Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 07
1).

Dean ေျပးလိုက္သြားရာႏွင့္ ေထာင့္မွန္က်ေနသည့္ေလၽွာက္လမ္းသို႔ Castiel ျဖတ္ထြက္လိုက္သည္။ တစ္မနက္ကုန္သည္အထိ အိပ္ရာမထသူကိုေစာင့္ရင္း ေဂဟာ၏အေနအထားကို ေလ့လာၾကည့္မိသည္မွာ Castiel ကံေကာင္းသြား၏။ ဤလမ္းအဆံုးတြင္ ေနာက္ထပ္လမ္းခ်ိဳးတစ္ခုႏွင့္ဆံုသည္။ Castiel လမ္းခ်ိဳးလိုက္ခ်ိန္တြင္ပင္ တစ္ဖက္မွေျပးလာသူႏွင့္ တည့္တည့္တိုးေလၿပီ။

"ရပ္လိုက္"

Castiel ေရွ႕မွပိတ္ေန၍ ေျပးလာသူမွာ အရွိန္သတ္သြားစဥ္ ေနာက္မွလိုက္လာသည့္ Dean လည္း ေရာက္လာေလသည္။ ထိုလူသည္ Dean ဘက္သို႔လွည့္ကန္ရင္း Castiel ဘက္သို႔ တစ္စံုတစ္ခုကို ပစ္လႊတ္လိုက္၏။ ႏွစ္ဦးသားေရွာင္တိမ္းရင္း ထိုလူကိုအမိဖမ္းႏိုင္ရန္သာ ႀကိဳးစားၾကေတာ့သည္။ ထင္းစည္းမ်ားသိုေလွာင္ထားရာႏွင့္ စည္းရိုးျမင့္ျမင့္ၾကားမွ လမ္းေလးျဖစ္၍ သံုးဦးသားတိုက္ခိုက္ရႈပ္ေထြးေနစဥ္ ထိုလူ၏လက္မွ လက္နက္ငယ္ေလးမ်ား ထပ္မံထြက္လာၿပီး Castiel ထံသို႔ ေျပးဝင္လာသည္။ ေရွ႕ေနာက္ဆင့္၍ထြက္လာသည့္ ျမားတံတိုေလးႏွစ္ေခ်ာင္းမွ တစ္ေခ်ာင္းကို ဓားႏွင့္ခတ္ထုတ္ကာ က်န္တစ္ေခ်ာင္းကို Castiel ေရွာင္လိုက္သည္။

"ဟာ"

ဓားႏွင့္ခတ္မိ၍ လာရာလမ္းအတိုင္း အရွိန္ႏွင့္ျပန္ထြက္သြားသည့္ျမားတံေလးကို ထိုလူက လ်င္ျမန္စြာေရွာင္လိုက္သည့္အခါ ထိုလက္နက္ငယ္သည္  တစ္ဖက္မွ Dean ထံသို႔ ဦးတည္သြားေသာေၾကာင့္

"သတိထား"

Castiel ၏အသံေၾကာင့္ Dean ေရွာင္လိုက္ႏိုင္ေသာ္လည္း ကိုယ္စီအာရံုလြဲသြားၾကစဥ္တြင္ တစ္ဖက္မွခုခံတိုက္ခိုက္ေနသူမွာ စည္းရိုးေထာင့္ရွိသစ္ပင္ကို တြယ္တက္၍ ထိုမွတစ္ဆင့္ စည္းရိုးတစ္ဖက္သို႔ ခုန္ခ်လြတ္ေျမာက္သြားခဲ့ေလၿပီ။ သစ္ပင္ေပၚသို႔တက္လိုက္ၿပီး စည္းရိုးတစ္ဖက္သို႔ၾကည့္သည့္အခါ ထိုသူကို အရိပ္အေယာင္ပင္မေတြ႕ရေတာ့ေခ်။
Dean ၏ေနာက္မွေျမျပင္ႏွင့္ လမ္းအဆံုးမွျခံစည္းရိုးတြင္ စိုက္ဝင္ေနသည့္ ျမားငယ္ေလးမ်ားကို Castiel တို႔ႏႈတ္ယူလိုက္ၾကၿပီး စူးစမ္းမိၾကသည္။

"အဆိပ္သုတ္ထားတယ္။"

Dean ၏စကားကို Castiel က ေထာက္ခံေခါင္းညိတ္ျပလိုက္ၿပီး လက္ထဲမွျမားကို အဝတ္စႏွင့္ပတ္ကာ သိမ္းဆည္းလိုက္၏။
Dean သည္ သူ၏လက္တြင္းမွလက္နက္ငယ္ကို လွည့္ပတ္ၾကည့္ရႈရင္း

"ဘာအမွတ္အသားမွမပါဘူး။"

"အဆိပ္ကိုပဲအဓိကထားၿပီး စံုစမ္းၾကည့္ရမွာပဲ။ သြားတာလာတာ သတိထားပါ။ သူတို႔ဘက္က သတိထားမိသြားတာ ေကာင္းက်ိဳးမရွိဘူး။ သြားၾကစို႔။"

"ဘယ္ကိုလဲ။"

"ဒီမွာဆက္ေနစရာမွ အေၾကာင္းမရွိေတာ့တာ။ ကိုယ့္ေနရာကိုယ္ျပန္ၿပီး စံုစမ္းစရာရွိတာ ဆက္စံုစမ္းရမွာေပါ့။ ဘာကိစၥရွိေသးလို႔လဲ။"

"ဟင္၊ မရွိပါဘူး။ ဒါေပမဲ့ က်ဳပ္ ေန႔လယ္စာမစားရေသးဘူး။"

"ဒါဆိုလည္း ကၽြန္ေတာ့္ကိုခြင့္ျပဳပါ။"

ႏႈတ္ဆက္လွည့္ထြက္သည့္ Castiel ေၾကာင့္ Dean အေတြးတို႔ အလုပ္မ်ားသြားၿပီး

"Novak, ေနဦးေလ။ က်ဳပ္လည္းလိုက္မယ္။"

Castiel ေနာက္သို႔ Dean ေျပးလိုက္သြားေတာ့သည္။

2).

"ခင္ဗ်ားေတာ့ ေန႔လယ္စာလြတ္ၿပီထင္တယ္ Dean."

ေဂဟာမွထြက္လာၾကေသာ Dean ႏွင့္ Castiel တို႔ လမ္းမႀကီးေပၚသို႔ေရာက္လာခ်ိန္တြင္ Castiel ေျပာသည့္စကားကို Dean အဓိပၸါယ္ေဖာ္မရေပ။ ဤသည္ကိုရိပ္မိသည့္ Castiel က လူၾကားထဲမွတစ္ေနရာသို႔ ေမးေငါ့ျပေလသည္။

"Benny?"

Dean ေရရြတ္လိုက္သည့္အတိုင္း သူ၏ကိုယ္ရံေတာ္ Benjamin သည္ လူမ်ားၾကားမွ Dean တို႔ရွိရာသို႔ဦးတည္လာေနသည္ကို ေတြ႕လိုက္ရျခင္းပင္။

"ကဲ၊ သြားလိုက္ပါဦးမယ္။"

Dean မွာ Castiel ကို တားရန္ စကားရွာမရေတာ့ၿပီ။ ထြက္သြားသူကိုၾကည့္ရင္းမွ ဆန္႔က်င္ဘက္သို႔ျပန္လွည့္သည့္အခါ Benny က အနားေရာက္လာခဲ့သည္။

"အရွင့္သား၊ တစ္ညလံုးလည္း နန္းေဆာင္ကိုျပန္မေရာက္ဘူး။ ကၽြန္ေတာ္မ်ိဳးလိုက္ရွာတာလည္း လြဲသြားတယ္။ တစ္ေယာက္တည္းသြားလာေနတာ အႏၲရာယ္မ်ား ..."

"ေတာ္ေတာ့ Benny. လူၾကားထဲမွာ အားလံုးသိေအာင္လုပ္ေနသလား။"

ေျပာၿပီးထြက္သြားသည့္ Dean ေနာက္သို႔ Benny လိုက္ရျပန္၏။ အနီးအနားမွ စားေသာက္ဆိုင္သို႔ဝင္ကာ Dean က အစားအေသာက္မွာေန၍ Benny အျခားစားပြဲဝိုင္းတစ္ခုတြင္ ပါးစပ္ထဲေတြ႕ရာမွာကာ မည္သည္ကိုမၽွမစားမေသာက္ဘဲ Dean ကိုထိုင္ေစာင့္ေန၏။ စားပြဲတစ္ဝိုင္းတည္းလည္း အတူမထိုင္ဝင့္သည္ေၾကာင့္ Dean စားေသာက္ေနသမၽွကိုသာ မသိမသာအကဲခတ္ေနျခင္းပင္။

စားေသာက္ၿပီးစီး၍ ထြက္လာခဲ့ၾကၿပီးမွ Dean က

"ျမင္းေတြ ဘယ္မွာလဲ။"

"ဒီဘက္မွာပါ သခင္။ မေန႔ညက ..."

"ေဂဟာမွာအိပ္တယ္။ မူးသြားလို႔ မနက္စာလြတ္ၿပီး ေန႔လယ္စာအခုမွစားတာ။ အဲဒီေလာက္သိရရင္ ရၿပီလား။ ငါက သခင္လား၊ မင္းက သခင္လား။ အကုန္လိုက္စစ္ေဆးေနတယ္။"

Dean စိတ္႐ႈပ္စြာႏွင့္ အသံမာမာေျပာသည့္အခါမွ

"သခင္က သခင္ပါ။ တစ္ညလံုးရွာမေတြ႕လို႔ စိတ္ပူၿပီး အခုတစ္ေခါက္မွမေတြ႕ရင္ ရဲမက္ေတြနဲ႔ရွာမယ္လို႔ ေတြးထားခဲ့မိတာပါ။"

"ေသခ်င္လို႔လား။ လူမသိေအာင္လာတာကို တစ္ၿမိဳ႕လံုးသိေအာင္ လုပ္ဦးမယ္။ မင္းသခင္ႀကီးသိသြားရင္ ဘာျဖစ္မယ္ထင္ေနလဲ။"

လမ္းတစ္ေလၽွာက္ Benny ကိုမာန္မဲေနသည့္ Dean ကို ေဘးမွျဖတ္သြားသူတို႔ လွည့္ၾကည့္လာၾကေသာအခါမွ Dean ကိုယ္ရွိန္သတ္ကာ ပါးစပ္ပိတ္သြားေလေတာ့သည္။

3).

"အိမ္ေရွ႕စံကိုယ္ေတာ္ေလးဘုရား"

"Sam, ဘာျဖစ္လာတာလဲ။ ေထ့ေငါ့ေနတယ္။"

"မေန႔ညက ေဂဟာမွာ ဘာသြားလုပ္ေနတာလဲ။"

"Benny, Benny, ေတာ္ေတာ္ေမႊပါလား။"

"အႏၲရာယ္မ်ားလို႔ တားေနတာလည္း မရပါလား။"

"ငါ ဘာျဖစ္လာလို႔လဲ။ ကေလးလည္းမဟုတ္ေတာ့ဘူး။"

"ဟုတ္ၿပီ။ ဒါဆို ေနာက္တစ္ခါ ငါပါလိုက္မယ္။"

"ကိုယ့္ဘာသာ စာသင္ေနစမ္းပါ။ မင္းရဲ႕ဘာသာေဗဒဆိုလား အဲဒီဟာ။"

"အႏၲရာယ္မ်ားလို႔တားေနရင္ လက္ခံလိုက္ပါလား။"

"ငါ မင္းရဲ႕ေနာင္ေတာ္ေနာ္။"

"ဘယ္တုန္းကလဲ။"

"ေမြးကတည္းက။"

"ဒါလည္း ကေလးလို ေျပာရခက္ေနတုန္းပါပဲ။"

"ေတာ္သင့္ၿပီ Sam."

"အခု ေတာ္ၿပီ။ ေနာက္တစ္ခါဆိုရင္ေတာ့ ငါပါလိုက္မယ္။ ဘာေတြျဖစ္ခဲ့လဲ ျပန္ေျပာျပပါ။"

Dean ျငင္း၍ရမည္မဟုတ္သည္ေၾကာင့္ Sam အား ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္ရေလသည္။ ထို႔ေနာက္တြင္ေတာ့ ညီေတာ္ထံမွ ဩဝါဒခံယူရင္း Dean တစ္ေယာက္ ဥယ်ာဥ္ေတာ္အတြင္းမွစားပြဲတြင္ ငိုက္ျမည္းေနေလေတာ့သည္။

4).

"Castiel, ဘယ္ကိုလဲ။"

"သတင္းတစ္ခုရထားလို႔ ေသခ်ာအတည္ျပဳဖို႔ သြားရမွာပါ သခင္မေလး။"

"မနက္ကမွျပန္ေရာက္လာတာကို အခုထိမနားရေသးဘူးလား။ တျခားလူေတြက အသက္မရွိၾကေတာ့ဘူးလား။"

"သခင္မေလး"

Meg ၏စကားကို Castiel မွ ဟန္႔တားလိုက္ေသာ္လည္း Meg သည္ကေတာ့ျဖင့္ ဆက္ေျပာရန္ျပင္ေနသည္။

"အခုက အေရးႀကီးကိစၥမို႔ပါ။"

"အျမဲတမ္းကို အေရးႀကီးေနတာပါပဲ။"

"အိမ္ေတာ္လံုျခံဳေရးအတြက္ပါ အေရးႀကီးတဲ့ကိစၥျဖစ္ေနေတာ့ တျခားလူကိုမခိုင္းခ်င္လို႔ပါ သခင္မေလး။"

"ေကာင္းၿပီ။"

"ကၽြန္ေတာ့္ကို ခြင့္ျပဳပါဦး။"

ယခုရွိေနၾကသည္မွာ ျမင္းေဇာင္းတြင္ျဖစ္၍ Castiel လွည့္ထြက္ကာ ျမင္းကိုဆြဲလိုက္ခ်ိန္တြင္ Meg သည္လည္း လက္ေခါက္မႈတ္လိုက္ေလသည္။ ထိုအသံကိုၾကားသည္ႏွင့္ ျမင္းနက္တစ္ေကာင္မွာ Meg ထံသို႔ အေျပးေရာက္လာေလသည္။ ထို႔ေၾကာင့္ Meg ရွိရာသို႔ Castiel ျပန္လွည့္ရေလၿပီ။

"သြားေလ။"

Castiel ကိုသြားခိုင္းေနၿပီး သူကေနာက္မွလိုက္ရန္ ျပင္ဆင္ေနေလသည္။
Castiel တားမည္ျပင္ၿပီးမွ

"သခင္မေလးသေဘာအတိုင္းပါပဲ။"

Castiel ၏စကားတြင္ Meg ျပံဳးသြားခဲ့ေလသည္။

5).

ေျမသားလမ္းေလး၏ေဘးတစ္ဖက္တြင္ သစ္ေတာတစ္အုပ္သည္ စိမ္းစိုလန္းဆန္းစြာျဖင့္ မားမားရပ္တည္ေန၏။ ဆန္႔က်င္ဘက္အရပ္တြင္ ပန္းခင္းအခ်ိဳ႕သည္ အေရာင္စံုျခယ္သ၍ ယိမ္းႏြဲ႕ေနသည္။ ရဲရင့္ထက္ျမက္သည့္သူရဲေကာင္းႏွင့္ လွပတင့္တယ္သည့္မိန္းမပ်ိဳေလးတို႔ အတူယွဥ္တြဲေနသကဲ့သို႔ပင္ သဘာဝတရားက ၿပီးျပည့္စံုစြာျဖစ္တည္၏။
ေလျပည္ညင္းတို႔က ထိုအလွတရားကို အားျဖည့္ေပးေနေတာ့သည္။

ကဆုန္ဆိုင္းလာသည့္ ျမင္းနက္တစ္ေကာင္သည္ ထိုေျမသားလမ္းအတိုင္း ဆင္းလာေနၿပီး ေက်ာထက္မွမိန္းမပ်ိဳကို သယ္ေဆာင္လာေပသည္။ ျမင္းခြာသံမွာ တစ္ေကာင္တည္းမွလာသည္မဟုတ္။ ေနာက္ပါးတြင္ ျမင္းညိဳႀကီးတစ္ေကာင္ ကပ္လ်က္ပါလာေနသည္။ ျမင္းညိဳ၏သခင္မွ အခ်က္ေပးလိုက္သည့္အခါ ထိုျမင္းညိဳသည္ သူ၏ေရွ႕မွျမင္းကိုအမီလိုက္၍ ကၽြမ္းက်င္စြာ အနားတိုးကပ္သြားေတာ့သည္။

Meg ႏွင့္နီးကပ္သြားသည္ႏွင့္တစ္ၿပိဳင္နက္ Castiel ျမင္းဇက္ႀကိဳးကိုလွမ္းဆြဲလိုက္၏။ အနည္းငယ္တင္းသြားသည့္ဇက္ႀကိဳးေၾကာင့္ ျမင္းနက္မွာ အရွိန္ေလ်ာ့သြားေလသည္။ ေဘးမွျမင္းညိဳသည္ သခင္၏ေစခိုင္းမႈမပါဘဲ ျမင္းနက္ေလးႏွင့္အတူ အရွိန္တူစြာေျပးေန၏။ တျဖည္းျဖည္းႏွင့္ အရွိန္ေလ်ာ့က်သြားသည့္ ျမင္းႏွစ္ေကာင္ႏွင့္အတူ ၎တို႔၏သခင္တို႔သည္လည္း လႈပ္ရွားမႈမ်ား ရပ္သြားၾကသည္။

Meg ၏ ျမင္းဇက္ႀကိဳးကို Castiel လႊတ္ေပးလိုက္သည့္အခါ ျမင္းခ်င္းလည္းခြာသြားၾကၿပီ။

"အားကိုးနဲ႔ အႏိုင္က်င့္တာ။"

ျမင္းညိဳႀကီးကိုေမးေငါ့၍ Meg က ဆိုေလသည္။

"လဲစီးရင္ေတာင္ သခင္မေလးႏိုင္မယ္လို႔ အာမခံႏိုင္လို႔လား။"

"ရွင့္ေကာင္က တျခားလူနဲ႔ဆို ဂ်စ္ကန္ကန္ႏိုင္တယ္။"

Castiel ရယ္လိုက္ၿပီး

"ထိန္းတတ္ဖို႔လိုတာပါဗ်ာ။"

Castiel ကိုၾကည့္ေနသည့္ Meg က

"အင္း၊ ဘယ္အရာရာျဖစ္ျဖစ္ေပါ့။"

ခဏအၾကာတြင္ သစ္ပင္ရိပ္ေအာက္မွသစ္တံုးေပၚတြင္ ထိုင္ေနသည့္ Meg ႏွင့္ မလွမ္းမကမ္းမွေက်ာက္တံုးေပၚတြင္ ထိုင္ေနသည့္ Castiel တို႔အား ေတြ႕ရမည္ျဖစ္ၿပီး ခပ္လွမ္းလွမ္းတြင္ ေျမျပင္ႏွင့္သစ္ပင္မ်ားကို စူးစမ္းေနသည့္ ျမင္းႏွစ္ေကာင္လည္း ရွိေနေပသည္။

"နန္းေတာ္ထဲေရာက္သြားခဲ့မယ္ဆိုရင္ ဒီေလျပည္ေတြကိုဖမ္းမိဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ဘူး Castiel."

'ၿပီးေတာ့ ကၽြန္မရဲ႕ အျပာေရာင္ေလညင္းေလးကိုေရာေပါ့။'

by Demon

6)

Meg က နန္းေတာ္ထဲသို႔သြားရမည္ဟူေသာစကားကို ေျပာလာေသာေၾကာင့္ Castiel မ်က္ခုံးႏွစ္ဖက္စလုံး ျမင့္တက္သြားရကာ Meg အား ေစ့ေစ့စပ္စပ္ၾကည့္လိုက္မိသည္ ။ Meg ကလည္း မိမိၾကည့္ေနသည္ကို သိသြားဟန္တူသည္ ။ 

" ဘာလဲ "

ဟူေသာ သေဘာျဖင့္ ေမးဆတ္ျပသည္ ။ ထို႔ေၾကာင့္ အၾကည့္လႊဲလိုက္ၿပီး

" သခင္မေလးေစာေစာကေျပာလိုက္တဲ့စကားကို စဥ္းစားေနတာ ... နန္းေတာ္ထဲသြားရမယ္ဆိုတာေလ " 

ဟု ေျပာလိုက္သည္ ။ ဤစကားအဆုံးတြင္ Meg က ဖြဖြၿပဳံးကာ

" အေဖက ငါ့ကို အိမ္ေရွ႕စံမင္းသားနဲ႔လက္ထပ္ေပးဖို႔စီစဥ္ေနတယ္ ... ဟိုရက္က နန္းေတာ္ထဲဝင္တာလည္း အဲ့ဒီကိစၥေၾကာင့္ပဲ " 

ဟု ေျပာသည္ ။ Meg ၏ စကားေၾကာင့္ ရင္ထဲတြင္ဟာသြားရေသာ္လည္း ျပံဳးလိုက္ကာ

" အဲ့ဒါေကာင္းတာေပါ့ သခင္မေလးရဲ႕ ... သခင္မေလးသာ အိမ္ေရွ႕စံနဲ႔လက္ထပ္လိုက္ရင္ နယ္စားမင္းေရာ သခင္မေလးေရာ ေဘးကင္းမွာ "

ဟု ေျပာလိုက္သည္ ။ Meg က ဤစကားကို

" နန္းေတာ္ထဲသြားမွေဘးကင္းမွာမွမဟုတ္တာ ... တပ္မႉး Novak ရွိေန႐ုံနဲ႔ ငါေရာငါ့အေဖေရာ ေဘးကင္းပါတယ္ " 

ဟု တုံ႔ျပန္သျဖင့္ ၿပဳံးလိုက္မိသည္ ။ 

7)

Sam ကို အလုပ္ေပးထားၿပီး ဥယ်ာဥ္ေတာ္ထဲတြင္ ဟိုဘက္ေလၽွာက္လိုက္ သည္ဘက္ေလၽွာက္လိုက္ႏွင့္ ဂနာမၿငိမ္ျဖစ္ေနသူက Dean ။ Garth က ဂနာမၿငိမ္ျဖစ္ေနေသာ Dean ကို ၾကည့္ကာ မူးလာဟန္တူသည္ ။

" ခဏေလာက္ထိုင္ေနဖို႔ စိတ္ကူးေလးမ်ားမရွိဘူးလား အရွင့္သားရယ္ "

ဟု ေျပာသည္ ။ ထို႔ေၾကာင့္ Garth ကို လွည့္ၾကည့္လိုက္ၿပီး

" မင္းမ်က္စိေနာက္ရင္ တျခားဘက္မွာသြားေန "

ဟု ေငါက္လိုက္သည္ ။ ထိုအခါမွ Garth က ဇက္ပုသြားကာ

" ကၽြန္ေတာ္မ်ိဳးက အဲ့ဒီသေဘာနဲ႔ေျပာတာမဟုတ္ပါဘူး အရွင့္သားရယ္ .... တစ္ရက္တစ္ရက္ အရွင့္သားအလုပ္ရႈပ္ေနတာကိုျမင္ရတာ စိတ္မသက္သာလို႔ပါ "

ဟု ေျပာသည္ ။ လတ္တေလာတြင္ Garth ဘာေျပာေျပာ အာ႐ုံစိုက္၍နားေထာင္ႏိုင္မည္မဟုတ္ေသာေၾကာင့္ 

" Sammy ဆီသြားၿပီး အေျခအေနၾကည့္လိုက္အုံးမယ္ "

ဟု ေျပာကာ ေနရာမွထြက္လာခဲ့လိုက္သည္ ။ 

8)

" ဘာထူးလဲ Sammy "

ဟူေသာ Dean ၏ ေမးခြန္းကို Sam က ေခါင္းခါ၍ျပန္ေျဖသျဖင့္ Sam ေဘးတြင္ ဝင္ထိုင္လိုက္ကာ

" ဘယ္ေနရာမွာ ျပႆနာျဖစ္ေနတာလဲ "

ဟု ေမးလိုက္သည္ ။ ထိုအခါ Sam က သက္ျပင္းခ်၍

" ဒီအဆိပ္ကို ေျဖႏိုင္တဲ့ေဆးမရွိဘူး Dean ... ငါ နန္းတြင္းသမားေတာ္ေတြကို လိုက္ေမးၾကည့္ၿပီးၿပီ ... ၿပီးေတာ့ အဲ့ဒီလိုမေျဖႏိုင္တဲ့အဆိပ္ကို ေဖာ္ႏိုင္တဲ့လူကိုလည္း မေတြ႕ဖူးေသးဘူး "

ဟု ေျပာသည္ ။ Sam စကားေၾကာင့္ အားပ်က္သြားမိေသာ္လည္း ဤကိစၥက ကိစၥႀကီးျဖစ္သည္ ။ မိမိတို႔မတားဆီးႏိုင္လၽွင္ ႀကီးက်ယ္ေသာျပႆနာတစ္ခုခု ျဖစ္ေပၚလာေပလိမ့္မည္ဟု စိတ္ထဲမွ သိေနသည္ ။ ထို႔ေၾကာင့္ Sam ကို 

" ငါဒီကိစၥကို မျဖစ္,ျဖစ္တဲ့နည္းနဲ႔ေဖာ္ထုတ္ႏိုင္မွျဖစ္မယ္ Sammy ... မဟုတ္ရင္ ေနာင္တရစရာကိစၥေတြျဖစ္လာလိမ့္မယ္လို႔ ငါ့စိတ္ထဲက သိေနတယ္ "

ဟု ေျပာလိုက္သည္ ။ ၿပီးသည္ႏွင့္ မတ္တပ္ထရပ္လိုက္ကာ

" မင္းမွာနမူနာရွိတယ္ဆိုေတာ့ ငါ ဒါကိုျပန္ယူသြားမယ္ ... တစ္ေယာက္ေယာက္ကေတာ့ အေျဖရွာႏိုင္ေလာက္မွာပါ "

ဟု ေျပာၿပီး မိမိယူလာေသာ ျမားႏွင့္လက္နက္ငယ္ကို လက္ကိုင္ပဝါႏွင့္ျပန္ထုပ္လိုက္သည္ ။ 

9)

ယခုတစ္ႀကိမ္တြင္လည္း Castiel Novak အား လုပ္ႀကံသည့္ကိစၥ အထမေျမာက္ျပန္ေသာေၾကာင့္ Lilith တစ္ေယာက္ ေဒါသတို႔ကို မထိန္းႏိုင္ေတာ့ဘဲ ဤအေၾကာင္းအား သတင္းေပးပို႔လာသည့္လူ၏ပါးကို ျဖန္းခနဲရိုက္လိုက္ၿပီး

" မင္းတို႔မွာ ဒီဘာမဟုတ္တဲ့လူတစ္ေယာက္ကို ရေအာင္သတ္ဖို႔အရည္အခ်င္းေလးေတာင္ မရွိၾကေတာ့ဘူးလား "

ဟု ေအာ္လိုက္သည္ ။ ထိုအခါ အရိုက္ခံလိုက္ရသူက မိမိအေရွ႕တြင္ ဒူးေထာက္၍ထိုင္ခ်ကာ

" လုပ္ၾကံတဲ့လူက Castiel Novak တစ္ေယာက္တည္းမဟုတ္ပါဘူး သခင္ ... ေနာက္ထပ္တစ္ေယာက္လည္းပါ,ပါတယ္ "

ဟု ေျပာသည္ ။ ထို႔ေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

" အဲ့ဒီလူက ဘယ္ကလဲ ... ဘယ္သူလဲ "

ဟု ေမးလိုက္သည္ ။ 

" စုံစမ္းေနတုန္းပါ သခင္ "

ဟူေသာ အေျဖကိုပင္ရျပန္ေသာေၾကာင့္ ေသြးမ်ားပင္ေဆာင့္တက္လာရသည္ ။

သို႔ေသာ္ ...
ဤကိစၥကို လက္လြယ္စပယ္စီစဥ္၍မျဖစ္ေသာေၾကာင့္ ေခါင္းညိတ္လိုက္ၿပီး

" သုံးရက္အတြင္း အဲ့ဒီလူဘယ္သူလဲဆိုတာ ရေအာင္စုံစမ္းလာခဲ့ၾက ... မသိရရင္ မင္းတို႔အကုန္အေသပဲ " 

ဟု ေျပာကာ ထြက္သြားရန္ လက္ဟန္ျပလိုက္သည္ ။

10)

" အရွင့္သား သန္းေခါင္ေတာင္ေက်ာ္ေနၿပီ မအိပ္ေသးဘူးလား ... တစ္ေန႔ခင္းလုံး ဒီစာအုပ္ေတြပဲဖတ္ေနတာ မပင္ပန္းဘူးလား "  

ဟူေသာ စကားကိုေျပာကာ အနားသို႔ေရာက္လာေသာ Garth က တဝါးဝါးႏွင့္သန္းေနသျဖင့္ Dean

" အင္း ... မင္းအိပ္ခ်င္ေနရင္ သြားေတာ့ ... မသြားခင္ လက္ဖက္ရည္တစ္ခြက္ေဖ်ာ္ေပးခဲ့ " 

ဟု ေျပာကာ စာအုပ္ထဲမွ မွတ္ရန္က်န္ေနေသးေသာစာမ်ားကို စာ႐ြက္ေပၚသို႔ ကူးလိုက္သည္ ။ ဤစကားအဆုံးတြင္ Garth က

" အရွင့္သား " 

ဟု ကုန္းေအာ္သည္ ။ ထို႔ေၾကာင့္ ေမာ့ၾကည့္လိုက္ၿပီး 

" က်စ္ ... ဘာျဖစ္ျပန္ၿပီလဲ  Garth ရာ " 

ဟု ေမးလိုက္သည္ ။ Garth က

" အရွင့္သား ... အခု လက္ဖက္ရည္ေတြေသာက္ေနတာ ဘယ္ႏွခြက္ရွိေနၿပီလဲ သိရဲ႕လားဗ် " 

ဟု ေျပာေသာအခါမွ စားပြဲခုံေပၚမွ လက္ဖက္ရည္ခြက္မ်ားကိုသတိထားမိသည္ ။ 

သို႔ေသာ္ ...
ခ်က္ခ်င္းပင္ မ်က္ႏွာျပန္လႊဲလိုက္ကာ 

" မင္းအလုပ္က ငါ့ကိုအထြန္႔တက္ဖို႔မဟုတ္ဘူး Garth ... အဲ့ဒါေၾကာင့္ ေျပာတာသာလုပ္လာခဲ့စမ္းပါ "

ဟု ေျပာလိုက္သည္ ။ ထိုအခါမွ Garth လည္း အနားမွ ခပ္ကုတ္ကုတ္ထြက္သြားသည္ ။

" က်စ္ ... ဘယ္လိုပညာရွင္ကထြင္ထားတာမို႔လို႔  ဒီေလာက္ေတာင္ အေျဖရွာရတာခက္ခဲတာလဲ " 

by the_richone_IX

■■■ Episode (8) ဆက္ရန္ ■■■

1).

Dean ပြေးလိုက်သွားရာနှင့် ထောင့်မှန်ကျနေသည့်လျှောက်လမ်းသို့ Castiel ဖြတ်ထွက်လိုက်သည်။ တစ်မနက်ကုန်သည်အထိ အိပ်ရာမထသူကိုစောင့်ရင်း ဂေဟာ၏အနေအထားကို လေ့လာကြည့်မိသည်မှာ Castiel ကံကောင်းသွား၏။ ဤလမ်းအဆုံးတွင် နောက်ထပ်လမ်းချိုးတစ်ခုနှင့်ဆုံသည်။ Castiel လမ်းချိုးလိုက်ချိန်တွင်ပင် တစ်ဖက်မှပြေးလာသူနှင့် တည့်တည့်တိုးလေပြီ။

"ရပ်လိုက်"

Castiel ရှေ့မှပိတ်နေ၍ ပြေးလာသူမှာ အရှိန်သတ်သွားစဉ် နောက်မှလိုက်လာသည့် Dean လည်း ရောက်လာလေသည်။ ထိုလူသည် Dean ဘက်သို့လှည့်ကန်ရင်း Castiel ဘက်သို့ တစ်စုံတစ်ခုကို ပစ်လွှတ်လိုက်၏။ နှစ်ဦးသားရှောင်တိမ်းရင်း ထိုလူကိုအမိဖမ်းနိုင်ရန်သာ ကြိုးစားကြတော့သည်။ ထင်းစည်းများသိုလှောင်ထားရာနှင့် စည်းရိုးမြင့်မြင့်ကြားမှ လမ်းလေးဖြစ်၍ သုံးဦးသားတိုက်ခိုက်ရှုပ်ထွေးနေစဉ် ထိုလူ၏လက်မှ လက်နက်ငယ်လေးများ ထပ်မံထွက်လာပြီး Castiel ထံသို့ ပြေးဝင်လာသည်။ ရှေ့နောက်ဆင့်၍ထွက်လာသည့် မြားတံတိုလေးနှစ်ချောင်းမှ တစ်ချောင်းကို ဓားနှင့်ခတ်ထုတ်ကာ ကျန်တစ်ချောင်းကို Castiel ရှောင်လိုက်သည်။

"ဟာ"

ဓားနှင့်ခတ်မိ၍ လာရာလမ်းအတိုင်း အရှိန်နှင့်ပြန်ထွက်သွားသည့်မြားတံလေးကို ထိုလူက လျင်မြန်စွာရှောင်လိုက်သည့်အခါ ထိုလက်နက်ငယ်သည်  တစ်ဖက်မှ Dean ထံသို့ ဦးတည်သွားသောကြောင့်

"သတိထား"

Castiel ၏အသံကြောင့် Dean ရှောင်လိုက်နိုင်သော်လည်း ကိုယ်စီအာရုံလွဲသွားကြစဉ်တွင် တစ်ဖက်မှခုခံတိုက်ခိုက်နေသူမှာ စည်းရိုးထောင့်ရှိသစ်ပင်ကို တွယ်တက်၍ ထိုမှတစ်ဆင့် စည်းရိုးတစ်ဖက်သို့ ခုန်ချလွတ်မြောက်သွားခဲ့လေပြီ။ သစ်ပင်ပေါ်သို့တက်လိုက်ပြီး စည်းရိုးတစ်ဖက်သို့ကြည့်သည့်အခါ ထိုသူကို အရိပ်အယောင်ပင်မတွေ့ရတော့ချေ။
Dean ၏နောက်မှမြေပြင်နှင့် လမ်းအဆုံးမှခြံစည်းရိုးတွင် စိုက်ဝင်နေသည့် မြားငယ်လေးများကို Castiel တို့နှုတ်ယူလိုက်ကြပြီး စူးစမ်းမိကြသည်။

"အဆိပ်သုတ်ထားတယ်။"

Dean ၏စကားကို Castiel က ထောက်ခံခေါင်းညိတ်ပြလိုက်ပြီး လက်ထဲမှမြားကို အဝတ်စနှင့်ပတ်ကာ သိမ်းဆည်းလိုက်၏။
Dean သည် သူ၏လက်တွင်းမှလက်နက်ငယ်ကို လှည့်ပတ်ကြည့်ရှုရင်း

"ဘာအမှတ်အသားမှမပါဘူး။"

"အဆိပ်ကိုပဲအဓိကထားပြီး စုံစမ်းကြည့်ရမှာပဲ။ သွားတာလာတာ သတိထားပါ။ သူတို့ဘက်က သတိထားမိသွားတာ ကောင်းကျိုးမရှိဘူး။ သွားကြစို့။"

"ဘယ်ကိုလဲ။"

"ဒီမှာဆက်နေစရာမှ အကြောင်းမရှိတော့တာ။ ကိုယ့်နေရာကိုယ်ပြန်ပြီး စုံစမ်းစရာရှိတာ ဆက်စုံစမ်းရမှာပေါ့။ ဘာကိစ္စရှိသေးလို့လဲ။"

"ဟင်၊ မရှိပါဘူး။ ဒါပေမဲ့ ကျုပ် နေ့လယ်စာမစားရသေးဘူး။"

"ဒါဆိုလည်း ကျွန်တော့်ကိုခွင့်ပြုပါ။"

နှုတ်ဆက်လှည့်ထွက်သည့် Castiel ကြောင့် Dean အတွေးတို့ အလုပ်များသွားပြီး

"Novak, နေဦးလေ။ ကျုပ်လည်းလိုက်မယ်။"

Castiel နောက်သို့ Dean ပြေးလိုက်သွားတော့သည်။

2).

"ခင်ဗျားတော့ နေ့လယ်စာလွတ်ပြီထင်တယ် Dean."

ဂေဟာမှထွက်လာကြသော Dean နှင့် Castiel တို့ လမ်းမကြီးပေါ်သို့ရောက်လာချိန်တွင် Castiel ပြောသည့်စကားကို Dean အဓိပ္ပါယ်ဖော်မရပေ။ ဤသည်ကိုရိပ်မိသည့် Castiel က လူကြားထဲမှတစ်နေရာသို့ မေးငေါ့ပြလေသည်။

"Benny?"

Dean ရေရွတ်လိုက်သည့်အတိုင်း သူ၏ကိုယ်ရံတော် Benjamin သည် လူများကြားမှ Dean တို့ရှိရာသို့ဦးတည်လာနေသည်ကို တွေ့လိုက်ရခြင်းပင်။

"ကဲ၊ သွားလိုက်ပါဦးမယ်။"

Dean မှာ Castiel ကို တားရန် စကားရှာမရတော့ပြီ။ ထွက်သွားသူကိုကြည့်ရင်းမှ ဆန့်ကျင်ဘက်သို့ပြန်လှည့်သည့်အခါ Benny က အနားရောက်လာခဲ့သည်။

"အရှင့်သား၊ တစ်ညလုံးလည်း နန်းဆောင်ကိုပြန်မရောက်ဘူး။ ကျွန်တော်မျိုးလိုက်ရှာတာလည်း လွဲသွားတယ်။ တစ်ယောက်တည်းသွားလာနေတာ အန္တရာယ်များ ..."

"တော်တော့ Benny. လူကြားထဲမှာ အားလုံးသိအောင်လုပ်နေသလား။"

ပြောပြီးထွက်သွားသည့် Dean နောက်သို့ Benny လိုက်ရပြန်၏။ အနီးအနားမှ စားသောက်ဆိုင်သို့ဝင်ကာ Dean က အစားအသောက်မှာနေ၍ Benny အခြားစားပွဲဝိုင်းတစ်ခုတွင် ပါးစပ်ထဲတွေ့ရာမှာကာ မည်သည်ကိုမျှမစားမသောက်ဘဲ Dean ကိုထိုင်စောင့်နေ၏။ စားပွဲတစ်ဝိုင်းတည်းလည်း အတူမထိုင်ဝင့်သည်ကြောင့် Dean စားသောက်နေသမျှကိုသာ မသိမသာအကဲခတ်နေခြင်းပင်။

စားသောက်ပြီးစီး၍ ထွက်လာခဲ့ကြပြီးမှ Dean က

"မြင်းတွေ ဘယ်မှာလဲ။"

"ဒီဘက်မှာပါ သခင်။ မနေ့ညက ..."

"ဂေဟာမှာအိပ်တယ်။ မူးသွားလို့ မနက်စာလွတ်ပြီး နေ့လယ်စာအခုမှစားတာ။ အဲဒီလောက်သိရရင် ရပြီလား။ ငါက သခင်လား၊ မင်းက သခင်လား။ အကုန်လိုက်စစ်ဆေးနေတယ်။"

Dean စိတ်ရှုပ်စွာနှင့် အသံမာမာပြောသည့်အခါမှ

"သခင်က သခင်ပါ။ တစ်ညလုံးရှာမတွေ့လို့ စိတ်ပူပြီး အခုတစ်ခေါက်မှမတွေ့ရင် ရဲမက်တွေနဲ့ရှာမယ်လို့ တွေးထားခဲ့မိတာပါ။"

"သေချင်လို့လား။ လူမသိအောင်လာတာကို တစ်မြို့လုံးသိအောင် လုပ်ဦးမယ်။ မင်းသခင်ကြီးသိသွားရင် ဘာဖြစ်မယ်ထင်နေလဲ။"

လမ်းတစ်လျှောက် Benny ကိုမာန်မဲနေသည့် Dean ကို ဘေးမှဖြတ်သွားသူတို့ လှည့်ကြည့်လာကြသောအခါမှ Dean ကိုယ်ရှိန်သတ်ကာ ပါးစပ်ပိတ်သွားလေတော့သည်။

3).

"အိမ်ရှေ့စံကိုယ်တော်လေးဘုရား"

"Sam, ဘာဖြစ်လာတာလဲ။ ထေ့ငေါ့နေတယ်။"

"မနေ့ညက ဂေဟာမှာ ဘာသွားလုပ်နေတာလဲ။"

"Benny, Benny, တော်တော်မွှေပါလား။"

"အန္တရာယ်များလို့ တားနေတာလည်း မရပါလား။"

"ငါ ဘာဖြစ်လာလို့လဲ။ ကလေးလည်းမဟုတ်တော့ဘူး။"

"ဟုတ်ပြီ။ ဒါဆို နောက်တစ်ခါ ငါပါလိုက်မယ်။"

"ကိုယ့်ဘာသာ စာသင်နေစမ်းပါ။ မင်းရဲ့ဘာသာဗေဒဆိုလား အဲဒီဟာ။"

"အန္တရာယ်များလို့တားနေရင် လက်ခံလိုက်ပါလား။"

"ငါ မင်းရဲ့နောင်တော်နော်။"

"ဘယ်တုန်းကလဲ။"

"မွေးကတည်းက။"

"ဒါလည်း ကလေးလို ပြောရခက်နေတုန်းပါပဲ။"

"တော်သင့်ပြီ Sam."

"အခု တော်ပြီ။ နောက်တစ်ခါဆိုရင်တော့ ငါပါလိုက်မယ်။ ဘာတွေဖြစ်ခဲ့လဲ ပြန်ပြောပြပါ။"

Dean ငြင်း၍ရမည်မဟုတ်သည်ကြောင့် Sam အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရလေသည်။ ထို့နောက်တွင်တော့ ညီတော်ထံမှ ဩဝါဒခံယူရင်း Dean တစ်ယောက် ဥယျာဉ်တော်အတွင်းမှစားပွဲတွင် ငိုက်မြည်းနေလေတော့သည်။

4).

"Castiel, ဘယ်ကိုလဲ။"

"သတင်းတစ်ခုရထားလို့ သေချာအတည်ပြုဖို့ သွားရမှာပါ သခင်မလေး။"

"မနက်ကမှပြန်ရောက်လာတာကို အခုထိမနားရသေးဘူးလား။ တခြားလူတွေက အသက်မရှိကြတော့ဘူးလား။"

"သခင်မလေး"

Meg ၏စကားကို Castiel မှ ဟန့်တားလိုက်သော်လည်း Meg သည်ကတော့ဖြင့် ဆက်ပြောရန်ပြင်နေသည်။

"အခုက အရေးကြီးကိစ္စမို့ပါ။"

"အမြဲတမ်းကို အရေးကြီးနေတာပါပဲ။"

"အိမ်တော်လုံခြုံရေးအတွက်ပါ အရေးကြီးတဲ့ကိစ္စဖြစ်နေတော့ တခြားလူကိုမခိုင်းချင်လို့ပါ သခင်မလေး။"

"ကောင်းပြီ။"

"ကျွန်တော့်ကို ခွင့်ပြုပါဦး။"

ယခုရှိနေကြသည်မှာ မြင်းဇောင်းတွင်ဖြစ်၍ Castiel လှည့်ထွက်ကာ မြင်းကိုဆွဲလိုက်ချိန်တွင် Meg သည်လည်း လက်ခေါက်မှုတ်လိုက်လေသည်။ ထိုအသံကိုကြားသည်နှင့် မြင်းနက်တစ်ကောင်မှာ Meg ထံသို့ အပြေးရောက်လာလေသည်။ ထို့ကြောင့် Meg ရှိရာသို့ Castiel ပြန်လှည့်ရလေပြီ။

"သွားလေ။"

Castiel ကိုသွားခိုင်းနေပြီး သူကနောက်မှလိုက်ရန် ပြင်ဆင်နေလေသည်။
Castiel တားမည်ပြင်ပြီးမှ

"သခင်မလေးသဘောအတိုင်းပါပဲ။"

Castiel ၏စကားတွင် Meg ပြုံးသွားခဲ့လေသည်။

5).

မြေသားလမ်းလေး၏ဘေးတစ်ဖက်တွင် သစ်တောတစ်အုပ်သည် စိမ်းစိုလန်းဆန်းစွာဖြင့် မားမားရပ်တည်နေ၏။ ဆန့်ကျင်ဘက်အရပ်တွင် ပန်းခင်းအချို့သည် အရောင်စုံခြယ်သ၍ ယိမ်းနွဲ့နေသည်။ ရဲရင့်ထက်မြက်သည့်သူရဲကောင်းနှင့် လှပတင့်တယ်သည့်မိန်းမပျိုလေးတို့ အတူယှဉ်တွဲနေသကဲ့သို့ပင် သဘာဝတရားက ပြီးပြည့်စုံစွာဖြစ်တည်၏။
လေပြည်ညင်းတို့က ထိုအလှတရားကို အားဖြည့်ပေးနေတော့သည်။

ကဆုန်ဆိုင်းလာသည့် မြင်းနက်တစ်ကောင်သည် ထိုမြေသားလမ်းအတိုင်း ဆင်းလာနေပြီး ကျောထက်မှမိန်းမပျိုကို သယ်ဆောင်လာပေသည်။ မြင်းခွာသံမှာ တစ်ကောင်တည်းမှလာသည်မဟုတ်။ နောက်ပါးတွင် မြင်းညိုကြီးတစ်ကောင် ကပ်လျက်ပါလာနေသည်။ မြင်းညို၏သခင်မှ အချက်ပေးလိုက်သည့်အခါ ထိုမြင်းညိုသည် သူ၏ရှေ့မှမြင်းကိုအမီလိုက်၍ ကျွမ်းကျင်စွာ အနားတိုးကပ်သွားတော့သည်။

Meg နှင့်နီးကပ်သွားသည်နှင့်တစ်ပြိုင်နက် Castiel မြင်းဇက်ကြိုးကိုလှမ်းဆွဲလိုက်၏။ အနည်းငယ်တင်းသွားသည့်ဇက်ကြိုးကြောင့် မြင်းနက်မှာ အရှိန်လျော့သွားလေသည်။ ဘေးမှမြင်းညိုသည် သခင်၏စေခိုင်းမှုမပါဘဲ မြင်းနက်လေးနှင့်အတူ အရှိန်တူစွာပြေးနေ၏။ တဖြည်းဖြည်းနှင့် အရှိန်လျော့ကျသွားသည့် မြင်းနှစ်ကောင်နှင့်အတူ ၎င်းတို့၏သခင်တို့သည်လည်း လှုပ်ရှားမှုများ ရပ်သွားကြသည်။

Meg ၏ မြင်းဇက်ကြိုးကို Castiel လွှတ်ပေးလိုက်သည့်အခါ မြင်းချင်းလည်းခွာသွားကြပြီ။

"အားကိုးနဲ့ အနိုင်ကျင့်တာ။"

မြင်းညိုကြီးကိုမေးငေါ့၍ Meg က ဆိုလေသည်။

"လဲစီးရင်တောင် သခင်မလေးနိုင်မယ်လို့ အာမခံနိုင်လို့လား။"

"ရှင့်ကောင်က တခြားလူနဲ့ဆို ဂျစ်ကန်ကန်နိုင်တယ်။"

Castiel ရယ်လိုက်ပြီး

"ထိန်းတတ်ဖို့လိုတာပါဗျာ။"

Castiel ကိုကြည့်နေသည့် Meg က

"အင်း၊ ဘယ်အရာရာဖြစ်ဖြစ်ပေါ့။"

ခဏအကြာတွင် သစ်ပင်ရိပ်အောက်မှသစ်တုံးပေါ်တွင် ထိုင်နေသည့် Meg နှင့် မလှမ်းမကမ်းမှကျောက်တုံးပေါ်တွင် ထိုင်နေသည့် Castiel တို့အား တွေ့ရမည်ဖြစ်ပြီး ခပ်လှမ်းလှမ်းတွင် မြေပြင်နှင့်သစ်ပင်များကို စူးစမ်းနေသည့် မြင်းနှစ်ကောင်လည်း ရှိနေပေသည်။

"နန်းတော်ထဲရောက်သွားခဲ့မယ်ဆိုရင် ဒီလေပြည်တွေကိုဖမ်းမိဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး Castiel."

'ပြီးတော့ ကျွန်မရဲ့ အပြာရောင်လေညင်းလေးကိုရောပေါ့။'

by Demon

6)

Meg က နန်းတော်ထဲသို့သွားရမည်ဟူသောစကားကို ပြောလာသောကြောင့် Castiel မျက်ခုံးနှစ်ဖက်စလုံး မြင့်တက်သွားရကာ Meg အား စေ့စေ့စပ်စပ်ကြည့်လိုက်မိသည် ။ Meg ကလည်း မိမိကြည့်နေသည်ကို သိသွားဟန်တူသည် ။ 

" ဘာလဲ "

ဟူသော သဘောဖြင့် မေးဆတ်ပြသည် ။ ထို့ကြောင့် အကြည့်လွှဲလိုက်ပြီး

" သခင်မလေးစောစောကပြောလိုက်တဲ့စကားကို စဉ်းစားနေတာ ... နန်းတော်ထဲသွားရမယ်ဆိုတာလေ " 

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် Meg က ဖွဖွပြုံးကာ

" အဖေက ငါ့ကို အိမ်ရှေ့စံမင်းသားနဲ့လက်ထပ်ပေးဖို့စီစဉ်နေတယ် ... ဟိုရက်က နန်းတော်ထဲဝင်တာလည်း အဲ့ဒီကိစ္စကြောင့်ပဲ " 

ဟု ပြောသည် ။ Meg ၏ စကားကြောင့် ရင်ထဲတွင်ဟာသွားရသော်လည်း ပြုံးလိုက်ကာ

" အဲ့ဒါကောင်းတာပေါ့ သခင်မလေးရဲ့ ... သခင်မလေးသာ အိမ်ရှေ့စံနဲ့လက်ထပ်လိုက်ရင် နယ်စားမင်းရော သခင်မလေးရော ဘေးကင်းမှာ "

ဟု ပြောလိုက်သည် ။ Meg က ဤစကားကို

" နန်းတော်ထဲသွားမှဘေးကင်းမှာမှမဟုတ်တာ ... တပ်မှူး Novak ရှိနေရုံနဲ့ ငါရောငါ့အဖေရော ဘေးကင်းပါတယ် " 

ဟု တုံ့ပြန်သဖြင့် ပြုံးလိုက်မိသည် ။ 

7)

Sam ကို အလုပ်ပေးထားပြီး ဥယျာဉ်တော်ထဲတွင် ဟိုဘက်လျှောက်လိုက် သည်ဘက်လျှောက်လိုက်နှင့် ဂနာမငြိမ်ဖြစ်နေသူက Dean ။ Garth က ဂနာမငြိမ်ဖြစ်နေသော Dean ကို ကြည့်ကာ မူးလာဟန်တူသည် ။

" ခဏလောက်ထိုင်နေဖို့ စိတ်ကူးလေးများမရှိဘူးလား အရှင့်သားရယ် "

ဟု ပြောသည် ။ ထို့ကြောင့် Garth ကို လှည့်ကြည့်လိုက်ပြီး

" မင်းမျက်စိနောက်ရင် တခြားဘက်မှာသွားနေ "

ဟု ငေါက်လိုက်သည် ။ ထိုအခါမှ Garth က ဇက်ပုသွားကာ

" ကျွန်တော်မျိုးက အဲ့ဒီသဘောနဲ့ပြောတာမဟုတ်ပါဘူး အရှင့်သားရယ် .... တစ်ရက်တစ်ရက် အရှင့်သားအလုပ်ရှုပ်နေတာကိုမြင်ရတာ စိတ်မသက်သာလို့ပါ "

ဟု ပြောသည် ။ လတ်တလောတွင် Garth ဘာပြောပြော အာရုံစိုက်၍နားထောင်နိုင်မည်မဟုတ်သောကြောင့် 

" Sammy ဆီသွားပြီး အခြေအနေကြည့်လိုက်အုံးမယ် "

ဟု ပြောကာ နေရာမှထွက်လာခဲ့လိုက်သည် ။ 

8)

" ဘာထူးလဲ Sammy "

ဟူသော Dean ၏ မေးခွန်းကို Sam က ခေါင်းခါ၍ပြန်ဖြေသဖြင့် Sam ဘေးတွင် ဝင်ထိုင်လိုက်ကာ

" ဘယ်နေရာမှာ ပြဿနာဖြစ်နေတာလဲ "

ဟု မေးလိုက်သည် ။ ထိုအခါ Sam က သက်ပြင်းချ၍

" ဒီအဆိပ်ကို ဖြေနိုင်တဲ့ဆေးမရှိဘူး Dean ... ငါ နန်းတွင်းသမားတော်တွေကို လိုက်မေးကြည့်ပြီးပြီ ... ပြီးတော့ အဲ့ဒီလိုမဖြေနိုင်တဲ့အဆိပ်ကို ဖော်နိုင်တဲ့လူကိုလည်း မတွေ့ဖူးသေးဘူး "

ဟု ပြောသည် ။ Sam စကားကြောင့် အားပျက်သွားမိသော်လည်း ဤကိစ္စက ကိစ္စကြီးဖြစ်သည် ။ မိမိတို့မတားဆီးနိုင်လျှင် ကြီးကျယ်သောပြဿနာတစ်ခုခု ဖြစ်ပေါ်လာပေလိမ့်မည်ဟု စိတ်ထဲမှ သိနေသည် ။ ထို့ကြောင့် Sam ကို 

" ငါဒီကိစ္စကို မဖြစ်,ဖြစ်တဲ့နည်းနဲ့ဖော်ထုတ်နိုင်မှဖြစ်မယ် Sammy ... မဟုတ်ရင် နောင်တရစရာကိစ္စတွေဖြစ်လာလိမ့်မယ်လို့ ငါ့စိတ်ထဲက သိနေတယ် "

ဟု ပြောလိုက်သည် ။ ပြီးသည်နှင့် မတ်တပ်ထရပ်လိုက်ကာ

" မင်းမှာနမူနာရှိတယ်ဆိုတော့ ငါ ဒါကိုပြန်ယူသွားမယ် ... တစ်ယောက်ယောက်ကတော့ အဖြေရှာနိုင်လောက်မှာပါ "

ဟု ပြောပြီး မိမိယူလာသော မြားနှင့်လက်နက်ငယ်ကို လက်ကိုင်ပဝါနှင့်ပြန်ထုပ်လိုက်သည် ။ 

9)

ယခုတစ်ကြိမ်တွင်လည်း Castiel Novak အား လုပ်ကြံသည့်ကိစ္စ အထမမြောက်ပြန်သောကြောင့် Lilith တစ်ယောက် ဒေါသတို့ကို မထိန်းနိုင်တော့ဘဲ ဤအကြောင်းအား သတင်းပေးပို့လာသည့်လူ၏ပါးကို ဖြန်းခနဲရိုက်လိုက်ပြီး

" မင်းတို့မှာ ဒီဘာမဟုတ်တဲ့လူတစ်ယောက်ကို ရအောင်သတ်ဖို့အရည်အချင်းလေးတောင် မရှိကြတော့ဘူးလား "

ဟု အော်လိုက်သည် ။ ထိုအခါ အရိုက်ခံလိုက်ရသူက မိမိအရှေ့တွင် ဒူးထောက်၍ထိုင်ချကာ

" လုပ်ကြံတဲ့လူက Castiel Novak တစ်ယောက်တည်းမဟုတ်ပါဘူး သခင် ... နောက်ထပ်တစ်ယောက်လည်းပါ,ပါတယ် "

ဟု ပြောသည် ။ ထို့ကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး

" အဲ့ဒီလူက ဘယ်ကလဲ ... ဘယ်သူလဲ "

ဟု မေးလိုက်သည် ။ 

" စုံစမ်းနေတုန်းပါ သခင် "

ဟူသော အဖြေကိုပင်ရပြန်သောကြောင့် သွေးများပင်ဆောင့်တက်လာရသည် ။

သို့သော် ...
ဤကိစ္စကို လက်လွယ်စပယ်စီစဉ်၍မဖြစ်သောကြောင့် ခေါင်းညိတ်လိုက်ပြီး

" သုံးရက်အတွင်း အဲ့ဒီလူဘယ်သူလဲဆိုတာ ရအောင်စုံစမ်းလာခဲ့ကြ ... မသိရရင် မင်းတို့အကုန်အသေပဲ " 

ဟု ပြောကာ ထွက်သွားရန် လက်ဟန်ပြလိုက်သည် ။

10)

" အရှင့်သား သန်းခေါင်တောင်ကျော်နေပြီ မအိပ်သေးဘူးလား ... တစ်နေ့ခင်းလုံး ဒီစာအုပ်တွေပဲဖတ်နေတာ မပင်ပန်းဘူးလား "  

ဟူသော စကားကိုပြောကာ အနားသို့ရောက်လာသော Garth က တဝါးဝါးနှင့်သန်းနေသဖြင့် Dean

" အင်း ... မင်းအိပ်ချင်နေရင် သွားတော့ ... မသွားခင် လက်ဖက်ရည်တစ်ခွက်ဖျော်ပေးခဲ့ " 

ဟု ပြောကာ စာအုပ်ထဲမှ မှတ်ရန်ကျန်နေသေးသောစာများကို စာရွက်ပေါ်သို့ ကူးလိုက်သည် ။ ဤစကားအဆုံးတွင် Garth က

" အရှင့်သား " 

ဟု ကုန်းအော်သည် ။ ထို့ကြောင့် မော့ကြည့်လိုက်ပြီး 

" ကျစ် ... ဘာဖြစ်ပြန်ပြီလဲ  Garth ရာ " 

ဟု မေးလိုက်သည် ။ Garth က

" အရှင့်သား ... အခု လက်ဖက်ရည်တွေသောက်နေတာ ဘယ်နှခွက်ရှိနေပြီလဲ သိရဲ့လားဗျ " 

ဟု ပြောသောအခါမှ စားပွဲခုံပေါ်မှ လက်ဖက်ရည်ခွက်များကိုသတိထားမိသည် ။ 

သို့သော် ...
ချက်ချင်းပင် မျက်နှာပြန်လွှဲလိုက်ကာ 

" မင်းအလုပ်က ငါ့ကိုအထွန့်တက်ဖို့မဟုတ်ဘူး Garth ... အဲ့ဒါကြောင့် ပြောတာသာလုပ်လာခဲ့စမ်းပါ "

ဟု ပြောလိုက်သည် ။ ထိုအခါမှ Garth လည်း အနားမှ ခပ်ကုတ်ကုတ်ထွက်သွားသည် ။

" ကျစ် ... ဘယ်လိုပညာရှင်ကထွင်ထားတာမို့လို့  ဒီလောက်တောင် အဖြေရှာရတာခက်ခဲတာလဲ " 

by the_richone_IX

■■■ Episode (8) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі