမိအေနာက္တြင္ ရပ္ေနေသာလူက မိမိတို႔ ဤႏိုင္ငံသို႔စေရာက္စဥ္က အိမ္ေရွ႕စံမင္းသား၏ ဥယ်ာဥ္ေတာ္အတြင္း၌ ေတြ႕ခဲ့ရေသာ လူသုံးဦးအနက္ တစ္ဦးျဖစ္ေသာေၾကာင့္ အံ့ၾသသြားၿပီး

" ရွင္က "

ဟု စကားစလိုက္သည္ ။

9)

မင္းသမီး Lisa ဆိုသူသည္ ဥယ်ာဥ္ေတာ္မွ Benny ေမာင္းထုတ္လိုက္သည့္ မိန္းကေလးျဖစ္ေနေသာေၾကာင့္ Dean အံ့ၾသသြားရကာ

" မင္းက ဟိုမိန္းကေလးမဟုတ္လား "

ဟု ေမးလိုက္သည္ ။ ဤေမးခြန္းအဆုံးတြင္ Lisa က ကိုယ္ကိုယို႔ၿပီး

" ေတာင္းပန္ပါတယ္ အရွင့္သား ... ကြၽန္ေတာ္မ်ိဳးမမွာ အရွင့္သားကိုလိမ္ညာဖို႔ဆႏၵမရွိခဲ့ပါဘူး "

ဟု ေျပာသည္ ။ ထို႔ေၾကာင့္ ျပံဳးလိုက္ၿပီး

" မလိုပါဘူး ... ငါလည္းမင္းကို အမွန္အတိုင္းမေျပာခဲ့ဘူးေလ "

ဟု ေျပာလိုက္သည္ ။ ထို႔ေနာက္ Lisa အနားသို႔ ေလၽွာက္သြားလိုက္ၿပီး

" ထိုင္ၿပီးေျပာၾကတာေပါ့ "

ဟု ေျပာလိုက္သည္ ။

10)

Lisa အခ်ိန္အေတာ္ၾကာေအာင္ အိမ္ေရွ႕စံမင္းသားႏွင့္ စကားေျပာၿပီးေသာအခါ အိမ္ေရွ႕စံမင္းသားသည္ ဆိုးသြမ္းလြန္းေသာလူမဟုတ္ဟု စိတ္ထဲတြင္ ေကာက္ခ်က္ခ်လိုက္သည္ ။ ထို႔ေၾကာင့္

" ငါ့ခမည္းေတာ္က မင္းငါနဲ႔ထိမ္းျမားၿပီးရင္ မင္းတို႔ႏိုင္ငံအတြက္ ရိကၡာေတြကိုအခုထက္ႏွစ္ဆပိုၿပီးေပးမယ္လို႔ ကတိေပးထားတယ္ဆိုတာကို သိၿပီးၿပီ ... ဒါေပမဲ့ ဒီေလာက္ကိစၥေလးအတြက္နဲ႔ မင္းငါ့ကိုလက္ထပ္ဖို႔လိုလို႔လား "

ဟု ေမးလာေသာ အိမ္ေရွ႕စံမင္းသားကို

" တကယ္ေတာ့ ကိစၥကတစ္ခုတည္းမဟုတ္ပါဘူး အရွင့္သား "

ဟူ၍ စကားစကာ မိမိတို႔ၾကံဳေတြ႕ေနရသည့္ အခက္အခဲမ်ားအေၾကာင္းကို အိမ္ေရွ႕စံမင္းသားအား ေျပာျပလိုက္သည္ ။ အိမ္ေရွ႕စံမင္းသားက မိမိေျပာျပသည့္အေၾကာင္းအရာမ်ားကို ၿငိမ္၍နားေထာင္ေနၿပီးမွ

" ဒါျဖင့္လည္း လက္ထပ္ၾကတာေပါ့ "

ဟု ႐ုတ္တရက္ ထေျပာသည္ ။ ထို႔ေၾကာင့္ အံ့ၾသသြားၿပီး

" အရွင့္သား "

ဟု ေခၚလိုက္သည္ ။

by the_richone_IX

■■■ Episode (16) ဆက္ရန္ ■■■

1).

