Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-4
Unicode

"မင်းသားလေး မင်းကြီးရဲ့ အဆောင်တော်မှာ အဲ့လို အရမ်းမပြေးရဘူး~~ ချော်လဲလိမ့်မယ်~~"

Siaသည် ခမည်းတော်၏ အဆောင်တော်အတွင်း၌ လိုက်ဖမ်းနေသော အထိန်းတော် Yukaလက်က လွတ်အောင် လှည့်ပတ် ပြေးလွှားနေ၏

"ဟိ ဟိ ဟိ~~"

Siaဟာ Yukaအား ထောင့်ကျကျနေရာလေး၌ ပုန်းနေလိုက်၏

Yukaနှင့် အစေခံများဟာ Siaအား စာသင်တန်းတတ်ရောက်ရန် မူးနောက်အောင်ရှာနေ၏

နောက်ကျလျှင် ဒါလေးတောင် မျက်စိဒေါက်ထောက်မကြည့်နိုင်ဘူးလား

မမြင်ကွယ်ရာမှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဟု အမတ်ကြီးများ၏ အဆူအဆဲက ခံရပေဦးမည်

"အိမ်ရှေ့စံ မင်းသားငယ်~~ စာသင်ရပါမယ်~~ ထွက်လာပါတော့~~~"

Siaဟာ အခန်းတွင်းရှိ ဗီရိုလေးအတွင်း ပုန်းနေလိုက်၏

Yukaဟာ အခန်းထဲ ဝင်ကြည့်ပြီး ပြန်ထွက်သွား၏

Siaဟာ တံခါးဖွင့်၍ ချောင်းကြည့်ပြီး အပြင်သို့ပြန်ထွက်လာသည်

အထိန်းတော်များသည် မိမိအား မမြင်ပေ~~

Siaသည် သဘောကျစွာ ရယ်လိုက်၏

ထိုစဉ် အခန်းကြီးအတွင်း၌ သူ့အရပ်ထက်မြင့်သော လေးထောင့်ပုံ ခြေထာက်လေးချောင်းထောက် ရွှေရောင် ပစ္စည်းတစ်ခုအား သူမြင်၏

အလွန်ကြီးမားသော ရွှေရောင်ကုတင်တောင်း ဖြစ်သည်

လေးထောင့်ပုံရှိပြီး ရွှေသားအတိဖြစ်သည်

ထုထည်ကြီးမားလှပြီး လူကြီး မတ်တပ်ရပ် ပေါင်လယ်ခန့်မြင့်သည်

Siaသည် အိအိအဲအဲ ကလေးငိုသံကြား၍ ခြေဖျားလေးထောက်ပြီး လှမ်းကြည့်သည်

ထိုလေးထောင့်ပုံ ပက်လက်ကြီးအတွင်း၏ အထဲ၌ အဖြူရောင် ငှက်မွှေးများဖြင့် ပြည့်နေ၏

ထိုအထက်မှ ရွှေရောင်ပိုးစတို့ခင်းထားပြီး ပိုးသားဂွမ်းစောင် အနှီးစတို့ဖြင့် ထုပ်ထားသော ကလေးသေးသေးလေးကိုတွေ့၏

"-- အူ~~ အု~~ "

Siaဟာ ပုခက်ခြင်းကြီးအတွင်းမှ ကလေးပေါက်စလေးအား မမြင်ဖူးသလို ငေးကြည့်နေ၏

ထို့နောက် ကလေးသိပ်သည့် ထိုရွှေရောင်ကုတင် ခြင်းတောင်းကြီးပေါ်သို့ ခွကျော်ပြီး အထဲသို့ဝင်ရန်ကြိုးစားလိုက်သည်

"မင်းသား Sia~~~~"

Siaဟာ အသံကြားသောအခါ လှည့်ကြည့်လိုက်သည်

မင်းကြီးSiaYama ရောက်လာ၏

Siaဟာ ကလေးသိပ်သော လေးထောင့်ပုံ ကုတင်ခြင်းတောင်းကြီးအား တတ်ခွ၍ထိုင်နေသည်

"သားတော် အပေါ်မတတ်ရဘူး~~"
"ညီငယ်လေး နိုးသွားလိမ့်မယ်~~"

