Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-13
Makuဟာ မနက်လင်းသော် နွေဦးနေရောင်အောက်ရှိ Defuloတောကြီးအစပ်ရှိ ရေပူချောင်းစပ်၌ အဝတ်လျှော်နေ၏

ပုံမှန်ဆိုလျှင် ညဘက်လာလျှော်လေ့ရှိသော်လည်း ယနေ့တော့ ငွေများများရထား၍ အလုပ်နားပြီး သီချင်းဆိုရင်း အဝတ်လျှော်နေသည်

Makuဟာ လှပသော တောတောင်စိမ့်စမ်းအလယ် တစ်ဦးတည်း သာယာစွာရှိနေ၏

"arr... မနက်ခင်း နွေဦးရောင်ခြည်လေးက မင်္ဂလာရှိလိုက်တာ"

ဆပ်ပြာလျှော်ရင်း ရေရွတ်လိုက်သည် Maku၏ မင်္ဂလာရှိသော မနက်ခင်းလေးဟာ ရုတ်ချည်း ပျက်စီးသွား၏

လှလှပပ ပြင်ဆင်ဝတ်စားထားသော Umitaအိမ်တော်မှ လိင်လုပ်သား အယောက်သုံးဆယ်ခန့်ရှိသော အုပ်စုတစ်စု ရုတ်တရက်ရောက်လာပြီး အကျီချွတ်ကာ ဆူဆူညံညံ ရေဆင်းချိုးကြလေ၏

ကျောက်တုံးပေါ်ရှိ Makuကိုပင် ဝင်တိုက်သွားကြသည်

Makuဟာ ရေပူချောင်းထဲသို့ ဇောက်ထိုးမိုးမျော် ထိုးကျလေသည်

Makuဟာ ရေထဲမှ ဝူးဝူးဝါးဝါး ပြန်ထလာပြီး ထို့နောက် အားရပါရ ကျိန်ဆဲလေ၏

"ခွေးသားလေးတွေကြောင့် ရှိနေတဲ့ ငါ့ကျက်သရေတောင် ပျောက်သွားပြီ"

လုပ်သားလေးများဟာ Makuအား လှည့်ကြည့်၍ လျှာထုတ်ကာ ဖင်လေးပုတ်ပြသွားသည်

"မင်းတို့...!!"

××××

ခဏအကြာ Makuဟာ သစ်ခက် သစ်ကိုင်းများနှင့် ကွယ်၍ ထိုလိင်လုပ်သားလေးများအား ကျောက်တုံးအကွယ်မှချောင်းကြည့်လိုက်၏

ဝင်းဝင်းပြောင်ပြောင် တင်ကားကား ရင်ဖားဖားလေးများနှင့် လိင်လုပ်သား အလှလေးများသည် သူတို့၏ ခန္ဓာကိုယ်ရှိ အရေပြားလှလှလေးများကို သဘာဝစမ်းရေပူနှင့် ဆေးကြောသန့်စင်နေကြသည်ကို သူတွေ့ရသည်

သူတို့၏ ပုခုံး ရင်ဘက် လက်မောင်း ကျောပြင် ခါး ပေါင် အစရှိသော မတူညီသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ၌ အမျိုးမျိုးသော တတ်တူး တံဆိပ်ငယ်တစ်ခုစီရှိသည်ကို တွေ့ရသည်

"ကြည့်ရတာ သူတို့က လိင်စံအိမ် မတူကြဘူးနဲ့ တူတယ်"

ဤကဲ့သို့ မတူညီသော လိင်စံအိမ်များမှ လိင်လုပ်သားများကို ယခုလို အများကြီး တစ်စုတစ်ဝေးတည်း အတူတူတွေ့ရဖို့ရာ ခဲယဉ်းလှ၏

ထူးဆန်းလှပေသည်

ထူးဆန်းတာ အသာထား Makuဆိုသော မိမိကတော့ လုပ်စရာရှိတာ လုပ်ရမည်

××××

"ha~~~~ နေလို့ကောင်းလိုက်တာ~~"

"သဘာဝစမ်းရေဆိုတာ အသားအရေလှပဖို့အတွက် လျို့ဝှက်ချက် တစ်ခုပဲ~~"

"ဟုတ်တယ် ... သခင်ကြီး ငါ့ကိုစွဲနေတာ ရေပူစမ်းကြောင့်လေ~~"

လုပ်သားထဲမှ စီနီယာ လိင်လုပ်သားတို့ ဂုဏ်ဖော်နေသည့်စကားများကြောင့် အသက် အငယ်ဆုံး လိင်လုပ်သားလေး LaLaပြန်မေးလိုက်သည်