ခြံဝန်းလေးတစ်ခုသည် သူ၏ပိုင်နက်အတွင်းမှအိမ်ငယ်လေးအတွက် သင့်တင့်သည့်အကျယ်အဝန်းနှင့် အေးချမ်းစွာဝန်းရံပေးထား၏။ အပင်ကြီး၊ အပင်ငယ်များက နေရာတကျအထိုင်ကျနေပြီး တိတ်ဆိတ်စွာနေထိုင်လိုသူအတွက် အံဝင်ခွင်ကျဖြစ်သည့် ဌာနေလေးတစ်ခုပင်။ အိမ်ရှေ့တွင် နေရာကျယ်တစ်ခုလည်းရှိနေပြီး အိမ်လေး၏ပြတင်းတံခါးနှင့် အဝင်အဝတံခါးတစ်ချပ်မှာ ပွင့်ဟနေပေသည်။

"Dean"

ရှေ့မှသွားနေသည့် Sam ၏ နောက်ပြန်လှည့်ကြည့်ကာခေါ်သည့်အသံကြောင့် အရှိန်လျော့နေသည့်ခြေလှမ်းများနှင့် ပတ်ဝန်းကျင်ကိုငေးမောနေမိသည့် Dean ၏စိတ်အစုံတို့က မူလနေရာသို့ပြန်လည်ကပ်ငြိသွားပြီး

"အင်း၊ လာပြီ။"

Dean ခေါင်းညိတ်ပြသည့်အခါ Sam ကပြန်လှည့်သွားကာ

"Castiel. Cas! ဘယ်မှာလဲ၊ ဝင်လာမယ်နော်။"

လှမ်းအော်ခေါ်လျက် အိမ်ပေါက်ဝထံဦးတည်သွားသည့် Sam ကို Dean ကြည့်နေစဉ်

"Sam"

အိမ်ဘေးဘက်မှထွက်လာသည့် တည်ငြိမ်နေသည့်အသံတစ်ခု၊ အတိအကျမှတ်မိနေနိုင်သည့် ထိုသူ၏အမှတ်အသားဟုပြောရမည့် အသံနှင့်အတူ Castiel ပေါ်လာသည်။ အပေါ်ပိုင်းဗလာနှင့် ချွေးများစို့နေပြီး လက်ထဲတွင်လည်းရဲဒင်းတစ်လက်ကိုင်ထားကာ ခန္ဓာကိုယ်တွင် သစ်မှုန်အချို့ကပ်ငြိနေသည့်သူက ထင်းခွဲသည်လား၊ သစ်ပင်ခုတ်နေသည်လား။

Sam ၏နောက်တွင်ရပ်လျက် Castiel ကိုအကဲခတ်နေမိသည့် Dean ကို Castiel တွေ့သွားပြီး ပြုံးရယ်လိုက်ကာ ခြေလှမ်းတို့ကိုရှေ့တိုးလိုက်သည်။ နှုတ်မှလည်း

"Dean. ဘေးကင်းလို့တော်သေးတာပေါ့။"

Dean ခေါင်းညိတ်လိုက်သည်။ Sam က

"အိုး ... အိုး ... "

ရှေ့တိုးလာသည့် Castiel ၏ လက်ထဲမှရဲဒင်းကို လက်ညှိုးထိုး၍အော်လေသည်။ ထိုအခါမှ Castiel က

"ဟား ဟား ... ထင်းနည်းနည်းခုတ်နေတာပါ။"

ပြောပြီး အိမ်နံရံတွင်သွားထောင်ထားလိုက်လေသည်။

"မင်းတို့ စောစောရောက်လာမယ်လို့ မထင်လိုက်လို့။ အိမ်ထဲဝင်ထိုင်စောင့်ပေး။ ခဏပဲ၊ ငါ လာခဲ့မယ်။"

"အင်း၊ ဖြည်းဖြည်းလုပ်။"

Castiel က နှစ်ဦးလုံးကိုရည်ရွယ်၍ပြောနေသော်လည်း Sam ကပင် စကားပြန်နေပြီး Dean သည်က ခေါင်းညိတ်ပြုံးပြနှင့်သာ။

