Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 08
1)

" မင္းသခင္မေလးကို အိမ္ေရွ႕စံနဲ႔လက္ထပ္ေပးဖို႔စီစဥ္ထားတယ္ "

ဟူေသာ နယ္စားမင္း၏စကားကို Castiel တစ္ေယာက္ ယခုမွသိရဟန္ေဆာင္ကာ နယ္စားမင္းအားၾကည့္လိုက္မိသည္ ။ နယ္စားမင္းက အေဝးတစ္ေနရာသို႔ ခပ္ေငးေငးၾကည့္ကာ

" မင္းလည္းသိတဲ့အတိုင္း ဒီဘက္ပိုင္းေတြမွာ အေျခအေနေတြကတည္ၿငိမ္တာမဟုတ္ဘူး ... ငါ့ကို နည္းေပါင္းစုံနဲ႔ျဖဳတ္ခ်ၿပီး မင္းႀကီးကိုပုန္ကန္ဖို႔စိတ္ကူးေနၾကတဲ့လူေတြခ်ည္းပဲ ... ဒီလိုစိတ္မခ်ရတဲ့ေနရာမ်ိဳးမွာ သမီးေလးကိုရွိမေနေစခ်င္ဘူး "

ဟု ေျပာသည္ ။ နယ္စားမင္း၏စိတ္ကိုသိေသာ္လည္း လြတ္လြတ္လပ္လပ္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရသည္ကို ႀကိဳက္ႏွစ္သက္ေသာ သခင္မေလးတစ္ေယာက္ နန္းေတာ္ထဲတြင္ အူလည္လည္ႏွင့္ စိတ္ညစ္ေနရမည့္အေရးကိုေတြးမိကာ စိတ္ေမာရသည္ ။

သို႔ေသာ္ ....
နယ္စားမင္းကို အထြန္႔တက္၍မရသလို တက္ရန္လည္းမဝံ့ေသာေၾကာင့္

" နယ္စားမင္းစကားကို သခင္မေလးကလက္ခံမွာပါ "

ဟု ေျပာလိုက္သည္ ။

2)

" အရွင့္သား တကယ္ပဲ အနားယူဖို႔စိတ္ကူးမရွိေတာ့ဘူးလား "

ဟူေသာစကားကို Garth က ထပ္၍ေျပာလာသျဖင့္ Dean ဖတ္လက္စစာအုပ္ကိုပိတ္လိုက္ၿပီး

" မင္းတို႔ကိုအားကိုးလို႔မရမွေတာ့ ကိုယ့္အားကိုယ္ကိုးရေတာ့မွာေပါ့ "

ဟု ေျပာကာ မတ္တပ္ထရပ္လိုက္သည္ ။ Garth က မိမိ၏လႈပ္ရွားမႈမ်ားကို မ်က္ေတာင္မခတ္ဘဲလိုက္ၾကည့္ေနၿပီး မတ္တပ္ထရပ္လိုက္ေသာအခါမွ

" အခုက ဘယ္ကိုပါလဲ အရွင့္သား "

ဟု ေမးသည္ ။ ထို႔ေၾကာင့္ Garth ကို မ်က္ေမွာင္ၾကဳတ္၍ၾကည့္လိုက္ၿပီး

" Charlie ဆီကို "

ဟု ေျပာကာ အခန္းထဲမွ ထြက္လာခဲ့လိုက္သည္ ။ Garth ကလည္း

" ကြၽန္ေတာ္မ်ိဳးလည္းလိုက္မယ္ေလ "

ဟု ေျပာကာ အေနာက္မွလိုက္လာသျဖင့္ Charlie ထံသို႔ Garth ကိုပါေခၚ၍ ထြက္လာခဲ့လိုက္သည္ ။

3)

Charlie က Dean ေျပာျပသမၽွကိစၥမ်ားကို စိတ္ဝင္တစား နားေထာင္ေနၿပီး

" အဲ့ဒါေၾကာင့္ ဒီကိစၥမွာ ငါ့ႏွမေတာ္ေလးရဲ႕အကူအညီလိုတယ္ "

ဟူေသာ စကားကိုၾကားေသာအခါတြင္မူ ႏွာေခါင္းရႈံ႕ကာ

" ဟိုအရင္က အတူတူလိုက္ေပးပါမယ္ဆိုတုန္းကေတာ့ အဖက္မလုပ္ဘဲ အခုအကူအညီလိုမွေရာက္လာတဲ့အိမ္ေရွ႕စံကို ကြၽန္ေတာ္မ်ိဳးမက ဘယ္လိုယုံၾကည္ရမွာလဲ "

ဟု ႐ြတ္သည္ ။ ထို႔ေၾကာင့္ Charlie ကို မ်က္ႏွာငယ္ႏွင့္ၾကည့္လိုက္ၿပီး

" ႏွမေတာ္ေလးက အစ္ကိုေတာ္ဒုကၡေရာက္မယ့္ကိစၥကို တကယ္ၾကည့္ေနႏိုင္တယ္ဆိုရင္လည္း ထားလိုက္ပါေတာ့ "

ဟု ေျပာကာ မတ္တပ္ထရပ္လိုက္သည္ ။ ထို႔ေနာက္ အနီးတြင္ရပ္ေနေသာ Garth ကို

" သြားရေအာင္ Garth ... ကူညီမယ့္လူမရွိေတာ့လည္း မင္းနဲ႔ငါပဲ ကိုယ့္အားကိုယ္ကိုးၾကတာေပါ့ "

ဟု ေျပာကာ Charlie ကို ေက်ာခိုင္း၍ အခန္းထဲမွထြက္လာခဲ့လိုက္သည္ ။

သို႔ေသာ္ ...
အေပါက္ဝအထိသာေရာက္လိုက္ရသည္ ။ Charlie က

" တကယ္ပဲ အိမ္ေရွ႕စံက ကြၽန္ေတာ္မ်ိဳးမကိုစိတ္ဆင္းရဲေအာင္လုပ္ရမွ စားဝင္အိပ္ေပ်ာ္တာလား "

ဟု လွမ္းေအာ္ကာ အနားသို႔ေျပးလာသည္ ။ ထို႔ေနာက္ မိမိမ်က္ႏွာကိုၾကည့္ကာ

" အိမ္ေရွ႕စံေမးတဲ့ျပႆနာကို ေျဖရွင္းႏိုင္မယ့္လူတစ္ေယာက္ေတာ့ရွိတယ္ ... ဒါေပမဲ့ သူက ေနရာအႏွံ႔ေလၽွာက္သြားေနေတာ့ သူ႔ေနရာမွာရွိေနဖို႔က မေသခ်ာဘူး "

ဟု ေျပာသည္ ။ ထို႔ေၾကာင့္ ျပံဳး၍ Charlie ကို ဖက္လိုက္ကာ

" အဲ့ဒါေၾကာင့္ ငါ့ညီမေလးကလိမၼာပါတယ္လို႔ ေျပာတာေပါ့ "

ဟု ေျပာလိုက္သည္ ။

4)

Charlie က ေဆးဆရာထံေခၚသြားမည္ဟုေျပာကာ ၿမိဳ႕ထဲရွိ ေလာင္းကစား႐ုံဆီသို႔ေခၚလာသျဖင့္ Dean

" Charlie ... ငါတို႔က အခု ေဆးဆရာလိုက္ရွာေနတာမဟုတ္ဘူးလား "

ဟု ေမးလိုက္သည္ ။ Charlie က ဤေမးခြန္းကို

" အေနာက္ကလိုက္မွာသာလိုက္လာစမ္းပါ အစ္ကိုေတာ္ရာ "

ဟု ေျပာသျဖင့္ မင္းသမီးေလး ေ႐ႊစိတ္ေတာ္မညိဳေစရန္ ႏႈတ္ဆိတ္၍ အေနာက္မွလိုက္သြားရသည္ ။ ဤသို႔လိုက္သြားရင္း ဖဲဝိုင္းတစ္ခုအေရွ႕သို႔အေရာက္တြင္ Charlie က မေျပာမဆိုႏွင့္ လမ္းေလၽွာက္ျခင္းကို ႐ုတ္တရက္ရပ္လိုက္သည္ ။ ထို႔ေနာက္ မိမိအားၾကည့္ကာ ဖဲဝိုင္းကိုေမးေငါ့ျပသည္ ။ Charlie ေမးေငါ့ျပသူသည္ မည္သူျဖစ္သနည္းဟု ၾကည့္ရန္စိတ္ကူးေနစဥ္မွာပင္ ဖဲခ်ေနေသာ ခပ္လွလွအမ်ိဳးသမီးက Charlie ကို ျပံဳးျပကာ

