Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-15

"မင်းတို့ အကျီတွေ ပျောက်လာကြတယ်ဆို~~"

"ဟုတ်~~"

အိမ်တော်ခွဲဖြင့် သခင်ကြီးဟု အမည်ခံထားသော Umitaသခင်လေး Shiro....

သုံးမျိုးစပ် သန္ဓေသားဖြစ်သည့်အတွက် ချောမောပြေပြစ်သော ရုပ်ရည်ရှိသည်

နဖူး နှာတံ မျက်နှာကျ အကြည့်တို့ဟာ အချိန်တိုင်း တစ်လောက်လုံးကို မထီမဲ့မြင်ဆန်သော အနေအထားရှိ၏

လိင်လုပ်သားတွေနဲ့ အချိန်ကုန်နေလေ့ရှိသော သူ့ကို စွန့်ပယ်ထားသော လောကကြီးအား သူကလည်း ဂရုမစိုက်ဟန်ထားသည်

ဆေးတံခဲပြီး လုပ်ချင်တာတွေ အကုန်လုပ်ရင်း လောကကို သူကလည်း ပြန်ပြီး စွန့်ပစ်သည်

"ငါ့ကို အလိုမရှိတဲ့ လူတွေကို ငါကလည်း အလိုမရှိဘူး... ငါ့ကို အလိုရှိတဲ့သူကိုပဲ ငါအလိုရှိတယ်"

YamaToအိမ်တော်နဲ့ စီးပွားရေး ခေတ်ပြိုင်ထိပ်တန်းကျသော Pacilo ရတနာအိမ်တော်ဟာ Shiro၏ တစ်ဦးတည်းသော Shouyuစီးပွားဖက်ဖြစ်သည်

Umitaဟာ Shouyuအိမ်တော်ကြီးများ စာရင်းဝင်ပြီး Shouyuအိမ်တော် အဆင့်တွင်လည်း ထိပ်တန်းမှာရှိ၏

အပေါ်ရောက်နေသော အိမ်တော်က နိမ့်ကျသော အိမ်တော်သို့ ကြင်ယာတော် ကြင်ယာဖက် တောင်းခံရာတွင် အဆင့်နိမ့်သော အိမ်တော်သည် ငြင်းပယ်ခွင့်မရှိပေ

ထိုစည်းမျဉ်းကို Defulo၌ တစ်ချက်လွှတ် အိမ်တော်ကြီးအမိန့်တော်ဟု ခေါ်ဆိုသည်

တော်ဝင်မျိုးနွယ်အပေါင်းကို ဘုရင့်တော်ဝင်ကြင်ယာတော်ကြီးက အုပ်ချုပ်သည်

တော်ဝင်မိသားစု၏ အခွင့်ထူးခံအိမ်တော်က Shouyuအိမ်တော်ကြီးများကို ချုပ်ကိုင်သည်

Shouyuအိမ်တော်ငယ်များသည် အိမ်တော်ကြီးများ၏ လက်အောက်တွင်နေရသည်

အထက်တန်းစား အိမ်တော်များက Shouyuအိမ်တော်ငယ်များ၏ လက်အောက်တွင်ရှိ၏

ဤသို့ဖြင့် အဆင့်ဆင့်အုပ်ချုပ်ပြီး Defuloပြင်ပလောကမြေများကို နတ်နန်းသခင်များက အုပ်ချုပ်သည်

Defulo အတွင်းလောကမြေအပြင် မမြင်နိုင်သော အပြင်လောကမြေများနှင့် Defulo၏ ဆက်စပ်သမျှ လောကမြေတစ်ခုလုံးကို ဘုရင့်အမိန့်တော်က ချုပ်ကိုင်သည်

ကျွန်လုပ်သား အစေခံ စီးပွားရေးလည်ပတ်မှုများနှင့် အုပ်ချုပ်မှုအရ လောက၏ကျိန်စာစည်းပုံစံသည် အထက်လူမှ အောက်လူကို ကာကွယ်စောင့်ရှောက်ရပြီး အောက်လူမှ အထက်လူကို ပြန်လည်ထောက်ပံ့ရမည် ဟူ၍ ဖြစ်သည်