Sam နှင့် Dean တို့ အိမ်လေး၏ပြတင်းတံခါးအနီးမှ ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။ Dean က အိမ်အတွင်းသို့ မသိမသာအကဲခတ်နေပြီး Sam မှာ ပြတင်းပေါက်မှနေ၍ အပြင်သို့ကြည့်ကာ

"ဒီလိုလေးနေရတော့ အေးချမ်းတယ်ပြောရမလား။ ငါတို့နဲ့များကွာပါ့။"

"နယ်စားအိမ်တော်မှာဆိုရင်တော့ ဒီလိုဘယ်ဟုတ်မလဲ။"

မည်သည့်အဓိပ္ပါယ်ကိုဆိုလိုသည်မသိသည့် Dean ၏စကားကြောင့် Sam က Dean ကို ကြည့်လိုက်သည်။

"ဪ၊ သူ့နေရာနဲ့သူ အဆောင်အယောင်ဆိုတာလိုတယ်လို့။ မလိုတဲ့နေရာကျ အေးချမ်းတာပေါ့။ အဲဒါပြောတာ။"

နှစ်ဦးသားစကားပြောနေစဉ် နောက်ဖေးပေါက်မှဝင်လာသည့် Castiel မှာ ယခုအခါတွင် အဝတ်အစားအပြည့်အစုံနှင့်။

"စားဖို့သောက်ဖို့ ငါစီစဉ်ထားတယ်။ စားရင်းသောက်ရင်း အေးအေးဆေးဆေးစကားပြောရတာပေါ့။"

2).

"အဲဒီလိုသွားမယ်ဆိုလည်း တစ်ယောက်တည်းဆုံးဖြတ်ပြီး ထလုပ်လို့မရဘူးလေ။ Skullcrusher ဆိုတာ နှယ်နှယ်ရရလည်းမဟုတ်ဘူး။ ရွာထဲအထိမွှေနှောက်ဖို့ကို နှစ်ယောက်တည်းသွားတာက အန္တရာယ်များလွန်းတယ်။ အသက်အန္တရာယ်မဖြစ်တာပဲ ကံကောင်းတယ်ပြောရမလား။"

Castiel ၏စကားကို Sam က

"ငါပြောတာလည်း အဲဒါပဲ Dean."

"အေး၊ မင်းပြောနေတာ ဒီမနက်တင် ငါးခါရှိပြီ။"

Dean က Sam ကို မကျေမနပ်ခွန်းတုံ့ပြန်၏။ ထို့နောက်မှ ဆက်လက်၍

"မင်းတို့နှစ်ယောက်က အဲဒီပစ္စည်းတွေသာ အဲဒီနေရာရောက်လာရင် ဘာဆက်လုပ်မှာလဲ။"

Sam က Castiel ကိုကြည့်လိုက်၏။ Castiel က

"ဘယ်နေရာပို့လဲလို့ သိအောင်ကြည့်ရမှာပေါ့။ နောက်မှ လူအင်အားနဲ့စီစဉ်ရမယ်လေ။"

"အဲဒီမှာ အကုန်လွတ်ရင်လွတ်၊ မဟုတ်လည်း မင်းတို့ကိုချောင်းနေတဲ့ဟာတွေက မင်းတို့ကိုလုပ်သွားလိမ့်မယ်။"

Dean ပြောသည်ကမမှားသော်လည်း ရာနှုန်းပြည့်မှန်သည်လည်း မဟုတ်ပြန်ပါ။

"အခုလိုအချိန်မှာ ဘယ်သူကမှ မဆင်မခြင်ဘဲ စပြီးမလှုပ်ရှားပါဘူး။ အခြေအနေကိုကြည့်ရသေးတယ်။ ကိစ္စကလည်း သေးသေးကွေးကွေးမဟုတ်ဘူး။ ပြီးတော့ တစ်ဖက်နိုင်ငံကမင်းသမီးလည်း ဒီကိုလာနေပြီဆိုတော့ အိမ်ရှေ့စံရဲ့မင်္ဂလာကိစ္စနဲ့ ထီးနန်းကိစ္စတွေလည်း အနေအထားဘယ်လိုလာမယ်မသိတော့ အကုန်လုံးက သေချာအာရုံစိုက်လှုပ်ရှားနေကြတာ။"

"ငါက မဆင်ခြင် ..."