" ေဟာ Charlie ... အခ်စ္ကေလးပါလား "

ဟု ႏႈတ္ဆက္သည္ ။ Charlie ကလည္း ျပန္ျပံဳးျပကာ

" Hello Rowena ... မေတြ႕တာအေတာ္ၾကာၿပီေနာ္ "

ဟု ျပန္ႏႈတ္ဆက္သည္ ။ ထို႔ေနာက္

" ဒီေန႔ကေတာ့ ေမးစရာေလးရွိလို႔ေရာက္လာတာ ေအာက္ထပ္မွာေစာင့္ေနမယ္ "

ဟု ဆက္ေျပာကာ မိမိလက္ကိုဆြဲ၍ ေနရာမွျပန္လည္၍ထြက္ခြာရန္ျပင္သည္ ။ ထို႔ေၾကာင့္ Charlie စိတ္တိုင္းက် အေနာက္မွလိုက္ရျပန္သည္ ။

5)

လာရင္းကိစၥကိုပင္ မေျပာရေသး ။

" ပိုက္ဆံဘယ္ေလာက္ရမွာလဲ "

ဟု တန္းေမးေသာ Rowena ဆိုသည့္အမ်ိဳးသမီးကို Dean သေဘာမက်ေသာ္လည္း Charlie က

" ေတာင္းသေလာက္ေပးမယ္ ... ရွင္သာ ကြၽန္မတို႔သိခ်င္တာကိုေျဖေပး "

ဟူေသာ စကားကိုေျပာသျဖင့္ Charlie ကို ေထာက္ခံေၾကာင္း ေခါင္းညိတ္ျပလိုက္သည္ ။ ထိုအခါမွ Rowena က ၿပဳံး၍

" ေကာင္းၿပီ ... ဘာေမးၾကမွာလဲ "

ဟု ေျပာသည္ ။ Charlie က မိမိအား မ်က္ႏွာရိပ္မ်က္ႏွာကဲျပသျဖင့္ သိမ္းထားေသာ လက္ကိုင္ပဝါအား လွမ္းေပးလိုက္ကာ

" ဒီထဲကျမားမွာသုတ္ထားတဲ့အဆိပ္ရဲ႕နာမည္ကို သိခ်င္တယ္ ... ၿပီးေတာ့ ဘယ္လိုေျဖရလဲဆိုတာကိုေရာပဲ "

ဟု ေျပာလိုက္သည္ ။ မိမိစကားအဆုံးတြင္ Rowena က လက္ကိုင္ပဝါကို အသာျဖန္႔ၾကည့္ၿပီး

" ျဖစ္ေစရမယ္ ... ဒါေပမဲ့ စရံေတာ့လိုတယ္ "

ဟု ေျပာသျဖင့္ အိတ္ထဲမွ အသျပာအေတာ္မ်ားမ်ားကို Rowena ၏ အေရွ႕တြင္ ပုံလိုက္သည္ ။ ထိုအခါမွ Rowena က ျပံဳး၍ ပိုက္ဆံမ်ားကိုသိမ္းကာ

" ဒီမွာေစာင့္ေန ... ဘယ္မွေလၽွာက္မသြားနဲ႔ ခဏေနျပန္လာခဲ့မယ္ "

ဟု ေျပာၿပီး ေနရာမွခပ္သြက္သြက္ထြက္သြားသည္ ။

by the_richone_IX

6).

"Garth, အိမ္ေရွ႕စံဘယ္ေရာက္ေနလဲ။"

"ထြက္သြားျပန္ပါၿပီ မင္းသားရယ္။"

"တစ္ေယာက္တည္းလား။"

"ဒီတစ္ခါက ပိုဆိုးတယ္၊ မင္းသမီးေလးပါပါသြားတာ။ ကၽြန္ေတာ္မ်ိဳးကိုေတာ့ မလိုက္နဲ႔တဲ့။ ဒါေပမဲ့ Benny ေတာ့ ေနာက္ကေနခိုးလိုက္သြားၿပီ။"

Sam ေခါင္းညိတ္ျပၿပီး လွည့္ထြက္လာခဲ့ေလသည္။
ညီအစ္ကိုအရင္းအခ်ာစစ္စစ္ျဖစ္သည့္ Dean ႏွင့္ Sam ထက္ Dean ႏွင့္ Charlie တို႔သည္ ပို၍တူၾကၿပီး ၎တို႔ဆႏၵရွိလာလၽွင္ မည္သူမၽွတားမရတတ္ေပ။ Adam မွာမူ ငယ္ရြယ္ေသးသည့္အျပင္ ေဘးစကားမ်ားေၾကာင့္ အနည္းငယ္ကြဲထြက္ေနတတ္သည္။ အမွန္တကယ္တြင္ ဘုရင္ John မွာ သူ၏သားေတာ္အငယ္ေလးအတြက္ အစစအရာရာေတြးကာ အႏၲရာယ္ကင္းေစရန္ႏွင့္ ေနာင္တစ္ခ်ိန္ Dean နန္းတက္ၿပီး၍ John နတ္ရြာစံသည့္ေနာက္ Adam အရြယ္ေရာက္သည့္အခါ သင့္ေတာ္သည့္အရွိန္အဝါတစ္ခုႏွင့္ ရာထူးေနရာမ်ားလည္း စီစဥ္ထားခဲ့ၿပီးျဖစ္သည္။

အိမ္ေရွ႕စံ Dean ဘုရင္ျဖစ္လာလၽွင္ မင္းသား Sam သည္ အိမ္ေရွ႕စံျဖစ္လာရန္ အမတ္ခ်ဳပ္ Guenther တို႔က ေမၽွာ္လင့္ထားၿပီး စစ္သူႀကီး Elkins တို႔မွာ လက္ရွိမိဖုရားေခါင္၏သားေတာ္ Adam ကို အိမ္ေရွ႕စံထားရန္ ရည္ရြယ္ခ်က္ရွိေနခဲ့သည္။ Dean ၏ ၾကင္ယာေတာ္ေရြးခ်ယ္ျခင္းတြင္သာမက ေနာင္လာမည့္အိမ္ေရွ႕စံေရြးခ်ယ္မႈတြင္ပါ နန္းတြင္းအင္အားစုမ်ား ႏွွစ္ျခမ္းကြဲေနၾကေလသည္။

ဤသို႔ျဖင့္ လိုလားသူ၊ မလိုလားသူမ်ားအၾကား ဘုရင္ John ၏က်န္းမာေရး အနည္းငယ္ခ်ိဳ႕ယြင္းရံုႏွင့္ပင္ ေကာလာဟလသတင္းမ်ားႏွင့္အတူ အခြင့္အေရးေခ်ာင္းေျမာင္းေနၾကသူမ်ားက လႈပ္ရွားျပင္ဆင္ေနၾကျပန္ေလသည္။ ထိုအေျခအေနမ်ားရွိေနသည္ကို သိေနလ်က္ႏွင့္ပင္ စိတ္ရွိတိုင္း နန္းျပင္ထြက္သြားတတ္သည့္ ေနာင္ေတာ္ျဖစ္သူေၾကာင့္ Sam ရတက္မေအးရေပ။ ကိုယ္ရံေတာ္ Benjamin ပါသြားလၽွင္ စိတ္ေအးရေသာ္လည္း ယခုအခါ အိမ္ေရွ႕စံသည္ တစ္ဦးတည္းလည္း ေပ်ာက္သြားေနတတ္ၿပီျဖစ္သည္။

"အိမ္ေရွ႕စံလုပ္ေနၿပီး တကယ္ကို မဆင္မျခင္နဲ႔။ ငါပဲလိုက္ရေတာ့မွာေပါ့။ ဟိုမင္းသမီးဆိုတာေလးကလည္း တစ္မ်ိဳး။ ဒီေမာင္ႏွမနဲ႔ေတာ့ စိတ္ပူရလို႔ ေသမွာပဲ။"

7).

