Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-7
Unicode

Aitaဟာ စာသင်ဆောင်သို့ရောက်သောအခါ တန်းခွဲသစ်အား ရှာဖွေ၏

Fuitaက သူ၏ ညီငယ် ခပ်ထွားထွားလေးအား လက်မှဆွဲ၍ အခန်းရှာပေးသည်

စာသင်ဆောင်နှင့် စာသင်ဝန်းကြီးသည် လွန်စွာ ရှုပ်ထွေး လိမ်ယှက်နေပြီး သွားလေ့သွားထမရှိပါက မျက်စိလည်နိုင်၏

ကလေးများအား မြေပုံကြည့်၍ သွားလာတတ်စေဖို့စာသင်ဝန်းတွင်း၌ပင် လေ့ကျင့်ပေးရန် တမင်ရှုပ်အောင် လမ်းကြောင်းများ ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်၏

သို့မှသာ နောင်တစ်ချိန် ရှုပ်ထွေးလှသော ကျိန်စာပညာရပ်များနှင့် သက်ဆိုင်သည် ရှုပ်ထွေးပွေလီလှနေသော ကံကြမ္မာစက်ဝန်းများကို ဖတ်ရှုတတ်စေရန် သင်ကြားရာ၌ လွယ်ကူမည်ဖြစ်သည်

Fuitaပင်လျှင် ခုနှစ်နှစ်လောက် သင်ယူလာခဲ့သည် အလယ် စာသင်ဆောင်မှလွဲ၍ ကျန်စာသင်ဆောင်များသို့ရောက်လျှင် မျက်စိလည်နေတတ်၏

စာသင်ဆောင်မြေတွင်းသို့ ဝင်လာသော လူတိုင်းသည် ကိုယ်ပိုင် မြေပုံကားချပ်အား ခန္ဓာကိုယ်တွင်း၌ ဆောင်ထားရ၏

လောကမြေ၏ ကျိန်စာစက်ဝန်းများအား သင်ယူလေ့လာရသည် အဆောင်၌ဆိုလျှင် ဝင်္ကပါလို အလုံပိတ်ထားသည် နေရာများပင်ရှိသည်

မတော်တဆ တစ်ယောက်တည်း ရောက်သွားမိပါက ထွက်ပေါက်မရှိပေ---

×××××

Aitaဟာ Fuita၏ လက်ကိုဆုပ်ကိုင်၍ ဘေးမှပွစိပွစိဆိုသည်

"Aita.... မှတ်မိပါတယ်ဆို...... လိုက်ပို့စရာ မလိုပါဘူး...."

"ဘာကို မှတ်မိတာလဲ.... အခုမှ ကျောင်းစတတ်တာကို ဘာမြင်ဖူးလို့ ဘာကိုမှတ်မိ!!"

"ညက မြေပုံကြည့်ထားတယ်လေ"

"တိတ်... ဂျီမကျနဲ့~~"

Fuitaဟာ Aita၏ တန်းခွဲမြေပုံအား သစ်ပင်အောက်ထိုင်၍ ကြည့်လိုက်၏

ကလေးများ၏ အဆောင်အမြေပုံဟာ အနည်းငယ်ရိုးရှင်းသည်

Fuita ငယ်ငယ်က တတ်ရောက်ခဲ့သည့် နေရာဖြစ်သော်လည်း စာသင်ဆောင်များ၏ ဖွဲ့စည်းပုံအား ငါးနှစ်တစ်ကြိမ် ကျိန်စာတို့အား သမုတ်၍ ပုံစံရွေ့ပြောင်းစေသည့်အတွက် မြေပုံလိုအပ်၏

မကောင်းဆိုးဝါးတို့ ကပ်ညှိကာ ဝင်ရောက်နေထိုင်ခြင်းမှ ကာကွယ်ရန် စာသင်ဆောင်နယ်မြေရှိ ကျိန်စာစည်းတို့အား ငါးနှစ်တစ်ခါ ပုံမှန်သန့်စင်တိုင်း စာသင်ဆောင် ပုံစံလည်း အနည်းငယ်ပြောင်းလဲ၏

မျက်လှည့်ပြသလို ပျောက်ကွယ်နေသည့် နတ်သူငယ် ကျောင်းသားများ၏ စာသင်ရပ်ဝန်းလည်းရှိသည်

ထိုနေရာသည် နေ့စဉ်ဆိုသလို ရွေ့ပြောင်းနေပြီး ပြင်ပမှ ခေါ်ယူထားသည် အရပ်ရပ်မှလူသားငယ်များ နတ်သူငယ်အဖြစ်လာရောက် သင်ယူလေ့လာသည့် နေရာဖြစ်ပြီး Defulo လောကသားတို့သည် ထိုအဆောင်ရှိလူများအား မမြင်ရပေ

ထိုအဆောင်ရှိလူများကလည်း Defuloမှ သက်ရှိလူသားများအား မတွေ့ရ

ဤကဲ့သို့ ထူးထူးဆန်းဆန်း နေရာများလည်းရှိသည့်အတွက် စာသင်ဆောင်မှ Shouyuကျောင်းသားများသည် သတ်မှတ်စာသင်ဆောင်နှင့် ခွင့်ပြုထားသည့် နေရာများမှလွဲ၍ အခြားနေရာများအား သွားလာခွင့်မရှိပေ

×××××

Aitaဟာ သူ၏ မြေပုံကြမ်းအား မှတ်မိသည်ဟု Fuitaအား ပွစိပွစိ လုပ်၏

သေးသေးလေးနှင့် အစ်ကိုကို ဆရာလုပ်လေ့ရှိသော ပေါက်စလေးဖြစ်သည်

Fuitaဟာ သူ့အကျင့်အတိုင်း တစ်ခုခုအား အာရုံစိုက်နေချိန် တခြားအား မကြားတော့ပေ

Aitaဟာ အချိန်နောက်ကျနေပြီဖြစ်ကြောင်း လှမ်းပြော၏

"Papaတို့ စိတ်မပြောင်းခင် သွားကြမယ်လေ~~ အစ်ကိုတော်~~ တော်ကြာ Aitaကို အတန်းပြန်ရွေ့ခိုင်းနေဦးမယ်"

"ငါ သိပါတယ် လျှာမရှည်စမ်းနဲ့~~"

"အစ်ကိုတော်က အဲ့စာရွက်ကြီးပဲ ငုတ်တုတ်ထိုင် ကြည့်နေတာလေ"

"အဲ့ဒါကြည့်မှ သွားလို့ရမှာပေါ့~~"

Aitaဟာ စိတ်မရှည်စွာ Fuitaလက်မှ မြေပုံစာရွက်လေးကို ယူပြီး တစ်စစီ ဆွဲဖြဲလိုက်သည်

Fuita မျက်လုံးပြူးသွား၏

"Aita!!!!!!!"

ထို့နောက် ညီအစ်ကိုနှစ်ယောက် လမ်းလျှောက်ရင်း ရန်ဖြစ်လာကြ၏

××××××

အဆောင်တော်တွင်းသို့ ရောက်သောအခါ အလယ်ဗဟို၌ ခုနှစ်စင်ကြယ် သစ်ပင်ကြီး ပေါက်နေရာ ဆုံချက်သို့ရောက်လာ၏

"omm~~~"

Fuitaဟာ ထိုနေရာမှ အသွင်ပြောင်းနေသော လှေကားများအား တတ်လာ၏

"အရင် ဖြောင့်နေတဲ့လှေကားက အခုကြောင်လိမ်ပုံစံဖြစ်သွားတာ ထင်တယ်...တစ်ယောက်မှလည်း မရှိဘူး... ဘာလို့ ငါတို့ နှစ်ယောက်တည်းလဲ"

Aitaဟာ Fuita၏ အဝတ်စအား ဆွဲလှုပ်၏

"ဒါ နတ်နန်းကြီး မဟုတ်ဘူးလား.... ကျွန်တော့် အဆောင်က ဟိုဘက်က သွားရမှာ"

"ဟုတ်လား~~"

Fuitaဟာ Auta၏ မြေပုံလေးအား ဆွဲဖြန့်ကြည့်လိုက်၏

ပြဲနေသော အပိုင်းစဟာ ထူးဆန်းစွာ လေမတိုက်ဘဲ လေထဲသို့လွှင့်သွားသည်

"အယ်~~!!"

Fuita ပြန်ဖမ်းယူခိုက် မမိလိုက်ပေ

Aitaဟာ သွက်လက်စွာ ထိုစာရွက် အနောက်သို့ ပြေးလိုက်သွား၏

"Aita~~ အထဲကို လျှောက်မသွားနဲ့!!"

××××××

Aitaဟာ စာရွက်အနောက်သို့ ပြေးလာသည်

စာရွက်လေးအား လက်နှစ်ဖက်နှင့် အမအရ ဖက်ခနဲ ရိုက်ဖမ်းလိုက်၏

ဖမ်းမိချိန်၌ ဘေးဘီအားကြည့်မိသော အမှောင်စက်ဝန်းကြီး ဖြစ်နေသည်

အမှောင်တွင်းသို့ရောက်နေသည်အား Aita သတိထားမိလိုက်သည်

"ar~~! ဒါ ဘယ်နေရာလဲ!! မှောင်နေတာလား~"

ကောင်းကင်၌ ကြယ်လေးများကဲ့သို့သော အရာများ တလက်လက် လင်းနေသည်အား တွေ့ရသည်

"ပိုးစုန်းကြူးလား!!"

Aitaဟာ ကောင်းကင်မှ အပြာရောင် မှိန်တုတ် မှတ်တုတ်လေးများအား ငေးလျက်လမ်းလျှောက်လာသည်

အလင်းရောင်လေးအား မြင်ရ၍ Aita ဝမ်းသာအားရပြေးလာ၏

"အစ်ကိုတော်~~~~"

သို့သော် တံခါးပေါက်မှ မြင်ရသော မြင်ကွင်းသည် အစ်ကိုတော် မဟုတ်ပေ

Aita ရှေ့သို့တိုးကာ အပေါက်မှ ချောင်းကြည့်လိုက်သည်

အထဲမှ အဖြူရောင် ဝတ်စုံနှင့် နတ်သူငယ်လေးများ ကျိန်စာကြမ်းရေးဆွဲနေကြသည်ကို တွေ့ရ၏

ထိုစဉ် Aita၏ လက်အား တစ်စုံတစ်ဦးက လှမ်းဆွဲလိုက်သည်

"ar!!!"

Aita လန့်ကာ လှည့်ကြည့်လိုက်၏

လက်ကို လှမ်းဆွဲသူသည် ပန်းနုရောင် အသားအရေနှင့် သန့်စင်သော အပြုံးတို့အား ကိုင်ဆောင်ထားသူဖြစ်သည်

အနောက်ဖက်၌ မြေပုံကြမ်းထည့်သည့် ဘူးကဲ့သို့သောအရာကို လွယ်ထားသည်

အဝတ်အစားတို့သည် ရိုးရှင်းနေပြီး ဆံနွယ်ဖြူတို့ရှိ၏

မျက်ဝန်းတို့သည် အဖြူအတိဖြစ်နေသည်

နတ်ဆရာဟု ထင်ရသောကြောင့် Aita အရိုအသေပေးလိုက်၏

ထိုသူက Aitaအား မေးသည်

"Defuloက လာတာ ထင်တယ်"

"onm..."

"နာမည် ဘယ်လိုခေါ်လဲ~~"

"...Aita"

"နာမည်က Aitaတဲ့လား ... "ချစ်ခြင်း"ဆိုတဲ့ အဓိပ္ပါယ်ပေါ့ ..."

Aitaဟာ ခေါင်းလေးညိမ့်ပြသည်

"Aitaလေး... အဲ့အပေါက်ကို မသွားသင့်ဘူး အန္တရာယ်ရှိတယ်... လာ... အိမ်ပြန်ရအောင်..."

နတ်ဆရာသည် Aitaအား လက်၌ ဖဲကြိုးအနီလေး ပတ်ပေးပြီး လက်ကိုဆွဲကာ ပြန်ခေါ်လာသည်

Aitaဟာ ပြန်မေး၏

"ခုနက အခန်းထဲမှာ နတ်ဆရာလေးတွေ တွေ့တယ်~~ သူတို့က စာလာသင်နေတာလား~~"

"omm... ဟုတ်တယ် သူတို့က စာသင်ဆောင်ကို အလည်လာသူတွေလေ~~ ပြီးရင် ပြန်ကြတော့မှာ"

"ဒါနဲ့ ဒီအခန်းကြီးက ဘာလို့မှောင်နေတာလဲ~~ မီးလေး ဘာလေး မထွန်းဘူးလား~~"

နတ်ဆရာဟာ Aitaအား ပြုံးပြသည်

Aitaဟာ ပြင်ပလောကသို့သွားသည် လေဟာပြင်မြေတွင်းကြီးထဲသို့ လမ်းမှားရောက်လာသည်အား သိရှိပုံမပေါ်ပေ

Aitaဟာ သာမန်မျက်စိဖြင့် မမြင်ရသည့်အရာများကို မြင်တွေ့ ခံစားနိုင်ပုံပေါ်သည်.... အလွန်အန္တရာယ်ရှိ၏

အကယ်၍ ခုနက မြင်ခဲ့သည့် ပြင်ပလောကနေရာအား ခြေချခဲ့မည်ဆိုလျှင် Aita၏ ခန္ဓာကိုယ်ရှိကျိန်စာစည်းများသည် ကျိန်စာမြေရှိကျိန်စာစက်ယန္တရားမှလွတ်ကင်းသွားမည် ဖြစ်သည်

ထိုအခါ Aitaလည်း တစ်စစီကြေမွ ပျက်စီးရလိမ့်မည်

×××××

နတ်ဆရာ Magaက Aitaအား အလိုရှိရာ အဆောင်တော်သို့ တန်းတန်းမတ်မတ်ပို့ပေးခဲ့သည်

"ကျေးဇူးတင်ပါတယ် ဆရာMaga~ သူ့က ကျွန်တော့် ညီလေးပါ"

နတ်ဆရာ Magaက ပြန်လည်တုန့်ပြန် ပြုံးပြ၏

"သခင်လေးက ဘယ်အိမ်တော်ကလဲ?"

"YamaTo Shouyu အိမ်တော်ကပါ"

"Omm~~ နောက်ကို ဂရုစိုက်ပါ~~"

"ဟုတ်ကဲ့"

×××××

Aita စာသင်ဆောင်သို့ ရောက်သောအခါ ရွယ်တူကလေးများကို တွေ့ရ၏

Aitaဟာ ရှေ့သို့ထွက်၍ ဆရာဖြစ်သူအား အရိုအသေပေး၏

"Yamato Aita... ဘာလို့နောက်ကျနေတာလဲ.."

အဆူခံရသောအခါ Aitaဟာ မျက်နှာငယ်လေးနှင့် ငြိမ်နေ၏

စာသင်ကျောင်းသား ဝတ်စုံလေးများသည် အရောင်မတူပါ

Aitaသည် သုံးမျိုးစပ် သန္ဓေသားဖြစ်သည့်အတွက် လှပသော အဖြူရောင် ပိုးဝတ်စုံလေးနှင့် ပိုးဝတ်ရုံလွှာအား ခြုံလွှားထား၏

ကနုတ်ပန်းလေးများနှင့် အနားသတ် ပန်းမွှားလေးများက ငယ်ရွယ်သော ပါးပြင်နုနုလေးများအား ပွတ်တိုက်နေ၏

အရောင် ငါးရောင်ရှိပြီး သူ့အရောင်နှင့်သူ အတန်းလိုက် ထိုင်ရသည်

ပုံမှန်မဟုတ်သော သန္ဓေသားများက ပန်းရောင်ဝတ်ရပြီး မူမမှန်သန္ဓေသားများက အနီရောင် ဝတ်ကြသည်

သာမန်သန္ဓေသားများက ရွှေရောင်ဝတ်ရ၏

စာသင်သား ငါးဆယ်တွင် သာမန်သန္ဓေသား အယောက်နှစ်ဆယ့်ငါးယောက် မူမမှန်သန္ဓေသားအယောက်နှစ်ဆယ် ပုံမမှန်သန္ဓေသားလေးယောက်နှင့် သုံးမျိုးစပ်သန္ဓေသားတစ်ယောက်သားရှိသည်

Aitaဟာ သူ၏ သတ်မှတ်နေရာလေး၌ ထိုင်လိုက်သောအခါ Aitaဟာ တစ်ဦးတည်းလေး အဖြူရောင် သုံးမျိုးစပ် ကြင်ယာဖက်လေး ဖြစ်နေ၏

Aitaအား ပန်းနုရောင် စာသင်သားလေး လေးယောက်က ဝင်းလဲ့နေသော မျက်လုံးလေးများဖြင့် ငေးကြည့်ကြ၏

မိမိတို့၏ ရှားရှားပါးပါး သုံးမျိုးစပ် သတို့သားတစ်ယောက် ရောက်လာပြီဖြစ်သည်

ထို့နောက် လေးယောက်သား တွတ်တီ တွတ်တီ ပြော၏

"သူက ပိုးဖြူဝတ်ထားတယ်... သုံးမျိုးစပ် သန္ဓေသားများလား~?"

"ဘာလို့ ခန္ဓာကိုယ်က အဲ့လောက်ထွားနေတာလဲ... အားကောင်းမယ့်ပုံပဲ... မူမမှန် သန္ဓေသားနဲ့တောင် တူတယ်"

"ခန္ဓာကိုယ်ထွားလို့ ဒီဘက်ရောက်လာတာနေမှာပေါ့... သုံးမျိုးစပ် သန္ဓေသားတွေက ခန္ဓာကိုယ်သေးရင် ကြင်ယာတော်လုပ်ရမှာ"

"သုံးမျိုးစပ် သန္ဓေသားတွေက ဖောက်ပြန်တတ်လို့ ကြင်ယာဖက်အဖြစ် ယူမယ့်သူမရှိဘူးလို့ Papaကပြောတယ်"

"ဘယ်သူမှမယူရင် ငါတို့ယူမှာပေါ့"

ခုနှစ်နှစ်သားရှိသေးသော ပေါက်စလေးများ၏ စကားကြောင့် ဆရာဖြစ်သူက ချောင်းဟန့်ကာဆူလိုက်၏

"စာသင်ဖို့လာတာ မဟုတ်ဘူးလား... စာပဲသင်လေ... ဘာတွေလျှောက်ကြည့်နေတာလဲ"

"ပညာတတ်ပြီး ကြင်ယာလည်းရှိမှ အဆင်ပြေမှပေါ့ ဆရာ!!"

"ဟုတ်တယ်... စာသင်ဆောင်ကနေ အိမ်ကိုတစ်ခါတည်း ကြင်ယာရှာလာခဲ့လို့ Papaကပြောတယ်"

"ဟော ဟော,,,,... အခုမှ ခုနှစ်နှစ်ပဲရှိသေးတာကို ဘယ်နားကကြင်ယာရှာချင်နေတာလဲ"

"ဆရာကလည်း နောက်ရှစ်နှစ်ဆို ယောက်ျားယူလိုရပြီလေ... အခုတည်းက နည်းနည်းပါးပါး ကြည့်ထားရမှာပေါ့"

များသောအားဖြင့် ပုံမှန်မဟုတ်သော သန္ဓေသားများက မိမိဘာသာ ကိုယ်နဲ့ သင့်တော်ရာ ကြင်ယာကိုရှာရသည်

စိတ်ကပုံမှန် မဟုတ်သည့်အတွက် မိဘများက လိုက်လံမရှာပေးလိုကြပေ

ထို့ကြောင့် အဖိုးတန် Shouyuအိမ်တော်သားများစုဝေးရာ ထိုစာသင်ဆောင်၌ ကြင်ယာပါရှာလာရန် ကလေးများအား ငယ်စဉ်ကတည်းက ဖခင်များက သင်ကြားပေးတတ်ကြ၏

"မူမမှန် သန္ဓေသားရရင်ကောင်းမယ်... "

"မူမမှန်သန္ဓေသားက ငါတို့ကို ယူမှာတဲ့လား... သူတို့က သာမန်သန္ဓေသား ထက်တောင်ပိုဆိုးသေးတယ်"

"ငါတို့အခန်းထဲမှာ အယောက် နှစ်ဆယ်တောင်ရှိတယ်လေ"

"အကုန်လုံး အနာဂတ်မှာ လူဆိုးတွေဖြစ်လာမှာ.... မမျော်မှန်းနဲ့..."

"သူများတွေ ကြင်ယာရှာရလွယ်သလောက် ငါတို့ကျတော့ ဘာလို့အဲ့လောက်တောင် ခက်နေတာလဲ... တကယ်ဆို ငါတို့မှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ ခန္ဓာကိုယ်ရှိသင့်တယ်"

"ဟုတ်ပနော်... ငါတို့ဆီလာရမယ့် ခန္ဓာကိုယ်က သုံးမျိုးစပ် သန္ဓေသားတွေဆီရောက်သွားလား မသိဘူး"

"လောကကြီးက မမျှတလိုက်တာ... အလုပ်ကိုရှုပ်နေတာပဲ"

စကားများသံများကြောင့် ဆရာဟာ ခုံအား ကြိမ်လုံးဖြင့်ခေါက်လိုက်၏

"ကလေးတွေ စကားများလိုက်တာ... မနေ့က သင်လိုက်တဲ့ စာလုံးတစ်ရာ ပြန်မေးရမလား"

"မမေးပါနဲ့!!"

×××××

ညနေ အိမ်ပြန်ချိန် တော်ဝင် စာသင်နန်းဆောင်သို့ အဝတ်ဗလာနဲ့ ပဝါပါးအုပ်ထားသော လူငယ်ချောချောလေးများ ဝင်သွားကြသည်ကို Aita မြင်လိုက်ရသည်

Aitaဟာ သူ့အစ်ကိုအား စောင့်နေရာမှ ကိုယ်တုံးလုံး လူငယ်လေးများ အနောက်မှလိုက်၍ ချောင်းကြည့်လိုက်၏

နန်းဆောင်ထဲသို့ ကလေးဝင်လာသည်အား လူအများက သတိမထားမိကြပေ

Aitaဟာ အယောက် နှစ်ဆယ်ခန့်ရှိသော ကိုယ်တုံးလုံး ကိုယ်တော်များကြားသို့ ပါသွား၏

Continue---

~~~~~~~~~~

Zawgyi code

Aitaဟာ စာသင္ေဆာင္သို႔ေရာက္ေသာအခါ တန္းခြဲသစ္အား ရွာေဖြ၏

Fuitaက သူ၏ ညီငယ္ ခပ္ထြားထြားေလးအား လက္မွဆြဲ၍ အခန္းရွာေပးသည္

စာသင္ေဆာင္နွင့္ စာသင္ဝန္းႀကီးသည္ လြန္စြာ ရႈပ္ေထြး လိမ္ယွက္ေနၿပီး သြားေလ့သြားထမရွိပါက မ်က္စိလည္နိုင္၏

ကေလးမ်ားအား ေျမပံုၾကည့္၍ သြားလာတတ္ေစဖို႔စာသင္ဝန္းတြင္း၌ပင္ ေလ့က်င့္ေပးရန္ တမင္ရႈပ္ေအာင္ လမ္းေၾကာင္းမ်ား ဖြဲ႕စည္းတည္ေဆာက္ထားျခင္းျဖစ္၏

သို႔မွသာ ေနာင္တစ္ခ်ိန္ ရႈပ္ေထြးလွေသာ က်ိန္စာပညာရပ္မ်ားနွင့္ သက္ဆိုင္သည္ ရႈပ္ေထြးေပြလီလွေနေသာ ကံၾကမၼာစက္ဝန္းမ်ားကို ဖတ္ရႈတတ္ေစရန္ သင္ၾကားရာ၌ လြယ္ကူမည္ျဖစ္သည္

Fuitaပင္လ်ွင္ ခုနွစ္နွစ္ေလာက္ သင္ယူလာခဲ့သည္ အလယ္ စာသင္ေဆာင္မွလြဲ၍ က်န္စာသင္ေဆာင္မ်ားသို႔ေရာက္လ်ွင္ မ်က္စိလည္ေနတတ္၏

စာသင္ေဆာင္ေျမတြင္းသို႔ ဝင္လာေသာ လူတိုင္းသည္ ကိုယ္ပိုင္ ေျမပံုကားခ်ပ္အား ခနၶာကိုယ္တြင္း၌ ေဆာင္ထားရ၏

ေလာကေျမ၏ က်ိန္စာစက္ဝန္းမ်ားအား သင္ယူေလ့လာရသည္ အေဆာင္၌ဆိုလ်ွင္ ဝကၤပါလို အလံုပိတ္ထားသည္ ေနရာမ်ားပင္ရွိသည္

မေတာ္တဆ တစ္ေယာက္တည္း ေရာက္သြားမိပါက ထြက္ေပါက္မရွိေပ---

×××××

Aitaဟာ Fuita၏ လက္ကိုဆုပ္ကိုင္၍ ေဘးမွပြစိပြစိဆိုသည္

"Aita.... မွတ္မိပါတယ္ဆို...... လိုက္ပို႔စရာ မလိုပါဘူး...."

"ဘာကို မွတ္မိတာလဲ.... အခုမွ ေက်ာင္းစတတ္တာကို ဘာျမင္ဖူးလို႔ ဘာကိုမွတ္မိ!!"

"ညက ေျမပံုၾကည့္ထားတယ္ေလ"

"တိတ္... ဂ်ီမက်နဲ႔~~"

Fuitaဟာ Aita၏ တန္းခြဲေျမပံုအား သစ္ပင္ေအာက္ထိုင္၍ ၾကည့္လိုက္၏

ကေလးမ်ား၏ အေဆာင္အေျမပံုဟာ အနည္းငယ္ရိုးရွင္းသည္

Fuita ငယ္ငယ္က တတ္ေရာက္ခဲ့သည့္ ေနရာျဖစ္ေသာ္လည္း စာသင္ေဆာင္မ်ား၏ ဖြဲ႕စည္းပံုအား ငါးနွစ္တစ္ႀကိမ္ က်ိန္စာတို႔အား သမုတ္၍ ပံုစံေ႐ြ႕ေျပာင္းေစသည့္အတြက္ ေျမပံုလိုအပ္၏

မေကာင္းဆိုးဝါးတို႔ ကပ္ညိွကာ ဝင္ေရာက္ေနထိုင္ျခင္းမွ ကာကြယ္ရန္ စာသင္ေဆာင္နယ္ေျမရွိ က်ိန္စာစည္းတို႔အား ငါးနွစ္တစ္ခါ ပံုမွန္သန္႔စင္တိုင္း စာသင္ေဆာင္ ပံုစံလည္း အနည္းငယ္ေျပာင္းလဲ၏

မ်က္လွည့္ျပသလို ေပ်ာက္ကြယ္ေနသည့္ နတ္သူငယ္ ေက်ာင္းသားမ်ား၏ စာသင္ရပ္ဝန္းလည္းရွိသည္

ထိုေနရာသည္ ေန႔စဥ္ဆိုသလို ေ႐ြ႕ေျပာင္းေနၿပီး ျပင္ပမွ ေခၚယူထားသည္ အရပ္ရပ္မွလူသားငယ္မ်ား နတ္သူငယ္အျဖစ္လာေရာက္ သင္ယူေလ့လာသည့္ ေနရာျဖစ္ၿပီး Defulo ေလာကသားတို႔သည္ ထိုအေဆာင္ရွိလူမ်ားအား မျမင္ရေပ

ထိုအေဆာင္ရွိလူမ်ားကလည္း Defuloမွ သက္ရွိလူသားမ်ားအား မေတြ႕ရ

ဤကဲ့သို႔ ထူးထူးဆန္းဆန္း ေနရာမ်ားလည္းရွိသည့္အတြက္ စာသင္ေဆာင္မွ Shouyuေက်ာင္းသားမ်ားသည္ သတ္မွတ္စာသင္ေဆာင္နွင့္ ခြင့္ျပဳထားသည့္ ေနရာမ်ားမွလြဲ၍ အျခားေနရာမ်ားအား သြားလာခြင့္မရွိေပ

×××××

Aitaဟာ သူ၏ ေျမပံုၾကမ္းအား မွတ္မိသည္ဟု Fuitaအား ပြစိပြစိ လုပ္၏

ေသးေသးေလးနွင့္ အစ္ကိုကို ဆရာလုပ္ေလ့ရွိေသာ ေပါက္စေလးျဖစ္သည္

Fuitaဟာ သူ႔အက်င့္အတိုင္း တစ္ခုခုအား အာရံုစိုက္ေနခ်ိန္ တျခားအား မၾကားေတာ့ေပ

Aitaဟာ အခ်ိန္ေနာက္က်ေနၿပီျဖစ္ေၾကာင္း လွမ္းေျပာ၏

"Papaတို႔ စိတ္မေျပာင္းခင္ သြားၾကမယ္ေလ~~ အစ္ကိုေတာ္~~ ေတာ္ၾကာ Aitaကို အတန္းျပန္ေ႐ြ႕ခိုင္းေနဦးမယ္"

"ငါ သိပါတယ္ လ်ွာမရွည္စမ္းနဲ႔~~"

"အစ္ကိုေတာ္က အဲ့စာ႐ြက္ႀကီးပဲ ငုတ္တုတ္ထိုင္ ၾကည့္ေနတာေလ"

"အဲ့ဒါၾကည့္မွ သြားလို႔ရမွာေပါ့~~"

Aitaဟာ စိတ္မရွည္စြာ Fuitaလက္မွ ေျမပံုစာ႐ြက္ေလးကို ယူၿပီး တစ္စစီ ဆြဲၿဖဲလိုက္သည္

Fuita မ်က္လံုးျပဴးသြား၏

"Aita!!!!!!!"

ထို႔ေနာက္ ညီအစ္ကိုနွစ္ေယာက္ လမ္းေလ်ွာက္ရင္း ရန္ျဖစ္လာၾက၏

××××××

အေဆာင္ေတာ္တြင္းသို႔ ေရာက္ေသာအခါ အလယ္ဗဟို၌ ခုနွစ္စင္ၾကယ္ သစ္ပင္ႀကီး ေပါက္ေနရာ ဆံုခ်က္သို႔ေရာက္လာ၏

"omm~~~"

Fuitaဟာ ထိုေနရာမွ အသြင္ေျပာင္းေနေသာ ေလွကားမ်ားအား တတ္လာ၏

"အရင္ ေျဖာင့္ေနတဲ့ေလွကားက အခုေၾကာင္လိမ္ပံုစံျဖစ္သြားတာ ထင္တယ္...တစ္ေယာက္မွလည္း မရွိဘူး... ဘာလို႔ ငါတို႔ ႏွစ္ေယာက္တည္းလဲ"

Aitaဟာ Fuita၏ အဝတ္စအား ဆြဲလႈပ္၏

"ဒါ နတ္နန္းႀကီး မဟုတ္ဘူးလား.... ကြၽန္ေတာ့္ အေဆာင္က ဟိုဘက္က သြားရမွာ"

"ဟုတ္လား~~"

Fuitaဟာ Auta၏ ေျမပံုေလးအား ဆြဲျဖန္႔ၾကည့္လိုက္၏

ၿပဲေနေသာ အပိုင္းစဟာ ထူးဆန္းစြာ ေလမတိုက္ဘဲ ေလထဲသို႔လႊင့္သြားသည္

"အယ္~~!!"

Fuita ျပန္ဖမ္းယူခိုက္ မမိလိုက္ေပ

Aitaဟာ သြက္လက္စြာ ထိုစာ႐ြက္ အေနာက္သို႔ ေျပးလိုက္သြား၏

"Aita~~ အထဲကို ေလ်ွာက္မသြားနဲ႔!!"

××××××

Aitaဟာ စာ႐ြက္အေနာက္သို႔ ေျပးလာသည္

စာ႐ြက္ေလးအား လက္နွစ္ဖက္နွင့္ အမအရ ဖက္ခနဲ ရိုက္ဖမ္းလိုက္၏

ဖမ္းမိခ်ိန္၌ ေဘးဘီအားၾကည့္မိေသာ အေမွာင္စက္ဝန္းႀကီး ျဖစ္ေနသည္

အေမွာင္တြင္းသို႔ေရာက္ေနသည္အား Aita သတိထားမိလိုက္သည္

"ar~~! ဒါ ဘယ္ေနရာလဲ!! ေမွာင္ေနတာလား~"

ေကာင္းကင္၌ ၾကယ္ေလးမ်ားကဲ့သို႔ေသာ အရာမ်ား တလက္လက္ လင္းေနသည္အား ေတြ႕ရသည္

"ပိုးစုန္းၾကဴးလား!!"

Aitaဟာ ေကာင္းကင္မွ အျပာေရာင္ မွိန္တုတ္ မွတ္တုတ္ေလးမ်ားအား ေငးလ်က္လမ္းေလ်ွာက္လာသည္

အလင္းေရာင္ေလးအား ျမင္ရ၍ Aita ဝမ္းသာအားရေျပးလာ၏

"အစ္ကိုေတာ္~~~~"

သို႔ေသာ္ တံခါးေပါက္မွ ျမင္ရေသာ ျမင္ကြင္းသည္ အစ္ကိုေတာ္ မဟုတ္ေပ

Aita ေရွ႕သို႔တိုးကာ အေပါက္မွ ေခ်ာင္းၾကည့္လိုက္သည္

အထဲမွ အျဖဴေရာင္ ဝတ္စံုနွင့္ နတ္သူငယ္ေလးမ်ား က်ိန္စာၾကမ္းေရးဆြဲေနၾကသည္ကို ေတြ႕ရ၏

ထိုစဥ္ Aita၏ လက္အား တစ္စံုတစ္ဦးက လွမ္းဆြဲလိုက္သည္

"ar!!!"

Aita လန္႔ကာ လွည့္ၾကည့္လိုက္၏

လက္ကို လွမ္းဆြဲသူသည္ ပန္းႏုေရာင္ အသားအေရနွင့္ သန္႔စင္ေသာ အၿပံဳးတို႔အား ကိုင္ေဆာင္ထားသူျဖစ္သည္

အေနာက္ဖက္၌ ေျမပံုၾကမ္းထည့္သည့္ ဘူးကဲ့သို႔ေသာအရာကို လြယ္ထားသည္

အဝတ္အစားတို႔သည္ ရိုးရွင္းေနၿပီး ဆံႏြယ္ျဖဴတို႔ရွိ၏

မ်က္ဝန္းတို႔သည္ အျဖဴအတိျဖစ္ေနသည္

နတ္ဆရာဟု ထင္ရေသာေၾကာင့္ Aita အရိုအေသေပးလိုက္၏

ထိုသူက Aitaအား ေမးသည္

"Defuloက လာတာ ထင္တယ္"

"onm..."

"နာမည္ ဘယ္လိုေခၚလဲ~~"

"...Aita"

"နာမည္က Aitaတဲ့လား ... "ခ်စ္ျခင္း"ဆိုတဲ့ အဓိပါၸယ္ေပါ့ ..."

Aitaဟာ ေခါင္းေလးညိမ့္ျပသည္

"Aitaေလး... အဲ့အေပါက္ကို မသြားသင့္ဘူး အႏၲရာယ္ရွိတယ္... လာ... အိမ္ျပန္ရေအာင္..."

နတ္ဆရာသည္ Aitaအား လက္၌ ဖဲႀကိဳးအနီေလး ပတ္ေပးၿပီး လက္ကိုဆြဲကာ ျပန္ေခၚလာသည္

Aitaဟာ ျပန္ေမး၏

"ခုနက အခန္းထဲမွာ နတ္ဆရာေလးေတြ ေတြ႕တယ္~~ သူတို႔က စာလာသင္ေနတာလား~~"

"omm... ဟုတ္တယ္ သူတို႔က စာသင္ေဆာင္ကို အလည္လာသူေတြေလ~~ ၿပီးရင္ ျပန္ၾကေတာ့မွာ"

"ဒါနဲ႔ ဒီအခန္းႀကီးက ဘာလို႔ေမွာင္ေနတာလဲ~~ မီးေလး ဘာေလး မထြန္းဘူးလား~~"

နတ္ဆရာဟာ Aitaအား ၿပံဳးျပသည္

Aitaဟာ ျပင္ပေလာကသို႔သြားသည္ ေလဟာျပင္ေျမတြင္းႀကီးထဲသို႔ လမ္းမွားေရာက္လာသည္အား သိရွိပံုမေပၚေပ

Aitaဟာ သာမန္မ်က္စိျဖင့္ မျမင္ရသည့္အရာမ်ားကို ျမင္ေတြ႕ ခံစားနိုင္ပံုေပၚသည္.... အလြန္အႏၲရာယ္ရွိ၏

အကယ္၍ ခုနက ျမင္ခဲ့သည့္ ျပင္ပေလာကေနရာအား ေျခခ်ခဲ့မည္ဆိုလ်ွင္ Aita၏ ခနၶာကိုယ္ရွိက်ိန္စာစည္းမ်ားသည္ က်ိန္စာေျမရွိက်ိန္စာစက္ယႏၲရားမွလြတ္ကင္းသြားမည္ ျဖစ္သည္

ထိုအခါ Aitaလည္း တစ္စစီေၾကမြ ပ်က္စီးရလိမ့္မည္

×××××

နတ္ဆရာ Magaက Aitaအား အလိုရွိရာ အေဆာင္ေတာ္သို႔ တန္းတန္းမတ္မတ္ပို႔ေပးခဲ့သည္

"ေက်းဇူးတင္ပါတယ္ ဆရာMaga~ သူ႔က ကြၽန္ေတာ့္ ညီေလးပါ"

နတ္ဆရာ Magaက ျပန္လည္တုန္႔ျပန္ ၿပံဳးျပ၏

"သခင္ေလးက ဘယ္အိမ္ေတာ္ကလဲ?"

"YamaTo Shouyu အိမ္ေတာ္ကပါ"

"Omm~~ ေနာက္ကို ဂရုစိုက္ပါ~~"

"ဟုတ္ကဲ့"

×××××

Aita စာသင္ေဆာင္သို႔ ေရာက္ေသာအခါ ႐ြယ္တူကေလးမ်ားကို ေတြ႕ရ၏

Aitaဟာ ေရွ႕သို႔ထြက္၍ ဆရာျဖစ္သူအား အရိုအေသေပး၏

"Yamato Aita... ဘာလို႔ေနာက္က်ေနတာလဲ.."

အဆူခံရေသာအခါ Aitaဟာ မ်က္နွာငယ္ေလးနွင့္ ၿငိမ္ေန၏

စာသင္ေက်ာင္းသား ဝတ္စံုေလးမ်ားသည္ အေရာင္မတူပါ

Aitaသည္ သံုးမ်ိဳးစပ္ သေနၶသားျဖစ္သည့္အတြက္ လွပေသာ အျဖဴေရာင္ ပိုးဝတ္စံုေလးနွင့္ ပိုးဝတ္ရံုလႊာအား ၿခံဳလႊားထား၏

ကႏုတ္ပန္းေလးမ်ားနွင့္ အနားသတ္ ပန္းမႊားေလးမ်ားက ငယ္႐ြယ္ေသာ ပါးျပင္ႏုႏုေလးမ်ားအား ပြတ္တိုက္ေန၏

အေရာင္ ငါးေရာင္ရွိၿပီး သူ႔အေရာင္နွင့္သူ အတန္းလိုက္ ထိုင္ရသည္

ပံုမွန္မဟုတ္ေသာ သေနၶသားမ်ားက ပန္းေရာင္ဝတ္ရၿပီး မူမမွန္သေနၶသားမ်ားက အနီေရာင္ ဝတ္ၾကသည္

သာမန္သေနၶသားမ်ားက ေ႐ႊေရာင္ဝတ္ရ၏

စာသင္သား ငါးဆယ္တြင္ သာမန္သေနၶသား အေယာက္နွစ္ဆယ့္ငါးေယာက္ မူမမွန္သေနၶသားအေယာက္နွစ္ဆယ္ ပံုမမွန္သေနၶသားေလးေယာက္နွင့္ သံုးမ်ိဳးစပ္သေနၶသားတစ္ေယာက္သားရွိသည္

Aitaဟာ သူ၏ သတ္မွတ္ေနရာေလး၌ ထိုင္လိုက္ေသာအခါ Aitaဟာ တစ္ဦးတည္းေလး အျဖဴေရာင္ သံုးမ်ိဳးစပ္ ၾကင္ယာဖက္ေလး ျဖစ္ေန၏

Aitaအား ပန္းႏုေရာင္ စာသင္သားေလး ေလးေယာက္က ဝင္းလဲ့ေနေသာ မ်က္လံုးေလးမ်ားျဖင့္ ေငးၾကည့္ၾက၏

မိမိတို႔၏ ရွားရွားပါးပါး သံုးမ်ိဳးစပ္ သတို႔သားတစ္ေယာက္ ေရာက္လာၿပီျဖစ္သည္

ထို႔ေနာက္ ေလးေယာက္သား တြတ္တီ တြတ္တီ ေျပာ၏

"သူက ပိုးျဖဴဝတ္ထားတယ္... သံုးမ်ိဳးစပ္ သေနၶသားမ်ားလား~?"

"ဘာလို႔ ခနၶာကိုယ္က အဲ့ေလာက္ထြားေနတာလဲ... အားေကာင္းမယ့္ပံုပဲ... မူမမွန္ သေနၶသားနဲ႔ေတာင္ တူတယ္"

"ခနၶာကိုယ္ထြားလို႔ ဒီဘက္ေရာက္လာတာေနမွာေပါ့... သံုးမ်ိဳးစပ္ သေနၶသားေတြက ခနၶာကိုယ္ေသးရင္ ၾကင္ယာေတာ္လုပ္ရမွာ"

"သံုးမ်ိဳးစပ္ သေနၶသားေတြက ေဖာက္ျပန္တတ္လို႔ ၾကင္ယာဖက္အျဖစ္ ယူမယ့္သူမရွိဘူးလို႔ Papaကေျပာတယ္"

"ဘယ္သူမွမယူရင္ ငါတို႔ယူမွာေပါ့"

ခုနွစ္နွစ္သားရွိေသးေသာ ေပါက္စေလးမ်ား၏ စကားေၾကာင့္ ဆရာျဖစ္သူက ေခ်ာင္းဟန္႔ကာဆူလိုက္၏

"စာသင္ဖို႔လာတာ မဟုတ္ဘူးလား... စာပဲသင္ေလ... ဘာေတြေလ်ွာက္ၾကည့္ေနတာလဲ"

"ပညာတတ္ၿပီး ၾကင္ယာလည္းရွိမွ အဆင္ေျပမွေပါ့ ဆရာ!!"

"ဟုတ္တယ္... စာသင္ေဆာင္ကေန အိမ္ကိုတစ္ခါတည္း ၾကင္ယာရွာလာခဲ့လို႔ Papaကေျပာတယ္"

"ေဟာ ေဟာ,,,,... အခုမွ ခုနွစ္နွစ္ပဲရွိေသးတာကို ဘယ္နားကၾကင္ယာရွာခ်င္ေနတာလဲ"

"ဆရာကလည္း ေနာက္ရွစ္နွစ္ဆို ေယာက္်ားယူလိုရၿပီေလ... အခုတည္းက နည္းနည္းပါးပါး ၾကည့္ထားရမွာေပါ့"

မ်ားေသာအားျဖင့္ ပံုမွန္မဟုတ္ေသာ သေနၶသားမ်ားက မိမိဘာသာ ကိုယ္နဲ႔ သင့္ေတာ္ရာ ၾကင္ယာကိုရွာရသည္

စိတ္ကပံုမွန္ မဟုတ္သည့္အတြက္ မိဘမ်ားက လိုက္လံမရွာေပးလိုၾကေပ

ထို႔ေၾကာင့္ အဖိုးတန္ Shouyuအိမ္ေတာ္သားမ်ားစုေဝးရာ ထိုစာသင္ေဆာင္၌ ၾကင္ယာပါရွာလာရန္ ကေလးမ်ားအား ငယ္စဥ္ကတည္းက ဖခင္မ်ားက သင္ၾကားေပးတတ္ၾက၏

"မူမမွန္ သေနၶသားရရင္ေကာင္းမယ္... "

"မူမမွန္သေနၶသားက ငါတို႔ကို ယူမွာတဲ့လား... သူတို႔က သာမန္သေနၶသား ထက္ေတာင္ပိုဆိုးေသးတယ္"

"ငါတို႔အခန္းထဲမွာ အေယာက္ နွစ္ဆယ္ေတာင္ရွိတယ္ေလ"

"အကုန္လံုး အနာဂတ္မွာ လူဆိုးေတြျဖစ္လာမွာ.... မေမ်ာ္မွန္းနဲ႔..."

"သူမ်ားေတြ ၾကင္ယာရွာရလြယ္သေလာက္ ငါတို႔က်ေတာ့ ဘာလို႔အဲ့ေလာက္ေတာင္ ခက္ေနတာလဲ... တကယ္ဆို ငါတို႔မွာ ကိုယ္ဝန္ေဆာင္နိုင္တဲ့ ခနၶာကိုယ္ရွိသင့္တယ္"

"ဟုတ္ပေနာ္... ငါတို႔ဆီလာရမယ့္ ခနၶာကိုယ္က သံုးမ်ိဳးစပ္ သေနၶသားေတြဆီေရာက္သြားလား မသိဘူး"

"ေလာကႀကီးက မမ်ွတလိုက္တာ... အလုပ္ကိုရႈပ္ေနတာပဲ"

စကားမ်ားသံမ်ားေၾကာင့္ ဆရာဟာ ခံုအား ႀကိမ္လံုးျဖင့္ေခါက္လိုက္၏

"ကေလးေတြ စကားမ်ားလိုက္တာ... မေန႔က သင္လိုက္တဲ့ စာလံုးတစ္ရာ ျပန္ေမးရမလား"

"မေမးပါနဲ႔!!"

×××××

ညေန အိမ္ျပန္ခ်ိန္ ေတာ္ဝင္ စာသင္နန္းေဆာင္သို႔ အဝတ္ဗလာနဲ႔ ပဝါပါးအုပ္ထားေသာ လူငယ္ေခ်ာေခ်ာေလးမ်ား ဝင္သြားၾကသည္ကို Aita ျမင္လိုက္ရသည္

Aitaဟာ သူ႔အစ္ကိုအား ေစာင့္ေနရာမွ ကိုယ္တံုးလံုး လူငယ္ေလးမ်ား အေနာက္မွလိုက္၍ ေခ်ာင္းၾကည့္လိုက္၏

နန္းေဆာင္ထဲသို႔ ကေလးဝင္လာသည္အား လူအမ်ားက သတိမထားမိၾကေပ

Aitaဟာ အေယာက္ နွစ္ဆယ္ခန္႔ရွိေသာ ကိုယ္တံုးလံုး ကိုယ္ေတာ္မ်ားၾကားသို႔ ပါသြား၏

Continue---

© GOD OF DEFULO,
книга «King Sia».
Коментарі