"Dean"

Castiel ကို ခွန်းတုံ့ပြန်ရန်ပြင်သည့် Dean ကို Sam ကတားလိုက်၏။ Castiel က ဆက်ပြောသည်မှာ

"အနည်းဆုံးတော့ လူခေါ်သွားဖို့ပြောတာပါ။ အခုလည်း Benjamin ရောက်လာပေလို့သာပေါ့။ ဒီတိုင်းဆိုရင် ရုံးတော်ကိုသတင်းပို့တဲ့ကိစ္စကနေ ဘယ်သူဘယ်ဝါဆိုတာကို သူတို့ဘက်က စုံစမ်းနေလောက်ပြီ။ ရှေ့ဆက်ပြီး တစ်ယောက်တည်း နှစ်ယောက်တည်း လှုပ်ရှားတာတွေ ရှောင်သင့်တယ်။"

"ခင်ဗျားရောပဲ Cas. တစ်ယောက်တည်းဖြစ်နေတာ။"

Sam ၏စကားကြောင့် Castiel နှင့်ဘေးစောင်းထိုင်နေသည့် Dean ကပါ Castiel ဘက်သို့စောင်းငဲ့ကြည့်လာသည်။

"ငါ့နောက်မှာ ငါ့လူတွေရှိပါတယ်။ ပြီးတော့ ငါကလှုပ်ရှားနေကျ။"

"ဪ"

ရွဲ့စောင်းဟန်လေသံပြုသည့် Dean ကြောင့် Castiel က Dean ကို တစ်ချက်ငဲ့ကြည့်ပြီးမှ

"အဲဒီပစ္စည်းတွေက အယောင်ပြလို့ပဲ ထင်တယ်။"

"အယောင်ပြပစ္စည်းတွေက တန်ဖိုးမနည်းဘူး။"

"ဘယ်လိုပြောရမလဲ။ ဒါကလည်း အရောင်းအဝယ်ကြီးတစ်ခုဖြစ်သလို ဒီနောက်မှာလည်း ဒီထက်ကြီးတဲ့တစ်ခုခုရှိနေလိမ့်မယ်။ ရုတ်တရက်ဆိုရင် ဒီတစ်ခုနဲ့တင်အာရုံလွှဲနိုင်တဲ့ လှည့်ကွက်ကြီးကြီးတစ်ခုကို စွန့်စားလိုက်တာမျိုးပေါ့။"

"ပုန်ကန်ဖို့ကိစ္စတွေကို ဆိုလိုတာလား။"

Dean ၏အမေးကို Castiel ခေါင်းညိတ်၏။

"ငါတို့ဘက်ကတော့ အဲဒီကိစ္စကို ထဲထဲဝင်ဝင်စုံစမ်းနေလို့ သိပ်မကြာခင်မှာ အတိုင်းအတာတစ်ခုအထိတော့ သတင်းရမှာပါ။"

"အခု နန်းတွင်းစုံစမ်းရေးဘက်ကို သတင်းတချို့လွှဲပေးပြီး လျှို့ဝှက်အဖွဲ့တစ်ခုနဲ့ဆက်လှုပ်ရှားဖို့ စီစဉ်နေကြတယ်။"

အရက်ခွက်ကိုမော့၍ပြောသည့် Dean ကြောင့် Castiel က ခေါင်းတဆတ်ဆတ်ညိတ်၏။ သတင်းများအပြန်အလှန်ဖလှယ်ကာ စကားများပြောကြရင်း မထင်မှတ်ဘဲ အေးချမ်းသည့်အချိန်လေးတစ်ခုကို ဖြတ်သန်းခဲ့ကြလေသည်။

3).