ဘုရင်Yamaဟာ မင်းသားငယ်Siaအား လက်နှစ်ဖက်ဖြင့် ခါးက မ ၍ အောက်သို့ပြန်ချပေးလိုက်သည်

မင်းကြီးYamaဟာ နိုးထနေသော Aitaအား ရင်ခွင်ထဲ၌ ပွေ့ပိုက်ပြီး နွေးထွေးစေရန်အလို့ငှာ မီးလင်းဖိုအနားသို့ ကပ်၍ထိုင်၏

Siaဟာ ဖခင်ခမည်းတော်အနားသို့ လေးဘက်ထောက်ပြီး ကပ်လာသည်

အထိန်းတော်ကြီးက မင်းကြီးအနားသို့ ပိုးပုဝါစတို့ဖြင့် နို့ပုလင်းများထည့်ထားသော အဝတ်ခြင်းငယ် ရိုသေစွာ ပြင်ဆင်ပေးလိုက်၏

Siaဟာ ဖခင်၏ ရင်ခွင်ထဲမှ ကလေးငယ်အား စိတ်ဝင်စားစွာ ကြည့်နေသည်

မျက်နှာတို့ဟာ ဝင်းလက်တောက်ပနေ၏

"ခမည်းတော်Papa~~ "

"သူက ကျွန်တော်မျိုး Siaရဲ့ တကယ့်ညီငယ်လား"

"Papaငယ် မဆုံးခင်က မွေးပေးခဲ့တာလား~~~"

"ဘယ်တုန်းကလဲ~~!!"

"အခု အမြဲ အတူနေရမှာလား"

မင်းကြီးSiaYamaဟာ ကလေးငယ်အပေါ် လွန်စွာတတ်ကြွနေသည့် Siaအား သဘောကျစွာ ရယ်၏

ထို့အတူ စိတ်မကောင်းလည်း ဖြစ်မိပြန်၏

မိမိ၏ သားတော်လေးမှာ နန်းတွင်းကြီးထဲ၌ ဖခင်ငယ်မရှိသောကြောင့် အဖော်မဲ့စွာ အထီးကျန်နေရှာသည်

ခမည်းတော်ကလည်း အချိန်ပြည့် အဖော်မလုပ်နိုင်ပေ

Siaဟာ ကစားဖော် ကစားဖက် သွေးသားရလာသည်ဟု သိလိုက်ရသော အဆမတန် ပျော်နေရှာ၏

သို့သော်လည်း ထိုကလေးဟာ မိမိ၏ ကလေးမဟုတ်ပါသော တခြားသူအိမ်မှ ကလေးပါလေ

မိမိက အသက်ရှင်ဆေးအဖြစ် သွေးမျိုးစိတ် ကူညီခဲ့ရခြင်း သက်သက်သာဖြစ်သည်

အမှန်တကယ် ပိုင်ဆိုင်မှု တစ်ပြားသားမှ မရှိပါ

ထို့ကြောင့် မျှော်လင့်ချက် ပျော်ရွှင်မှုတို့ ပြည့်နေသည့် Sia၏ ခံစားချက်လေးအား ဖျက်ဆီးလိုက်ရာကျလိမ့်မည့်ကိုလည်း စိတ်မကောင်းဖြစ်ရသည်

"Siaလည်း ချီချင်တယ်~~~!!"

"ပေးဦး~~"

Siaဟာ သူ့အဖေလို တလင်ခွေထိုင်ကာ လက်ကလေးနှစ်ဖက်အား ဆုပ်လိုက်ဖြန့်လိုက်ပြု၍ ကလေးကိုပေးရန်တောင်း၏

မင်းကြီး SiaYamaဟာ Siaလက်ထဲသို့ အဝတ်လေးကဲ့သို့သော ကလေးငယ်အား ထည့်ပေးလိုက်သည်

ထို့နောက် Yamaဟာ ခြင်းတောင်းထဲမှ နို့ဘူးလေးအားယူကာ Siaလက်ထည့်သို့ ထည့်ပေးသည်

Siaလက်အား ထပ်ကိုင်၍ ကလေးနို့ဘူးလေးအား ထိန်း၍ကိုင်ပေးလိုက်သည်

Aitaဟာ နို့ဘူးငယ်မှ နို့သီးခေါင်းလေးအား တစ်ပြွတ်ပြွတ်စို့၏

Siaဟာ ကလေးနို့စို့သည်ကို သဘောတွေကျနေသည်

"ချစ်ဖို့ကောင်းလိုက်တာ ~~!!!"
"ဟီဟီဟီ~~!!"