"သူ႔ကို ေတြ႕ဖို႔မလြယ္တာေၾကာင့္ ဒီလူကို အရင္ဆက္သြယ္လိုက္ပါ တပ္မႉး။"

ဤသည္မွာ အဆိပ္အေၾကာင္းစံုစမ္းႏိုင္မည့္ေနရာကို လမ္းညႊန္လိုက္သူ၏စကားျဖစ္သည္။ ထိုေန႔က Castiel ႏွင့္အတူ သခင္မေလး Meg ပါလာ၍ သူ၏လက္ေအာက္မွ ရဲမက္ေခါင္းေဆာင္ Inias ကိုသာ သြားေရာက္စံုစမ္းေစခဲ့၏။ ယေန႔တြင္ Inias ႏွင့္ဆံုမည့္ေနရာသို႔ Castiel ေရာက္လာခဲ့ေလသည္။ အခ်ိန္ေစာေန၍ ထိုအနီးအနားမွလမ္းေထာင့္တြင္ ေတာင္းရမ္းေနသည့္ကေလးႏွစ္ဦးကို ေငြအခ်ိဳ႕ေပး၍ ေနမေကာင္းဟန္တူသည့္ ကေလးအငယ္ေလးအတြက္ ေဆးဝယ္ရန္ေျပာေနခဲ့သည္။ ကေလးတစ္ဦးက ဝမ္းသာအားရျဖင့္ ေက်းဇူးတင္စကားေျပာကာ ကေလးငယ္ေလးကိုခ်ီ၍ ထြက္သြားသည္ကို Castiel လိုက္ၾကည့္ေနမိသည္။

ထိုစဥ္ လမ္းၾကားအတြင္းမွ အသံအခ်ိဳ႕ကို Castiel ၾကားလိုက္ရေလသည္။ အသံလာရာသို႔ ၾကည့္လိုက္သည့္အခါ ဝဖိုင့္ေသာခႏၶာကိုယ္၊ မုတ္ဆိတ္ေမြး၊ ႏႈတ္ခမ္းေမြးမ်ားျဖင့္ အရက္မူးေနဟန္ရွိေသာ လူႀကီးတစ္ဦးကို လူရြယ္ႏွစ္ဦးမွ ဆြဲရမ္းတိုက္ခိုက္ေနသည္ကို ေတြ႕ရေလသည္။ Castiel မေနႏိုင္ေတာ့ၿပီ။

"ရပ္လိုက္စမ္း။"

လူရြယ္ႏွစ္ဦးသည္ လန္႔သြားဟန္ႏွင့္လွည့္ၾကည့္လာၿပီးမွ Castiel တစ္ေယာက္တည္းလာသည္ကို ျမင္ေသာအခါ

"မင္းနဲ႔ဘာဆိုင္လဲ။ ငါတို႔ဘာသာ ရစရာရွိတာကို ယူေနတာေလ။"

"ဘာကြ။ ငါ့ဆီကေန မင္းတို႔လုေနတာေလ၊ ေသာက္ရူးေတြ။"

Castiel ေတြးထင္သည့္အတိုင္း ျဖစ္ေနသည့္အတြက္

"လူႀကီးတစ္ေယာက္ကို မင္းတို႔ဆက္ဆံပံုက ရိုင္းလြန္းပါတယ္။"

"ဘာျဖစ္လဲ အဲဒီေတာ့။"

ထိုလူႏွစ္ဦးမွတစ္ဦးသည္ သူဆြဲထားသည့္လူႀကီးကို လႊတ္လိုက္ၿပီး Castiel အနီးေရာက္လာကာ ထိုးႀကိတ္ရန္ျပင္ေလသည္။ သို႔ေသာ္ Castiel က ကၽြမ္းက်င္စြာေရွာင္တိမ္းလိုက္ၿပီး ထိုလူအရွိန္လြန္ထြက္သြားခ်ိန္တြင္ ေနာက္မွေန၍ လည္ကုပ္သို႔ရိုက္ခ်လိုက္ရာ ထိုလူရမ္းကား ေမွာက္လဲေလေတာ့သည္။ ထိုအခါ က်န္သည့္တစ္ဦးမွာ Castiel အား ေျပးဝင္တိုက္ခိုက္ေလ၏။ သို႔ေသာ္ မ်ားမၾကာမီတြင္ပင္ ထိုလူသည္လည္း ေျမေပၚလဲက်သြားေလသည္။ ယခုမွျပန္ထႏိုင္သည့္ ပထမလူက သူ၏လူကိုဆြဲေခၚ၍ ထြက္ေျပးေလမွ အလုယက္ခံရသူလူႀကီးကို Castiel ျပန္လွည့္ၾကည့္မိ၏။

ထိုလူႀကီးမွာ ေျမေပၚတြင္ထိုင္၍ ေခါင္းကိုခါရမ္းကာ အမူးေျပေစရန္ ႀကိဳးစားေနပံုပင္။ Castiel ျပံဳးမိသြားၿပီး

"ဒီကလူႀကီးမင္း ဘာျဖစ္သြားေသးလဲခင္ဗ်။"

"ဟင္၊ ဘာမွမျဖစ္ဘူး။ ေက်းဇူးပဲေမာင္ရင္။"

"ရပါတယ္ခင္ဗ်ာ။"

ထိုလူႀကီးက ေဘးတြင္က်ေနသည့္ သူ၏အထုပ္ကိုျပန္ျပင္၍ ထရပ္ရန္ႀကိဳးစားေနသည္။ Castiel ျမင္လိုက္သည္မွာ ထိုအထုပ္ထဲတြင္ စာအုပ္မ်ားသာရွိေနေပသည္။ လုယက္သူတို႔ရရွိသြားလၽွင္လည္း အသံုးမဝင္ႏိုင္ေပ။ ထိုလူႀကီးသည္ သူ၏အထုပ္ကို တယုတယေကာက္ယူ၍ ထရပ္လိုက္ေသာေၾကာင့္ Castiel ေဘးမွ ကူထိန္းေပးလိုက္၏။ သူ၏စာအုပ္ထုပ္ကို ဤသို႔အေလးထားေန၍ လုယက္သူတို႔က အဖိုးတန္ပစၥည္းဟု အထင္ရွိပံုရေလသည္။

"က်ဳပ္ရဲ႕စာအုပ္ေတြ ပါမသြားတာ ေက်းဇူးတင္တယ္။ နည္းနည္းမူးေနတာမဟုတ္ရင္ ဒီေကာင္ေတြေတာ့ မလြယ္ဘူးမွတ္။ ဒါနဲ႔၊ က်ဳပ္နာမည္ Robert."

"ကၽြန္ေတာ္ Castiel ပါ။"

ႏွစ္ဦးသားႏႈတ္ဆက္ၿပီးၾကခ်ိန္တြင္ သူတို႔ႏွစ္ဦးေနာက္မွ အသံတစ္ခုထြက္ေပၚလာေလသည္။

"Bobby?"

Castiel လွည့္ၾကည့္သည့္အခါ အရပ္ ေျခာက္ေပေလးလက္မခန္႔ရွိမည့္ လူငယ္တစ္ဦး ျဖစ္ေနေလသည္။

8).

Dean ႏွင့္ Charlie တို႔ ထြက္သြားရာဆီသို႔လိုက္ရန္ Sam တစ္ဦးတည္းထြက္လာမိသည္။ ရွာရန္ခက္သည့္ထိုေနရာအား လိုက္ရွာေနစဥ္ လမ္းၾကားတစ္ခုေရွ႕မွအျဖတ္ ၾကားလိုက္ရသည္မွာ

"နည္းနည္းမူးေနတာမဟုတ္ရင္ ဒီေကာင္ေတြေတာ့ မလြယ္ဘူးမွတ္။ ဒါနဲ႔၊ က်ဳပ္နာမည္ Robert."

ထိုအသံႏွင့္ ထိုအမည္ေၾကာင့္ Sam လမ္းထဲသို႔ဝင္လာလိုက္ၿပီး ၾကည့္လိုက္သည့္အခါ Sam ကိုေက်ာေပးထားသူလူတစ္ဦးရွိေနၿပီး ထိုလူက

"ကၽြန္ေတာ္ Castiel ပါ။"

တစ္ဖက္တြင္ ထို Castiel ဆိုသူႏွင့္ကြယ္ေနသည့္ အျခားလူတစ္ဦးလည္း ရွိေနေပသည္။ ထို႔ေၾကာင့္ တစ္စြန္းတစ္စျမင္ေနရသည့္လူအား Sam ေခၚလိုက္မိသည္။

"Bobby?"

