Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-12

"အရှင်Sia~~ YamaTo Shouyuသခင်လေး Aita ရောက်နေပါပြီ"

Siaဟာ နံနက်ခင်း မနက်စာတည်ခင်းနေတုန်း အထောက်တော် အစေခံ၏ စကားကြောင့် စားလတ်စသူ၏ လက်ထဲမှ ဇွန်းအားရပ်တန့်လိုက်သည်

နောက်ဆုံးတော့ မျှော်နေသူ ရောက်လာပြီပေါ့

Siaဟာ မနက်စာတည်ခင်းပြီးသည်နှင့် Aitaရှိရာ အဆောင်သို့ ချက်ချင်းကြွချီလာ၏

×××××

ဧည့်ဆောင်တော်သို့ရောက်သော် Aitaဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍နေလေ၏

မနက်ခင်း စောစောစီးစီးမှာ အိပ်နေသဖြင့် Siaဟာ အနည်းငယ် အံ့အားသင့်သွားသည်

"သူ အိပ်နေတာလား~~!"

"ဟုတ်ကဲ့ Siaမင်းသား~ ညက Aitaသခင်လေး နတ်ကျောင်းမှာ တစ်ညလုံး ကျိန်စာရွတ်ရလို့ မအိပ်ခဲ့ရပါဘူးတဲ့"

"ကလေးကို အဲ့လောက်တောင် ခိုင်းတာလား~~"

"YamaToမှာ စည်းကမ်းထဲမှာ ဘောင်ဝင်နေအောင် ငယ်ငယ်ကတည်းက ပုံစံသွင်းတဲ့ပုံစံပါ မင်းသား... သခင်လေးAitaက ကလေးပေမယ့် ခဏခဏ အပြစ်မျိုးစုံအပေးခံရတယ်လို့ ကြားပါတယ်... အပြစ်ပေးတိုင်း အပြစ်ထပ်ထပ်လုပ်လို့ အပြစ်တွေပုံပြီး အပြစ်အပေးခံရတာက အရွယ်နဲ့တောင် မလိုက်ပါဘူးတဲ့"

Siaဟာ ခေါင်းငြိမ့်ပြလိုက်သည်

"ရပြီ ထားခဲ့တော့"

"ဟုတ်ကဲ့"

Sia၏ အမိန့်ပေးမှုနှင့်အတူ Aitaအား ခေါ်ဆောင်လာသော အထောက်တော်အစေခံနှင့် အခြားအစေခံလေးများဟာ အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်

Aitaဟာ ကလေးပီပီ အိပ်၍နေသည်မှာ အိပ်ယာပေါ်တွင် အကျီ ဖရိုဖရဲနှင့် ပါးစပ်မှလည်း ရွတ်ခဲ့ရသော ကျိန်စာများကို ယောင်ယမ်းရွတ်နေ၏

Siaဟာ အနားသို့ကပ်လာပြီး Aitaအားကြည့်သည်

ထို့နောက် နှစ်လိုစွာ တစ်ချက်ပြုံး၏

Aita၏ ဟနေသော ရင်ဘက်နေရာများအား လုံခြုံအောင်ဖုံးပေး၍ နွေးထွေးစွာ စောင်လေးခြုံပေး၏

ထို့စဉ် ပြင်ပမှ အသံထွက်ပေါ်လာ၏

"Siaမင်းသား.. Yamaမင်းကြီး ကြွချီလာပါတယ်"

Sia၏ မျက်နှာ၌ အပြုံးတို့ပျောက်ကွယ်ကာ အသံလာရာသို့ ဆက်ခနဲ လှည့်ကြည့်၏

Yamaမင်းကြီးဟာ တံခါးဝ၌ မတ်တပ်ရပ်လျက် Siaအား လှမ်းကြည့်နေ၏

တောင့်တင်းသန်မာလှသော ရင်ဘက်ကျယ်ကြီးနှင့် မြင့်မားသော အရပ်တို့ဟာ Yamaမင်းကြီး၏ စူးရှလွန်းလှသော မျက်ဝန်းတို့နှင့် ထင်ဟပ်နေ၏

Siaဟာ ဖခင်ခမည်းတော်အား အရိုအသေပေးလိုက်သည်

"ခမည်းတော် ကြွချီလာတာပါလား~~"

Yamaမင်းကြီးဟာ ဘေးသို့ မျက်လုံးစောင်းကြည့်သည်

အထိန်းတော်ဟာ တံခါးလေး ပိတ်၍ အပြင်သို့ ထွက်ခွာသွား၏

×××××

လွန်ခဲ့သော ခုနှစ်နှစ်ခန့်က ...

Defulo၏ မိုးများသည်းထန်နေသော အချိန်ကာလတစ်ခု၏ ညတစ်ည၌ နတ်သဘင်အစည်းအဝေးတွင် နတ်နန်းအရှင် နတ်နန်းသခင်များ စုဝေးကာ အရေးပေါ် အစည်းအဝေးပြုခဲ့ရသည်

ခန်းနားလွန်းသော ကောင်းကင်နတ်ဗိမ္မာန်၏ မှုန်ပျပျအလင်းရောင်တို့အုပ်လွှမ်းထားသော ရွှေအိုရောင်ခန်းမအလယ် စားပွဲဝိုင်းကြီး၌ အနာဂတ် ကံကြမ္မာပေစာကို ဖတ်ကြားသော နတ်နန်းအရှင်တို့သည် Yamaမင်းကြီးအား လျှောက်တင်ကြ၏

"အရှင်မင်းကြီး ဒီကလေးက အနာဂတ်မှာ Siaမင်းသားကို အုပ်စိုးပါလိမ့်မယ်"

"Siaမင်းသားရဲ့ အရာရာတိုင်းကို အုပ်စိုးပြီး မင်းသားက သူ့ရဲ့ဆန္ဒတွေအောက်မှာ အကြိမ်ကြိမ်ကျရှုံးပါလိမ့်မယ်"

"တိုင်းပြည်ရဲ့ စည်ပင်ဝပြောမှုကို အဆတိုးဖန်ဆင်းပေးနိုင်မယ့် ထောက်ပံ့မှုတစ်ရပ်အနေနဲ့ မွေးဖွားလာတာပါ"

"စိတ်နှလုံးဇာတာအရ Defuloမှာ ဘုရင်တစ်ပါးလို ရှင်သန်ဖြစ်တည်နိုင်မယ့် မြင့်မြတ်သန့်စင်တဲ့ စိတ်နှလုံးတွေနဲ့ အတိအကျ မွေးဖွားလာတာကို တွေ့ရပေမယ့် ဖြတ်သန်းရမယ့် ဘဝကံကြမ္မာပေလွှာကိုတော့ အတိအကျ ဟောကြားလို့မရပါဘူး"

"ကံကြမ္မာရွှေပေလွှာဆိုတာ စောင့်ထိန်းအပ်တဲ့ ကျိန်စာစည်းတွေမူတည်ပြီး သူ့အလိုလို အချိန်တိုင်းပြောင်းလဲနေတဲ့ အရာမို့... Siaမင်းသားထက်နိမ့်တဲ့ အရပ်မှာကြီးပြင်းစေပြီး သူ့ရဲ့ကံကြမ္မာပေစာကို နိမ့်ပါးအောင်လို့လည်း ပြောင်းလဲလို့ရပါတယ်"

နတ်ဆရာတို့၏ သတိပေး ဟောကြားချက်နှင့်အတူ Siaမျိုးနွယ် သစ္စာခံအမတ်တို့ ဗျာများကြလေပြီ...

"အရှင်မင်းကြီး ဘယ်လိုလုပ်ပါမလဲ~~"

"Siaမင်းသားလေး အတိအကျ နန်းတတ်မှဖြစ်ပါမယ်"

"မဟုတ်ရင် YamaToက ပိုပြီး အုပ်စိုးလာလိမ့်မယ်"

"အခုတောင် ကံဇာတာတွေက သူတို့အတွက် အစပျိုးပေးနေပြီ"

"လနတ်ဘုရားတွေက Defuloကို အုပ်စိုးရမယ့် တော်ဝင်မျိုးနွယ်ကို အမည်နာမ ပြောင်းလဲပေးချင်နေပြီလားတောင် မသိပါဘူး"

"စိုးရိမ်ဖွယ်ရာ အခြေအနေပါ~~"

Yamaမင်းကြီးဟာ သုံးမျိုးစပ် YamaToသန္ဓေသားငယ်အား ရင်ခွင်၌ ပိုက်၍ တွေဝေနေခဲ့သည်

မိမိ၏ Siaမျိုးနွယ်မဟုတ်သော တော်ဝင်သွေးသားလေးအား Shouyuအိမ်တော်သားအဖြစ် ပြန်မပေးသင့်သော်လည်း ကလေးငယ်က YamaToဟူသော အင်အားကြီးအိမ်တော်မျိုးနွယ်ဖြစ်နေ၏

ဤကလေးက ဘုရင့်၏သွေးသားကို ဝဝလင်လင် စားသုံးထားသည်

ထို့ကြောင့် တော်ဝင်မင်းသားငယ်များနှင့် တန်းတူ တော်ဝင် နန်းဆက်အဖြစ် ပြည့်ပြည့်ဝဝ နန်းတတ်ခွင့်ရှိ၏

သို့သော် အကယ်၍များ ဤကလေးက နန်းတတ်ခဲ့လျှင် YamaTo မျိုးရိုးဟာ တော်ဝင်မျိုးနွယ် အမည်နာမအဖြစ် ပြောင်းလဲသွားမည်

"Siaမင်းသားငယ်က အိမ်ရှေ့စံဖြစ်ပေမယ့် ဖခင်ငယ်ကြင်ယာတော်ကြီးကြောင့် သွေးအားနည်းရောဂါ မျိုးရိုးလိုက်ပြီး မင်းသားမှာ အားနည်းချက်ရှိနေတဲ့အချိန်.... "

"အခုလိုမျိုး ကံကြမ္မာအားကောင်းတဲ့ တော်ဝင်အိမ်တော်သား မွေးဖွားလာတာက မင်းသားရဲ့ နန်းတတ်လမ်းအတွက် အန္တရာယ်များပါတယ်"

"မင်းသား Sia Tenkiရဲ့ အနာဂတ်ကို ကြိုတွေးပြီး ပြင်ဆင်ထားသင့်ပါတယ်"

"ဒီကလေးကို တော်ဝင်မျိုးနွယ် ကလေးအဖြစ် သတ်မှတ်လို့ မဖြစ်ပါဘူး မင်းကြီး~~~"

"မင်းကြီးရဲ့ သွေးကိုစားသုံပြီး အသက်ရှင်လာတာကို လျို့ဝှက်ပြီး YamaTo Shouyuအိမ်တော်သား အနေနဲ့ပဲ ပြန်ပေးလိုက်ပါ~~~"

"ဤကလေးကို သန္ဓေစပ်ပေးတဲ့ သူတွေအားလုံးကို သတ်ပစ်လိုက်ပါ~~"

မြင့်မြတ်သန့်စင်တဲ့ ဘုရင်တစ်ပါးအနေနဲ့ အပြစ်မဲ့သူတွေအပေါ် ဤကဲ့သို့ ကျူးလွန်ခွင့်ရှိပါ့မလား

သို့သော် Yamaမင်းကြီး၌ ဆုံးဖြတ်ချက် တစ်ခုရှိခဲ့သည်

ချစ်ခင်ရသော ကြင်ယာတော်ကြီးနှင့်အတူ မွေးဖွားသန့်စင်ခဲ့သော ကလေးကိုသာ နန်းတင်ပေးနိုင်ရန်ဖြစ်၏

ထို့ကြောင့် Yamaမင်းကြီးဟာ ဘုရင်တစ်ပါးအနေနဲ့ နောက်ထပ် တော်ဝင်နန်းသွေး သန္ဓေတစ်ယောက် ယူရန်ကျန်နေသော်လည်း ကြင်ယာကြီး ဆုံးပါးသွားသောအခါ ကြင်ယာငယ်ထပ်မယူဘဲ တစ်ဦးတည်းသော Siaမင်းသားကိုသာ ပိုးမွေးသလို မွေးခဲ့၏

သွေးအားနည်းရောဂါရှိသော Sia၏ နန်းတတ်လမ်း၌ အနှောက်အယှက်မရှိစေရန် နောက်ထပ်ကလေး မယူခဲ့သော်လည်း နတ်ဘုရားတို့က လောကကို ထိန်းသိမ်းရန် အရည်အသွေးကောင်းသော ကျောက်မြတ်ရတနာကိုသာ ထပ်မံဖန်တီးပေးခဲ့သည်

"ဘာလို့ပါလဲ..."

"Siaကို သဘောမကျလို့လား"

"ဒီလောက် ထူးချွန်ထက်မြတ်ပြီး စိတ်နှလုံးသား ပြည့်စုံပြီးသား မိမိ၏ သားငယ်လေးကို နတ်ဘုရားတို့က အလိုမကျဘူးလား"

"အဘယ်ကြောင့်များ ဤကဲ့သို့သော သန္ဓေသားငယ်ကို ထပ်မံ ဖန်ဆင်းပေးရတာလဲ~~~"

"ကျွန်တော်မျိုးရဲ့ စောင့်ထိန်းခဲ့တဲ့ ကျိန်စာစည်းတွေ ကျိုးပေါက် ရပါတော့မယ်"

လနတ်ဘုရားမ၏ ရုပ်ထုကြီးရှေ့၌ သုံးမျိုးစပ်သန္ဓေသားငယ်အား ရင်၌ပိုက်ပြီး မြည်တမ်းခဲ့သော Yamaမင်းကြီး၏ အသံတို့သည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်လို့နေ၏

Yamaမင်းကြီးဟာ ဘုရင်တစ်ပါးအနေနဲ့ မပြုလုပ်သင့်သော ကျင့်ဝတ်တို့ကို ဖောက်ဖျက်ကာ Aitaအား သာမန်သုံးမျိုးစပ် သန္ဓေသားအနေနဲ့ YamaToသို့ ပြန်ပို့ခဲ့သည်

ဘုရင်၏ သွေးအား စားသုံးခဲ့သည်ကို လျို့ဝှက်ပြီး YamaToဟာ မိမိတို့၏ ကလေးငယ် Aita၏ ဖခင်ရင်းများ အနေနဲ့ ပိုင်ဆိုင်ခွင့်ရရှိခဲ့သည်

သို့သော်

အဘယ်ကြောင့်များ Siaမင်းသားက ထိုအန္တရာယ်ကောင်လေးကို မိမိ၏ အနားသို့ ပြန်လည်ဆောင်ကြဉ်းခဲ့ပြန်ပါသလဲ

မင်းသားက Aitaအား ချစ်ခင်သည်ဟူ၍ အကြောင်းပြချက် အမျိုးမျိုးဖြင့် တောင်းဆိုနေပြန်တော့ သို့လော သို့လော သံသယများစွာဖြင့် YamaTo ဖခင်တို့မှာ ငြင်းဆန်နိုင်စွမ်းမရှိပြန်ပေ

×××××

"သားတော် YamaToက သခင်လေးကို အနားမှာခေါ်ထားတယ်ဆို..."

Siaဟာ သူ၏ ဖခင်အတွက် ရေနွေးကြမ်းငှဲ့ပေးရင်း ရွှင်လန်းသော အပြုံးတို့ဖြင့် ပြန်ဖြေ၏

"omm.. ခမည်းတော်.. Fuitaရဲ့ ညီငယ်လေးကို ခွဲရမှာဝမ်းနည်းနေတာ မြင်တာနဲ့... စာသင်ဆောင်နဲ့ အနီးဆုံးနေရာက သားတော်ရဲ့ အဆောင်မှာ Aitaကို ခဏခေါ်ထားမလို့ပါ... နိုးဖူးပွင့်ချိန် သားတော်အနားယူတဲ့ ကာလမှာ သားတော်လည်း မွေးချင်းမရှိတော့ ပျင်းရိတာမို့.... "

"arr... ဟုတ်လား... တခြား သခင်လေးတွေ အများကြီး ရှိနေတဲ့အထဲမှ YamaToက သခင်လေးကို ခေါ်ထားတာမို့ Papaက မေးကြည့်တာပါ... သားတော်လည်း နောင် ဆယ့်ငါးနှစ်ပြည့်ခါနီးပြီမလား"

Yamaမင်းကြီး၏ အပြုံးကြောင့် Siaဟာ ရယ်သည်

"သားတော် အဲ့ဒီလို စိတ်ခံစားချက်နဲ့ ခေါ်ထားတာမဟုတ်ပါဘူး..."

"သားတော်လိုချင်ရင် ခမည်းတော်က မငြင်းပါဘူး... သားတော် ကြင်ယာတော်ရှာပြီး နန်းတတ်ချင်ရင်လည်း ခမည်းတော်က နန်းဆင်းပေးဖို့ အသင့်ပါပဲ"

"သားတော် နန်းမတတ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး.. ခမည်းတော်... သားတော်က ငယ်ပါသေးတယ်"

"သားတော်က ငယ်ပေမယ့် ဉာဏ်ပညာနဲ့ အရည်အချင်းက ကုံလုံနေပါပြီ~~ "

Yamaမင်းကြီးဟာ Siaထံ၌ရှိနေသော သွေးအားနည်းရောဂါကြောင့် နန်းတတ်လမ်းပျက်ဆီးမည်ကို စိုးရိမ်နေသူဖြစ်သည်

မင်းကြီးဟာ Siaအား အန္တရာယ် တစ်စုံတစ်ရာ အတားအဆီးမရှိချိန် အသက်ငယ်ငယ်နဲ့ အချိန်မြန်မြန် နန်းတတ်နိုင်အောင် လေ့ကျင့်ဘောင်သွင်းပေးခဲ့သူဖြစ်သည်

ထို့ကြောင့် Siaဟာ လောကကြီးအားကောင်းမွန်စွာ မသိခင်မှာပင် အိမ်ရှေ့စံတစ်ဦး၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထက်မြတ်အောင် နေထိုင်ခဲ့ရပြီး ဘုရင်တစ်ပါးနှင့်တူသော ရင့်ကျက်သည့် စိတ်နှလုံးတို့ကို မွေးမြူပေးခြင်းခံခဲ့ရသည်

Sia၏ ဆယ့်နှစ် နှစ်ဟူသော ငယ်ဘဝဟာ ကလေးတစ်ဦး၏ လွတ်လပ်သော ပျော်ရွှင်မှုကို လုံးဝ မခံစားလိုက်ရပေ

အရွယ်နှင့် မလိုက်အောင် ရင့်ကျက်တည်ငြိမ်သော ထုထွင်းပြီးသား ကျောက်သားပမာ Siaဟာ လျို့ဝှက်သော စိတ်နှလုံးတို့ဖြင့် တည်ရှိ၏

"နန်းသွေးသန္ဓေယူဖို့က နန်းတတ်ပြီးမှ ဖြည်းဖြည်းချင်း စီစဉ်လည်း ရတာပဲ Sia... နန်းတတ်ပါတော့လား... ခမည်းတော် အနားယူချင်နေပြီ~~"

Yamaမင်းကြီး၏ နန်းတတ်ရန် ဖျောင်းဖျမှုများကို Siaဟာ အချိန်တိုင်း ငြင်းဆန်လေ့ရှိ၏

"Sia နန်းမတတ်သေးပါဘူး... ဖခမည်းတော်လည်း ကောင်းကောင်း အသက်ရှင်နေသေးတာပဲ... သားတော် ဘုရင်ဖြစ်ဖို့ အတွေ့အကြုံကောင်းတွေ လိုပါသေးတယ်"

Siaအား ဖျောင်းဖျ၍ မရသည့်အဆုံး၌ Yamaဟာ သက်ပြင်းချ၍ လက်လျော့လိုက်၏

ရုတ်တရက် အပြင်မှ အသံထွက်ပေါ်လာသည်

"အရှင်မင်းကြီး YamaTo သခင်လေး Aita ရောက်နေပါပြီ"

နိုးပြီလား...

ရုတ်တရက် ဝင်ရောက်လာသော အတွေးစနှင့်အတူ Yamaမင်းကြီးဟာ ဝင်ခွင့်ပြုခဲ့၏

Aitaဟာ ခန်းနားသော ရွှေအိုရောင် အဆောက်အအုံခန်းကြီးထဲသို့ ကြင်ယာထိန်းတစ်ဦးနှင့်အတူ ရိုကျိုးစွာ ဝင်လာသည်

သို့သော် Aitaဟာ Siaအား မြင်သောအခါ ကျောပြင်အား ဝမ်းသာအားရပြေးဖက်၏

"Sia~~~~"

Siaဟာ လှည့်ကြည့်ရင်း ရယ်လိုက်သည်

"hk hk hk... YamaToက အဆိုးလေး နိုးပြီလား"

Aitaဟာ Siaအားခါးဖက်၍ ရင်းနှီးစွာ ကပ်နေရာမှ Yamaမင်းကြီးအား လှည့်ကြည့်၏

စူးရှလွန်းသော မင်းကြီး၏ ပင်ကိုအကြည့်စူးစူးတို့ကြောင့် Aitaဟာ အမှတ်မထင် ငြိမ်၍ ပြန်ငေးကြည့်နေသည်

Siaဟာ ရိပ်မိ၏

Siaဟာ Aitaအား ပြောကြားလိုက်၏

"Aita... Yamaမင်းကြီးကို အရိုအသေပေးလိုက်ဦး..."

"Yama..မင်းကြီး..?"

ထိုစကားလုံးဟာ Aitaအတွက် YamaToအိမ်တော်၌ အကြိမ်ပေါင်းများစွာ ကြားနှင့်ခဲ့ရပြီးသော စကားလုံးဖြစ်၏

Aitaအား တော်ဝင်မျိုးနွဟ်များနဲ့တွေ့လျှင် ပြုလုပ်ရမည့် မတူညီသော အရိုအသေပေးခြင်းပုံစံကို ကောင်းကောင်းသင်ပေးထားသည်

အိမ်တော်မှာ ပိပိပြားပြား သင်ကြားထားသည့်အတိုင်း Aitaဟာ မင်းကြီးအား ဝပ်တွားအရိုအသေပေးခြင်း သုံးကြိမ်လုပ်ဆောင်၏

"YamaTo-Aita အရိုအသေပေးပါတယ် Sia-Yamaမင်းကြီး"

ကြမ်းပြင်နှင့် ဦးခေါင်းနဖူးကို ပိနေအောင် ထိကပ်ထားသော Aita၏ ထိုအချင်းအရာကိုမြင်သည်နှင့် Yamaမင်းကြီးဟာ စိုးရိမ်စိတ်တို့ ပိုမိုဝင်ရောက်ခဲ့၏

ခုနှစ် နှစ်သားကလေးကို တော်ဝင်စည်းကမ်းတွေ ကောင်းကောင်း ကျင့်သားရအောင် လုပ်ပေးထားတာပဲ

မင်းကြီးနှင့်တွေ့သောအခါ စကားပြောပုံ ပြုမူလှုပ်ရှားပုံတို့က Siaအား ပြေးဖက်သည့်အသွင်နှင့် ကွဲပြားစွာ သာမန် Shouyu အိမ်သားနဲ့တောင် မတူတော့ပေ

မသိရင် တော်ဝင်မျိုးနွယ်တွေကြား ကြီးပြင်းလာတဲ့အတိုင်းပဲရှိလှ၏

သို့သော် Yamaအတွက်တော့ ထိုကလေးအား တော်ဝင်မျိုးနွယ်အဖြစ် လက်ခံ၍ မဖြစ်ပါလေ

မျိုးရိုးမဲ့ ကလေးတစ်ဦး မဟုတ်သည့်အတွက် ထီးနန်းအတွက် အန္တရာယ်ရှိလှ၏

Aitaဟာ မင်းကြီးနှင့် Siaအတွက် အကြမ်းရေနွေးအိုးလေးအား ယူ၍ ငှဲ့ပေး၏

Yamaမင်းကြီး၏ အကြည့်တို့ဟာ Aitaအပေါ်၌ စူးနစ်ဝင်ရောက်နေသလို Sia၏ စိုးရိမ်ပူပန်မှု အကြည့်တို့ဟာလည်း Yamaမင်းကြီးအပေါ် ရှိနေ၏

ဖခင် မင်းကြီးဟာ ခုနှစ်သားကလေးနှင့် မတူသော Aita၏ ရေနွေးငှဲ့နေသည့် အပြုအမူများကို အသေးစိတ် အကဲခတ်နေသယောင် ထင်ရ၏

ပူလောင် လေးလံလှသော ရေနွေးကရားအား တုန်ယင်ခြင်းမရှိဘဲ ကြွေပန်းကန်လုံးငယ်လေးအတွင်းသို့ စူးစူးစိုက်စိုက် သေချာထည့်ပေးနေသော လက်နှင့် မျက်ဝန်းတို့သည် လှုပ်ရှားခြင်းကင်းသည်

ခွက်အတွင်းသို့ မနှေးမမြန် အကြမ်းရေ၏ ခုန်ဆင်းနေသော အသံတို့ဟာ Defuloတောအုပ်အတွင်း စီးဆင်းနေသော စိမ်းရေတို့၏ စီးဆင်းသံပမာရှိလှ၏

ရေနွေးအိုး ကိုင်ထားသော လက်ချောင်းတို့၏ ရွေ့လျားနေသော ဟန်ပန်အမူအယာ အနေအထားတို့ဟာ ပျော့ပြောင်းညင်သာစွာ စင်မြင့်ပေါ်တွင် ကပြဖျော်ဖြေနေသော ကခြေသည်၏ အသွင်ရှိသည်

ထိုအချင်းအရာအား ကြည့်ခြင်းအားဖြင့် Aitaဟာ ဘုရင်အား အကြမ်းရေ ဆက်သသည့် ပညာရပ်ကို ကောင်းကောင်း နားလည်ကြောင်း သိနိုင်၏

မင်းကြီးဟာ ရယ်မောလျက် Aitaအား ချစ်ခင်စွာ ချီးကျူးစကား ဆိုလိုက်သည်

"ကလေးက ငယ်ပေမယ့် နေတာထိုင်တာ နည်းစနစ်ကျကျနဲ့ သေသေသပ်သပ်ရှိသားပဲ... YamaToက သခင်လေးလို့ မပြောရဘူး... YamaToမှာ Yimaသခင်ကြီးကို ရေနွေးငှဲ့ပေးနေကျလား"

"ဟုတ်ကဲ့.. မင်းကြီး... Papa Yimaကို တစ်နေ့ သုံးကြိမ် ... တစ်ကြိမ်ကို ရေနွေး ခုနှစ်ခွက် ပုံမှန်ငှဲ့ပေးရပါတယ်... "

Yama မင်းကြီးဟာ Aita၏ လက်ဖမိုးဟာ မထင်မရှား အရှိုးရာလေးများကိုလည်း သတိထားမိပြန်၏

Aitaအား ရေနွေးငှဲ့ပုံနည်းမကျလျှင် Yimaက ကလေး၏ လက်ဖမိုးအား ဒုတ်နဲ့ရိုက်ပုံပင်...

မင်းကြီးဟာ Aitaအား မေးလိုက်၏

"YamaToကနေ တစ်ယောက်တည်းလာနေတာလား"

Aitaဟာ ခေါင်းလေးခါပြသည်

"အစ်ကိုတော်နဲ့ အတူလာတာ~~"

"arr~~ YamaTo Fuitaနဲ့လား~"

"ဟုတ်ကဲ့"

×××××

"Siaက Fuitaကိုပါ သူ့အဆောင်ကို ခေါ်ထားတာလား"

"မဟုတ်ပါဘူး မင်းကြီး... အချိန်မရွေး ဝင်ထွက်ခွင့်ပြုထားတာပါ.. YamaToသခင်လေး Aitaက သူ့အစ်ကိုတော် မရှိရင် မနေလို့ပါ"

"အို... အဲ့လောက်တောင် အစ်ကိုကို ချစ်တာလား"

"ဟုတ်ကဲ့... YamaToသခင်လေး Fuitaက YamaToမျိုးရိုးက လူတွေနဲ့ လုံးဝမတူဘူးလို့ ကြားပါတယ်"

"Inm.. အဲ့ဒါ ဘာစကားလဲ??"

"ဒီလိုပါမင်းကြီး... သခင်လေး Fuitaက ကြင်နာသနားတတ်ပြီး YamaToမျိုးရိုးလို စိတ်ခံစားချက် ပြင်းထန်တတ်သူမဟုတ်ပါဘူး... သာမန်အတိုင်း အေးအေးချမ်းချမ်း ကြိုးစားရင်းနဲ့ အလိုလို ထူးချွန်နေတဲ့ ကျောင်းသားတစ်ယောက်ပါ"

"arr.. ကိုယ်တော် နားလည်ပြီ.. ဘာပဲဖြစ်ဖြစ် Siaနဲ့ Aitaကို ကောင်းကောင်း စောင့်ကြည့်ထားပါ"

"ဟုတ်ကဲ့ပါ မင်းကြီး"

Yamaမင်းကြီး Sia၏ နန်းဆောင်မှ ထွက်ခွာသွားသောအခါ အထိန်းတော် Yukaဟာ အဆောင်တော် အဝမှ ဦးလေးညွှတ်၍ ကျန်ရစ်ခဲ့၏

Yukaနောက်ပြန်အလှည့်...

"on... YamaToသခင်လေး!!"

Aitaဟာ Yuka၏ အနောက်၌ ရှိနေ၏

Aitaဟာ အမှတ်တမဲ့ မိမိအနောက်ရှိနေသည်ကို မြင်လိုက်ရတာမို့ Yukaဟာ လန့်သွား၏

Aitaဟာ Yukaအား မျက်လုံးမှေး၍ ကြည့်နေ၏

"arr.. သခင်လေး ဘာအလိုရှိလို့ပါလဲ"

"Aitaနဲ့ပါလာတဲ့ အထုပ်တွေ ဘယ်မှာထားလဲ"

"ကျွန်တော်မျိုး လိုက်ပြပါ့မယ် သခင်လေး~~"

မကြာခင် အထိန်းတော် Yukaဟာ Aitaအား ပစ္စည်းများထားသော အခန်းသို့လိုက်ပြ၏

Aitaဟာ အထိန်းတော်အား မသင်္ကာသော အကြည့်များဖြင့် ကြည့်နေသည်

"အစ်ကိုတော်ကရော??"

"အစ်ကိုတော့်အခန်းက ဒီမှာဘက်မှာပါ သခင်လေး~~~~~"

"အစ်ကိုတော်က စာသင်ဆောင်တော်ကြီးမှာ နေရမှာဆို"

"မင်းသားက သခင်လေးAita အစ်ကိုတော်နဲ့ အတူရှိချင်ရင် သခင်လေးFuitaကို အဆင်ပြေပြေနေလို့ရအောင် စီစဉ်ပေးထားတာပါ.... Siaမင်းသားရဲ့ ရွှေအိုရောင် အဆောင်တော်ကြီးမှာ အိပ်ခန်းပေါင်း 1000 ကျော်ရှိပါတယ်"

×××××

Continue----

~~~~~~~~~~~~

Zawgyi code:

"အရွင္Sia~~ YamaTo Shouyuသခင္ေလး Aita ေရာက္ေနပါၿပီ"

Siaဟာ နံနက္ခင္း မနက္စာတည္ခင္းေနတုန္း အေထာက္ေတာ္္ အေစခံ၏ စကားေၾကာင့္ စားလတ္စသူ၏ လက္ထဲမွ ဇြန္းအားရပ္တန္႔လိုက္သည္

ေနာက္ဆံုးေတာ့ ေမ်ွာ္ေနသူ ေရာက္လာၿပီေပါ့

Siaဟာ မနက္စာတည္ခင္းၿပီးသည္နွင့္ Aitaရွိရာ အေဆာင္သို႔ ခ်က္ခ်င္းႂကြခ်ီလာ၏

×××××

ဧည့္ေဆာင္ေတာ္သို႔ေရာက္ေသာ္ Aitaဟာ နွစ္နွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္၍ေနေလ၏

မနက္ခင္း ေစာေစာစီးစီးမွာ အိပ္ေနသျဖင့္ Siaဟာ အနည္းငယ္ အံ့အားသင့္သြားသည္

"သူ အိပ္ေနတာလား~~!"

"ဟုတ္ကဲ့ Siaမင္းသား~ ညက Aitaသခင္ေလး နတ္ေက်ာင္းမွာ တစ္ညလံုး က်ိန္စာ႐ြတ္ရလို႔ မအိပ္ခဲ့ရပါဘူးတဲ့"

"ကေလးကို အဲ့ေလာက္ေတာင္ ခိုင္းတာလား~~"

"YamaToမွာ စည္းကမ္းထဲမွာ ေဘာင္ဝင္ေနေအာင္ ငယ္ငယ္ကတည္းက ပံုစံသြင္းတဲ့ပံုစံပါ မင္းသား... သခင္ေလးAitaက ကေလးေပမယ့္ ခဏခဏ အျပစ္မ်ိဳးစံုအေပးခံရတယ္လို႔ ၾကားပါတယ္... အျပစ္ေပးတိုင္း အျပစ္ထပ္ထပ္လုပ္လို႔ အျပစ္ေတြပံုၿပီး အျပစ္အေပးခံရတာက အ႐ြယ္နဲ႔ေတာင္ မလိုက္ပါဘူးတဲ့"

Siaဟာ ေခါင္းၿငိမ့္ျပလိုက္သည္

"ရၿပီ ထားခဲ့ေတာ့"

"ဟုတ္ကဲ့"

Sia၏ အမိန္႔ေပးမႈနွင့္အတူ Aitaအား ေခၚေဆာင္လာေသာ အေထာက္ေတာ္အေစခံနွင့္ အျခားအေစခံေလးမ်ားဟာ အခန္းထဲမွ တိတ္ဆိတ္စြာ ထြက္ခြာသြားၾကသည္

Aitaဟာ ကေလးပီပီ အိပ္၍ေနသည္မွာ အိပ္ယာေပၚတြင္ အက်ီ ဖရိုဖရဲနွင့္ ပါးစပ္မွလည္း ႐ြတ္ခဲ့ရေသာ က်ိန္စာမ်ားကို ေယာင္ယမ္း႐ြတ္ေန၏

Siaဟာ အနားသို႔ကပ္လာၿပီး Aitaအားၾကည့္သည္

ထို႔ေနာက္ နွစ္လိုစြာ တစ္ခ်က္ၿပံဳး၏

Aita၏ ဟေနေသာ ရင္ဘက္ေနရာမ်ားအား လံုၿခံဳေအာင္ဖံုးေပး၍ ေႏြးေထြးစြာ ေစာင္ေလးၿခံဳေပး၏

ထို႔စဥ္ ျပင္ပမွ အသံထြက္ေပၚလာ၏

"Siaမင္းသား.. Yamaမင္းႀကီး ႂကြခ်ီလာပါတယ္"

Sia၏ မ်က္နွာ၌ အၿပံဳးတို႔ေပ်ာက္ကြယ္ကာ အသံလာရာသို႔ ဆက္ခနဲ လွည့္ၾကည့္၏

Yamaမင္းႀကီးဟာ တံခါးဝ၌ မတ္တပ္ရပ္လ်က္ Siaအား လွမ္းၾကည့္ေန၏

ေတာင့္တင္းသန္မာလွေသာ ရင္ဘက္က်ယ္ႀကီးနွင့္ ျမင့္မားေသာ အရပ္တို႔ဟာ Yamaမင္းႀကီး၏ စူးရွလြန္းလွေသာ မ်က္ဝန္းတို႔နွင့္ ထင္ဟပ္ေန၏

Siaဟာ ဖခင္ခမည္းေတာ္အား အရိုအေသေပးလိုက္သည္

"ခမည္းေတာ္ ႂကြခ်ီလာတာပါလား~~"

Yamaမင္းႀကီးဟာ ေဘးသို႔ မ်က္လံုးေစာင္းၾကည့္သည္

အထိန္းေတာ္ဟာ တံခါးေလး ပိတ္၍ အျပင္သို႔ ထြက္ခြာသြား၏

×××××

လြန္ခဲ့ေသာ ခုနွစ္နွစ္ခန္႔က ...

Defulo၏ မိုးမ်ားသည္းထန္ေနေသာ အခ်ိန္ကာလတစ္ခု၏ ညတစ္ည၌ နတ္သဘင္အစည္းအေဝးတြင္ နတ္နန္းအရွင္ နတ္နန္းသခင္မ်ား စုေဝးကာ အေရးေပၚ အစည္းအေဝးျပဳခဲ့ရသည္

ခန္းနားလြန္းေသာ ေကာင္းကင္နတ္ဗိမၼာန္၏ မႈန္ပ်ပ်အလင္းေရာင္တို႔အုပ္လႊမ္းထားေသာ ေ႐ႊအိုေရာင္ခန္းမအလယ္ စားပြဲဝိုင္းႀကီး၌ အနာဂတ္ ကံၾကမၼာေပစာကို ဖတ္ၾကားေသာ နတ္နန္းအရွင္တို႔သည္ Yamaမင္းႀကီးအား ေလ်ွာက္တင္ၾက၏

"အရွင္မင္းႀကီး ဒီကေလးက အနာဂတ္မွာ Siaမင္းသားကို အုပ္စိုးပါလိမ့္မယ္"

"Siaမင္းသားရဲ႕ အရာရာတိုင္းကို အုပ္စိုးၿပီး မင္းသားက သူ႔ရဲ႕ဆႏၵေတြေအာက္မွာ အႀကိမ္ႀကိမ္က်ရႈံးပါလိမ့္မယ္"

"တိုင္းျပည္ရဲ႕ စည္ပင္ဝေျပာမႈကို အဆတိုးဖန္ဆင္းေပးနိုင္မယ့္ ေထာက္ပံ့မႈတစ္ရပ္အေနနဲ႔ ေမြးဖြားလာတာပါ"

"စိတ္နွလံုးဇာတာအရ Defuloမွာ ဘုရင္တစ္ပါးလို ရွင္သန္ျဖစ္တည္နိုင္မယ့္ ျမင့္ျမတ္သန္႔စင္တဲ့ စိတ္နွလံုးေတြနဲ႔ အတိအက် ေမြးဖြားလာတာကို ေတြ႕ရေပမယ့္ ျဖတ္သန္းရမယ့္ ဘဝကံၾကမၼာေပလႊာကိုေတာ့ အတိအက် ေဟာၾကားလို႔မရပါဘူး"

"ကံၾကမၼာေ႐ႊေပလႊာဆိုတာ ေစာင့္ထိန္းအပ္တဲ့ က်ိန္စာစည္းေတြမူတည္ၿပီး သူ႔အလိုလို အခ်ိန္တိုင္းေျပာင္းလဲေနတဲ့ အရာမို႔... Siaမင္းသားထက္နိမ့္တဲ့ အရပ္မွာႀကီးျပင္းေစၿပီး သူ႔ရဲ႕ကံၾကမၼာေပစာကို နိမ့္ပါးေအာင္လို႕လည္း ေျပာင္းလဲလို႔ရပါတယ္"

နတ္ဆရာတို႔၏ သတိေပး ေဟာၾကားခ်က္နွင့္အတူ Siaမ်ိဳးႏြယ္ သစၥာခံအမတ္တို႔ ဗ်ာမ်ားၾကေလၿပီ...

"အရွင္မင္းႀကီး ဘယ္လိုလုပ္ပါမလဲ~~"

"Siaမင္းသားေလး အတိအက် နန္းတတ္မွျဖစ္ပါမယ္"

"မဟုတ္ရင္ YamaToက ပိုၿပီး အုပ္စိုးလာလိမ့္မယ္"

"အခုေတာင္ ကံဇာတာေတြက သူတို႔အတြက္ အစပ်ိဳးေပးေနၿပီ"

"လနတ္ဘုရားေတြက Defuloကို အုပ္စိုးရမယ့္ ေတာ္ဝင္မ်ိဳးႏြယ္ကို အမည္နာမ ေျပာင္းလဲေပးခ်င္ေနၿပီလားေတာင္ မသိပါဘူး"

"စိုးရိမ္ဖြယ္ရာ အေျခအေနပါ~~"

Yamaမင္းႀကီးဟာ သံုးမ်ိဳးစပ္ YamaToသေနၶသားငယ္အား ရင္ခြင္၌ ပိုက္၍ ေတြေဝေနခဲ့သည္

မိမိ၏ Siaမ်ိဳးႏြယ္မဟုတ္ေသာ ေတာ္ဝင္ေသြးသားေလးအား Shouyuအိမ္ေတာ္သားအျဖစ္ ျပန္မေပးသင့္ေသာ္လည္း ကေလးငယ္က YamaToဟူေသာ အင္အားႀကီးအိမ္ေတာ္မ်ိဳးႏြယ္ျဖစ္ေန၏

ဤကေလးက ဘုရင့္၏ေသြးသားကို ဝဝလင္လင္ စားသံုးထားသည္

ထို႔ေၾကာင့္ ေတာ္ဝင္မင္းသားငယ္မ်ားနွင့္ တန္းတူ ေတာ္ဝင္ နန္းဆက္အျဖစ္ ျပည့္ျပည့္ဝဝ နန္းတတ္ခြင့္ရွိ၏

သို႔ေသာ္ အကယ္၍မ်ား ဤကေလးက နန္းတတ္ခဲ့လ်ွင္ YamaTo မ်ိဳးရိုးဟာ ေတာ္ဝင္မ်ိဳးႏြယ္ အမည္နာမအျဖစ္ ေျပာင္းလဲသြားမည္

"Siaမင္းသားငယ္က အိမ္ေရွ႕စံျဖစ္ေပမယ့္ ဖခင္ငယ္ၾကင္ယာေတာ္ႀကီးေၾကာင့္ ေသြးအားနည္းေရာဂါ မ်ိဳးရိုးလိုက္ၿပီး မင္းသားမွာ အားနည္းခ်က္ရွိေနတဲ့အခ်ိန္.... "

"အခုလိုမ်ိဳး ကံၾကမၼာအားေကာင္းတဲ့ ေတာ္ဝင္အိမ္ေတာ္သား ေမြးဖြားလာတာက မင္းသားရဲ႕ နန္းတတ္လမ္းအတြက္ အႏၲရာယ္မ်ားပါတယ္"

"မင္းသား Sia Tenkiရဲ႕ အနာဂတ္ကို ႀကိဳေတြးၿပီး ျပင္ဆင္ထားသင့္ပါတယ္"

"ဒီကေလးကို ေတာ္ဝင္မ်ိဳးႏြယ္ ကေလးအျဖစ္ သတ္မွတ္လို႔ မျဖစ္ပါဘူး မင္းႀကီး~~~"

"မင္းႀကီးရဲ႕ ေသြးကိုစားသံုူၿပီး အသက္ရွင္လာတာကို လ်ိဳ႕ဝွက္ၿပီး YamaTo Shouyuအိမ္ေတာ္သား အေနနဲ႔ပဲ ျပန္ေပးလိုက္ပါ~~~"

"ဤကေလးကို သေနၶစပ္ေပးတဲ့ သူေတြအားလံုးကို သတ္ပစ္လိုက္ပါ~~"

ျမင့္ျမတ္သန္႔စင္တဲ့ ဘုရင္တစ္ပါးအေနနဲ႔ အျပစ္မဲ့သူေတြအေပၚ ဤကဲ့သို႔ က်ဴးလြန္ခြင့္ရွိပါ့မလား

သို႔ေသာ္ Yamaမင္းႀကီး၌ ဆံုးျဖတ္ခ်က္ တစ္ခုရွိခဲ့သည္

ခ်စ္ခင္ရေသာ ၾကင္ယာေတာ္ႀကီးနွင့္အတူ ေမြးဖြားသန္႔စင္ခဲ့ေသာ ကေလးကိုသာ နန္းတင္ေပးနိုင္ရန္ျဖစ္၏

ထို႔ေၾကာင့္ Yamaမင္းႀကီးဟာ ဘုရင္တစ္ပါးအေနနဲ႔ ေနာက္ထပ္ ေတာ္ဝင္နန္းေသြး သေနၶတစ္ေယာက္ ယူရန္က်န္ေနေသာ္လည္း ၾကင္ယာႀကီး ဆံုးပါးသြားေသာအခါ ၾကင္ယာငယ္ထပ္မယူဘဲ တစ္ဦးတည္းေသာ Siaမင္းသားကိုသာ ပိုးေမြးသလို ေမြးခဲ့၏

ေသြးအားနည္းေရာဂါရွိေသာ Sia၏ နန္းတတ္လမ္း၌ အေနွာက္အယွက္မရွိေစရန္ ေနာက္ထပ္ကေလး မယူခဲ့ေသာ္လည္း နတ္ဘုရားတို႔က ေလာကကို ထိန္းသိမ္းရန္ အရည္အေသြးေကာင္းေသာ ေက်ာက္ျမတ္ရတနာကိုသာ ထပ္မံဖန္တီးေပးခဲ့သည္

"ဘာလို႔ပါလဲ..."

"Siaကို သေဘာမက်လို႔လား"

"ဒီေလာက္ ထူးခြၽန္ထက္ျမတ္ၿပီး စိတ္နွလံုးသား ျပည့္စံုၿပီးသား မိမိ၏ သားငယ္ေလးကို နတ္ဘုရားတို႔က အလိုမက်ဘူးလား"

"အဘယ္ေၾကာင့္မ်ား ဤကဲ့သို႔ေသာ သေနၶသားငယ္ကို ထပ္မံ ဖန္ဆင္းေပးရတာလဲ~~~"

"ကြၽန္ေတာ္မ်ိဳးရဲ႕ ေစာင့္ထိန္းခဲ့တဲ့ က်ိန္စာစည္းေတြ က်ိဳးေပါက္ ရပါေတာ့မယ္"

လနတ္ဘုရားမ၏ ရုပ္ထုႀကီးေရွ႕၌ သံုးမ်ိဳးစပ္သေနၶသားငယ္အား ရင္၌ပိုက္ၿပီး ျမည္တမ္းခဲ့ေသာ Yamaမင္းႀကီး၏ အသံတို႔သည္ ဝမ္းနည္းမႈမ်ားျဖင့္ ျပည့္နွက္လို႔ေန၏

Yamaမင္းႀကီးဟာ ဘုရင္တစ္ပါးအေနနဲ႔ မျပဳလုပ္သင့္ေသာ က်င့္ဝတ္တို႔ကို ေဖာက္ဖ်က္ကာ Aitaအား သာမန္သံုးမ်ိဳးစပ္ သေနၶသားအေနနဲ႔ YamaToသို႔ ျပန္ပို႔ခဲ့သည္

ဘုရင္၏ ေသြးအား စားသံုးခဲ့သည္ကို လ်ိဳ႕ဝွက္ၿပီး YamaToဟာ မိမိတို႔၏ ကေလးငယ္ Aita၏ ဖခင္ရင္းမ်ား အေနနဲ႔ ပိုင္ဆိုင္ခြင့္ရရွိခဲ့သည္

သို႔ေသာ္

အဘယ္ေၾကာင့္မ်ား Siaမင္းသားက ထိုအႏၲရာယ္ေကာင္ေလးကို မိမိ၏ အနားသို႔ ျပန္လည္ေဆာင္ၾကဥ္းခဲ့ျပန္ပါသလဲ

မင္းသားက Aitaအား ခ်စ္ခင္သည္ဟူ၍ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးျဖင့္ ေတာင္းဆိုေနျပန္ေတာ့ သို႔ေလာ သို႔ေလာ သံသယမ်ားစြာျဖင့္ YamaTo ဖခင္တို႔မွာ ျငင္းဆန္နိုင္စြမ္းမရွိျပန္ေပ

×××××

"သားေတာ္ YamaToက သခင္ေလးကို အနားမွာေခၚထားတယ္ဆို..."

Siaဟာ သူ၏ ဖခင္အတြက္ ေရေႏြးၾကမ္းငွဲ႔ေပးရင္း ႐ႊင္လန္းေသာ အၿပံဳးတို႔ျဖင့္ ျပန္ေျဖ၏

"omm.. ခမည္းေတာ္.. Fuitaရဲ႕ ညီငယ္ေလးကို ခြဲရမွာဝမ္းနည္းေနတာ ျမင္တာနဲ႔... စာသင္ေဆာင္နဲ႔ အနီးဆံုးေနရာက သားေတာ္ရဲ႕ အေဆာင္မွာ Aitaကို ခဏေခၚထားမလို႔ပါ... နိုးဖူးပြင့္ခ်ိန္ သားေတာ္အနားယူတဲ့ ကာလမွာ သားေတာ္လည္း ေမြးခ်င္းမရွိေတာ့ ပ်င္းရိတာမို႔.... "

"arr... ဟုတ္လား... တျခား သခင္ေလးေတြ အမ်ားႀကီး ရွိေနတဲ့အထဲမွ YamaToက သခင္ေလးကို ေခၚထားတာမို႔ Papaက ေမးၾကည့္တာပါ... သားေတာ္လည္း ေနာင္ ဆယ့္ငါးနွစ္ျပည့္ခါနီးၿပီမလား"

Yamaမင္းၿကီး၏ အၿပံဳးေၾကာင့္ Siaဟာ ရယ္သည္

"သားေတာ္ အဲ့ဒီလို စိတ္ခံစားခ်က္နဲ႔ ေခၚထားတာမဟုတ္ပါဘူး..."

"သားေတာ္လိုခ်င္ရင္ ခမည္းေတာ္က မျငင္းပါဘူး... သားေတာ္ ၾကင္ယာေတာ္ရွာၿပီး နန္းတတ္ခ်င္ရင္လည္း ခမည္းေတာ္က နန္းဆင္းေပးဖို႔ အသင့္ပါပဲ"

"သားေတာ္ နန္းမတတ္ဖို႔ အဆင္သင့္မျဖစ္ေသးပါဘူး.. ခမည္းေတာ္... သားေတာ္က ငယ္ပါေသးတယ္"

"သားေတာ္က ငယ္ေပမယ့္ ဉာဏ္ပညာနဲ႔ အရည္အခ်င္းက ကံုလံုေနပါၿပီ~~ "

Yamaမင္းႀကီးဟာ Siaထံ၌ရွိေနေသာ ေသြးအားနည္းေရာဂါေၾကာင့္ နန္းတတ္လမ္းပ်က္ဆီးမည္ကို စိုးရိမ္ေနသူျဖစ္သည္

မင္းႀကီးဟာ Siaအား အႏၲရာယ္ တစ္စံုတစ္ရာ အတားအဆီးမရွိခ်ိန္ အသက္ငယ္ငယ္နဲ႔ အခ်ိန္ျမန္ျမန္ နန္းတတ္နိုင္ေအာင္ ေလ့က်င့္ေဘာင္သြင္းေပးခဲ့သူျဖစ္သည္

ထို႔ေၾကာင့္ Siaဟာ ေလာကႀကီးအားေကာင္းမြန္စြာ မသိခင္မွာပင္ အိမ္ေရွ႕စံတစ္ဦး၏ စည္းမ်ဥ္းစည္းကမ္းမ်ားနွင့္အညီ ထက္ျမတ္ေအာင္ ေနထိုင္ခဲ့ရၿပီး ဘုရင္တစ္ပါးနွင့္တူေသာ ရင့္က်က္သည့္ စိတ္နွလံုးတို႔ကို ေမြးျမဴေပးျခင္းခံခဲ့ရသည္

Sia၏ ဆယ့္နွစ္ နွစ္ဟူေသာ ငယ္ဘဝဟာ ကေလးတစ္ဦး၏ လြတ္လပ္ေသာ ေပ်ာ္႐ႊင္မႈကို လံုးဝ မခံစားလိုက္ရေပ

အ႐ြယ္နွင့္ မလိုက္ေအာင္ ရင့္က်က္တည္ၿငိမ္ေသာ ထုထြင္းၿပီးသား ေက်ာက္သားပမာ Siaဟာ လ်ိဳ႕ဝွက္ေသာ စိတ္နွလံုးတို႔ျဖင့္ တည္ရွိ၏

"နန္းေသြးသေနၶယူဖို႔က နန္းတတ္ၿပီးမွ ျဖည္းျဖည္းခ်င္း စီစဥ္လည္း ရတာပဲ Sia... နန္းတတ္ပါေတာ့လား... ခမည္းေတာ္ အနားယူခ်င္ေနၿပီ~~"

Yamaမင္းႀကီး၏ နန္းတတ္ရန္ ေဖ်ာင္းဖ်မႈမ်ားကို Siaဟာ အခ်ိန္တိုင္း ျငင္းဆန္ေလ့ရွိ၏

"Sia နန္းမတတ္ေသးပါဘူး... ဖခမည္းေတာ္လည္း ေကာင္းေကာင္း အသက္ရွင္ေနေသးတာပဲ... သားေတာ္ ဘုရင္ျဖစ္ဖို႔ အေတြ႕အႀကံဳေကာင္းေတြ လိုပါေသးတယ္"

Siaအား ေဖ်ာင္းဖ်၍ မရသည့္အဆံုး၌ Yamaဟာ သက္ျပင္းခ်၍ လက္ေလ်ာ့လိုက္၏

ရုတ္တရက္ အျပင္မွ အသံထြက္ေပၚလာသည္

"အရွင္မင္းႀကီး YamaTo သခင္ေလး Aita ေရာက္ေနပါၿပီ"

နိုးၿပီလား...

ရုတ္တရက္ ဝင္ေရာက္လာေသာ အေတြးစနွင့္အတူ Yamaမင္းႀကီးဟာ ဝင္ခြင့္ျပဳခဲ့၏

Aitaဟာ ခန္းနားေသာ ေ႐ႊအိုေရာင္ အေဆာက္အအံုခန္းႀကီးထဲသို႔ ၾကင္ယာထိန္းတစ္ဦးနွင့္အတူ ရိုက်ိဳးစြာ ဝင္လာသည္

သို႔ေသာ္ Aitaဟာ Siaအား ျမင္ေသာအခါ ေက်ာျပင္အား ဝမ္းသာအားရေျပးဖက္၏

"Sia~~~~"

Siaဟာ လွည့္ၾကည့္ရင္း ရယ္လိုက္သည္

"hk hk hk... YamaToက အဆိုးေလး နိုးၿပီလား"

Aitaဟာ Siaအားခါးဖက္၍ ရင္းနွီးစြာ ကပ္ေနရာမွ Yamaမင္းႀကီးအား လွည့္ၾကည့္၏

စူးရွလြန္းေသာ မင္းႀကီး၏ ပင္ကိုအၾကည့္စူးစူးတို႔ေၾကာင့္ Aitaဟာ အမွတ္မထင္ ၿငိမ္၍ ျပန္ေငးၾကည့္ေနသည္

Siaဟာ ရိပ္မိ၏

Siaဟာ Aitaအား ေျပာၾကားလိုက္၏

"Aita... Yamaမင္းႀကီးကို အရိုအေသေပးလိုက္ဦး..."

"Yama..မင္းၿကီး..?"

ထိုစကားလံုးဟာ Aitaအတြက္ YamaToအိမ္ေတာ္၌ အႀကိမ္ေပါင္းမ်ားစြာ ၾကားနွင့္ခဲ့ရၿပီးေသာ စကားလံုးျဖစ္၏

Aitaအား ေတာ္ဝင္မ်ိဳးႏြဟ္မ်ားနဲ႔ေတြ႕လ်ွင္ ျပဳလုပ္ရမည့္ မတူညီေသာ အရိုအေသေပးျခင္းပံုစံကို ေကာင္းေကာင္းသင္ေပးထားသည္

အိမ္ေတာ္မွာ ပိပိျပားျပား သင္ၾကားထားသည့္အတိုင္း Aitaဟာ မင္းႀကီးအား ဝပ္တြားအရိုအေသေပးျခင္း သံုးႀကိမ္လုပ္ေဆာင္၏

"YamaTo-Aita အရိုအေသေပးပါတယ္ Sia-Yamaမင္းႀကီး"

ၾကမ္းျပင္နွင့္ ဦးေခါင္းနဖူးကို ပိေနေအာင္ ထိကပ္ထားေသာ Aita၏ ထိုအခ်င္းအရာကိုျမင္သည္နွင့္ Yamaမင္းႀကီးဟာ စိုးရိမ္စိတ္တို႔ ပိုမိုဝင္ေရာက္ခဲ့၏

ခုနွစ္ နွစ္သားကေလးကို ေတာ္ဝင္စည္းကမ္းေတြ ေကာင္းေကာင္း က်င့္သားရေအာင္ လုပ္ေပးထားတာပဲ

မင္းႀကီးနွင့္ေတြ႕ေသာအခါ စကားေျပာပံု ျပဳမူလႈပ္ရွားပံုတို႔က Siaအား ေျပးဖက္သည့္အသြင္နွင့္ ကြဲျပားစြာ သာမန္ Shouyu အိမ္သားနဲ႔ေတာင္ မတူေတာ့ေပ

မသိရင္ ေတာ္ဝင္မ်ိဳးႏြယ္ေတြၾကား ႀကီးျပင္းလာတဲ့အတိုင္းပဲရွိလွ၏

သို႔ေသာ္ Yamaအတြက္ေတာ့ ထိုကေလးအား ေတာ္ဝင္မ်ိဳးႏြယ္အျဖစ္ လက္ခံ၍ မျဖစ္ပါေလ

မ်ိဳးရိုးမဲ့ ကေလးတစ္ဦး မဟုတ္သည့္အတြက္ ထီးနန္းအတြက္ အႏၲရာယ္ရွိလွ၏

Aitaဟာ မင္းႀကီးနွင့္ Siaအတြက္ အၾကမ္းေရေႏြးအိုးေလးအား ယူ၍ ငွဲ႔ေပး၏

Yamaမင္းႀကီး၏ အၾကည့္တို႔ဟာ Aitaအေပၚ၌ စူးနစ္ဝင္ေရာက္ေနသလို Sia၏ စိုးရိမ္ပူပန္မႈ အၾကည့္တို႔ဟာလည္း Yamaမင္းႀကီးအေပၚ ရွိေန၏

ဖခင္ မင္းႀကီးဟာ ခုနွစ္သားကေလးနွင့္ မတူေသာ Aita၏ ေရေႏြးငွဲ႔ေနသည့္ အျပဳအမူမ်ားကို အေသးစိတ္ အကဲခတ္ေနသေယာင္ ထင္ရ၏

ပူေလာင္ ေလးလံလွေသာ ေရေႏြးကရားအား တုန္ယင္ျခင္းမရွိဘဲ ေႂကြပန္းကန္လံုးငယ္ေလးအတြင္းသို႔ စူးစူးစိုက္စိုက္ ေသခ်ာထည့္ေပးေနေသာ လက္နွင့္ မ်က္ဝန္းတို႔သည္ လႈပ္ရွားျခင္းကင္းသည္

ခြက္အတြင္းသို႔ မေနွးမျမန္ အၾကမ္းေရ၏ ခုန္ဆင္းေနေသာ အသံတို႔ဟာ Defuloေတာအုပ္အတြင္း စီးဆင္းေနေသာ စိမ္းေရတို႔၏ စီးဆင္းသံပမာရွိလွ၏

ေရေႏြးအိုး ကိုင္ထားေသာ လက္ေခ်ာင္းတို႔၏ ေ႐ြ႕လ်ားေနေသာ ဟန္ပန္အမူအယာ အေနအထားတို႔ဟာ ေပ်ာ့ေျပာင္းညင္သာစြာ စင္ျမင့္ေပၚတြင္ ကျပေဖ်ာ္ေျဖေနေသာ ကေျခသည္၏ အသြင္ရွိသည္

ထိုအခ်င္းအရာအား ၾကည့္ျခင္းအားျဖင့္ Aitaဟာ ဘုရင္အား အၾကမ္းေရ ဆက္သသည့္ ပညာရပ္ကို ေကာင္းေကာင္း နားလည္ေၾကာင္း သိနိုင္၏

မင္းႀကီးဟာ ရယ္ေမာလ်က္ Aitaအား ခ်စ္ခင္စြာ ခ်ီးက်ဴးစကား ဆိုလိုက္သည္

"ကေလးက ငယ္ေပမယ့္ ေနတာထိုင္တာ နည္းစနစ္က်က်နဲ႔ ေသေသသပ္သပ္ရွိသားပဲ... YamaToက သခင္ေလးလို႔ မေျပာရဘူး... YamaToမွာ Yimaသခင္ႀကီးကို ေရေႏြးငွဲ႔ေပးေနက်လား"

"ဟုတ္ကဲ့.. မင္းႀကီး... Papa Yimaကို တစ္ေန႔ သံုးျကိမ္ ... တစ္ႀကိမ္ကို ေရေႏြး ခုနွစ္ခြက္ ပံုမွန္ငွဲ႔ေပးရပါတယ္... "

Yama မင္းႀကီးဟာ Aita၏ လက္ဖမိုးဟာ မထင္မရွား အရႈိးရာေလးမ်ားကိုလည္း သတိထားမိျပန္၏

Aitaအား ေရေႏြးငွဲ႔ပံုနည္းမက်လ်ွင္ Yimaက ကေလး၏ လက္ဖမိုးအား ဒုတ္နဲ႔ရိုက္ပံုပင္...

မင္းႀကီးဟာ Aitaအား ေမးလိုက္၏

"YamaToကေန တစ္ေယာက္တည္းလာေနတာလား"

Aitaဟာ ေခါင္းေလးခါျပသည္

"အစ္ကိုေတာ္နဲ႔ အတူလာတာ~~"

"arr~~ YamaTo Fuitaနဲ႔လား~"

"ဟုတ္ကဲ့"

×××××

"Siaက Fuitaကိုပါ သူ႔အေဆာင္ကို ေခၚထားတာလား"

"မဟုတ္ပါဘူး မင္းႀကီး... အခ်ိန္မေ႐ြး ဝင္ထြက္ခြင့္ျပဳထားတာပါ.. YamaToသခင္ေလး Aitaက သူ႔အစ္ကိုေတာ္ မရွိရင္ မေနလို႔ပါ"

"အို... အဲ့ေလာက္ေတာင္ အစ္ကိုကို ခ်စ္တာလား"

"ဟုတ္ကဲ့... YamaToသခင္ေလး Fuitaက YamaToမ်ိဳးရိုးက လူေတြနဲ႔ လံုးဝမတူဘူးလို႔ ၾကားပါတယ္"

"Inm.. အဲ့ဒါ ဘာစကားလဲ??"

"ဒီလိုပါမင္းႀကီး... သခင္ေလး Fuitaက ၾကင္နာသနားတတ္ၿပီး YamaToမ်ိဳးရိုးလို စိတ္ခံစားခ်က္ ျပင္းထန္တတ္သူမဟုတ္ပါဘူး... သာမန္အတိုင္း ေအးေအးခ်မ္းခ်မ္း ႀကိဳးစားရင္းနဲ႔ အလိုလို ထူးခြၽန္ေနတဲ့ ေက်ာင္းသားတစ္ေယာက္ပါ"

"arr.. ကိုယ္ေတာ္ နားလည္ၿပီ.. ဘာပဲျဖစ္ျဖစ္ Siaနဲ႔ Aitaကို ေကာင္းေကာင္း ေစာင့္ၾကည့္ထားပါ"

"ဟုတ္ကဲ့ပါ မင္းႀကီး"

Yamaမင္းႀကီး Sia၏ နန္းေဆာင္မွ ထြက္ခြာသြားေသာအခါ အထိန္းေတာ္ Yukaဟာ အေဆာင္ေတာ္ အဝမွ ဦးေလးၫႊတ္၍ က်န္ရစ္ခဲ့၏

Yukaေနာက္ျပန္အလွည့္...

"on... YamaToသခင္ေလး!!"

Aitaဟာ Yuka၏ အေနာက္၌ ရွိေန၏

Aitaဟာ အမွတ္တမဲ့ မိမိအေနာက္ရွိေနသည္ကို ျမင္လိုက္ရတာမို႔ Yukaဟာ လန္႔သြား၏

Aitaဟာ Yukaအား မ်က္လံုးေမွး၍ ၾကည့္ေန၏

"arr.. သခင္ေလး ဘာအလိုရွိလို႔ပါလဲ"

"Aitaနဲ႔ပါလာတဲ့ အထုပ္ေတြ ဘယ္မွာထားလဲ"

"ကြၽန္ေတာ္မ်ိဳး လိုက္ျပပါ့မယ္ သခင္ေလး~~"

မၾကာခင္ အထိန္းေတာ္ Yukaဟာ Aitaအား ပစၥည္းမ်ားထားေသာ အခန္းသို႔လိုက္ျပ၏

Aitaဟာ အထိန္းေတာ္အား မသကၤာေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနသည္

"အစ္ကိုေတာ္ကေရာ??"

"အစ္ကိုေတာ့္အခန္းက ဒီမွာဘက္မွာပါ သခင္ေလး~~~~~"

"အစ္ကိုေတာ္က စာသင္ေဆာင္ေတာ္ျကီးမွာ ေနရမွာဆို"

"မင္းသားက သခင္ေလးAita အစ္ကိုေတာ္နဲ႔ အတူရွိခ်င္ရင္ သခင္ေလးFuitaကို အဆင္ေျပေျပေနလို႔ရေအာင္ စီစဥ္ေပးထားတာပါ.... Siaမင္းသားရဲ႕ ေ႐ႊအိုေရာင္ အေဆာင္ေတာ္ႀကီးမွာ အိပ္ခန္းေပါင္း 1000 ေက်ာ္ရွိပါတယ္"

×××××

Continue----

© GOD OF DEFULO,
книга «King Sia».
Коментарі