မင်းကြီးYamaဟာ Siaအား နူးညံ့စွာ ရှင်းပြ၏

"ကလေးရဲ့ နာမည်က YamaTo Aitaတဲ့~~"

Siaဟာ ကလေးနို့ဘူး တိုက်ရင်း ပျော်ရွှင်စွာ ပြန်ဖြေသည်

"Aita??"

"onn~~ အဲ့ဒါကြောင့် သူက Papaရဲ့ ကလေးမဟုတ်ဘူး~~ Papaရဲ့ သွေးနဲ့ အသက်ရှင်လာတဲ့ YamaTo အိမ်သားလေးမို့ သားတော်က ညီငယ်အရင်းလို ကောင်းကောင်းစောင့်ရှောက်ပေးနိုင်ရမယ်~~"

Siaဟာ ဖခင်ခမည်းတော်၏ စကားအဆုံး၌ ဖခင်Yamaအား မော့ကြည့်လိုက်သည်

အကြည့်တို့ဟာ အနည်းငယ် ခက်ထန်မာကြောမှုတို့ဖြင့် ပြောင်းလဲသွားသည်

Yamaဟာ သားငယ်၏ မျက်ဝန်းတို့အား ငုံ့ကြည့်နေသည်

Yamaဟာ Sia၏ အကြည့်တို့အား နားလည်၏

Siaဟာ နို့ဘူးကို လွှင့်ပစ်ပြီး ကလေးအနှီးထုပ်ကို ရင်ခွင်ထဲ၌ ပိုက်ထားလိုက်သည်

SiaYamaဟာ ကလေးငယ်အား နူးညံ့စွာ ပြုံးပြရင်း ပြန်တောင်းလိုက်သည်

"Papaဆီ Aitaလေးကို ပြန်ပေးပါဦး"

Siaဟာ ကလေးပိုက်ပြီး တစ်ဖက်လှည့်သွားသည်

ထို့နောက် ခပ်ပြတ်ပြတ် ဖြေ၏

"..မပေးဘူး!"

"Sia~~ ဘုရင်လောင်းက သူများဥစ္စာကို မလုယူရဘူးလေ~ Papaကို ပြန်ပေး~~"

Siaဟာ လုံးဝပြန် မလှည့်လာပေ

Yama မင်းကြီးဟာ အသံထွက် ရယ်သည်

"Siaက သူ့ကို သဘောကျလို့လား...?"

"ဟုတ်တယ်"

"သဘောကျလည်းပဲ ဒီလိုမျိုး လုယူတာက ကောင်းပါ့မလား"

Siaဟာ Aitaအား ပိုက်၍ ကျောပေးကာ မှုန်ကုပ်နေသည်

"မသိဘူး.. ယူမယ်.. ညီငယ်ဆို..!"

"ညီငယ်လေးလို ကာကွယ်ပေးရမှာလေ...Sia.. အပိုင်ယူလို့ မရသေးဘူး... အပိုင်ယူလိုက်ရင် သူ့ကို ဘယ်သူစောင့်ရှောက်မှာလဲ.."

"Sia စောင့်ရှောက်မှာပေါ့"

"သားတော်က စောင့်ရှောက်နိုင်တဲ့ အင်အားရှိနေပြီမို့လား., ဟင်..."