ေက်ာခိုင္းထားသူမွ Sam ကိုလွည့္ၾကည့္လာသည့္နည္းတူ ကြယ္ေနသည့္လူသည္လည္း ေခါင္းငဲ့ေစာင္းၾကည့္လာၿပီး

"Sam. ဘယ္လိုျဖစ္ၿပီး နန္း ... အမ္း ... အိမ္ကထြက္လာတာလဲ။"

"Bobby, ဘယ္တုန္းက ျပန္ေရာက္ေနတာလဲ။"

Sam ဝမ္းသာအားရႏွင့္ Bobby ကိုေျပးဖက္၏။

"မေန႔ကေရာက္တာပဲ။ ေမးတာေျဖပါဦး။"

Sam ႏွင့္ Bobby တို႔ စကားေျပာေနၾကစဥ္ Castiel လွည့္ထြက္ရန္ျပင္ေလသည္။ ထိုအခါ Bobby က

"ေဟ့ ေမာင္ရင္၊ ေနပါဦး။ က်ဳပ္တို႔နဲ႔ တစ္ခုခုလိုက္စားပါ။ က်ဳပ္ကိုကူညီတာ ေက်းဇူးတင္ခ်င္လို႔။"

Sam မွ စူးစမ္းသေယာင္ၾကည့္လာ၏။

"ငါ့ကို အရူးႏွစ္ေကာင္လုယက္ေနတာ ဒီေမာင္ရင္ကဝင္ကူတာ။ ငါ နည္းနည္းမူးေနလို႔ အဲဒီႏွစ္ေကာင္ အခြင့္အေရးရသြားတာ။"

"ေက်းဇူးတင္ပါတယ္၊ ကၽြန္ေတာ့္ဦးေလးကို ကူညီေပးလို႔။ ကၽြန္ေတာ္ Sam ပါ။"

"ကၽြန္ေတာ့္နာမည္ Castiel ပါ။"

ဒုတိယအႀကိမ္ေျမာက္ထပ္ၾကားသည့္ Castiel ဟူေသာအမည္ကို Sam ရင္းႏွီးေနသကဲ့သို႔ အျပာေရာင္မ်က္လံုးမ်ားကိုလည္း သတိထားမိေနေလသည္။ ထို႔ေနာက္မွ Dean ၏အသံကို ျပန္ၾကားေယာင္လ်က္

"တပ္မႉး Novak?"

Sam ၏အေမးေၾကာင့္ Castiel အံ့အားသင့္သြားရသကဲ့သို႔ Bobby သည္လည္း

"တပ္မႉး"

Sam ၏အေမးစကားကို သံေယာင္လိုက္ေမးျပန္ေလ၏။
Castiel ေျဖရန္ျပင္စဥ္

"ဆရာ"

Castiel အား ေခၚသူမွာ Inias ျဖစ္ေနသည္။

"ေရာက္လာၿပီပဲ။ အဆင္ေျပလား။"

"မေတြ႕ခဲ့ပါဘူး ဆရာ။"

"မေတြ႕ဘူးလား။"

Castiel စိတ္ညစ္သြားၿပီး အေတြးမ်ားသြားျပန္သည္။ Sam မွ

"ဒီက တပ္မႉး၊ အခ်ိန္ရမယ္ဆိုရင္ ဒီနားကဆိုင္ေလးမွာ ခဏထိုင္ရေအာင္လားဗ်ာ။"

Sam ၏ စကားေၾကာင့္ Inias က အလိုက္တသိႏွင့္ပင္

"ကၽြန္ေတာ္ ဆက္ၿပီးရွာလိုက္ပါဦးမယ္ ဆရာ။"

"ေကာင္းၿပီ။"

Inias ထြက္သြားၿပီးေနာက္ Castiel သည္ Sam ႏွင့္ Bobby တို႔ထံၾကည့္၍

"ဟုတ္ကဲ့၊ သြားၾကတာေပါ့။"

9).

"ဒါဆို စံုစမ္းေရးမႉး Campbell နဲ႔က လုပ္ေဖာ္ကိုင္ဖက္ေတြေပါ့။"

"Campbell? ဪ၊ ဟုတ္ပါတယ္။ အခုလည္း ကိစၥေလးရွိလို႔ သူ႔ကိုထြက္ရွာတာ။"

"ဪ၊ ဟိုကိစၥကို အတူတူစံုစမ္းေနၾကတာလား။"

"အင္း ... ဟုတ္တယ္၊ အဲဒီကိစၥပဲ။"

"ဘာထူးလဲဗ်။ ကၽြန္ေတာ္ေတာ့ ရွာမေတြ႕ဘူး။"

Dean ကလည္း ယံုၾကည္ေနဟန္ရွိသူျဖစ္၍ မထူးေတာ့သည့္ေနာက္ Sam ေျပာလိုက္ေလသည္။

"ကၽြန္ေတာ္ေတာ့ ဘယ္မွာမွရွာမရဘူး။ ဖတ္စရာ စာအုပ္ေတြလည္းကုန္ၿပီ။ ေမးစရာလူေတြလည္း ကုန္ၿပီ။"

"အတူတူပဲ ျဖစ္ေနပါေရာလား။"

"က်ဳပ္ကိုလည္း ေျပာၾကပါဦး၊ ဘာေတြရွာေနၾကတာလဲလို႔။"

လူၾကားတြင္ေျပာရန္မသင့္သည္ေၾကာင့္ Castiel ၏ေနရာေလးသို႔ Sam ႏွင့္ Bobby တို႔ လိုက္ပါလာၾကၿပီး Castiel ထုတ္ျပလာသည့္ အဆိပ္နမူနာကို Bobby စစ္ေဆးၾကည့္ၿပီးေနာက္

"ဒါကို ငါသိတယ္ Sammy."

"တကယ္လား။"

Sam ၏ ဝမ္းသာအားရေမးျမန္းသံႏွင့္ Castiel ၏ ေမၽွာ္လင့္ခ်က္အျပည့္ႏွင့္ အၾကည့္တို႔ေၾကာင့္

"ဘာေတြဒီေလာက္ အေရးႀကီးေနတာလဲ။ ေသခ်ာဖို႔ဆို ေဆးတစ္မ်ိဳးလိုတယ္။ အဲဒီေဆးကို ဒီအဆိပ္နဲ႔ေပါင္းစပ္ၾကည့္ၿပီးမွ ပိုေသခ်ာမယ္။"

Bobby ေျပာသည့္ေဆးမွာ တရားမဝင္ေဈးကြက္တြင္သာရႏိုင္ၿပီး သိုေလွာင္သိမ္းဆည္းထားလၽွင္ပင္ ရာဇဝတ္မႈေျမာက္ေလသည္။

"ဒါဆို ေဆးက ဘယ္မွာရႏိုင္မွာလဲ။"

Sam ၏အေမးကို Bobby ေျဖလိုက္၏။

"Crowley"

10).

Lady Meg Masters တစ္ေယာက္ ယေန႔ ၿငိမ္ခ်က္သားေကာင္းေန၍ အထိန္းေတာ္ႀကီးမွ

"သခင္မေလး ေနမေကာင္းဘူးလား။"

"ေကာင္းပါတယ္ အထိန္းေတာ္ႀကီးရဲ႕။"

"ဒါဆို နန္းတြင္းကိစၥကို ေတြးပူေနတာလား။"

"အမွန္အတိုင္းေျပာရရင္ ျငင္းခ်င္တယ္။ ဒါေပမဲ့ အေျခအေနေတြအရ ဒီကိစၥအဆင္ေျပမွ အားလံုးအဆင္ေျပမွာမဟုတ္လား။ အဲဒီအေတြးႀကီးသာမရွိရင္ ျငင္းလိုက္မွာ။ နန္းတြင္းဆိုတာ ေလွာင္အိမ္လိုပဲေနမွာ။"

ေျပာၿပီးသည္ႏွင့္ ခံုေလးေပၚထိုင္ေနသည့္ Meg သည္ ေဘးတြင္မတ္တပ္ရပ္ေနသည့္ အထိန္းေတာ္အမ်ိဳးသမီးႀကီး၏ခါးကို လွမ္းဖက္ကာ ဝမ္းဗိုက္တြင္မ်က္ႏွာအပ္ထားေလေတာ့သည္။

"ကေလးရယ္။"

အထိန္းေတာ္ႀကီးမွာလည္း မ်က္ႏွာမေကာင္းေပ။ လက္တစ္ဖက္မွ Meg ကိုသိုင္းဖက္ထားကာ က်န္တစ္ဖက္ႏွင့္ Meg ၏အနက္ေရာင္ဆံႏြယ္မ်ားကို ပြတ္သပ္ေပးေနမိရံုသာ တတ္ႏိုင္ေလသည္။ ထိုစဥ္ မိန္းမငယ္ေလးတစ္ဦးဝင္လာၿပီး

"သခင္မေလး ... သခင္မေလး"

မ်က္ရည္စအခ်ိဳ႕ကိုသုတ္၍ Meg လွည့္ၾကည့္လိုက္၏။ ထိုမိဘမဲ့မိန္းကေလးအား Meg အတြက္လည္းအေဖာ္ရေစရန္ ငယ္စဥ္ကတည္းက အိမ္ေတာ္တြင္ေခၚထားေပးခဲ့ျခင္းျဖစ္သည္။

"ဘာျဖစ္လာတာလဲ။"