"ငွေကြေးပိုင်းကို အရံအစီအစဉ်အတိုင်း ထုတ်လိုက်တော့ ရွာလူကြီး။"

"ဟုတ်ကဲ့ပါ မြို့စား။"

"လက်နက်တွေလွတ်သွားတာ ဒီတစ်ခါ အရှုံးထဲကအမြတ်ကြီးကြီးပဲ။"

"အရှုံးကလည်း မသေးဘူး။ အခုဆုံးရှုံးသွားတာတွေက ဘဏ္ဍာရေးကိုတော်တော်ထိတယ်။ အဆိုးဆုံးကတော့ ငါတို့လှုပ်ရှားနေတာကို သိသွားတာပဲ။ အပြန်အလှန်သိနေကြပေမဲ့ အတိအကျမသိစေချင်တာ။ အခုကိစ္စကိုတော့ သေချာပိရိကြပါစေ။"

မြို့စား Dick Roman တို့လူတစ်စုမှာ လျှို့ဝှက်သောနေရာတစ်ခုတွင်စုဝေး၍ တစ်စုံတစ်ခုကိုကြံစည်နေလေသည်။
Castiel ခန့်မှန်းခဲ့သည့်အတိုင်းပင် ယခုအရောင်းအဝယ်ကိစ္စ၏နောက်ကွယ်တွင် လက်နက်ပစ္စည်းများနှင့် ရိက္ခာအထောက်အပံ့အချို့လည်းရှိနေပြီး လိုရာအရပ်သို့ပို့ဆောင်ရန် အနည်းငယ်အချိန်ကြန့်ကြာသွားခဲ့သည်မှတစ်ပါး ရှေ့ဆက်၍လုပ်ဆောင်နေကြပြီဖြစ်သည်။

4).

"Roman တို့ဘက်က အရမ်းကိုပိပိရိရိလှုပ်ရှားနေတယ်။ ဒီအခြေအနေကို ငါသဘောမကျဘူး Samandriel."

"ကျုပ်တို့ သေချာစောင့်ကြည့်နေတာဆိုတော့ သူတို့ဘက်က ဒီဘက်အထိဦးတည်လာရင် သေချာပေါက်သိရမှာပါ။ တပ်မှူးနဲ့လည်း အချိန်မီဆက်သွယ်နိုင်ဖို့ အားလုံးပြင်ဆင်ပြီးသွားပါပြီ။"

"တပ်မှူးဘက်က ဘာထူးသေးလဲ။"

"နန်းတွင်းဘက်က လျှို့ဝှက်စုံစမ်းရေးတွေစတော့မယ်လို့ သတင်းရတယ်။ အိမ်တော်ဘက်ကိုသတိထားဖို့နဲ့ Roman တို့ရဲ့အတွင်းပိုင်းကလည်း တော်တော်လေးခိုင်မာတယ်လို့ သိရတယ်။ သူတို့လူစာရင်းအားလုံး သိရဖို့ကို ကျုပ်ဆက်လုပ်နေပါတယ်။"

Inias နှင့် Samandriel တို့သည်လည်း လုံခြုံရေးအတွက် ခေါင်းချင်းဆိုင်ဆွေးနွေးနေကြလေပြီ။

5).

"သခင်မလေး၊ နန်းတွင်းက အရမ်းလှမှာပဲနော်။"

"အင်း။ လှတယ်၊ ခမ်းနားတယ်၊ အဆောင်အယောင်များတယ်၊ အယောင်ဆောင်တွေလည်းများတယ်။ ပြီးတော့ အရောင်တွေလည်းများတယ်။"

"အိမ်ရှေ့စံက ဘယ်လိုမျိုးလဲဟင်။"

"ငါလည်း သေချာမသိပါဘူး Tracy ရယ်။ မကောင်းတဲ့သတင်း သိပ်မကြားရတဲ့လူဆိုတော့ မဆိုးဘူးလို့ပဲ မျှော်လင့်ရမှာပေါ့။"

"သခင်မလေး၊ ဟိုလေ ... မင်းသမီး Lisa ကရော ဟင်။ ကျွန်မ အရမ်းစိတ်ပူတာပဲ။ ဘာလို့များ ယောက်ျားတွေက မိန်းမတွေအများကြီးယူချင်ကြတာလဲ။"

"အကြောင်းပြချက်တွေကလည်း များတယ်လေ Tracy ရဲ့။"

