Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-3
Unicode

မှောင်မိုက်သော ညတစ်ညဝယ်~~

Defulo၏ ကောင်းကင်ယံမှ အဆက်မပြတ်တိုက်ခတ်နေသော မိုးရေစက်တို့သည် မကောင်းဆိုးဝါးတို့ ဝင်ရောက်နေသည့်အလားပင် ဆူညံနေ၏

"ငါတို့တော့ ဒုက္ခရောက်ပြီ!!!"

FuiTa အိပ်ငိုက်နေရာမှ ဆူဆူညံညံအသံတို့ကြောင့် လန့်နိုးသွားသည်

ဓာတ်ခွဲခန်းရှိ သန္ဓေသားဖန်တီးသည့် သမားတော်များ ပြေးလွှားနေကြသည်

"YamaTo ShouYuအိမ်တော်က သန္ဓေသားက သွေးမလုံလောက်ဘူး!!!"

"အခြားသန့်စင်တဲ့ သွေးနီဥတွေ ထပ်ကျွေးပြီးပြီလား~~!!!!!"

"သုံးမျိုးစပ် သန္ဓေသားဖြစ်မှာစိုးလို့ မကျွေးရသေးဘူး"

"ဘယ်ဘက်က မလုံလောက်တာလဲ!!!"
"YamaTo သခင်ကြီးရဲ့ သွေးလား ကြင်ယာတော်ရဲ့ သွေးလား"

"ကြင်ယာတော်ရဲ့ အနီရောင်သွေးက လုံလောက်လို့ သန္ဓေကောင်ဖြစ်လာတာ~~ သခင်ကြီးရဲ့ သွေးနီဥကမလုံလောက်လို့ သန္ဓေကောင်က သတ်မှတ်ချိန်အတွင်း အသက်မရှင်သေးဘူး"

"နှစ်ဖက်လုံးက အနီရောင်သွေးဥတွေ စားထားတာတောင် သူက မလုံလောက်ဘူးလား!!!"

ထိုစဉ် အခြားတစ်ယောက် ပြေးလာသည်

"မလုံလောက်တာ မဟုတ်ဘူး... သန္ဓေသားက သုံးမျိုးစပ်ချင်နေတာ ထင်တယ်.... သခင်ကြီးYimaရဲ့ သွေးကို ထပ်မစားတော့ဘဲ.... အခြား သန့်စင်တဲ့အနီရောင်သွေးဥကို တောင်းနေတာ!!!"

"ကျွေးလိုက်ပြီလား?"

"omm... မတတ်နိုင်တော့ဘူး သုံးမျိုးစပ်လည်း အသက်ရှင်အောင် လုပ်ပေးရတော့မှာပဲ... သန္ဓေသားသေးဆုံးရင် ညစ်ညမ်းသန္ဓေဖြစ်လိမ့်မယ်"

"အပိုဆောင်းထားတဲ့ အသန့်စင်ဆုံးသွေးဥတွေကို ကျွေးပြီးပြီ... အပိုဆောင်း သွေးနီဥတွေထဲက ဘယ်ဟာထည့်ထည့် လုံးဝမစားဘူး~~"

သမားတော်ကြီး MoTo ပြန်လည် တွေးဆလိုက်သည်

"သန္ဓေသားက လောဘကြီးပြီး ချေးများလိုက်တာ.... YamaToမျိုးရိုးလို့ မပြောရဘူး.. အဆင့်အမြင့်ဆုံး သန့်စင်ထားတဲ့ သွေးဥကိုတောင် မစားဘူးလား...."

"ဟုတ်ကဲ့.... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..... အဲ့ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး!!"

"အနီရောင်သွေး မျိုးစိတ်နှစ်ခု ပေါင်းထားတာတောင် သူက မလုံလောက်ဘူး!!"

MoToဟာ အပြင်သို့ ပြန်ထွက်သွား၏

မကြာခင် YamaTo Yima ရောက်လာသည်

FuiTaဟာ အိပ်ချင်မူးတူးဖြင့် ပြေးလာ၏

"Papa~ အထဲမှာ ဘာဖြစ်တာလဲ~"

"arr~~ ဘာမှမဖြစ်ပါဘူး~ ညီငယ်လေး မွေးဖွားသန့်စင်တော့မှာမို့ သူတို့ အလုပ်ရှုပ်နေတာပါ~~ ငါ့သားလေး အိပ်ချင်နေပြီလား~~ အိမ်ပြန်ပြီး အိပ်လိုက်ပါလား"

"onn~~ ညီလေးက မမွေးသေးဘူးလား~~ စောင့်ဦးမယ်လေ~"

"ညီလေးက ဒီညမမွေးသေးဘူး မနက်ဖြန်မှ မွေးမှာ~"

Yimaဟာ ငါးနှစ်အရွယ် သားကြီး Fuitaလေးကို မိမိ၏ အခက်အခဲတစ်ချို့အား မမြင်စေချင်၍ အထိန်းတော်နဲ့ အိမ်သို့ ပြန်လွှတ်လိုက်သည်

×××××

MoYoဟာ Yimaအား တွေ့ဆုံဆွေးနွေးသည်

"သန္ဓေသားက အသန့်စင်ဆုံး သွေးဥကိုတောင် မစားဘူး... သခင်ကြီး... သူ့ကို အဆုံးရှုံးခံလိုက်ရတော့မယ်ထင်တယ်"

Yima ထိတ်လန့်သွားသည်

"အဲ့ဒီလိုဖြစ်လို့ မဖြစ်ဘူး~~ သမားတော်MoTo~ ကျွန်တော်တို့ အိမ်တော်စည်းကမ်းအရ အဲ့ဒီလို မျိုးရိုးသန္ဓေကို ဆုံးရှုံးလို့မရဘူး!!! ကျွန်တော်ရဲ့ သွေးနီဥက ထပ်ထုတ်လို့ရတယ်လေ~!!"

"သန္ဓေသားက သွေးနီဥမလုံလောက်တာ မဟုတ်ဘူး သခင်ကြီး... သန္ဓေသားက သွေးခြေဥချေးများနေတာ... အဲ့ဒါက အလွန်ဆိုးဝါးတဲ့ ဖြစ်ရပ်ပဲ... သခင်ကြီးရဲ့ သွေးနီဥကိုလည်း နည်းနည်းပဲစားပြီး သူထပ်မစားတော့ဘူး... အခြားသောသူတွေရဲ့ သွေးအားလုံးကိုလည်း ငြင်းနေလို့ သုံးမျိုးစပ်သန္ဓေသားအဖြစ် မွေးဖွားဖို့တောင် ခက်ခဲနေပါပြီ~~"

"လုံးဝ နည်းလမ်းမရှိတော့ဘူးလား!!"

"သန္ဓေသားကနေ လူဖြစ်လာဖို့ ကျွန်တော်တို့ချည်းဘဲ လုပ်လို့မရပါဘူး.... သွေးနီဥ လုံလုံလောက်လောက် မစားရင် သုံးရက်အတွင်း သေမှာပါ... ဒါက နတ်နန်းနဲ့ သက်ဆိုင်သွားပါပြီ... သူအတွက် ဖြစ်တည်လာတဲ့ ကျိန်စာမြေရဲ့ ကံကြမ္မာစာရွက်မှာ ပြဿနာတစ်ခုခု ရှိနေလို့ပါ... သူ့ရဲ့အသက်သေဆုံးခြင်းကို တားဆီးဖို့ နတ်နန်းက နတ်ဆရာတွေဆီမှာ ပြန်လည် အဖြေရှာပေးပါ"

ထိုစဉ် နတ်နန်းမှ သတိပေးစာရောက်လာသည်

လူယုံ အစေခံ Giyaဟာ နတ်နန်းမှ ဓာတ်ခွဲရုံသို့ လိုက်လာသည် ကျီးငှက်ထံမှ စာယူလာ၏

"သခင်ကြီး~~ နတ်နန်းက သခင်ကြီးဆီကို သတိပေးစာ ပို့လိုက်တယ်"

×××××

YamaToသခင်ကြီး Yimaသည် နန်းတွင်းသို့ ရေခဲမိုးများကြားမှ မြင်းဖြင့် ပြေးလာသည်

လေယူရာယိမ်းနေသော သစ်ပင် သစ်တောများအကြားမှ လေပြင်းများကို မျက်နှာချင်းဆိုင် ဆန်တတ်၍ Yimaဟာ ဖြတ်သန်းလာခဲ့သည်

မြင်းခွာသံတို့သည် မိုးရေစက်များအောက်၌ စည်းချက်ကျစွာ တစ်ခွပ်ခွပ် အော်မြည်နေ၏

××××

နန်းတွင်းရှိ မင်းကြီးSiaYamaထံသို့ အိမ်တော်သခင်ကြီးYimaသည် တိုက်ရိုက် အစစ်ဆေးမရှိ သူတို့သုံးဦး ပြေးဝင်ကြ၏

သခင်ကြီးYima နှင့်အတူ သမားတော်ကြီး Moto/ အစောင့်စစ်သည် လူယုံတော်GiYaတို့သည် မင်းကြီးSiaYamaရှိရာ အဆောင်တော်အတွင်းသို့ မြန်ဆန်စွာ လှမ်းလာခဲ့သည်

တိတ်ဆိတ်နေသော နန်းဆောင်အတွင်း၌ အထိန်းတော်နှင့် အစေခံများဟာ သူတို့သုံးဦး ရှေ့မှပြာယာခတ်စွာ မင်းကြီးရှိရာနေရာထံသို့ လမ်းပြကြသည်

×××××

"အရှင်မင်းကြီး~~~"
"YamaTo အိမ်တော်သခင်ကြီး Yima အရေးတကြီး တွေ့ဆုံခွင့်တောင်းနေပါတယ်~~"

မင်းကြီးSiaYamaသည် စာဖတ်ခန်း၌ သားတော်Siaအား ရင်ခွင်၌ထည့်၍ စာဖတ်ပြနေသည်

အိမ်ရှေ့စံ မင်းသားငယ်လေး Siaသည် မင်းကြီးSiaYama၏ ရင်ခွင်ထဲ၌ စာနားထောင်ရင်း နွေးထွေးစွာ အိပ်မောပင် ကျနေ၏

မင်းကြီးSiaYamaသည် မင်းသားSiaလေးအား အထိန်းတော် Yuka၏ လက်ထဲသို့ ပြောင်းရွေ့ပေးလိုက်သည်

ထို့နောက် YamaTo သခင်ကြီး၏ တွေ့ဆုံအား ခွင့်ပြုလိုက်၏

×××××

YamaToသခင်ကြီး Yimaသည် ဆိတ်ငြိမ်စွာ ထိုင်နေသော မင်းကြီးSiaYamaအားမြင်သည်နှင့် ကြမ်းပြင်သို့ ဒူးထောက်ကာ လျင်မြန်စွာ ဦးတိုက်လိုက်သည်

"YamaTo Yima မင်းကြီးSiaYamaကို အခစားဝင်ပါတယ်~~~))))"

Yima၏ အသားတို့သည် ဆက်ဆက်တုန်နေပြီး စိုးရိမ်စိတ်ကြောင့် မျက်ရည်တို့ပင် ဝဲနေသည်

မင်းကြီးSiaYamaသည် သခင်ကြီးYimaအား ပြာယာစွာ ပြေးထူပေးလိုက်သည်

"ဘယ်လိုဖြစ်တာလဲ~~ Yima~~"

သခင်ကြီးYimaသည် မင်းကြီးSiaYama၏ လက်တို့အား ဆုပ်ကိုင်လိုက်သည်

ထို့နောက် ဝမ်းတွင်းမှ လှိုက်မောနေသော အသံတို့ဖြင့် တောင်းဆိုသည်

"ကျွန်တော့်ကို ကူညီပေးပါဦး မင်းကြီး~"
"ကျေးဇူးကို တစ်သတ်လုံး မင်းကြီးထံမှာ ပြန်ပေးဆပ်ပါ့မယ်"

မင်းကြီးSiaYamaသည် သမားတော်ကြီး MoTo၏ မျက်နှာအား လှမ်းကြည့်၏

Moto၏ မျက်နှာဟာ မျှော်လင့်ချက် မျက်ဝန်းတို့ဖြင့် ပြည့်နှက်လို့နေ၏

×××××

မှောင်မိုက်သော ညတို့ကုန်ဆုံး၍ ကျက်သရေ မင်္ဂလာတို့ ပြည့်နှက်နေသည် နွေဦးရာသီအချိန်ကာလသို့ ရောက်သောအခါ အိမ်ရှေ့စံမင်းသားလေး Siaဟာ အိပ်ယာမှ နိုးထလာသည်

လိုက်ကာအပြင်မှ အထိန်းတော် Yuka၏ ငယ်ရွယ်နုပျိုဆဲ မျက်နှာလေးဟာ Siaအား နူးညံ့စွာ ပြုံးပြလို့နေ၏

"အိမ်ရှေ့စံ မင်းသားလေး အိပ်ယာမှ နိုးထလာပါပြီလား~~"

ကလေးငယ်ဟာ အိပ်မှုန်စုံမွှားလေး အိပ်ယာတွင်း၌ ထိုင်နေသည်

အစေခံ တော်ဝင်လုပ်သားလေးများဟာ ရိုသေစွာ ရွှေချည်မျှင် ပုဝါပါးအစအား ဖယ်ရှားပေးလိုက်၏

Yukaဟာ ဒူးလေးဝပ်ကာ ကုတင်ပေါ်ရှိ Siaအား ခေါင်းမော့ကြည့်ပြီး ပြုံးပြကာ ရှေ့တိုးလာသည်

Siaဟာ Yuka၏ လည်ပင်းအား လှမ်းဖက်၍ ပုခုံးပေါ် ခေါင်းလေးလှဲကာ ရင်ခွင်ထဲသို့ ပျင်းရိစွာ လိုက်ပါသွားသည်

Yukaသည် သေဆုံးသူ ဖခင်၏ ကြင်ယာထိန်းတစ်ဦးဖြစ်သည်

သခင်ဖြစ်သူ ဆုံးပါးသွားသောအခါ သခင်ဖြစ်သူ၏ သားငယ်ကို အနီးကပ်ပြုစု စောင့်ရှောက်ပေးရသူ အစေခံကောင်းတစ်ယောက် ဖြစ်လာသည်

Sia၏ ဝေယာဝစ္စများကို Yukaက အားလုံး စီမံပေး၏

×××××

အရာအားလုံး ပြီးဆုံးသောအခါ ခမည်းတော် ဘုရင်ကြီးနှင့်အတူ မနက်ခင်း ပွဲတော်တည်ရန် ခေါ်ဆောင်လာသည်

Siaဟာ သူ၏လုပ်နေကျ အရာလေးတစ်ခုလို အမှားယွင်းမဲ့စွာ ကျင့်သားရရ လမ်းလျှောက်လာသည်

"Siaရောက်ပါပြီ ခမည်းတော်~~"

Siaဟာ လူကြီးဆန် ဆန် လေ့ကျင့်မှုများအတိုင်း သဝေမတိမ်း နှုတ်ဆက်ကာ အရိုအသေပြု၍ စားပွဲဝိုင်းသို့ ဝင်ထိုင်လိုက်သည်

Siaအတွက် အာဟာရပြည့်စုံစေသော ဟင်းလျာများနှင့် နို့စိမ်းတို့အား စီမံချက်လုပ်ထားသည် သွေးအားကောင်းစေသော ဟင်းလျာတို့ပါသည်

Siaဟာ စားနေရင်း ခဏအကြာ ရုတ်တရက် ဖခင်အား မေးလိုက်၏

"ခမည်းတော် ~~ နို့စိမ်းဟင်းက သွေးအားနည်းလို့စားရတာ မဟုတ်ဘူးလား~~"

မင်းကြီး Yamaဟာ စားလက်စအား ရပ်တန့်ပြီး Siaအား ပြုံးပြ၏

Sia၏ မျက်ဝန်းလေးများသည် ညှိုးငယ်စွာ ဖခင်အား မော့ကြည့်နေရှာ၏

ထပ်မံပြီး မိမိ၏ ခမည်းတော်ဟာ ဖခင်ငယ်လို သွေးအားတိုးစေသည့် နို့စိမ်းဟင်းတွေ နေ့တိုင်းစားပြီး မိမိကိုထားခဲ့တော့မှာလား

Yamaဟာ ကလေးငယ်၏ မျှော်လင့်ချက် အကြည့်တို့အား နားလည်လိုက်၏

Yamaဟာ ယမန်ညက အကြောင်းကိစ္စအချိူ့ကြောင့် သွေးနီဥအချို့ ထုတ်ယူထားသည့်အတွက် ကျန်းမာရေးအရ နို့စိမ်းဟင်းလျာအား ပြင်ဆင်စားသုံးခြင်းသာ ဖြစ်သည်

သို့သော် Siaက ထိုဟင်းခွက်မြင်သည်နှင့် သွေးအားနည်းရောဂါရှိသော ဖခင်ငယ်ကို ပြေးမြင်လိုက်သည်

သေဆုံးသူ ဖခင်ငယ် နေ့စဉ်မပျက် နို့စိမ်းဟင်းအား စားသုံး၏

ထို့နောက် မိမိအား ထားခဲ့၏

"Yuka~~"

"ဟုတ်ကဲ့ အရှင်မင်းကြီး"

"ဟင်းခွက် သိမ်းလိုက်~~"

"ဟုတ်ကဲ့"

"ခမည်းတော်က ဘာမှမဖြစ်ပါဘူး~~ မစိုးရိမ်ပါနဲ့ သားတော်Sia~~"

"omm~~"

ထိုစဉ် ~~ မင်းကြီးSiaYamaအား ဝမ်သားစရာ သတင်းစကားအား လာပို့၏

"အရှင်မင်းကြီး YamaTo အိမ်တော်က ယနေ့မနက် ဒုတိယသားငယ်ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ကြောင်း အရှင်မင်းကြီးကို စာချွန်လွှာပို့ပေးလိုက်ပါတယ်"

မင်းကြီးYamaဟာ စာချွန်လွှာအား ဖွင့်ဖတ်လိုက်၏

ထို့နောက် ပြုံးတော်မူသည်

YamaTo အိမ်တော်၏ ဒုတိယသွေးမျိုးဆက်လေးသည် မင်းကြီးSiaYama၏ သန့်စင်သော တော်ဝင်သွေးနီဥတို့ကြောင့် ကောင်းမွန်စွာ ရှင်သန်ခွင့် ရခဲ့ကြောင်းရေးထားသည်

ကျေးဇူးတင်လွှာနှင့်အတူ ထိုကျေးဇူးကို အသက်ဆုံးတိုင် သစ္စာရှိစွာ ပေးဆပ်နေမည်ဖြစ်ကြောင်း ရေးသားထား၏

မင်းကြီး Yamaဟာ စာချွန်လွှာအား Yukaလက်ထဲသို့ ပြန်ထည့်ပေးပြီး သားငယ်Siaအား နှစ်လိုစွာ ပြောလိုက်၏

"သားတော်ကို ညက နတ်ဘုရားတွေက အိမ်ရှေ့စံဖြစ်လာလို့ ညီငယ်တစ်ယောက် လက်ဆောင် ချီးမြှင့်လိုက်တယ် ထင်တယ်~~"

"anm...!"

".... သားတော်မှာ ညီငယ်လေးရလာပြီ.."

××××××

"အရှင်မင်းကြီး ကြွလာပါပြီ~~~"

နေ့ခင်းပိုင်းသို့ရောက်သောအခါ YamaToမှ Yimaသခင်ကြီးနှင့် ကြင်ယာတော်XuYi တို့ဟာ ဘုရင်မင်းမြတ် SiaYamaထံသို့ လာရောက်တွေ့ဆုံကြသည်

မင်းကြီး SiaYamaက မိမိ၏ သန့်စင်မြင့်မြတ်သော သွေးနီဥတို့အား ဆေးအဖြစ်စားသုံးပြီး ရှင်သန်လာသည် ထိုကလေးငယ်အား တွေ့ဆုံလို၍ ဖြစ်သည်

ရွှေပုခက်ခြင်းထဲမှ Aitaအား ဖခင်Yimaသည် မချီ၍ မင်းကြီးSiaYama၏ လက်တွင်းသို့ ရိုသေစွာ ပို့ဆောင်သည်

Yamaသည် သဘောကျစွာ ချော့မြူ၏

"ကလေးက မင်းကြီးရဲ့ သွေးနဲ့ တော်စပ်ရမယ့် အကြောင်းပါလာလို့ ထင်ပါတယ်"

YamaTo အိမ်တော်မှ အိမ်သားများဟာ Aitaအား မွေးဖွားခြင်းအတွက် ဟန်ဆောင်ဝမ်းမြောက်ကြ၏

စင်စစ် ၄င်းတို့၏ စိတ်တွင်း၌ Aita၏ မွေးဖွားခြင်းပုံစံသည် မသန့်စင်တော့ပေဟု ခံစားနေရသည်

Aitaဟာ YamaTo အိမ်တော်မျိုးရိုးစင်စစ် မဟုတ်တော့ပါဘဲ အခြားသူ၏ သွေးတို့ရောစပ်နေသည့် ကလေးငယ်ဖြစ်နေသည်

တော်ဝင်ဘုရင်၏ မြင့်မြတ်သန့်စင်လှသော သွေးသားပင်ဖြစ်ရပါသော်လည်း အခြေကြီးလှသည့် YamaTo အိမ်သားများကတော့ ၄င်းတို့၏ မျိုးရိုးစင်စစ်ကိုသာ မြတ်နိုးတတ်ကြသည်

ခွင့်လွှတ်သည်းခံတတ်သော ဘုရင်မင်းမြတ် SiaYamaကတော့ Aitaအား မိမိ၏သွေးတို့ပါဝင်နေသည့်အတွက် မိမိရင်သွေးကဲ့သို့ လွန်စွာချစ်မြတ်နိုးနေ၏

ထိုအချင်းအရာကိုပင် လုံးဝသဘောမကျကြချေ

မျိုးရိုးသန့်စင်မှု ကိုယ့်ကျင့်တရားမြင့်မြတ်မှု တာဝန်ဝတ္တရား စည်းမျဉ်း စည်းကမ်းတို့ကို တစ်ယူသန်တန်ဖိုးထားတတ်သော YamaTo အိမ်သားတို့သည် မိမိတို့သွေးသားက အခြားသူ၏ သွေးသားကဲ့သို့ ဖြစ်တည်လာသည်အား ရှက်ရွံမိကြ၏

အဓိက ရှက်ရွံမှုတို့ပြည့်နေသူသည် Aita၏ ဖခင်ငယ် ကြင်ယာတော်Xuyi ဖြစ်သည်

Aitaက ဘုရင်၏ သွေးနီဥတို့အား တောင်းတခဲ့ခြင်းကြောင့် မိမိသည် ဘုရင်အား မသိစိတ်မှ ဖောက်ပြန်စွဲလမ်းနေသူဟု ယူဆခြင်းခံရ၏

ဖခင်Xuyiသည် Aitaအား လုံးဝမချီပေ---

အသန့်စင်ဆုံး ဘုရင်၏ သွေးကိုမှ မစားရလျှင် အသက်မရှင်နိုင်ဟုအော်ကာ မမွေးခင်ကတည်းက မာနကြီးနေသည့် သန့်စင်သော ကလေးငယ်ဟု ၄င်းတို့ လုံးဝ မခံစားပေးနိုင်ကြပေ

မာနတရားတို့က ဘုရင်ကိုပင် အလိုမရှိတတ်သော Defulo၏ အသန့်စင်ဆုံးမျိုးရိုး တစ်ခုဖြစ်သည်

သန့်စင်မြတ်မြတ်သော သိက္ခာဂုဏ်အင်ကလွဲလျှင် မည်သည့်တန်ဖိုးကြီး အရာကိုမှ အလိုမရှိတတ်သော စိတ်ပိုင်းဆိုင်ရာ လွန်စွာပြတ်သားတတ်သည့် အိမ်တော်၌ Aitaဟာ မွေးဖွားခဲ့သည်

Aita၏ သန့်စင်မြင့်မြတ်သော မွေးဖွားခြင်းတို့က YamaToအိမ်တော်အတွက်တော့ လွန်စွာ စက်ဆုပ်ဖွယ် ဖြစ်နေ၏

Aitaသည် ဘုမသိ ဘမသိရပါပဲ ရှုပ်ထွေးသော ကံကြမ္မာစက်ဝန်းတို့၏ လှည့်စားမှုကြောင့် ကိုယ့်ကျင့်တရား ဖောက်ပြန်မှုတို့ဖြင့် သန္ဓေတည်လာသည့် သုံးမျိုးစပ် သန္ဓေသားလေး အဖြစ်သို့ရောက်ရှိခဲ့ရလေသည်

Continue---

~~~~~~~

Zawgyi Code

ေမွာင္မိုက္ေသာ ညတစ္ညဝယ္~~

Defulo၏ ေကာင္းကင္ယံမွ အဆက္မျပတ္တိုက္ခတ္ေနေသာ မိုးေရစက္တို႔သည္ မေကာင္းဆိုးဝါးတို႔ ဝင္ေရာက္ေနသည့္အလားပင္ ဆူညံေန၏

"ငါတို႔ေတာ့ ဒုကၡေရာက္ၿပီ!!!"

FuiTa အိပ္ငိုက္ေနရာမွ ဆူဆူညံညံအသံတို႔ေၾကာင့္ လန္႔နိုးသြားသည္

ဓာတ္ခြဲခန္းရွိ သေနၶသားဖန္တီးသည့္ သမားေတာ္မ်ား ေျပးလႊားေနၾကသည္

"YamaTo ShouYuအိမ္ေတာ္က သေနၶသားက ေသြးမလံုေလာက္ဘူး!!!"

"အျခားသန္႔စင္တဲ့ ေသြးနီဥေတြ ထပ္ေကြၽးၿပီးၿပီလား~~!!!!!"

"သံုးမ်ိဳးစပ္ သေနၶသားျဖစ္မွာစိုးလို႔ မေကြၽးရေသးဘူး"

"ဘယ္ဘက္က မလံုေလာက္တာလဲ!!!"
"YamaTo သခင္ႀကီးရဲ႕ ေသြးလား ၾကင္ယာေတာ္ရဲ႕ ေသြးလား"

"ၾကင္ယာေတာ္ရဲ႕ အနီေရာင္ေသြးက လံုေလာက္လို႔ သေနၶေကာင္ျဖစ္လာတာ~~ သခင္ႀကီးရဲ႕ ေသြးနီဥကမလံုေလာက္လို႔ သေနၶေကာင္က သတ္မွတ္ခ်ိန္အတြင္း အသက္မရွင္ေသးဘူး"

"နွစ္ဖက္လံုးက အနီေရာင္ေသြးဥေတြ စားထားတာေတာင္ သူက မလံုေလာက္ဘူးလား!!!"

ထိုစဥ္ အျခားတစ္ေယာက္ ေျပးလာသည္

"မလံုေလာက္တာ မဟုတ္ဘူး... သေနၶသားက သံုးမ်ိဳးစပ္ခ်င္ေနတာ ထင္တယ္.... သခင္ႀကီးYimaရဲ႕ ေသြးကို ထပ္မစားေတာ့ဘဲ.... အျခား သန္႔စင္တဲ့အနီေရာင္ေသြးဥကို ေတာင္းေနတာ!!!"

"ေကြၽးလိုက္ၿပီလား?"

"omm... မတတ္ႏိုင္ေတာ့ဘူး သုံးမ်ိဳးစပ္လည္း အသက္ရွင္ေအာင္ လုပ္ေပးရေတာ့မွာပဲ... သေႏၶသားေသးဆုံးရင္ ညစ္ညမ္းသေႏၶျဖစ္လိမ့္မယ္"

"အပိုေဆာင္းထားတဲ့ အသန္႔စင္ဆံုးေသြးဥေတြကို ေကြၽးၿပီးၿပီ... အပိုေဆာင္း ေသြးနီဥေတြထဲက ဘယ္ဟာထည့္ထည့္ လံုးဝမစားဘူး~~"

သမားေတာ္ႀကီး MoTo ျပန္လည္ ေတြးဆလိုက္သည္

"သေနၶသားက ေလာဘႀကီးၿပီး ေခ်းမ်ားလိုက္တာ.... YamaToမ်ိဳးရိုးလို႔ မေျပာရဘူး.. အဆင့္အျမင့္ဆံုး သန္႔စင္ထားတဲ့ ေသြးဥကိုေတာင္ မစားဘူးလား...."

"ဟုတ္ကဲ့.... ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ..... အဲ့ဒီလိုမ်ိဳးတစ္ခါမွ မျဖစ္ဖူးဘူး!!"

"အနီေရာင္ေသြး မ်ိဳးစိတ္နွစ္ခု ေပါင္းထားတာေတာင္ သူက မလံုေလာက္ဘူး!!"

MoToဟာ အျပင္သို႔ ျပန္ထြက္သြား၏

မၾကာခင္ YamaTo Yima ေရာက္လာသည္

FuiTaဟာ အိပ္ခ်င္မူးတူးျဖင့္ ေျပးလာ၏

"Papa~ အထဲမွာ ဘာျဖစ္တာလဲ~"

"arr~~ ဘာမွမျဖစ္ပါဘူး~ ညီငယ္ေလး ေမြးဖြားသန္႔စင္ေတာ့မွာမို႔ သူတို႔ အလုပ္ရႈပ္ေနတာပါ~~ ငါ့သားေလး အိပ္ခ်င္ေနၿပီလား~~ အိမ္ျပန္ၿပီး အိပ္လိုက္ပါလား"

"onn~~ ညီေလးက မေမြးေသးဘူးလား~~ ေစာင့္ဦးမယ္ေလ~"

"ညီေလးက ဒီညမေမြးေသးဘူး မနက္ျဖန္မွ ေမြးမွာ~"

Yimaဟာ ငါးနွစ္အ႐ြယ္ သားႀကီး Fuitaေလးကို မိမိ၏ အခက္အခဲတစ္ခ်ိဳ႕အား မျမင္ေစခ်င္၍ အထိန္းေတာ္နဲ႔ အိမ္သို႔ ျပန္လႊတ္လိုက္သည္

×××××

MoYoဟာ Yimaအား ေတြ႕ဆံုေဆြးေႏြးသည္

"သေနၶသားက အသန္႔စင္ဆံုး ေသြးဥကိုေတာင္ မစားဘူး... သခင္ႀကီး... သူ႔ကို အဆံုးရႈံးခံလိုက္ရေတာ့မယ္ထင္တယ္"

Yima ထိတ္လန္႔သြားသည္

"အဲ့ဒီလိုျဖစ္လို႔ မျဖစ္ဘူး~~ သမားေတာ္MoTo~ ကြၽန္ေတာ္တို႔ အိမ္ေတာ္စည္းကမ္းအရ အဲ့ဒီလို မ်ိဳးရိုးသေနၶကို ဆံုးရႈံးလို႔မရဘူး!!! ကြၽန္ေတာ္ရဲ႕ ေသြးနီဥက ထပ္ထုတ္လို႔ရတယ္ေလ~!!"

"သေနၶသားက ေသြးနီဥမလံုေလာက္တာ မဟုတ္ဘူး သခင္ႀကီး... သေနၶသားက ေသြးေျခဥေခ်းမ်ားေနတာ... အဲ့ဒါက အလြန္ဆိုးဝါးတဲ့ ျဖစ္ရပ္ပဲ... သခင္ႀကီးရဲ႕ ေသြးနီဥကိုလည္း နည္းနည္းပဲစားၿပီး သူထပ္မစားေတာ့ဘူး... အျခားေသာသူေတြရဲ႕ ေသြးအားလံုးကိုလည္း ျငင္းေနလို႔ သံုးမ်ိဳးစပ္သေနၶသားအျဖစ္ ေမြးဖြားဖို႔ေတာင္ ခက္ခဲေနပါၿပီ~~"

"လံုးဝ နည္းလမ္းမရွိေတာ့ဘူးလား!!"

"သေနၶသားကေန လူျဖစ္လာဖို႔ ကြၽန္ေတာ္တို႔ခ်ည္းဘဲ လုပ္လို႔မရပါဘူး.... ေသြးနီဥ လံုလံုေလာက္ေလာက္ မစားရင္ သံုးရက္အတြင္း ေသမွာပါ... ဒါက နတ္နန္းနဲ႔ သက္ဆိုင္သြားပါၿပီ... သူအတြက္ ျဖစ္တည္လာတဲ့ က်ိန္စာေျမရဲ႕ ကံၾကမၼာစာ႐ြက္မွာ ျပႆနာတစ္ခုခု ရွိေနလို႔ပါ... သူ႔ရဲ႕အသက္ေသဆံုးျခင္းကို တားဆီးဖို႔ နတ္နန္းက နတ္ဆရာေတြဆီမွာ ျပန္လည္ အေျဖရွာေပးပါ"

ထိုစဥ္ နတ္နန္းမွ သတိေပးစာေရာက္လာသည္

လူယံု အေစခံ Giyaဟာ နတ္နန္းမွ ဓာတ္ခြဲရံုသို႔ လိုက္လာသည္ က်ီးငွက္ထံမွ စာယူလာ၏

"သခင္ႀကီး~~ နတ္နန္းက သခင္ႀကီးဆီကို သတိေပးစာ ပို႔လိုက္တယ္"

×××××

YamaToသခင္ႀကီး Yimaသည္ နန္းတြင္းသို႔ ေရခဲမိုးမ်ားၾကားမွ ျမင္းျဖင့္ ေျပးလာသည္

ေလယူရာယိမ္းေနေသာ သစ္ပင္ သစ္ေတာမ်ားအၾကားမွ ေလျပင္းမ်ားကို မ်က္နွာခ်င္းဆိုင္ ဆန္တတ္၍ Yimaဟာ ျဖတ္သန္းလာခဲ့သည္

ျမင္းခြာသံတို႔သည္ မိုးေရစက္မ်ားေအာက္၌ စည္းခ်က္က်စြာ တစ္ခြပ္ခြပ္ ေအာ္ျမည္ေန၏

××××

နန္းတြင္းရွိ မင္းႀကီးSiaYamaထံသို႔ အိမ္ေတာ္သခင္ႀကီးYimaသည္ တိုက္ရိုက္ အစစ္ေဆးမရွိ သူတို႔သံုးဦး ေျပးဝင္ၾက၏

သခင္ႀကီးYima နွင့္အတူ သမားေတာ္ႀကီး Moto/ အေစာင့္စစ္သည္ လူယံုေတာ္GiYaတို႔သည္ မင္းႀကီးSiaYamaရွိရာ အေဆာင္ေတာ္အတြင္းသို႔ ျမန္ဆန္စြာ လွမ္းလာခဲ့သည္

တိတ္ဆိတ္ေနေသာ နန္းေဆာင္အတြင္း၌ အထိန္းေတာ္နွင့္ အေစခံမ်ားဟာ သူတို႔သံုးဦး ေရွ႕မွျပာယာခတ္စြာ မင္းႀကီးရွိရာေနရာထံသို႔ လမ္းျပၾကသည္

×××××

"အရွင္မင္းႀကီး~~~"
"YamaTo အိမ္ေတာ္သခင္ႀကီး Yima အေရးတႀကီး ေတြ႕ဆံုခြင့္ေတာင္းေနပါတယ္~~"

မင္းႀကီးSiaYamaသည္ စာဖတ္ခန္း၌ သားေတာ္Siaအား ရင္ခြင္၌ထည့္၍ စာဖတ္ျပေနသည္

အိမ္ေရွ႕စံ မင္းသားငယ္ေလး Siaသည္ မင္းႀကီးSiaYama၏ ရင္ခြင္ထဲ၌ စာနားေထာင္ရင္း ေႏြးေထြးစြာ အိပ္ေမာပင္ က်ေန၏

မင္းႀကီးSiaYamaသည္ မင္းသားSiaေလးအား အထိန္းေတာ္ Yuka၏ လက္ထဲသို႔ ေျပာင္းေ႐ြ႕ေပးလိုက္သည္

ထို႔ေနာက္ YamaTo သခင္ႀကီး၏ ေတြ႕ဆံုအား ခြင့္ျပဳလိုက္၏

×××××

YamaToသခင္ႀကီး Yimaသည္ ဆိတ္ၿငိမ္စြာ ထိုင္ေနေသာ မင္းႀကီးSiaYamaအားျမင္သည္နွင့္ ၾကမ္းျပင္သို႔ ဒူးေထာက္ကာ လ်င္ျမန္စြာ ဦးတိုက္လိုက္သည္

"YamaTo Yima မင္းႀကီးSiaYamaကို အခစားဝင္ပါတယ္~~~))))"

Yima၏ အသားတို႔သည္ ဆက္ဆက္တုန္ေနၿပီး စိုးရိမ္စိတ္ေၾကာင့္ မ်က္ရည္တို႔ပင္ ဝဲေနသည္

မင္းႀကီးSiaYamaသည္ သခင္ႀကီးYimaအား ျပာယာစြာ ေျပးထူေပးလိုက္သည္

"ဘယ္လိုျဖစ္တာလဲ~~ Yima~~"

သခင္ႀကီးYimaသည္ မင္းၿကီးSiaYama၏ လက္တို႔အား ဆုပ္ကိုင္လိုက္သည္

ထို႔ေနာက္ ဝမ္းတြင္းမွ လိႈက္ေမာေနေသာ အသံတို႔ျဖင့္ ေတာင္းဆိုသည္

"ကြၽန္ေတာ့္ကို ကူညီေပးပါဦး မင္းႀကီး~"
"ေက်းဇူးကို တစ္သတ္လံုး မင္းႀကီးထံမွာ ျပန္ေပးဆပ္ပါ့မယ္"

မင္းႀကီးSiaYamaသည္ သမားေတာ္ႀကီး MoTo၏ မ်က္နွာအား လွမ္းၾကည့္၏

Moto၏ မ်က္နွာဟာ ေမ်ွာ္လင့္ခ်က္ မ်က္ဝန္းတို႔ျဖင့္ ျပည့္နွက္လို႔ေန၏

×××××

ေမွာင္မိုက္ေသာ ညတို႔ကုန္ဆံုး၍ က်က္သေရ မဂၤလာတို႔ ျပည့္နွက္ေနသည္ ေႏြဦးရာသီအခ်ိန္ကာလသို႔ ေရာက္ေသာအခါ အိမ္ေရွ႕စံမင္းသားေလး Siaဟာ အိပ္ယာမွ နိုးထလာသည္

လိုက္ကာအျပင္မွ အထိန္းေတာ္ Yuka၏ ငယ္႐ြယ္ႏုပ်ိဳဆဲ မ်က္နွာေလးဟာ Siaအား ႏူးညံ့စြာ ၿပံဳးျပလို႔ေန၏

"အိမ္ေရွ႕စံ မင္းသားေလး အိပ္ယာမွ နိုးထလာပါၿပီလား~~"

ကေလးငယ္ဟာ အိပ္မႈန္စံုမႊားေလး အိပ္ယာတြင္း၌ ထိုင္ေနသည္

အေစခံ ေတာ္ဝင္လုပ္သားေလးမ်ားဟာ ရိုေသစြာ ေ႐ႊခ်ည္မ်ွင္ ပုဝါပါးအစအား ဖယ္ရွားေပးလိုက္၏

Yukaဟာ ဒူးေလးဝပ္ကာ ကုတင္ေပၚရွိ Siaအား ေခါင္းေမာ့ၾကည့္ၿပီး ၿပံဳးျပကာ ေရွ႕တိုးလာသည္

Siaဟာ Yuka၏ လည္ပင္းအား လွမ္းဖက္၍ ပုခံုးေပၚ ေခါင္းေလးလွဲကာ ရင္ခြင္ထဲသို႔ ပ်င္းရိစြာ လိုက္ပါသြားသည္

Yukaသည္ ေသဆံုးသူ ဖခင္၏ ၾကင္ယာထိန္းတစ္ဦးျဖစ္သည္

သခင္ျဖစ္သူ ဆံုးပါးသြားေသာအခါ သခင္ျဖစ္သူ၏ သားငယ္ကို အနီးကပ္ျပဳစု ေစာင့္ေရွာက္ေပးရသူ အေစခံေကာင္းတစ္ေယာက္ ျဖစ္လာသည္

Sia၏ ေဝယာဝစၥမ်ားကို Yukaက အားလံုး စီမံေပး၏

×××××

အရာအားလံုး ၿပီးဆံုးေသာအခါ ခမည္းေတာ္ ဘုရင္ႀကီးနွင့္အတူ မနက္ခင္း ပြဲေတာ္တည္ရန္ ေခၚေဆာင္လာသည္

Siaဟာ သူ၏လုပ္ေနက် အရာေလးတစ္ခုလို အမွားယြင္းမဲ့စြာ က်င့္သားရရ လမ္းေလ်ွာက္လာသည္

"Siaေရာက္ပါၿပီ ခမည္းေတာ္~~"

Siaဟာ လူႀကီးဆန္ ဆန္ ေလ့က်င့္မႈမ်ားအတိုင္း သေဝမတိမ္း နႈတ္ဆက္ကာ အရိုအေသျပဳ၍ စားပြဲဝိုင္းသို႔ ဝင္ထိုင္လိုက္သည္

Siaအတြက္ အာဟာရျပည့္စံုေစေသာ ဟင္းလ်ာမ်ားနွင့္ နို႔စိမ္းတို႔အား စီမံခ်က္လုပ္ထားသည္ ေသြးအားေကာင္းေစေသာ ဟင္းလ်ာတို႔ပါသည္

Siaဟာ စားေနရင္း ခဏအၾကာ ရုတ္တရက္ ဖခင္အား ေမးလိုက္၏

"ခမည္းေတာ္ ~~ နို႔စိမ္းဟင္းက ေသြးအားနည္းလို႔စားရတာ မဟုတ္ဘူးလား~~"

မင္းႀကီး Yamaဟာ စားလက္စအား ရပ္တန္႔ၿပီး Siaအား ၿပံဳးျပ၏

Sia၏ မ်က္ဝန္းေလးမ်ားသည္ ညိႈးငယ္စြာ ဖခင္အား ေမာ့ၾကည့္ေနရွာ၏

ထပ္မံၿပီး မိမိ၏ ခမည္းေတာ္ဟာ ဖခင္ငယ္လို ေသြးအားတိုးေစသည့္ နို႔စိမ္းဟင္းေတြ ေန႔တိုင္းစားၿပီး မိမိကိုထားခဲ့ေတာ့မွာလား

Yamaဟာ ကေလးငယ္၏ ေမ်ွာ္လင့္ခ်က္ အၾကည့္တို႔အား နားလည္လိုက္၏

Yamaဟာ ယမန္ညက အေၾကာင္းကိစၥအခ်ိဴ႕ေၾကာင့္ ေသြးနီဥအခ်ိဳ႕ ထုတ္ယူထားသည့္အတြက္ က်န္းမာေရးအရ နို႔စိမ္းဟင္းလ်ာအား ျပင္ဆင္စားသံုးျခင္းသာ ျဖစ္သည္

သို႔ေသာ္ Siaက ထိုဟင္းခြက္ျမင္သည္နွင့္ ေသြးအားနည္းေရာဂါရွိေသာ ဖခင္ငယ္ကို ေျပးျမင္လိုက္သည္

ေသဆံုးသူ ဖခင္ငယ္ ေန႔စဥ္မပ်က္ နို႔စိမ္းဟင္းအား စားသံုး၏

ထို႔ေနာက္ မိမိအား ထားခဲ့၏

"Yuka~~"

"ဟုတ္ကဲ့ အရွင္မင္းႀကီး"

"ဟင္းခြက္ သိမ္းလိုက္~~"

"ဟုတ္ကဲ့"

"ခမည္းေတာ္က ဘာမွမျဖစ္ပါဘူး~~ မစိုးရိမ္ပါနဲ႔ သားေတာ္Sia~~"

"omm~~"

ထိုစဥ္ ~~ မင္းႀကီးSiaYamaအား ဝမ္သားစရာ သတင္းစကားအား လာပို႔၏

"အရွင္မင္းႀကီး YamaTo အိမ္ေတာ္က ယေန႔မနက္ ဒုတိယသားငယ္ကို ေအာင္ေအာင္ျမင္ျမင္ ေမြးဖြားနိုင္ခဲ့ေၾကာင္း အရွင္မင္းႀကီးကို စာခြၽန္လႊာပို႔ေပးလိုက္ပါတယ္"

မင္းႀကီးYamaဟာ စာခြၽန္လႊာအား ဖြင့္ဖတ္လိုက္၏

ထို႔ေနာက္ ၿပံဳးေတာ္မူသည္

YamaTo အိမ္ေတာ္၏ ဒုတိယေသြးမ်ိဳးဆက္ေလးသည္ မင္းႀကီးSiaYama၏ သန္႔စင္ေသာ ေတာ္ဝင္ေသြးနီဥတို႔ေၾကာင့္ ေကာင္းမြန္စြာ ရွင္သန္ခြင့္ ရခဲ့ေၾကာင္းေရးထားသည္

ေက်းဇူးတင္လႊာနွင့္အတူ ထိုေက်းဇူးကို အသက္ဆံုးတိုင္ သစၥာရွိစြာ ေပးဆပ္ေနမည္ျဖစ္ေၾကာင္း ေရးသားထား၏

မင္းႀကီး Yamaဟာ စာခြၽန္လႊာအား Yukaလက္ထဲသို႔ ျပန္ထည့္ေပးၿပီး သားငယ္Siaအား နွစ္လိုစြာ ေျပာလိုက္၏

"သားေတာ္ကို ညက နတ္ဘုရားေတြက အိမ္ေရွ႕စံျဖစ္လာလို႔ ညီငယ္တစ္ေယာက္ လက္ေဆာင္ ခ်ီးျမႇင့္လိုက္တယ္ ထင္တယ္~~"

"anm...!"

".... သားေတာ္မွာ ညီငယ္ေလးရလာၿပီ.."

××××××

"အရွင္မင္းႀကီး ႂကြလာပါၿပီ~~~"

ေန႔ခင္းပိုင္းသို႔ေရာက္ေသာအခါ YamaToမွ Yimaသခင္ႀကီးနွင့္ ၾကင္ယာေတာ္XuYi တို႔ဟာ ဘုရင္မင္းျမတ္ SiaYamaထံသို႔ လာေရာက္ေတြ႕ဆံုၾကသည္

မင္းႀကီး SiaYamaက မိမိ၏ သန္႔စင္ျမင့္ျမတ္ေသာ ေသြးနီဥတို႔အား ေဆးအျဖစ္စားသံုးၿပီး ရွင္သန္လာသည္ ထိုကေလးငယ္အား ေတြ႕ဆံုလို၍ ျဖစ္သည္

ေ႐ႊပုခက္ျခင္းထဲမွ Aitaအား ဖခင္Yimaသည္ မခ်ီ၍ မင္းႀကီးSiaYama၏ လက္တြင္းသို႔ ရိုေသစြာ ပို႔ေဆာင္သည္

Yamaသည္ သေဘာက်စြာ ေခ်ာ့ျမဴ၏

"ကေလးက မင္းႀကီးရဲ႕ ေသြးနဲ႔ ေတာ္စပ္ရမယ့္ အေၾကာင္းပါလာလို႔ ထင္ပါတယ္"

YamaTo အိမ္ေတာ္မွ အိမ္သားမ်ားဟာ Aitaအား ေမြးဖြားျခင္းအတြက္ ဟန္ေဆာင္ဝမ္းေျမာက္ၾက၏

စင္စစ္ ၄င္းတို႔၏ စိတ္တြင္း၌ Aita၏ ေမြးဖြားျခင္းပံုစံသည္ မသန္႔စင္ေတာ့ေပဟု ခံစားေနရသည္

Aitaဟာ YamaTo အိမ္ေတာ္မ်ိဳးရိုးစင္စစ္ မဟုတ္ေတာ့ပါဘဲ အျခားသူ၏ ေသြးတို႔ေရာစပ္ေနသည့္ ကေလးငယ္ျဖစ္ေနသည္

ေတာ္ဝင္ဘုရင္၏ ျမင့္ျမတ္သန္႔စင္လွေသာ ေသြးသားပင္ျဖစ္ရပါေသာ္လည္း အေျခႀကီးလွသည့္ YamaTo အိမ္သားမ်ားကေတာ့ ၄င္းတို႔၏ မ်ိဳးရိုးစင္စစ္ကိုသာ ျမတ္နိုးတတ္ၾကသည္

ခြင့္လႊတ္သည္းခံတတ္ေသာ ဘုရင္မင္းျမတ္ SiaYamaကေတာ့ Aitaအား မိမိ၏ေသြးတို႔ပါဝင္ေနသည့္အတြက္ မိမိရင္ေသြးကဲ့သို႔ လြန္စြာခ်စ္ျမတ္နိုးေန၏

ထိုအခ်င္းအရာကိုပင္ လံုးဝသေဘာမက်ၾကေခ်

မ်ိဳးရိုးသန္႔စင္မႈ ကိုယ့္က်င့္တရားျမင့္ျမတ္မႈ တာဝန္ဝတၲရား စည္းမ်ဥ္း စည္းကမ္းတို႔ကို တစ္ယူသန္တန္ဖိုးထားတတ္ေသာ YamaTo အိမ္သားတို႔သည္ မိမိတို႔ေသြးသားက အျခားသူ၏ ေသြးသားကဲ့သို႔ ျဖစ္တည္လာသည္အား ရွက္႐ြံမိၾက၏

အဓိက ရွက္႐ြံမႈတို႔ျပည့္ေနသူသည္ Aita၏ ဖခင္ငယ္ ၾကင္ယာေတာ္Xuyi ျဖစ္သည္

Aitaက ဘုရင္၏ ေသြးနီဥတို႔အား ေတာင္းတခဲ့ျခင္းေၾကာင့္ မိမိသည္ ဘုရင္အား မသိစိတ္မွ ေဖာက္ျပန္စြဲလမ္းေနသူဟု ယူဆျခင္းခံရ၏

ဖခင္Xuyiသည္ Aitaအား လံုးဝမခ်ီေပ---

အသန္႔စင္ဆံုး ဘုရင္၏ ေသြးကိုမွ မစားရလ်ွင္ အသက္မရွင္နိုင္ဟုေအာ္ကာ မေမြးခင္ကတည္းက မာနႀကီးေနသည့္ သန္႔စင္ေသာ ကေလးငယ္ဟု ၄င္းတို႔ လံုးဝ မခံစားေပးနိုင္ၾကေပ

မာနတရားတို႔က ဘုရင္ကိုပင္ အလိုမရွိတတ္ေသာ Defulo၏ အသန္႔စင္ဆံုးမ်ိဳးရိုး တစ္ခုျဖစ္သည္

သန္႔စင္ျမတ္ျမတ္ေသာ သိကၡာဂုဏ္အင္ကလြဲလ်ွင္ မည္သည့္တန္ဖိုးႀကီး အရာကိုမွ အလိုမရွိတတ္ေသာ စိတ္ပိုင္းဆိုင္ရာ လြန္စြာျပတ္သားတတ္သည့္ အိမ္ေတာ္၌ Aitaဟာ ေမြးဖြားခဲ့သည္

Aita၏ သန္႔စင္ျမင့္ျမတ္ေသာ ေမြးဖြားျခင္းတို႔က YamaToအိမ္ေတာ္အတြက္ေတာ့ လြန္စြာ စက္ဆုပ္ဖြယ္ ျဖစ္ေန၏

Aitaသည္ ဘုမသိ ဘမသိရပါပဲ ရႈပ္ေထြးေသာ ကံၾကမၼာစက္ဝန္းတို႔၏ လွည့္စားမႈေၾကာင့္ ကိုယ့္က်င့္တရား ေဖာက္ျပန္မႈတို႔ျဖင့္ သေနၶတည္လာသည့္ သံုးမ်ိဳးစပ္ သေနၶသားေလး အျဖစ္သို႔ေရာက္ရွိခဲ့ရေလသည္

Continue---

© GOD OF DEFULO,
книга «King Sia».
Коментарі