Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-11
ညရောက်သော် Aitaဟာ နတ်နန်းသို့ ကျိန်စာအခေါက်တစ်ထောင် ရွတ်ရန်ရောက်လာ၏

"ကျိန်စာရွတ်ဖို့ရောက်လာတာပါ... ကလေးရဲ့ကံကြမ္မာကို လနတ်သမီးထံမှာ အပ်နှံပါတယ်... "

နဖူးပိတ်စည်း အဖြူလေးနှင့် လက်အုပ်ကလေးချီပြီး နတ်ဘုရားမရုပ်ထုကြီးရှေ့၌ ရှိခိုးနေသော Aitaလေးကို တွေ့ရ၏

Fuitaဟာ Aitaရွတ်ရမည့် ကျိန်စာပေလွှာကို တောင်းခံပေးသည်

"Aita~~ စာသင်ဆောင် စည်းမျဉ်းတွေကို အလွတ်ရတဲ့အထိ ရွတ်နော်... အနည်းဆုံး အခေါက်တစ်ထောင်~~ နေမထွက်ခင် အပြီးရွတ်ရမယ်"

နတ်သူငယ်လေးက ကျိန်စာပေလွှာလေး ယူလာပြီး Aitaအား ရယ်သည်

"ဟော... နတ်ကျောင်းမှာ ခဏခဏ ကျိန်စာလာရွတ်ရတဲ့ ကလေးပါလား... YamaTo Aitaလေး"

Aita၏ ဆူပုတ်ပုတ် မျက်နှာလေးနှင့် Fuita၏ ကြယ်ရောင်တောက်ပနေသော မျက်နှာကို တွေ့ရလေသည်

"om... Aitaအဲ့ဒါတွေ အလွတ်ရနေပြီ~~ မရွတ်ချင်တော့ဘူး~~~"

"မရွတ်လို့မရဘူး... စည်းမျဉ်းတွေကို အလွတ်ရနေရင် စည်းမျဉ်းတွေကို လိုက်နာနိုင်အောင် ကြိုးစားမှာပေါ့... နှလုံးသားထဲမှာ အလွတ်မရသေးလို့ မလိုက်နာနိုင်သေးတာ... အမှားလုပ်မိတိုင်း ထပ်ခါထပ်ခါ လာရွတ်ပြီး လိုက်နာနိုင်အောင်ကြိုးစားရမယ်... အသက်ကြီးလာလို့ ရာထူး အဆင့်နေရာတစ်ခုရောက်တိုင်း ဘဝကျိန်စာစည်းတွေက ထပ်ထပ်တိုးပွားလာမှာ... တစ်ခုမှ မေ့လို့မဖြစ်ဘူး"

"ဘာလို့လဲ?"

"လောကကြီးတည်မြဲဖို့ သန့်စင်တဲ့ စည်းမျဉ်းတွေ တည်မြဲဖို့ လိုအပ်တယ်... လောကသားတွေမှာ တာဝန်ရှိတယ်"

"ဒါပေမယ့်... Aitaထက် အပြစ်လုပ်မိတဲ့ သူတွေအများကြီးရှိနေတာပဲ... သူတို့ကျ ကျိန်စာမရွတ်ရဘဲ ဘာလို့ Aitaကျတော့ ခဏခဏ ကျိန်စာရွတ်ရတာလဲ~~"

"Aitaလေးက YamaTo အိမ်တော်သား ဖြစ်နေတာမို့လို့လေ~~"

ခဏအကြာ နတ်သူငယ်ဟာ Aitaအား လနတ်သမီး၏ရှေ့၌ အဓိဋ္ဌာန်၍ Aitaနှင့် သင့်လျော်ရာ ကျိန်စာပေလွှာအသစ်အား တောင်းခံပေးသည်

မမြင်နိုင်သော ပြင်ပလောက အသီးသီး မြေအောက်ရှိ လောကအသီးသီး ပင်လယ်နှင့် အခြားနေရာရှိ လောကတို့အား ဆက်သွယ်ပေးသော ကောင်းကင်ယံရှိ တံခါးချက်မကြီးသည် လနတ်နန်း၏ စာကြည့်တိုက်ဘုံနှင့် ချိတ်ဆက်ပြီးသည်နှင့် စင်္ကြာပုံဝက်အူရစ်ကာ ပွင့်ဟသွားသည်

ရွှေရောင် အလင်းတန်းများ ဖြာကျလာပြီး ထောင်သောင်းပေါင်းများစွာသော ကျိန်စာပေလွှာများသည် စက်ဝိုင်းပုံရစ်ပတ်ကာ အရှိန်အဟုန်နှင့် ဖြာကျလာ၏

လောကတစ်ခုလုံး မှောင်သွားပြီးနောက် Aitaအတွက် ကျိန်စာပေလွှာလေးဟာ ရှေ့၌ လင်းလာသည်

နတ်သူငယ်ဟာ ထိုပေလွှာထဲမှာ စာလုံးများကို သူ၏ လက်ဖဝါးအတွင်း၌ ကူးယူ၏

စာလုံးအမည်းလေးများ လက်ဖဝါးအတွင်း၌ ခုန်ဝင်သွားပြီး ဖမ်းယူလိုက်သည်

ထိုစာလုံးလေးများကို Aitaလက်ထဲရှိ စာအုပ်လွတ်အတွင်းထဲသို့ ထည့်ပေးလိုက်၏

ခဏအကြာ လောကဟာ ပြန်လည်လင်းလက်လာပြီးနောက် Aita၏ လက်ထဲ၌ လိုက်နာရမည့် ကျိန်စာစည်းများ ထပ်မံပေါ်လာသည်

နတ်သူငယ်လေးဟာ Aitaအား ပြုံးပြသည်

"Aitaလေးက မနက်ဖြန် ခုနှစ်ပြည့်ပြီဆိုတော့ စည်းသစ်တွေတိုးပေးထားတယ်... YamaTo Yimaသခင်ကြီးက တောင်းဆိုထားတာမို့လို့~~"

Aitaဟာ မျက်နှာမဲ့ကာ ငိုမယောင်ပြု၍ နတ်သူငယ်အား ပြန်မော့ကြည့်၏

"ဒီလိုမှန်းသိရင် အလွတ်မရသေးဘူးလို့ပြောပါတယ်~~"

"စည်းမျဉ်းတွေက လိုက်နာဖို့မခက်ပါဘူး.. အိမ်တော်အတွင်းထဲမှာပဲ လိုက်နာရတဲ့ အခြေခံShouyuကျိန်စာစည်းလေးတွေပဲမို့လို့ ကလေးတွေ Defuloထုံးတန်းအစဉ်အလာကို နားလည်လက်ခံတတ်စေရုံလောက်ပဲ ရည်ရွယ်ထားတာပါ"

နတ်သူငယ်ဟာ ရောက်ရှိလာသော လောကကျိန်စာပေလွှာများကို မူလနေရာသို့ ပြန်ပို့ပေးပြီးနောက် ကောင်းကင်ယံ တံခါးဟာ ပြန်ပိတ်သွားသည်

"ဒီည ဒီစာအုပ်ထဲက စည်းမျဉ်းတွေကို နှလုံးသားထဲမှာ စွဲနေတဲ့အထိ ရွတ်ရမယ် Aita... အစ်ကိုတော် ထိုင်စောင့်နေပေးမယ်... လွယ်လွယ်လေးတွေ..."

×××××

Defuloသည် လနတ်သမီး၏ အမှောင်တွင်းနက် နယ်မြေဖြစ်ပြီး ကောင်းကင်ယံသည် ညအခါ ပြင်ပလောကမြေကဲ့သို့ ရှင်းလင်းနေခြင်းမရှိပါ

လစက်ဝန်းများနှင့် ကြယ်တာရာ နက္ခတ်များအပြင် လောကကို ဖန်တီးပြုလုပ်ထားသော ကျိန်စာစက်ယန္တရားတို့၏ စုတ်ချက်မျဉ်းများက လေဟာနယ် အာကာသကောင်းကင်သဖွယ် အပြည့်ဖြစ်သည်

ညအခါ နတ်သူငယ်လေးများနှင့် စိတ်ပညာရှင် ကျောင်းသားများ ကျိန်စာကောင်ရေးဆွဲခြင်း လေ့ကျင့်ရာတွင် ကောင်းကင်ယံသည် သူတို့အတွက် လေ့လာစရာမကုန်ခန်းနိုင်သော သင်ခန်းစာများဖြစ်သည်

ထို့ကြောင့် စာသင်ဆောင်တော်ကြီး၌ Defuloနှင့် ချိတ်ဆက်ထားသော အခြားနယ်မြေရှိ တစ်ချို့စာသင်ဘုံဝင်ပေါက်များဟာ ညအချိန်၌ ဖွင့်ဟသည်

စာသင်ဘုံသည် လပြည့်လကွယ် သတ်မှတ်နေ့ရက် ညများ၌ Defuloသို့ ပြင်ပလောကအသီးသီးမှ လာရောက် လေ့လာသင်ကြားရသော နတ်သူငယ်လေးများ နတ်နန်းသခင်များနှင့် ညအခါ စည်ကားလင်းလက်နေလေ့ရှိသည်

×××××

Fuitaဟာ Aitaကျိန်စာရွတ်သည်ကို ထိုင်စောင့်ပေးရင်း  ကြမ်းပြင်ပေါ်၌ အိပ်ပျော်၍ နေလေ၏

Aitaဟာ ကျိန်စာစည်းတို့အား ကဗျာရွတ်သလို အလွတ်ရွတ်၍ နတ်နန်းနံရံပေါ်၌ မြေဖြူခဲလေးနဲ့ အရုပ်ဆွဲနေ၏

ကျိန်စာစာအုပ်ဟာ အဝေး၌ တစ်ဖျက်ဖျက် လန်နေ၏

Aita၏ ကဗျာရွတ်သံလေးဟာ နတ်နန်းနံရံပေါ်က ဆေးစုတ်ချက်များနှင့်အတူ ပျံ့လွင့်လျက်ရှိနေ၏

"လောက၏ Shouyuအိမ်တော် အတွင်းတစ်ဝိုက်၌ လိုက်နာရသော အိမ်တော်ကြီးများအခြေခံ ကျိန်စာစည်းမျဉ်းသုံးရာအား မိမိ YamaTo Aitaမှ ကျိန်ဆိုပါ၏~~~"

"လက်အောက်ငယ်သား အိမ်တော်များအပေါ် မဖိနိုပ်ပါ~~"

"အစေခံဟုခေါ်ဆိုသည့် Defuloလောကမြေ၏ တစ်စိတ်တစ်ပိုင်းသော လောကသားအချို့အား မိမိ၏ သားငယ်များသဖွယ် စောင့်ရှောက်ပါမည်~~"

"မြင့်မြတ်သော ဘုရင်အပေါ် သစ္စာစောင့်ရင်း လောကကို ကူညီထောက်မှုပြုရန် ရှေးဦးစွာ သတိရပါမည်~~~"

"လောကမြေမှပေးသနားသော Shouyu ခံစားခွင့်တို့အား ဆက်လက်စောင့်ရှောက်ရန် မျိုးဆက်သွေးသန္ဓေများကို နည်းလမ်းမှန်စွာ ပြုစုပျိုးထောင်၍ ......

"...........

".........

"......

"...

Aitaအား အဝေးတစ်နေရာမှ လှမ်းကြည့်နေသူ သုံးဥင်္းရှိသည်

ထိုသူများသည် အခြားသူများ မဟုတ်ပေ

နတ်နန်းသခင် Oi နှင့် Xuga, နတ်ဆရာ Nomiတို့ဖြစ်သည်

Xugaဟာ ဖြတ်သွားဖြတ်လာရင်း Aita၏ ကဗျာရွတ်သံကြားသော် လှမ်းကြည့်၍ မေး၏

"ဒါဘယ်သူလဲ~~"
"YamaTo Aitaမလား သခင်Oi~"

"inm..."

သခင်Oiဟာ Consaiမြေရှိ Defuloနှင့် ချိတိဆက်ထားသော နတ်နန်းဗိမ္မာန်မြေဖြစ်သည့် နတ်တောင်မြေအား ကြီးစိုးရသည် နတ်နန်းသခင်ကြီးဖြစ်သည်

ယနေ့ည နတ်နန်းသခင် အစည်းအဝေးပွဲထိုင်ရန် ပြင်ပလောကမှ Defuloသို့ ပြန်ရောက်လာသည်ထင်၏

သခင်Oiဟာ Fuitaအနားမှ Aita၏ ပါးလွှာလှသည့် ပေလွှာလေးအား လှမ်းမြင်လိုက်သည်

အမှောင်ထဲ၌ တလက်လက်တောက်ပနေသော ရွှေပေလွှာ၏ အရောင်အဆင်းကိုမြင်သည်နှင့် Defulo၏ ခုနှစ်သား အခြေခံ စာကျိန်စာမှန်း တန်းသိလိုက်၏

"သူက Yamaမင်းကြီးရဲ့ တော်ဝင်သွေးသားမလား... သခင်Xuga~~ ဒီကလေးကို တော်ဝင်စည်းပြင်ပမှာ ထားလို့ဖြစ်ပါ့မလား"

သခင်Xugaဟာ လေးပင်စွာ ရေရွတ်သည်

"ဘယ်ဖြစ်ပါ့မလဲ:::: ဒါပေမယ့် Yamaမင်းကြီးက သူ့ကို တော်ဝင်သွေးသားအဖြစ် မသတ်မှတ်ထားဘူး... Siaမင်းသား နန်းတတ်ပြီးချိန်အထိ YamaTo Aitaကို Shouyuအိမ်တော်သား အနေနဲ့ပဲ ထားမှာသေချာတယ်"

"ဒါက သင့်တော်တဲ့ လမ်းစဉ်တစ်ခု မဟုတ်တာတော့ သေချာတယ်မလား သခင်Xuga~"

" " "သုံးမျိုးစပ် သန္ဓေသားမှာ ပေါင်းစပ်ထားတဲ့ လူသားသုံးယောက်ရဲ့ ပိုင်ဆိုင်ခွင့်အရ ပထမသွေးပိုင်ရှင်နဲ့ ဒုတိယသွေးပိုင်ရှင်ကသာ ဖခင်ရင်းဖြစ်ပြီး တတိယသွေးပိုင်ရှင်ကတော့ ဆေးဝါးအနေနဲ့ သွေးသားထောက်ပံ့မှုတစ်ခုလို့ သတ်မှတ်ထားတာမို့ ကလေးရဲ့ ဖခင်ဖြစ်ခွင့်မရှိဘူး...

ဒါပေမယ့် တော်ဝင်ဘုရင်ရဲ့ သွေးကိုတော့ တခြားသူရဲ့ သုံးမျိုးစပ်သန္ဓေမှာ အကူညီပေးခဲ့တာမျိုး မရှိခဲ့ဖူးဘူး... ဘုရင်ဆိုတာ အမြင့်မြတ်ဆုံးနဲ့ သူများနောက်မှာ ရှိနေခွင့်မရှိတဲ့ အရာမို့ သုံးမျိုးစပ်သန္ဓေမှာ ဘုရင်ရဲ့သွေးကို တတိယသွေးအနေနဲ့ ထည့်သွင်းခဲ့ရင် ပထမသွေးပိုင်ရှင်နဲ့ ဒုတိယသွေးပိုင်ရှင်က ဖခင်နေရာမှာ မရှိတော့ဘူး...

တတိယသွေးပိုင်ရှင်ဘုရင်ကသာလျှင် ဖခင်ရင်းဖြစ်ပြီး ပထမသွေးပိုင်ရှင်နဲ့ ဒုတိယသွေးပိုင်ရှင်က အလိုလို ဘုရင်ရဲ့ သွေးသားကို ထောက်ပံ့ရတဲ့ ဆေးအဖြစ်ပြောင်းလဲသွားတယ်....

Yamaမင်းကြီးက Siaမင်းသားရဲ့ နန်းတတ်လမ်းမှာ အနှောက်အယှက်ဖြစ်လာမှာစိုးလို့ ဒီကလေးကို သူရင်ခွင်မှာ တစ်ရက်ပဲထားပြီး YamaToကို ပြန်ပို့ခဲ့တာက တော်ဝင်ကျိန်စာစည်းထဲမှာ ကြီးပြင်းလာတဲ့ ကလေးမဟုတ်တဲ့အတွက် နောက်တစ်ချိန် ဘုရင်ဖြစ်ဖို့အလားအလာလည်း မရှိတော့ဘူးပေါ့" " "

"ဒါပေမယ့် သခင်Xuga... တစ်ခုတော့ရှိတယ်... Siaမင်းသားမှာ သွေးအားနည်း ရောဂါရှိနေတဲ့အတွက် ဘုရင်ဖြစ်ဖို့ အားအင် မလုံလောက်မှုရှိနေမယ်ဆိုရင် ဒီကလေးက Siaမင်းသားအတွက် အန္တရာယ်ရှိတယ်"

"Siaမင်းသားက စိတ်သဘောထားပြည့်ဝပြီးသားသူမို့ ဖခင်Yamaမင်းကြီးလိုမျိုး အိမ်ရှေ့စံအရည်အချင်းပြည့်ဝပြီးသားဖြစ်နေပေမယ့် နောင်တစ်ချိန် ဘုရင်ဖြစ်လာတဲ့အခါ နန်းဆက်သွေးသား ချန်လှပ်ဖို့အတွက် သွေးအားနည်းရောဂါကြောင့် အခက်အခဲရှိနေတယ်"

"ah~~~ နန်းဘုရင် အရေးဟာ ရင်လေးစရာပါလား... ရှုပ်ထွေးမှုတွေ အများကြီး ပေါ်လာဦးမှာတော့ သေချာတယ်"

×××××

"Aita~~ အစ်ကိုတော်ပြောတာ နားထောင်နော်~~"

"inm.."

"သစ်ပင်ပေါ် မတတ်နဲ့... မြင်းမစီးနဲ့... အချွန်အတတ်ပါတဲ့ ပစ္စည်းတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း မဆော့နဲ့... အစ်ကိုတော် မကြိုက်ဘူး~~"

"inm.."

"မင်းသားကိုလည်း ကလန်ကဆန်မလုပ်နဲ့... မင်းသားပြောတဲ့ စကားကိုနားထောင်ပြီး လိမ္မာနေ.. ကြားလား"

"inm.."

Siaမင်းသားနှင့်တွေ့ဆုံရန် YamaTo၌ ညီအစ်ကိုနှစ်ယောက် ပြင်ဆင်နေကြသည်

"ပျင်းရင် အစ်ကိုတော်နေတဲ့ အဆောင်တော်ကြီးကို လာခဲ့~~"

"inm..."

"နန်းတော်ကြီးက ကျောက်နံရံ ဆေးနံရံတွေနှာလည်း ဟိုခြစ် ဒီခြစ် မလုပ်ရဘူးနော်... တစ်ချို့ နေရာတွေက ရတနာအစစ် ရွှေအစစ်တွေနဲ့ တည်ဆောက်ထားတာ ပွန်းပဲ့သွားရင် ပြစ်ဒဏ်သင့်လိမ့်မယ်..."

"inm.."

"တအင်း အင်းနဲ့ ခေါင်းလေးငြိမ့်ပြီး ကွယ်ရာကျမှ လုပ်ချင်တာ လုပ်လို့မရဘူးနော်... အဲ့ဒါ မကောင်းတဲ့ လူတွေမှ လုပ်တာ... အစ်ကိုတော် မကြိုက်ဘူး"

"inm.."

ထို့နောက် Aitaဟာ Fuitaအား ပြန်မေးသည်

"ဘာဖြစ်လို့ အစ်ကိုတော် မကြိုက်တဲ့ဟာတွေက Aitaကြိုက်တဲ့ဟာတွေ ချည်းဖြစ်နေတာလဲ"

"ဘာ!"

"Aitaတော့ ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ချင်တယ်... မကြိုက်တာတွေ မလုပ်ချင်ပါဘူး~~"

"တစ်ချို့ဟာတွေက ကြိုက်ပေမယ့် မလုပ်ဘဲနေသင့်ရင် နေရတယ်... လူဆိုတာ တော်သလိုနေရတယ်... ပျော်သလို မနေရဘူး... ပျော်သလိုနေတာ တိရစ္ဆာန်လို အထိန်းအကွပ်မသိတဲ့ ယုတ်ညံ့တဲ့ အောက်တန်းစားတွေနေတာ... Aitaက အဆင့်အတန်းမြင့် Shouyuလူတန်းစားမို့လို့ သူတို့လိုမနေရဘူး.. ကြားလား..."

"inm.."

"အစ်ကိုတော့် စကားကို နားမထောင်ရင် အစ်ကိုတော်က Aitaကို စိတ်ဆိုးမှာနော်~~~"

"သိပါတယ်~~"

"နန်းတွင်းထဲကို မဝင်ရသေးဘူး... ပြဿနာရှာဖို့ အရိပ်အယောင်က အစပျိုးနေပြီ... နန်းတွင်းက ပစ္စည်းတွေကို ပျက်ဆီးအောင် မလုပ်မိစေနဲ့နော်... မင်းကြီးနဲ့တွေ့တဲ့အခါ ခေါင်းလေးပဲ ငြိမ့်နေ"

"inm.. ပါ.. သိပါတယ်.."

"arr... မင်းကြောင့် ငါ ရင်ပူလိုက်တာ~~~~"

"ဘာလို့လဲ... Aitaက ဒီလောက်လိမ္မာတဲ့ ကလေးလေးဟာကို..."

"ဘယ်မှာလိမ္မာလို့လဲ!! ဘယ်နားလိမ္မာ??"

Aitaဟာ နှုတ်ခမ်းလေးစူ၍ အစ်ကိုကြီး၏ ရင်ခွင်ထဲဝင်ကာ ရင်ဘက်ကြီးအား ဖက်၍ချွဲသည်

"inmmmmm~~~~~~"

Fuitaအား ရယ်လိုက်ရင်း ချစ်ဖို့ကောင်းလွန်းသော ညီငယ်လေးအား ဖက်ကာ ပါးဖောင်းဖောင်းလေးများကို မွှေ့ရမ်းနမ်း၏

"စောက်ကလေး~~~ စကားကို တစ်ခါမှ နားမထောင်ဘူး"

Aitaနှင့် Fuitaအား YamaTo သခင်ကြီး Yimaဟာ လှမ်းကြည့်လျက်ရှိနေ၏

ကြင်ယာတော် သခင်XuYiဟာ အနားသို့ရောက်လာပြီး အခန်းထဲ၌ ဆော့နေသော သားနှစ်ယောက်အား ကြည့်သည်

"မင်းသားSiaက ကလေးကို လိုချင်နေတယ်နဲ့ တူတယ်... ကလေးက်ု သူ့ဆီပို့ပေးဖို့ အရိပ်အမြွက်ပြောနေတာ အကြိမ်ပေါင်းများစွာရှိနေပြီ... တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ သခင်ကြီး"

သခင်ကြီးYimaဟာ လေးပင်စွာ သက်ပြင်းချသည်

ကိုယ်ကမွေးပြီး ကိုယ့်ကလေးမဟုတ်...

မင်းသားSiaက ဘုရင်ဖြစ်ဖို့ ကျိန်စာစည်းပေါင်းများစွာကို ထိန်းသိမ်းစောင့်ရှောက်ပြီး ကိုယ်စိတ်နှလုံးကို ချုပ်ထိန်းနှုအားကောင်းသူမို့ Aitaလေးအား မကောင်းသော စိတ်တို့မရှိလောက်သော်ငြားပေမယ့်လည်းပဲ စိတ်ထဲ၌ ပူလောင်မိနေသည်

"Aitaက ငါတို့ကလေး မဟုတ်ဘူးဆိုတာ အခုထက်ထိမယုံနိုင်သေးဘူး.... YamaToမှာ ပုံမှန်မဟုတ်တဲ့ ဒီလိုအဖြစ်မျိုးတွေ ကျရောက်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး"

"ဘယ်လိုလုပ်ကြမလဲ သခင်ကြီး... Aitaကို ပြန်မပေးချင်ဘူး... တို့ကလေးပဲဟာကို... အပိုင်ယူထားလို့ရမယ့် နည်းလေး ဘာလေး မရှိဘူးလား~~"

သခင်ကြီး Yimaဟာ မိမိ၏ကြင်ယာတော် XuYi၏ မျက်ဝန်းလေးများအား ပြန်လှည့်ကြည့်သည်

"နည်းလမ်း တစ်ခုတော့ရှိတယ်...."

"ရှိတယ်လား.... ဘာလဲ?? အဲ့ဒါ ဘာလဲ"

"Aitaက သုံးမျိုးစပ် သန္ဓေသားမို့ ကြင်ယာတော် လုပ်မှရမယ်... Fuitaရဲ့ ကြင်ယာတော်"

"ဟမ်~"

XuYi၏ ရင်အစုံသည် အဆမတန် တုန်လှုပ်ခြောက်ခြားသွားသည်

"ar... ဒါ လုံးဝ မဖြစ်နိုင်ဘူး~~"

Yimaသခင်ကြီးဟာ တုန်လှုပ်မှုကင်းသော အသံတို့ဖြင့်သာ ပြန်ပြော၏

"ဘာပဲဖြစ်ဖြစ် ဖခင်ရင်းကမင်းကြီး ငါတို့ကမင်းကြီးရဲ့သွေးသားကို ထောက်ပံ့သူ... ငါတို့မှာ Aitaကို တော်ဝင်ကြင်ယာတော်အနေနဲ့ပဲ အိမ်ကိုပြန်ခေါ်လာခွင့်ရှိတယ်... Aita တော်ဝင်စည်းမျဉ်းတွေထဲရောက်သွားတာနဲ့ အိမ်ပြန်ရမှာ မဟုတ်တော့ဘူး"

×××××

Continue....

~~~~~~~~~~~

Zawgyi Code:

ညေရာက္ေသာ္ Aitaဟာ နတ္နန္းသို႔ က်ိန္စာအေခါက္တစ္ေထာင္ ႐ြတ္ရန္ေရာက္လာ၏

"က်ိန္စာ႐ြတ္ဖို႔ေရာက္လာတာပါ... ကေလးရဲ႕ကံၾကမၼာကို လနတ္သမီးထံမွာ အပ္နွံပါတယ္... "

နဖူးပိတ္စည္း အျဖဴေလးနွင့္ လက္အုပ္ကေလးခ်ီၿပီး နတ္ဘုရားမရုပ္ထုႀကီးေရွ႕၌ ရွိခိုးေနေသာ Aitaေလးကို ေတြ႕ရ၏

Fuitaဟာ Aita႐ြတ္ရမည့္ က်ိန္စာေပလႊာကို ေတာင္းခံေပးသည္

"Aita~~ စာသင္ေဆာင္ စည္းမ်ဥ္းေတြကို အလြတ္ရတဲ့အထိ ႐ြတ္ေနာ္... အနည္းဆံုး အေခါက္တစ္ေထာင္~~ ေနမထြက္ခင္ အၿပီး႐ြတ္ရမယ္"

နတ္သူငယ္ေလးက က်ိန္စာေပလႊာေလး ယူလာၿပီး Aitaအား ရယ္သည္

"ေဟာ... နတ္ေက်ာင္းမွာ ခဏခဏ က်ိန္စာလာ႐ြတ္ရတဲ့ ကေလးပါလား... YamaTo Aitaေလး"

Aita၏ ဆူပုတ္ပုတ္ မ်က္နွာေလးနွင့္ Fuita၏ ၾကယ္ေရာင္ေတာက္ပေနေသာ မ်က္နွာကို ေတြ႕ရေလသည္

"om... Aitaအဲ့ဒါေတြ အလြတ္ရေနၿပီ~~ မ႐ြတ္ခ်င္ေတာ့ဘူး~~~"

"မ႐ြတ္လို႔မရဘူး... စည္းမ်ဥ္းေတြကို အလြတ္ရေနရင္ စည္းမ်ဥ္းေတြကို လိုက္နာနိုင္ေအာင္ ႀကိဳးစားမွာေပါ့... နွလံုးသားထဲမွာ အလြတ္မရေသးလို႔ မလိုက္နာနိုင္ေသးတာ... အမွားလုပ္မိတိုင္း ထပ္ခါထပ္ခါ လာ႐ြတ္ၿပီး လိုက္နာနိုင္ေအာင္ႀကိဳးစားရမယ္... အသက္ႀကီးလာလို႔ ရာထူး အဆင့္ေနရာတစ္ခုေရာက္တိုင္း ဘဝက်ိန္စာစည္းေတြက ထပ္ထပ္တိုးပြားလာမွာ... တစ္ခုမွ ေမ့လို႔မျဖစ္ဘူး"

"ဘာလို႔လဲ?"

"ေလာကႀကီးတည္ၿမဲဖို႔ သန္႔စင္တဲ့ စည္းမ်ဥ္းေတြ တည္ၿမဲဖို႔ လိုအပ္တယ္... ေလာကသားေတြမွာ တာဝန္ရွိတယ္"

"ဒါေပမယ့္... Aitaထက္ အျပစ္လုပ္မိတဲ့ သူေတြအမ်ားႀကီးရွိေနတာပဲ... သူတို႔က် က်ိန္စာမ႐ြတ္ရဘဲ ဘာလို႔ Aitaက်ေတာ့ ခဏခဏ က်ိန္စာ႐ြတ္ရတာလဲ~~"

"Aitaေလးက YamaTo အိမ္ေတာ္သား ျဖစ္ေနတာမို႔လို႔ေလ~~"

ခဏအၾကာ နတ္သူငယ္ဟာ Aitaအား လနတ္သမီး၏ေရွ႕၌ အဓိ႒ာန္၍ Aitaနွင့္ သင့္ေလ်ာ္ရာ က်ိန္စာေပလႊာအသစ္အား ေတာင္းခံေပးသည္

မျမင္နိုင္ေသာ ျပင္ပေလာက အသီးသီး ေျမေအာက္ရွိ ေလာကအသီးသီး ပင္လယ္နွင့္ အျခားေနရာရွိ ေလာကတို႔အား ဆက္သြယ္ေပးေသာ ေကာင္းကင္ယံရွိ တံခါးခ်က္မႀကီးသည္ လနတ္နန္း၏ စာၾကည့္တိုက္ဘံုနွင့္ ခ်ိတ္ဆက္ၿပီးသည္နွင့္ စျကၤာပံုဝက္အူရစ္ကာ ပြင့္ဟသြားသည္

ေ႐ႊေရာင္ အလင္းတန္းမ်ား ျဖာက်လာၿပီး ေထာင္ေသာင္းေပါင္းမ်ားစြာေသာ က်ိန္စာေပလႊာမ်ားသည္ စက္ဝိုင္းပံုရစ္ပတ္ကာ အရွိန္အဟုန္နွင့္ ျဖာက်လာ၏

ေလာကတစ္ခုလံုး ေမွာင္သြားၿပီးေနာက္ Aitaအတြက္ က်ိန္စာေပလႊာေလးဟာ ေရွ႕၌ လင္းလာသည္

နတ္သူငယ္ဟာ ထိုေပလႊာထဲမွာ စာလံုးမ်ားကို သူ၏ လက္ဖဝါးအတြင္း၌ ကူးယူ၏

စာလံုးအမည္းေလးမ်ား လက္ဖဝါးအတြင္း၌ ခုန္ဝင္သြားၿပီး ဖမ္းယူလိုက္သည္

ထိုစာလံုးေလးမ်ားကို Aitaလက္ထဲရွိ စာအုပ္လြတ္အတြင္းထဲသို႔ ထည့္ေပးလိုက္၏

ခဏအၾကာ ေလာကဟာ ျပန္လည္လင္းလက္လာၿပီးေနာက္ Aita၏ လက္ထဲ၌ လိုက္နာရမည့္ က်ိန္စာစည္းမ်ား ထပ္မံေပၚလာသည္

နတ္သူငယ္ေလးဟာ Aitaအား ၿပံဳးျပသည္

"Aitaေလးက မနက္ျဖန္ ခုနွစ္ျပည့္ၿပီဆိုေတာ့ စည္းသစ္ေတြတိုးေပးထားတယ္... YamaTo Yimaသခင္ႀကီးက ေတာင္းဆိုထားတာမို႔လို႔~~"

Aitaဟာ မ်က္နွာမဲ့ကာ ငိုမေယာင္ျပဳ၍ နတ္သူငယ္အား ျပန္ေမာ့ၾကည့္၏

"ဒီလိုမွန္းသိရင္ အလြတ္မရေသးဘူးလို႔ေျပာပါတယ္~~"

"စည္းမ်ဥ္းေတြက လိုက္နာဖို႔မခက္ပါဘူး.. အိမ္ေတာ္အတြင္းထဲမွာပဲ လိုက္နာရတဲ့ အေၿခခံShouyuက်ိန္စာစည္းေလးေတြပဲမို႔လို႔ ကေလးေတြ Defuloထံုးတန္းအစဥ္အလာကို နားလည္လက္ခံတတ္ေစရံုေလာက္ပဲ ရည္႐ြယ္ထားတာပါ"

နတ္သူငယ္ဟာ ေရာက္ရွိလာေသာ ေလာကက်ိန္စာေပလႊာမ်ားကို မူလေနရာသို႔ ျပန္ပို႔ေပးၿပီးေနာက္ ေကာင္းကင္ယံ တံခါးဟာ ျပန္ပိတ္သြားသည္

"ဒီည ဒီစာအုပ္ထဲက စည္းမ်ဥ္းေတြကို နွလံုးသားထဲမွာ စြဲေနတဲ့အထိ ႐ြတ္ရမယ္ Aita... အစ္ကိုေတာ္ ထိုင္ေစာင့္ေနေပးမယ္... လြယ္လြယ္ေလးေတြ..."

×××××

Defuloသည္ လနတ္သမီး၏ အေမွာင္တြင္းနက္ နယ္ေျမျဖစ္ၿပီး ေကာင္းကင္ယံသည္ ညအခါ ျပင္ပေလာကေျမကဲ့သို႔ ရွင္းလင္းေနျခင္းမရွိပါ

လစက္ဝန္းမ်ားနွင့္ ၾကယ္တာရာ နကၡတ္မ်ားအျပင္ ေလာကကို ဖန္တီးျပဳလုပ္ထားေသာ က်ိန္စာစက္ယႏၲရားတို႔၏ စုတ္ခ်က္မ်ဥ္းမ်ားက ေလဟာနယ္ အာကာသေကာင္းကင္သဖြယ္ အျပည့္ျဖစ္သည္

ညအခါ နတ္သူငယ္ေလးမ်ားနွင့္ စိတ္ပညာရွင္ ေက်ာင္းသားမ်ား က်ိန္စာေကာင္ေရးဆြဲျခင္း ေလ့က်င့္ရာတြင္ ေကာင္းကင္ယံသည္ သူတို႔အတြက္ ေလ့လာစရာမကုန္ခန္းနိုင္ေသာ သင္ခန္းစာမ်ားျဖစ္သည္

ထို႔ေၾကာင့္ စာသင္ေဆာင္ေတာ္ႀကီး၌ Defuloနွင့္ ခ်ိတ္ဆက္ထားေသာ အျခားနယ္ေျမရွိ တစ္ခ်ိဳ႕စာသင္ဘံုဝင္ေပါက္မ်ားဟာ ညအခ်ိန္၌ ဖြင့္ဟသည္

စာသင္ဘံုသည္ လျပည့္လကြယ္ သတ္မွတ္ေန႔ရက္ ညမ်ား၌ Defuloသို႔ ျပင္ပေလာကအသီးသီးမွ လာေရာက္ ေလ့လာသင္ၾကားရေသာ နတ္သူငယ္ေလးမ်ား နတ္နန္းသခင္မ်ားနွင့္ ညအခါ စည္ကားလင္းလက္ေနေလ့ရွိသည္

×××××

Fuitaဟာ Aitaက်ိန္စာ႐ြတ္သည္ကို ထိုင္ေစာင့္ေပးရင္း  ၾကမ္းျပင္ေပၚ၌ အိပ္ေပ်ာ္၍ ေနေလ၏

Aitaဟာ က်ိန္စာစည္းတို႔အား ကဗ်ာ႐ြတ္သလို အလြတ္႐ြတ္၍ နတ္နန္းနံရံေပၚ၌ ေျမျဖဴခဲေလးနဲ႔ အရုပ္ဆြဲေန၏

က်ိန္စာစာအုပ္ဟာ အေဝး၌ တစ္ဖ်က္ဖ်က္ လန္ေန၏

Aita၏ ကဗ်ာ႐ြတ္သံေလးဟာ နတ္နန္းနံရံေပၚက ေဆးစုတ္ခ်က္မ်ားနွင့္အတူ ပ်ံ့လြင့္လ်က္ရွိေန၏

"ေလာက၏ Shouyuအိမ္ေတာ္ အတြင္းတစ္ဝိုက္၌ လိုက္နာရေသာ အိမ္ေတာ္ႀကီးမ်ားအေၿခခံ က်ိန္စာစည္းမ်ဥ္းသံုးရာအား မိမိ YamaTo Aitaမွ က်ိန္ဆိုပါ၏~~~"

"လက္ေအာက္ငယ္သား အိမ္ေတာ္မ်ားအေပၚ မဖိနိုပ္ပါ~~"

"အေစခံဟုေခၚဆိုသည့္ Defuloေလာကေျမ၏ တစ္စိတ္တစ္ပိုင္းေသာ ေလာကသားအခ်ိဳ႕အား မိမိ၏ သားငယ္မ်ားသဖြယ္ ေစာင့္ေရွာက္ပါမည္~~"

"ျမင့္ျမတ္ေသာ ဘုရင္အေပၚ သစၥာေစာင့္ရင္း ေလာကကို ကူညီေထာက္မႈျပဳရန္ ေရွးဦးစြာ သတိရပါမည္~~~"

"ေလာကေျမမွေပးသနားေသာ Shouyu ခံစားခြင့္တို႔အား ဆက္လက္ေစာင့္ေရွာက္ရန္ မ်ိဳးဆက္ေသြးသေနၶမ်ားကို နည္းလမ္းမွန္စြာ ျပဳစုပ်ိဳးေထာင္၍ ......

"...........

".........

"......

"...

Aitaအား အေဝးတစ္ေနရာမွ လွမ္းၾကည့္ေနသူ သံုးဥၤးရွိသည္

ထိုသူမ်ားသည္ အျခားသူမ်ား မဟုတ္ေပ

နတ္နန္းသခင္ Oi နွင့္ Xuga, နတ္ဆရာ Nomiတို႔ျဖစ္သည္

Xugaဟာ ျဖတ္သြားျဖတ္လာရင္း Aita၏ ကဗ်ာ႐ြတ္သံၾကားေသာ္ လွမ္းၾကည့္၍ ေမး၏

"ဒါဘယ္သူလဲ~~"
"YamaTo Aitaမလား သခင္Oi~"

"inm..."

သခင္Oiဟာ Consaiေျမရွိ Defuloနွင့္ ခ်ိတိဆက္ထားေသာ နတ္နန္းဗိမၼာန္ေျမျဖစ္သည့္ နတ္ေတာင္ေျမအား ႀကီးစိုးရသည္ နတ္နန္းသခင္ႀကီးျဖစ္သည္

ယေန႔ည နတ္နန္းသခင္ အစည္းအေဝးပြဲထိုင္ရန္ ျပင္ပေလာကမွ Defuloသို႔ ျပန္ေရာက္လာသည္ထင္၏

သခင္Oiဟာ Fuitaအနားမွ Aita၏ ပါးလႊာလွသည့္ ေပလႊာေလးအား လွမ္းျမင္လိုက္သည္

အေမွာင္ထဲ၌ တလက္လက္ေတာက္ပေနေသာ ေ႐ႊေပလႊာ၏ အေရာင္အဆင္းကိုျမင္သည္နွင့္ Defulo၏ ခုနွစ္သား အေျခခံ စာက်ိန္စာမွန္း တန္းသိလိုက္၏

"သူက Yamaမင္းႀကီးရဲ႕ ေတာ္ဝင္ေသြးသားမလား... သခင္Xuga~~ ဒီကေလးကို ေတာ္ဝင္စည္းျပင္ပမွာ ထားလို႔ျဖစ္ပါ့မလား"

သခင္Xugaဟာ ေလးပင္စြာ ေရ႐ြတ္သည္

"ဘယ္ျဖစ္ပါ့မလဲ:::: ဒါေပမယ့္ Yamaမင္းႀကီးက သူ႔ကို ေတာ္ဝင္ေသြးသားအျဖစ္ မသတ္မွတ္ထားဘူး... Siaမင္းသား နန္းတတ္ၿပီးခ်ိန္အထိ YamaTo Aitaကို Shouyuအိမ္ေတာ္သား အေနနဲ႔ပဲ ထားမွာေသခ်ာတယ္"

"ဒါက သင့္ေတာ္တဲ့ လမ္းစဥ္တစ္ခု မဟုတ္တာေတာ့ ေသခ်ာတယ္မလား သခင္Xuga~"

" " "သံုးမ်ိဳးစပ္ သေနၶသားမွာ ေပါင္းစပ္ထားတဲ့ လူသားသံုးေယာက္ရဲ႕ ပိုင္ဆိုင္ခြင့္အရ ပထမေသြးပိုင္ရွင္နဲ႔ ဒုတိယေသြးပိုင္ရွင္ကသာ ဖခင္ရင္းျဖစ္ၿပီး တတိယေသြးပိုင္ရွင္ကေတာ့ ေဆးဝါးအေနနဲ႔ ေသြးသားေထာက္ပံ့မႈတစ္ခုလို႔ သတ္မွတ္ထားတာမို႔ ကေလးရဲ႕ ဖခင္ျဖစ္ခြင့္မရွိဘူး...

ဒါေပမယ့္ ေတာ္ဝင္ဘုရင္ရဲ႕ ေသြးကိုေတာ့ တျခားသူရဲ႕ သံုးမ်ိဳးစပ္သေနၶမွာ အကူညီေပးခဲ့တာမ်ိဳး မရွိခဲ့ဖူးဘူး... ဘုရင္ဆိုတာ အျမင့္ျမတ္ဆံုးနဲ႔ သူမ်ားေနာက္မွာ ရွိေနခြင့္မရွိတဲ့ အရာမို႔ သံုးမ်ိဳးစပ္သေနၶမွာ ဘုရင္ရဲ႕ေသြးကို တတိယေသြးအေနနဲ႔ ထည့္သြင္းခဲ့ရင္ ပထမေသြးပိုင္ရွင္နဲ႔ ဒုတိယေသြးပိုင္ရွင္က ဖခင္ေနရာမွာ မရွိေတာ့ဘူး...

တတိယေသြးပိုင္ရွင္ဘုရင္ကသာလ်ွင္ ဖခင္ရင္းျဖစ္ၿပီး ပထမေသြးပိုင္ရွင္နဲ႔ ဒုတိယေသြးပိုင္ရွင္က အလိုလို ဘုရင္ရဲ႕ ေသြးသားကို ေထာက္ပံ့ရတဲ့ ေဆးအျဖစ္ေျပာင္းလဲသြားတယ္....

Yamaမင္းႀကီးက Siaမင္းသားရဲ႕ နန္းတတ္လမ္းမွာ အေနွာက္အယွက္ျဖစ္လာမွာစိုးလို႔ ဒီကေလးကို သူရင္ခြင္မွာ တစ္ရက္ပဲထားၿပီး YamaToကို ျပန္ပို႔ခဲ့တာက ေတာ္ဝင္က်ိန္စာစည္းထဲမွာ ႀကီးျပင္းလာတဲ့ ကေလးမဟုတ္တဲ့အတြက္ ေနာက္တစ္ခ်ိန္ ဘုရင္ျဖစ္ဖို႔အလားအလာလည္း မရွိေတာ့ဘူးေပါ့" " "

"ဒါေပမယ့္ သခင္Xuga... တစ္ခုေတာ့ရွိတယ္... Siaမင္းသားမွာ ေသြးအားနည္း ေရာဂါရွိေနတဲ့အတြက္ ဘုရင္ျဖစ္ဖို႔ အားအင္ မလံုေလာက္မႈရွိေနမယ္ဆိုရင္ ဒီကေလးက Siaမင္းသားအတြက္ အႏၲရာယ္ရွိတယ္"

"Siaမင္းသားက စိတ္သေဘာထားျပည့္ဝၿပီးသားသူမို႔ ဖခင္Yamaမင္းႀကီးလိုမ်ိဳး အိမ္ေရွ႕စံအရည္အခ်င္းျပည့္ဝၿပီးသားျဖစ္ေနေပမယ့္ ေနာင္တစ္ခ်ိန္ ဘုရင္ျဖစ္လာတဲ့အခါ နန္းဆက္ေသြးသား ခ်န္လွပ္ဖို႔အတြက္ ေသြးအားနည္းေရာဂါေၾကာင့္ အခက္အခဲရွိေနတယ္"

"ah~~~ နန္းဘုရင္ အေရးဟာ ရင္ေလးစရာပါလား... ရႈပ္ေထြးမႈေတြ အမ်ားႀကီး ေပၚလာဦးမွာေတာ့ ေသခ်ာတယ္"

×××××

"Aita~~ အစ္ကိုေတာ္ေျပာတာ နားေထာင္ေနာ္~~"

"inm.."

"သစ္ပင္ေပၚ မတတ္နဲ႔... ျမင္းမစီးနဲ႔... အခြၽန္အတတ္ပါတဲ့ ပစၥည္းေတြနဲ႔ ၾကမ္းၾကမ္းတမ္းတမ္း မေဆာ့နဲ႔... အစ္ကိုေတာ္ မႀကိဳက္ဘူး~~"

"inm.."

"မင္းသားကိုလည္း ကလန္ကဆန္မလုပ္နဲ႔... မင္းသားေျပာတဲ့ စကားကိုနားေထာင္ၿပီး လိမၼာေန.. ၾကားလား"

"inm.."

Siaမင္းသားနွင့္ေတြ႕ဆံုရန္ YamaTo၌ ညီအစ္ကိုနွစ္ေယာက္ ျပင္ဆင္ေနၾကသည္

"ပ်င္းရင္ အစ္ကိုေတာ္ေနတဲ့ အေဆာင္ေတာ္ႀကီးကို လာခဲ့~~"

"inm..."

"နန္းေတာ္ႀကီးက ေက်ာက္နံရံ ေဆးနံရံေတြနွာလည္း ဟိုျခစ္ ဒီျခစ္ မလုပ္ရဘူးေနာ္... တစ္ခ်ိဳ႕ ေနရာေတြက ရတနာအစစ္ ေ႐ႊအစစ္ေတြနဲ႔ တည္ေဆာက္ထားတာ ပြန္းပဲ့သြားရင္ ျပစ္ဒဏ္သင့္လိမ့္မယ္..."

"inm.."

"တအင္း အင္းနဲ႔ ေခါင္းေလးၿငိမ့္ၿပီး ကြယ္ရာက်မွ လုပ္ခ်င္တာ လုပ္လို႔မရဘူးေနာ္... အဲ့ဒါ မေကာင္းတဲ့ လူေတြမွ လုပ္တာ... အစ္ကိုေတာ္ မႀကိဳက္ဘူး"

"inm.."

ထို႔ေနာက္ Aitaဟာ Fuitaအား ျပန္ေမးသည္

"ဘာျဖစ္လို႔ အစ္ကိုေတာ္ မႀကိဳက္တဲ့ဟာေတြက Aitaႀကိဳက္တဲ့ဟာေတြ ခ်ည္းျဖစ္ေနတာလဲ"

"ဘာ!"

"Aitaေတာ့ ကိုယ္ႀကိဳက္တာပဲ ကိုယ္လုပ္ခ်င္တယ္... မႀကိဳက္တာေတြ မလုပ္ခ်င္ပါဘူး~~"

"တစ္ခ်ိဳ႕ဟာေတြက ႀကိဳက္ေပမယ့္ မလုပ္ဘဲေနသင့္ရင္ ေနရတယ္... လူဆိုတာ ေတာ္သလိုေနရတယ္... ေပ်ာ္သလို မေနရဘူး... ေပ်ာ္သလိုေနတာ တိရစာၦန္လို အထိန္းအကြပ္မသိတဲ့ ယုတ္ညံ့တဲ့ ေအာက္တန္းစားေတြေနတာ... Aitaက အဆင့္အတန္းျမင့္ Shouyuလူတန္းစားမို႔လို႔ သူတို႔လိုမေနရဘူး.. ၾကားလား..."

"inm.."

"အစ္ကိုေတာ့္ စကားကို နားမေထာင္ရင္ အစ္ကိုေတာ္က Aitaကို စိတ္ဆိုးမွာေနာ္~~~"

"သိပါတယ္~~"

"နန္းတြင္းထဲကို မဝင္ရေသးဘူး... ျပႆနာရွာဖို႔ အရိပ္အေယာင္က အစပ်ိဳးေနၿပီ... နန္းတြင္းက ပစၥည္းေတြကို ပ်က္ဆီးေအာင္ မလုပ္မိေစနဲ႔ေနာ္... မင္းႀကီးနဲ႔ေတြ႔တဲ့အခါ ေခါင္းေလးပဲ ၿငိမ့္ေန"

"inm.. ပါ.. သိပါတယ္.."

"arr... မင္းေၾကာင့္ ငါ ရင္ပူလိုက္တာ~~~~"

"ဘာလို႔လဲ... Aitaက ဒီေလာက္လိမၼာတဲ့ ကေလးေလးဟာကို..."

"ဘယ္မွာလိမၼာလို႔လဲ!! ဘယ္နားလိမၼာ??"

Aitaဟာ နႈတ္ခမ္းေလးစူ၍ အစ္ကိုႀကီး၏ ရင္ခြင္ထဲဝင္ကာ ရင္ဘက္ႀကီးအား ဖက္၍ခြၽဲသည္

"inmmmmm~~~~~~"

Fuitaအား ရယ္လိုက္ရင္း ခ်စ္ဖို႔ေကာင္းလြန္းေသာ ညီငယ္ေလးအား ဖက္ကာ ပါးေဖာင္းေဖာင္းေလးမ်ားကို ေမႊ႕ရမ္းနမ္း၏

"ေစာက္ကေလး~~~ စကားကို တစ္ခါမွ နားမေထာင္ဘူး"

Aitaနွင့္ Fuitaအား YamaTo သခင္ႀကီး Yimaဟာ လွမ္းၾကည့္လ်က္ရွိေန၏

ၾကင္ယာေတာ္ သခင္XuYiဟာ အနားသို႔ေရာက္လာၿပီး အခန္းထဲ၌ ေဆာ့ေနေသာ သားနွစ္ေယာက္အား ၾကည့္သည္

"မင္းသားSiaက ကေလးကို လိုခ်င္ေနတယ္နဲ႔ တူတယ္... ကေလးက္ု သူ႔ဆီပို႔ေပးဖို႔ အရိပ္အႁမြက္ေျပာေနတာ အႀကိမ္ေပါင္းမ်ားစြာရွိေနၿပီ... တစ္ခုခုလုပ္လိုက္ရင္ ဘယ္လိုလုပ္မလဲ သခင္ႀကီး"

သခင္ႀကီးYimaဟာ ေလးပင္စြာ သက္ျပင္းခ်သည္

ကိုယ္ကေမြးၿပီး ကိုယ့္ကေလးမဟုတ္...

မင္းသားSiaက ဘုရင္ျဖစ္ဖို႔ က်ိန္စာစည္းေပါင္းမ်ားစြာကို ထိန္းသိမ္းေစာင့္ေရွာက္ၿပီး ကိုယ္စိတ္နွလံုးကို ခ်ဳပ္ထိန္းနႈအားေကာင္းသူမို႔ Aitaေလးအား မေကာင္းေသာ စိတ္တို႔မရွိေလာက္ေသာ္ျငားေပမယ့္လည္းပဲ စိတ္ထဲ၌ ပူေလာင္မိေနသည္

"Aitaက ငါတို႔ကေလး မဟုတ္ဘူးဆိုတာ အခုထက္ထိမယံုနိုင္ေသးဘူး.... YamaToမွာ ပံုမွန္မဟုတ္တဲ့ ဒီလိုအျဖစ္မ်ိဳးေတြ က်ေရာက္လာလိမ့္မယ္လို႔ တစ္ခါမွ မထင္ခဲ့မိဘူး"

"ဘယ္လိုလုပ္ၾကမလဲ သခင္ႀကီး... Aitaကို ျပန္မေပးခ်င္ဘူး... တို႔ကေလးပဲဟာကို... အပိုင္ယူထားလို႔ရမယ့္ နည္းေလး ဘာေလး မရွိဘူးလား~~"

သခင္ႀကီး Yimaဟာ မိမိ၏ျကင္ယာေတာ္ XuYi၏ မ်က္ဝန္းေလးမ်ားအား ျပန္လွည့္ၾကည့္သည္

"နည္းလမ္း တစ္ခုေတာ့ရွိတယ္...."

"ရွိတယ္လား.... ဘာလဲ?? အဲ့ဒါ ဘာလဲ"

"Aitaက သံုးမ်ိဳးစပ္ သေနၶသားမို႔ ၾကင္ယာေတာ္ လုပ္မွရမယ္... Fuitaရဲ႕ ၾကင္ယာေတာ္"

"ဟမ္~"

XuYi၏ ရင္အစံုသည္ အဆမတန္ တုန္လႈပ္ေျခာက္ျခားသြားသည္

"ar... ဒါ လံုးဝ မျဖစ္နိုင္ဘူး~~"

Yimaသခင္ႀကီးဟာ တုန္လႈပ္မႈကင္းေသာ အသံတို႔ျဖင့္သာ ျပန္ေျပာ၏

"ဘာပဲျဖစ္ျဖစ္ ဖခင္ရင္းကမင္းႀကီး ငါတို႔ကမင္းႀကီးရဲ႕ေသြးသားကို ေထာက္ပံ့သူ... ငါတို႔မွာ Aitaကို ေတာ္ဝင္ၾကင္ယာေတာ္အေနနဲ႔ပဲ အိမ္ကိုျပန္ေခၚလာခြင့္ရွိတယ္... Aita ေတာ္ဝင္စည္းမ်ဥ္းေတြထဲေရာက္သြားတာနဲ႔ အိမ္ျပန္ရမွာ မဟုတ္ေတာ့ဘူး"

×××××

Continue....

© GOD OF DEFULO,
книга «King Sia».
Коментарі