"ဘဝကြီးတစ်ခုလုံးနဲ့ စိတ်ခံစားချက်တွေကို အဲဒီနိုင်ငံနဲ့ချီတဲ့ ကြီးကျယ်မြင့်မြတ်ပါတယ်ဆိုတဲ့ အကြောင်းအရာတွေကြားမှာ တစ်သက်လုံးလှောင်ပိတ်ထားရမယ့် မိန်းမတွေကို သူတို့က အရုပ်တွေလို့ထင်တာလား။ ရောင်းကုန်လား၊ ငြိမ်းချမ်းရေးအမှတ်တရပစ္စည်းလား။ သူတို့ကျတော့ လုပ်ချင်ရာလုပ်လို့ရလား။"

"အဟင်း ... စွာလိုက်တာ ငါ့ Tracy လေးက။ အခုလို ငါ့ဘက်ကကာကွယ်ပေးမယ့်မင်းပါလာရင် ငါတော့ နန်းတွင်းမကလို့ ဘယ်ကမ္ဘာဖြစ်ဖြစ်သွားလို့ရပါပြီလေ။"

"အွန်း၊ ကျွန်မကိုအားကိုးလိုက် သခင်မလေး။ အဟီး ..."

'သာမန်လူတစ်ယောက်ရဲ့ တစ်ဦးတည်းသောဆိုတဲ့ဘဝနဲ့ ဘုရင်တစ်ပါးရဲ့မိဖုရားငယ်ဆိုတဲ့ဘဝကတော့ အကွာကြီးကွာမှာပေါ့။ ကျွန်မ ရှင့်ကိုတော့ နည်းနည်းလေးယုံစားလို့ရမလား အိမ်ရှေ့စံ။ ဆိုးသွမ်းတဲ့လူမဟုတ်ပါဘူးလို့ပေါ့။'

by Demon

6)

Lisa နန်းတော်သို့ရောက်သည်မှာ ယနေ့နှင့်ဆိုလျှင် တစ်ရက်ကျော်ပြီဖြစ်သော်လည်း ယခုအချိန်အထိ အိမ်ရှေ့စံမင်းသားနှင့် မတွေ့ရသေး။ မင်းကြီးထံ အခစားဝင်စဉ်က အိမ်ရှေ့စံမင်းသားက ယခုတလော အလုပ်ရှုပ်နေသောကြောင့် အားလပ်ချိန်နည်းပါးနေကြောင်းပြောလိုက်သော်လည်း မိမိ၏မိဖုရားဖြစ်လာမည့်သူအား စိတ်ဝင်စားပုံမရသည့် အိမ်ရှေ့စံမင်းသားနှင့် လက်ထပ်ထိမ်းမြားရမည့်အရေးကိုတွေးမိကာ ရင်လေးရပြန်သည် ။ ထို့အပြင် အိမ်ရှေ့စံမင်းသားသည် မိမိတစ်ယောက်တည်းနှင့် ထိမ်းမြားရမည်မဟုတ် ။ နယ်စားမင်း Masters ၏ သမီးတော် Meg Masters ဟု အမည်တွင်အပ်သော အမျိုးသမီးနှင့်လည်း ထိမ်းမြားရပေဦးမည် ။ မိမိအတွက် မည်သူသည် မိဖုရားခေါင်ဖြစ်မည်နည်းဟူသောကိစ္စသည် အရေးမပါသော်လည်း မိမိတို့နိုင်ငံ၏အကြပ်အတည်းသည် မိမိ,မိဖုရားခေါင်ဖြစ်ပါမှ ပို၍အဆင်ပြေမည့်အခြေအနေသို့ ရောက်နေရသည် ။ ထို့ကြောင့် အိမ်ရှေ့စံမင်းသား မိမိအား သဘောကျနှစ်သက်စေရန် စိတ်ထဲမှ ကြိတ်၍ဆုတောင်းနေမိသည် ။

7)

