Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-19
Zawgyi

Umitaအိမ္ေတာ္၏ သားႀကီး Umita-Shoki အိမ္ေတာ္ထဲ၌ Moshiအား ဧည့္ခံေန၏

Shokiဟာ အိမ္ေတာ္ႀကီး၏ သားႀကီးပီပီ ျပတ္သားမႈနွင့္ ရဲစြမ္းသတိၱျပည့္ဝၿပီး မူမမွန္သေနၶျဖစ္သည့္အေလ်ာက္ လူၾကမ္းႀကီးတစ္ဦးျဖစ္သည္

Shiroဟာ သူ႔အစ္ကို မူမမွန္သေနၶသားကို ေၾကာက္တတ္သူတစ္ဦးျဖစ္သည္

"Shiro ဘယ္ေရာက္ေနလဲ~~~"

"သ-- သခင္ႀကီး Shiro သူ႔အိပ္ေဆာင္မွာပါ"

"သခင္ႀကီး... ဘာကို သခင္ႀကီးလဲ-- ငါ့ေရွ႕က ေနာက္တစ္ခါ သူ႔ကို သခင္ႀကီးလို႔ေခၚရင္ မင္းတို႔ကို ဇက္ပိုးအုပ္မယ္"

Shoki ေဟာက္လိုက္ေသာအခါ လိင္လုပ္သားေလးမ်ားဟာ မ်က္လံုးေလး ေပကလပ္ ေပကလပ္ျဖင့္ ၿငိမ္ေနၾကသည္

"MiMi နိုပ္ေပးမယ္ေလ သခင္ေလး~"

လိင္လုပ္သားမ်ားထဲတြင္ Haruနွင့္ MiMiက သြက္သြက္လက္လက္နွင့္ လက္ရဲဇက္ရဲရွိေသာသူျဖစ္သည္

Shokiအား MiMiနွင့္ Haruဟာ ပုခံုးအား လက္သီးဆုပ္ေလးမ်ားျဖင့္ ထုေပး၏

"သ--သခင္ေလး Shiroက ကြၽန္ေတာ္တို႔ကို တစ္ခါတစ္ေလမွ သူ႔အခန္းထဲလာဖို႔ ေခၚတာပါ... အငယ္ေလးေတြကိုလည္း စာသင္ေဆာင္က အေစခံသင္တန္းေက်ာင္းကို ပို႔ေပးတယ္"

"မင္းတို႔ကို သူခိုင္းေနတာေလ.. မင္းတို႔ကိုမွ အေစခံ သင္တန္းေက်ာင္း မပို႔ရင္ ဘယ္သူကို ပို႔မွာလဲ~~"

Shoki၏ စကားေၾကာင့္ MiMiနွင့္ Haru အသံတိတ္သြားသည္

"အငယ္ေကာင္ရဲ႕ ၾကင္ယာမိတ္ဆက္ပြဲကို Moshiက ျပင္ဆင္ေပးေနတယ္ၾကားတယ္"

"hk..hk.. ဟုတ္ကဲ့... လိင္လုပ္သားေတြက အကူအညီလာေတာင္းလို႔ပါ... သူတို႔ကို သခင္ေလး Shiroက ပြဲျပင္ခိုင္းေနတယ္ဆိုၿပီး ျပာယာခတ္ေနလို႔"

"ဟုတ္တယ္... အဲ့ဒီေကာင္ အရမ္းဆိုးတာ... သူ႔ကို အေနအထိုင္မတတ္လို႔ လက္မထပ္ခင္ အိမ္ေတာ္ခြဲေပးလိုက္တာကို လိင္လုပ္သားေတြ တစ္ရုန္းရုန္းနဲ႔ အ႐ြဲ႕တိုက္ေနတာ.. Moshiကို ေက်းဇူးတင္ပါတယ္... Paciloကို ေက်းဇူးလာဆပ္ပါ့မယ္"

"ရပါတယ္... ကြၽန္ေတာ္တို႔ အိမ္ေတာ္နဲ႔ သခင္ေလးတို႔က စီးပြားဖက္ေတြပဲ ဒီေလာက္ေတာ့ကူညီရမွာေပါ့

"သခင္ေလး လက္ထပ္ၿပီးရင္ ၾကင္ယာေတာ္ေလးနဲ႔ ဆကိဆံေရး အဆင္ေျပပါ့မလား~~ ၾကည့္ရတာ မဂၤလာဦးအႀကိဳေန႔ရက္ေတြက မလံုေလာက္ခဲ့ဘူးထင္တယ္"

Shokiဟာ သက္ျပင္းခ်၏

"ah~~~ မဟုတ္ပါဘူး.. တကယ္ေတာ့ သူတို႔နွစ္ေယာက္ရဲ႕ မဂၤလာဦးအႀကိဳ တစ္အိမ္တည္းအတူေနရတဲ့ ေန႔ရက္ေတြက သံုးလေတာင္ၾကာသြားၿပီ..."

Moshiနွင့္ အိမ္ေတာ္မွဴးနွစ္ေယာက္ဟာ အံ့အားသင့္သြားသည္

"သံုးလေတာင္လား"

"inm... အဲ့ဒါေၾကာင့္ သူတို႔ၾကားမွာ အဆင္မေျပမႈေတြရွိေနေသးလည္း ျကင္ယာမိတ္ဆက္ပြဲလုပ္ဖို႔ အခ်ိန္ကေတာ့ လင့္ေနၿပီ... ၿပီးရင္ Shiroနဲ႔ Hoshiကို ရင္းနွီးေအာင္လုပ္ဖို႔က ကြၽန္ေတာ္ေခါင္းေပၚပဲေရာက္ေတာ့မွာေပါ့... လႊတ္ထားလို႔မျဖစ္ေတာ့ဘူး... Shiroက 25နွစ္ျပည့္ေတာ့မွာ..."

Shokiဟာ ညီတစ္ေယာက္အတြက္ အပူလံုးပိသလိုအသြင္ပင္ ရွိလွသည္

"Defuloမွာ ကေလးေတြၾကားကကိစၥကို ဖခင္ေတြက ေစာင့္ျကည့္ရံုပဲရွိေနၿပီး အရာအားလံုးကို အႀကီးျဖစ္တဲ့ သားႀကီးေတြကပဲ ေမြးရာပါတာဝန္တစ္ခုအေနနဲ႔ ထမ္း႐ြက္ရတာမလား... အဲ့ဒါမွ အိမ္ေထာင္စုႀကီးတစ္ခုလံုးကိုပါ တစ္စ တစ္စ ထိန္းသိမ္းနိုင္စြမ္းရွိလာလိမ့္မယ္လို႔ ယူဆၾကတယ္ေလ... Shiroက ငယ္ငယ္ကတည္းက သူ႔ရဲ႕ေမြးသေႏၶနဲ႔ ပက္သက္ၿပီး ျပင္းထန္တဲ့ စိတ္ခံစားခ်က္ရွိတယ္..  သူဆိုးေနေပမယ့္လည္း ငယ္ငယ္ကတည္းက Shiroက ကြၽန္ေတာ့္လက္ထဲမွာပဲ ႀကီးျပင္းလာတာမို႔ Shiroကို ကြၽန္ေတာ္ကပဲ ဝိုင္းဝန္းၿပီး သူ႔ဘဝလမ္း မပ်က္စီးေအာင္ ထိန္းသိမ္းေပးရမွာေပါ့"

"ဟုတ္သားေနာ္ တကယ့္ အခက္အခဲက အခုမွလာေတာ့မွာ... ေသြးသေနၶက လူနွစ္ေယာက္ ခ်စ္ခင္ၾကည္ျဖဴေနမွ နွလံုးသားထဲမွာ တည္လာမွာ"

"Shiroကေတာ့ Hoshiကို ခ်စ္ၿပီးသားပါ... Hoshiကေတာ့ Shiroကို လြယ္လြယ္နဲ႔ခ်စ္မယ္မထင္ဘူး.... ငယ္လည္းငယ္ေသးေတာ့ ကေလးစိတ္ကလည္း မကုန္ေသးဘူး... အိမ္က အငယ္ေကာင္ကလည္း အခ်ိဳးမေျပဘူး... ေသြးသေနၶအတြက္ နွလံုးသားခ်င္း ရင္းနွီးေပးဖို႔ ကြၽန္ေတာ္ကပဲ Hoshiကို ကေလးမုန္႔ေပးၿပီးေခ်ာ့သလိုမ်ိဳး ျဖည္းျဖည္းခ်င္း နားခ်ရေတာ့မွာေပါ့..."