Defulo၌ သန့်စင်သော သွေးသန္ဓေနှင့် သန္ဓေခွန်တို့သည် နံပါတ်တစ် အရေးအကြီးဆုံး အရာဖြစ်သည်

ထို့ကြောင့် အိမ်တော်ငယ်သည် အိမ်တော်ကြီးများ သန္ဓေလိုအပ်နေလျှင် ထောက်ပံ့မှုပြုပေးရသည်

အိမ်တော်ကြီးမှ သန္ဓေခွန်လိုအပ်လာ၍ သန္ဓေဆောင်ပေးရန် လက်အောက်ငယ်အိမ်တော်သို့ ကြင်ယာတော်/ ကြင်ယာက်ဖက် တောင်းခံလျှင် အိမ်တော်ငယ်သည် ငြင်းပယ်ခွင့်မရှိပေ

Umitaအိမ်တော်ဟာ Santaအိမ်တော်ငယ်လေးသို့ သားသုံးယောက်မှ တစ်ယောက်နှင့် လက်ထပ်ပေးရန် ကတိပြုခဲ့ကြသည်

သို့သော် Umitaအိမ်တော်ကြီးမှ သားငယ်Shiroဟာ သုံးမျိုးစပ် သန္ဓေသား အပျော်အပါးကြမ်းလွန်း၍ Santaအိမ်တော်ဟာ သားကြီးနှစ်ယောက်ကို မျိုးရိုးမဲ့ အထိန်းသိမ်းခံများနှင့် အမြန် ပေးစားခဲ့သည်

Shiroဟာ မိမိအား လှောင်ပြောင်သလို ခံစားရ၍ အရွယ်မရောက်သေးသော အသားသန္ဓေငယ်လေးကို အိမ်တော်ကြီး တစ်ချက်လွှတ် အမိန့်တော်ဖြင့် ပြန်သိမ်းယူခဲ့၏

Santaအိမ်တော်မှ သခင်လေး Hoshiဟာ Umitaသခင်လေး Shiroကို သန္ဓေဆောင်ပေးရန် Shiro၏ Umitaအိမ်တော်ခွဲသို့ ရောက်နေရှာသည်

×××××

Santa သခင်လေး၏ ရေစည်အတွင်းမှ ခပ်အဲ့အဲ့ ငိုသံလေးကို ကြားရသည်

"arr~~ rr~~ rrr~~~"

ရေစည်ထဲတွင် ငုတ်တုတ်ထိုင်၍ မျက်ရည်အရွှဲသားနှင့် ငိုနေသော Hoshi...

"အိ.. အိ... "

သခင်ကြီး Shiroဟာ Hoshiနဲ့အတူရေချိုးရန် အထဲသို့ဝင်လာသည်

လိင်လုပ်သားအစေခံငယ်ဟာ Shiroအား အကျီချွတ်ပေးလိုက်၏

Shiro ရေစည်ကျဉ်းကျဉ်းလေးထဲဝင်လိုက်သည်နှင့် တပြိုင်နက် ရေစည်အတွင်းရှိ ရေဟာ ပြည့်လျှံကျသွားသည်

ရေစည်ဝိုင်းဟာ သေးသည့်အတွက် Hoshiဟာ Shiroနှင့် အသားချင်းထိကပ်လု ဖြစ်သွားသည်

Hoshiဟာ Shiroကို ကြောက်၍ ဒေါသတို့ဖြင့် ငိုယိုကာ သစ်သား ရေစည်ဘောင်လေးကို ကိုင်၍တုန်ယင်နေသည်

Shiroဟာ တုန်ယင်နေသော Hoshiအား အရေးမလုပ်ဘဲ သူခန္ဓာကိုယ်ပေါ်သို့ သူ့ဟာသူ ရေများသုတ်သင်ရင်း ပြောလိုက်၏

"ရေကန်နဲ့ဆို ရေထဲမှာ ငါမင်းကို လိုက်မဖမ်းနိုင်လို့ တမင်ရေစည်းသေးသေးလေးပဲ စီစဉ်ခိုင်းလိုက်တာ... ငိုမနေနဲ့ ကျက်သရေမရှိဘူး~~ နောက်တစ်ခါ ထွက်ပြေးရင် မင်းရဲ့ အိမ်တော်ကို အပြစ်ဒဏ်ချမယ်"

Hoshiဟာ Shiroအား ပြန်လှည့်ကြည့်၍ အော်လိုက်သည်

"ကျက်သရေ မရှိတာ ခင်များကြီး... ကျွန်တော်က အစကတည်းက ကျက်သရေရှိပြီးသား... ခင်များကြီးကြောင့် ကျွန်တော့်အတွက် ကျက်သရေမရှိတော့တာ.. ကျက်သရေတုံး အရိုင်းအစိုင်း ညစ်ညမ်းကောင်ကြီး))))))"

Hoshi၏ ဆဲဆိုကြိမ်ဆဲနေသော စကားများကို Shiroဟာ မသိချင်ယောင်ယောင်နေသည်

ထိုကဲ့သို့သော စကားလုံးများဟာ Shiroအတွက် စာသင်သားဘဝကတည်းက နားရည်ဝပြီးသား ဖြစ်နေလေပြီ

"ခင်များကြီးကို ဒီတစ်သက် သွေးမျိုးဆက်မယူနိုင်အောင် ဖျက်ဆီးပစ်မယ်... ခင်များကြီးရဲ့ ညစ်ညမ်းနေတဲ့ မျိုးဆက်ကို သန့်စင်တဲ့လောကမြေပေါ်ကြီးမှာ ချန်ထားခွင့် မပေးနိုင်ဘူး... ကျွန်တော်ဆီက ကလေးရဖို့ မမျော်လင့်နဲ့... ကျွန်တော့် နှလုံးသွေးက ခင်များအတွက် ထွက်လာမှာမဟုတ်ဘူး!!!!!"

"ကဲ~~ ပြောလို့ပြီးပြီလား~~"

Shiroဟာ ဆဲဆိုအော်ဟစ်နေသော Hoshi၏ လက်မောင်းငယ်လေးကို ရင်ခွင်ထဲသို့ လှမ်းပြီးဆွဲလိုက်၏

"မထိနဲ့!!!! ခင်များကြီး မထိနဲ့!!!""

Hoshiဟာ Shiroအား တလက်ဆက် ရိုက်လိုက်သည်

"ခင်များကြီးရဲ့ ရွံစရာလက်ကြီးနဲ့ မထိနဲ့!!! လွှတ်စမ်း!!! လွှတ်စမ်း!!!"

Hoshi၏ ရိုက်နှက်ကန်ကျောက်မှုများဟာ Shiro၏ ရင်ဘက်အကြီးကြီးအား ပန်းနဲ့ပေါက်နေသလိုပင် ရှိလှ၏

"arrrrrrrr~~~~~))))) ကျွန်တော့်ကို မထိနဲ့!!!!! မထိစမ်းနဲ့.... ခင်များကြီးကို ရွံတယ် ရွံတယ်~~~)))"

Hoshiတစ်ယောက် ရေထဲမှာ ကမ္ဘာပျက်သလို ဝုန်းဒိုင်းကြဲ အော်ဟစ်ကန်ကျောက်နေသလောက် Shiroဟာ လေပြေသွေးနေ သယောင်ယောင်ပင် ရှိ၏

"မထိလို့ ဘယ်ရမလဲ ... ကလေးယူဖို့ အရင်ထိရမယ် .... ငြိမ်ငြိမ်နေ~~"

"ခင်များကြီးကို ကလေးမယူပေးနိုင်ဘူးလို့ ပြောနေတယ်မလား.... ကျွန်တော့်ခါးကို မထိနဲ့...!!! မကိုင်နဲ့~~ ကျက်သရေတုံး ))))"

Shiroဟာ Hoshiခန္ဓာကိုယ်အား ရင်ခွင်ထဲဖက်၍ နမ်းလေသည်

နှစ်ယောက်သား ရေစည်ထဲ၌ လုံးထွေးဆူညံမှုများနှင့်အတူ မကြာခင် Hoshiလေးတစ်ယောက် Shiroလက်ထဲသို့ အော်ဟစ်ကာ ပါသွားလေ၏

×××××

မနက်မိုးလင်းသော် Hoshiအား ကုတင်ပေါ်၌ ငုတ်တုတ်ထိုင်၍ ငိုနေသည်ကို မြင်ရ၏

Shiroဟာ ကုတင်ပေါ်၌ ဆေးတံခဲ၍ ဖြစ်သလိုပင် ထိုင်နေသည်

Hoshi၏ မင်္ဂလာဦးအကြို မနက်ခင်းလေးဟာ အဖော် လိင်လုပ်သားများနှင့် ပြည့်နေ၏

Shiro၏ အိမ်တော်၌ သန့်စင်သော အစေခံမရှိ၍ အစေခံအဖြစ်လုပ်ကိုင်ပေးရသည့် လိင်လုပ်သား အစေခံတို့က မလုံမခြုံအဝတ်အစားများဖြင့် Hoshi၏ မင်္ဂလာအိပ်ခန်းလေးအတွင်းအထိ ဝင်ရောက်ပေးနေကြခြင်းဖြစ်သည်

Shiroအတွက် အစေခံဖြစ်သော်လည်း Hoshiအတွက် ညစ်ညမ်းသော လိင်လုပ်သားများဖြစ်သည်

Hoshiဟာ သူ့ကိုယ် သူယူကြုံးမရဖြစ်ကာ ငိုနေသည်

"ငါဘဝတော့ စုန်းစုန်းမြှပ်ပြီ ထင်တယ်~~"

ိုလိုက်ကာဖွင့်.. မနက်ခင်း အခန်းတွင်း နေရောင်ကောင်းရအောင် ပြင်ဆင်ပေးခြင်းများ... စားသောက်ဖွယ် ဆန်မုန့်ပူလေးများ လုပ်ကိုင်ပြင်ဆင်ပေးခြင်းမျာူ ပြုပေးပြီးသောအခါ အစေခံလိင်လုပ်သားတို့သည် အခန်းထဲမှ ပြန်ထွက်သွားကြ၏

အရင်ဆို Shiro၏ ဧရာမ ကုတင်ပေါ်၌ လိင်လုပ်သား အယောက်သုံးဆယ်ခန့် ရှိနေတတ်သော်လည်း ယနေ့တော့ Hoshiလေး တစ်ယောက်သာ ရှိနေ၏

Hoshiကိုပင် ကုတင်ပေါ်ထိုင်၍ လိင်လုပ်သားတို့က စကားပြောသွားကြသေးသည်

"အယ်~~ ငါတို့ ကြင်ယာတော် သခင်လေး ငိုနေပါလား~~"

Hoshiဟာ စကားလာပြောသော လိင်လုပ်သား အစေခံကို မျက်စောင်းဖြင့် ကြည့်၏

အနီရောင် မျက်လုံးလှလှလေးနှင့် စကားစပြောသောလိင်လုပ်သားနှင့်အတူ တစ်ယောက်ပြီး တစ်ယောက် ကုတင်ပေါ်သို့ လာတတ်ထိုင်ကြသည်

"ညက ငါတို့သခင်ကြီး ကြမ်းသွားလို့ထင်တယ်"

"မငိုပါနဲ့~~~ နောက်ဆို နေသားကျသွားမှာပါ~~"

"သခင်ကြီးက အဲ့လိုပဲ ကြမ်း ကြမ်း မှကြိုက်တာ~~"

"ငါတို့ အိမ်တော်ကို ကြင်ယာတော် ရောက်လာမယ်တောင် မထင်မိဘူး~~~"

"သခင်ကြီးက ယူထားတဲ့ ကြင်ယာတော်ဆိုတော့ အဖိုးတန်မှာပေါ့"

"သခင်လေးက အိပ်ယာထချိန်တောင် မျက်နှာမသစ်ဘဲ လှနေတယ်"

Hoshiဟာ ထိုလိင်လုပ်သားများကို အော်လိုက်သည်

"အကုန်လုံး တိတ်ကြစမ်း!!!!!! သူများ မင်္ဂလာဦး ကုတင်ပေါ် ခင်များတို့က ဘာတတ်လုပ်နေတာလဲ)))))) အခုချက်ချင်း အခန်းထဲက ထွက်!!!!!!!"

Hoshi အော်ထုတ်လိုက်သောအခါ အစေခံ လိင်လုပ်သားအပေါင်းတို့ဟာ အခန်းထဲမှ ထွက်ပြေးကြလေသည်

Hoshiဟာ Shiroအား ရန်ပတ်ရှာလေ၏

"ခင်များကြီးက တော်တော် စည်းပျက် ကမ်းပျက် သတ္တဝါကြီးပဲ!!!!! မင်္ဂလာဦး အခန်းထဲကို အဲ့လိုလူတွေ ဝင်ခိုင်းရလား))))))))"

"အင်းမ်,,, သူတို့က ငါ့အခန်းထဲကို ဝင်ထွက်နေကျပဲလေ~~"

"အဲ့ဒါကို အခုစကားလုပ်ပြောနေစရာလား)))))) ကျွန်တော့် အခန်းထဲကို မဝင်စေနဲ့ ကျက်သရေယုတ်တယ်~~~ လိင်စံအိမ်ကို ရောက်နေသလိုပဲ!!!!"

Shiroဟာ သူ၏ အိမ်တော်အား လိင်စံအိမ်နှင့် နှိုင်းနေသည်ကိုပင် မကြားချင်ယောင်ဆောင်နေသည်

Hoshiဟာ မိမိအား မသိချင်ယောင်ဆောင်နေ၍ စိတ်တိုသွားသည်

"!!!"

Hoshiဟာ Shiro၏ လက်အား ဆောင့်ဆွဲ၍ ကုတ်ဖဲ့ကာ အားရပါးရ ထုထောင်းရိုက်နှက်လေသည်

Shiroအား ရိုက်လို့ဝသောအခါ Hoshiဟာ ကုတင်ပေါ်မှ ပြေးဆင်းသွား၏

Shiroဟာ Hoshiအား လှမ်းပြောလိုက်သည်

"ကြင်ယာတော် မိတ်ဆက်ပွဲ ရှိတယ်နော်~~ ဘယ်ကိုမှ ထွက်ပြေးမယ် မကြံနဲ့~~ မင်းကို လိုက်ဖမ်းဖို့ အချိန်အားမနေဘူး"

Hoshiဟာ Shiroအား မျက်စောင်းတို့ဖြင့် မကျေမနပ်ပြန်လှည့်ကြည့်သွား၏

×××××

"အရှင် Yama~~ Umita သခင်ကြီး Shiroရဲ့ ကြင်ယာတော် မိတ်ဆက်ပွဲရှိပါတယ် ~ မကြာခင် အရှင့်ကို ရတနာပေလွှာနဲ့ လာပြီးဖတ်ကြားမယ် ထင်ပါတယ်"

"... Umita Shiroတောင် ကြင်ယာတော်ယူပြီလား"

"ဟုတ်ကဲ့.. အရှင်~~ ဟိုတစ်နေ့က SanTa အိမ်တော် သခင်လေးကို သိမ်းပိုက်လိုက်တယ် ကြားပါတယ်... SanTa အိမ်တော်မှာ သန့်စင်တဲ့ ခန္ဓာကိုယ်နဲ့ ကြင်ယာတော်လောင်း သန္ဓေသားငယ်က တစ်ယောက်ပဲရှိတော့တာပါ"

Yamaမင်းကြီးဟာ ပန်းတောထဲ၌ ဆော့ကစားနေသော Aitaနှင့် Siaအား လှမ်းကြည့်ရင်း သက်ပြင်းချသည်

"arr~~~ Umita-Shiro က အခုထိ တကယ့်ဆိုးတဲ့ကောင်ပါလား~~~"

"အယ်... ဒါနဲ့ မင်းကြီး ... မင်းသား Sia ဆော့နေတာပါလား"

"inm.. ဟုတ်တယ်... သူဆော့နေတာ... သူဆော့ကစားတာကို မမြင်ရတာတောင်ကြာပြီပဲ..."

"မင်းသားလေးက အဖော်မရှိလို့ အထီးကျန်ခဲ့တာ တကယ်ပဲထင်ပါတယ် မင်းကြီး... သူ့နေရာမှာ အစားထိုးဖို့အတွက်နဲ့တော့ Aitaကို နန်းတွင်းထဲမှာ ခေါ်ထားဖို့ မကြံတွေးလောက်ပါဘူး"

Yamaမင်းကြီး စိတ်ပူနေသည်က ထီးနန်းလွှဲခြင်း အကြောင်းသက်သက်ချည်း မဟုတ်ပေ... သွေးအားနည်းသော သားတော်အတွက် စိုးရိမ်မှု အခြားအရာရှိ၏

Yama၏ စိုးရိမ်မှုအကြည့်တို့ဟာ Siaနီးပါး ထွားကြိုင်းနေသော ခုနှစ်နှစ်သား၏ ခန္ဓာကိုယ်ပေါ်၌ တည်ရှိနေ၏

×××××

Aitaဟာ Siaအနောက်မှ ခမောက်လေးဆောင်း၍ လိုက်လာသည်

Siaဟာ ရှေ့မှ လေးမြှားတစ်စုံ တစ်ချောင်းဖြင့် တောင်ပေါ်သို့ တောကောင်ပစ် ထွက်လာသည်

Aitaဟာ လမ်းခုလတ် တောင်အောက်မှ ရောင်စုံပန်းခင်းအား လက်ညှိုးထိုး၍ မေးသည်

"Sia~~ ဒါက ဘာတွေလဲ~~"

"အဲ့ဒါ နို့ရည်ဖူး အပွင့်တွေလေ"

Siaဟာ နို့ရည်ဖူးစိုက်ခင်းရှိရာ တောင်အောက်သို့ ဆင်းသွား၏

Aitaဟာ အနောက်ကလိုက်လာသည်

×××××

စိုက်ပျိုးရေး အစေခံလုပ်သားတို့သည် အိမ်ရှေ့စံမင်းသား ရောက်လာသောအခါ မင်းသား အေးအေးဆေးဆေး နေနိုင်ရန် အဝေးစိုက်ခင်းသို့ ထွက်သွားကြသည်

Siaဟာ သူ၏ သန်မာသော အားအင်တို့ဖြင့် နို့ဖူးပင်ကို လက်တစ်ဖက်တည်းနှင့် မြေကြီးအတွင်းမှ ဆွဲနုတ်လိုက်သည်နှင့် တပြိုင်နက် မြေကြီးထဲမှ နို့ဖူးသည် နို့ရည်တို့ လျှံကျလာသည်

Aitaဟာ Siaလက်တွင်းမှ နို့ဖူးအား လက်နှစ်ဖက်ဖြင့် ပြေးယူသည်

"အယ်~~ နို့ဖူးက အရည်တွေ ပျော်နေပါလား... ကျိုစရာမလိုတော့ဘူးထင်တယ်... ညကျရင် သောက်ကြရအောင်"

×××××

Continue.....

~~~~~~~~~~~~~~~~~

Zawgyi Code:


"ဟုတ်~~"

























×××××


"arr~~ rr~~ rrr~~~"


"အိ.. အိ... "

























×××××





























"!!!"






×××××











×××××




"Sia~~ ဒါက ဘာတွေလဲ~~"




×××××





×××××

Continue.....

© GOD OF DEFULO,
книга «King Sia».
Коментарі