Castiel နှင့်တွေ့ပြီး ပြန်လာသည့်လမ်းတစ်လျှောက်လုံးသာမကပဲ နန်းတော်ရောက်သည့်အချိန်အထိပါ Sam က ယခုစုံစမ်းဖော်ထုတ်နေသည့်ကိစ္စအား Castiel တို့နှင့် နန်းတွင်စစ်ဆေးရေးအဖွဲ့ထံသို့အပ်လိုက်ရန် နားပူနားဆာလုပ်နေသောကြောင့် Dean တစ်ယောက် Sam ကျေနပ်စေရန် ထိုကိစ္စကို ဆက်လက်မစုံစမ်းတော့ဟု ကတိပေးလိုက်သည် ။ ဤသို့ ကတိပေးလိုက်သည်နှင့် Sam က မိမိနှင့် ကြင်ဖက်တွေ့ဆုံရန်ရောက်လာသော အခြားနိုင်ငံမှ မင်းသမီး Lisa နှင့် တွေ့ကြည့်ရန် အတင်းတိုက်တွန်းလေတော့သည် ။

မိမိက ရံရွေတော်များ ၊ အပျိုတော်များ ၊ အပျော်မယ်များနှင့် ပရောပရည်လုပ်လေ့ရှိသော်လည်း မိန်းကလေးတစ်ဦးကို အတည်တကျ ပေါင်းသင်းလက်ထပ်ရန် မည်သည့်အခါကမှ စိတ်မကူးမိခဲ့ ။ ဤကိစ္စကို ခမည်းတော်စီစဉ်ခဲ့စဉ်ကလည်း ခမည်းတော်၏ကျန်းမာရေးက အရေးကြီးသောကြောင့်သာ မငြင်းခဲ့ခြင်းဖြစ်သည် ။ ထို့ကြောင့် အနာဂတ်၏ မရီးတော်အလောင်းအလျာနှင့် အတင်းတွေ့ဆုံခိုင်းနေသော Sam ကို

" မင်းဒီလောက်တောင်ဖြစ်နေတာ မင်းပဲ သူ့ကိုလက်ထပ်လိုက်ပါတော့လား "

ဟု ရွတ်လိုက်သည် ။ ဤစကားကိုကြားသောအခါ Sam က ရယ်ကြဲကြဲဖြင့်

" မင်းကလည်း ဒီလောက်လှတယ်လို့နာမည်ကြီးတဲ့မင်းသမီးလေးကို မတွေ့ချင်တဲ့လူရှိပါ့မလား "

ဟု ပြောသည် ။ ဆက်၍

" သွားတွေ့လိုက်ပါကွာ ... သူ့ခမျာ အဝေးကြီးကနေခရီးနှင်ပြီး ဒီကိုရောက်လာရတာ ... အားငယ်နေရှာမှာပေါ့ "

ဟု ပြောသဖြင့် Sam ကို အသံတိတ်ကျိန်ဆဲလိုက်သည် ။

8)

Lisa နန်းတော်သို့ရောက်ပြီး သုံးရက်အကြာတွင် အိမ်ရှေ့စံမင်းသားက နှစ်ယောက်တည်းသီးသန့်တွေ့ဆုံရန် ခွင့်တောင်းလာသဖြင့် ထိုခွင့်တောင်းချက်ကို လက်ခံလိုက်သည် ။ ထို့ကြောင့် ယနေ့မနက်ကတည်းက စောစောထကာ အိမ်ရှေ့စံမင်းသားနှင့်တွေ့လျှင် လှပကျော့ရှင်းနေစေရန် ပြင်ဆင်ခြယ်သနေခြင်းဖြစ်သည် ။ မိမိ၏ရံရွေတော်များက ယနေ့အဖို့ မိမိသည် ပုံမှန်နေ့များထက်ပို၍ လှပကာ ယဉ်ကျေးသိမ်မွေ့နေသည်ဟုပြောကြသော်လည်း ထိုရံရွေတော်များသည် မိမိအားကြောက်၍ ဤသို့ပြောကြခြင်းဖြစ်မည်ဟု ထင်မြင်ကာ အိမ်ရှေ့စံမင်းသားနှင့်ချိန်းထားသည့် လေသာဆောင်သို့ရောက်သည်အထိ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိသေး ။