"သခင္ေလးေျပာတာလည္း မွန္တာပဲ... ဒါမ်ိဳးက အတင္းလုပ္ယူလို႔လည္း မရဘူးေလ... အဲ့ဒါေၾကာင့္ အိမ္ေတာ္ႀကီးေတြက အိမ္ေတာ္ငယ္ေတြဆီ တစ္ခ်က္လႊတ္ၾကင္ယာေတာင္းတဲ့ အမိန္႔ကို ေတာ္ရံုမသံုးၾကဘူးမလား... အဲ့ဒါက အတင္းေတာင္းယူ လက္ထပ္ေပးလိုက္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ခင္မႈမရွိရင္ ေသြးသေနၶအတြက္က အလဟသပဲ"

"ဟုတ္တယ္... အဲ့ဒီလို လုပ္မယ့္အစား... မ်ိဳးရိုးမဲ့ အထိန္းသိမ္းခံ တစ္ေယာက္ေယာက္ကိုဝယ္ၿပီး လက္ထပ္ေပးလိုက္တာမွ ေသြးသေနၶအတြက္ စိတ္ေအးရဦးမယ္... အခုလိုမ်ိဳးရိုးႀကီး ၾကင္ယာေတာ္က်ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာအခ်စ္မရွိရင္ ေနာက္ခံမ်ိဳးရိုးအရွိန္ေၾကာင့္ နာခံဖို႔ခက္ခဲတယ္... "

Shokiဟာ ညီျဖစ္သူအတြက္ ညည္းညဴ၏

"အခုဟာက ဘယ္သူမွမသိလိုက္ခင္ Shiroဟာ Hoshiကို ေခၚသြားတာမို႔ ေနာက္ဆုတ္ဖို႔လည္း အဆင္မေျပေတာ့ဘူး... Shiroက Hokokuကို လိုခ်င္တယ္လို႔ ငယ္ငယ္ကတည္းက ေျပာေနခဲ့တာ"

"သခင္ေလး Hokokuလား~~ သူက ေသြးသေနၶသားမလား... Santaအိမ္ေတာ္ရဲ႕ သားႀကီးဆိုေတာ့"

"inm.. Hokokuက Shiroစာသင္သား ဘဝတုန္းက Shiroရဲ႕ စီနီယာေလ... Hokoku လက္ထပ္ရမယ္ဆိုရင္ Shiroက ၾကင္ယာေတာ္အေနနဲ႔ ေကာင္းေကာင္းေနပါ့မယ္လို႔ ကတိေပးထားတယ္... ဒါေပမယ့္ Hokokuက တျခားလူနဲ႔ လက္ထပ္သြားေတာ့ Shiroက အိမ္ေတာ္ရင္းမွာ မေနေတာ့ဘဲ လိင္လုပ္သားေတြနဲ႔ ေတာထဲမွာ အိမ္ေတာ္ခြဲေနခဲ့တယ္.... ေနာက္က်ေတာ့ Hokokuရဲ႕ ညီငယ္ Hoshiကို ခိုးေျပးလာတယ္"

Moshiနွင့္ အေဖာ္အိမ္ေတာ္မွဴးနွစ္ဦးဟာ ပါးစပ္အေဟာင္းသားေလး ျဖစ္ေနခဲ့ၾက၏

"အယ့္~~ သခင္ေလးShiroက တကယ့္ကို အေမႊေလးပဲ"

"ကြၽန္ေတာ့္အတင္းကို ေျပာေနၾကတာလား~~"

ခပ္က်ယ္က်ယ္ အသံနွင့္အတူ Shiroနွင့္ Hoshiဟာ Shokiထံေရာက္လာသည္

နွစ္ေယာက္လံုး၏ မ်က္နွာဟာ အရမ္းႀကီး ေပ်ာ္ျမဴးေနသည့္ပံု မေပၚေပ

Hoshi၏ ဖခင္ေတြကလည္း သားငယ္ကို သူမ်ားအိမ္ကို ေပးလိုက္ရတာဆိုေတာ့ ဘာမွဝင္မေျပာနိုင္ေပ

Hoshi၏ Santaအိမ္ေတာ္ဟာ Shouyuဘြဲ႕ရထားသည့္ အိမ္ေတာ္ျဖစ္ေသာ္လည္း Shouyuအိမ္ေတာ္ တစ္ေသာင္းမွာ အနိမ့္ဆံုးShouyuအိမ္ေတာ္ဆိုေတာ့ မိုးနဲ႔ ေျမလိုကြာဟသည့္ Umita၏ အရွိန္အဝါကို မလြန္ဆန္နိုင္ေပ

Shiroေမႊေနသမ်ွ Hoshi၏ ဖခင္ေတြက ၿငိမ္ေနရ၏

Shiroဟာ Moshiကို တစ္ခ်က္ၾကည့္၍ အရိုအေသျပဳကာ ခံု၌ ထိုင္လိုက္သည္

"ကြၽန္ေတာ့္ အိမ္ေတာ္ကို ႐ြံေပလို႔ပဲ... အခုထိ မျပန္ေသးဘူး!!"

Shokiဟာ လွမ္းေဟာက္လိုက္သည္

"Shiro!!!"

Moshiဟာ ရယ္ျပလိုက္၏

"ကြၽန္ေတာ္မ်ိဳးတို႔ အခုျပန္ေတာ့မလို႔ပါ... ခြင့္ျပဳပါဦး သခင္ေလး... ညက်ရင္ ကြၽန္ေတာ္မ်ိဳးတို႔ရဲ႕ သခင္ႀကီးနွစ္ဦးလာဖို႔အတြက္ စီစဥ္ေပးရမွာမို႔"

"သူတို႔က လက္မပါဘူးလား... ခင္မ်ားတို႔မပါလည္း ကိုယ့္ဟာကိုယ္ရင္ လုပ္ရတာပဲ... Paciloမွာ အေစခံေတြ ေသာင္းနဲ႔ခ်ီေနတာကို!!"

"Shiro!!!!! တိတ္တိတ္ေနစမ္း!! ေက်းဇူးကန္းေကာင္~"

Shiroဟာ အစ္ကိုျဖစ္သူ၏ အေဟာက္ခံရေသာအခါ ၿငိမ္သြားသည္

ေနာက္တစ္ခါ ထပ္ေဟာက္လ်ွင္ မူမမွန္သေနၶသား အစ္ကိုေတာ္ျကီးက မိမိ၏မ်က္ခြက္ကို ျဖတ္တီးမည့္အကြက္ေတြ လက္ေဆာင္ေပးေတာ့မည္ဆိုတာ Shiro ႀကိဳသိေနေသာေၾကာင့္ျဖစ္၏

Shokiဟာ မူမမွန္သေနၶသားျဖစ္ေသာေၾကာင့္ ငယ္ငယ္ကတည္းက သိပ္ၿပီး စိတ္ရွည္တတ္သူမဟုတ္ေပ

Shokiဟာ Moshiအား Shiroကိုယ္စား ေတာင္းပန္စကားနွင့္ နႈတ္ဆက္စကားတို႔ေျပာ၍ အိမ္ေတာ္မွဴးအား အိမ္အဝအထိ ကိုယ္တိုင္လိုက္ပို႔ေစ၏

Makuဟာ အိမ္ေတာ္အျပင္သို႔ Moshiေနာက္မွ ေျပးလိုက္လာသည္

"Moshi~~)))"

Moshiဟာ ျမင္းေပၚတတ္ခါနီး အသံၾကား၍ လွည့္ၾကည့္လိုက္သည္

ညာလက္ေထာက္အိမ္ေတာ္မွဴးက Makuအား ျမင္ေသာ္ ေရ႐ြတ္သည္

"imm~~~.. ၾကင္ယာေတာ္နဲ႔တူတဲ့ ဟိုအေစခံေလးပါလား"

"ၾကည့္ရတာ Moshiကို ေျပာစရာရွိလို႔ ထင္တယ္... ကြၽန္ေတာ္တို႔ သြားနွင့္လိုက္ပါဦးမယ္"

"inm... ငါေနာက္က ေနာက္မွလိုက္လာခဲ့မယ္"

လက္ေထာက္ အိမ္ေတာ္မွဴးနွစ္ေယာက္က ျမင္းမ်ားျဖင့္ထြက္ခြာသြားၾက၏

Makuဟာ Moshiအနားသို႔ ေရာက္ေသာ္ အရိုအေသျပဳ၏

Moshiဟာ Makuအား တန္းေျပာလိုက္သည္

"အိမ္ေတာ္ရင္းက Shouyuအေစခံေတြေရာက္လာလို႔ အခမ္းအနားအတြက္ ငါလည္း ဘာမွမလုပ္ခဲ့ရဘူးဆိုေတာ့ မင္းနဲ႔ သေဘာတူထားတဲ့ဟာကို ဖ်က္လိုက္လည္းရတယ္"