"အယ်~~~ ရေပူစမ်းနဲ့ ဘယ်လိုစွဲဆောင်တာလဲ~~ LaLaကို သင်ပေးဦး~~"

ချွဲချွဲနွဲ့နွဲ့ မျက်ဝန်းအလှများနှင့် Simaဟာ သူ၏ ပင်ကိုယ်အကျင့်အတိုင်း အသံအီအီဖြင့် ပြော၏

"ငါတို့ LaLaလေးက ငယ်သေးတာမို့ ဟောဒီ စီနီယာတွေက LaLaလေးကို လမ်းပြပေးမယ်... LaLaလေးက နားထောင်~~"

LaLaလေးဟာ ရွှင်လန်းတတ်ကြွနေသော အသွင်ဖြင့် ခေါင်းလေး နှစ်ချက်ငြိမ့်ပြသည်

"inm.. inm... "

"ရေပူစမ်းမှာ ပုံမှန် ရေစိမ်ရင် နာကျင်ကိုက်ခဲတာတွေ ပျောက်ပြီး အသားအရေကလည်း နူးအိနေတာမို့ ညတိုင်း ညတိုင်း တင်ပါးလေးကို ရေပူလေးနဲ့ စိမ်ပေး~~"

"သခင်ကြီးက ညဘက်ဆို ရေပူစိမ်ထားတဲ့ တင်ပါးနဲ့ အပမ်းဖြေရတာကို ပိုသဘောကျတယ်"

"မနက်ခင်းဘက်ဆို စန္ဒကူးနံ့နဲ့ ဆာကူရာနံ့ သင်းနေတဲ့ တင်ပါးကို ကြိုက်တယ်"

"ညနေခင်း မိုးရွာနေတဲ့ အချိန်ဆိုရင် အနွေးဓာတ်များများရှိတဲ့ သူကို ပိုသဘောကျတယ်"

"ဟုတ်လား~~~ KiKiကိုလည်း ပြောပြဦး~~ KiKiက အခုမှ ရောက်တဲ့သူမို့ သခင်ကြီးအကြောင်း မသိသေးဘူး~~"

"KiKiနဲ့ LaLaက ကုန်ကြမ်းဘဝနဲ့ ရောက်လာတာမလား"

Sakuဟာ စမ်းရေစိမ်ရင်း စီနီယာကျကျ ဆေးတံပင် ပါးစပ်၌ ဇိန်နဲ့ခဲနေ၏

"သခင်ကြီးက မနက်ခင်း အယောက်သုံးဆယ် နေ့ခင်းအယောက်သုံးဆယ် ညနေအယောက်သုံးဆယ် နေ့စဉ် ပုံမှန်ပျော်ပါးတတ်တယ်"

"အိမ်တော်မှာ အလုပ်ကြမ်းသမားကလွဲရင် အခြားအစေခံမရှိဘူး"

"အပြင်ပန်းကကြည့်ရင် Shouyuအစေခံလို့ထင်ရတဲ့ စာရင်းကိုင်အစေခံကအစ သခင်ကြီးအလိုရှိရင် ကျွမ်းကျွမ်းကျင်ကျင် ပြုစုပေးနိုင်တဲ့ တန်ဖိုးကြီး လိင်လုပ်သားတွေချည်းပဲ"

"ကြားထဲမှာပွဲလမ်းသဘင်ရှိရင် အတူပျော်ဖို့ရံထားတဲ့ လိင်လုပ်သားငယ်.. အစေခံလိင်လုပ်သား.. သီးသန့်လိင်လုပ်သား.. ဖျော်ဖြေရေးလိင်လုပ်သား.. ကချေသည်လိင်လုပ်သား.. Umitaအိမ်တော်မှာ လိင်လုပ်သားစုစုပေါင်း 1500 ရှိတယ်"

"ကုန်ကြမ်းဘဝနဲ့ ရောက်လာတဲ့ ကလေးတွေက စံအိမ်မှာ အလုပ်မလုပ်ခဲ့ရတဲ့သူတွေမို့ ပညာရပ်မစုံလင်သေးဘူး.. သခင်ကြီးကို ပြုစုရတဲ့အခါ စံအိမ်မှာ သင်ကြားခဲ့ရတာတွေအပြင် အိမ်တော်က စီနီယာလုပ်သားတွေ ပြောထားတာကိုလည်း မမေ့နဲ့"

"ဟုတ်ကဲ့~~!!"