Siaဟာ ငြိမ်သွားသည်

Aitaဟာ နို့ဆာ၍ ထငို၏

"arrrrrr~~~~~~"

ထို့အပြင် သေးလည်း ပေါက်ချလိုက်သည်

Siaဟာ အဝတ်တို့ စိုရွှဲလာ၍ ကြောက်လန့်စွာ ဖခင်လက်ထဲသို့ ကလေးစောင်ထုတ်အား ပြန်ထည့်ပေးလိုက်သည်

Aitaဟာ မင်းကြီးYamaလက်ထဲသို့ ရောက်သောအခါ အငိုတိတ်၍ သေးလည်းတိတ်သွားသည်

Siaဟာ သူအကျီတွေ သေးစိုကုန်၍ ထငိုသည်

"Arrrrrrrrrrr~~~~~"

မင်းကြီး Yamaဟာ သူ့သားငယ်အား ကြည့်၍ သဘောကျစွာ ရယ်လိုက်၏

×××××

မကြာခင် Aitaအား YamaToအိမ်တော်မှ သခင်ကြီးYimaနှင့် ကြင်ယာတော်Xuyiတို့က လာရောက်ကာ ပြန်ခေါ်သွားသည်

Siaဟာ သူ့အဖေလက်ကလေးအား ဆွဲ၍ ကလေးပါသွားသော ရထားလုံးလေးအား ငေးကြည့်နေခဲ့သည်

Siaဟာ မေး၏

"Papa~~ သူ့ကို ဘယ်တော့မှ အပိုင်ယူလို့ရမှာလဲ"

"ကြီးလာတဲ့ နေ့ပေါ့"

"သူက ဘယ်တော့ကြီးမှာလဲ"

"မနက်ဖြန်တွေရဲ့ တစ်နေ့ပေါ့"