"မဟုတ္ပါဘူး~~ သေဘာတူပါတယ္~~ ကြၽန္ေတာ့္ရဲ႕ နွလံုးေသြးကိုေပးပါ့မယ္~~ "

ျမင္းေပၚတတ္ရန္ ျပင္ေနေသာ Moshiဟာ Maku၏ စကားေၾကာင့္ ျပန္လွည့္ၾကည့္၏

×××××

Moshiနွင့္ Makuဟာ လေရာင္ေအာက္ရွိ ေခ်ာင္းစပ္ေလး၌ ထိုင္ကာ စကားေျပာျဖစ္ခဲ့ၾကသည္

Makuဟာ Moshiအား ေမး၏

"ဘာလို႔ ကြၽန္ေတာ့္ဆီက နွလံုးေသြးကို လိုခ်င္တာလဲ"

"မင္းမ်က္နွာနဲ႔ အသားအေရက အရမ္းလွလို႔ေလ... ငါ့မ်ိဳးဆက္ကို လွလွေလး ေမြးဖြားေစခ်င္တယ္"

"ဘာလ္ု႔ ကြၽန္ေတာ့္ကိုမွ ေ႐ြးရတာလဲ... တျခားလွတဲ့သူေတြ အမ်ားႀကီးရွိေနတာကို~~"

ထိုအခါ Moshiဟာ ရယ္သည္

"ငါက ပညာေတာ္ေပမယ့္ ျကင္ယာေတာ္တစ္ေယာက္လိုက်ေတာ့ ျပည့္စံုေနတာမွမဟုတ္တာ ငါ့ကိုဘယ္သူကယူမွာမို႔လဲ... ရုပ္ကလည္းဆိုးေသးတယ္"

ထိုအခါ Makuဟာ Moshi၏ စကားကို ဆန္႔က်င္၍ သူ႔စိတ္ထဲရွိေနသည့္တိုင္း အားရဝမ္းသာ ထေျပာသည္

"arr~~ hk hk... Moshiက ဘယ္မွာရုပ္ဆိုးလို႔လဲ~~ ဒီေလာက္ခ်စ္ဖို႔ေကာင္းတာကို~~ Moshiရဲ႕ မ်က္လံုးစိမ္းစိမ္းေလးေတြက လေရာင္ေအာက္မွာဆို အစိမ္းေရာင္ ပိုးစုန္းၾကဴးေလးေတြလိုပဲ လင္းလက္ေနတာကို~~"

"anm..?"

Moshiဟာ ၾကက္ေသေသကာ ၿငိမ္သြားသည္

Moshi၏ ပါးေလးမ်ား ရုတ္တရက္ ရဲရဲနီလာသည္ကို ျမင္ေသာအခါ Makuဟာ ေၾကာင္ၾကည့္ေနသည္

Makuဟာ သူ႔စကားနွင့္ သူျပန္ရွက္သြား၏

"ar.-- ဟိုဟာ.- ကြၽန္ေတာ္က မ်က္လံုးေလးေတြ လွလို႔ ေျပာျပတာပါ--"

"-onm--ရပါတယ္"

အမွတ္မထင္ နွစ္ဦးၾကား၌ လွပေသာ သံေယာဇဥ္အမ်ွင္တန္းငယ္တို႔ ဆက္သြယ္မိခဲ့ၾက၏

×××××

"အစ္ကိုေတာ္!! ကြၽန္ေတာ္ အိမ္ေတာ္ကို ဘာလာလုပ္တာလဲ"

"ငါ ေျဖရမွာလား~~"

Shokiဟာ မိမိအား နိုပ္ေပးေနေသာ လုပ္သားနွစ္ေယာက္ကို လက္ျပလိုက္သည္

Haruနွင့္ MiMiဟာ မ်က္လံုးဝိုင္းေလးမ်ားျဖင့္ အနား၌ အျခားလုပ္သားေခါင္းေဆာင္မ်ားနွင့္အတူ ရပ္ၾကည့္ေနသည္

Shiroဟာ အစ္ကိုျဖစ္သူ၏ ေလသံနွင့္ အၾကည့္ကို သတိျပဳ၏

"မင္းျကင္ယာေတာ္ ယူမယ္ဆိုရင္ သူတို႔ကို စံအိမ္ေတြဆီ ျပန္ပို႔ရမယ္... အိမ္ေတာ္ရဲ႕ နာမည္ကို ဖ်က္ဆီးမယ္ႀကံမေနနဲ႔"

"မပို႔နိုင္ဘူး... ဒါ ကြၽန္ေတာ့္အိမ္ေတာ္ေလ.. ၿပီးေတာ့ Defuloမွာ သံုးမ်ိဳးစပ္ သေနၶသားေတြက လိင္လုပ္သားအေဖာ္ကို ၾကင္ယာေတာ္နဲ႔အတူတူ အိမ္မွာေခၚထားလို႔ရတယ္ေလ"

Shiroဟာ Hoshiအား လွည့္ၾကည့္၍ ေျပာလိုက္၏

"သူက ကြၽန္ေတာ့္ကို လံုေလာက္ေအာင္ ျပဳစုနိုင္မွာမို႔လား... နည္းနည္းေလာက္လႈပ္တာနဲ႔ ေသသြားမယ့္ပံုပဲ"

"အဲ့ဒါဆို အစကတည္းက မင္းဘာလို႔ယူလဲ!!!!... လိင္လုပ္သားနဲ႔ပဲ တစ္သက္လံုးေနပါလား!!!!!~~ သူမ်ားသားငယ္ ႏုႏုထြတ္ထြတ္ေလးရဲ႕ ဘဝလမ္းကို ဖ်က္ဆီးမလို႔ႀကံေနတာလား"

"ဟုတ္တယ္!"

"hnm--"

Shiroဟာ ပြင့္ပြင့္လင္းလင္းပင္ Hoshiအား ေျပာလိုက္၏

"သူ႔အိမ္ေတာ္က သားသံုးေယာက္လံုးကို ကြၽန္ေတာ္နဲ႔ လက္ထပ္ေပးဖို႔ကို ျငင္းဆန္လို႔ အျမင္ကတ္လို႔ သူ႔ကို ဖမ္းေခၚလာတာ"

Hoshiဟာ နႈတ္ခမ္းေလးကိုက္၍ Shiroအား ေမာ့ၾကည့္ေနသည္

Shiroဟာ Hoshiအား ေျပာလိုက္၏

"မင္းကို ငါခ်စ္လြန္းလို႔ မဟုတ္ဘူး!!"

"Shiro)) မင္းပါးစပ္ ပိတ္စမ္း"

Shokiလက္မ႐ြယ္ခင္မွာပင္ Hoshiဟာ Shiro၏ မ်က္နွာအား ေဖာင္းခနဲပိတ္ရိုက္၍ အခန္းထဲမွထြက္ေျပးသြား၏

Makuဟာ အူလည္လည္နွင့္ Hoshiေနာက္သို႔ ေျပးလိုက္သြားသည္

Shiroဟာ မတုန္မလႈပ္နွင့္ မ်က္နွာလႊဲထားသည္

"Shiro!! မင္း-- !!"
"--
"က်စ္--"

"Hoshiကို စကားေကာင္းေကာင္း ေျပာေပးလို႔မရဘူးလား Shiro... ဘာလို႔စိတ္ဆင္းရဲေအာင္ လုပ္ေနတာလဲ"

"သူမွ ကြၽန္ေတာ့္ကို သေဘာမက်တာ~!!"

"မင္းက အခ်ိဳးေျပလို႔လား)))) ဆယ္နွစ္ကြာတဲ့ ကေလးကိုလည္း ယူထားေသးတယ္... ကေလးနဲ႔တုၿပီး ရန္ျဖစ္ခ်င္ေသးတယ္... ေခ်ာ့တတ္ရေကာင္းမွန္းလည္း မသိဘူး"

"ကြၽန္ေတာ္ ဘယ္သူ႔ကိုမွ မေခ်ာ့ဖူးဘူး!!!"

"ေခ်ာ့ဖူးမလား!!! မင္းအနားမွာ လိင္လုပ္သားပဲရွိတာကို~~~~~~~)))))) မင္းက ဘယ္သူ႔ကို ေခ်ာ့ဖူးခ်င္လို႔လဲ"

Shokiဟာ Shiroအား သတိေပးလိုက္သည္

"ဒီည ၾကင္ယာမိတ္ဆက္ပြဲေနာ္~~ စကားေတြ အမ်ားႀကီး မေျပာခ်င္ဘူး... သူမ်က္နွာမေကာင္းလို႔ ျပႆနာတတ္ရင္ မင္းကို ဝိဉာဥ္ႏုတ္ၿပီး KaBiေတြ လက္ထဲထည့္ေပးလိုက္မယ္"

"အစ္ကိုေတာ္ကလည္း အဲ့ဒါမ်ိဳးေတြက တကယ္မရွိပါဘူး.. ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက သခ်ိဳင္းေျမကိုသြားၿပီး ညေနပိုင္း ေရခဲမိုးေရထဲမွာ ထိုင္ၿပီးေစာင့္ၾကည့္ခဲ့ၾကဖူးတာပဲမလား"

"ပါးစပ္ပိတ္စမ္း!!! မင္းမွာ နတ္မ်က္စိမရွိလို႔ မျမင္ရတိုင္း ေလ်ွာက္မေျပာနဲ႔"

×××××

Shiro၏ ၾကင္ယာမိတ္ဆက္ပြဲသို႔သြားရန္ Fuitaျပင္ဆင္ေနစဥ္ Aitaေျပးဝင္လာကာ Fuitaအား အေနာက္မွ လွမ္းခုန္၍ဖက္၏

"အစ္ကိုေတာ္~~"

"omm..."

"ေမးစရာရွိတယ္~~"

"ဘာတုန္း~~"

"အစ္ကိုေတာ္ ရည္းစားရွိေနတယ္မလား"

"anm--?"

"မနက္က အစ္ကိုေတာ္ကို စာသင္ေဆာင္က ေတာတြင္းသား ငွက္လႊတ္ပြဲမွာ ေငြေရာင္ဆံပင္နဲ႔ တစ္ေယာက္ကို ေက်ာက္ကလစ္ပန္း ပန္ေပးေနတာေတြ႕တယ္"

"arr~~ အဲ့ဒါ--"

Aitaဟာ XingYiကို အထင္မွားေနပံုပင္

XingYiဟာ ငွက္လႊတ္ျခင္းအား သင္ယူေနရင္း ဟန္ခ်က္မညီ၍ လန္႔ကာ ငွက္ေတာင္ပံနဲ႔ မ်က္နွာကိုရိုက္မိၿပီး ဆံပင္မွကလစ္ေလးျပဳတ္က်သြား၍ Fuitaက ေကာက္ယူထားကာ ပြဲၿပီးေသာအခါမွ ေခါင္းရွိဆံပင္ေလး၌ ျပန္တပ္ေပးခဲ့ျခင္းပင္

Fuitaအေပၚရွိေသာ XingYi၏အၾကည့္မ်ားနွင့္ Fuita၏ လက္ေအာက္ငယ္သားကို ၾကင္နာတတ္ေသာ အၾကည့္မ်ားကို Aitaဟာ အထင္မွားသြားပံုရွိ၏

"အစ္ကိုေတာ္ Aitaကို မလိမ္နဲ႔ေနာ္~~ Aitaက လိမ္တာ လံုးဝမႀကိဳက္ဘူး"

"သိပါတယ္~~ သူက ငါ့ရည္းစားမဟုတ္ပါဘူး"

"တကယ္လား~~"

"Omm.."

Aitaဟာ အစ္ကိုျဖစ္သူအား ေၾကာက္စရာမ်က္လံုးမ်ားျဖင့္ မ်က္ေမွာင္ၾကဳတ္၍ ေျပာ၏

"တကယ္ မဟုတ္ရင္ အစ္ကိုေတာ္ Aitaအေၾကာင္း သိတယ္ေနာ္::::: Aitaကို မလိမ္ရဘူး::::"

"arrrr))~ ငါ့ကို ဘာလို႔ အဲ့လိုမ်က္လံုးႀကီးနဲ႔ ၾကည့္ေနတာလဲ~ ငါ့ကိုယ္ေပၚက ဆင္းစမ္း!"

"မဆင္းဘူး)))))"

Fuitaဟာ မိမိအား အတင္းတြယ္ကပ္ေနေသာ Aitaအား ေက်ာပိုး၍ အိမ္အျပင္သို႔ ထြက္လာသည္

?..

အိမ္ေရွ႕၌ ဖခင္နွစ္ဦးက အေဆာင္အေယာင္ ေဝါယာဥ္တို႔ျဖင့္ ေစာင့္ေန၏

"သြားၾကမယ္ Fuita~ ျမန္ျမန္လုပ္"

"ဟုတ္~~"

"Aita... Fuitaေက်ာေပၚကဆင္းစမ္း! မင္းက ကေလးလား!!"

Fuitaဟာ Aitaအား ေက်ာမွခ်၍ ေဝါယာဥ္အတြင္း သို႔ ဝင္ေစသည္

Aitaဟာ Fuita၏ လည္ပင္းအားဖက္၍ ေလထဲ၌ တြဲလဲခို၍ ဂ်ီေလ၏

"Aita ေဝါယာဥ္မစီးခ်င္ဘူး))))) ပ်င္းစရာႀကီး!!!! အစ္ကိုေတာ္လို ျမင္းစီးခ်င္တယ္"

လုပ္ၿပီ-- ေသာက္ခေလး

အေဖရိုက္ေတာ့မယ္!!

Fuitaဟာ ေခ်ာ့လိုက္သည္

"Aitaေလး~~ ၾကင္ယာေတာ္က ေဝါယာဥ္ေလးနဲ႔ အျပင္သြားရတယ္... ျမင္းေပၚက ျပဳတ္က်ရင္ ဒဏ္ရာရလိမ့္မယ္"

"မရဘူး!!!! မရဘူး!!!! ျမင္းစီးမယ္!!! ျမင္းစီးမယ္"

Fuitaဟာ အဆူခံရမည္စိုး၍ Aitaအား ရင္ခြင္ထဲ၌ဖက္၍ ဖခင္ျဖစ္သူYima၏ မ်က္ေထာင္နီနီတို႔အား မ်က္နွာငယ္ေလးျဖင့္ ေမာ့ၾကည့္သည္

"Papa::::: Aitaေလးကို ကြၽန္ေတာ္ ေစာင့္ေရွာက္ပါ့မယ္:::::"

အငယ္ကိုဆူျပန္ေတာ့ အႀကီးကငိုေတာ့မည့္ မ်က္နွာနဲ႔ အၿမဲရွိ၏

Yimaဟာ သက္ျပင္းခ်လိုက္သည္

"မင္းတာဝန္ေနာ္.. ကေလးကို မျပဳတ္က်ေစနဲ႔"

မၾကာခင္ Aitaဟာ အစ္ကိုျဖစ္သူ၏ ခါးကိုဖက္၍ Fuita၏ ျမင္းေပၚမွ အတူတူ လိုက္လာ၏

"အိမ္ေတာ္နဲ႔ နီးလာရင္ ေဝါယာဥ္စီးရမယ္ေနာ္ Aita~!"

Aitaဟာ အၿပံဳးပန္းတို႔ေဝဆာေနေသာ မ်က္နွာေလးျဖင့္ Fuita၏ ခါးကိုဖက္ကာ ျပန္ေျဖသည္

"inm.."

"လုပ္ခ်င္တာ လုပ္ေနရရင္ မ်က္နွာက ၿပံဳးၿဖီးေနတာပဲ--- Umitaအိမ္ေတာ္မွာ Papaကို မ်က္နွာပ်က္ေအာင္ မလုပ္ရဘူးေနာ္~"

"omm...."

ထို႔ေနာင္ သားအဖေလးေယာက္ အေႁခြအရံ အရွိန္အဝါမ်ားျဖင့္ Shiro၏ အိမ္ေတာ္ရွိရာ ေတာအုပ္ငယ္သို႔ ေရွ႕ဆက္လာၾက၏

Aitaဟာ ေတာလမ္းတစ္ေလ်ွာက္ အစ္ကိုျဖစ္သူ၏ အေနာက္မွ ေအာ္ဟစ္ဆူညံေန၏

"Aitaေလး~~ ၾကင္ယာေတာ္ဆိုတာ အိေျႏၵေလးနဲ႔ ေနရတယ္ေလ~~"

"ဘာလို႔လဲ!!"

"ဆူညံေနရင္ ေဝါထဲျပန္ဝင္ခိုင္းမွာမို႔!!"

"in--"

ကိုယ္ရံေတာ္တို႔ဟာ Aita ရုတ္တရက္ အသံတိတ္သြား၍ ရယ္ၾက၏

မၾကာခင္ Fuita၏ ဆံုးမၾသဝါဒေႁခြေနေသာ အသံဟာ ေတာအုပ္အတြင္း ပ်ံ့လြင့္လာ၏

"လူဆိုိတာ ေနခ်င္သလို မေနရဘူး... ေနသင့္သလို ေနရတယ္... ဒါမွေလာကက်င့္ဝတ္နဲ႔ ညီမ်ွတဲ့ ဘဝတစ္ခုကို တည္ေဆာက္နိုင္မွာ"

"အစ္ကိုေတာ္က ဘာလို႔ အဲ့ဒါေတြပဲ ထပ္ခါ ထပ္ခါေျပာေနတာလဲ... Aita အလြတ္ရေနၿပီ"

"ငါအဲ့ေလာက္ေျပာတာေတာင္ မင္းနားေထာင္လို႔လား"

"အစ္ကိုေတာ္က ေျပာလြန္းလို႔ Aitaက နားရည္ထူေနတာ~~"

"ငါ့စကားကို နားေထာင္ဖူးေအာင္ တစ္ခါေလာက္ နားေထာင္စမ္း"

ပုက်ိ ပုက်ိျဖင့္ ရန္ျဖစ္လာေသာ ညီအစ္ကိုနွစ္ဦးနွင့္အတူ ရယ္ေနၾကေသာ ကိုယ္ရံေတာ္မ်ားျဖင့္ Shiro၏ အိမ္ေတာ္သို႔ ေရာက္ရွိလာၾက၏

×××××

Continue----

Unicode

Umitaအိမ်တော်၏ သားကြီး Umita-Shoki အိမ်တော်ထဲ၌ Moshiအား ဧည့်ခံနေ၏

Shokiဟာ အိမ်တော်ကြီး၏ သားကြီးပီပီ ပြတ်သားမှုနှင့် ရဲစွမ်းသတ္တိပြည့်ဝပြီး မူမမှန်သန္ဓေဖြစ်သည့်အလျောက် လူကြမ်းကြီးတစ်ဦးဖြစ်သည်

Shiroဟာ သူ့အစ်ကို မူမမှန်သန္ဓေသားကို ကြောက်တတ်သူတစ်ဦးဖြစ်သည်

"Shiro ဘယ်ရောက်နေလဲ~~~"

"သ-- သခင်ကြီး Shiro သူ့အိပ်ဆောင်မှာပါ"

"သခင်ကြီး... ဘာကို သခင်ကြီးလဲ-- ငါ့ရှေ့က နောက်တစ်ခါ သူ့ကို သခင်ကြီးလို့ခေါ်ရင် မင်းတို့ကို ဇက်ပိုးအုပ်မယ်"

Shoki ဟောက်လိုက်သောအခါ လိင်လုပ်သားလေးများဟာ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် ငြိမ်နေကြသည်

"MiMi နိုပ်ပေးမယ်လေ သခင်လေး~"

လိင်လုပ်သားများထဲတွင် Haruနှင့် MiMiက သွက်သွက်လက်လက်နှင့် လက်ရဲဇက်ရဲရှိသောသူဖြစ်သည်

Shokiအား MiMiနှင့် Haruဟာ ပုခုံးအား လက်သီးဆုပ်လေးများဖြင့် ထုပေး၏

"သ--သခင်လေး Shiroက ကျွန်တော်တို့ကို တစ်ခါတစ်လေမှ သူ့အခန်းထဲလာဖို့ ခေါ်တာပါ... အငယ်လေးတွေကိုလည်း စာသင်ဆောင်က အစေခံသင်တန်းကျောင်းကို ပို့ပေးတယ်"

"မင်းတို့ကို သူခိုင်းနေတာလေ.. မင်းတို့ကိုမှ အစေခံ သင်တန်းကျောင်း မပို့ရင် ဘယ်သူကို ပို့မှာလဲ~~"

Shoki၏ စကားကြောင့် MiMiနှင့် Haru အသံတိတ်သွားသည်

"အငယ်ကောင်ရဲ့ ကြင်ယာမိတ်ဆက်ပွဲကို Moshiက ပြင်ဆင်ပေးနေတယ်ကြားတယ်"

"hk..hk.. ဟုတ်ကဲ့... လိင်လုပ်သားတွေက အကူအညီလာတောင်းလို့ပါ... သူတို့ကို သခင်လေး Shiroက ပွဲပြင်ခိုင်းနေတယ်ဆိုပြီး ပြာယာခတ်နေလို့"

"ဟုတ်တယ်... အဲ့ဒီကောင် အရမ်းဆိုးတာ... သူ့ကို အနေအထိုင်မတတ်လို့ လက်မထပ်ခင် အိမ်တော်ခွဲပေးလိုက်တာကို လိင်လုပ်သားတွေ တစ်ရုန်းရုန်းနဲ့ အရွဲ့တိုက်နေတာ.. Moshiကို ကျေးဇူးတင်ပါတယ်... Paciloကို ကျေးဇူးလာဆပ်ပါ့မယ်"

"ရပါတယ်... ကျွန်တော်တို့ အိမ်တော်နဲ့ သခင်လေးတို့က စီးပွားဖက်တွေပဲ ဒီလောက်တော့ကူညီရမှာပေါ့

"သခင်လေး လက်ထပ်ပြီးရင် ကြင်ယာတော်လေးနဲ့ ဆကိဆံရေး အဆင်ပြေပါ့မလား~~ ကြည့်ရတာ မင်္ဂလာဦးအကြိုနေ့ရက်တွေက မလုံလောက်ခဲ့ဘူးထင်တယ်"

Shokiဟာ သက်ပြင်းချ၏

"ah~~~ မဟုတ်ပါဘူး.. တကယ်တော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးအကြို တစ်အိမ်တည်းအတူနေရတဲ့ နေ့ရက်တွေက သုံးလတောင်ကြာသွားပြီ..."

Moshiနှင့် အိမ်တော်မှူးနှစ်ယောက်ဟာ အံ့အားသင့်သွားသည်

"သုံးလတောင်လား"

"inm... အဲ့ဒါကြောင့် သူတို့ကြားမှာ အဆင်မပြေမှုတွေရှိနေသေးလည်း ကြင်ယာမိတ်ဆက်ပွဲလုပ်ဖို့ အချိန်ကတော့ လင့်နေပြီ... ပြီးရင် Shiroနဲ့ Hoshiကို ရင်းနှီးအောင်လုပ်ဖို့က ကျွန်တော်ခေါင်းပေါ်ပဲရောက်တော့မှာပေါ့... လွှတ်ထားလို့မဖြစ်တော့ဘူး... Shiroက 25နှစ်ပြည့်တော့မှာ..."

Shokiဟာ ညီတစ်ယောက်အတွက် အပူလုံးပိသလိုအသွင်ပင် ရှိလှသည်

"Defuloမှာ ကလေးတွေကြားကကိစ္စကို ဖခင်တွေက စောင့်ကြည့်ရုံပဲရှိနေပြီး အရာအားလုံးကို အကြီးဖြစ်တဲ့ သားကြီးတွေကပဲ မွေးရာပါတာဝန်တစ်ခုအနေနဲ့ ထမ်းရွက်ရတာမလား... အဲ့ဒါမှ အိမ်ထောင်စုကြီးတစ်ခုလုံးကိုပါ တစ်စ တစ်စ ထိန်းသိမ်းနိုင်စွမ်းရှိလာလိမ့်မယ်လို့ ယူဆကြတယ်လေ... Shiroက ငယ်ငယ်ကတည်းက သူ့ရဲ့မွေးသန္ဓေနဲ့ ပက်သက်ပြီး ပြင်းထန်တဲ့ စိတ်ခံစားချက်ရှိတယ်..  သူဆိုးနေပေမယ့်လည်း ငယ်ငယ်ကတည်းက Shiroက ကျွန်တော့်လက်ထဲမှာပဲ ကြီးပြင်းလာတာမို့ Shiroကို ကျွန်တော်ကပဲ ဝိုင်းဝန်းပြီး သူ့ဘဝလမ်း မပျက်စီးအောင် ထိန်းသိမ်းပေးရမှာပေါ့"

"ဟုတ်သားနော် တကယ့် အခက်အခဲက အခုမှလာတော့မှာ... သွေးသန္ဓေက လူနှစ်ယောက် ချစ်ခင်ကြည်ဖြူနေမှ နှလုံးသားထဲမှာ တည်လာမှာ"

"Shiroကတော့ Hoshiကို ချစ်ပြီးသားပါ... Hoshiကတော့ Shiroကို လွယ်လွယ်နဲ့ချစ်မယ်မထင်ဘူး.... ငယ်လည်းငယ်သေးတော့ ကလေးစိတ်ကလည်း မကုန်သေးဘူး... အိမ်က အငယ်ကောင်ကလည်း အချိုးမပြေဘူး... သွေးသန္ဓေအတွက် နှလုံးသားချင်း ရင်းနှီးပေးဖို့ ကျွန်တော်ကပဲ Hoshiကို ကလေးမုန့်ပေးပြီးချော့သလိုမျိုး ဖြည်းဖြည်းချင်း နားချရတော့မှာပေါ့..."

"သခင်လေးပြောတာလည်း မှန်တာပဲ... ဒါမျိုးက အတင်းလုပ်ယူလို့လည်း မရဘူးလေ... အဲ့ဒါကြောင့် အိမ်တော်ကြီးတွေက အိမ်တော်ငယ်တွေဆီ တစ်ချက်လွှတ်ကြင်ယာတောင်းတဲ့ အမိန့်ကို တော်ရုံမသုံးကြဘူးမလား... အဲ့ဒါက အတင်းတောင်းယူ လက်ထပ်ပေးလိုက်လည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်မှုမရှိရင် သွေးသန္ဓေအတွက်က အလဟသပဲ"

"ဟုတ်တယ်... အဲ့ဒီလို လုပ်မယ့်အစား... မျိုးရိုးမဲ့ အထိန်းသိမ်းခံ တစ်ယောက်ယောက်ကိုဝယ်ပြီး လက်ထပ်ပေးလိုက်တာမှ သွေးသန္ဓေအတွက် စိတ်အေးရဦးမယ်... အခုလိုမျိုးရိုးကြီး ကြင်ယာတော်ကျတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာအချစ်မရှိရင် နောက်ခံမျိုးရိုးအရှိန်ကြောင့် နာခံဖို့ခက်ခဲတယ်... "

Shokiဟာ ညီဖြစ်သူအတွက် ညည်းညူ၏

"အခုဟာက ဘယ်သူမှမသိလိုက်ခင် Shiroဟာ Hoshiကို ခေါ်သွားတာမို့ နောက်ဆုတ်ဖို့လည်း အဆင်မပြေတော့ဘူး... Shiroက Hokokuကို လိုချင်တယ်လို့ ငယ်ငယ်ကတည်းက ပြောနေခဲ့တာ"

"သခင်လေး Hokokuလား~~ သူက သွေးသန္ဓေသားမလား... Santaအိမ်တော်ရဲ့ သားကြီးဆိုတော့"

"inm.. Hokokuက Shiroစာသင်သား ဘဝတုန်းက Shiroရဲ့ စီနီယာလေ... Hokoku လက်ထပ်ရမယ်ဆိုရင် Shiroက ကြင်ယာတော်အနေနဲ့ ကောင်းကောင်းနေပါ့မယ်လို့ ကတိပေးထားတယ်... ဒါပေမယ့် Hokokuက တခြားလူနဲ့ လက်ထပ်သွားတော့ Shiroက အိမ်တော်ရင်းမှာ မနေတော့ဘဲ လိင်လုပ်သားတွေနဲ့ တောထဲမှာ အိမ်တော်ခွဲနေခဲ့တယ်.... နောက်ကျတော့ Hokokuရဲ့ ညီငယ် Hoshiကို ခိုးပြေးလာတယ်"

Moshiနှင့် အဖော်အိမ်တော်မွဴးနှစ်ဦးဟာ ပါးစပ်အဟောင်းသားလေး ဖြစ်နေခဲ့ကြ၏

"အယ့်~~" သခင်လေးShiroက တကယ့်ကို အမွှေလေးပဲ"

"ကျွန်တော့်အတင်းကို ပြောနေကြတာလား~~"

ခပ်ကျယ်ကျယ် အသံနှင့်အတူ Shiroနှင့် Hoshiဟာ Shokiထံရောက်လာသည်

နှစ်ယောက်လုံး၏ မျက်နှာဟာ အရမ်းကြီး ပျော်မြူးနေသည့်ပုံ မပေါ်ပေ

Hoshi၏ ဖခင်တွေကလည်း သားငယ်ကို သူများအိမ်ကို ပေးလိုက်ရတာဆိုတော့ ဘာမှဝင်မပြောနိုင်ပေ

Hoshi၏ Santaအိမ်တော်ဟာ Shouyuဘွဲ့ရထားသည့် အိမ်တော်ဖြစ်သော်လည်း Shouyuအိမ်တော် တစ်သောင်းမှာ အနိမ့်ဆုံးShouyuအိမ်တော်ဆိုတော့ မိုးနဲ့ မြေလိုကွာဟသည့် Umita၏ အရှိန်အဝါကို မလွန်ဆန်နိုင်ပေ

Shiroမွှေနေသမျှ Hoshi၏ ဖခင်တွေက ငြိမ်နေရ၏

Shiroဟာ Moshiကို တစ်ချက်ကြည့်၍ အရိုအသေပြုကာ ခုံ၌ ထိုင်လိုက်သည်

"ကျွန်တော့် အိမ်တော်ကို ရွံပေလို့ပဲ... အခုထိ မပြန်သေးဘူး!!"

Shokiဟာ လှမ်းဟောက်လိုက်သည်

"Shiro!!!"

Moshiဟာ ရယ်ပြလိုက်၏

"ကျွန်တော်မျိုးတို့ အခုပြန်တော့မလို့ပါ... ခွင့်ပြုပါဦး သခင်လေး... ညကျရင် ကျွန်တော်မျိုးတို့ရဲ့ သခင်ကြီးနှစ်ဦးလာဖို့အတွက် စီစဉ်ပေးရမှာမို့"

"သူတို့က လက်မပါဘူးလား... ခင်များတို့မပါလည်း ကိုယ့်ဟာကိုယ်ရင် လုပ်ရတာပဲ... Paciloမှာ အစေခံတွေ သောင်းနဲ့ချီနေတာကို!!"

"Shiro!!!!! တိတ်တိတ်နေစမ်း!! ကျေးဇူးကန်းကောင်~"

Shiroဟာ အစ်ကိုဖြစ်သူ၏ အဟောက်ခံရသောအခါ ငြိမ်သွားသည်

နောက်တစ်ခါ ထပ်ဟောက်လျှင် မူမမှန်သန္ဓေသား အစ်ကိုတော်ကြီးက မိမိ၏မျက်ခွက်ကို ဖြတ်တီးမည့်အကွက်တွေ လက်ဆောင်ပေးတော့မည်ဆိုတာ Shiro ကြိုသိနေသောကြောင့်ဖြစ်၏

Shokiဟာ မူမမှန်သန္ဓေသားဖြစ်သောကြောင့် ငယ်ငယ်ကတည်းက သိပ်ပြီး စိတ်ရှည်တတ်သူမဟုတ်ပေ

Shokiဟာ Moshiအား Shiroကိုယ်စား တောင်းပန်စကားနှင့် နှုတ်ဆက်စကားတို့ပြော၍ အိမ်တော်မှူးအား အိမ်အဝအထိ ကိုယ်တိုင်လိုက်ပို့စေ၏

Makuဟာ အိမ်တော်အပြင်သို့ Moshiနောက်မှ ပြေးလိုက်လာသည်

"Moshi~~)))"

Moshiဟာ မြင်းပေါ်တတ်ခါနီး အသံကြား၍ လှည့်ကြည့်လိုက်သည်

ညာလက်ထောက်အိမ်တော်မှူးက Makuအား မြင်သော် ရေရွတ်သည်

"imm~~~.. ကြင်ယာတော်နဲ့တူတဲ့ ဟိုအစေခံလေးပါလား"

"ကြည့်ရတာ Moshiကို ပြောစရာရှိလို့ ထင်တယ်... ကျွန်တော်တို့ သွားနှင့်လိုက်ပါဦးမယ်"

"inm... ငါနောက်က နောက်မှလိုက်လာခဲ့မယ်"

လက်ထောက် အိမ်တော်မှူးနှစ်ယောက်က မြင်းများဖြင့်ထွက်ခွာသွားကြ၏

Makuဟာ Moshiအနားသို့ ရောက်သော် အရိုအသေပြု၏

Moshiဟာ Makuအား တန်းပြောလိုက်သည်

"အိမ်တော်ရင်းက Shouyuအစေခံတွေရောက်လာလို့ အခမ်းအနားအတွက် ငါလည်း ဘာမှမလုပ်ခဲ့ရဘူးဆိုတော့ မင်းနဲ့ သဘောတူထားတဲ့ဟာကို ဖျက်လိုက်လည်းရတယ်"

"မဟုတ်ပါဘူး~~ သဘောတူပါတယ်~~ ကျွန်တော့်ရဲ့ နှလုံးသွေးကိုပေးပါ့မယ်~~ "

မြင်းပေါ်တတ်ရန် ပြင်နေသော Moshiဟာ Maku၏ စကားကြောင့် ပြန်လှည့်ကြည့်၏

×××××

Moshiနှင့် Makuဟာ လရောင်အောက်ရှိ ချောင်းစပ်လေး၌ ထိုင်ကာ စကားပြောဖြစ်ခဲ့ကြသည်

Makuဟာ Moshiအား မေး၏

"ဘာလို့ ကျွန်တော့်ဆီက နှလုံးသွေးကို လိုချင်တာလဲ"

"မင်းမျက်နှာနဲ့ အသားအရေက အရမ်းလှလို့လေ... ငါ့မျိုးဆက်ကို လှလှလေး မွေးဖွားစေချင်တယ်"

"ဘာလ်ု့ ကျွန်တော့်ကိုမှ ရွေးရတာလဲ... တခြားလှတဲ့သူတွေ အများကြီးရှိနေတာကို~~"

ထိုအခါ Moshiဟာ ရယ်သည်

"ငါက ပညာတော်ပေမယ့် ကြင်ယာတော်တစ်ယောက်လိုကျတော့ ပြည့်စုံနေတာမှမဟုတ်တာ ငါ့ကိုဘယ်သူကယူမှာမို့လဲ... ရုပ်ကလည်းဆိုးသေးတယ်"

ထိုအခါ Makuဟာ Moshi၏ စကားကို ဆန့်ကျင်၍ သူ့စိတ်ထဲရှိနေသည့်တိုင်း အားရဝမ်းသာ ထပြောသည်

"arr~~ hk hk... Moshiက ဘယ်မှာရုပ်ဆိုးလို့လဲ~~ ဒီလောက်ချစ်ဖို့ကောင်းတာကို~~ Moshiရဲ့ မျက်လုံးစိမ်းစိမ်းလေးတွေက လရောင်အောက်မှာဆို အစိမ်းရောင် ပိုးစုန်းကြူးလေးတွေလိုပဲ လင်းလက်နေတာကို~~"

"anm..?"

Moshiဟာ ကြက်သေသေကာ ငြိမ်သွားသည်

Moshi၏ ပါးလေးများ ရုတ်တရက် ရဲရဲနီလာသည်ကို မြင်သောအခါ Makuဟာ ကြောင်ကြည့်နေသည်

Makuဟာ သူ့စကားနှင့် သူပြန်ရှက်သွား၏

"ar.-- ဟိုဟာ.- ကျွန်တော်က မျက်လုံးလေးတွေ လှလို့ ပြောပြတာပါ--"

"-onm--ရပါတယ်"

အမှတ်မထင် နှစ်ဦးကြား၌ လှပသော သံယောဇဉ်အမျှင်တန်းငယ်တို့ ဆက်သွယ်မိခဲ့ကြ၏

×××××

"အစ်ကိုတော်!! ကျွန်တော် အိမ်တော်ကို ဘာလာလုပ်တာလဲ"

"ငါ ဖြေရမှာလား~~"

Shokiဟာ မိမိအား နိုပ်ပေးနေသော လုပ်သားနှစ်ယောက်ကို လက်ပြလိုက်သည်

Haruနှင့် MiMiဟာ မျက်လုံးဝိုင်းလေးများဖြင့် အနား၌ အခြားလုပ်သားခေါင်းဆောင်များနှင့်အတူ ရပ်ကြည့်နေသည်

Shiroဟာ အစ်ကိုဖြစ်သူ၏ လေသံနှင့် အကြည့်ကို သတိပြု၏

"မင်းကြင်ယာတော် ယူမယ်ဆိုရင် သူတို့ကို စံအိမ်တွေဆီ ပြန်ပို့ရမယ်... အိမ်တော်ရဲ့ နာမည်ကို ဖျက်ဆီးမယ်ကြံမနေနဲ့"

"မပို့နိုင်ဘူး... ဒါ ကျွန်တော့်အိမ်တော်လေ.. ပြီးတော့ Defuloမှာ သုံးမျိုးစပ် သန္ဓေသားတွေက လိင်လုပ်သားအဖော်ကို ကြင်ယာတော်နဲ့အတူတူ အိမ်မှာခေါ်ထားလို့ရတယ်လေ"

Shiroဟာ Hoshiအား လှည့်ကြည့်၍ ပြောလိုက်၏

"သူက ကျွန်တော့်ကို လုံလောက်အောင် ပြုစုနိုင်မှာမို့လား... နည်းနည်းလောက်လှုပ်တာနဲ့ သေသွားမယ့်ပုံပဲ"

"အဲ့ဒါဆို အစကတည်းက မင်းဘာလို့ယူလဲ!!!!... လိင်လုပ်သားနဲ့ပဲ တစ်သက်လုံးနေပါလား!!!!!~~ သူများသားငယ် နုနုထွတ်ထွတ်လေးရဲ့ ဘဝလမ်းကို ဖျက်ဆီးမလို့ကြံနေတာလား"

"ဟုတ်တယ်!"

"hnm--"

Shiroဟာ ပွင့်ပွင့်လင်းလင်းပင် Hoshiအား ပြောလိုက်၏

"သူ့အိမ်တော်က သားသုံးယောက်လုံးကို ကျွန်တော်နဲ့ လက်ထပ်ပေးဖို့ကို ငြင်းဆန်လို့ အမြင်ကတ်လို့ သူ့ကို ဖမ်းခေါ်လာတာ"

Hoshiဟာ နှုတ်ခမ်းလေးကိုက်၍ Shiroအား မော့ကြည့်နေသည်

Shiroဟာ Hoshiအား ပြောလိုက်၏

"မင်းကို ငါချစ်လွန်းလို့ မဟုတ်ဘူး!!"

"Shiro)) မင်းပါးစပ် ပိတ်စမ်း"

Shokiလက်မရွယ်ခင်မှာပင် Hoshiဟာ Shiro၏ မျက်နှာအား ဖောင်းခနဲပိတ်ရိုက်၍ အခန်းထဲမှထွက်ပြေးသွား၏

Makuဟာ အူလည်လည်နှင့် Hoshiနောက်သို့ ပြေးလိုက်သွားသည်

Shiroဟာ မတုန်မလှုပ်နှင့် မျက်နှာလွှဲထားသည်

"Shiro!! မင်း-- !!"
"--
"ကျစ်--"

"Hoshiကို စကားကောင်းကောင်း ပြောပေးလို့မရဘူးလား Shiro... ဘာလို့စိတ်ဆင်းရဲအောင် လုပ်နေတာလဲ"

"သူမှ ကျွန်တော့်ကို သဘောမကျတာ~!!"

"မင်းက အချိုးပြေလို့လား)))) ဆယ်နှစ်ကွာတဲ့ ကလေးကိုလည်း ယူထားသေးတယ်... ကလေးနဲ့တုပြီး ရန်ဖြစ်ချင်သေးတယ်... ချော့တတ်ရကောင်းမှန်းလည်း မသိဘူး"

"ကျွန်တော် ဘယ်သူ့ကိုမှ မချော့ဖူးဘူး!!!"

"ချော့ဖူးမလား!!! မင်းအနားမှာ လိင်လုပ်သားပဲရှိတာကို~~~~~~~)))))) မင်းက ဘယ်သူ့ကို ချော့ဖူးချင်လို့လဲ"

Shokiဟာ Shiroအား သတိပေးလိုက်သည်

"ဒီည ကြင်ယာမိတ်ဆက်ပွဲနော်~~ စကားတွေ အများကြီး မပြောချင်ဘူး... သူမျက်နှာမကောင်းလို့ ပြဿနာတတ်ရင် မင်းကို ဝိဉာဉ်နုတ်ပြီး KaBiတွေ လက်ထဲထည့်ပေးလိုက်မယ်"

"အစ်ကိုတော်ကလည်း အဲ့ဒါမျိုးတွေက တကယ်မရှိပါဘူး.. ကျွန်တော်တို့ ငယ်ငယ်တုန်းက သချိုင်းမြေကိုသွားပြီး ညနေပိုင်း ရေခဲမိုးရေထဲမှာ ထိုင်ပြီးစောင့်ကြည့်ခဲ့ကြဖူးတာပဲမလား"

"ပါးစပ်ပိတ်စမ်း!!! မင်းမှာ နတ်မျက်စိမရှိလို့ မမြင်ရတိုင်း လျှောက်မပြောနဲ့"

×××××

Shiro၏ ကြင်ယာမိတ်ဆက်ပွဲသို့သွားရန် Fuitaပြင်ဆင်နေစဉ် Aitaပြေးဝင်လာကာ Fuitaအား အနောက်မှ လှမ်းခုန်၍ဖက်၏

"အစ်ကိုတော်~~"

"omm..."

"မေးစရာရှိတယ်~~"

"ဘာတုန်း~~"

"အစ်ကိုတော် ရည်းစားရှိနေတယ်မလား"

"anm--?"

"မနက်က အစ်ကိုတော်ကို စာသင်ဆောင်က တောတွင်းသား ငှက်လွှတ်ပွဲမှာ ငွေရောင်ဆံပင်နဲ့ တစ်ယောက်ကို ကျောက်ကလစ်ပန်း ပန်ပေးနေတာတွေ့တယ်"

"arr~~ အဲ့ဒါ--"

Aitaဟာ XingYiကို အထင်မှားနေပုံပင်

XingYiဟာ ငှက်လွှတ်ခြင်းအား သင်ယူနေရင်း ဟန်ချက်မညီ၍ လန့်ကာ ငှက်တောင်ပံနဲ့ မျက်နှာကိုရိုက်မိပြီး ဆံပင်မှကလစ်လေးပြုတ်ကျသွား၍ Fuitaက ကောက်ယူထားကာ ပွဲပြီးသောအခါမှ ခေါင်းရှိဆံပင်လေး၌ ပြန်တပ်ပေးခဲ့ခြင်းပင်

Fuitaအပေါ်ရှိသော XingYi၏အကြည့်များနှင့် Fuita၏ လက်အောက်ငယ်သားကို ကြင်နာတတ်သော အကြည့်များကို Aitaဟာ အထင်မှားသွားပုံရှိ၏

"အစ်ကိုတော် Aitaကို မလိမ်နဲ့နော်~~ Aitaက လိမ်တာ လုံးဝမကြိုက်ဘူး"

"သိပါတယ်~~ သူက ငါ့ရည်းစားမဟုတ်ပါဘူး"

"တကယ်လား~~"

"Omm.."

Aitaဟာ အစ်ကိုဖြစ်သူအား ကြောက်စရာမျက်လုံးများဖြင့် မျက်မှောင်ကြုတ်၍ ပြော၏

"တကယ် မဟုတ်ရင် အစ်ကိုတော် Aitaအကြောင်း သိတယ်နော်::::: Aitaကို မလိမ်ရဘူး::::"

"arrrr))~ ငါ့ကို ဘာလို့ အဲ့လိုမျက်လုံးကြီးနဲ့ ကြည့်နေတာလဲ~ ငါ့ကိုယ်ပေါ်က ဆင်းစမ်း!"

"မဆင်းဘူး)))))"

Fuitaဟာ မိမိအား အတင်းတွယ်ကပ်နေသော Aitaအား ကျောပိုး၍ အိမ်အပြင်သို့ ထွက်လာသည်

?..

အိမ်ရှေ့၌ ဖခင်နှစ်ဦးက အဆောင်အယောင် ဝေါယာဉ်တို့ဖြင့် စောင့်နေ၏

"သွားကြမယ် Fuita~ မြန်မြန်လုပ်"

"ဟုတ်~~"

"Aita... Fuitaကျောပေါ်ကဆင်းစမ်း! မင်းက ကလေးလား!!"

Fuitaဟာ Aitaအား ကျောမှချ၍ ဝေါယာဉ်အတွင်း သို့ ဝင်စေသည်

Aitaဟာ Fuita၏ လည်ပင်းအားဖက်၍ လေထဲ၌ တွဲလဲခို၍ ဂျီလေ၏

"Aita ဝေါယာဉ်မစီးချင်ဘူး))))) ပျင်းစရာကြီး!!!! အစ်ကိုတော်လို မြင်းစီးချင်တယ်"

လုပ်ပြီ-- သောက်ခလေး

အဖေရိုက်တော့မယ်!!

Fuitaဟာ ချော့လိုက်သည်

"Aitaလေး~~ ကြင်ယာတော်က ဝေါယာဉ်လေးနဲ့ အပြင်သွားရတယ်... မြင်းပေါ်က ပြုတ်ကျရင် ဒဏ်ရာရလိမ့်မယ်"

"မရဘူး!!!! မရဘူး!!!! မြင်းစီးမယ်!!! မြင်းစီးမယ်"

Fuitaဟာ အဆူခံရမည်စိုး၍ Aitaအား ရင်ခွင်ထဲ၌ဖက်၍ ဖခင်ဖြစ်သူYima၏ မျက်ထောင်နီနီတို့အား မျက်နှာငယ်လေးဖြင့် မော့ကြည့်သည်

"Papa::::: Aitaလေးကို ကျွန်တော် စောင့်ရှောက်ပါ့မယ်:::::"

အငယ်ကိုဆူပြန်တော့ အကြီးကငိုတော့မည့် မျက်နှာနဲ့ အမြဲရှိ၏

Yimaဟာ သက်ပြင်းချလိုက်သည်

"မင်းတာဝန်နော်.. ကလေးကို မပြုတ်ကျစေနဲ့"

မကြာခင် Aitaဟာ အစ်ကိုဖြစ်သူ၏ ခါးကိုဖက်၍ Fuita၏ မြင်းပေါ်မှ အတူတူ လိုက်လာ၏

"အိမ်တော်နဲ့ နီးလာရင် ဝေါယာဉ်စီးရမယ်နော် Aita~!"

Aitaဟာ အပြုံးပန်းတို့ဝေဆာနေသော မျက်နှာလေးဖြင့် Fuita၏ ခါးကိုဖက်ကာ ပြန်ဖြေသည်

"inm.."

"လုပ်ချင်တာ လုပ်နေရရင် မျက်နှာက ပြုံးဖြီးနေတာပဲ--- Umitaအိမ်တော်မှာ Papaကို မျက်နှာပျက်အောင် မလုပ်ရဘူးနော်~"

"omm...."

ထို့နောင် သားအဖလေးယောက် အခြွေအရံ အရှိန်အဝါများဖြင့် Shiro၏ အိမ်တော်ရှိရာ တောအုပ်ငယ်သို့ ရှေ့ဆက်လာကြ၏

Aitaဟာ တောလမ်းတစ်လျှောက် အစ်ကိုဖြစ်သူ၏ အနောက်မှ အော်ဟစ်ဆူညံနေ၏

"Aitaလေး~~ ကြင်ယာတော်ဆိုတာ အိန္ဒြေလေးနဲ့ နေရတယ်လေ~~"

"ဘာလို့လဲ!!"

"ဆူညံနေရင် ဝေါထဲပြန်ဝင်ခိုင်းမှာမို့!!"

"in--"

ကိုယ်ရံတော်တို့ဟာ Aita ရုတ်တရက် အသံတိတ်သွား၍ ရယ်ကြ၏

မကြာခင် Fuita၏ ဆုံးမသြဝါဒခြွေနေသော အသံဟာ တောအုပ်အတွင်း ပျံ့လွင့်လာ၏

"လူဆိုတာ နေချင်သလို မနေရဘူး... နေသင့်သလို နေရတယ်... ဒါမှလောကကျင့်ဝတ်နဲ့ ညီမျှတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မှာ"

"အစ်ကိုတော်က ဘာလို့ အဲ့ဒါတွေပဲ ထပ်ခါ ထပ်ခါပြောနေတာလဲ... Aita အလွတ်ရနေပြီ"

"တိတ်စမ်း~ ငါအဲ့လောက်ပြောတာတောင် မင်းနားထောင်လို့လား"

"အစ်ကိုတော်က ပြောလွန်းလို့ Aitaက နားရည်ထူနေတာ~~"

"ငါ့စကားကို နားထောင်ဖူးအောင် တစ်ခါလောက် နားထောင်စမ်း"

ပုကျိ ပုကျိဖြင့် ရန်ဖြစ်လာသော ညီအစ်ကိုနှစ်ဦးနှင့်အတူ ရယ်နေကြသော ကိုယ်ရံတော်များဖြင့် Shiro၏ အိမ်တော်သို့ ရောက်ရှိလာကြ၏

×××××

Continue----

© GOD OF DEFULO,
книга «King Sia».
Коментарі