"Saku... ဒါနဲ့လေ... ညကျရင် PaciLoက အိမ်တော်မှူး လာမယ်တဲ့... ငါတို့ကို ကောင်းကောင်း ဧည့်ခံကျွေးမွေးထားဖို့ သခင်ကြီးက မှာကြားထားတယ်"

"ဟုတ်လား~~ ညကျရင် သခင်ကြီးကို ပြုစုဖို့ တာဝန်ကျတဲ့သူက ဘယ်သူတွေလဲ"

"ReLaတို့ အုပ်စုမလား"

"ဒါနဲ့ ReLa ကျန်းမာရေးမကောင်းဘူး ထင်တယ်"
"အခုတစ်လော ခဏခဏ ဖျားနေသလိုပဲ"

"ReLaက ငယ်ငယ်ကတည်းက ကျန်းမာရေးသိပ်မကောင်းဘူး... ဒါပေမယ့် သူက ကြိုးစားပါတယ်... သခင်ကြီးကို စိတ်မပျက်စေရဘူး~~ "

ထိုစဉ် ချောင်းစပ်သို့ လိင်လုပ်သားတစ်ဦးပြေးလာသည်

"အားလုံး လာခဲ့ကြ... အိမ်တော်မှ ပြဿနာတတ်နေပြီ... သခင်လေး မရှိတော့လို့ သခင်ကြီးသောင်းကျန်းနေတယ်"

ရေထဲမှ လိင်လုပ်သားများ ပြူးပြာထိတ်လန့်သွားသည်

"သခင်လေး မရှိတော့လို့တဲ့--!!'

"ဒုက္ခပဲ"
"ထွက်ပြေးသွားပြန်တာလား"

အားလုံး ရေပေါ်ပြန်ပြေးတတ်လာကြသည်

"arrrr~~~~ ငါတို့ အဝတ်တွေရော??"

"အဲ့ဒီမှာထားခဲ့ကြတာမလား!!!"

"မရှိတော့ဘူး.. လုပ်ကြပါဦး ))))"

"ပျောက်သွားတာလား... ခုနကမှ ချွတ်ခဲ့ကြတာကို!!"

"ဒုက္ခပဲ အခိုးခံရပြီ ထင်တယ်!!!!!"
"တောကြီးထဲမှာ ဘယ်သူမှ မရှိဘဲ ဘယ်သူက ခိုးမှာလဲ"

×××××

"မင်းတို့က ဘယ်လိုဖြစ်တာလဲ"
"သခင်ကြီး သိရင်ဆူတော့မှာပဲ"

"ဆူပါဘူး~~~ သူက ဒီအတိုင်းဆိုပိုတောင် ကြိုက်ဦးမှာပါ"

"အေးလေ အေးလေ~~"

"တိတ်စမ်း... အိမ်တော်ထဲမှာ စောစောစီးစီး ကိုယ်တုံးလုံးနဲ့ လျှောက်သွားနေတာ မချမ်းဘူးလား!!!!"

အဝတ်များ အခိုးခံရ၍ ကိုယ်တုံးလုံးဖြင့် အိမ်တော်သို့ ပြန်လာသည့် လိင်လုပ်သားများဟာ Fuitaအား လှမ်းမြင်သွားသည်

Fuitaဟာ မျက်လုံးပြူး၍ လှမ်းကြည့်နေ၏

Umita အိမ်တော်ထဲ၌ အဝတ်မပါ ကိုယ်ဗလာဖြင့် လျှောက်သွားနေတဲ့ လိင်လုပ်သားတွေတောင် ရှိနေတာလား

Fuitaဟာ အနောက်သို့ ချက်ချင်းပြန်လှည့်လိုက်သော် Fuitaအား မျက်နှာငယ်လေးဖြင့် မော့ကြည့်နေသော Xingyiအား တွေ့ရ၏

Xingyiဟာ မိမိ၏ အိမ်တော်၌ လိင်လုပ်သားများနှင့် ယုတ်ညံ့မှုများပြည့်နေသည်ကို Fuitaမြင်သွားသဖြင့် စိတ်နှလုံးတို့ တုန်ယင်ရှက်ရွံ့စွာ ငြိမ်နေသည်

"XingYi... "

Xingyiဟာ Fuitaရှေ့မှ ပြန်လှည့်ကာ ပြာပြာသလဲ ထွက်ပြေးသွားသည်

ထိုစဉ် Umita အိမ်တော်မှူး ရောက်လာကာ Fuitaအား ရိုသေစွာ လှမ်းပြောသည်

"သခင်လေး Fuita~ ဧည့်ခန်းထဲသို့ ကြွခဲ့ပါ"
"သခင်ကြီး စောင့်နေပါတယ်"

"arr~~ ဟုတ်ကဲ့"