Siaဟာ ဖခင်အား ခေါင်းလေးမော့ကြည့်သည်

Yamaဟာ Siaအား ပြန်လည်ပြုံးပြ၏

Continue---

~~~~~~~~~

Zawgyi Code:

Unicode:

"မင္းသားေလး မင္းႀကီးရဲ႕ အေဆာင္ေတာ္မွာ အဲ့လို အရမ္းမေျပးရဘူး~~ ေခ်ာ္လဲလိမ့္မယ္~~"

Siaသည္ ခမည္းေတာ္၏ အေဆာင္ေတာ္အတြင္း၌ လိုက္ဖမ္းေနေသာ အထိန္းေတာ္ Yukaလက္က လြတ္ေအာင္ လွည့္ပတ္ ေျပးလႊားေန၏

"ဟိ ဟိ ဟိ~~"

Siaဟာ Yukaအား ေထာင့္က်က်ေနရာေလး၌ ပုန္းေနလိုက္၏

Yukaနွင့္ အေစခံမ်ားဟာ Siaအား စာသင္တန္းတတ္ေရာက္ရန္ မူးေနာက္ေအာင္ရွာေန၏

ေနာက္က်လ်ွင္ ဒါေလးေတာင္ မ်က္စိေဒါက္ေထာက္မၾကည့္နိုင္ဘူးလား

မျမင္ကြယ္ရာမွာ တစ္ခုခု ျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ ဟု အမတ္ႀကီးမ်ား၏ အဆူအဆဲက ခံရေပဦးမည္

"အိမ္ေရွ႕စံ မင္းသားငယ္~~ စာသင္ရပါမယ္~~ ထြက္လာပါေတာ့~~~"

Siaဟာ အခန္းတြင္းရွိ ဗီရိုေလးအတြင္း ပုန္းေနလိုက္၏

Yukaဟာ အခန္းထဲ ဝင္ၾကည့္ၿပီး ျပန္ထြက္သြား၏

Siaဟာ တံခါးဖြင့္၍ ေခ်ာင္းၾကည့္ၿပီး အျပင္သို႔ျပန္ထြက္လာသည္

အထိန္းေတာ္မ်ားသည္ မိမိအား မျမင္ေပ~~

Siaသည္ သေဘာက်စြာ ရယ္လိုက္၏

ထိုစဥ္ အခန္းႀကီးအတြင္း၌ သူ႔အရပ္ထက္ျမင့္ေသာ ေလးေထာင့္ပံု ေျခထာက္ေလးေခ်ာင္းေထာက္ ေ႐ႊေရာင္ ပစၥည္းတစ္ခုအား သူျမင္၏

အလြန္ႀကီးမားေသာ ေ႐ႊေရာင္ကုတင္ေတာင္း ျဖစ္သည္

ေလးေထာင့္ပံုရွိၿပီး ေ႐ႊသားအတိျဖစ္သည္

ထုထည္ႀကီးမားလွၿပီး လူႀကီး မတ္တပ္ရပ္ ေပါင္လယ္ခန္႔ျမင့္သည္

Siaသည္ အိအိအဲအဲ ကေလးငိုသံၾကား၍ ေျခဖ်ားေလးေထာက္ၿပီး လွမ္းၾကည့္သည္

ထိုေလးေထာင့္ပံု ပက္လက္ႀကီးအတြင္း၏ အထဲ၌ အျဖဴေရာင္ ငွက္ေမႊးမ်ားျဖင့္ ျပည့္ေန၏

ထိုအထက္မွ ေ႐ႊေရာင္ပိုးစတို႔ခင္းထားၿပီး ပိုးသားဂြမ္းေစာင္ အနွီးစတို႔ျဖင့္ ထုပ္ထားေသာ ကေလးေသးေသးေလးကိုေတြ႕၏

"-- အူ~~ အု~~ "

Siaဟာ ပုခက္ျခင္းႀကီးအတြင္းမွ ကေလးေပါက္စေလးအား မျမင္ဖူးသလို ေငးၾကည့္ေန၏

ထို႔ေနာက္ ကေလးသိပ္သည့္ ထိုေ႐ႊေရာင္ကုတင္ ျခင္းေတာင္းျကီးေပၚသို႔ ခြေက်ာ္ၿပီး အထဲသို႔ဝင္ရန္ႀကိဳးစားလိုက္သည္

"မင္းသား Sia~~~~"

Siaဟာ အသံၾကားေသာအခါ လွည့္ၾကည့္လိုက္သည္

မင္းႀကီးSiaYama ေရာက္လာ၏

Siaဟာ ကေလးသိပ္ေသာ ေလးေထာင့္ပံု ကုတင္ျခင္းေတာင္းျကီးအား တတ္ခြ၍ထိုင္ေနသည္

"သားေတာ္ အေပၚမတတ္ရဘူး~~"
"ညီငယ္ေလး နိုးသြားလိမ့္မယ္~~"

ဘုရင္Yamaဟာ မင္းသားငယ္Siaအား လက္နွစ္ဖက္ျဖင့္ ခါးက မ ၍ ေအာက္သို႔ျပန္ခ်ေပးလိုက္သည္

မင္းႀကီးYamaဟာ နိုးထေနေသာ Aitaအား ရင္ခြင္ထဲ၌ ေပြ႕ပိုက္ၿပီး ေႏြးေထြးေစရန္အလို႔ငွာ မီးလင္းဖိုအနားသို႔ ကပ္၍ထိုင္၏

Siaဟာ ဖခင္ခမည္းေတာ္အနားသို႔ ေလးဘက္ေထာက္ၿပီး ကပ္လာသည္

အထိန္းေတာ္ႀကီးက မင္းႀကီးအနားသို႔ ပိုးပုဝါစတို႔ျဖင့္ နို႔ပုလင္းမ်ားထည့္ထားေသာ အဝတ္ျခင္းငယ္ ရိုေသစြာ ျပင္ဆင္ေပးလိုက္၏

Siaဟာ ဖခင္၏ ရင္ခြင္ထဲမွ ကေလးငယ္အား စိတ္ဝင္စားစြာ ၾကည့္ေနသည္

မ်က္နွာတို႔ဟာ ဝင္းလက္ေတာက္ပေန၏

"ခမည္းေတာ္Papa~~ "

"သူက ကြၽန္ေတာ္မ်ိဳး Siaရဲ႕ တကယ့္ညီငယ္လား"

"Papaငယ္ မဆံုးခင္က ေမြးေပးခဲ့တာလား~~~"

"ဘယ္တုန္းကလဲ~~!!"

"အခု အၿမဲ အတူေနရမွာလား"

မင္းႀကီးSiaYamaဟာ ကေလးငယ္အေပၚ လြန္စြာတတ္ႂကြေနသည့္ Siaအား သေဘာက်စြာ ရယ္၏

ထို႔အတူ စိတ္မေကာင္းလည္း ျဖစ္မိျပန္၏

မိမိ၏ သားေတာ္ေလးမွာ နန္းတြင္းႀကီးထဲ၌ ဖခင္ငယ္မရွိေသာေၾကာင့္ အေဖာ္မဲ့စြာ အထီးက်န္ေနရွာသည္

ခမည္းေတာ္ကလည္း အခ်ိန္ျပည့္ အေဖာ္မလုပ္နိုင္ေပ

Siaဟာ ကစားေဖာ္ ကစားဖက္ ေသြးသားရလာသည္ဟု သိလိုက္ရေသာ အဆမတန္ ေပ်ာ္ေနရွာ၏

သို႔ေသာ္လည္း ထိုကေလးဟာ မိမိ၏ ကေလးမဟုတ္ပါေသာ တျခားသူအိမ္မွ ကေလးပါေလ

မိမိက အသက္ရွင္ေဆးအျဖစ္ ေသြးမ်ိဳးစိတ္ ကူညီခဲ့ရျခင္း သက္သက္သာျဖစ္သည္

အမွန္တကယ္ ပိုင္ဆိုင္မႈ တစ္ျပားသားမွ မရွိပါ

ထို႔ေၾကာင့္ ေမ်ွာ္လင့္ခ်က္ ေပ်ာ္႐ႊင္မႈတို႔ ျပည့္ေနသည့္ Sia၏ ခံစားခ်က္ေလးအား ဖ်က္ဆီးလိုက္ရာက်လိမ့္မည့္ကိုလည္း စိတ္မေကာင္းျဖစ္ရသည္

"Siaလည္း ခ်ီခ်င္တယ္~~~!!"

"ေပးဦး~~"

Siaဟာ သူ႔အေဖလို တလင္ေခြထိုင္ကာ လက္ကေလးနွစ္ဖက္အား ဆုပ္လိုက္ျဖန္႔လိုက္ျပဳ၍ ကေလးကိုေပးရန္ေတာင္း၏

မင္းႀကီး SiaYamaဟာ Siaလက္ထဲသို႔ အဝတ္ေလးကဲ့သို႔ေသာ ကေလးငယ္အား ထည့္ေပးလိုက္သည္

ထို႔ေနာက္ Yamaဟာ ျခင္းေတာင္းထဲမွ နို႔ဘူးေလးအားယူကာ Siaလက္ထည့္သို႔ ထည့္ေပးသည္

Siaလက္အား ထပ္ကိုင္၍ ကေလးနို႔ဘူးေလးအား ထိန္း၍ကိုင္ေပးလိုက္သည္

Aitaဟာ နို႔ဘူးငယ္မွ နို႔သီးေခါင္းေလးအား တစ္ႁပြတ္ႁပြတ္စို႔၏

Siaဟာ ကေလးနို႔စို႔သည္ကို သေဘာေတြက်ေနသည္

"ခ်စ္ဖို႔ေကာင္းလိုက္တာ ~~!!!"
"ဟီဟီဟီ~~!!"

မင္းႀကီးYamaဟာ Siaအား ႏူးညံ့စြာ ရွင္းျပ၏

"ကေလးရဲ႕ နာမည္က YamaTo Aitaတဲ့~~"

Siaဟာ ကေလးနို႔ဘူး တိုက္ရင္း ေပ်ာ္႐ႊင္စြာ ျပန္ေျဖသည္

"Aita??"

