Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-8
Unicode

ခပ်ငယ်ငယ် အရွယ်ရောက် သတို့သားတစ်ဦးဟာ အတွင်းဆောင်၏ အထဲ၌ သက်တောင့်သက်သာ ခပ်လျော ထိုင်နေသည်

အနား၌ စာအုပ်စင်များ အထပ်လိုက်ရှိပြီး ပွနေသော စာအုပ်များလည်း အထပ်လိုက်ရှိ၏

ရင်ဘက်လှစ်ဟာထားသော ခပ်ပါးပါး ဝတ်ရုံလွှာနှင့်အတူ ဒူးတစ်ဖက်ထောင်ကာ ခေါင်းအုံးပေါ် လက်တစ်ဖက်ထောက်မှီ၍ စာအုပ်တစ်အုပ်ကြည့်နေသည်

ခေါင်းပေါ်ရှိယောင်ထုံးနှင့်အတူရှိသော ထိုအမျိုးသားငယ်ဟာ ကြည့်ကောင်းသော ပုံသဏ္ဍာန်ရှိ၏

Siaဟာ ရုတ်တရက် ပတ်ဝနိးကျင်ရှိ မူမမှန်မှုတစ်ခုအား သတိထားလိုက်မိသည်

Siaဟာ အသံလှမ်းပေးလိုက်သည်

"ဘယ်သူလဲ~~"

အထိန်းတော် Bochiဟာ အပြင်မှ လှမ်း၍ ချောင်းကြည့်နေသော Aitaအား ဖမ်း၍ခေါ်လာသည်

ထို့နောက် မီးခဲများပြည့်နေသော ဖိုကြီး၏ မနီးမဝေး၌ တွန်းဖိလိုက်သည်

Aitaဟာ ပုံပျက်ပန်းပျက် ပစ်လဲသွား၏

Aitaဟာ မိမိအား တွန်းလဲသည့် Bochiအား မကျေနပ်စွာ ဆက်ခနဲ ပြန်လှည့်ကြည့်သည်

Bochiဟာ ဂရုမစိုက်စွာ ကိုယ်အမူအယာကို မပျက်ယွင်စေဘဲ တည်ငြိမ်စွာဖြင့် လျှောက်တင်သည်

"မင်းသား... ချောင်းကြည့်နေသူပါ~"

Aitaဟာ ပြန်ထထိုင်ပြီး ဟိုကြည့်ဒီကြည့် ပြန်ကြည့်သည်

အခန်းထဲ၌ တစ်ဖက်ရှိ Siaအား အပျင်းပြေစေရန် ကာမဖျော်ဖြေမှုပေးနေသော တော်ဝင်လိင်လုပ်သားလေးများသည် Aitaအား မျက်လုံးလေးပြူး၍ လှမ်းကြည့်နေကြသည်

Aitaဟာလည်း ထိုလူငယ်လေး ခုနှစ်ယောက်အုပ်စု၏ ထိုအဝတ်မပါသောအသွင်ကို မျက်လုံးပြူး မျက်ဆံပြူး ပြန်ကြည့်နေသည်

"သူ.. သူတို့က အကျီလည်း မပါဘူး.."

Siaဟာ လိင်လုပ်သားများ၏ ကိုယ်ဗလာအသွင်ကို ကြောက်ရွံ့သွားသော Aitaအား လှောင်းစင်ပေါ်မှ ပြုံး၍ ကြည့်သည်

Yamato အိမ်တော်မှ ခန္ဓာကိုယ် ခပ်ထွားထွားနှင့် ခုနှစ်နှစ်သားလေး မိမိ၏ လျှို့ဝှက်ဆောင်တော်တွင်းသို့ ရောက်လာပါလား....

ထိုအဆောင်သည် အိမ်ရှေ့မင်းသား၏ လိင်မှုကိစ္စအဝ ဝကို သင့်တင့်စွာရှိစေရန် ထိန်းညှိသင်ကြားပေးသည့် နေရာဖြစ်သည်

Siaဟာ မကြာခင် ဆယ့်ငါးနှစ်ပြည့်တော့မည်ဖြစ်သည့်အတွက် ကြင်ယာတော်နှင့်အတူနေထိုင်တတ်စေရန်... လိင်လုပ်သားများနှင့် ပျော်တတ်ပါးတတ်စေရန်.... မျိုးဆက်မပြတ်စေရန် စနစ်တကျ ပြင်ဆင်နေရသည့် ညစ်ညမ်းမှုများပြည့်နေသော အဆောင်ဖြစ်သည်

နံရံများ၌ ကိုယ်ဗလာ လူပုံများရှိပြီး စာအုပ်စင်ပေါ်တွင် အပြာစာအုပ်များ အပြည့်ဖြစ်သည်

ခွင့်ပြုသူမှအပ မည်သူမှ မဝင်ရပေ....

Siaဟာ Aitaဝင်လာ၍ ကြမ်းပြင်နှင့် စင်မြင့်ထက်ရှိ လိင်လုပ်သားများကို လက်ပြလိုက်သောအခါ ထိုလူငယ်များဟာ အကျီပါးလေးများ ခြုံလွှား၍ အပြင်သို့ ထွက်သွားကြသည်

Siaဟာ ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်၍ ဟိုကြည့်ဒီကြည့် ငေးနေသော Aitaအား လှမ်းခေါ်သည်

"Aita~~"

Aitaဟာ Siaအား လှည့်ကြည့်သည်

Siaဟာ အကျီအား လုံခြုံအောင်ဖုံးအုပ်ရင်း သူ၏အနား၌ လာထိုင်ရန် အိပ်ယာခင်းအား လက်လေးနဲ့ ပုတ်ပြသည်

Aitaဟာ မိမိအား ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်လာသည့် အထိန်းတော် Bochiအား လှည့်ကြည့်ကာ Siaထံသို့ ပြေး၏

ထို့နောက် Sia၏အနားကပ်ကာ ထိုင်လိုက်သည်

Siaဟာ Bochiအား လှမ်းပြောသည်

"သူက ကလေးပဲရှိသေးတယ်... ထားလိုက်ပါ..."

"ဟုတ်ကဲ့ပါ ... မင်းသား"

မကြာခင် စင်မြင့်ပေါ်သို့ တူရိယာတီးခတ်သော လူငယ်များ တတ်လာပြီး သာယာငြိမ့်ညောင်းစွာ တီးမှုတ်ကြသည်

လှပသော လူငယ်တစ်ဦးက လှပသော အဝတ်အစားလေးများ အပြည့်ဆင်ယင်ကာ လိပ်ပြာလေးသဖွယ် ပျော့ပြောင်းစွာ ကပြသည်

ထိုအကသမားလေးသည် တော်ဝင်လုပ်သားငယ် michiဖြစ်၏

Michiဟာ Siaနန်းတတ်လျှင် တော်ဝင်လိင်လုပ်သားဖြစ်လာမည့်သူများမှ တစ်ဦးဖြစ်သည်

တော်ဝင်လိင်လုပ်သားဆိုသည်မှာ တစ်နည်းအားဖြင့် ဘုရင်၏ ခြေတော်တင်အလှလေးများဖြစ်၏

မြင့်မြတ်သော ဘုရင်ဟာ သန့်စင်သော အိနြေ္ဒတို့ဖြင့်နေထိုင်ရသည့်အတွက် တစ်ခါတစ်ရံ အပျော်အပါးလိုက်စားခြင်းပြုဖို့ရာ သန့်စင်သော ထိုလုပ်သားများအား သီးသန့်စီစဉ်ပေးထားခြင်းဖြစ်၏

နန်းတွင်းရှိ ကြင်ယာတော်မရှိသေးသော အမှုထမ်းများနှင့် ဧည့်သည်တော်များကို အပမ်းပြေစေရန် ပြုစုပေးရသူများဖြစ်ပြီး ကြင်ယာတော်ကဲ့သို့သော ပရော်ပရီကင်းစွာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်ရသူများဖြစ်သည်

××××

Michi ကပြဖျော်ဖြေနေသည်အားကြည့်နေရာမှ Aitaဟာ Siaအားလှည့်ကြည့်သည်

Siaဟာ Michi၏ အလှအား သဘောကျစွာ ငေးမော၍ကြည့်နေသည်

အကသမားလေးသည် မိမိအပေါ် Sia၏ အပြုံးကို သတိထားမိစွာပင် အိမ်ရှေ့စံ၏ အာရုံစိုက်မှုတို့ ပိုမိုရရှိစေရန် ကြိုးပမ်း၏

သို့သော် အဖျက်သမားလေး Aitaဟာ ထိုအလှအား သိပ်ပြီးစိတ်မဝင်စားစွာ ကြည့်နေရင်း သန်းဝေ၏

Siaလှည့်ကြည့်လိုက်သောအခါ Aitaဟာ သူ့အိမ် သူ့ယာလိုပင် Siaပေါင်အောက်၌ ခုထားသည့် ခေါင်းအုံးအစွန်းလေးပေါ်လှဲအိပ်၍ Michi ကပြသည်ကို ကြည့်သည်

အထိန်းတော်ဟာ အိမ်ရှေ့စံ၏ အိပ်ယာပေါ်သို့ တတ်အိပ်နေသော Aita၏ အပြုအမူကြောင့် မျက်လုံးပြူးနေသည်

Aitaဟာ အိပ်တော့ဘာဖြစ်လဲဟူသော အကြည့်စူးစူးတို့ဖြင့် အထိန်းတော်အား ပြန်လည်စိုက်ကြည့်သည်

Siaဟာ Aita၏ အပြုအမူကြောင့် ရယ်သည်

Bochiဟာ Aitaအား ဤသို့မပြုမူရန်တားမြစ်ဖို့ ကြံရွယ်လိုက်သော်လည်း Siaဟာ မသိမသာပင် တားမြစ်လိုက်၏

Sia၏ ရွှင်လန်းသော အကြည့်တို့ဟာ လှပသော အကသည်များထံ၌ မရှိတော့ဘဲ မိမိ၏ အိပ်ယာပေါ်၌ လွတ်လွတ်လပ်လပ်လဲလှောင်း၍ တီးမှုတ်ကခုန်ခြင်းအား ရှုစားနေသော Aita၏ မျက်ဝန်းဝိုင်းဝိုင်းလေးများ၌ စုပုံနေသည်

Aitaဟာ Siaအား ရိုသေရန် အာရုံမရှိသည့်အပြင် Siaအနား၌ရှိသော စားစရာများကိုလည်း မျက်စောင်းထိုးပြန်၏

Aitaဟာ အိပ်လျက်ပင် စားပွဲပေါ်ရှိ ပန်းသီးအား မျက်လုံးလှန်ကြည့်ကာ လက်ညိုးလေးဖြင့် ထိုးပြ၍ Siaအားပြောလိုက်သည်

"စားချင်တယ်~~!"

Siaဟာ စားပွဲပေါ်ရှိ အသီးအား လှမ်းယူပေးရန်ပြုသောအခါ Aitaဟာ ထပ်ပြောသည်

"အနီမဟုတ်ဘူး အစိမ်း~~!!"

ထိုအခါ Siaဟာ Aitaအား ပြန်လှည့်ကြည့်၏

"အစိမ်းပဲစားမယ်... Aita အနီမကြိုက်ဘူး~"

Aita၏ အပြုအမူရိုင်းတို့ကြောင့် အထိန်းတော်နှင့် တူရိယာ သဘင်သည်လေးများဟာ မျက်လုံးပြူးနေသည်

သို့သော် Siaဟာ အစိမ်းလုံးအား သေသေချာချာ ရွေးယူ၍ Aita၏ လက်ထဲသို့ ထည့်ပေးလိုက်သည်

Aitaဟာ ပန်းသီးကိုင်ထားသော Siaလက်အား ပြန်၍ တွန်းပေးပြန်သည်

"အခွံခွာပေးဦး~~"

အိမ်ရှေ့စံမင်းသားအား ရိုသေမှုမပေးဘဲ အိပ်ယာပေါ်တတ်အိပ်ပြီး ဟိုခိုင်းလိုက် ဒီခိုင်းလိုက် ပြုနေသော Aitaကြောင့် တီးမှုတ်ဖျော်ဖြေသူလေးများဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ထိတ်လန့်စွာ မျက်လုံးကစားနေကြသည်

ဒိုးးခပဲ---
ဒီကလေးကတော့ အလုပ်ခံရတော့မည်---

Siaဟာ အနားရှိ ဓားပြားလေးအားယူ၍ ပန်းသီးအား အခွံခွာပေးသည်

ထို့နောက် နောက်တစ်မျိုး ထပ်မခိုင်းခင် အဆင့်သင့်ပင် တစ်ခါတည်း အစိတ်လေးများ စိတ်ကာ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏

Siaဟာ ပက်လက်လှန်၍ သခင်လုပ်နေသော Aitaအား ပြန်မေးလိုက်သည်

"ဝါးးးးးပြီး ကျွေးရဦးမလား~~~"

Aitaဟာ ခေါင်းခါပြလိုက်သည်

"inm~~~ mmm~~~ မလိုဘူး~~~ ကိုယ့်ဘာသာဝါးမယ်"

"omm~~ omm~~ ဝါးစားတတ်သေးတယ်ပေါ့"

"ဟိုဟာ ဘဲကင်မလား... ဘဲကင်လည်းစားချင်တယ်~~ ဟိုဟာကရော??... ဘာလေးလဲ~~ အဲ့ဒါလည်း စားချင်တယ်~~"

အိပ်ရာကမထဘဲ ဟိုဟာစားမယ် ဒီဟာစားမယ်အော်ကာ Aitaဟာ လက်ညိုးတစ်ချောင်း ကိုယ်တော်လုပ်နေ၏

Siaဟာ စားပွဲပေါ်မှ တစ်ခုပြီး တစ်ခုလှမ်းယူ၍ Aitaအား စိတ်ရှည်လက်ရှည် ခွံ့ကျွေးနေသည်

စားလိုက် သောက်လိုက် အလှလေးတွေ ကပြတာကြည့်လိုက်ဖြင့် သူများအိပ်ယာပေါ်၌ စည်းစိမ်ခံစားပြီးသောအခါ Aitaဟာ ခူးခူးခေါခေါ အိပ်လေသည်

×××××

Fuitaဟာ စာသင်ဆောင်၌ ပြဿနာတုံး ညီငယ်ပျောက်၍ ပြာကလောင်ခတ်နေ၏

Aita၏ အတန်းထဲမှ ကလေးများ မရှိကြတော့ပါ

Aitaဟာ ထွက်မလာသေးပေ

အတန်းထဲဝင်ကြည့်သော် Aitaလည်း မရှိတော့ပေ

"ဒီကလေး... ဘယ်သွားပြန်ပြီလဲ!!"

Fuitaဟာ စာသင်ဆောင်ထဲမှ ကမူးကရူးဖြင့် Aitaအားရှာရန် ပြေးထွက်လာသည်

"မြေပုံမကြည့်တတ်ဘဲ မျက်စိလည်နေရင် ဒုက္ခပဲ!!"

ထိုစဉ် အိမ်ရှေ့စံမင်းသား၏ အထိန်းတော်ဟာ Fuitaထံသို့ ရောက်လာသည်

Fuitaဟာ အထိန်းတော် Bochiအား မြင်သောအခါ မတ်တပ်လေး ရပ်၍ အရိုအသေပေး၏

"ar.. ကျွန်တော့်ကို ဘာကိစ္စရှိလို့ပါလဲ"

"Siaမင်းသားက ပျင်းရိတော်မူသည့်အတွက် သခင်လေးကို ရေနွေးကြမ်းအတူသောက်ဖို့ ခေါ်ခိုင်းလိုက်တယ်"

"r... မင်းသားကလား??"

" ဟုတ်ကဲ့"

"နောက်မှ အတူသောက်လို့မရဘူးလား... ကျွန်တော့်ညီပျောက်နေလို့ ရှာချင်လို့ပါ"

"သခင်လေးရဲ့ ညီက ပျောက်မနေပါဘူး.... Siaမင်းသားအဆောင်မှာ ရောက်နေပါတယ်"

"ဟုတ်လား??,,, Aitaလေးက ဘယ်လိုလုပ် မင်းသားဆီရောက်သွားတာလဲ"

"မသိပါဘူး!!.. သခင်လေးရဲ့ ယဉ်ကျေးမှုမရှိတဲ့ ညီငယ်လေးကို အိမ်ပြန်ရောက်ရင် ကောင်းကောင်း သင်ပြပေးလိုက်ပါဦး!!"

"anm..??"

Bochiဟာ Fuitaအား သူပြောချင်ရာပြောပြီး ဆက်ခနဲ လှည့်ထွက်သွား၏

"Yamato အိမ်တော်က အရိုင်းတုံးလေးတွေလို့မပြောရဘူး.... သခင်ကအစ ယဉ်ကျေးမှုမရှိတတ်လိုက်တာ... "

Fuitaဟာ အထိန်းတော်၏ ပွစိ ပွစိ ရေရွတ်သံကြောင့် စိုးရိမ်သွားသည်

"Aitaလေး ပြဿနာရှာပြန်ပြီးလား မသိဘူး"

Fuitaဟာ စိတ်ညစ်စွာ ကိုယ့်ခေါင်းကိုယ်ထုလိုက်သည်

"အိမ်ရောက်ရင် အဆူခံရတော့မယ် ထင်တယ်!!"

×××××

×××××

Aitaဟာ ညလယ်သို့ရောက်သောအခါ ပြန်နိုးလာသည်

အိပ်ရာမှ နိုးသည်နှင့် ငေါက်ကနဲ ထထိုင်၍ မှောင်ကြီး မဲကြီးထဲ၌ အစ်ကိုဖြစ်သူအား ရှာသည်

"အစ်ကိုတော်~~~~"

"အစ်ကိုတော်ရေ~~~~"

Aitaဟာ အိပ်ချင်မူးတူးဖြင့် မျက်လုံးပွတ်၍ အတွင်းခန်းထဲမှ တံခါးဖွင့်၍ တိုးထွက်လာသည်

Siaအိပ်ဆောင်သို့ တန်းရောက်သွားသည်

Siaဟာ အခန်းအလည်ရှိ ရွှေရောင် ကုတင်ဝိုင်းကြီးပေါ်၌ အိပ်၍နေလေသည်

Aitaဟာ လိုက်ကာနောက်သို့ ဝင်သွားကာ ကုတင်ပေါ်သို့ တတ်လာသည်

Siaအား လှုပ်၍နိုး၏

"in.. nn.."

ခပ်အဲ့အဲ့ ငိုသံကြောင့် Siaဟာ နားပါးစွာ ဆက်ခနဲ နိုးသွားသည်

Siaဟာ အနောက်လှည့်ကြည့်လိုက်သောအခါ Aitaဟာ အနား၌ ငုတ်တုတ်ထိုင်နေသည်

Siaဟာ နုစ်ခြိုက်စွာ အိပ်ပျော်နေရာမှ ချက်ချင်း ပြန်ထလာသည်

"အစ်ကိုတော်ကို ခေါ်ပေး~~"

"anm..??"

Aitaဟာ မျက်ရည်များဝဲကာ ဟိုကြည့် ဒီကြည့် ကြည့်သည်

"ဒါ ဘယ်နေရာကြီးလဲ??"

Aitaဟာ မမြင်ဖူးသည့် နေရာရောက်နေသဖြင့် အော်ငိုလေ၏

"rrrrr~~~ အိမ်ပြန်ချင်တယ်~~~"

×××××

Siaဟာ ညတွင်းချင်းပင် Fuitaအား အခေါ်တော်လွှတ်သည်

"အထိန်းတော်ကြီး~~~"

"ဟုတ်ကဲ့ပါ... မင်းသား~~"

Bochiဟာ အိပ်ဆောင်သို့ ခပ်သွက်သွက် ပြေးဝင်လာသည်

"မင်းသား ဘာအလိုရှိလို့ပါလဲ... အိပ်၍မပျော်ပါဘူးလား"

"Yamatoကို အခုချက်ချင်း Fuitaကို လှမ်းခေါ်လိုက်စမ်း..."

"အယ်... ညဘက်ကြီး ဘာကိစ္စရှိလို့ပါလဲ မင်းသား.. အရေးကြီးလို့လား"

" ကလေးငိုနေပြီ ... မြန်မြန်လုပ် "

"arr... ဟုတ်ကဲ့ပါ မင်းသား"

Aitaအား အိမ်ပြန်ပို့ရန် လုံးဝမတွေးဘဲ အိမ်တော်မှ လူကိုသာ ပြန်ခေါ်တတ်သော Sia....

××××

အထိန်းတော် Bochiဟာ ခပ်သွက်သွက်ပင် နန်းဆောင်ကြီးထဲမှ ပြေးထွက်သွား၏

သို့သော် FuitaဟာSiaအဆောင်တော်ရှေ့၌ မီးအိမ်လေးကိုင်၍ တစ်ဦးတည်း ကြိုတင်၍ရောက်ရှိနေသည်

အထိန်းတော်Bochi အဆောင်တော်မှ ထွက်လာလေသောအခါ Fuitaအား တန်းမြင်လေ၏

"အယ် Yamato သခင်လေး~~"

Fuitaဟာ မြင်းဇက်ကြိုးလေး လက်မှာဆွဲ၍ တစ်ကိုယ်လုံးကိုလည်း အဝတ်နက်ဖြင့် ခေါင်းမြီးခြုံထား၏

ကြည့်ရတာ အိမ်တော်မှ ဖခင်နှင့် အစေခံ မည်သူမှမသိအောင် ခိုးထွက်လာပုံပင်

Fuitaဟာ Bochiအား သွားလေးဖြီး၍ လှမ်းရယ်ပြသည်

"သခင်လေးက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"

Bochiဟာ လှေကားထစ်များအထက်မှ ပြေးဆင်းလာ၏

Fuitaဟာ ပြန်ဖြေလိုက်သည်

"Aitaလေး အဆင်ပြေရဲ့လားလို့ စိုးရိမ်လို့ တစ်ခေါက်လာကြည့်တာ... ဘာမှမဖြစ်ဘူးဆို ပြန်တော့မယ်~!'

Fuitaဟာ မြင်းပေါ်တတ်ရန် ပြင်လိုက်သည်

Bochiဟာ Fuita၏ လက်မောင်းအား လှမ်းဆွဲလိုက်၏

"အယ်.. အယ်... မပြန်နဲ့ဦး..."

×××××

မကြာခင် Aitaဟာ အစ်ကိုဖြစ်သူမျက်နှာအား မြင်သောအခါ Siaအဆောင်ထဲ၌ စိတ်အေးလက်အေး ပြန်အိပ်နေ၏

Siaဟာ ပျားရည်ဖြင့် ပြုလုပ်ထားသော ရေနွေးကြမ်းဖြင့် Fuitaအား တည်ခင်းဧည့်ခံသည်

ထိုညက အဆောင်တော်၌ နှစ်ယောက်အတူ စကားစမြည်ပြောဖြစ်ခဲ့ကြသည်

Fuitaဟာ Siaနှင့် အလွန့် အလွန် နှလုံးသားတွင်းမှ ရင်းနှီးသောသူလည်း မဟုတ်လှပေ....

Shouyuကျွန်နှင့် တော်ဝင်သခင် ဟူသော ဆက်ဆံရေး အနေနဲ့သာ ရင်းနှီးချစ်ကြည်မှုရှိသည်

Souyuအိမ်တော်များနှင့် ဆက်ဆံရေးမပျက်ဆီးစေဖို့ရာ ကျင့်သုံးရသည့် တာဝန်တစ်ခုအဖြစ် မျှမျှတတ ပေါင်းသင်းဆက်ဆံသော အခြေအနေမျိုးဖြစ်၏

"အိမ်က အဖေက Aitaကို မင်းသားခေါ်သွားတယ်ဆိုတော့ ထိတ်လန့်နေတာ ညက တော်တော်နဲ့ မအိပ်ဘူး..."

Fuitaဟာ Siaငှဲ့ပေးသော ရေနွေးကြမ်းကို လက်နှစ်ဖက်ဖြင့် ခံယူသည်

"Aitaလေးက လိမ္မာတဲ့ကလေးမျိုး မဟုတ်တော့ မင်းသားကို စိတ်အနှောက်အယှက် ပေးမိမှာစိုးလို့ပါ"

Siaဟာ Fuita၏ စကားကြောင့် ပြုံးရယ်သည်

ဖအေစိုးရိမ်ချင်လည်း စိုးရိမ်ချင်စရာပါလေ....

Siaဟာ Fuitaအား ရေနွေးငှဲ့ပေးပြီးနောက် ရေနွေးကရားလေး ပြန်လည် နေရာချပြီး ရင်းနှီးစွာစကားပြောသည်

"ဘာရယ်တော့ မဟုတ်ပါဘူး... ညနေက Siaပျင်းနေတာနဲ့ သူ့ကိုခေါ်ထားလိုက်တာပါ... မစိုးရိမ်ပါနဲ့.. "

"ဟုတ်ကဲ့.."

"မနက်ဖြန်ကျရင် သူ့ကို ကိုယ်တော် အိမ်ပြန်ပေးလိုက်ပါ့မယ်"

"ဟုတ်ကဲ့"

မင်းသားအလိုရှိရင် ခေါ်ထားလိုက်ပါဟူသော စကားကို တစ်ခွန်းတောင်မစသော Fuitaအား Siaဟာ ပြန်ပြောသည်

"မောင်မင်း... ကျောင်းမှာ အဆောင်တော်သား ဖြစ်တော့မှာမလား??"

"ဟုတ်ကဲ့..."
"မကြာခင် လက်တွေ့ကွင်းဆင်းရတော့မှာပါ"

"ဘယ်အပိုင်းကို တာဝန်ကျတာလဲ"

"နို့ဖူးပင် စိုက်ပျိုးရေးနဲ့ တောတွင်းသန္ဓေ ဓာတ်ခွဲခန်းပါ"

"တောတွင်းပိုင်းယူမယ့်အစား လူသားသန္ဓေစပ်တဲ့နေရာပဲ ယူလိုက်ပါလား~~ ဉာဏ်ကောင်းရဲ့သားနဲ့"

ထိုအခါ Fuitaဟာ ရယ်သည်

"ကျွန်တော်မျိုးက တောတွင်း အရိုင်းကောင်လေးတွေကိုချစ်လို့ပါ..."

Continue....

~~~~~~~~~

Zawgyi code:







"ဘယ်သူလဲ~~"



















"Aita~~"







"ဟုတ်ကဲ့ပါ ... မင်းသား"








××××













"စားချင်တယ်~~!"


"အနီမဟုတ်ဘူး အစိမ်း~~!!"






"အခွံခွာပေးဦး~~"


ဒိုးးခပဲ---












×××××



Aitaဟာ ထွက်မလာသေးပေ









"r... မင်းသားကလား??"

" ဟုတ်ကဲ့"





"anm..??"







×××××

×××××



"အစ်ကိုတော်~~~~"

"အစ်ကိုတော်ရေ~~~~"





Siaအား လှုပ်၍နိုး၏

"in.. nn.."





"anm..??"


"ဒါ ဘယ်နေရာကြီးလဲ??"



×××××


"အထိန်းတော်ကြီး~~~"

"ဟုတ်ကဲ့ပါ... မင်းသား~~"






"arr... ဟုတ်ကဲ့ပါ မင်းသား"


××××




"အယ် Yamato သခင်လေး~~"










"အယ်.. အယ်... မပြန်နဲ့ဦး..."

×××××














"ဟုတ်ကဲ့.."


"ဟုတ်ကဲ့"



"ဟုတ်ကဲ့..."




ထိုအခါ Fuitaဟာ ရယ်သည်


Continue....

© GOD OF DEFULO,
книга «King Sia».
Коментарі