Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-6
"မင်းသားက Aitaလေးကို ဘယ်လိုမှ မနေဘူးလား"

ညဝတ်အကျီလဲနေရင်း မေးလိုက်သော ကြင်ယာတော်XuYi၏ စကားကြောင့် Yimaလှည့်ကြည့်မိသည်

Yima ဟာ ပြန်လည်း သက်ပြင်းချရင်း ပြန်ဖြေလိုက်၏

"မင်းဘာတွေ မျှော်လင့်နေတာလဲ.... မဖြစ်နိုင်တာတွေကို..."

"တကယ်လား... ??"

XuYiဟာ အနားသို့ ပြေးကပ်လာသည်

"မင်းသားက Aitaလေးကို သဘောမကျဘူးလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ~~ Aitaက ကြင်ယာတော်တစ်ယောက်နဲ့ တူနေလို့လား??"

Yima၏ စကားကြောင့် Xuyiဟာ ညှိုးငယ်ာ ညည်းညူး၏

"ဘာလို့လဲ..... Aitaလေးက ဒီလောက်လှတာကို... "

"ကလေးက ငယ်သေးတယ်လေ.. ဘာတွေကျော်တွေးနေတာလဲ~~ Yima "

"သခင်ကြီးက ဖခင်မဟုတ်တဲ့အတိုင်းပဲ.... အိမ်ရှေ့စံမင်းသားက ဆယ့်နှစ် နှစ်တောင်ရှိပြီလေ.... နောင်သုံးနှစ်ဆို လက်ထပ်လို့ရပြီ... "

Yimaဟာ မင်းသား၏ Aitaအား ကြင်ယာဖက်လုပ်ခိုင်းရန် အမိန့်ပေးကတည်းက တော်ဝင်ကြင်ယာတော်ကြီး နေရာအား မျော်လင့်လို့မရတော့မှန်း ကြိုသိခဲ့၏

"Aitaလေးအတွက် နေရာမရှိဘူး ထင်ပါရဲ့.... အများကြီး မျော်လင့်မနေပါနဲ့ XuYi..."

မိမိတို့သည် Defulo၌ အာဏာ ဂုဏ်ဒြပ်နှင့် စည်းစိမ် ချမ်းသာတို့ အပြည့်ဝဆုံး အိမ်တော်ဖြစ်သည်

ဂုဏ်ကြီးမျိုးကြီးနှင့် မာနကြီးမျိုးရိုးကြီးဖြစ်သည့်အလျောက် Aitaလေးအား ကြင်ယာတော်ကြီးဖြစ်စေရန်လည်း မျော်မှန်းခဲ့မိ၏

သန့်စင်မှုကို အလေးပေးသော အသိုင်းအဝိုင်းကြား၌ ကံမကောင်းစွာ သုံးမျိုးစပ် သန္ဓေသားလေး ဖြစ်နေသည့်အတွက် ကလေးအတွက် Yima စိတ်မကောင်းဖြစ်ရ၏

XuYiဟာ ရုတ်တရက် ကုတင်ပေါ်သို့ ကျောပေးထိုင်၍ နာကျင်စရာစကားကို ဆိုလိုက်သည်

"ဟိုတစ်နေ့က စာသင်ဆောင်မှာ ရှင့်အစ်ကိုရဲ့ သားငယ်က Aitaလေးကို သူနဲ့အတူတူ မဆော့ခိုင်းဘူးလို့ Aitaလေးက ပြောတယ်..."