"onn~~ အဲ့ဒါေၾကာင့္ သူက Papaရဲ႕ ကေလးမဟုတ္ဘူး~~ Papaရဲ႕ ေသြးနဲ႔ အသက္ရွင္လာတဲ့ YamaTo အိမ္သားေလးမို႔ သားေတာ္က ညီငယ္အရင္းလို ေကာင္းေကာင္းေစာင့္ေရွာက္ေပးနိုင္ရမယ္~~"

Siaဟာ ဖခင္ခမည္းေတာ္၏ စကားအဆံုး၌ ဖခင္Yamaအား ေမာ့ၾကည့္လိုက္သည္

အၾကည့္တို႔ဟာ အနည္းငယ္ ခက္ထန္မာေၾကာမႈတို႔ျဖင့္ ေျပာင္းလဲသြားသည္

Yamaဟာ သားငယ္၏ မ်က္ဝန္းတို႔အား ငံု႔ၾကည့္ေနသည္

Yamaဟာ Sia၏ အၾကည့္တို႔အား နားလည္၏

Siaဟာ နို႔ဘူးကို လႊင့္ပစ္ၿပီး ကေလးအနွီးထုပ္ကို ရင္ခြင္ထဲ၌ ပိုက္ထားလိုက္သည္

SiaYamaဟာ ကေလးငယ္အား ႏူးညံ့စြာ ၿပံဳးျပရင္း ျပန္ေတာင္းလိုက္သည္

"Papaဆီ Aitaေလးကို ျပန္ေပးပါဦး"

Siaဟာ ကေလးပိုက္ၿပီး တစ္ဖက္လွည့္သြားသည္

ထို႔ေနာက္ ခပ္ျပတ္ျပတ္ ေျဖ၏

"..မေပးဘူး!"

"Sia~~ ဘုရင္ေလာင္းက သူမ်ားဥစၥာကို မလုယူရဘူးေလ~ Papaကို ျပန္ေပး~~"

Siaဟာ လံုးဝျပန္ မလွည့္လာေပ

Yama မင္းႀကီးဟာ အသံထြက္ ရယ္သည္

"Siaက သူ႔ကို သေဘာက်လို႔လား...?"

"ဟုတ္တယ္"

"သေဘာက်လည္းပဲ ဒီလိုမ်ိဳး လုယူတာက ေကာင္းပါ့မလား"

Siaဟာ Aitaအား ပိုက္၍ ေက်ာေပးကာ မႈန္ကုပ္ေနသည္

"မသိဘူး.. ယူမယ္.. ညီငယ္ဆို..!"

"ညီငယ္ေလးလို ကာကြယ္ေပးရမွာေလ...Sia.. အပိုင္ယူလို႔ မရေသးဘူး... အပိုင္ယူလိုက္ရင္ သူ႔ကို ဘယ္သူေစာင့္ေရွာက္မွာလဲ.."

"Sia ေစာင့္ေရွာက္မွာေပါ့"

"သားေတာ္က ေစာင့္ေရွာက္နိုင္တဲ့ အင္အားရွိေနၿပီမို႔လား., ဟင္..."

Siaဟာ ၿငိမ္သြားသည္

Aitaဟာ နို႔ဆာ၍ ထငို၏

"arrrrrr~~~~~~"

ထို႔အျပင္ ေသးလည္း ေပါက္ခ်လိုက္သည္

Siaဟာ အဝတ္တို႔ စို႐ႊဲလာ၍ ေၾကာက္လန္႔စြာ ဖခင္လက္ထဲသို႔ ကေလးေစာင္ထုတ္အား ျပန္ထည့္ေပးလိုက္သည္

Aitaဟာ မင္းႀကီးYamaလက္ထဲသို႔ ေရာက္ေသာအခါ အငိုတိတ္၍ ေသးလည္းတိတ္သြားသည္

Siaဟာ သူအက်ီေတြ ေသးစိုကုန္၍ ထငိုသည္

"Arrrrrrrrrrr~~~~~"

မင္းႀကီး Yamaဟာ သူ႔သားငယ္အား ၾကည့္၍ သေဘာက်စြာ ရယ္လိုက္၏

×××××

မၾကာခင္ Aitaအား YamaToအိမ္ေတာ္မွ သခင္ႀကီးYimaနွင့္ ၾကင္ယာေတာ္Xuyiတို႔က လာေရာက္ကာ ျပန္ေခၚသြားသည္

Siaဟာ သူ႔အေဖလက္ကေလးအား ဆြဲ၍ ကေလးပါသြားေသာ ရထားလံုးေလးအား ေငးၾကည့္ေနခဲ့သည္

Siaဟာ ေမး၏

"Papa~~ သူ႔ကို ဘယ္ေတာ့မွ အပိုင္ယူလို႔ရမွာလဲ"

"ႀကီးလာတဲ့ ေန႔ေပါ့"

"သူက ဘယ္ေတာ့ႀကီးမွာလဲ"

"မနက္ျဖန္ေတြရဲ႕ တစ္ေန႔ေပါ့"

Siaဟာ ဖခင္အား ေခါင္းေလးေမာ့ၾကည့္သည္

Yamaဟာ Siaအား ျပန္လည္ၿပံဳးျပ၏

Continue---

© GOD OF DEFULO,
книга «King Sia».
Коментарі