×××××

"Xing ဖျားနေတယ်ဆိုလို့ ကျွန်တော်လိုက်လာတာပါ~ ကလေးက စာသင်ဆောင်ကို မလာတာကြာနေပြီမို့"

စောစောစီးစီး မြင်တွေ့ရသည့် Fuitaအတွက် မြင်ကွင်းက အစားအသောက်ဝိုင်း၌ ပုံစံစုံ လိင်လုပ်သားအလှလေးများ ဝန်းရံခနေခြင်းဖြစ်သည်

"သခင်လေး သုံးဆောင်ပါ~~"

"arr.. ဟုတ်ကဲ့ပါ သခင်ကြီး~~"

"XingYiက လတ်တလော ကျွန်တော်မျိုး အိမ်တော်မှာနေပါတယ်... အစ်ကိုတော်ရဲ့ Umitaအိမ်တော်က စာသင်ဆောင်နဲ့ ဝေးတာမို့ ကျွန်တော်မျိုးက ခေါ်ထားပေးတာပါ... ဒါပေမယ့် YamaToလို အိမ်တော်မျိုးက သခင်လေးက လိင်လုပ်သားတွေပြည့်နေတဲ့ ကျွန်တော်မျိုးရဲ့ အိမ်တော်ကို XingYiအတွက်နဲ့ တကူးတက ရောက်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး... သခင်လေးကို သခင်ကြီးYima ဆူပူနေပါဦးမယ်"

"ar.. hk... ဒါက အရေးမကြီးပါဘူး... ရပါတယ်... XingYiက ကျွန်တော်မျိုးရဲ့ ဂျူနီယာလေးပါ... ဘယ်နေရာဖြစ်ဖြစ် သွားနိုင်ရမှာပေါ့.... Xingyiက မလာတာကြာတော့ စိုးရိမ်မိလို့ပါ"

UminTaသခင်ကြီးဟုခေါ်သော သခင်ကြီးShiro ဟာ ငယ်ရွယ်ဆဲ သတ်လတ်ပိုင်း လူတစ်ဦးဖြစ်သည်

ယခုထိတိုင် ကြင်ယာတော် မယူရသေးသော Defulo၏ ရာဂ အသောင်းကျန်းဆုံး လူတစ်ဦးဖြစ်၏

သုံးမျိုးစပ် သန္ဓေသားဖြစ်သည့်အပြင် မူမမှန်သန္ဓေသားဖြစ်သည့်အတွက် ထိန်းမနိုင် သိမ်းမရဖြစ်နေသည့်အတွက် မိသားစုက အိမ်တော်သက်သက်ခွဲ၍ နှင်ထုတ်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်

သခင်ကြီးShiroဟာရှိလှ အသက် နှစ်ဆယ့်ငါးလောက်ပင်

အိမ်တော်သက်သက်ခွဲပြီး သူ့စီးပွားရေး သူဦးစီးနေသူမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်တော်သခင်ကြီး ဖြစ်လာသူဖြစ်သည်

Shiroဟာ XingYiအား လှမ်းခေါ်ပေး၏

"XingYi~~~~"

"ဟုတ်~~~"

"YamaTo သခင်လေးကို လာထွက်တွေ့လိုက်လေ~~ ဘာလို့ပုန်းနေတာလဲ~~"

"ဟုတ်~~"

XingYiဟာ ဆူပုတ် ဆူပုတ်နဲ့ အပြင်ထွက်လာသည်

"သခင်လေး Fuita... ကျွန်တော့်ကို လာတွေ့တာလား~"

"inm.."
"ကျန်းမာရေးမကောင်းပြန်ဘူးလား XingYi..."

"ဟုတ်~~"

Shiroဟာ ညည်းတွားသည်

"ငါ့တူက ငါ့တစ်ဝက်လောက်တောင် မသန်မာပါလား... အသက်တောင် ရှည်ရှည်နေရမယ် မထင်ဘူး"

"အဲ့ဒါ ဦးလေးကြောင့်လေ))))))"

"သခင်ကြီး Shiro... SanTaသခင်လေးကို ပြန်တွေ့ပါပြီ~~"

Shiro ပြာပြာသလဲ ဖြစ်သွားသည်ကို Fuitaမြင်လိုက်ရသည်

Shiroဟာ ဒေါသမာန်အပြည့်ဖြစ်နေသော အသွင်အပြင်သို့ ပြန်ပြောင်းသွားပြန်သည်

"သခင်လေး ကျွန်တော်မျိုးကို ခွင့်ပြုပါဦး... အရေးကြီး ကိစ္စလေးရှိလို့ပါ~~"

"ဟုတ်ကဲ့~~"

သခင်ကြီး Shiroထွက်သွားသောအခါ XingYiက ဖောက်သည်ချလေသည်

"ဦးလေးငယ်က ကြင်ယာတော်ယူဖို့ လုပ်နေတယ်လေ"

"ဟမ်,,,, ကြင်ယာတော်ယူဦးမလို့လား??"

"ဟုတ်တယ်.. ကြင်ယာတော်က အိမ်ပေါ်တောင် ရောက်နေပြီ"

"ဘယ်သူနဲ့လဲ... မျိုးရိုးမဲ့ အထိန်းသိမ်းခံလား~~"

"မဟုတ်ဘူး... Shouyu အိမ်တော်ကြီးက ကြင်ယာတော်~~"

"အယ်... Shiro သခင်ကြီးနဲ့ သဘောတူတဲ့ Shouyuအိမ်တော်ရှိလို့လား"

"မရှိဘူးလေ... လိင်လုပ်သားတွေ အများကြီးနဲ့ ကမြင်းနေတဲ့သူကို ဘယ်သူက လက်ခံမှာလဲ~~ အဲ့ဒါနဲ့ အနိုင်ကျင့်ပြီး SanTaအိမ်တော်က သခင်လေးကို အိမ်တော်ကြီး တစ်ချက်လွှတ်အမိန့်နဲ့ အတင်းသိမ်းယူထားတယ်... သခင်လေးက သူ့ကိုကြောက်လို့ ခဏခဏ ထွက်ပြေးနေတယ်"

"SanTa အိမ်တော်က သခင်လေးဆိုတော့ ...."

Fuitaဟာ မယုံနိုင်စရာကောင်းသော အတွေးအား ဖျစ်ညှစ်ထုတ်၍ စဉ်းစားသည်

နောက်ဆုံး၌ ထိတ်လန့်စွာ သတိရသွား၏

"ဘာ--- Hoshiku ... ???"

"ဟုတ်တယ်.. အသက် ဆယ်ငါးနှစ်ပဲရှိသေးတဲ့ SanTa သခင်လေး Hoshiku..."

"အို.. မဖြစ်နိုင်တာ~~"

"ဦးလေးက SanTaအိမ်တော်က သားသုံးယောက်ထဲက သားအကြီးနဲ့ အလတ်ထဲက တစ်ယောက်ကိုပေးဖို့ စကားရိပ်သန်းနေလို့ SanTaအိမ်တော်က သူတို့သားတွေကို Gravityက မျိုးရိုးမဲ့ အထိန်းခံ ကြင်ယာတော်တွေဝယ်ပြီး ချက်ချင်း လက်ထပ်ပေးလိုက်တယ်လေ... အဲ့ဒါနဲ့ ဦးလေးက SanTaအိမ်တော်ကို ဒေါသထွက်ပြီး အငယ်ဆုံး အသားသန္ဓေလေးကို အိမ်တော်ကြီးအမိန့်နဲ့ တစ်ခါတည်း သိမ်းယူလိုက်တယ်"

Fuitaဟာ စကားပြောရန်ပင် မေ့ပျောက်သွားသည်

×××××

"ဒီပိုးထည် အကျီတွေက ကောင်းလှချည်လား "
"Maku ဘယ်ကနေရလာတာလဲ??"

Makuထံမှ အလွန်ကောင်းမွန်သော ထိပ်တန်းအဆင့် ပိုးထည်အကျီကြောင့် တစ်ပတ်ရစ်အထည်ဆိုင် ပိုင်ရှင် Kika၏ မျက်နှာသည် ပျားသကာရည်လောင်းသကဲ့သို့ ချိုနေသည်

"ငါ့တန်ဖိုးကြီး ပိုးထည်အကျီကို နည်းနည်းလေးတောင် မထိနဲ့!!!!!... ပဲ့သွားမယ် .. မျက်စိနဲ့ပဲကြည့် .... မဝယ်ရင် တခြားမှာ သွားရောင်းမှာ"

"အဲ့လိုမလုပ်ပါနဲ့ ဝယ်မှာပေါ့~~~~ Makuကလည်း စိတ်ကြီးပဲ... အွန်းးး"

Makuဟာ တစ်အိမ်ဆင်း တစ်အိမ်တတ် လိင်လုပ်သားများထံမှ ခိုးယူလာသော ပိုးထည်အကျီများကို တစ်ထည်ချင်း ရောင်းချလေ၏

Continue---

~~~~~~~~~~~~~~

Zawgyi Code:

© GOD OF DEFULO,
книга «King Sia».
Коментарі