Yima လုပ်လတ်စတို့ ရပ်တန့်သွားမိသည်

Xuyiဟာ သူ၏ ပင်ကိုအကျင့်အတိုင်း မကျေမခဲဖြစ်နေ၏

"..... ဆွေမျိုးအချင်းချင်း အဲ့လောက်တောင် ခွဲခြားစရာလိုလို့လား.... ကလေးကအစ ဇီဇာကြောင်လွန်းတယ်"

မိမိ၏ ကြင်ယာတော် XuYiဟာ စိတ်ဓာတ်ပြင်းပြသူဖြစ်၏

XuYi ဂုဏ်သရေကြီးမျိုး ဖြစ်သည့်အလျောက် ကြင်ယာတော်ဟုသာဆိုသည် သူနေချင်သလိုသာနေ၏

လှပမှုတွေလည်း ပြည့်စုံပြီး စိတ်မထင်ရင် မထင်သလိုလည်း ဘာကိုမှလည်း အဖက်မလုပ်ပေ

စကားပြောလျှင်လည်း စိတ်ထဲရှိသလိုသာ ဘောက်စက်စက်ရှိလှ၏

တစ်ခါ တစ်ခါ လက်ကလည်း ပါလိုက်သေးသည်

ထူးချွန်ထက်မြတ်သော ကြင်ယာတော်ဖြစ်သည့်အလျောက် Yima၏ စီးပွားရေးမှန်သမျှအား XuYiက သူ့ဟာ သူဦးဆောင်ပြီး Yima၏ YamaToဆွေမျိုးများနှင့် ဆက်ဆံရေးကြဲ၏

××××

Yimaဟာ စိတ်ကောက်နေပြန်သော Xuyiအား အဝေးကနေလှမ်း၍ ဖြစ်သလိုသာ ချော့လိုက်သည်

"ကိုယ် မနက်ကျမှ သွားပြောလိုက်ပါ့မယ်... စိတ်ထဲမထားပါနဲ့.... ကလေးအချင်းချင်း ရန်ဖြစ်လိုက် ပြန်တည့်လိုက် နေမှာပေါ့"

"ကလေးအချင်းချင်း ဟုတ်ပါ့မလား.... အနောက်က လူကြီးတွေလည်း ပါချင်ပါမှာပေါ့... မခေါ်ချင် မခေါ်နဲ့လို့ ပြောခဲ့လိုက်.... အဲ့ဒါပိုကောင်းတယ်"

".XuYi,,,!!"

XuYiဟာ ဆက်ခနဲ ကုတင်ပေါ်မှထကာ အခန်းပြင်သို့ ထွက်သွားသည်

Yimaဟာ သက်ပြင်းချမိပြန်သည်

သက်ပြင်းများ အခါခါချရလွန်းလို့ ရှည်ရမည့် အသက်များပင် တိုနေလောက်ပြီ ထင်ပါရဲ့

Aita၏ သုံးမျိုးစပ် သန္ဓေသားဖြစ်ရခြင်းက မိသားစုအား ဆွေသဟာများနှင့် ပိုမို၍ ခြားနားသွားစေ၏

×××××

XuYiဟာ Aita၏ အခန်းထဲသို့ ပုံမှန် အိပ်ခါနီး မပျက်မကွက် တစ်ခေါက်လာကြည့်လေ့ရှိသည်

အကြောင်းမှာ Aitaသည် ဖခင်ငယ်မှလွဲ၍ အိမ်သားမည်သူနဲ့မှ ရင်းရင်းနှီးနှီး ပူးကပ်စွာ နေခွင့်မရှိသောကြောင့်ဖြစ်သည်

သုံးမျိုးစပ် သန္ဓေသားဖြစ်သည့်အလျောက် ကာမဂုံခံစားတတ်သည့် စိတ်သည် လွန်စွာများပြားပြီး အလွယ်တကူ မွေ့လျော်တတ်သည်ဟု ယူဆထားသောကြောင့် သုံးမျိုးစပ် ကလေးငယ်များအား ပြုစုစောင့်ရှောက်ရသည့် ပုံစံသည် အခြားသာမန်ကလေးများနှင့် အနည်းငယ်ကွာဟ၏

စည်းကမ်းကြီးသည့် YamaTo အိမ်တော် ဖြစ်သည့်အလျောက် Aitaသည် သုံးမျိုးစပ် သန္ဓေသားဖြစ်သည့်အတွက် ဖခင်ကြီး Yima၏ ရင်ငွေ့ကိုပင် ခိုလှုံအိပ်စက်ခွင့် မပေးပေ

ဖခင်ပင်ဖြစ်သော်ငြားလည်း သုံးမျိုးစပ်သန္ဓေ၏ မသိစိတ်က မသင့်လျော်သော ပုံစံဖြင့် ဖခင်အပေါ် သာယာတတ်သည်ဟု ဆိုသောကြောင့် ဖြစ်၏

နောက်တစ်ခုက Aitaသည် သန္ဓေဖြစ်တည်စဉ်က Yimaသခင်ကြီး၏ သွေးနီဥထက် ဘုရင်၏ သွေးနီဥကို ပိုမိုများပြားစွာ စားသုံးခဲ့သောကြောင့် Aitaသည် Yimaသခင်ကြီးနှင့် သူစိမ်းကဲ့သို့ဖြစ်နေ၏

အကယ်၍ XuYiသည် Aitaအား Yimaမပါဝင်ဘဲ ဘုရင်နဲ့သာ သွေးစပ်ခွင့်ရခဲ့မည်ဆိုလျှင် Yima၏ သွေးတို့သည် Aitaဖြစ်တည်လာဖို့ လိုတောင် လိုအပ်ပါ့မလားဟုပင် ထင်ရသည်

ဖခင်ငယ် XuYi၏ ဘုရင်အပါး၌ ဂုဏ်သရေရှိစွာ တော်ဝင်မျိုးနွယ်အဖြစ် နေထိုင်ရသည့် ဘဝကို နှစ်ခြိုက်သဘောကျတတ်ခြင်းက အလွန်အကျူးဖြစ်နေမှန်း သိသာလှ၏

XuYi၏ မသိစိတ်က တော်ဝင်ကြင်ယာတော်ကြီး၏ အာဏာဂုဏ်တို့ကို မျှော်လင့်တောင်းတခဲ့ခြင်းသည် အမှတ်မထင် ဒုတိယသန္ဓေသားငယ် Aitaလေးအား သက်ရောက်စေခဲ့၏

XuYiဟာ ဖြစ်ခွင့်မရသော တော်ဝင်ကြင်ယာတော်နေရာအား သားငယ်လေးကို ဖြစ်စေချင်နေပုံပင်

ထိုကိစ္စကြောင့် Yimaဟာ သက်ပြင်းချမိပြန်၏

မင်းသားကမှ သဘောမကျလျှင် ထိုနေရာက ကိုယ့်အတွက် အလကား မျော်လင့်ချက်ဖြစ်၏

XuYiအား ငယ်ငယ်ကတည်းကရှိလာခဲ့သော ထိုမျော်လင့်ချက်ကို ယခုတော့လုံးဝ ဖျောက်ဖျက်စေချင်ပြီဟု Yima တွေးနေမိသည်

"ခက်လိုက်တာ... XuYi နှယ်... အခုချိန်ထိ ..."

×××××

XuYi Aita၏ အခန်းထဲသို့ဝင်လာသောအခါ Fuitaအား Aitaနှင့် အတူ ရှိနေသည်ကို တွေ့ရသည်

Fuitaဟာ Aitaအား ရင်ခွင်ထဲ၌ ပိုက်၍ မိုးအေးအေးဖြင့် မီးလှုံရင်း စောင်ထဲကွေးနေသည်

Aitaဟာ သူ့အစ်ကို၏ ရင်ခွင်ထဲ၌ ခွေခွေလေး အိပ်နေ၏

XuYi ထိုမြင်ကွင်းကြောင့် လန့်သွားကာ Fuitaအား ခပ်တိုးတိုး ဆူလိုက်သည်

"ar---!"
"Fuita~~ ဘာလုပ်နေတာလဲ!!"

"on--!"

Fuitaဟာ လှည့်ကြည့်သည်

"Papa~~!!"

"ကလေးကို စည်းကမ်းဖျက်နေတာလား Fuita!!"

Fuita ဟာ Aitaအား ရင်ခွင်ထဲမှ အသာထုတ်၍ ကပြာကယာ အိပ်ယာမှ ထလိုက်သည်

"Aitaလေးက ချမ်းတယ်ဆိုပြီး ဖက်ခိုင်းထားလို့ပါ~~"

"အဲ့ဒါနဲ့ပဲ ကလေးကို အိပ်ပျော်တဲ့အထိ ဖက်ထားပေးရလား... သွားတော့... အပြင်ကို !!"

"ဟုတ်ကဲ့~~"

Fuitaဟာ ညီငယ်အား အိပ်ပျော်သည့်အထိ ဖက်ထားပေးခဲ့သဖြင့် အဆူခံရ၍ ခပ်သွက်သွက် အခန်းပြင်သို့ ပြေးထွက်သွားသည်

Aitaဟာ အိပ်ချင်မူးတူးဖြင့် ငုတ်တုတ်ထထိုင်သည်

ထို့နောက် သူ့အစ်ကို အပြင်ထွက်သွားသောအခါ အော်ငို၏

"arrrrrr~~~~~~"

"အယ်~~~ မငိုနဲ့~~~ မငိုနဲ့~~ Papaနဲ့ အိပ်မယ်လေ~~"

အဖျားကြောင့် အိပ်ခါနီး တစ်အိမ်လုံးပတ်ပြီး ဂျီတိုက်နေသော Aitaလေးအား XuYiဟာ ရင်ခွင်ထဲသို့ ပိုက်၍ ပြန်လှဲအိပ်လိုက်၏

မကြာခင် Aitaဟာ အငိုတိတ်သွားသည်

×××××

မနက်မိုးလင်းသော် အိမ်ထိန်းကြီးက Aitaအတွက် ကြက်စွပ်ပြုတ်ရည်နှင့် နို့ဆန်ပြုတ် စီမံပေး၏

Aitaဟာ ဘဲကင်မစားရသဖြင့် ထမင်းဝိုင်း၌ ဖခင်ငယ်နှင့် ရန်ဖြစ်ကာ ဆူညံနေသည်

Aitaဟာ စကားနားမထောင်ဘဲ စားပွဲအလယ်ရှိ ဘဲကင်ကြီးအား လှမ်းဆွဲ၏

Xuyiဟာ လျင်မြန်စွာ ဘဲကင်ပန်းကန်ကြီးအား ဆက်ခနဲ ပြန်ဆွဲလိုက်သည်

Aitaဟာ သူစားမည့်ဟာကို ယူသွားသဖြင့် အော်လိုက်၏

"ဘဲကင်စားမယ် နို့ဆန်ပြုတ်မုန်းနေပြီ!!"

"မစားရဘူး... Aita မဆိုးစမ်းနဲ့... ဖျားနေတယ်လေ... အားရှိအောင် နွားနို့များများသောက်ရမှာပေါ့ !!"

"Aita အားရှိတယ်... နွားနို့သောက်စရာ မလိုတော့ဘူး.... ဆေးလည်း မသောက်တော့ဘူး... ခါးတယ်!!"

"တိတ်စမ်း Aita~~ Papa ဒေါသထွက်လာပြီ~~ လိမ်လိမ်မာမာနေစမ်း"

"Papaက Aitaမကြိုက်တာတော့ပဲ လုပ်ခိုင်းနေတာလေ!!!!"

"လုပ်သင့်လို့ လုပ်ခိုင်းတာပေါ့)))... မင်းကို ငါ စောစောစီးစီး ရိုက်ရမလား"

Aitaဟာ ဖခင်အား စေ့စေ့ကြည့်ပြီး ရုတ်တရက် ငြိမ်သွားသည်

ထို့နောက် အိမ်အနောက်ဖက်သို့ ပြေးဝင်သွား၏

မကြာခင် အိမ်စေများ၏ အော်သံကြားရ၏

"သခင်လေး~~~ အဲ့လို မလုပ်ရပါဘူး~~)))"

ကြင်ယာတော် XuYi ကမန်းကတန်း ပြေးဝင်လာ၏

Aitaဟာ ဟင်းအိုးများအတွင်းသို့ ဆားများ ဆုတ်ကာ ဆုတ်ကာ အားရပါးရထည့်နေသည်

"Aita)))))"

Aitaဟာ တစ်လောကလုံး ပွပြဲညစ်ပတ်သည့်မထိ ဆားများပက်နေသည်

"Aita))))))"

XuYiဟာ Aitaအား ဆောင့်ဆွဲ၍ မျက်နှာအားရိုက်ရန်ပြုသည်

Fuitaဟာ Aitaအား ဆွဲဖက်၍ ကြားထဲမှ အရိုက်ခံလိုက်၏

XuYiဟာ နုနယ်သော လက်ချောင်းလေးများအား ဆုပ်ကာ Fuita၏ ကျောပြင်အား ထုရိုက်၏

"arrr~~ ခွေးကောင်လေး!!"

Fuitaဟာ Aitaအား ရင်ခွင်ထဲပိုက်၍ ကြမ်းပြင်၍ ဝပ်နေသည်

ဒေါသထွက်နေသော XuYiဟာ နံရံရှိ ဇွန်းခွက်ကြီးအားယူကာ တစ်ဖောင်းဖောင်းမြည်အောင် Fuitaအား ရိုက်ပစ်လိုက်၏

"အခုချက်ချင်း ငါ့ရှေ့ကဖယ်စမ်း!!!!!!"

ထိုစဉ် သခင်ကြီး Yima ပြေးလာပြီး Fuitaအား ရိုက်နှက်နေသော XuYiအား ဆွဲလိုက်သည်

"XuYi.... စိတ်ကိုလျော့စမ်း!!... ကလေးကို မရိုက်နဲ့တော့"

XuYiဟာ ဒေါသတကြီး Aitaအား ကြိမ်းမောင်း၏

"ငါ့ကို သက်သက် ရန်စတာ Aita.... မင်းကို စကားနားထောင်အောင် နာနာရိုက်ရမယ်!!!"

ဖအေကြီး ရောက်လာသောအခါ Aitaဟာ Fuitaရင်ခွင်ထဲမှ အော်ငိုပြသည်

"rrrrr~~~~ Papa~~"

Yimaဟာ Aitaအား ပြာယာခတ်စွာ ကောက်ချီပြီး ရင်ခွင်ထဲ၌ စိုးရိမ်စွာ ချော့မြူလိုက်၏

"ဘယ်နား နာသွားသေးလဲ~~ Papa Xuyiက တအားရိုက်တာလား"

Aitaဟာ မျက်ရည်များဖြင့် ခေါင်းငြိမ့်ပြသည်

Yimaဟာ ဖျားနာနေသော သားငယ်လေး ငိုနေသဖြင့် လန့်ဖျား ဖျားမည်စိုး၍ ပြာယာနေရှာ၏

"ဘာမှ မဖြစ်ဘူး~~ Papa ရှိတယ်~~ Papaက ကာကွယ်ပေးမယ်"

ထို့နောက် Yimaဟာ Aitaအား ယုယုယယ ရင်ခွင်၌ ပိုက်၍ အိမ်ထဲသို့ ပြန်ဝင်သွား၏

Fuitaဟာ အရိုက်ခံရသော နာကျင်မှုဖြင့် ရှုံ့မဲ့ ရှုံ့မဲ့ ဖြစ်ကာ ဖခင်အနောက်မှ ကုပ်ချောင်း ကုပ်ချောင်း လိုက်သွားသည်

Yima တစ်ဖက်ပြန်လှည့်သွားသောအခါ Aitaဟာ XuYiအား လျှာထုတ်ပြ၏

ထို့နောက် ပြန်ငိုသည်

"rrr~~~~"

XuYiဟာ Aitaလုပ်ပြနေပုံကြောင့် ဒေါသတို့ထွက်နေ၏

ဖအေကို မလေးမစား လုပ်နေသော သောက်ခလေး--- အဲ့ဒီလို လူလည်ကျတတ်သည့် ကလေးမျိုး XuYi တစ်ခါမှ မမြင်ဖူးပေ

ငါ ဘယ်လို မွေးခဲ့မိလို့များ ဒီလိုထွက်လာတာပါလိမ့်---

သေချာတာကတော့ အရွယ်မရောက်ခင် အပိုးကျိုးအောင် သခင်ကြီးလစ်မှ Aitaအား နာနာထုထားရမည်ဖြစ်သည်

အိမ်စေများဟာ တစ်ကြိမ်မျှ မတည့်ကြသော သားအဖနှစ်ယောက်အား ကြည့်ကာ ခွိခွီ ခွီဖြင့် ခိုးရယ်ကြ၏

သခင်လေး Aitaဟာ သူ့အပြစ်ကို ဖခင်ငယ်၏ အပြစ်ဖြစ်အောင်လုပ်သည့်နေရာ၌ ထူးချွန်၏

Yimaဟာ Aitaအား ချီပြီး လမ်းလျှောက်နေရင်း ခပ်လှမ်းလှမ်းရောက်သောအခါ Xuyiအား ဒေါသတပြီး ပြန်လှည့် ကြိမ်း၏

"မင်း အခုချက်ချင်း အခန်းထဲလာခဲ့စမ်း XuYi!!!"

XuYiဟာ ဂရုမစိုက်သလို အကြည့်မျိုးဖြင့် Yimaအား မျက်စောင်းထိုးပစ်လိုက်၏

Aitaဟာ ပို၍ ငို၏

"rrrrr~~~~"

"omm~~ တိတ်~~ တိတ်~~~ Papaက Aitaလေးကို ကာကွယ်ပေးမယ်~~~"

သခင်ကြီး Yimaဟာ Aitaအား ချော့မြူရင်း XuYiအား ပြန်အော်လိုက်၏

"XuYi)))))"

"ဘာလဲ))))))))"

"အခုချက်ချင်း ငါ့နောက်လိုက်ခဲ့လို့ ပြောနေတယ်မလား))))))"

XuYiဟာ မျက်နှာတို့ ရှုံ့မဲ့သွား၏

XuYiဟာ လက်ထဲက ဇွန်းခွက်ကြီးအား အသံမြည်အောင် ကြမ်းပြင်ပေါ်သို့ ပစ်ချပြီး ခြေဆောင့်ကာ Yimaအနောက်သို့ လိုက်သွား၏

မကြာခင် မိမိဟာ နေမကောင်းသည့် ကလေးကိုရိုက်မိလို့ အဆူခံရတော့မည်ဖြစ်သည်

×××××

Continue----

~~~~~~~~~~

Zawgyi code:





"တကယ်လား... ??"
























××××




".XuYi,,,!!"





×××××















×××××





"ar---!"
"Fuita~~ ဘာလုပ်နေတာလဲ!!"

"on--!"


"Papa~~!!"





"ဟုတ်ကဲ့~~"




"arrrrrr~~~~~~"




×××××


















"Aita)))))"


"Aita))))))"




"arrr~~ ခွေးကောင်လေး!!"









"rrrrr~~~~ Papa~~"









ထို့နောက် ပြန်ငိုသည်

"rrr~~~~"










Aitaဟာ ပို၍ ငို၏

"rrrrr~~~~"



"XuYi)))))"

"ဘာလဲ))))))))"





×××××

Continue----

© GOD OF DEFULO,
книга «King Sia».
Коментарі