Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-5
Unicode

ခုနှစ် နှစ်ခန့်အကြာ ~~~

နန်းတွင်းရှိ Shouyu ကျောင်းသားငယ်များ၏ စာအံသံကို သာယာစွာ ကြားနေရပြီဖြစ်သည်

မင်းကြီး SiaYamaမှ ဆင်းသက်လာသော နန်းတတ်မင်းသား SiaTenkiလက်ထက် မျိုးဆက်သစ် Shouyu အိမ်တော်ပန်းလေးများ ဖူးပွင့်လာပြီဖြစ်၏

စာသင်တန်းအား သက်တူရွယ်တူ အကုန်ပေါင်း၍ သင်ကြားရသည်

ကလေးများအား ပေါင်းစည်း၍ နန်းတွင်း၌ နေထိုင်တတ်စေရန်နှင့် တင်းကြပ်သောစည်းကမ်းများအား နေသားကျမှုရှိလာစေရန် အခြေခံမျှသာ လေ့ကျင့် သင်ကြားပေးပြီး

သို့သော် နှစ်နှစ်မြောက်သော ဒုတိယ အခြေခံတန်းခွဲသို့ရောက်လျှင် ယေဘုယျအားဖြင့် နှစ်မျိုးခွဲသည်

ကြင်ယာဖက်တန်းနှင့် ကြင်ယာတော်တန်းဖြစ်သည်

ကြင်ယာတော်လေးများသည် သင်ယူမှုများအတွက် အနည်းငယ် အပြစ်ဒဏ်ပေါ့လျော့သည်မှ လွှဲ၍ ခြားနားချက်တို့ အများကြီးမရှိလှပါ

သန္ဓေတည်နိုင်သည့် ကိုယ်ခန္ဓာအား ပြုစုပျိုးထောင်သည့် ပုံစံနှင့် သန္ဓေမတည်နိုင်သည့် ကိုယ်ခန္ဓာအား ပြုစုပျိုးထောင်သည့် ပုံစံ မတူညီသောကြောင့် ခွဲထားခြင်းဖြစ်သည်

သန္ဓေတည်နိုင်သည် ခန္ဓာကိုယ်ရှိသော ကလေးငယ်အများသည် အနာဂတ်၏ ကြင်ယာတော်လောင်းလေးများဖြစ်သည့်အတွက် ပြင်ပထိခိုက်မှုမရှိစေရန် အထူးဂရုစိုက်ရသည်

သိမ်မွေ့တတ်စေရန်နှင့် အနာ ဒဏ်ရာကင်းစင်စေရန် ကြိမ်လုံးနှင့် မရိုက်ရပေ

အခြေခံ ကြင်ယာတော် ကျင့်ဝတ်နှင့် ကြင်ယာတော်တစ်ဦး၏ အရည်အသွေးမြှင့်တင့်သည့် ပညာရပ်များအား သင်ကြားရသည်

ထိုပညာရပ်များကိုတော့ ကြင်ယာဖက်ဖြစ်လာမည့် စာသင်သားများက သင်ကြားစရာမလိုအပ်ပေ

Shouyuအကြီးတန်း ကြင်ယာဖက် စာသင်သား အယောက် 100တွင် Shouyu ကြင်ယာတော် စာသင်သားသည် 5ယောက်ခန့်သာရှိသည်

Shouyu ရတနာအိမ်တော်ကြီးများမှ ကြင်ယာတော် သန္ဓေသားမွေးဖွားလာဖို့ လွန်စွာရှားပါးသည်

ထို့ကြောင့် Shouyu အိမ်တော် သခင်လေးများသည် အိမ်တော်မျိုးဆက်နှင့် သန္ဓေခွန်အတွက် ကြင်ယာတော်ယူရန် အနီရောင်မြို့တော်ရှိ လိင်စံအိမ်တော်များမှ ရောင်းချသည့် ကြင်ယာတော်များနှင့် G
မိဘမဲ့အစေခံ ကလေးလုပ်သား ရောင်းချရာငှာနကြီးဖြစ်သော Grafityမှ သန့်စင်သောအထိန်းသိမ်းခံဟုခေါ်သည့် ကလေးကြင်ယာတော်များကို အားထားရသည်

×××××

မနက်တိုင်း ပထမဦးဆုံး အလုပ်မှာ မျက်လုံးနှစ်လုံး ဖွင့်သည့်နှင့် စာသင်ဆောင်သို့ ကြွချီရန်ဖြစ်သည်

နေမထွက်ခင် အိပ်ရာထပြီး အထိန်းတော်များ၏ ပြင်ဆင်ပေးမှုကို ခံယူရသည်

ဖြီးလိမ်း သန့်စင်မှုနှင့် ဝါဝါဝင်းဝင်းနေသော ထည်ဝါခန့်ညားမှုတို့အား အရောင်တင်ပြီးနောက် Sia ဟာ ဖခင်နှင့်အတူ ပွဲတော်တည်ခင်းရန် ဖခင်၏ အဆောင်တော်သို့ ကြွချီနှုတ်ဆက်သည်

××××

"နန်းတတ် မင်းသား ကြွချီလာပါတယ်"

ဆယ့်နှစ် နှစ်အရွယ်မက တည်ငြိမ်မှုနှင့် ဦးစီးခေါင်းဆောင်ဟူသော ရင့်ကျက်မှုတို့ ပြည့်ဝနေသည့် နန်းတတ်မင်းသား SiaTenki သည် ဖခင်မင်းကြီး SiaYama၏ ဝတ်လဲတော်ပြုရာ အခန်းကြီးအတွင်းသို့ လျင်မြန်စွာ တန်းဝင်သွားသည်

"Sia အရိုအသေပေးပါတယ် ခမည်းတော်!!"

အစေခံများက မင်းကြီး Yamaအား ပြင်ဆင်ပေးခြင်းအား ရပ်တန့်ကာ အဝေးသို့ ရိုသေစွာ ဖယ်ခွာသွား၏

"ar~ နန်းတတ် သားတောင် ရောက်လာပြီလား"
"ခမည်းတော် ဒီနေ့ အိပ်ရာထနောက်ကျသွားတယ်"

မင်းကြီးYama၏ သြဇာညောင်းသော လေသံတို့သည် သားဖြစ်သူအပေါ် ပြည့်ဝသော ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် လန်းဆန်းလျက်ရှိနေ၏

Siaဟာ ဖခင်အား ပြုံးပြလျက် ဝေယျာဝစ္စအား ကိုယ်တိုင် ဆက်လက်လုပ်ဆောင်ပေး၏

မင်းကြီး Yamaဟာ မှန်ကိုကြည့်လျက် သက်ပြင်းချရေရွတ်သည်

"အသက်တွေ ကြီးလာလို့ ခန္ဓာကိုယ်က အနားယူချင်နေပြီ ထင်တယ်"

ထို့အခါ အနားရှိ အထိန်းတော်ကြီး kiru၏ မျက်ဝန်းအကြည့်တို့သည် အနည်းငယ်ရွေ့လျားခဲ့၏

Siaဟာ သတိမထားမိခဲ့ပေ

Siaဟာ ဖခင်၏ အကျီမှကြယ်သီးတို့အား စီတန်းပေးရင်း သာမန်ကဲ့သို့သော စကားကိုသာ ဆို၏

"ခမည်းတော်က ကျန်းမာပြီး ငယ်သူလို သန်စွမ်းနေပါသေးတယ်..... အသက်မကြီးသေးပါဘူး.... ခမည်းတော်က အချိန်တွေ အကြာကြီး နန်းသက်ရှည်ရဦ
းမှာပါ"

ထိုအခါ မင်းကြီး Yamaဟာ ပြုံး၏

×××××

Siaသည် စာသင်ဆောင်သို့ ကြွချီ၏

လူသုံးယောက်စာ လုံးပတ်ရှိသော သစ်လုံးကြီးများဖြင့် မြင့်မားစွာ တည်ဆောက်ထားပြီး စာသင်ဆောင်သည် ခုနှစ်ဆောင်ရှိသည်

ထိုမှ အလယ်ရှိ လေးခုမြောက် အမြင့်ဆုံးနှင့် အဆောင်ကြီးသည် ရှစ်ထပ်ရှိပြီး အတိုင်းမဲ့ကြီးမားသော စက်ဝိုင်းပုံ အနီရောင်ဖြစ်သည်

ထိုအလယ်ဆောင်၏ အပေါ်လေးထပ်သည် စာတော်ဆုံးနှင့် ဉာဏ်ရည်ထက်မြတ်သော ထူးချွန်သော ကျောင်းသားများ စာမေးပွဲနီး ညအိပ်ညနေ နေထိုင်ရသည့် အဆောင်များဖြစ်ပြီး အောက်နှစ်ထပ်သည် စာကြည့်တိုက်ကြီးဖြစ်ပြီး အောက်ဆုံးနှစ်ထပ်သည် သီးသန့် စားသောက်ခန်းများ ဖြစ်သည်

နောက်ဆုံး ခုနှစ်ခုမြောက် အဆောင်သည် အနယ်နယ် အရပ်ရပ်မှ စာမေးပွဲဖြေဆိုပြီး အောင်မြင်သွားသော အောက်တန်းလွှာများ ကျွန်လူတန်းစားများအား တော်ဝင်အစေခံဖြစ်လာစေဖို့ လေ့ကျင့်ရာ စာသင်ဆောင်ဖြစ်သည်

ခြောက်ခုမြောက် အဆောင်သည် အသေးဆုံးဖြစ်ပြီး တော်ဝင်လိင်လုပ်သားများ လိင်မှု ရေးရာပြုစုလုပ်ကိုင်နည်းနှင့် ခန္ဓာကိုယ် ကျန်းမာအောင် စောင့်ရှောက်နေထိုင်နည်းများ သင်ကြားရာအရပ်ဖြစ်သည်

မကြာခဏဆိုသလို အကျီကိုယ်ဗလာနှင့် လုပ်သားလှလှလေးများအား တွေ့ရသဖြင့် ကျောင်းသားများ ချောင်းကြည့်လေ့ရှိကြ၏

မိလျှင် အပြစ်ပေးခံရသည်

ထိုအဆောင်ငယ်သည် အနာဂတ်၌ ဘုရင်ဖြစ်လာမည့် Sia၏ ကိုယ်လုပ်တော်လေးများဖြစ်သည့်အတွက် Sia တစ်ယောက်တည်းသာ သွားလာ ဝင်ထွက်ခွင့်ရှိသည်

×××××

ထုံးစံအတိုင်း Siaသည် ပထမစာသင်ဆောင်အား စတင်ဝင်၏

အခြေခံတန်းကြော 1 သို့ရောက်သော် ခုနှစ်မှ ကိုးနှစ်ကြား ကလေးများ ပန်းချီဆွဲနေသည်ကို Sia မြင်ရ၏

အယောက် နှစ်ဆယ်ခန့်သာ ရှိသည်

"အိမ်ရှေ့စံ မင်းသားကြွချီလာပါတယ်~~~~"

ငါးယောက် တစ်တန်းထိုင်နေသော ကလေးများဟာ အလေ့ကျင့်ရနေသည့် ပုံစံအတိုင်း Siaလာသည်ကို မြင့်သည်နှင့် ကြင်ယာတော်လေးများ မတ်တပ်ထရပ်ကာ ကိုယ့်ကို ညွှတ်၍ အရိုအသေပေးကြ၏

ဆယ့်နှစ်သားအရွယ် နန်းတတ်မင်းသား SiaTenKi ဟာ ပုံမှန်အတိုင်း လျင်မြန်စွာပင် လမ်းလျှောက်ရင်း လျပ်စီးလို အကြည့်စူးတို့ဖြင့် တည်ငြိမ်စွာ အရာအားလုံးကို တစ်ချက်ဝေ့ဝဲကြည့်လိုက်၏

ပါမောက္ခဟာ ခပ်သွက်သွက်ပြေးလာပြီး အနောက်မှ ရိုသေစွာ လိုက်ပါရင်း အစီရင်ခံသည်

"ဒီနေ့ အခြေခံ ပန်းချီဆွဲခြင်း ပြီးဆုံးပါပြီ"
"ရေဆေး ဆီဆေးနဲ့ အခြားအဆင့်မြင့်တန်းကို စပါပြီ··· စာပေ စာလုံးက အလုံးနှစ်ရာပါ··· "

Siaဟာ ဘယ်ကိုမှလည်း အရေးတစ်ယူမရှိဘဲ စကားတစ်လုံးသာ ဖြေ၏

"inm····"

"ဟုတ်ကဲ့ပါ··· မင်းသား"

Siaဟာ အဆောင်တော် နောက်တစ်ခုသို့ ကူးပြောင်း၏

ထိုအဆောင်တော်သို့ ရောက်သော် အနီရောင် စာသင်သား ဝတ်စုံလေးများအား လှပစွာ ဆင်မြန်းထားသော ကျောင်းငယ်လေးများအား တွေ့ရ၏

Siaဟာ ပြုံးပြလိုက်သည်

ဆယ်နှစ်မှဆယ့်နှစ်နှစ် မိမိနှင့်ရွယ်တူ ကလေးများဖြစ်သည်

Siaဟာ အသက်ခုနှစ်နှစ်ကတည်းက မိမိထက်ငယ်သော သင်တန်းသားများကို စတင်အုပ်ချုပ်ခဲ့ရသည်

လက်အောက်ရှိ Shouyu စာသင်တန်းများမှ ကလေးငယ်များ၏ ပြဿနာအဝ ဝသည် Siaက တာဝန်ယူရ၏

Siaသည် မိမိလက်အောက်ရှိ စာသင်သားများအား တစ်ယောက်စီ မျက်မှန်တန်းမိစေရန် လေ့ကျင့်ရသည်