"Mr. James တို႔ လယ္ကြက္ေတြလည္း ပိုးေတြကုန္ၿပီတဲ့။ ဟိုဘက္အစြန္က လယ္ကြက္ေတြလည္း အဆင္ေျပသြားၿပီ။ အဲဒါ သခင္မေလးကို ေက်းဇူးတင္လြန္းလို႔ သူတို႔ေတြအကုန္စုၿပီး ေရာက္လာၾကတာ ဂိုေဒါင္ဘက္မွာေလ သူတို႔ယူလာတဲ့သီးႏွံေတြ ပံုေနတာပဲ။ လာၾကည့္ပါဦး သခင္မေလးရဲ႕။"

"ဟုတ္လား။ သြားၾကစို႔။"

အားပါးတရရယ္ေမာေျပာျပေနသည့္ ထိုမိန္းကေလးကို လက္ဆြဲ၍ Meg ေျပးထြက္လာခဲ့၏။

"သခင္မေလး" "သခင္မေလး လာၿပီ"

ဆူညံပြက္ေလာရိုက္ေနေသာ ရယ္ေမာသံမ်ား၊ ခ်ီးက်ဴးသံမ်ားႏွင့္ ေက်းဇူးတင္စကားတို႔ၾကားတြင္ ပန္းသီးနီနီတစ္လံုးကိုကိုက္ဝါးလ်က္ ေပ်ာ္ျမဴးေနသည့္ သမီးျဖစ္သူကိုၾကည့္ကာ နယ္စားမင္းျပံဳးေနမိ၏။ အေတြးတြင္ေတာ့

'ဒီအေဖစီစဥ္သမၽွကို နာခံေပးတာ ေက်းဇူးတင္ပါတယ္ကြယ္။ လြတ္လြတ္လပ္လပ္ပ်ံသန္းခ်င္တဲ့ ငွက္တစ္ေကာင္ကို ေလွာင္ခ်ိဳင့္သြင္းသလိုျဖစ္တဲ့အတြက္လည္း ခြင့္လႊတ္ေပးပါ သမီးငယ္ရယ္။'

by Demon

■■■ Episode (9) ဆက္ရန္ ■■■

1)

" မင်းသခင်မလေးကို အိမ်ရှေ့စံနဲ့လက်ထပ်ပေးဖို့စီစဉ်ထားတယ် "

ဟူသော နယ်စားမင်း၏စကားကို Castiel တစ်ယောက် ယခုမှသိရဟန်ဆောင်ကာ နယ်စားမင်းအားကြည့်လိုက်မိသည် ။ နယ်စားမင်းက အဝေးတစ်နေရာသို့ ခပ်ငေးငေးကြည့်ကာ

" မင်းလည်းသိတဲ့အတိုင်း ဒီဘက်ပိုင်းတွေမှာ အခြေအနေတွေကတည်ငြိမ်တာမဟုတ်ဘူး ... ငါ့ကို နည်းပေါင်းစုံနဲ့ဖြုတ်ချပြီး မင်းကြီးကိုပုန်ကန်ဖို့စိတ်ကူးနေကြတဲ့လူတွေချည်းပဲ ... ဒီလိုစိတ်မချရတဲ့နေရာမျိုးမှာ သမီးလေးကိုရှိမနေစေချင်ဘူး "

ဟု ပြောသည် ။ နယ်စားမင်း၏စိတ်ကိုသိသော်လည်း လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေရသည်ကို ကြိုက်နှစ်သက်သော သခင်မလေးတစ်ယောက် နန်းတော်ထဲတွင် အူလည်လည်နှင့် စိတ်ညစ်နေရမည့်အရေးကိုတွေးမိကာ စိတ်မောရသည် ။

သို့သော် ....
နယ်စားမင်းကို အထွန့်တက်၍မရသလို တက်ရန်လည်းမဝံ့သောကြောင့်

" နယ်စားမင်းစကားကို သခင်မလေးကလက်ခံမှာပါ "

ဟု ပြောလိုက်သည် ။

2)

" အရှင့်သား တကယ်ပဲ အနားယူဖို့စိတ်ကူးမရှိတော့ဘူးလား "

ဟူသောစကားကို Garth က ထပ်၍ပြောလာသဖြင့် Dean ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး

" မင်းတို့ကိုအားကိုးလို့မရမှတော့ ကိုယ့်အားကိုယ်ကိုးရတော့မှာပေါ့ "

ဟု ပြောကာ မတ်တပ်ထရပ်လိုက်သည် ။ Garth က မိမိ၏လှုပ်ရှားမှုများကို မျက်တောင်မခတ်ဘဲလိုက်ကြည့်နေပြီး မတ်တပ်ထရပ်လိုက်သောအခါမှ

" အခုက ဘယ်ကိုပါလဲ အရှင့်သား "

ဟု မေးသည် ။ ထို့ကြောင့် Garth ကို မျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီး

" Charlie ဆီကို "

ဟု ပြောကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။ Garth ကလည်း

" ကျွန်တော်မျိုးလည်းလိုက်မယ်လေ "

ဟု ပြောကာ အနောက်မှလိုက်လာသဖြင့် Charlie ထံသို့ Garth ကိုပါခေါ်၍ ထွက်လာခဲ့လိုက်သည် ။

3)

Charlie က Dean ပြောပြသမျှကိစ္စများကို စိတ်ဝင်တစား နားထောင်နေပြီး

" အဲ့ဒါကြောင့် ဒီကိစ္စမှာ ငါ့နှမတော်လေးရဲ့အကူအညီလိုတယ် "

ဟူသော စကားကိုကြားသောအခါတွင်မူ နှာခေါင်းရှုံ့ကာ

" ဟိုအရင်က အတူတူလိုက်ပေးပါမယ်ဆိုတုန်းကတော့ အဖက်မလုပ်ဘဲ အခုအကူအညီလိုမှရောက်လာတဲ့အိမ်ရှေ့စံကို ကျွန်တော်မျိုးမက ဘယ်လိုယုံကြည်ရမှာလဲ "

ဟု ရွတ်သည် ။ ထို့ကြောင့် Charlie ကို မျက်နှာငယ်နှင့်ကြည့်လိုက်ပြီး

" နှမတော်လေးက အစ်ကိုတော်ဒုက္ခရောက်မယ့်ကိစ္စကို တကယ်ကြည့်နေနိုင်တယ်ဆိုရင်လည်း ထားလိုက်ပါတော့ "

ဟု ပြောကာ မတ်တပ်ထရပ်လိုက်သည် ။ ထို့နောက် အနီးတွင်ရပ်နေသော Garth ကို

" သွားရအောင် Garth ... ကူညီမယ့်လူမရှိတော့လည်း မင်းနဲ့ငါပဲ ကိုယ့်အားကိုယ်ကိုးကြတာပေါ့ "

ဟု ပြောကာ Charlie ကို ကျောခိုင်း၍ အခန်းထဲမှထွက်လာခဲ့လိုက်သည် ။

သို့သော် ...
အပေါက်ဝအထိသာရောက်လိုက်ရသည် ။ Charlie က

" တကယ်ပဲ အိမ်ရှေ့စံက ကျွန်တော်မျိုးမကိုစိတ်ဆင်းရဲအောင်လုပ်ရမှ စားဝင်အိပ်ပျော်တာလား "

ဟု လှမ်းအော်ကာ အနားသို့ပြေးလာသည် ။ ထို့နောက် မိမိမျက်နှာကိုကြည့်ကာ

" အိမ်ရှေ့စံမေးတဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့်လူတစ်ယောက်တော့ရှိတယ် ... ဒါပေမဲ့ သူက နေရာအနှံ့လျှောက်သွားနေတော့ သူ့နေရာမှာရှိနေဖို့က မသေချာဘူး "

ဟု ပြောသည် ။ ထို့ကြောင့် ပြုံး၍ Charlie ကို ဖက်လိုက်ကာ

" အဲ့ဒါကြောင့် ငါ့ညီမလေးကလိမ္မာပါတယ်လို့ ပြောတာပေါ့ "

ဟု ပြောလိုက်သည် ။

4)

Charlie က ဆေးဆရာထံခေါ်သွားမည်ဟုပြောကာ မြို့ထဲရှိ လောင်းကစားရုံဆီသို့ခေါ်လာသဖြင့် Dean

" Charlie ... ငါတို့က အခု ဆေးဆရာလိုက်ရှာနေတာမဟုတ်ဘူးလား "

ဟု မေးလိုက်သည် ။ Charlie က ဤမေးခွန်းကို

" အနောက်ကလိုက်မှာသာလိုက်လာစမ်းပါ အစ်ကိုတော်ရာ "

