Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-18
Zawgyi






"Arr!!!"




"ah~~ ah~~~"










"ဘာ... ဘာမှမခိုးဘူး~~"

"လိမ်ပြန်ပြီ"














"arrrrrrrrrrr!!!!!!!"



"ဘာ!"












"ဘာ!"


"anm.. အိမ်တော်မှူး??"



အိမ်တော်မှူး--??


"arr~~~ အိမ်တော်မှူးလား"

×××××








×××××

"ဘာကိစ္စလဲ!!"














"ဟုတ်ကဲ့"







Shouyuအစေခံဟူသည် ပညာအရည်အချင်း ပြုစုစောင့်ရှောက်မှု သစ္စာရှိမှု ရိုးသားမှု စီးပွားရေး စာရင်းအင်း သချာင်္နှင့် သိပံ္ပပေါင်းစပ်မှု ကောင်းကင်ယံအချိန်နာရီ နက္ခကြည့်ရှုခြင်းဟူသည့် ဥပမာအစရှိသော Defulo၏ လောကဝတ် အခြေခံပိုင်းဆိုင်ရာကျင့်တရားအဝဝ ပြည့်ဝတတ်ကျွမ်းမှုနှင့် စောင့်ထိန်းထားသော ကံကြမ္မာပေလွှာသည် ရွှေရောင်အဆင်းဖြစ်နေရမည်







×××××



"ဟုတ်လား!!!"




"မသိဘူး"



"anm.. hk hk မဟုတ်ပါဘူး"







×××××










"ရတနာဘဏ်တိုက်သော့??"







ထိုစဉ်---


"Shoki..? Umita-Shokiလား"

×××××

"XingYi~~"






"XingYi"

"ဟုတ်~~))))"





သခင်လေးက ချောလိုက်တာ---






"anm--"




"inm.."




XingYiဟာ ပြန်ဖြေသည်





သို့သော်....


"Anm.. ဘာလို့လဲ~"





"မေ့နေတာလား XingYi~~"

"anm!! မမေ့ပါဘူး!!"


XingYiဟာ မေးသည်


"ii...mm... ထင်တာပဲ~"



"တကယ်လား~!"




×××××







"anm..."






















"မင်း--"








×××××

Continue.... Monday

×××××

Unicode

XingYiဟာ မနက်ရောက်သော် ဦးလေးဖြစ်သူ Shiro၏ လိင်လုပ်သားဖြစ်သော Haru၏ အခန်းသို့ ရောက်လာသည်

အထဲ၌ Haruထိန်းရသော လုပ်သားအယောက် သုံးဆယ်ဟာ မရှိပေ

အားလုံးဟာ သခင်ကြီးShiro၏ မင်္ဂလာခန်းမအား Makuနှင့်အတူ ပြင်ဆင်နေကြ၏

Makuအား လိင်လုပ်သား အယောက်သုံးဆယ်က ရေချိုးကန်တစ်ခုသို့ ဖမ်းခေါ်လာကြသည်

ထို့နောက် ရေကန်ထဲသို့ ခေါင်းနှစ်လိုက်၏

"Arr!!!"

"သူခိုးကို အပြစ်ပေးရမယ်"

"ဗွမ်း!!!" (ရေထဲမှ ပြန်ဖော်သံ)

အနား၌ လိင်လုပ်သား အကြီး အငယ် အရွယ်စုံ အယောက်သုံးဆယ်ခန့် ဝန်းရံလျက်ရှိနေသည်

"ah~~ ah~~~"

"ငါတို့ အိမ်တော်ကို ခိုးဝင်လာတာ ရိုက်ပစ်"

Haruဟာ Maku၏ မျက်နှာအား ဖောင်းခနဲ ရိုက်ပစ်လိုက်သည်

Makuဟာ နားအုံပူထူ၍ မျက်စိတွေပြာသွားသည်

Makuဟာ လိင်လုပ်သားနှင့် မတူသော လက်သံကြောင့် အံ့သြသွားသည်

"arrr!!နာလိုက်တာ,,, မင်းက သုံးမျိုးစပ်သန္ဓေသားလား..!!!"

Haruဟာ Maku၏ မျက်နှာအား အနီးကပ်ငုံ့ကြည့်ကာ ပြောလိုက်၏

"သုံးမျိုးစပ်သန္ဓေသားမို့ ကျုပ်က လုပ်သားခေါင်းဆောင် ဖြစ်နေတာပေါ့"

Haruဟာ သူ၏ ခေါင်းဆောင်တံဆိပ်ပြားလေးအား Maku၏ မျက်နှာရှေ့သို့ ပြလိုက်၏

"ပြောစမ်း!! အိမ်တော်ထဲကို ဘာခိုးမလို့ ဝင်လာတာလဲ!!"

"ဘာ... ဘာမှမခိုးဘူး~~"

"လိမ်ပြန်ပြီ"

"--Arr- မရိုက်ပါနဲ့!!!!! -- ချမ်းသာတာ မျက်နှာလေးတစ်ခုပဲ ရှိလို့ပါ --- ပျက်စီးသွားလို့မဖြစ်ဘူး"

"arr~~~ မင်းက မျက်နှာတော့ တန်ဖိုးထားသားပဲ..."

Haruဟာ Maku၏ မျက်နှာအား မေးအောက်မှ ကြမ်းတမ်းစွာ ဆွဲမော့လိုက်သည်

"မင်းမျက်နှာက အထက်တန်းစားတွေထက်တောင် နုနယ်နေပါလား... တစ်သက်လုံး အလုပ်ကြမ်းမလုပ်ဘဲ ခိုးစားနေတာနဲ့တူတယ်"

"ငါတို့ သခင်ကြီးက မျက်နှာလှတဲ့သူကို သဘောကျတယ်~~ မင်းက မျက်နှာလှလှလေးဆိုတော့ သူ့အတွက် လိင်လုပ်သား ဘဝပြောင်းပေးလိုက်ရင် ကောင်းမလား"

Makuဟာ ခေါင်းလေးခါပြသည်

"ကျွန်တော်က ကြင်ယာဖက်ပါ... လိင်လုပ်သား လုပ်လို့မရဘူး"

Maku၏ ညာဘက်ပါးသို့ ကပ်၍ လုပ်သားတစ်ဦးက ပြောသည်

"ဘယ်သူပြောလဲ~~ လုပ်လို့မရဘူးလို့~~! ကြင်ယာဖက်လည်း ဖင်ပါရင် ဘုလို့ရတယ်"

နောက်တစ်ယောက်က Maku၏ ဘယ်ဘက်ပါးသို့ ထပ်မံကပ်၍ ပြောသည်

"ဟုတ်တယ်..... ငါတို့ သခင်ကြီးက အင်အားကြီးတော့ မင်းကိုအသာလေး တတ်ဘုလိုက်မှာ... ဟင်းး ဟင်းး ဟင်းး"

သူတို့၏ အသံသည် ကြောက်မက်ဖွယ်ပြည့်နေသည့် လေသံဖြစ်၏

Makuဟာ ဝူးဝူးဝါးဝါး ထအော်လိုက်သည်

"arrrrrrrrrrr!!!!!!!"

Makuဟာ Haruအား ခြေသလုံးလေး ဖက်ထားလိုက်သည်

"မလုပ်ပါနဲ့.... လိင်လုပ်သားမလုပ်ပါရစေနဲ့... ကျွန်တော်ရဲ့ မျိုးဆက်အဆုံးသတ်သွားရင် Defuloအတွက် အကျိုးယုတ်သွားလိမ့်မယ်... ကျွန်တော်က အရမ်းချောတာမို့ ကျွန်တော်ဆီကနေ လူချော လူလှတွေ နောက်ထပ် မွေးဖွားလာရဦးမှာ!!"

"ဘာ!"

Haruဟာ Makuအား ဖောင်းခနဲပိတ်ရိုက်လိုက်သည်

"အခုချိန်မှာ မင်းမျက်ခွက်ကို အမွှန်းတင်နေစရာလား)))))"

Makuဟာ Haru၏ ဒုတိယလက်သီးကြောင့် နှာခေါင်းသွေးအပြည့်ဖြင့် အဝေး၌ လဲနေသည်

"ဟေ့.. နှစ်ချက်ပဲ ရိုက်ရသေးတယ် လဲနေပြီလား"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က အရမ်းနုနယ်တာမို့ ကြမ်းတမ်းတဲ့ ရိုက်ချက်တွေကို မခံနိုင်ဘူး!"

"တိတ်စမ်း... သူခိုးကို မျက်နှာစာဆီပို့ပြီး... အပြစ်ပေးခိုင်းရမယ်"

Makuဟာ ပြန်၍ ကုန်းရုန်းထလာကာ လက်အုပ်လေးချီသည်

"ကျန်တဲ့အပြစ်ပေးပါ! ရိုက်လည်းခံပါ့မယ်... ခိုးရတာ အကျင့်ပါနေလို့ လုပ်မိတာပါ~~ ခွင့်လွှတ်ပေးပါ~~~ နောက်မလုပ်တော့ပါဘူး"

"မယုံဘူးဟေ့... မယုံဘူး... မယုံဘူး..."

"ဟုတ်တယ် မယုံနဲ့... ခွေးမြီးကောက် ကျီတောက်စွပ်"

"အဲ့လိုမလုပ်ပါနဲ့ ယုံပေးကြပါ... ကျွန်တော့်မှာ စွပ်စရာခွေးမြီးလည်းမရှိပါဘူး.... မယုံရင် အကျီလှန်ကြည့်လို့ရပါတယ်... ကျွန်တော်က အစကတည်းက ရိုးသားပြီးသားပါ..."

"ဘာ!"
"မင်းမှာ အမြီးမရှိတာ မင်းပြောမှလား))))))))"

" ကျွန်တော်... အိမ်တော်ထဲကို ရောက်လာတာက အိမ်တော်မှူးတစ်ယောက်က ခေါ်လာလို့ သူနဲ့ ကပ်ပြီးလိုက်လာတာ"

"anm.. အိမ်တော်မှူး??"

"omm... omm.. သူနဲ့ လိုက်လာတာ..."

လိင်လုပ်သားများဟာ ခေတ္တ ငြိမ်သက်သွားကြ၏

အိမ်တော်မှူး--??

Haruဟာ ပြန်လည်၍ ရယ်မောလိုက်သည်

"arr~~~ အိမ်တော်မှူးလား"
"Shouyu အိမ်တော်မှူးတွေပေါ့~~~"

×××××

Moshiဟာ အိမ်တော်၏ အခန်းအပြင်သို့ ထွက်လာသည်

"အိမ်ပြန်ရမယ်... သခင်ကြီးနဲ့ ကြင်ယာတော်အရှင်ကို ဒီပွဲတတ်ဖို့ မဖြစ်နိုင်ကြောင်း အကြောင်းပြန်ရမယ်"

"ဟုတ်တယ်... လိင်လုပ်သားတွေ တစ်ရုန်းရုန်းနဲ့ ယုတ်ပဲ့လွန်းတယ်"

လက်ထောက် အိမ်တော်မှူး နှစ်ယောက်သည် Moshi၏ အနားမှ ဝန်းရံလျက် လိုက်လာသည်

ညာဘက်မှ သူသည် ဖြူစင်သော အပြုံးလှလှလေးများရှိသည် ဒုတိယမျက်နှာစာ Pacilo-Kita ဖြစ်ပြီး ဘယ်ဘက်မှ သူသည် ရွှေရောင်အဆင်းနှင့် ဆံနွယ်များရှိသော Pacilo-Shiki ဖြစ်သည်

အလယ်မှ အိမ်တော်မှူးMoshiကတော့ Defulo၌ အကျည်းတန်ဆုံး အိမ်တော်မှူးဖြစ်သည်

သို့သော် ပညာအရည်အချင်းနှင့် ထက်မြတ်မှုများကြောင့် အားလုံးဖိန့်ဖိန့်တုန် ရှိန်ကြ၏

×××××

"ဘာကိစ္စလဲ!!"

"ဟိုဟာ... ကျွန်တော် အကူအညီတောင်းစရာရှိလို့ပါ"

"မင်းလို ပေါပေါပဲပဲလူက အကူအညီလာတောင်းတာကို ငါတို့ခေါင်းဆောင်က လုပ်ပေးစရာလား... တခြားပြောစရာ မရှိရင်သွားတော့မယ်... ငါတို့မှာ အချိန်မရှိဘူး"

Makuဟာ တောင်းပန်လိုက်သည်

"ခဏနေပါဦး... တကယ်လုပ်ပေးလို့ မရဘူးလား... ကျွန်တော်မှာ ရှိသမျှ အကုန်ပေးပါ့မယ်"

Moshiဟာ Makuအား မည်သည့်စကားကိုမျှ မပြောပေ

လက်ထောက် အိမ်တော်မှူး နှစ်ဦးကသာလျှင် ဆူပူကြိမ်းမောင်းနေ၏

"မျက်နှာစာ အစေခံဆိုတာ တခြားအိမ်ကို ဧည့်သည်အဖြစ်သွားရင် နှစ်ဖက်အိမ်တော် မျက်နှာပျက်အောင် လုပ်လို့မရဘူး... မျက်နှာစာတွေရဲ့ အစေခံစည်းမျဉ်းပဲ... မင်းကို ဟိုနေ့ညက ကူညီပေးခဲ့တာနဲ့တင် ငါတို့အမှားလုပ်မိတော့မလို့!!..."

Moshiဟာ လက်ထောက်နှစ်ဦးအား ခေတ္တငြိမ်ရန် လက်ပြလိုက်သည်

Makuဟာ ဘာမှလည်း ထပ်မပြောနိုင်ဘဲ ခေါင်းလေးငုံ့၍ ငိုနေသည်

ကိုယ့်ဟာ ကိုယ်အပြင်မှာ တံမြတ်စည်းလှဲပြီး စားသောက်နေတာ အကောင်းကို အိမ်တော်ထဲဝင်လာမိလို့ ဘဝပျက်လေသည်

မင်းကို ခေါ်လာတဲ့ Shouyu အိမ်တော်မှူးကို အကူညီတောင်းပေး... သူလက်ခံရင် မင်းကို ဒီမှာ တရားဝင် Umitaအစေခံဖြစ်ဖို့ ငါတို့တာဝန်ယူတယ်... မလုပ်နိုင်ရင် မင်းကို အိမ်တော်စည်းကမ်းအရ ခိုးဝင်လာမှုနဲ့ သတ်ပစ်ရလိမ့်မယ်... သခင်ကြီးက သန့်စင်တဲ့ အစေခံတွေကို လုံးဝမကြိုက်ဘူး....

Moshiဟာ Makuအား မေးသည်

"မင်းက ပြင်ပလုပ်သားလား~"

"ဟုတ်ကဲ့"

"ဘာလို့ ငါနဲ့လိုက်လာတာလဲ"

"ဒီက အိမ်တော်မှူး ထင်လို့... ဟိုတစ်လောက Umitaအိမ်တော်က အသိတစ်ယောက်က ပြင်ပလုပ်သားတွေ ခေါ်တော့မှာမို့ နတ်နန်းမှာ ကျိန်စာကျက်ခိုင်းထားတယ်.."

Makuဟာ နတ်နန်း၌ ကျိန်စာရွတ်ထားသော သူ၏ လက်ဖြန်မှ ကျိန်စာရုပ်လေးကို ပြသည်

အရုပ်ပုံသည် တောက်တိုမယ်ရ အလုပ်သမားတို့၏ ကျိန်စာရုပ်ဖြစ်သည်

အရောင်ဟာ ရွှေရောင်ဖြစ်သောကြောင့် Shouyuအိမ်တော် အမှတ်အသားဖြစ်သည်

Maku၏ လက်ဖျံမှ ကျိန်စာရုပ်လေးသည် Shouyuအိမ်၌ ကာလတိုအစမ်းထားသော ယာယီအလုပ်သမားတို့၏ ကျိန်စာရုပ်ပုံဖြစ်၏

Shouyuအစေခံဟူသည် ပညာအရည်အချင်း ပြုစုစောင့်ရှောက်မှု သစ္စာရှိမှု ရိုးသားမှု စီးပွားရေး စာရင်းအင်း သချာၤနှင့် သိပ္ပံပေါင်းစပ်မှု ကောင်းကင်ယံအချိန်နာရီ နက္ခကြည့်ရှုခြင်းဟူသည့် ဥပမာအစရှိသော Defulo၏ လောကဝတ် အခြေခံပိုင်းဆိုင်ရာကျင့်တရားအဝဝ ပြည့်ဝတတ်ကျွမ်းမှုနှင့် စောင့်ထိန်းထားသော ကံကြမ္မာပေလွှာသည် ရွှေရောင်အဆင်းဖြစ်နေရမည်

သို့သော် ပညာမတတ်သော်လည်း ဤကဲ့သို့အောက်ခြေမှ ပြင်ပလုပ်သားတို့ကို ရွေးချယ်ခေါ်ယူပြီး ငယ်ရွယ်မှု ရိုးသားမှု ကြိုးစားအားထုတ်မှု ဖြတ်ထိုးညဏ်ရွှင်မှုတို့ကို အကြမ်းဖျင်း အကဲဖြတ်ကာ သဘောကျလျှင် အိမ်မွေးအစေခံအဖြစ် မွေးမြူပြီး လိုအပ်သည့် ပညာရပ်များကို သင်ကြားပေးသည့် အကြောင်းအရာလည်း ရှိသည်

ကြည့်ရတာ Makuဟာ တောထဲမှ သခင်လေးShiro၏အိမ်တော်နှင့် သခင်လေးShiro၏ဖခင် Umitaအိမ်တော်ရင်းအား မှားယွင်းခဲ့ပုံပင်

မိမိအား Umitaအိမ်တော်ရင်းမှ Umitaအိမ်တော်မှူးထင်၍ အလုပ်ရပြီဆိုပြီး သခင်လေးShiro၏ အိမ်တော်ကို လိုက်လာခြင်းဖြစ်ပေမည်

"အခမ်းအနားပြင်ရတာက ငါ့အတွက် အသေးအမွှားကိစ္စပါ~~ ဒါပေမယ့် အလကားတော့ မရဘူးဆိုတာ သိတယ်မလား~~"

Makuဟာ မျော်လင့်ချက် ရောင်ခြည်ရိပ်လေးများသန်းလာသည်

Moshiဟာ Makuအား အပေးအယူအနေနှင့် အပြုံးတစ်ခုအား ဖော်ပြသည်

×××××

Makuဟာ မကြာခင် လိင်လုပ်သားအဆောင်သို့ အားရဝမ်းသာ ပြန်ပြေးလာသည်ကို တွေ့ရသည်

"ဟိတ်~~ ဟိတ်~~ Maku ငါတို့ဆီကို ပြန်လာပြီ"

"ဟုတ်လား!!!"

Mimiဟာ ဝရံတာကို ပြေး၍ထွက်ကြည့်သည်

"သူ့ကို ကြည့်ရတာ အဆင်ပြေလာတဲ့ပုံပဲ"

"သူ့ကိုခေါ်လာတာ ဘယ်အိမ်တော်မှူးလဲ... လွယ်လွယ်ကူကူနဲ့ အကူအညီပေးလိုက်တယ်"

"မသိဘူး"

"ဒါနဲ့ သခင်လေး XingYiက ထူးထူးခြားခြား ကျွန်တော်မျိုးဆီ ဘာလို့အလှလာပြင်တာလဲ"

"သခင်လေး ရည်းစားရနေပြီလား"

"anm.. hk hk မဟုတ်ပါဘူး"

Haruဟာ XingYi၏ ငွေရောင်ဆံပင်လေးများကို ကျစ်ဆံမြီးလှလှလေး ကျစ်ကာ ပန်းနှင့် ရတနာကျောက် ကလစ်လေးများဆင်ပေးသည်

မျက်နှာလေးကိုလည်း နည်းနည်းချယ်ပေး၏

Defulo၌ အလှအပမှာတော့ လိင်လုပ်သားများ၏ လက်ရာဟာ အကောင်းမွန်ဆုံးဖြစ်သည်

မည်သည့်မျိုးရိုးမှ မယှဉ်နိုင်ပေ....

ရေမြေသဘာဝကိုလိုက်ပြီး အရောင်အဆင်း ပြောင်းလဲနိုင်သော ရေခဲငါးလေးများလိုပင် သူတို့ဟာ အလွယ်တကူဖန်တီးနိုင်၏

Shiro၏ တူတော် အရိုင်းတုံးလေး XingYi ယနေ့ကျမှ ထူးထူးခြားခြား လှချင်နေ၏

×××××

Moshiဟာ အခမ်းအနားပွဲ ကျင်းပမည့်နေရာကို စစ်ဆေးသည်

အိမ်တော်က ပြင်ဆင်ပြီးသားမို့ ဘာမှတော့မလိုပေမယ့် အများကြီး လိုအပ်နေတာပဲ..

အပြင်အဆင်က အနိမ့်စားဆန်လိုက်တာ...

ပိုးလိုက်ကာကလည်း တောက်ပမှုမရှိ
ရတနာနဲ့ ဆင်ထားတဲ့နေရာလည်း မရှိ

Shikiဟာ အပြစ်ဆိုလိုက်သည်

"ဒီလို အခမ်းအနားကို ငါ့တို့သခင်တွေက တတ်ရမယ်တဲ့လား~~ စိတ်ပျက်ဖို့ကောင်းလိုက်တာ"

Moshiဟာ Makuအားလှမ်းပြောလိုက်သည်

"မျက်နှာစာ အိမ်တော်မှူးဆီမှာ ရတနာဘဏ်တိုက်သော့ သွားတောင်းပေး... ဘဏ်တိုက်ဖွင့်ပြီး ပြင်မှရမယ်"

Makuဟာ မကြားဖူးတာတွေ ကြားနေရသည်

"ရတနာဘဏ်တိုက်သော့??"

"inm.. အိမ်တော်မှူးကို သွားပြော.. ပြီးရင် မြန်မြန် ပြန်လာ.. လိင်လုပ်သားကို ခိုင်းစေဖို့ ငါ့မှာစိတ်ကူးမရှိဘူး... ငါခိုင်းတာ မင်းလုပ်ပေးရမယ်... ပြီးရင် အလုပ်ကြမ်းသမားတွေကို သွားခေါ်လာခဲ့"

"Ha.. Haru..သွားခေါ်ပေးမယ်လေ~~"

Makuနှင့် Haru၏ အဖွဲ့သားလေးများဟာ Moshi မခိုင်းလည်း ပါးစပ်ကထွက်သမျှ စောင့်ကြည့်၍ အလိုက်တသိ မြေကြီးခြေမထိစွာ ပြေးလွှားနေသည်

"လိင်လုပ်သားတွေက အဲ့လိုပဲလား Moshi... သူတို့ကို ပြောဆိုနေလည်း ဘာမှမဖြစ်သလိုပဲ"

"လိင်လုပ်သားတွေက အနိမ့်ဆုံးတိရစ္ဆာန်မျိုးရိုးဆိုတဲ့အတိုင်း လိင်စံအိမ်မှာ ရောက်လာတဲ့ အစေခံမျိုးရိုးကအစ တစ်လောကလုံးက လူပေါင်းစုံကို ခခယယနေရတာဆိုတော့ အပြောအဆိုခံရတာကို စိတ်ထဲသိပ်မရှိတော့ဘူး... ဧည့်သည်အိတ်ထဲက ပါလာတဲ့ဟာမှန်သမျှ လက်ထဲရဖို့ပဲ ဦးတည်တတ်တယ်"

"ဒီအိမ်တော်က အတော်လေးကို ဗရမ်းဗတာတွေ ဖြစ်နေတာပဲနော် Moshi~~"

ထိုစဉ်---

"အိမ်တော်ရင်းက သန့်စင်တဲ့ အစေခံတွေ ပြန်ရော က်လာပြီ)))) သခင်လေး Shokiခေါ်လာတာ"

"Shoki..? Umita-Shokiလား"

×××××

"XingYi~~"

Fuitaအား ခိုးကြည့်နေသော XingYiဟာ Fuita၏ လှမ်းခေါ်သံကြောင့် တုန်တုန်ယင်ယင်နှင့် အကုန်ပြုတ်ကျကုန်၏

ငါ့ကို မိသွားပြီလား--- မိသွားပြီလား---

Fuitaဟာ အနားကပ်သို့ လျှောက်လာသည်

XingYiဟာ စာအုပ်တွေကောက်ရင်း မလုံမလဲတုန်နေ၏

Fuitaဟာ XingYiအား ကျောလေးပုတ်လိုက်သည်

"XingYi"

"ဟုတ်~~))))"

XingYiဟာ မော့ကြည့်လိုက်၏

Fuitaဟာ XingYiအား အပေါ်မှ အုပ်မိုးလျက် ငုံ့ကြည့်နေ၏

သခင်လေး၏ မျက်နှာအား မြင်လိုက်သည့် တစ်ခဏ XingYi၏ ရင်ဘက်ကြီးဟာ ခုန်နေပြီး နွေဦးရောင်ခြည်အောက်၌ ဝေ့ဝဲနေသော နွေဦးပန်းတို့ဟာလည်း သစ်လွင်နေသည်

အဖြူရောင် လုပ်အားပေး ဝတ်စုံနှင့် နဖူး၌ လက်မောင်း၌ တံဆိပ်အပြာလေး ပတ်ထားသော Fuitaဟာ ငြိမ်းအေးမှုတို့နှင့် ပြည့်နေသော နတ်သူငယ်လေးလိုပင်ရှိလှ၏

သခင်လေးက ချောလိုက်တာ---

XingYiဟာ Fuitaအား မျက်တောင် မခတ်ငေးကြည့်နေသည်

"ဒီနေ့ Kasami မလာဘူးလား XingYi.."

"anm...Kasami...?? arr... Norga သခင်လေးလား"

"onm.. စီနီယာ... သူ့ကို ဒီနေ့မတွေ့လို့"

"ဟိုဟာ... Norgaသခင်လေးက ဟိုနေ့ အသက် 18 နှစ်ပြည့်လို့ နှလုံးသွေးထုတ်ပြီး အခုအနားယူနေမယ် ထင်တယ်"

"anm--"

သူ နှလုံးသွေးထုတ်ပြီလား----

XingYiဟာ Fuitaအနားသို့ မျှော်လင့်ချက်မျက်ဝန်းတို့ဖြင့် ပြောသည်

"သ-- -ခင်လေး သူ့ဆီသွားမလို့လား~~"

"inm.."

"အတူတူ- သွားကြမလား~~ သခင်လေး~"

"Inm.. ဒါနဲ့ မင်းရော ကျန်းမာရေးအဆင်ပြေရဲ့လား"

Fuitaဟာ XingYiအား စာအုပ်များကောက်ပေးလိုက်သည်

XingYiဟာ ပြန်ဖြေသည်

"ကောင်း-- ကောင်းသွားပြီ~~ စီနီယာ~~ XingYiကို အိမ်အထိ လာကြည့်ပေးတာ ကျေးဇူးတင်ပါတယ်... XingYiက ဦးလေးနဲ့အတူနေတာမို့ လာသတင်းမေးမယ့်သူ မရှိဘူး"

"ပြီးတော့ Norgaအိမ်တော်ကို မသွားရဲလို့-- သခင်လေးနဲ့ အတူ သွားချင်လို့-- သခင်လေး သူ့ဆီသွားမယ်ထင်လို့-~"

XingYi အလှများပြင်လာသည်....

XingYiဟာ ကိုယ့်အတွေးများနှင့် ကိုယ်ပြုံးဖြီးနေသည်

သို့သော်....

"ဒီနေ့သွားလို့မရတော့ဘူး~~ မနက်ဖြန်မှ မနက်စောစောသွားရမယ်"

"Anm.. ဘာလို့လဲ~"

"ဒီည သခင်ကြီး Shiroရဲ့ ကြင်ယာ မိတ်ဆက်ပွဲကို သွားရမယ်လေ.. ဒီနေ့ မျက်နှာစာတွေ ပြန်လာတော့မှာ"

XingYiဟာ မျက်နှာလေး ရှုံ့မဲ့မဲ့ဖြစ်သွားသည်

ဟုတ်သားပဲ... ဒီနေ့ည ဦးလေးShiroရဲ့ ကြင်ယာတော် မိတ်ဆက်ပွဲရှိတယ်~~

arr~~~ စီနီယာKasamiဆီသွားရင်း စီနီယာ Fuitaကို ဆွဲဆောင်ပြီး နန်းမြို့ဈေးမှာ လျှောက်သွားရမယ်ဆိုပြီး စိတ်ကူးယဉ်ထားတာ ဦးလေးရဲ့ ကြင်ယာမိတ်ဆက်ပွဲတောင်မေ့ပြီး အခုတော့ အငွေ့ပျံသွားပြီ

"မေ့နေတာလား XingYi~~"

"anm!! မမေ့ပါဘူး!!"

XingYiဟာ မျက်လုံးဝိုင်းလေးများဖြင့် ခေါင်းခါပြလိုက်သည်

XingYiဟာ မေးသည်

"အဲ့ဒါဆို သခင်လေး ညကျရင် အိမ်တော်ကို လာမှာပေါ့"

"ii...mm... ထင်တာပဲ~"

ထပ်မံ၍ မျော်လင့်ချက်ရောင်ခြည်လေးများ အရည်ပျော်သွားပြန်သော XingYi...

"ဘာပဲဖြစ်ဖြစ် မနက်ဖြန်စောစော Kasamiဆီသွားမှာမို့ လိုက်ချင်ရင် စီနီယာလာခေါ်ပေးမယ်"

"တကယ်လား~!"

"inm.. အိပ်ယာတော့ စောစောထနော်.."

" arrrr)))))) စောင့်နေမယ်.. စောင့်နေမယ်"

XingYiဟာ ပျော်ရွှင်စွာ ခုန်ပေါက်၍ ပြန်ပြေးသွားသည်

×××××

ညနေစောင်း၍ မိုးရိပ်လေးများသန်းလာသောအခါ လိင်လုပ်သားများဟာ Shiroထံသို့ရောက်လာသည်

"သခင်~ အခမ်းအနား အပြင်အဆင် လာရောက်စစ်ဆေးလို့ရပါပြီ~ ကျွန်တော်တို့အကုန် ပြင်ဆင်ပြီးပါပြီ"

Shiroဟာ အပြင်သို့ထွက်လာသည်

တစ်ခုခုကို မယုံသင်္ကာကြည့်၏

လိင်လုပ်သားများကြားထဲမှ မျက်နှာသေးသေးလေးနဲ့ Makuအား Shiroဟာ မြင်သွားသည်

"မင်းက ဘာလို့ ဒီမှာရှိနေတာလဲ~~"

"anm..."

"arr~~ သခင်ကြီး~~ သူက သခင်ကြီးရဲ့ အခမ်းအနားပွဲ ပြင်ဆင်မွမ်းမံခဲ့တဲ့သူပါ"

Shiroဟာ Maku၏ လက်ဖျံမှ ပြိုးပြိုးပျက်လက်နေသည့် အရာကြောင့် ဆွဲကြည့်လိုက်သည်

ရွှေရောင် ကျိန်စာရုပ်---

တောက်တိုမယ်ရ ကျိန်စာရုပ်ပဲ---

ကျိန်စာရုပ်၏ ရွှေရောင်အဆင်း မပြယ်လျော့သေးပုံအရ Makuဟာ အခုတလောကမှ Shouyuအိမ်တော် အစေခံဖြစ်လာသူဖြစ်ပုံရ၏

ဒီလိုကြီးကျယ်တဲ့ အခမ်းအနားပွဲကြီးကို မင်းက ပြင်ဆင်မွမ်းမံတယ်တဲ့လား

Shiroဟာ တစ်ချက်ရယ်လိုက်သည်

"မင်းကို နောက်ကွယ်ကနေ ကူညီပေးတဲ့သူ ရှိမှာပေါ့... ဟိုရုပ်ဆိုးဆိုးနဲ့ အိမ်တော်မှူးမလား... သူကလွဲလို့ အခြားဘယ်သူရှိလို့လဲ~"

လိင်လုပ်သားHaruဟာ အစီရင်ခံပေးသည်

"ဟုတ်တယ် သခင်ကြီး... အခမ်းအနားကို ရာက်လာတဲ့ မျက်နှာစာတွေက စီစဉ်ပေးသွားတာ... သူတို့ရဲ့ သခင်တွေတတ်မယ့်ပွဲကို ကျွန်တော်တို့လုပ်တာ မလိုလားဘူးတဲ့"

"ကြီးကြီးကျယ်ကျယ်နဲ့ သူများအိမ်တော်က ကြင်ယာမိတ်ဆက်ပွဲတောင် သူတို့က ဝင်စွက်ဖက်ချင်သေးတယ်"

Shiroဟာ Maku၏ လက်အား လွှတ်ပေးလိုက်သည်

Makuဟာ Shiroအား မျက်လုံးလေးဝိုင်း၍ မော့ကြည့်နေ၏

"မင်းကို ငါက Moshiကိုပေးခဲ့ပြီးပြီ... ငါ့အိမ်တော်မှာ နေစရာမလိုတော့ဘူး"

"ကျွန်တော့်ရဲ့ အစေခံကို ဘယ်သူကို လျှောက်ပေးနေတာလဲ!!!"

အနောက်ဘက်မှ စူးခနဲထွက်လာသော အသံကြောင့် Shiroဟာ လှည့်ကြည့်လိုက်သည်

ကြင်ယာတော် သခင်လေး Hoshiဖြစ်၏

Hoshiအနားရောက်လာသောအခါ လိင်လုပ်သားလေးများဟာ အဝေးသို့ရှောင်နေကြသည်

Hoshiဟာ Shiroအား မော့ကြည့်၍ အပြစ်ဆိုလိုက်၏

"မနက်ကတည်းက ကျွန်တော့်ရဲ့ အစေခံကို ခေါ်သွားတော့ ကျွန်တော့်က ဘယ်သူကို ခိုင်းရမှာလဲ... သခင်ကြီး Shiro ကျွန်တော်ကို ခင်များကောင်းကောင်း ထားသင့်တယ်... Shouyuကြင်ယာတော်ကို အစေခံမလောက်မငှနဲ့ ပစ်ထားတာ အပြစ်ဒဏ်သင့်နိုင်တယ်နော်~ အစကတည်းက ပစ်ထားဖို့ယူချင်ရင် မျိုးရိုးမဲ့ကို ယူလေ... တန်ရာ တန်ရာ မမှန်းဘူး... လူကို အတင်းယူထားပြီး တန်ရာတန်ရာ မစီစဉ်ပေးနိုင်ရင် ခင်များကို တိုင်မှာ"

Shiroဟာ အနာပေါ်တုတ်ကျသွား၏

"မင်း--"

"ခင်များရဲ့ လိင်လုပ်သားတွေကို ရွံတယ်))))))).... ခင်များမှာ သန့်စင်တဲ့အစေခံမရှိရင် ကျွန်တော်အတွက် Grafity သန့်စင်တဲ့ အစေခံတွေ အခုချက်ချင်း ဝယ်ပေး!!!!!!!... ညစ်ညမ်းကောင်ကြီး အကျင့်ကိုမကောင်းဘူး!!!!! လူကို ယူထားပြီး ကောင်းကောင်းထားရမှန်းတောင် မသိဘူး!!!!!"

Hoshi၏ စတင်ပျံ့လွင့်လာသော ဆဲဆိုသံများနှင့်အတူ လိင်လုပ်သားလေးများဟာ Shiroအနားမှာ ထွက်ပြေးကြလေ၏

ထိုစဉ် Shiroဟာ မိမိထံသို့ ရုပ်ရည်သန့်ပြန့်တည်၍ ကြည့်ကောင်းလှသော လူတစ်ယောက် တည်ငြိမ်စွာ လမ်းလျှောက်လာသည်ကို တွေ့ရသည်

Shiroဟာ လှမ်းကြည့်လိုက်၏

အိမ်တော်ရင်းက အိမ်တော်မှူး ဖြစ်သည်

အိမ်တော်မှူးဟာ Shiroအား ပြုံးပြလျက် ရိုသေစွာ အဝေးမှ ခါးလေးညွှတ်၍ အရိုအသေပေးသည်

အိမ်တော်ရင်းက အစေခံတွေ ပြန်လာတာလား---

×××××

Continue.... Monday


© GOD OF DEFULO,
книга «King Sia».
Коментарі