သို့သော် ....
ပြန်လှည့်၍မရတော့သောအချိန်သို့ ရောက်နေပြီဖြစ်သောကြောင့် ရင်တထိတ်ထိတ်နှင့်သာ အိမ်ရှေ့စံမင်းသားကို မျှော်နေမိတော့သည် ။

ဤသို့မျှော်နေရင်း အချိန်အနည်းငယ်ကြာသောအခါ

" ရောက်နေတာကြာပြီလား "

ဟူသော အမျိုးသားတစ်ဦး၏အသံကို ကြားရသည် ။ စိတ်လှုပ်ရှားစွာဖြင့် အသံလာရာဆီသို့ လှည့်ကြည့်လိုက်မိသည် ။ မိမိအနောက်တွင် ရပ်နေသောလူက မိမိတို့ ဤနိုင်ငံသို့စရောက်စဉ်က အိမ်ရှေ့စံမင်းသား၏ ဥယျာဉ်တော်အတွင်း၌ တွေ့ခဲ့ရသော လူသုံးဦးအနက် တစ်ဦးဖြစ်သောကြောင့် အံ့သြသွားပြီး

" ရှင်က "

ဟု စကားစလိုက်သည် ။

9)

မင်းသမီး Lisa ဆိုသူသည် ဥယျာဉ်တော်မှ Benny မောင်းထုတ်လိုက်သည့် မိန်းကလေးဖြစ်နေသောကြောင့် Dean အံ့သြသွားရကာ

" မင်းက ဟိုမိန်းကလေးမဟုတ်လား "

ဟု မေးလိုက်သည် ။ ဤမေးခွန်းအဆုံးတွင် Lisa က ကိုယ်ကိုယို့ပြီး

" တောင်းပန်ပါတယ် အရှင့်သား ... ကျွန်တော်မျိုးမမှာ အရှင့်သားကိုလိမ်ညာဖို့ဆန္ဒမရှိခဲ့ပါဘူး "

ဟု ပြောသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" မလိုပါဘူး ... ငါလည်းမင်းကို အမှန်အတိုင်းမပြောခဲ့ဘူးလေ "

ဟု ပြောလိုက်သည် ။ ထို့နောက် Lisa အနားသို့ လျှောက်သွားလိုက်ပြီး

" ထိုင်ပြီးပြောကြတာပေါ့ "

ဟု ပြောလိုက်သည် ။

10)

Lisa အချိန်အတော်ကြာအောင် အိမ်ရှေ့စံမင်းသားနှင့် စကားပြောပြီးသောအခါ အိမ်ရှေ့စံမင်းသားသည် ဆိုးသွမ်းလွန်းသောလူမဟုတ်ဟု စိတ်ထဲတွင် ကောက်ချက်ချလိုက်သည် ။ ထို့ကြောင့်

" ငါ့ခမည်းတော်က မင်းငါနဲ့ထိမ်းမြားပြီးရင် မင်းတို့နိုင်ငံအတွက် ရိက္ခာတွေကိုအခုထက်နှစ်ဆပိုပြီးပေးမယ်လို့ ကတိပေးထားတယ်ဆိုတာကို သိပြီးပြီ ... ဒါပေမဲ့ ဒီလောက်ကိစ္စလေးအတွက်နဲ့ မင်းငါ့ကိုလက်ထပ်ဖို့လိုလို့လား "

ဟု မေးလာသော အိမ်ရှေ့စံမင်းသားကို

" တကယ်တော့ ကိစ္စကတစ်ခုတည်းမဟုတ်ပါဘူး အရှင့်သား "

ဟူ၍ စကားစကာ မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများအကြောင်းကို အိမ်ရှေ့စံမင်းသားအား ပြောပြလိုက်သည် ။ အိမ်ရှေ့စံမင်းသားက မိမိပြောပြသည့်အကြောင်းအရာများကို ငြိမ်၍နားထောင်နေပြီးမှ

" ဒါဖြင့်လည်း လက်ထပ်ကြတာပေါ့ "

ဟု ရုတ်တရက် ထပြောသည် ။ ထို့ကြောင့် အံ့သြသွားပြီး

" အရှင့်သား "

ဟု ခေါ်လိုက်သည် ။

by the_richone_IX

■■■ Episode (16) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі