Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-1
Zawgyi















××××


















×××××


















×××××








1-သာမန် သန္ဓသေား
2-မူမမှန် သန္ဓသေား
4-ပုံမမှန် သန္ဓသေား
5-အသား သန္ဓေ

××××

1. သာမန် သန္ဓသေား



2.မူမမှန် သန္ဓသေား


















4.ပုံမမှန် သန္ဓသေား






သန္ဓပေးရသူသာဖြစ်သည်



5.အသားသန္ဓေ





×××××

Continue---

Unicode

လူ့လောက၏ မမြင်အပ်သော နတ်​ဘုံဌာနေတစ်ခု၌ လူသားယောက်ျားတို့အား ချစ်​မြတ်​နိုးတတ်​သူ နတ်​ဘီလူး ညီအစ်​မနှစ်​ယောက်​ရှိခဲ့၏

လူသားနှင့် စပ်ယှက်သော နတ်မျိုးနွယ်ဖြစ်သဖြင့် ကမ္ဘာမြေကြီးပေါ်၌ နေထိုင်ရသည်

နတ်​ဘီလူးမျိုးနွယ်​သည်​ပင်​ကိုအားဖြင့်​ကြမ်းတမ်း၏

ချောမောသည့်​ရုပ်​ရည်​အသွင်​မျက်​နှာပြင်​နှင့်​ရက်​ရက်​စက်​စက်​သတ်​ဖြတ်​တတ်​ကြသည့်​မကောင်းဆိုးဝါးမျိုးနွယ်​စပ်​ဖြစ်​ကြသည်​

အသားစိမ်း ငါးစမ်းစားတတ်ကြပြီး အားအင် အဆမတန်သန်မာသည်

အမတန်​မှ နုနယ်​လှစွာသော လူသားတို့သည်​၄င်းတို့၏ဒဏ်​ကို မခံစားနိုင်​ပေ

လေနှင်​ရာ ရွှေဖြစ်​သလိုမျိုး ကျိန်​စာကျင့်​စဉ်တို့အား တစ်​ဖက်​ကမ်းခက်တတ်မြောက်ကြသည်

ထိုသူမတို့သည်​သေဆုံးသူတို့၏ ဝိဉာဉ်​တို့အား အသက်​သွင်း၍ လူ့ဘုံတစ်နေရာ၌ တိုင်းပြည်​တည်​ထောင်​ထားကြ၏

ထိုနယ်​မြေအား ကျိန်​စာနယ်​မြေဟုခေါ်၏

သေဆုံးပြီးသူများသည် ထိုနယ်မြေ၌ ညစ်ညမ်း ကြမ်းတမ်းသော ကျိန်စာဝိဉာဉ်တို့ဖြင့် ပြန်လည်အသက်သွင်းကာ ရှင်သန်ခွင့်ပြုသည်

သေဆုံးသူများအား ထာဝရနီးပါး ပြန်လည်ရှင်သန်နိုင်စွမ်းရှိအောင် ဖန်တီးပေး၏

ထိုကျိန်​စာနယ်​မြေ၏ အဆုံး၌ အသွင်​ပြောင်း မြစ်​ရှိ၏

ထိုမြစ်​ချောင်းကြီး၏ တစ်​ဖက်​၌ လနတ်​သမီးပိုင်​ဆိုင်​သော ကျိန်စာလောကဘုံငယ် တစ်ခုရှိသည်​

သန့်စင်သော ကျိန်စာမြေပြင်ငယ်ဖြစ်ပြီး ယောက်ျားများသာရှိ၏

××××

သန့်စင်သောကျိန်​စာတို့ဖြင့်​ဖန်​တီးပြုပြင်​ထားသော လနတ်သမီး၏ မြေပြင်အား Defuloဟု ခေါ်သည်

လနတ်သမီး၏ မြေငယ်ရှိ သန့်စင်သော ကျိန်စာစည်းတို့သည် နတ်ဘီလူးမတို့၏ ညစ်ညမ်း ကြမ်းတမ်းသောကျိန်စာမြေရှိ ကျိန်စာစည်းတို့လောက်​မကြီးစွမ်းပေ

နတ်​ဘီလူးမတို့သည် ၄င်းတို့ထိတွေ့ခွင့်မရသော ယောက်ျား လူသားများရှိသည့် လနတ်သမီး၏ ကျိန်စာမြေပြင်အား လွန်စွာသဘောကျ၏

ထို့ကြောင့် နတ်ဘီလူးမတို့သည် လနတ်သမီး၏ကျိန်စာမြေအား ၄င်းတို့၏ ကျိန်စာစွမ်းအင်တို့ဖြင့် ကူညီထောက်ပံ့ပေးသည်

နတ်ဘီလူးမ နှစ်ယောက်သည် ထိုလောကဘုံအား လွန်စွာချစ်မြတ်နိုးသဖြင့် ဖြစ်ထွန်းလာသော လူသားယောက်ျားတို့အား ၄င်းတို့လို အသက်ရှည်စေရန်လည်း Defulo မြေပြင်အား ကျိန်စာစီရင်ပေးသည်

ထိုအချိန်မှစ၍ Defuloရှိ လူသားတို့သည် သက်တမ်းရှည်လာပြီး မြေပြင်သည် ရွှေ ငွေ ပတ္တမြား တို့ပေါကြွယ်လာ၏

Defuloသည် တစ်နည်းအားဖြင့် ချောမောလှပသော ယောက်ျားပျိုတို့ စုဆောင်းသိမ်းဆည်းရာ ဌာနေတစ်ခုဖြစ်သည်

သို့သော် နုပျိုလှစွာသော လူမဟုတ်​နတ်​မဟုတ်​ယောက်ျားသားများသာ ကောင်းမွန်စွာ ရှင်​သန်​နေထိုင်​ကြစေရန် လောကမြေသည် သန့်စင်နေဖို့လိုအပ်၏

နတ်ဘီလူးမတို့၏ အသက်ရှည်စေသော အထောက်အပံ့ ကျိန်စာစည်းတို့သည် လောဘုံမြေ၏သန့်စင်သော ကျိန်စာစည်းတို့အား ညစ်ညမ်းစေ၏

ထို့ကြောင့် လောကဘုံမြေ၏ ကျိန်စာစည်းတို့အား အဆက်မပြတ်သန့်စင်မှုများစွာ ပြုလုပ်ရပြီး ထိုသို့လုပ်ဆောင်ခြင်းအတွက် နတ်ဘီလူးမတို့ကသာ ပြန်လည် ထောက်ပံ့သည်

နတ်​ဘီလူးမတို့သည် ထိုလောကဘုံမြေမှ သေဆုံးသည့် လူသားဝိဉာဉ်​များနှင့် ကျိန်စာစည်းတို့အား မလိုက်နာသည့်သူများကို ၄င်း၏ကျိန်​စာမြေသို့ နှင်းအပ်စေသည်

ဤသို့ဖြင့် နတ်ဘီလူးမတို့သည် မထိရ မတွေ့ရ ကိုင်တွယ်ခွင့်မရသည့် ထိုလူသားယောက်ျားများကို လနတ်သမီးအား ကိုယ်စားလှယ်ပြုကာ ၄င်းတို့၏ ကျိန်စာမြေ အနီးအနား၌ ချစ်မြတ်နိုးစွာ မွေးမြူထားကြ၏

အချိန်ကာလ သန်းပေါင်းများစွာ ခေတ်အဆက်ဆက် ရွေ့လျားလာပြီးနောက် ၄င်းတို့၏ လူသားမွေးမြူရေး လောကဘုံမြေသည် တစ်စ တစ်စ ကြီးမားကျယ်ပြန့်လာပြီး ယခုအခါ သာမန်လူ့လောကမြေပြင်ကဲ့သို့ပင် ချမ်းသာကြွယ်ဝလာခဲ့သည်

နတ်ဘီလူးနှင့် လနတ်သမီးတို့၏ အစောင့်အရှောက်ကို ခံယူကာ တိုးတတ်ပြောင်းလဲလာသော ထိုလောယောက်ျားမြေရှိ လူသားယောက်ျားတို့သည် နတ်ဘီလူးနှင့် လနတ်သမီးတို့အား ဖန်ဆင်းရှင် အစောင့်အရှောက် နတ်ဘုရားများအဖြစ် ကိုးကွယ်ခဲ့ကြ၏

သီးခြား တိုင်းတော် ပြည်တော် လူ့ပြည့်လောကမြေကဲ့သို့ ဖြစ်လာခဲ့ကြပြီး စီးပွားရေး လူမှုရေး စာပေ ကျမ်းဂန် စစ်ရေးအတတ်ပညာ စီမံခန့်ခွဲမှု ဗဟုသုတတို့နှင့် သီးခြာယဉ်ကျေးမှုတို့ ဖြစ်တည်လာသည်

ဉာဏ်ရည်ကောင်းမွန်သော လူသားများ၏ ဦးဆောင်မှုဖြင့် ပုံမှန်လည်ပတ်လာရင်း အချစ် ဒဏ္ဍာရီ ပုံပြင်ပေါင်းများစွာလည်း ပေါ်ပေါက်လာခဲ့သည်

ကမ္ဘာမြေပြင်ပေါ်မှ သာယာပျော်ရွှင်ဖွယ်ကောင်းသည့် ရွှေသားအတိပြီးသော စည်းစိမ်ချမ်းသာတို့ရှိသည့် အခြားနတ်ဘုံ လူ့လောကမြေပြင်အဖြစ် ရပ်တည်ရှိခဲ့ကြ၏

×××××

လနတ်​သမီး၏ လောကဘုံ သို့မဟုတ်​Defulo၏ မျိုးပွားခြင်း ပြဿနာ----

သွေးစက်​တို့ပေါင်းစပ်ကာ ကျိန်စာစွမ်းအင်တို့ဖြင့် လူသားဖန်​တီးသော Defuloလောကမြေ ကမ္ဘာကြီးသည်​သာမန်​လူသားတို့ မမြင်​နို​င် မသိနိုင်​သော နေရာဖြစ်​၏

လွန်​စွာလှပသော တိမ်​ရောင်​စုံများ ဝဲပျံလေ့ရှိပြီး နတ်​သူငယ်​ဟုခေါ်သော သန့်​စင်​သည့်​လူသားတို့ ရှင်​သန်​နေထိုင်ကြရာ နေရာလည်းဖြစ်​သည်​

သန့်​စင်​သောကျိန်​စာဟုခေါ်သည့်​လနတ်​သမီး၏ ကျန်​စာ ကံကြမ္မာစည်းမျဉ်းတို့ဖြင့်​လောက၏ ရေ လေ နေ နှင့်​လ တို့အား ဖန်ဆင်းတည်​ရှိစေပြီး သွေးတစ်​စက်​ရေတစ်​စက်​လေတစ်​ဝှေ့ အစက်​မှုန်​တစ်​ခုစီက အစ တိုင်းပြည်၏အရာရာတိုင်းကို ကျိန်​စာစည်းမျဉ်းဘောင်​အတွင်း၌သာ ရွေ့လျားစေသည်​

လောက၏ ပျက်စီးခြင်း ကောင်းမွန်ခြင်း ဟူသမျှကို ကျိန်စာကျမ်းများအတွင်း ရေးဆွဲထားသည် စည်းမျဉ်းများကသာ ထိန်းချုပ်သည်

ခေတ်​အဆက်​ဆက်​အမှားယွင်းမဲ့စွာ နေရာမလပ်​ထိန်းကျောင်းခံထားရသော Defuloလောကမြေသည်​နှစ်​များကြာရှည်​လာသေည်​အချို့ကျိန်​စာများ၌ အနည်းငယ်​ယိုယွင်းလာ၏

ကျိန်​စာစည်းတို့ ယိုယွင်းခြင်းကြောင့်​လောကသည်​အနာရောဂါနှင့်​ပျက်​စီးခြင်းတို့ ဆိုက်​ကပ်​လာခဲ့သည်​

ရိုင်းစိုင်းညစ်​ပတ်​သော လူသားမျိုးနွယ်​များနှင့် ထိစပ်ခြင်းမှ ကာကွယ်​ရန်​အားနည်းလာခဲ့သည်​

နတ်ဘီလူးမတို့၏ သန့်စင်သော ယောက်ျားမွေးမြူရေး ခြံဝန်းလေးဟာ စည်းရိုးပေါက်စပြုလာခဲ့သည်

ထိုသို့ ခြံစည်းရိုးဟုခေါ်သည် ကျိန်စာစည်းယိုယွင်းပျက်​စီးခြင်းသည်​ရေးဆွဲထားသော လနတ်​သမီး၏ သန့်စင်သော ကျိန်​စာစည်းများအား လူသားတို့က မလိုက်နာကြသောကြောင့်​ဖြစ်​ပေ၏

ထို့ကြောင့် ကျိန်စာစည်းတို့အား ကောင်းမွန်စွာ တိုက်ရိုက်ထိန်းချုပ်ပေးနိုင်မည့်သူများ လိုအပ်လာ၏

ကျိန်စာကျမ်းတို့အား တစ်ဖက်ကမ်းခက် နားလည်သဘောပေါက်ကာ ကျိန်​စာစည်းတို့အား ကောင်းစွာ ထိန်းသိမ်းနိုင်စွမ်းရှိသည့် နတ်​ဆရာများစုဝေးကာ လောကမြေရှိ ကျိန်​စာစည်းတို့နှင့် မအပ်​စပ်​သည့် အရာများကို ပြန်လည်ဖယ်ရှားကြ၏

ထိုအရာများသည်​သန့်​စင်​သော လနတ်​သမီး၏ ကျိန်​စာများအား ညစ်​ညမ်းစေပြီး လောက၏ကျိန်​စာစည်းရိုးတို့အား ပျက်​စီးစေသည်​

နတ်​ဆရာများသည်​လနတ်သမီး၏ လောကမြေကျိန်စာစည်းများအတွင်း နေထိုင်သူ လူသားများစောင့်ထိန်းရမည့် သန့်​စင်​သော ကျိန်​စာစည်းသစ်​တို့အား ထပ်မံ၍စီမံသမုတ်​စေသည်

ထို့နောက် သန့်စင်သော မိခင်လနတ်သမီး၏ ကျိန်စာစက်ယန္တရားကြီးသည် ပြန်လည်ရွေ့လျားလာကာ Defuloလောကမြေသည်​ပြန်​လည်​ကောင်းမွန်​လာသည်

နတ်ဆရာတို့၏ လမ်းညွှန်ကုသမှုများဖြင့် လူဘုံလောကမြေအဆင့်မှ နတ်​ဘုံလောကဘက်​သို့ နီးကပ်​လာကာ နတ်​ဘုံသဖွယ်​ခမ်းနားထည်​ဝါမှုတို့ ပြန်လည် ပြည့်​စုံလာခဲ့၏

ထို့နောက်​လောကသားတို့သည်​တစ်​ညီတစ်​ညွှတ်​တည်း ခိုင်​မာသော ကျိန်​စာစည်းတို့အား ခေတ်​အဆက်​ဆက်​ထိန်းသိမ်းစောင့်​ရှောက်​ခဲ့ကြပြီး သန့်စင်သော လူသားမျိုးနွယ်အသစ်များ ဖန်တီးနိုင်ခဲ့ကြသည်

×××××

လူ့ဘုံလောက၏ စက်ပစ္စည်းများကဲ့သို့ပင် Defulo လောကမြေကြီးရှိ လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာကိုလည်း လနတ်သမီး၏ ကျိန်စာစက် ယန္တရားကြီးက ထိန်းချုပ်သည်ဟု ဆိုကြသည်

နေဝင် နေထွက် နှင့် ပန်းကလေးများ ဖူးပွင့်လာခြင်း/ နှင်းများကျဆင်းခြင်း/ မိုးသားတိမ်လိပ်တို့ ရွေ့လျားနေခြင်း/ လူသားတို့၏ ကျန်းမာခြင်းနှင့် သေဆုံးခြင်း/ လောက၏ မြူမှုန်ကလေးများ ရွေ့လျားခြင်း စသဖြင့် အပ်တစ်ဖျားစာ နေရာလဒ်မျှမကျန် လောက၏ သက်ရှိ သက်မဲ့ ဒြပ်ရှိ ဒြပ်မဲ့ မြင်အပ် မမြင်အပ် ဒြပ်ထုနှင့် ရုပ်လုံးများကအစ အလုံးစုံအား ကျိန်စာစည်းတို့ဖြင့် ဆက်သွယ်၍ ကျိန်စာစက်ယန္တရားက ထိန်းချုပ်ထားသည်

ထို့ကြောင့် သန္ဓသေား ဖန်တီးရာတွင် နတ်ဆရာ/ နတ်သူငယ်များနှင့် လူသားတို့၏ အတတ်ပညာများအား မျှတအောင် ထည့်သွင်းရသည်

သွေးဟုဆိုရာတွင် သွေးသည်အနီရောင်တစ်မျိုးတည်မဟုတ်ပေ

သဘာဝ ကာလာရောင်စုံ ဖြစ်တည်နေသော သွေးမျိုးဆက်လောကမြေကြီး ဖြစ်သည့်အလျောက် လူသားတစ်ဦးချင်းစီတို့သည် သွေးအရောင် မျိုးစုံရှိကြသည်

သွေးအရောင်နှင့် အမျိုးအစားပေါ်မူတည်၍ စွမ်းဆောင်ရည် အနိမ့်အမြင့် သတ်မှတ်ကြသည်

Defuloမှ သွေးသားတို့၏ ပေါင်းစပ်ဖန်တီးမှုများမှ ဖြစ်တည်လာသော ရှေးဦးစွာ ယေဘုဟျအားဖြင့် သန္ဓသေား ငါးမျိုးရှိခဲ့၏

1-သာမန် သန္ဓသေား
2-မူမမှန် သန္ဓသေား
3-သုံးမျိုးဆက် သန္ဓသေား
4-ပုံမမှန် သန္ဓသေား
5-အသား သန္ဓေ

××××

1. သာမန် သန္ဓသေား

သွေးတွင်း အာဟာရဓာတ်အပေါ် မူတည်ပြီး ကျိန်စာစည်းနှင့် နည်းပညာတို့ အပိုအလိုမရြှိဖစ်တည်လာသော သန္ဓသေားသည် သည်းခံနိုင်စွမ်းအားကောင်း၍ ပုံမှန်လူသားတစ်ယောက်လိုပင် ရိုရှင်းစွာ ချမှတ်ထားသော မိမိနှင့် သက်ဆိုင်သည့် ကျိန်စာ၏စည်းမျဉ်းများအား သက်တောင့် သက်သာ စောင့်ထိန်းနိုင်စွမ်းရှိ၏

ထိုသန္ဓသေားအား ကျန်းမာသော သန္ဓသေား သို့မဟုတ် သာမန်သန္ဓသေားဟု ခေါ်သည်

2.မူမမှန် သန္ဓသေား

သွေးသားပေါင်းစပ်ရာတွင် အနီရောင်သွေးသားနှင့် အခြားသော စိမ်း ပြာ ခရမ်း စသည် အရောင်မျိုးစုံမှ လူတစ်ဦးဦး၏ သွေးမျိုးစိတ် ပေါင်းစပ်ခြင်းလည်း ရှိသည်

ထိုသို့ပေါင်းစပ်ရာတွင် ကာလာသွေးရှိသော သူသည် အားနည်းနေပါက သွေးမလုံလောက်မှုဖြစ်တည်သည်

ထိုအခါ သွေးလုံလောက်မှုရှိစေရန် အနီရောင် သွေးသားအား ထပ်မံအပိုဆောင်း ထည့်သွင်း ပေါင်းစပ်ရသည်

သွေးနီဥများများစားသုံးပြီး ဖြစ်တည်လာသော ထိုကလေးငယ်သည် မြင့်မြတ်သော သွေးနီဥများခြင်းကြောင့် ဉာဏ်ရည်ထက်မြတ်ကာ ခွန်အားကြီးသည် ~ သို့သော် မိမိ၏စိတ်ခံစားချက်အား မိမိနားမလည်တတ်သောသူဖြစ်သည် ~ ဒေါသထွက်လာလျှင် စိတ်မြန်လက်မြန်နှင့် အမှားလုပ်တတ်ပြီး စိတ်မရှည်တတ်ပေ ~ ကျောက်တုံး ကျောက်ဆိုင်လို ကြမ်းတမ်းသော သန္ဓသေားဖြစ်၏

3. သုံးမျိုးစပ် သန္ဓသေား

Defuloသည် ယောက်ျားလောကမြေဖြစ်သော်လည်း သွေးမျိုးစိတ်ပေါင်းစပ်ရာတွင် သန္ဓဆောင်နိုင်သည့်ခန္ဓာကိုယ်နှင့် သန္ဓပေးရသည့်ခန္ဓာကိုယ် ဟူ၍ နှစ်မျိုးရှိသေးသည်

သွေးသားစပ်ရာတွင် ထိုဆန့်ကျင်ဘက် လူနှစ်ဦး၏ သွေးမျိုးစိတ် အချင်းချင်းကိုသာ ပေါင်းစပ်၍ရသည်

ခြွင်းချက်အနေဖြင့် အနီရောင်သွေးသားများသည် များသောအားဖြင့် သန္ဓမေဆောင်နိုင်ကြပေ .. သန္ဓပေးရသည်က များသည်

ထိုသို့ပေါင်းစပ်ရာတွင် နှစ်ဦးနှစ်ဖက် သွေးမလုံလောက်မှုဆိုသည်က ရှိလာတတ်ကြသည်

ထိုအခါ ဖန်တီးထားသော သန္ဓသေားအား သေဆုံးမှုမရှိစေရန် အခြားသော အနီရောင်သွေးသားတစ်ဦးဦး၏ သွေးနီဥကို ဆေးအဖြစ် ထပ်မံကျွေးမွေးရသည်

ထိုမှစ၍ လူသုံးဦး၏ သွေးမျိုးစိတ်ဖြင့် ဖြစ်တည်လာသော ကလေးငယ်သည် သုံးမျိုးစပ် သန္ဓသေားဖြစ်သည်

လူသုံးဦး၏ ကာမစိတ်များ အလုံးစုံပိုင်ဆိုင်ပြီး သာမန်လူသားထက် လေးဆလောက် ကာမစိတ်ပိုများသည်

သုံးမျိုးစပ် သန္ဓသေားတို့၏ ခန္ဓာကိုယ်သည် အခြားသူများလို အတည်တကျလည်းမရှိဘဲ ကိုယ်ဝန်လည်းဆောင်နိုင်သည် အခြားသူကိုလည်းကိုယ်ဝန်ရစေရန် အလိုငှာလည်း စွမ်းဆောင်ပေးနိုင်သည်

နှစ်မျိုးသုံး ခန္ဓာကိုယ်ဖြစ်ပြီး မျက်နှာနှင့် ခန္ဓာကိုယ်သည် မိုးဦးကျချိန် မြေသင်းနံ့တို့ စွတ်ဖြန်းထားသော ပန်းလေးများသဖွယ် လွန်စွာရိုးရှင်းလှပပြီး စွဲဆောင်မှုရှိကြ၏

သို့သော် ကိုယ်တွင်း ဓာတ်အခံ အားအင်သည် သာမန်လူသားထက် အများကြီးပိုကြီး၏

ပန်းပန်ထားသော မကောင်းဆိုးဝါးဟု တင်စားကြပြီး လောက၏ ညစ်ညမ်းသန္ဓသေားအဖြစ် ပစ်ပယ်တတ်ကြသည်

သုံးမျိုးစပ်သန္ဓသေားများသည် အိမ်ထောင်ရေးအရ အဖောက်ပြန်တတ်ဆုံး သန္ဓသေားဖြစ်ပြီး လောက၏ ကျိန်စာစည်းမျဉ်းများအား ညစ်ညမ်းစေပြီး လောကအား ပျက်စီးအောင် ဖန်တီးသူများဟု အများက နိုမ်တတ်ကြသည်

4.ပုံမမှန် သန္ဓသေား

ပုံမမှန်သန္ဓသေားနှင့် သုံးမျိုးစပ်သန္ဓသေားတို့သည် လွန်စွာလိုက်ဖက်သည့် စုံတွဲဖြစ်သည်

နှစ်ဦးစလုံး၏ စိတ်၏ ပုံမှန်မဟုတ်ပေ

သို့သော် သူတို့နှစ်ဦးပေါင်းဖက်ပါက အပြင်ပန်းအိနြေ္ဒရှိရှိ ရပ်တည်နိုင်ပြီး ကျက်သရေမင်္ဂလာလည်း ပိုမိုရှိနေပြန်သည်ဟုဆိုကြသည်

ပုံမမှန် သန္ဓသေားများသည် အနီရောင်သွေးနီဥ စားသုံးမှုအားနည်းပြီး ဖြစ်တည်လာသော သန္ဓသေားဖြစ်သည်

အပြင်ပန်းက သန်မာရင့်ကျက်မှု ထက်မြတ်မှုတို့ရှိနေသလောက် ခန္ဓာကိုယ်အတွင်း ကာမစိတ်က ပန်းလေးလို နူးညံ့သော ယုယမှုကို ကိုယ်ကသာ ခံယူချင်သူဖြစ်သည်

ခန္ဓာကိုယ်သည် သန္ဓလေည်း မဆောင်နိုင်ပေ
သန္ဓပေးရသူသာဖြစ်သည်

ထို့ကြောင့် သုံးမျိုးစပ် သန္ဓသေားက ပုံမမှန်သန္ဓသေားအား ကိုယ်ဝန်လည်ဆောင်ပေးပြီး ယုယကြင်နာမှုများကိုလည်း အစွမ်းကုန် ပေးနိုင်စွမ်းရှိ၏

လောကက သတ်မှတ်ပေးထားသော ဖူးစာဖက် သန္ဓမျေိုးစိတ်နှစ်ခုဟုပင် တင်စားကြ၏

5.အသားသန္ဓေ

လုံးဝသန့်စင်မှုမရှိသော ညစ်ညမ်းသန္ဓသေား တစ်ပိုင်း ဖြစ်သည်

သန့်စင်သော သွေးသားတို့ ပေါင်းစပ်ခြင်းကြောင့် မဟုတ်ဘဲ အလွန်အကျူး ကာမဆက်ဆံ၍ ဝမ်းအတွင်းဖြစ်တည်လာသော အညစ်အကြေးများနှင့် မွေးဖွားရသည့် သန္ဓသေားဖြစ်သည်

တစ်ပတ်အတွက် အကြိမ်နှစ်ဆယ်ထက်ပို၍ လိင်ဆက်ဆံပါက အသားသန္ဓဖြေစ်တည်လာသည်

တစ်ချို့ သွေးအားနည်းသူများကလည်း ကလေးထပ်မံ အလိုရှိ၍ ဗိုက်ထဲ၌ပင် သွေးပေါင်းစပ်ဖို့မလိုအပ်သည့် အသားသန္ဓကေိုသာ မွေးမြူလိုက်ကြ၏

×××××

Continue---
© GOD OF DEFULO,
книга «King Sia».
Коментарі