ဟု ပြောသဖြင့် မင်းသမီးလေး ရွှေစိတ်တော်မညိုစေရန် နှုတ်ဆိတ်၍ အနောက်မှလိုက်သွားရသည် ။ ဤသို့လိုက်သွားရင်း ဖဲဝိုင်းတစ်ခုအရှေ့သို့အရောက်တွင် Charlie က မပြောမဆိုနှင့် လမ်းလျှောက်ခြင်းကို ရုတ်တရက်ရပ်လိုက်သည် ။ ထို့နောက် မိမိအားကြည့်ကာ ဖဲဝိုင်းကိုမေးငေါ့ပြသည် ။ Charlie မေးငေါ့ပြသူသည် မည်သူဖြစ်သနည်းဟု ကြည့်ရန်စိတ်ကူးနေစဉ်မှာပင် ဖဲချနေသော ခပ်လှလှအမျိုးသမီးက Charlie ကို ပြုံးပြကာ

" ဟော Charlie ... အချစ်ကလေးပါလား "

ဟု နှုတ်ဆက်သည် ။ Charlie ကလည်း ပြန်ပြုံးပြကာ

" Hello Rowena ... မတွေ့တာအတော်ကြာပြီနော် "

ဟု ပြန်နှုတ်ဆက်သည် ။ ထို့နောက်

" ဒီနေ့ကတော့ မေးစရာလေးရှိလို့ရောက်လာတာ အောက်ထပ်မှာစောင့်နေမယ် "

ဟု ဆက်ပြောကာ မိမိလက်ကိုဆွဲ၍ နေရာမှပြန်လည်၍ထွက်ခွာရန်ပြင်သည် ။ ထို့ကြောင့် Charlie စိတ်တိုင်းကျ အနောက်မှလိုက်ရပြန်သည် ။

5)

လာရင်းကိစ္စကိုပင် မပြောရသေး ။

" ပိုက်ဆံဘယ်လောက်ရမှာလဲ "

ဟု တန်းမေးသော Rowena ဆိုသည့်အမျိုးသမီးကို Dean သဘောမကျသော်လည်း Charlie က

" တောင်းသလောက်ပေးမယ် ... ရှင်သာ ကျွန်မတို့သိချင်တာကိုဖြေပေး "

ဟူသော စကားကိုပြောသဖြင့် Charlie ကို ထောက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည် ။ ထိုအခါမှ Rowena က ပြုံး၍

" ကောင်းပြီ ... ဘာမေးကြမှာလဲ "

ဟု ပြောသည် ။ Charlie က မိမိအား မျက်နှာရိပ်မျက်နှာကဲပြသဖြင့် သိမ်းထားသော လက်ကိုင်ပဝါအား လှမ်းပေးလိုက်ကာ

" ဒီထဲကမြားမှာသုတ်ထားတဲ့အဆိပ်ရဲ့နာမည်ကို သိချင်တယ် ... ပြီးတော့ ဘယ်လိုဖြေရလဲဆိုတာကိုရောပဲ "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် Rowena က လက်ကိုင်ပဝါကို အသာဖြန့်ကြည့်ပြီး

" ဖြစ်စေရမယ် ... ဒါပေမဲ့ စရံတော့လိုတယ် "

ဟု ပြောသဖြင့် အိတ်ထဲမှ အသပြာအတော်များများကို Rowena ၏ အရှေ့တွင် ပုံလိုက်သည် ။ ထိုအခါမှ Rowena က ပြုံး၍ ပိုက်ဆံများကိုသိမ်းကာ

" ဒီမှာစောင့်နေ ... ဘယ်မှလျှောက်မသွားနဲ့ ခဏနေပြန်လာခဲ့မယ် "

ဟု ပြောပြီး နေရာမှခပ်သွက်သွက်ထွက်သွားသည် ။

by the_richone_IX

6).

"Garth, အိမ်ရှေ့စံဘယ်ရောက်နေလဲ။"

"ထွက်သွားပြန်ပါပြီ မင်းသားရယ်။"

"တစ်ယောက်တည်းလား။"

"ဒီတစ်ခါက ပိုဆိုးတယ်၊ မင်းသမီးလေးပါပါသွားတာ။ ကျွန်တော်မျိုးကိုတော့ မလိုက်နဲ့တဲ့။ ဒါပေမဲ့ Benny တော့ နောက်ကနေခိုးလိုက်သွားပြီ။"

Sam ခေါင်းညိတ်ပြပြီး လှည့်ထွက်လာခဲ့လေသည်။
ညီအစ်ကိုအရင်းအချာစစ်စစ်ဖြစ်သည့် Dean နှင့် Sam ထက် Dean နှင့် Charlie တို့သည် ပို၍တူကြပြီး ၎င်းတို့ဆန္ဒရှိလာလျှင် မည်သူမျှတားမရတတ်ပေ။ Adam မှာမူ ငယ်ရွယ်သေးသည့်အပြင် ဘေးစကားများကြောင့် အနည်းငယ်ကွဲထွက်နေတတ်သည်။ အမှန်တကယ်တွင် ဘုရင် John မှာ သူ၏သားတော်အငယ်လေးအတွက် အစစအရာရာတွေးကာ အန္တရာယ်ကင်းစေရန်နှင့် နောင်တစ်ချိန် Dean နန်းတက်ပြီး၍ John နတ်ရွာစံသည့်နောက် Adam အရွယ်ရောက်သည့်အခါ သင့်တော်သည့်အရှိန်အဝါတစ်ခုနှင့် ရာထူးနေရာများလည်း စီစဉ်ထားခဲ့ပြီးဖြစ်သည်။

အိမ်ရှေ့စံ Dean ဘုရင်ဖြစ်လာလျှင် မင်းသား Sam သည် အိမ်ရှေ့စံဖြစ်လာရန် အမတ်ချုပ် Guenther တို့က မျှော်လင့်ထားပြီး စစ်သူကြီး Elkins တို့မှာ လက်ရှိမိဖုရားခေါင်၏သားတော် Adam ကို အိမ်ရှေ့စံထားရန် ရည်ရွယ်ချက်ရှိနေခဲ့သည်။ Dean ၏ ကြင်ယာတော်ရွေးချယ်ခြင်းတွင်သာမက နောင်လာမည့်အိမ်ရှေ့စံရွေးချယ်မှုတွင်ပါ နန်းတွင်းအင်အားစုများ နှှစ်ခြမ်းကွဲနေကြလေသည်။

ဤသို့ဖြင့် လိုလားသူ၊ မလိုလားသူများအကြား ဘုရင် John ၏ကျန်းမာရေး အနည်းငယ်ချို့ယွင်းရုံနှင့်ပင် ကောလာဟလသတင်းများနှင့်အတူ အခွင့်အရေးချောင်းမြောင်းနေကြသူများက လှုပ်ရှားပြင်ဆင်နေကြပြန်လေသည်။ ထိုအခြေအနေများရှိနေသည်ကို သိနေလျက်နှင့်ပင် စိတ်ရှိတိုင်း နန်းပြင်ထွက်သွားတတ်သည့် နောင်တော်ဖြစ်သူကြောင့် Sam ရတက်မအေးရပေ။ ကိုယ်ရံတော် Benjamin ပါသွားလျှင် စိတ်အေးရသော်လည်း ယခုအခါ အိမ်ရှေ့စံသည် တစ်ဦးတည်းလည်း ပျောက်သွားနေတတ်ပြီဖြစ်သည်။

"အိမ်ရှေ့စံလုပ်နေပြီး တကယ်ကို မဆင်မခြင်နဲ့။ ငါပဲလိုက်ရတော့မှာပေါ့။ ဟိုမင်းသမီးဆိုတာလေးကလည်း တစ်မျိုး။ ဒီမောင်နှမနဲ့တော့ စိတ်ပူရလို့ သေမှာပဲ။"

7).

"သူ့ကို တွေ့ဖို့မလွယ်တာကြောင့် ဒီလူကို အရင်ဆက်သွယ်လိုက်ပါ တပ်မှူး။"

ဤသည်မှာ အဆိပ်အကြောင်းစုံစမ်းနိုင်မည့်နေရာကို လမ်းညွှန်လိုက်သူ၏စကားဖြစ်သည်။ ထိုနေ့က Castiel နှင့်အတူ သခင်မလေး Meg ပါလာ၍ သူ၏လက်အောက်မှ ရဲမက်ခေါင်းဆောင် Inias ကိုသာ သွားရောက်စုံစမ်းစေခဲ့၏။ ယနေ့တွင် Inias နှင့်ဆုံမည့်နေရာသို့ Castiel ရောက်လာခဲ့လေသည်။ အချိန်စောနေ၍ ထိုအနီးအနားမှလမ်းထောင့်တွင် တောင်းရမ်းနေသည့်ကလေးနှစ်ဦးကို ငွေအချို့ပေး၍ နေမကောင်းဟန်တူသည့် ကလေးအငယ်လေးအတွက် ဆေးဝယ်ရန်ပြောနေခဲ့သည်။ ကလေးတစ်ဦးက ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကားပြောကာ ကလေးငယ်လေးကိုချီ၍ ထွက်သွားသည်ကို Castiel လိုက်ကြည့်နေမိသည်။

ထိုစဉ် လမ်းကြားအတွင်းမှ အသံအချို့ကို Castiel ကြားလိုက်ရလေသည်။ အသံလာရာသို့ ကြည့်လိုက်သည့်အခါ ဝဖိုင့်သောခန္ဓာကိုယ်၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများဖြင့် အရက်မူးနေဟန်ရှိသော လူကြီးတစ်ဦးကို လူရွယ်နှစ်ဦးမှ ဆွဲရမ်းတိုက်ခိုက်နေသည်ကို တွေ့ရလေသည်။ Castiel မနေနိုင်တော့ပြီ။

"ရပ်လိုက်စမ်း။"

လူရွယ်နှစ်ဦးသည် လန့်သွားဟန်နှင့်လှည့်ကြည့်လာပြီးမှ Castiel တစ်ယောက်တည်းလာသည်ကို မြင်သောအခါ

"မင်းနဲ့ဘာဆိုင်လဲ။ ငါတို့ဘာသာ ရစရာရှိတာကို ယူနေတာလေ။"

"ဘာကွ။ ငါ့ဆီကနေ မင်းတို့လုနေတာလေ၊ သောက်ရူးတွေ။"

Castiel တွေးထင်သည့်အတိုင်း ဖြစ်နေသည့်အတွက်

"လူကြီးတစ်ယောက်ကို မင်းတို့ဆက်ဆံပုံက ရိုင်းလွန်းပါတယ်။"

"ဘာဖြစ်လဲ အဲဒီတော့။"

ထိုလူနှစ်ဦးမှတစ်ဦးသည် သူဆွဲထားသည့်လူကြီးကို လွှတ်လိုက်ပြီး Castiel အနီးရောက်လာကာ ထိုးကြိတ်ရန်ပြင်လေသည်။ သို့သော် Castiel က ကျွမ်းကျင်စွာရှောင်တိမ်းလိုက်ပြီး ထိုလူအရှိန်လွန်ထွက်သွားချိန်တွင် နောက်မှနေ၍ လည်ကုပ်သို့ရိုက်ချလိုက်ရာ ထိုလူရမ်းကား မှောက်လဲလေတော့သည်။ ထိုအခါ ကျန်သည့်တစ်ဦးမှာ Castiel အား ပြေးဝင်တိုက်ခိုက်လေ၏။ သို့သော် များမကြာမီတွင်ပင် ထိုလူသည်လည်း မြေပေါ်လဲကျသွားလေသည်။ ယခုမှပြန်ထနိုင်သည့် ပထမလူက သူ၏လူကိုဆွဲခေါ်၍ ထွက်ပြေးလေမှ အလုယက်ခံရသူလူကြီးကို Castiel ပြန်လှည့်ကြည့်မိ၏။

ထိုလူကြီးမှာ မြေပေါ်တွင်ထိုင်၍ ခေါင်းကိုခါရမ်းကာ အမူးပြေစေရန် ကြိုးစားနေပုံပင်။ Castiel ပြုံးမိသွားပြီး

"ဒီကလူကြီးမင်း ဘာဖြစ်သွားသေးလဲခင်ဗျ။"

"ဟင်၊ ဘာမှမဖြစ်ဘူး။ ကျေးဇူးပဲမောင်ရင်။"

"ရပါတယ်ခင်ဗျာ။"

ထိုလူကြီးက ဘေးတွင်ကျနေသည့် သူ၏အထုပ်ကိုပြန်ပြင်၍ ထရပ်ရန်ကြိုးစားနေသည်။ Castiel မြင်လိုက်သည်မှာ ထိုအထုပ်ထဲတွင် စာအုပ်များသာရှိနေပေသည်။ လုယက်သူတို့ရရှိသွားလျှင်လည်း အသုံးမဝင်နိုင်ပေ။ ထိုလူကြီးသည် သူ၏အထုပ်ကို တယုတယကောက်ယူ၍ ထရပ်လိုက်သောကြောင့် Castiel ဘေးမှ ကူထိန်းပေးလိုက်၏။ သူ၏စာအုပ်ထုပ်ကို ဤသို့အလေးထားနေ၍ လုယက်သူတို့က အဖိုးတန်ပစ္စည်းဟု အထင်ရှိပုံရလေသည်။

"ကျုပ်ရဲ့စာအုပ်တွေ ပါမသွားတာ ကျေးဇူးတင်တယ်။ နည်းနည်းမူးနေတာမဟုတ်ရင် ဒီကောင်တွေတော့ မလွယ်ဘူးမှတ်။ ဒါနဲ့၊ ကျုပ်နာမည် Robert."

"ကျွန်တော် Castiel ပါ။"

နှစ်ဦးသားနှုတ်ဆက်ပြီးကြချိန်တွင် သူတို့နှစ်ဦးနောက်မှ အသံတစ်ခုထွက်ပေါ်လာလေသည်။

"Bobby?"

Castiel လှည့်ကြည့်သည့်အခါ အရပ် ခြောက်ပေလေးလက်မခန့်ရှိမည့် လူငယ်တစ်ဦး ဖြစ်နေလေသည်။

8).

Dean နှင့် Charlie တို့ ထွက်သွားရာဆီသို့လိုက်ရန် Sam တစ်ဦးတည်းထွက်လာမိသည်။ ရှာရန်ခက်သည့်ထိုနေရာအား လိုက်ရှာနေစဉ် လမ်းကြားတစ်ခုရှေ့မှအဖြတ် ကြားလိုက်ရသည်မှာ

"နည်းနည်းမူးနေတာမဟုတ်ရင် ဒီကောင်တွေတော့ မလွယ်ဘူးမှတ်။ ဒါနဲ့၊ ကျုပ်နာမည် Robert."

ထိုအသံနှင့် ထိုအမည်ကြောင့် Sam လမ်းထဲသို့ဝင်လာလိုက်ပြီး ကြည့်လိုက်သည့်အခါ Sam ကိုကျောပေးထားသူလူတစ်ဦးရှိနေပြီး ထိုလူက

"ကျွန်တော် Castiel ပါ။"

တစ်ဖက်တွင် ထို Castiel ဆိုသူနှင့်ကွယ်နေသည့် အခြားလူတစ်ဦးလည်း ရှိနေပေသည်။ ထို့ကြောင့် တစ်စွန်းတစ်စမြင်နေရသည့်လူအား Sam ခေါ်လိုက်မိသည်။

"Bobby?"

ကျောခိုင်းထားသူမှ Sam ကိုလှည့်ကြည့်လာသည့်နည်းတူ ကွယ်နေသည့်လူသည်လည်း ခေါင်းငဲ့စောင်းကြည့်လာပြီး

"Sam. ဘယ်လိုဖြစ်ပြီး နန်း ... အမ်း ... အိမ်ကထွက်လာတာလဲ။"

"Bobby, ဘယ်တုန်းက ပြန်ရောက်နေတာလဲ။"

Sam ဝမ်းသာအားရနှင့် Bobby ကိုပြေးဖက်၏။

"မနေ့ကရောက်တာပဲ။ မေးတာဖြေပါဦး။"

Sam နှင့် Bobby တို့ စကားပြောနေကြစဉ် Castiel လှည့်ထွက်ရန်ပြင်လေသည်။ ထိုအခါ Bobby က

"ဟေ့ မောင်ရင်၊ နေပါဦး။ ကျုပ်တို့နဲ့ တစ်ခုခုလိုက်စားပါ။ ကျုပ်ကိုကူညီတာ ကျေးဇူးတင်ချင်လို့။"

Sam မှ စူးစမ်းသယောင်ကြည့်လာ၏။

"ငါ့ကို အရူးနှစ်ကောင်လုယက်နေတာ ဒီမောင်ရင်ကဝင်ကူတာ။ ငါ နည်းနည်းမူးနေလို့ အဲဒီနှစ်ကောင် အခွင့်အရေးရသွားတာ။"

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ဦးလေးကို ကူညီပေးလို့။ ကျွန်တော် Sam ပါ။"

"ကျွန်တော့်နာမည် Castiel ပါ။"

ဒုတိယအကြိမ်မြောက်ထပ်ကြားသည့် Castiel ဟူသောအမည်ကို Sam ရင်းနှီးနေသကဲ့သို့ အပြာရောင်မျက်လုံးများကိုလည်း သတိထားမိနေလေသည်။ ထို့နောက်မှ Dean ၏အသံကို ပြန်ကြားယောင်လျက်

"တပ်မှူး Novak?"

Sam ၏အမေးကြောင့် Castiel အံ့အားသင့်သွားရသကဲ့သို့ Bobby သည်လည်း

"တပ်မှူး"

Sam ၏အမေးစကားကို သံယောင်လိုက်မေးပြန်လေ၏။
Castiel ဖြေရန်ပြင်စဉ်

"ဆရာ"

Castiel အား ခေါ်သူမှာ Inias ဖြစ်နေသည်။

"ရောက်လာပြီပဲ။ အဆင်ပြေလား။"

"မတွေ့ခဲ့ပါဘူး ဆရာ။"

"မတွေ့ဘူးလား။"

Castiel စိတ်ညစ်သွားပြီး အတွေးများသွားပြန်သည်။ Sam မှ

"ဒီက တပ်မှူး၊ အချိန်ရမယ်ဆိုရင် ဒီနားကဆိုင်လေးမှာ ခဏထိုင်ရအောင်လားဗျာ။"

Sam ၏ စကားကြောင့် Inias က အလိုက်တသိနှင့်ပင်

"ကျွန်တော် ဆက်ပြီးရှာလိုက်ပါဦးမယ် ဆရာ။"

"ကောင်းပြီ။"

Inias ထွက်သွားပြီးနောက် Castiel သည် Sam နှင့် Bobby တို့ထံကြည့်၍

"ဟုတ်ကဲ့၊ သွားကြတာပေါ့။"

9).

"ဒါဆို စုံစမ်းရေးမှူး Campbell နဲ့က လုပ်ဖော်ကိုင်ဖက်တွေပေါ့။"

"Campbell? ဪ၊ ဟုတ်ပါတယ်။ အခုလည်း ကိစ္စလေးရှိလို့ သူ့ကိုထွက်ရှာတာ။"

"ဪ၊ ဟိုကိစ္စကို အတူတူစုံစမ်းနေကြတာလား။"

"အင်း ... ဟုတ်တယ်၊ အဲဒီကိစ္စပဲ။"

"ဘာထူးလဲဗျ။ ကျွန်တော်တော့ ရှာမတွေ့ဘူး။"

Dean ကလည်း ယုံကြည်နေဟန်ရှိသူဖြစ်၍ မထူးတော့သည့်နောက် Sam ပြောလိုက်လေသည်။

"ကျွန်တော်တော့ ဘယ်မှာမှရှာမရဘူး။ ဖတ်စရာ စာအုပ်တွေလည်းကုန်ပြီ။ မေးစရာလူတွေလည်း ကုန်ပြီ။"

"အတူတူပဲ ဖြစ်နေပါရောလား။"

"ကျုပ်ကိုလည်း ပြောကြပါဦး၊ ဘာတွေရှာနေကြတာလဲလို့။"

လူကြားတွင်ပြောရန်မသင့်သည်ကြောင့် Castiel ၏နေရာလေးသို့ Sam နှင့် Bobby တို့ လိုက်ပါလာကြပြီး Castiel ထုတ်ပြလာသည့် အဆိပ်နမူနာကို Bobby စစ်ဆေးကြည့်ပြီးနောက်

"ဒါကို ငါသိတယ် Sammy."

"တကယ်လား။"

Sam ၏ ဝမ်းသာအားရမေးမြန်းသံနှင့် Castiel ၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်တို့ကြောင့်

"ဘာတွေဒီလောက် အရေးကြီးနေတာလဲ။ သေချာဖို့ဆို ဆေးတစ်မျိုးလိုတယ်။ အဲဒီဆေးကို ဒီအဆိပ်နဲ့ပေါင်းစပ်ကြည့်ပြီးမှ ပိုသေချာမယ်။"

Bobby ပြောသည့်ဆေးမှာ တရားမဝင်ဈေးကွက်တွင်သာရနိုင်ပြီး သိုလှောင်သိမ်းဆည်းထားလျှင်ပင် ရာဇဝတ်မှုမြောက်လေသည်။

"ဒါဆို ဆေးက ဘယ်မှာရနိုင်မှာလဲ။"

Sam ၏အမေးကို Bobby ဖြေလိုက်၏။

"Crowley"

10).

Lady Meg Masters တစ်ယောက် ယနေ့ ငြိမ်ချက်သားကောင်းနေ၍ အထိန်းတော်ကြီးမှ

"သခင်မလေး နေမကောင်းဘူးလား။"

"ကောင်းပါတယ် အထိန်းတော်ကြီးရဲ့။"

"ဒါဆို နန်းတွင်းကိစ္စကို တွေးပူနေတာလား။"

"အမှန်အတိုင်းပြောရရင် ငြင်းချင်တယ်။ ဒါပေမဲ့ အခြေအနေတွေအရ ဒီကိစ္စအဆင်ပြေမှ အားလုံးအဆင်ပြေမှာမဟုတ်လား။ အဲဒီအတွေးကြီးသာမရှိရင် ငြင်းလိုက်မှာ။ နန်းတွင်းဆိုတာ လှောင်အိမ်လိုပဲနေမှာ။"

ပြောပြီးသည်နှင့် ခုံလေးပေါ်ထိုင်နေသည့် Meg သည် ဘေးတွင်မတ်တပ်ရပ်နေသည့် အထိန်းတော်အမျိုးသမီးကြီး၏ခါးကို လှမ်းဖက်ကာ ဝမ်းဗိုက်တွင်မျက်နှာအပ်ထားလေတော့သည်။

"ကလေးရယ်။"

အထိန်းတော်ကြီးမှာလည်း မျက်နှာမကောင်းပေ။ လက်တစ်ဖက်မှ Meg ကိုသိုင်းဖက်ထားကာ ကျန်တစ်ဖက်နှင့် Meg ၏အနက်ရောင်ဆံနွယ်များကို ပွတ်သပ်ပေးနေမိရုံသာ တတ်နိုင်လေသည်။ ထိုစဉ် မိန်းမငယ်လေးတစ်ဦးဝင်လာပြီး

"သခင်မလေး ... သခင်မလေး"

မျက်ရည်စအချို့ကိုသုတ်၍ Meg လှည့်ကြည့်လိုက်၏။ ထိုမိဘမဲ့မိန်းကလေးအား Meg အတွက်လည်းအဖော်ရစေရန် ငယ်စဉ်ကတည်းက အိမ်တော်တွင်ခေါ်ထားပေးခဲ့ခြင်းဖြစ်သည်။

"ဘာဖြစ်လာတာလဲ။"

"Mr. James တို့ လယ်ကွက်တွေလည်း ပိုးတွေကုန်ပြီတဲ့။ ဟိုဘက်အစွန်က လယ်ကွက်တွေလည်း အဆင်ပြေသွားပြီ။ အဲဒါ သခင်မလေးကို ကျေးဇူးတင်လွန်းလို့ သူတို့တွေအကုန်စုပြီး ရောက်လာကြတာ ဂိုဒေါင်ဘက်မှာလေ သူတို့ယူလာတဲ့သီးနှံတွေ ပုံနေတာပဲ။ လာကြည့်ပါဦး သခင်မလေးရဲ့။"

"ဟုတ်လား။ သွားကြစို့။"

အားပါးတရရယ်မောပြောပြနေသည့် ထိုမိန်းကလေးကို လက်ဆွဲ၍ Meg ပြေးထွက်လာခဲ့၏။

"သခင်မလေး" "သခင်မလေး လာပြီ"

ဆူညံပွက်လောရိုက်နေသော ရယ်မောသံများ၊ ချီးကျူးသံများနှင့် ကျေးဇူးတင်စကားတို့ကြားတွင် ပန်းသီးနီနီတစ်လုံးကိုကိုက်ဝါးလျက် ပျော်မြူးနေသည့် သမီးဖြစ်သူကိုကြည့်ကာ နယ်စားမင်းပြုံးနေမိ၏။ အတွေးတွင်တော့

'ဒီအဖေစီစဉ်သမျှကို နာခံပေးတာ ကျေးဇူးတင်ပါတယ်ကွယ်။ လွတ်လွတ်လပ်လပ်ပျံသန်းချင်တဲ့ ငှက်တစ်ကောင်ကို လှောင်ချိုင့်သွင်းသလိုဖြစ်တဲ့အတွက်လည်း ခွင့်လွှတ်ပေးပါ သမီးငယ်ရယ်။'

by Demon

■■■ Episode (9) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі