Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-9
"Kasami"

"ဘာလဲ"

"မင်း ငါ့ညီလေးကို လက်ထပ်ပါလား"

"Anm..?"

Kasamiဟာ ဆေးဥတူးနေရင်း Fuita၏ စိတ်ပျက်လက်ပျက် မျက်နှာထားအား လှမ်းကြည့်သည်

"ဘာလို့လဲ"

Fuitaဟာ သက်ပြင်းချကာ ဆေးဥများအား တူးရင်းပြန်ဖြေသည်

"Aitaလေးကို စိတ်ပူလို့ပါ... ငါတို့အိမ်တော်မှာက ကြင်ယာတော် မမွေးဖူးဘူး"

"အဲ့ဒီအကြောင်း ငါကြားတော့ ကြားဖူးတယ်... တကယ် Yamato မှာ ကြင်ယာတော် မမွေးဖူးဘူးပေါ့"

"ဟုတ်တယ်... ငါတို့မျိုးရိုးမှာ ကြင်ယာတော်မွေးတာ အိမ်တော်ကို နိမ့်ပါးစေတယ်လို့ လူကြီးတွေက ယူဆကြတယ်"

"ဘာလို့လဲ!!... ဒီလိုပဲ အိမ်တော်တိုင်း.... အိမ်တော်တိုင်း အိမ်တော်မှာ သာယာတဲ့ ဆူညံမှုလေးတွေရှိစေဖို့ အိမ်ရဲ့ဆည်းလည်း အသားသန္ဓေလေး တစ်ယောက်လောက်တော့ ထပ်ယူကြတာပဲကို.."

"ငါတို့အိမ်တော်မှာက သွေးသန္ဓေပဲ ယူကြတာမို့ အသားသန္ဓေ ထပ်ယူဖို့မှ မလိုတာ"

"အဲ့ဒါဆို သွေးသန္ဓေ နှစ်ယောက်ယူတာက Yamatoရဲ့ အစဉ်အလာပေါ့"

"ဟုတ်တယ်... အသားသန္ဓေမမွေးရဘူး... မွေးချင်ရင် သွေးသန္ဓေရအောင်ယူရတယ်"

"အဲ့ဒါကြောင့် မင်းရဲ့ Papaငယ်က သွေးသန္ဓေရအောင် မဖြစ်မနေ ကြိုးစားပေးခဲ့တာကိုးးး... ငါက မင်းရဲ့ Papaငယ်ကို မာနမာန်ကြီးလိုက်တာလို့ ထင်နေတာ"

"အဲ့ဒါလည်း ပါမှာပေါ့... မာန်ဟုန်ကြီးလို့လည်း သွေးသန္ဓေထပ်ရတာလေ... Papaက အစကတည်းက Papaငယ်ကို သွေးသန္ဓေနှစ်ယောက် ယူပေးနိုင်မှန်းသိလို့ ယုံကြည်ချက်ရှိရှိနဲ့ Yamatoကို ခေါ်လာခဲ့တာ"

"အဲ့ဒါနဲ့ ဘာလို့ငါ့ကို Aitaလေးနဲ့ လက်ထပ်ခိုင်းတာလဲ"

"စိတ်ပူလို့ပါ... Aitaလေးက သာမန်နဲ့မှ မတူတာ... သူ့ဒဏ်ကို ဘယ်သူက ခံနိုင်ပါ့မလဲ... ကြင်ယာတော်ဖြစ်လို့ သူများအိမ်တော်မှာ သွားနေရမယ်ဆို ဒုက္ခများနေမှာ"

Fuitaဟာ ခုနှစ် နှစ်သာရှိသေးသော ညီငယ်လေး၏ နောင်ရေးကို ကြိုတင်တွေးပူနေ၏

"ပြီးတော့ Aitaလေးက သုံးမျိုးစပ် သန္ဓေသားဆိုတော့ ဝိုင်းနိုမ်ရင် ဘယ်လိုလုပ်မလဲ"

Kasamiဟာ ရယ်သည်

"Fuita... အဲ့လောက်ထိ ပူမနေစမ်းပါနဲ့ဦးး... ကလေးက ငယ်ငယ်လေးရှိသေးတာကို"

"ကလေးက ကြီးလာမှာလေ"

"Yamato အိမ်တော်က မျိုးဆက်ကို ဘယ်သူ မရိုမသေပြုရဲမှာလဲ... Fuita... "

"ငါပြောတာ အဲ့ဒါမဟုတ်ဘူး..."

"အဲ့ဒါဆို ဘာလဲ??"

"အဲ့ဒါ.... မသိဘူး... ကလေးကို စိတ်ပူတာပဲ သိတယ်... မင်းတို့ အိမ်မှာ ရတနာတွေရှိတယ်မလား... Aitaလေးကို လက်ထပ်ဖို့ လာပြီးလျာထားပါလား... မင်းမှာမရှိရင် ငါပေးမယ်လေ... အဲ့ဒါတွေနဲ့ လာစေ့စပ်လှည့်"

"Fuita... ရူးနေလား... ငါ့ရဲ့ Norga အိမ်တော် က Shouyuအိမ်တော်လေ.... ရတနာမရှိပဲနေမလား... မင်းညီက ငယ်ငယ်လေးကို ငါက လက်ထပ်ပြီး ဘာလုပ်ရမှာလဲ"

"လက်ထပ်ခိုင်းတာ မဟုတ်ဘူးလေ... လျာခိုင်းတာ"

"ထားလိုက်ပါတော့ ငါက လျာထားလိုက်ပြီး သူ့အသက်ပြည့်မှ လက်ထပ်ရမယ်....ဆို ငါက ၂၃နှစ် သူက ၁၅နှစ်.... မင်းအဖေက မင်းညီကို ၁၅နှစ်နဲ့ သူများအိမ်ထည့်ပေးလိုက်မှာမို့လား"

"အဲ့ဒါဆို ကလေး အသက်၂၀ ပြည့်မှ လာယူလေ"

"သူ၂၀ဆို ငါ့အသက်က ၂၈... ၃၀ နားကပ်နေပြီလေ... အထက်ကို ပေးရမယ့် ၂၅နှစ် သွေးအခွန် သန္ဓေသားက ဘယ်လိုလုပ်မလဲ"

"အဲ့ဒါက မပေးနိုင်ရင် အခွန်ဆောင်လို့ရတယ်"

"အခွန်ဆောင်တာက အရေးလား... သူများအိမ်တော်တွေကြားမှာ မျက်နှာငယ်ရတယ်လေ... 25သန္ဓေခွန်ကိုပေးဖို့ ၃နှစ်လွန်ရတာနဲ့ Shouyu ဘွဲ့အသိမ်းခံရမှာ.... ငါ့ကို ငါ့Papa သတ်လိမ့်မယ်"

ထိုအခါ Fuitaဟာ ပြန်ပြောလိုက်သည်

"မင်းနောင်သုံးနှစ်လွန်ချိန်ဆို Aitaက လက်ထပ်လို့ရပြီလေ... ကွက်တိပဲ... ဘာလို့ Shouyuဘွဲ့က အသိမ်းခံရမှာလဲ:::::"

"အာ~~~~~ Fuita...ရူးနေပြီလား .... မင်းဘယ်လိုဖြစ်နေတာလဲ~~~~~"

ညီငယ်လေးအား တခြားသူနှင့် စိတ်မချ၍ အချစ်ဆုံး သူငယ်ချင်းထံသို့ မျက်နှာသေနဲ့ အတင်းထိုးထည့်နေသော Fuita...

"ယူမှာလား... မယူဘူးလား"

×××××

"မင်းညီငယ်ရဲ့ မျက်နှာကို ကြည့်စမ်း Fuita~~~!!"

သခင်ကြီး Yimaဟာ Aita၏ မျက်နှာလေးအား လက်နှစ်ဖက်ဖြင့် ဆွဲမော့၍ မျက်ရည်တို့ရွှဲရွှဲစိုနေသော Fuitaအား ပြလိုက်၏

ဉာဉ့်နက်နက်ဝယ် Yamato အိမ်တော်၌ သားကြီးFuita၏ ပညာရေးနှင့် ပက်သက်၍ သခင်ကြီး Yima၏ ဆူငေါက်သံတို့ဟာ ဆူညံနေသည်

"မြင်လား!!!! မြင်လား... Fuita!!!... အဲ့ဒီ ခုနှစ်နှစ်သားကို နောင်တစ်ချိန်ကျရင် တစ်ချက်လွှတ်အမိန့်နဲ့ ပေးပါဆိုပြီး Shiuyuစာချွန်လွှာတွေ တန်းစီပြီး ရောက်လာစေတော့မှာ!!"

"အိမ်တော်ရဲ့ တာဝန်ကို အပြည့်အဝယူဆောင်ရမယ့် မင်းကဒါကို မျက်ကွယ်ပြုနိုင်တာလား!!... Fuita"

"ဖန်တီးရကျိုး မနပ်လိုက်တာ... နှစ်ယောက်လုံး ငါတို့အိမ်တော်ရဲ့ သွေးမျိုးရိုးမှ ဟုတ်ရဲ့လား!!!!!"

ထိုအခါ Fuita၏ ဖခင်ငယ်ဟာ Fuitaအား ဖက်၍ Yimaအား ဝင်အော်၏

"ကလေးကို အဲ့ဒီလို မပြောပါနဲ့... နှစ်ယောက်လုံးက သခင်ကြီးရဲ့ သွေးသားတွေပါ"

"တိတ်စမ်း!!... ဒီလောက်ပျော့ညံနေတာ Yamato မျိုးနွယ်တွေတဲ့လား!!!!"

Aitaဟာ မျက်ထောင်နီများဖြင့် ဖခင်ဖြစ်သူအား ပြန်အော်သည်

"Aita သူများအိမ်မှာ ကြင်ယာတော် မလုပ်ဘူး!!!!"

Yimaဟာ Aita၏ မျက်နှာလေးအား ဖြတ်ရိုက်လိုက်၏

"တိတ်စမ်း!!! Aita.. သုံးမျိုးစပ် သန္ဓေသားက သုံးမျိုးစပ် သန္ဓေသားနဲ့ တန်တဲ့စကားမျိုးပြောစမ်း.... အိမ်တော်အဆင့် မြင့်တဲ့ဆီက မင်းကိုပေးဖို့ပြောရင် မင်းမှာ ကြင်ယာတော်လုပ်ဖို့ ငြင်းပိုင်ခွင့် မရှိဘူး!!!!... အဆင့်ချင်းတူတဲ့ အိမ်တော်က လာတောင်းရင်တောင် သုံးမျိုးစပ်သန္ဓေသားဖြစ်နေတဲ့ မင်းက ကြင်ယာတော်လုပ်ဖို့ ငြင်းဆန်လို့် မရဘူး!!"

ကလေးအား ရိုက်သောအခါ Fuitaဟာ ငိုလေ၏

Yimaဟာ ရှိုက်ကြီးငင် ငိုယိုနေသော သားကြီးအား ရှေ့ထား၍ ဒေါသတကြီးစကားတို့အား ဆိုနေ၏

"Yamato အိမ်သားဖြစ်ပြီး ပျော့ညံ့လိုက်တာ... မာနမရှိတတ်လိုက်တာ!!!"

"သူများအမိန့်ကို တစ်ခါမှ လက်မခံခဲ့ရဖူးတဲ့ ငါတို့အိမ်တော်က Aitaကြောင့် နောင်8နှစ်ကျရင် သူများစကားအတိုင်း နားထောင်ပေးရတော့မှာ"

"အဲ့ဒီလိုမဖြစ်ဖို့ ဆောင်ရွက်ရမှာ မျိုးဆက်တစ်ခုရဲ့ လုပ်ငန်း တာဝန်ပဲ"

"မင်းမှာ ဒီတာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာ မသိဘူးလား!!!!"

"အခု ချက်ချင်း သန္ဓေသားဖန်တီးတဲ့ ငှာနကို ပြောင်းနိုင်အောင် ကြိုးစားစမ်း!!!!"

"တောထဲမှာပဲ အချိန်ကုန်မနေနဲ့!!!!"

"အခုချိန်ကစပြီး အိမ်တော်ရဲ့ အရာရာတိုင်းကို အမြင့်ဆုံးအဆင့်ဖြစ်နေအောင် လုပ်ဆောင်ရမယ့်အချိန်ကျပြီ"

"ငါတို့အိမ်တော်အထက်မှာ ဘယ်သူမှ မရှိမှ Aitaကို နောင်တစ်ခ်ျန် တောင်းချင်တိုင်း တောင်းလို့မရမှာ"

"ပြိုင်ဘက်ကင်း အိမ်တော် မရှိဖို့လိုတယ်"

"အဲ့ဒါ မင်းသိထား Fuita!!!!!"

×××××

"ငါ ပြောင်းရတော့မယ်.... Papaက ငါ့ကို သွေးသန္ဓေစပ်တဲ့ ပညာရှင်လုပ်ခိုင်းနေပြီ"

"Aitaကြောင့်လား"

"inm... အိမ်တော်ရဲ့ အရာရာတိုင်းကို ထိပ်ဆုံးမှာရှိနေစေဖို့ အရမ်းအရေးကြီးနေပြီ... မဟုတ်ရင် Aitaအရွယ်ရောက်လာရင် Aitaကို တခြားအဆင့်တူ အိမ်တော်က ကြင်ယာတော်လုပ်ဖို့ လာတောင်းလိမ့်မယ်"

"မင်တို့မျိုးရိုးကလည်း မာနကြီးလိုက်တာ... ကိုယ့်ကိုလာမတောင်းစေချင်ရင်... ဘယ်သူမှကိုယ့်ကို လာမတောင်းသေးခင် ကိုယ်က မြန်မြန်သူများကိုတောင်းပြီး လက်ထပ်လိုက်ပေါ့"

"ကြင်ယာတော်က ကြင်ယာဖက်ကို ပြန်ရွေးတာ တော်ဝင်ကြင်ယာတော်ပဲရှိတယ်လေ!!.. အစဉ်အလာကို အလေးထားတဲ့ ငါတို့အိမ်က အဲ့လိုလုပ်မယ်ထင်လို့လား... တော်ကြာ တော်ဝင်မျိုးနွယ်နဲ့ တန်းလိုက်ညှိတယ်ထင်ပြီး ဘုရင်က ငြိုငြင်ဦးမယ်"

"ဘာပဲဖြစ်ဖြစ် ကြင်ယာတော်ဖြစ်သွားရင် ကြင်ယာဖက်က လာတောင်းတာခံပြီးမှ လက်ထပ်ရမှာပဲ မဟုတ်ဘူးလား"

"မသိတော့ဘူး!!!!"

Fuitaဟာ kasami၏ လက်အား အားကိုးတကြီးလှမ်းဆွဲလိုက်၏

"ငါ ညီလေးကို လက်ထပ်ပါ~~!!"

"ဘ-- ဘာ"

Kasamiဟာ မျက်လုံးပြူးသွား၏

"ငါနဲ့Aitaက အသက်ကွာတယ်လေ!!!!"

"အသက်က အရေးကြီးလား... Aitaလေးက မင်းကို ခင်မင်နေတာပဲ... မင်းနည်းနည်းလောက် ကြိုးစားလိုက်ရင် မင်းကိုချစ်သွားမှာ"

"Fu.. Fuita~~!!"

ထိုစဉ် ရုတ်တရက် အော်သံထွက်ပေါ်လာ၏

"Fuita))))).... မင်းရဲ့ ညီသစ်ပင်ပေါ်မှာ!!!"

"ဘာ!!"

Fuitaဟာ ချာခနဲ လှည့်ကြည့်သည်

Aitaလေး သစ်ပင်ပေါ် တတ်ဆော့နေသည် ဟူ၍ Fuita ဒေါင်ချာစိုင်းပြေးသွား၏

မကြာခင် သစ်ပုတ်ကဲ့သို့သော နှစ်ချို့ အပင်မြင့်မြင့်ပေါ်၌ ငှက်ဖမ်းနေသော Aitaအား မြင်ရလေသည်

Fuita သစ်ပင်အောက်မှ အသံကုန်ခြစ် အော်လိုက်၏

"Aita))))))) အောက်ဆင်းစမ်း!!!"

Aitaဟာ Fuitaအသံကြားသည်နှင့် သစ်ကိုင်းပေါ်မှ မျက်နှာစူ၍ ပြန်ငုံ့ကြည့်သည်

Fuitaဟာ သစ်ပင်အောက်မှ ခါးထောက်၍ မာန်မဲနေ၏

"မင်းကို ငါရိုက်ရမလား!!"

Aitaဟာ စကားနားမထောင်၍ ရှေ့ရှိငှက်သိုက်မှ ငှက်ဥရှိရာကိုသာ ပြန်လည်ဦးတည်လိုက်၏

Fuita လိပ်ခေါင်းထွက်မတတ် အော်ငေါက်လိုက်သည်

"Aita))))))))))))))"

Aitaဟာ ပန်းနဲ့ပေါက်နေသလိုမျိုး အစ်ကိုဖြစ်သူအား ပြန်ငုံ့ကြည့်သည်

ထို့နောက် ခွထိုင်နေသော သစ်ကိုင်းအား အရွဲ့တိုက်၍ ယိမ်းခါနေအောင် လှုပ်ပြလိုက်၏

Fuita မျက်လုံးပြူးကာ ပြာကလောင်ခတ်သွားသည်

"A.. Aita~~"

Aitaဟာ သစ်ပင်ပေါ်၌ မိုးပျံနေအောင် ကမြင်းကျောထကာ လှုပ်ခါနေ၏

"ကျွီးး ကျွိ ကျွီ ကျွီ"

Aita ယိမ်းထိုးနေလေ Fuitaခမျာ အောက်ကနေ ဟိုပြေးလိုက် ဒီပြေးလိုက် အသည်းတုန်နေလေ ဖြစ်နေ၏

"လုပ်.. လုပ်ကြပါဦး.... ကျွန်တော့် ညီလေး ပြုတ်ကျတော့မယ်"
"ကလေးက ကြင်ယာတော်လေးပါ~~ အောက်ပြုတ်ကျလို့မဖြစ်ဘူး"

တောတွင်းသား စီနီယာသင်တန်းသားကြီးတွေက Aitaအား ကြင်ယာတော်ဆို၍ ဒဏ်ရာမရစေရန် ပြာပြာသလဲ Fuitaကို အကူညီပေးကာ သူတို့ဝတ်ထားသော ဝတ်ရုံကို ဖြန့်၍ပြာကလူးခါ ဝိုင်းခံပေးကြသည်

သို့သော် အဝတ်စဟာ လုံလောက်သော ကာကွယ်မှုအခုအခံအဖြစ် မရှိပေးနိုင်ပေ

ရုတ်တရက် Aitaတတ်ခွထိုင်နေသော သစ်ကိုင်းဟာ အသံမြည်သွားသည်

"ဂျွတ်"

ကျောင်းသား အားလုံး မျက်လုံးပြူးသွားသည်

Aitaဟာ သစ်ကိုင်းအသံမြည်သောအခါ ခေတ္တငြိမ်၍ သူ့အစ်ကိုအား မျက်လုံးပြူးငုံ့ကြည့်သည်

"အစ်ကိုတော်~ လုပ်ပါဦး~~"

Aita စကားမဆုံးသေးပေ သစ်ကိုင်းကျိုးကျသွား၏

"arrrrr))))"

Fuitaဟာ သူ့ညီအား အောက်မှပြေးခံ၍ ဖမ်းသည်

Aitaဟာ ဝေဟင်ထက်မှ ပြုတ်ကျလာကာ Fuita၏ ရင်ဘက်ကြီးပေါ်သို့ ဘိုင်းခနဲ မှောက်ကျသွား၏

Aitaဟာ လေးလံသည့် ခန္ဓာကိုယ်ရှိသောကြောင့် Fuitaဟာ မခံနိုင်စွာ ပြင်းထန်သော ရင်ဘက်ဒဏ်ရာဖြင့် Aitaအား ရင်ခွင်၌ပိုက်၍ တစ်ခါတည်း သတိလစ်သွားလေသည်

Aitaဟာ သူ့အစ်ကို သေပြီထင်၍ ကြူကြူပါအောင် အော်ငိုလေ၏

တောတွင်းသား ကျောင်းသားကြီးများဟာ Fuitaအား ဆေးကုသဆောင်သို့ သယ်ဆောင်လာကြသည်

××××××

Makuဟာ ရွှေအိုရောင် စိုက်ပျိုးရေး မြို့တော်တွင် Shouyuမဟုတ်သော အထက်တန်းစားအဆင့်ရှိသည့် အိမ်ကြီး အိမ်ကောင်းများနှင့် အလတ်တန်းစား အိမ်များငယ်များ၏ ရှေ့၌ နှင်းရည်ပျော်၍ တင်ကျန်သော နွေဦးသစ်ရွက်ခြောက် အညစ်အကြေးများကို တံမြတ်စည်းဖြင့် လိုက်လံရှင်းလင်းကာ ရေဖြန်း၍ သန့်စင်ပေးခြင်းဖြင့် သူ၏ တစ်နေ့တာ ဝင်ငွေကို ရှာလေ့ရှိသည်

စစ်တပ်ဟုခေါ်သော ရတနာအိမ်တော်ကို ကာကွယ်ရန် ဖွဲ့စည်းထားသည့် ကိုယ်ရံတော်တပ်မများကို ပိုင်ဆိုင်သည့် Defulo၏ အခွင့်ထူးခံ Shouyuအိမ်တော်ဖြစ်လာရန် အထက်တန်းစား အိမ်တော်သည် အခြေခံအဆင့် ဖြစ်သည်ဟု ဆိုပင်ဆိုညားသော်လည်း အထက်တန်းစား အိမ်တော်အဆင့်နှင့် Shouyu အိမ်တော်အဆင့်၏ ကွာခြားချက်က ကြီးမားလွန်းလှ၏

တစ်ချို့သော အထက်တန်းစား အိမ်တော်ကြီးများဟာ Shouyu အိမ်တော်များကဲ့သို့ အစေခံအင်အား အများအပြားကို ထာဝရ ထိန်းသိမ်းကျွေးမွေးထားနိုင်ခြင်းပင် မရှိကြပေ

လုပ်သားအင်အား အရေးပေါ်လိုအပ်လာသည့်အခါ Makuဟာ ပြင်ပလုပ်သားအနေနှင့် အထက်တန်းစား အိမ်တော်ကြီးများတွင် အခကြေးငွေ အနည်းငယ်ဖြင့် လိုက်လံလုပ်ကိုင်လေ့ရှိသည်

×××××

Defulo၌ ...

တော်ဝင် လူတန်းစား ...
Shouyu အိမ်တော်သား ...
အထက်တန်းစား...
အလတ်တန်းစား...
အစေခံကျွန်...
လိင်လူတန်းစား.... ဟူ၍ ခြောက်မျိုးရှိသည်

Defulo၌ ရတနာ လုပ်ငန်း အဓိကလုပ်ကိုင်သော Shouyu အိမ်တော်များ မြောက်များစွာရှိကြသလို အထက်တန်းစား အိမ်တော်ဆိုသည်မှာလည်း မရေတွက်နိုင်လောက်အောင် များလှသည်

ကိုယ့်စီးပွားရေးကို ပြင်ပလူအင်အား မပါဘဲ ကိုယ့်မိသားစုကသာ တစ်နိုင်တစ်ပိုင်လုပ်၍ စားဖို့သောက်ဖို့ဝတ်ဖို့ လုံလောက်စွာ အပိုအလျှံမဲ့ ကောင်းကောင်း စုဆောင်းနိုင်သော အလတ်တန်းစား အိမ်တော်များကတော့ နည်းလှ၏

Defulo၌ လူတန်းစား ခြောက်မျိုးရှိသည့်အနက် အောက်ခြေလူတန်းစားဟု ခေါ်ဆိုသော အစေခံ ကျွန်လူတန်းစားကတော့ အခြားသော လူတန်းစား ငါးမျိုး၏ စုစုပေါင်းထက် ငါးဆ ပိုများသည်

ဒုတိယအများဆုံး အဆင့်၌ လိင်လူတန်းစားက တည်ရှိသည်

ထပ်မံ၍ အစေခံ လူတန်းစားနှင့် လိင်လူတန်းစားတွင် မရေမတွက်နိုင်သော လူတန်းစား အဆင့်အတန်းများစွာကလည်း ရှိနေပြန်သေးသည်

သူ့အဆင့်အတန်းနှင့်သူ ရရှိသည့် အခွင့်အရေးပေါင်းများစွာ ရှိ၏

ကျိန်စာနယ်မြေဖြစ်သည့်အတွက် အဆင့်အတန်းအလိုက် စောင့်ထိန်းရသည့် အခြေခံစည်းများကလည်း မတူညီကြပေ

လူတန်းစားမြင့်လေ တစ်ဦးချင်းဆီ တစ်ဦးချင်းဆီ လိုက်နာရသည့် ကျိန်စာစည်းကမ်းတို့က ပိုမြင့်သွား၏

ဤတွင်မှ နောက်ဆုံး လူတန်းစားဖြစ်သော လိင်လူတန်းစားသည် Defulo၌ အလွတ်လပ်ဆုံးသော လူတန်းစားဖြစ်သည်

လိင်လူတန်းစားသည် သေဆုံးပြီးလျှင် နောင်ဘဝ Defulo၌ လူပြန်မဖြစ်ခွင့်မရှိ... အထက်ကောင်းကင်ဘုံသို့ ထာဝရ တတ်ခွင့်မရှိသော ဘဝအဆုံးသတ်ပြီးဖြစ်သည့် လူတန်းစားဖြစ်သည်

××××××

ညရောက်သော် Fuitaဟာ ပြန်လည်သတိရလာ၏

"Fuita~~ သတိရလာပြီ သခင်ကြီး"

YamaToသခင်ကြီး Yima အပြေးလေး အနားကပ်လာသည်

"Fuita နိုးလာပြီလား"

Fuitaဟာ အိပ်ယာမှ ထလာလေသည်

"ဘယ်လိုနေသေးလဲ ငါ့သား"

"ဘယ်လိုမှ မနေတော့ပါဘူး~~ Aitaရော.. ကလေး ဘာဖြစ်သွားသေးလဲ??"

Aitaဟု မေးသည်နဲ့ Yima သခင်ကြီး စိတ်တိုတို မျက်နှာတင်းသွား၏

"Aita ကို အပြစ်ပေးထားတယ်"
"မမေးနဲ့!!"
"ဒီလောက် ပြဿနာအကြီးကြီးကို ဖန်တီးခဲ့တာ များများ အပြစ်ပေးရမှာ"

"ဟင်~ ဘာလို့လဲ"

"မင်းသေရင် ငါတို့ ဘာဖြစ်မလဲဆိုတာ မသိရော့သလား Fuita!!!"

Fuitaဟာ ထိုစကားအား သတိမပြုနိုင်
Aitaကိုသာ စိုးရိမ်စွာ အသည်းအသန် မေး၏

"Aitaရော?? Aita ဘယ်မှာလဲ? ကလေးကို ဘာလုပ်ထားပြန်ပြီလဲ"

Yimaဟာ စိတ်မရှည်စွာ အနောက်လှည့်သွား၏

"မင်းရဲ့ညီကို ဒူးထောက်ခိုင်းထားတယ်"

Fuitaဟာ ကုတင်ပေါ်မှ ကမူးကရူး ဆင်းပြေးရာ ထလိမ့်ကောက်ကွေး ပြုတ်ကျ၏

Fuitaဟာ ပြန်ထ၍ Aitaရှိရာသို့ အော်ပြေးလေ၏

"Papaတို့ ရူးနေလား))))))"

"Aita ဘယ်မှာလဲ!!!! ဘယ်မှာ ဒူးထောက်ခိုင်းထားတာလဲ)))))) ဘယ်မှာလဲ.. ဘယ်မှာလဲ.. ကလေးဘယ်မှာလဲ"

Fuitaဟာ အိမ်တော်ကြီးထဲ၌ ဝုန်းဒိုင်းကြဲ၍ ဟိုပြေးလိုက် ဒီပြေးလိုက် ညီဖြစ်သူအား ရှာလေသည်မှာ လိုက်ဖမ်း၍ပင်မမိပေ

မကြာခင် Aitaအား အိမ်အပြင် လရောင်အောက်၌ ဒူးလေးထောက်၍ လက်မြှောက်နေသည်အား တွေ့လိုက်ရ၏

Fuitaဟာ သူ့အဖေနှစ်ယောက်အား အသကုန် အသကန်း ဒေါသတကြီး အော်ဟစ်လေသည်

"ကလေးကို ဘာလို့ ဒူးထောက်ခိုင်းတာလဲ))))) ဒူးခေါင်းမှာ အမာရွတ်ထင်သွားရင် Papaတို့ တာဝန်ယူမှာလား!!!!"

Fuitaဟာ ဒူးထောက်နေသော Aitaအား ရင်ခွင်၌ ပွေ့ချီ၍ အဖေနှစ်ယောက်ကို ပွစိပွစိလုပ်ကာ အထဲသို့ပြန်ဝင်သွားသည်

"ကလေးက ကြင်ယာတော်မှန်း ကြင်ယာဖက်မှန်း သေချာ မသိရတဲ့အထဲ အဖေတွေလုပ်ပြီး ကောင်းကောင်း ဂရုစိုက်ရကောင်းမှန်း မသိကြဘူး"

ဖခင်နှစ်ဦးမှာ အမှတ်မထင် သားဖြစ်သူထံမှ ပြည်လည်အငေါက်ခံရ၍ ကြောင်တောင်တောင်လေး ရပ်နေကြသည်

မကြာခင် Yimaသခင်ကြီး၏ ကြိမ်းမောင်းသံ ထွက်ပေါ်လာလေ၏

"ဟေ့ကောင် Fuita)))))))))"

Fuitaဟာ Aitaအား လက်မှဆွဲ၍ တစ်ချိုးတည်း သုတ်လေသည်

××××××

Continue----

~~~~~~~~~~

Zawgyi Code:

"Kasami"

"ဘာလဲ"

"မင္း ငါ့ညီေလးကို လက္ထပ္ပါလား"

"Anm..?"

Kasamiဟာ ေဆးဥတူးေနရင္း Fuita၏ စိတ္ပ်က္လက္ပ်က္ မ်က္နွာထားအား လွမ္းၾကည့္သည္

"ဘာလို႔လဲ"

Fuitaဟာ သက္ျပင္းခ်ကာ ေဆးဥမ်ားအား တူးရင္းျပန္ေျဖသည္

"Aitaေလးကို စိတ္ပူလို႔ပါ... ငါတို႔အိမ္ေတာ္မွာက ၾကင္ယာေတာ္ မေမြးဖူးဘူး"

"အဲ့ဒီအေၾကာင္း ငါၾကားေတာ့ ၾကားဖူးတယ္... တကယ္ Yamato မွာ ၾကင္ယာေတာ္ မေမြးဖူးဘူးေပါ့"

"ဟုတ္တယ္... ငါတို႔မ်ိဳးရိုးမွာ ၾကင္ယာေတာ္ေမြးတာ အိမ္ေတာ္ကို နိမ့္ပါးေစတယ္လို႔ လူႀကီးေတြက ယူဆၾကတယ္"

"ဘာလို႔လဲ!!... ဒီလိုပဲ အိမ္ေတာ္တိုင္း.... အိမ္ေတာ္တိုင္း အိမ္ေတာ္မွာ သာယာတဲ့ ဆူညံမႈေလးေတြရွိေစဖို႔ အိမ္ရဲ႕ဆည္းလည္း အသားသေနၶေလး တစ္ေယာက္ေလာက္ေတာ့ ထပ္ယူၾကတာပဲကို.."

"ငါတို႔အိမ္ေတာ္မွာက ေသြးသေနၶပဲ ယူၾကတာမို႔ အသားသေနၶ ထပ္ယူဖို႔မွ မလိုတာ"

"အဲ့ဒါဆို ေသြးသေနၶ နွစ္ေယာက္ယူတာက Yamatoရဲ႕ အစဥ္အလာေပါ့"

"ဟုတ္တယ္... အသားသေနၶမေမြးရဘူး... ေမြးခ်င္ရင္ ေသြးသေနၶရေအာင္ယူရတယ္"

"အဲ့ဒါေၾကာင့္ မင္းရဲ႕ Papaငယ္က ေသြးသေနၶရေအာင္ မျဖစ္မေန ႀကိဳးစားေပးခဲ့တာကိုးးး... ငါက မင္းရဲ႕ Papaငယ္ကို မာနမာန္ႀကီးလိုက္တာလို႔ ထင္ေနတာ"

"အဲ့ဒါလည္း ပါမွာေပါ့... မာန္ဟုန္ႀကီးလို႔လည္း ေသြးသေနၶထပ္ရတာေလ... Papaက အစကတည္းက Papaငယ္ကို ေသြးသေနၶနွစ္ေယာက္ ယူေပးနိုင္မွန္းသိလို႔ ယံုၾကည္ခ်က္ရွိရွိနဲ႔ Yamatoကို ေခၚလာခဲ့တာ"

"အဲ့ဒါနဲ႔ ဘာလို႔ငါ့ကို Aitaေလးနဲ႔ လက္ထပ္ခိုင္းတာလဲ"

"စိတ္ပူလို႔ပါ... Aitaေလးက သာမန္နဲ႔မွ မတူတာ... သူ႔ဒဏ္ကို ဘယ္သူက ခံနိုင္ပါ့မလဲ... ၾကင္ယာေတာ္ျဖစ္လို႔ သူမ်ားအိမ္ေတာ္မွာ သြားေနရမယ္ဆို ဒုကၡမ်ားေနမွာ"

Fuitaဟာ ခုနွစ္ နွစ္သာရွိေသးေသာ ညီငယ္ေလး၏ ေနာင္ေရးကို ႀကိဳတင္ေတြးပူေန၏

"ၿပီးေတာ့ Aitaေလးက သံုးမ်ိဳးစပ္ သေနၶသားဆိုေတာ့ ဝိုင္းနိုမ္ရင္ ဘယ္လိုလုပ္မလဲ"

Kasamiဟာ ရယ္သည္

"Fuita... အဲ့ေလာက္ထိ ပူမေနစမ္းပါနဲ႔ဦးး... ကေလးက ငယ္ငယ္ေလးရွိေသးတာကို"

"ကေလးက ႀကီးလာမွာေလ"

"Yamato အိမ္ေတာ္က မ်ိဳးဆက္ကို ဘယ္သူ မရိုမေသျပဳရဲမွာလဲ... Fuita... "

"ငါေျပာတာ အဲ့ဒါမဟုတ္ဘူး..."

"အဲ့ဒါဆို ဘာလဲ??"

"အဲ့ဒါ.... မသိဘူး... ကေလးကို စိတ္ပူတာပဲ သိတယ္... မင္းတို႔ အိမ္မွာ ရတနာေတြရွိတယ္မလား... Aitaေလးကို လက္ထပ္ဖို႔ လာၿပီးလ်ာထားပါလား... မင္းမွာမရွိရင္ ငါေပးမယ္ေလ... အဲ့ဒါေတြနဲ႔ လာေစ့စပ္လွည့္"

"Fuita... ရူးေနလား... ငါ့ရဲ႕ Norga အိမ္ေတာ္ က Shouyuအိမ္ေတာ္ေလ.... ရတနာမရွိပဲေနမလား... မင္းညီက ငယ္ငယ္ေလးကို ငါက လက္ထပ္ၿပီး ဘာလုပ္ရမွာလဲ"

"လက္ထပ္ခိုင္းတာ မဟုတ္ဘူးေလ... လ်ာခိုင္းတာ"

"ထားလိုက္ပါေတာ့ ငါက လ်ာထားလိုက္ၿပီး သူ႔အသက္ျပည့္မွ လက္ထပ္ရမယ္....ဆို ငါက ၂၃နွစ္ သူက ၁၅နွစ္.... မင္းအေဖက မင္းညီကို ၁၅နွစ္နဲ႔ သူမ်ားအိမ္ထည့္ေပးလိုက္မွာမို႔လား"

"အဲ့ဒါဆို ကေလး အသက္၂၀ ျပည့္မွ လာယူေလ"

"သူ၂၀ဆို ငါ့အသက္က ၂၈... ၃၀ နားကပ္ေနၿပီေလ... အထက္ကို ေပးရမယ့္ ၂၅နွစ္ ေသြးအခြန္ သေနၶသားက ဘယ္လိုလုပ္မလဲ"

"အဲ့ဒါက မေပးနိုင္ရင္ အခြန္ေဆာင္လို႔ရတယ္"

"အခြန္ေဆာင္တာက အေရးလား... သူမ်ားအိမ္ေတာ္ေတြၾကားမွာ မ်က္နွာငယ္ရတယ္ေလ... 25သေနၶခြန္ကိုေပးဖို႔ ၃နွစ္လြန္ရတာနဲ႔ Shouyu ဘြဲ႕အသိမ္းခံရမွာ.... ငါ့ကို ငါ့Papa သတ္လိမ့္မယ္"

ထိုအခါ Fuitaဟာ ျပန္ေျပာလိုက္သည္

"မင္းေနာင္သံုးနွစ္လြန္ခ်ိန္ဆို Aitaက လက္ထပ္လို႔ရၿပီေလ... ကြက္တိပဲ... ဘာလို႔ Shouyuဘြဲ႕က အသိမ္းခံရမွာလဲ:::::"

"အာ~~~~~ Fuita...ရူးေနၿပီလား .... မင္းဘယ္လိုျဖစ္ေနတာလဲ~~~~~"

ညီငယ္ေလးအား တျခားသူနွင့္ စိတ္မခ်၍ အခ်စ္ဆံုး သူငယ္ခ်င္းထံသို႔ မ်က္နွာေသနဲ႔ အတင္းထိုးထည့္ေနေသာ Fuita...

"ယူမွာလား... မယူဘူးလား"

×××××

"မင္းညီငယ္ရဲ႕ မ်က္နွာကို ၾကည့္စမ္း Fuita~~~!!"

သခင္ႀကီး Yimaဟာ Aita၏ မ်က္နွာေလးအား လက္နွစ္ဖက္ျဖင့္ ဆြဲေမာ့၍ မ်က္ရည္တို႔႐ႊဲ႐ႊဲစိုေနေသာ Fuitaအား ျပလိုက္၏

ဉာဥ့္နက္နက္ဝယ္ Yamato အိမ္ေတာ္၌ သားႀကီးFuita၏ ပညာေရးနွင့္ ပက္သက္၍ သခင္ႀကီး Yima၏ ဆူေငါက္သံတို႔ဟာ ဆူညံေနသည္

"ျမင္လား!!!! ျမင္လား... Fuita!!!... အဲ့ဒီ ခုနွစ္နွစ္သားကို ေနာင္တစ္ခ်ိန္က်ရင္ တစ္ခ်က္လႊတ္အမိန္႔နဲ႔ ေပးပါဆိုၿပီး Shiuyuစာခြၽန္လႊာေတြ တန္းစီၿပီး ေရာက္လာေစေတာ့မွာ!!"

"အိမ္ေတာ္ရဲ႕ တာဝန္ကို အျပည့္အဝယူေဆာင္ရမယ့္ မင္းကဒါကို မ်က္ကြယ္ျပဳနိုင္တာလား!!... Fuita"

"ဖန္တီးရက်ိဳး မနပ္လိုက္တာ... နွစ္ေယာက္လံုး ငါတို႔အိမ္ေတာ္ရဲ႕ ေသြးမ်ိဳးရိုးမွ ဟုတ္ရဲ႕လား!!!!!"

ထိုအခါ Fuita၏ ဖခင္ငယ္ဟာ Fuitaအား ဖက္၍ Yimaအား ဝင္ေအာ္၏

"ကေလးကို အဲ့ဒီလို မေျပာပါနဲ႔... နွစ္ေယာက္လံုးက သခင္ႀကီးရဲ႕ ေသြးသားေတြပါ"

"တိတ္စမ္း!!... ဒီေလာက္ေပ်ာ့ညံေနတာ Yamato မ်ိဳးႏြယ္ေတြတဲ့လား!!!!"

Aitaဟာ မ်က္ေထာင္နီမ်ားျဖင့္ ဖခင္ျဖစ္သူအား ျပန္ေအာ္သည္

"Aita သူမ်ားအိမ္မွာ ၾကင္ယာေတာ္ မလုပ္ဘူး!!!!"

Yimaဟာ Aita၏ မ်က္နွာေလးအား ျဖတ္ရိုက္လိုက္၏

"တိတ္စမ္း!!! Aita.. သံုးမ်ိဳးစပ္ သေနၶသားက သံုးမ်ိဳးစပ္ သေနၶသားနဲ႔ တန္တဲ့စကားမ်ိဳးေျပာစမ္း.... အိမ္ေတာ္အဆင့္ ျမင့္တဲ့ဆီက မင္းကိုေပးဖို႔ေျပာရင္ မင္းမွာ ၾကင္ယာေတာ္လုပ္ဖို႔ ျငင္းပိုင္ခြင့္ မရွိဘူး!!!!... အဆင့္ခ်င္းတူတဲ့ အိမ္ေတာ္က လာေတာင္းရင္ေတာင္ သံုးမ်ိဳးစပ္သေနၶသားျဖစ္ေနတဲ့ မင္းက ၾကင္ယာေတာ္လုပ္ဖို႔ ျငင္းဆန္လို႔္ မရဘူး!!"

ကေလးအား ရိုက္ေသာအခါ Fuitaဟာ ငိုေလ၏

Yimaဟာ ရိႈက္ႀကီးငင္ ငိုယိုေနေသာ သားႀကီးအား ေရွ႕ထား၍ ေဒါသတႀကီးစကားတို႔အား ဆိုေန၏

"Yamato အိမ္သားျဖစ္ၿပီး ေပ်ာ့ညံ့လိုက္တာ... မာနမရွိတတ္လိုက္တာ!!!"

"သူမ်ားအမိန္႔ကို တစ္ခါမွ လက္မခံခဲ့ရဖူးတဲ့ ငါတို႔အိမ္ေတာ္က Aitaေၾကာင့္ ေနာင္8နွစ္က်ရင္ သူမ်ားစကားအတိုင္း နားေထာင္ေပးရေတာ့မွာ"

"အဲ့ဒီလိုမျဖစ္ဖို႔ ေဆာင္႐ြက္ရမွာ မ်ိဳးဆက္တစ္ခုရဲ႕ လုပ္ငန္း တာဝန္ပဲ"

"မင္းမွာ ဒီတာဝန္ကို ထမ္းေဆာင္ရမယ္ဆိုတာ မသိဘူးလား!!!!"

"အခု ခ်က္ခ်င္း သေနၶသားဖန္တီးတဲ့ ငွာနကို ေျပာင္းနိုင္ေအာင္ ႀကိဳးစားစမ္း!!!!"

"ေတာထဲမွာပဲ အခ်ိန္ကုန္မေနနဲ႔!!!!"

"အခုခ်ိန္ကစၿပီး အိမ္ေတာ္ရဲ႕ အရာရာတိုင္းကို အျမင့္ဆံုးအဆင့္ျဖစ္ေနေအာင္ လုပ္ေဆာင္ရမယ့္အခ်ိန္က်ၿပီ"

"ငါတို႔အိမ္ေတာ္အထက္မွာ ဘယ္သူမွ မရွိမွ Aitaကို ေနာင္တစ္ခ်္န္ ေတာင္းခ်င္တိုင္း ေတာင္းလို႔မရမွာ"

"ၿပိဳင္ဘက္ကင္း အိမ္ေတာ္ မရွိဖို႔လိုတယ္"

"အဲ့ဒါ မင္းသိထား Fuita!!!!!"

×××××

"ငါ ေျပာင္းရေတာ့မယ္.... Papaက ငါ့ကို ေသြးသေနၶစပ္တဲ့ ပညာရွင္လုပ္ခိုင္းေနၿပီ"

"Aitaေၾကာင့္လား"

"inm... အိမ္ေတာ္ရဲ႕ အရာရာတိုင္းကို ထိပ္ဆံုးမွာရွိေနေစဖို႔ အရမ္းအေရးႀကီးေနၿပီ... မဟုတ္ရင္ Aitaအ႐ြယ္ေရာက္လာရင္ Aitaကို တျခားအဆင့္တူ အိမ္ေတာ္က ၾကင္ယာေတာ္လုပ္ဖို႔ လာေတာင္းလိမ့္မယ္"

"မင္တို႔မ်ိဳးရိုးကလည္း မာနႀကီးလိုက္တာ... ကိုယ့္ကိုလာမေတာင္းေစခ်င္ရင္... ဘယ္သူမွကိုယ့္ကို လာမေတာင္းေသးခင္ ကိုယ္က ျမန္ျမန္သူမ်ားကိုေတာင္းၿပီး လက္ထပ္လိုက္ေပါ့"

"ၾကင္ယာေတာ္က ၾကင္ယာဖက္ကို ျပန္ေ႐ြးတာ ေတာ္ဝင္ၾကင္ယာေတာ္ပဲရွိတယ္ေလ!!.. အစဥ္အလာကို အေလးထားတဲ့ ငါတို႔အိမ္က အဲ့လိုလုပ္မယ္ထင္လို႔လား... ေတာ္ၾကာ ေတာ္ဝင္မ်ိဳးႏြယ္နဲ႔ တန္းလိုက္ညိွတယ္ထင္ၿပီး ဘုရင္က ၿငိဳျငင္ဦးမယ္"

"ဘာပဲျဖစ္ျဖစ္ ၾကင္ယာေတာ္ျဖစ္သြားရင္ ၾကင္ယာဖက္က လာေတာင္းတာခံၿပီးမွ လက္ထပ္ရမွာပဲ မဟုတ္ဘူးလား"

"မသိေတာ့ဘူး!!!!"

Fuitaဟာ kasami၏ လက္အား အားကိုးတႀကီးလွမ္းဆြဲလိုက္၏

"ငါ ညီေလးကို လက္ထပ္ပါ~~!!"

"ဘ-- ဘာ"

Kasamiဟာ မ်က္လံုးျပဴးသြား၏

"ငါနဲ႔Aitaက အသက္ကြာတယ္ေလ!!!!"

"အသက္က အေရးႀကီးလား... Aitaေလးက မင္းကို ခင္မင္ေနတာပဲ... မင္းနည္းနည္းေလာက္ ႀကိဳးစားလိုက္ရင္ မင္းကိုခ်စ္သြားမွာ"

"Fu.. Fuita~~!!"

ထိုစဥ္ ရုတ္တရက္ ေအာ္သံထြက္ေပၚလာ၏

"Fuita))))).... မင္းရဲ႕ ညီသစ္ပင္ေပၚမွာ!!!"

"ဘာ!!"

Fuitaဟာ ခ်ာခနဲ လွည့္ၾကည့္သည္

Aitaေလး သစ္ပင္ေပၚ တတ္ေဆာ့ေနသည္ ဟူ၍ Fuita ေဒါင္ခ်ာစိုင္းေျပးသြား၏

မၾကာခင္ သစ္ပုတ္ကဲ့သို႔ေသာ နွစ္ခ်ိဳ႕ အပင္ျမင့္ျမင့္ေပၚ၌ ငွက္ဖမ္းေနေသာ Aitaအား ျမင္ရေလသည္

Fuita သစ္ပင္ေအာက္မွ အသံကုန္ျခစ္ ေအာ္လိုက္၏

"Aita))))))) ေအာက္ဆင္းစမ္း!!!"

Aitaဟာ Fuitaအသံၾကားသည္နွင့္ သစ္ကိုင္းေပၚမွ မ်က္နွာစူ၍ ျပန္ငံု႔ၾကည့္သည္

Fuitaဟာ သစ္ပင္ေအာက္မွ ခါးေထာက္၍ မာန္မဲေန၏

"မင္းကို ငါရိုက္ရမလား!!"

Aitaဟာ စကားနားမေထာင္၍ ေရွ႕ရွိငွက္သိုက္မွ ငွက္ဥရွိရာကိုသာ ျပန္လည္ဦးတည္လိုက္၏

Fuita လိပ္ေခါင္းထြက္မတတ္ ေအာ္ေငါက္လိုက္သည္

"Aita))))))))))))))"

Aitaဟာ ပန္းနဲ႔ေပါက္ေနသလိုမ်ိဳး အစ္ကိုျဖစ္သူအား ျပန္ငံု႔ၾကည့္သည္

ထို႔ေနာက္ ခြထိုင္ေနေသာ သစ္ကိုင္းအား အ႐ြဲ႕တိုက္၍ ယိမ္းခါေနေအာင္ လႈပ္ျပလိုက္၏

Fuita မ်က္လံုးျပဴးကာ ျပာကေလာင္ခတ္သြားသည္

"A.. Aita~~"

Aitaဟာ သစ္ပင္ေပၚ၌ မိုးပ်ံေနေအာင္ ကျမင္းေက်ာထကာ လႈပ္ခါေန၏

"ကြၽီးး ကြၽိ ကြၽီ ကြၽီ"

Aita ယိမ္းထိုးေနေလ Fuitaခမ်ာ ေအာက္ကေန ဟိုေျပးလိုက္ ဒီေျပးလိုက္ အသည္းတုန္ေနေလ ျဖစ္ေန၏

"လုပ္.. လုပ္ၾကပါဦး.... ကြၽန္ေတာ့္ ညီေလး ျပဳတ္က်ေတာ့မယ္"
"ကေလးက ၾကင္ယာေတာ္ေလးပါ~~ ေအာက္ျပဳတ္က်လို႔မျဖစ္ဘူး"

ေတာတြင္းသား စီနီယာသင္တန္းသားႀကီးေတြက Aitaအား ၾကင္ယာေတာ္ဆို၍ ဒဏ္ရာမရေစရန္ ျပာျပာသလဲ Fuitaကို အကူညီေပးကာ သူတို႔ဝတ္ထားေသာ ဝတ္ရံုကို ျဖန္႔၍ျပာကလူးခါ ဝိုင္းခံေပးၾကသည္

သို႔ေသာ္ အဝတ္စဟာ လံုေလာက္ေသာ ကာကြယ္မႈအခုအခံအျဖစ္ မရွိေပးနိုင္ေပ

ရုတ္တရက္ Aitaတတ္ခြထိုင္ေနေသာ သစ္ကိုင္းဟာ အသံျမည္သြားသည္

"ဂြၽတ္"

ေက်ာင္းသား အားလံုး မ်က္လံုးျပဴးသြားသည္

Aitaဟာ သစ္ကိုင္းအသံျမည္ေသာအခါ ေခတၲၿငိမ္၍ သူ႔အစ္ကိုအား မ်က္လံုးျပဴးငံု႔ုျကည့္သည္

"အစ္ကိုေတာ္~ လုပ္ပါဦး~~"

Aita စကားမဆံုးေသးေပ သစ္ကိုင္းက်ိဳးက်သြား၏

"arrrrr))))"

Fuitaဟာ သူ႔ညီအား ေအာက္မွေျပးခံ၍ ဖမ္းသည္

Aitaဟာ ေဝဟင္ထက္မွ ျပဳတ္က်လာကာ Fuita၏ ရင္ဘက္ႀကီးေပၚသို႔ ဘိုင္းခနဲ ေမွာက္က်သြား၏

Aitaဟာ ေလးလံသည့္ ခနၶာကိုယ္ရွိေသာေၾကာင့္ Fuitaဟာ မခံနိုင္စြာ ျပင္းထန္ေသာ ရင္ဘက္ဒဏ္ရာျဖင့္ Aitaအား ရင္ခြင္၌ပိုက္၍ တစ္ခါတည္း သတိလစ္သြားေလသည္

Aitaဟာ သူ႔အစ္ကို ေသၿပီထင္၍ ၾကဴၾကဴပါေအာင္ ေအာ္ငိုေလ၏

ေတာတြင္းသား ေက်ာင္းသားႀကီးမ်ားဟာ Fuitaအား ေဆးကုသေဆာင္သို႔ သယ္ေဆာင္လာၾကသည္

××××××

Makuဟာ ေ႐ႊအိုေရာင္ စိုက္ပ်ိဳးေရး ၿမိဳ႕ေတာ္တြင္ Shouyuမဟုတ္ေသာ အထက္တန္းစားအဆင့္ရွိသည့္ အိမ္ႀကီး အိမ္ေကာင္းမ်ားနွင့္ အလတ္တန္းစား အိမ္မ်ားငယ္မ်ား၏ ေရွ႕၌ နွင္းရည္ေပ်ာ္၍ တင္က်န္ေသာ ေႏြဦးသစ္႐ြက္ေျခာက္ အညစ္အေၾကးမ်ားကို တံျမတ္စည္းျဖင့္ လိုက္လံရွင္းလင္းကာ ေရျဖန္း၍ သန္႔စင္ေပးျခင္းျဖင့္ သူ၏ တစ္ေန႔တာ ဝင္ေငြကို ရွာေလ့ရွိသည္

စစ္တပ္ဟုေခၚေသာ ရတနာအိမ္ေတာ္ကို ကာကြယ္ရန္ ဖြဲ႕စည္းထားသည့္ ကိုယ္ရံေတာ္တပ္မမ်ားကို ပိုင္ဆိုင္သည့္ Defulo၏ အခြင့္ထူးခံ Shouyuအိမ္ေတာ္ျဖစ္လာရန္ အထက္တန္းစား အိမ္ေတာ္သည္ အေျခခံအဆင့္ ျဖစ္သည္ဟု ဆိုပင္ဆိုညားေသာ္လည္း အထက္တန္းစား အိမ္ေတာ္အဆင့္နွင့္ Shouyu အိမ္ေတာ္အဆင့္၏ ကြာျခားခ်က္က ႀကီးမားလြန္းလွ၏

တစ္ခ်ိဳ႕ေသာ အထက္တန္းစား အိမ္ေတာ္ႀကီးမ်ားဟာ Shouyu အိမ္ေတာ္မ်ားကဲ့သို႔ အေစခံအင္အား အမ်ားအျပားကို ထာဝရ ထိန္းသိမ္းေကြၽးေမြးထားနိုင္ျခင္းပင္ မရွိၾကေပ

လုပ္သားအင္အား အေရးေပၚလိုအပ္လာသည့္အခါ Makuဟာ ျပင္ပလုပ္သားအေနနွင့္ အထက္တန္းစား အိမ္ေတာ္ႀကီးမ်ားတြင္ အခေၾကးေငြ အနည္းငယ္ျဖင့္ လိုက္လံလုပ္ကိုင္ေလ့ရွိသည္

×××××

Defulo၌ ...

ေတာ္ဝင္ လူတန္းစား ...
Shouyu အိမ္ေတာ္သား ...
အထက္တန္းစား...
အလတ္တန္းစား...
အေစခံကြၽန္...
လိင္လူတန္းစား.... ဟူ၍ ေျခာက္မ်ိဳးရွိသည္

Defulo၌ ရတနာ လုပ္ငန္း အဓိကလုပ္ကိုင္ေသာ Shouyu အိမ္ေတာ္မ်ား ေျမာက္မ်ားစြာရွိၾကသလို အထက္တန္းစား အိမ္ေတာ္ဆိုသည္မွာလည္း မေရတြက္နိုင္ေလာက္ေအာင္ မ်ားလွသည္

ကိုယ့္စီးပြားေရးကို ျပင္ပလူအင္အား မပါဘဲ ကိုယ့္မိသားစုကသာ တစ္နိုင္တစ္ပိုင္လုပ္၍ စားဖို႔ေသာက္ဖို႔ဝတ္ဖို႔ လံုေလာက္စြာ အပိုအလ်ွံမဲ့ ေကာင္းေကာင္း စုေဆာင္းနိုင္ေသာ အလတ္တန္းစား အိမ္ေတာ္မ်ားကေတာ့ နည္းလွ၏

Defulo၌ လူတန္းစား ေျခာက္မ်ိဳးရွိသည့္အနက္ ေအာက္ေျခလူတန္းစားဟု ေခၚဆိုေသာ အေစခံ ကြၽန္လူတန္းစားကေတာ့ အျခားေသာ လူတန္းစား ငါးမ်ိဳး၏ စုစုေပါင္းထက္ ငါးဆ ပိုမ်ားသည္

ဒုတိယအမ်ားဆံုး အဆင့္၌ လိင္လူတန္းစားက တည္ရွိသည္

ထပ္မံ၍ အေစခံ လူတန္းစားနွင့္ လိင္လူတန္းစားတြင္ မေရမတြက္နိုင္ေသာ လူတန္းစား အဆင့္အတန္းမ်ားစြာကလည္း ရွိေနျပန္ေသးသည္

သူ႔အဆင့္အတန္းနွင့္သူ ရရွိသည့္ အခြင့္အေရးေပါင္းမ်ားစြာ ရွိ၏

က်ိန္စာနယ္ေျမျဖစ္သည့္အတြက္ အဆင့္အတန္းအလိုက္ ေစာင့္ထိန္းရသည့္ အေၿခခံစည္းမ်ားကလည္း မတူညီၾကေပ

လူတန္းစားျမင့္ေလ တစ္ဦးခ်င္းဆီ တစ္ဦးခ်င္းဆီ လိုက္နာရသည့္ က်ိန္စာစည္းကမ္းတို႔က ပိုျမင့္သြား၏

ဤတြင္မွ ေနာက္ဆံုး လူတန္းစားျဖစ္ေသာ လိင္လူတန္းစားသည္ Defulo၌ အလြတ္လပ္ဆံုးေသာ လူတန္းစားျဖစ္သည္

လိင္လူတန္းစားသည္ ေသဆံုးၿပီးလ်ွင္ ေနာင္ဘဝ Defulo၌ လူျပန္မျဖစ္ခြင့္မရွိ... အထက္ေကာင္းကင္ဘံုသို႔ ထာဝရ တတ္ခြင့္မရွိေသာ ဘဝအဆံုးသတ္ၿပီးျဖစ္သည့္ လူတန္းစားျဖစ္သည္

××××××

ညေရာက္ေသာ္ Fuitaဟာ ျပန္လည္သတိရလာ၏

"Fuita~~ သတိရလာၿပီ သခင္ႀကီး"

YamaToသခင္ႀကီး Yima အေျပးေလး အနားကပ္လာသည္

"Fuita နိုးလာၿပီလား"

Fuitaဟာ အိပ္ယာမွ ထလာေလသည္

"ဘယ္လိုေနေသးလဲ ငါ့သား"

"ဘယ္လိုမွ မေနေတာ့ပါဘူး~~ Aitaေရာ.. ကေလး ဘာျဖစ္သြားေသးလဲ??"

Aitaဟု ေမးသည္နဲ႔ Yima သခင္ႀကီး စိတ္တိုတို မ်က္နွာတင္းသြား၏

"Aita ကို အျပစ္ေပးထားတယ္"
"မေမးနဲ႔!!"
"ဒီေလာက္ ျပႆနာအႀကီးႀကီးကို ဖန္တီးခဲ့တာ မ်ားမ်ား အျပစ္ေပးရမွာ"

"ဟင္~ ဘာလို႔လဲ"

"မင္းေသရင္ ငါတို႔ ဘာျဖစ္မလဲဆိုတာ မသိေရာ႕သလား Fuita!!!"

Fuitaဟာ ထိုစကားအား သတိမျပဳနိုင္
Aitaကိုသာ စိုးရိမ္စြာ အသည္းအသန္ ေမး၏

"Aitaေရာ?? Aita ဘယ္မွာလဲ? ကေလးကို ဘာလုပ္ထားျပန္ၿပီလဲ"

Yimaဟာ စိတ္မရွည္စြာ အေနာက္လွည့္သြား၏

"မင္းရဲ႕ညီကို ဒူးေထာက္ခိုင္းထားတယ္"

Fuitaဟာ ကုတင္ေပၚမွ ကမူးကရူး ဆင္းေျပးရာ ထလိမ့္ေကာက္ေကြး ျပဳတ္က်၏

Fuitaဟာ ျပန္ထ၍ Aitaရွိရာသို႔ ေအာ္ေျပးေလ၏

"Papaတို႔ ရူးေနလား))))))"

"Aita ဘယ္မွာလဲ!!!! ဘယ္မွာ ဒူးေထာက္ခိုင္းထားတာလဲ)))))) ဘယ္မွာလဲ.. ဘယ္မွာလဲ.. ကေလးဘယ္မွာလဲ"

Fuitaဟာ အိမ္ေတာ္ႀကီးထဲ၌ ဝုန္းဒိုင္းႀကဲ၍ ဟိုေျပးလိုက္ ဒီေျပးလိုက္ ညီျဖစ္သူအား ရွာေလသည္မွာ လိုက္ဖမ္း၍ပင္မမိေပ

မၾကာခင္ Aitaအား အိမ္အျပင္ လေရာင္ေအာက္၌ ဒူးေလးေထာက္၍ လက္ေျမႇာက္ေနသည္အား ေတြ႕လိုက္ရ၏

Fuitaဟာ သူ႔အေဖနွစ္ေယာက္အား အသကုန္ အသကန္း ေဒါသတႀကီး ေအာ္ဟစ္ေလသည္

"ကေလးကို ဘာလို႔ ဒူးေထာက္ခိုင္းတာလဲ))))) ဒူးေခါင္းမွာ အမာ႐ြတ္ထင္သြားရင္ Papaတို႔ တာဝန္ယူမွာလား!!!!"

Fuitaဟာ ဒူးေထာက္ေနေသာ Aitaအား ရင္ခြင္၌ ေပြ႕ခ်ီ၍ အေဖနွစ္ေယာက္ကို ပြစိပြစိလုပ္ကာ အထဲသို႔ျပန္ဝင္သြားသည္

"ကေလးက ၾကင္ယာေတာ္မွန္း ၾကင္ယာဖက္မွန္း ေသခ်ာ မသိရတဲ့အထဲ အေဖေတြလုပ္ၿပီး ေကာင္းေကာင္း ဂရုစိုက္ရေကာင္းမွန္း မသိၾကဘူး"

ဖခင္နွစ္ဦးမွာ အမွတ္မထင္ သားျဖစ္သူထံမွ ျပည္လည္အေငါက္ခံရ၍ ေၾကာင္ေတာင္ေတာင္ေလး ရပ္ေနၾကသည္

မၾကာခင္ Yimaသခင္ႀကီး၏ ႀကိမ္းေမာင္းသံ ထြက္ေပၚလာေလ၏

"ေဟ့ေကာင္ Fuita)))))))))"

Fuitaဟာ Aitaအား လက္မွဆြဲ၍ တစ္ခ်ိဳးတည္း သုတ္ေလသည္

××××××

Continue----


© GOD OF DEFULO,
книга «King Sia».
Коментарі