တစ်ယောက်ချင်းစီ၏ အမူအကျင့်အား ကြိုတင်ခန့်မှန်းကာ မိမိ၏ အိမ်ရှေ့စံအာဏာစက်အား ငယ်ငယ်ရွယ်ရွယ်နှင့် တည်မြဲအောင် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလေ့ကျင့်ရသည်

မည်သည့် လုပ်ဆောင်ချက်အား မည်သို့အပြစ်ပေးရမည်ကို အပိုအလိုမရှိ ခုံရုံအမတ်ကြီးများ၏ သင်ကြားမှုကို Siaဟာ နေ့စဉ်ခံယူရ၏

မနက်ခင်း စာသင်ဆောင်တော်ကြီး တစ်ခုစီတိုင်းအား ဖြတ်ကျော်တိုင်း တာဝန်ကျ ပါမောက္ခဆရာက တစ်နေ့တာအကျဉ်းချုပ်ကို Sia လမ်းလျှောက်နေစဉ် အနောက်မှ လိုက်ပါ၍ တစ်ဖက်စာသင်ဆောင်တော်သို့ မကူးခင် ခပ်တိုတိုနှင့် ခပ်မြန်မြန် ပြီးဆုံးအောင် အစီရင်ခံ၏

Siaဟာ စိတ်မပါလည်းနားထောင် စိတ်ပါလည်းနားထောင် နားမလည်လည်း နားထောင်ပေးရသည်

ငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်များသော အိမ်ရှေ့စံဖြစ်ရသည်က ပျော်ရွှင်စရာတော့ မကောင်းခဲ့ပါ

ကျောင်းသားများထံမှ ထူးထူးခြားခြား စိတ်ထဲဂရုပြုမိသည် အချင်းအရာများရှိသော် အမတ်ကြီးများက Siaအား စစ်ဆေးမေးမြန်းစေပြီး ကျောင်းသားများနှင့် ပက်သက်သည့် ကိစ္စများကို စီမံခန့်ခွဲခိုင်းကာ အရည်းအချင်းကို စစ်ဆေးလေ့ရှိသည်

Siaသည် လက်အောက်ငယ် စာသင်တန်းသားများကြားသို့ နေ့စဉ် ပုံမှန်ဘုရင်တစ်ပါးကဲ့သို့ လှည့်လည်စစ်ဆေးရသည်

မိမိ၏ သားသမီးများလည်း မဟုတ်ပါပဲ နေ့စဉ်ပုံမှန် လှည့်လည်ကြည့်ရှုပြီး အားလုံးကိုစောင့်ရှောက်နေရ၏

×××××

အိမ်ခြံဝန်း၏ အပြင်ဘက်မှ ဆွဲဆွဲငင်ငင် အော်သံကြောင့် သခင်ကြီး Yima ပြေးထွက်လာကာ အရိုအသေပေးလိုက်သည်

Siaဟာ အပြင်၌ မတ်တပ်ရပ်နေ၏

"မင်းသားSia~~ ကျွန်တော်မျိုးရဲ့ အိမ်တော်ကို အလည်အပတ် လာတာပါလား~~ အထဲကို ကြွပါ မင်းသား~~"

အိနြေ္ဒတို့ ပြည့်စုံသော Siaဟာ အိမ်တော်တွင်းသို့ လှမ်းလာခဲ့သည်

××××××

နေရာထိုင်ခင်းနှင့် အပြင်အဆင်တို့အား စနစ်တကျ ပြုလုပ်ပေးပြီးနော် Siaဟာ ထိုင်လိုက်သည်

"အရှင်မင်းသား ဘာကိစ္စများရှိလို့ပါလဲ~~"

"Fuita~ နေမကောင်းဘူးဆိုလို့ပါ "

"arr~~ သားကြီးFuita ကျန်းမာရေးကောင်းပါတယ် မင်းသား"

"anm--

ရုတ်တရက် ဆိုးဝါးသော အသံတစ်ခု ကြားလိုက်ရ၏

Yimaသခင်ကြီး မျက်နှာပျက်သွားသည်

"ခွမ်း)))))"

"Arrrrrrrrrrrrrrrr))))))"

ကြင်ယာတော် Xuyi ဟာ ပျက်ယွင်းသွားသော မျက်နှာအား ပြင်ဆင်ကာ Siaအား ခွင့်တောင်း၍ ထသွားသည်

××××××

ဆိုးဝါးသော ခုနှစ်သားကလေးငယ် Aitaဟာ ဒေါသကြီးစွာ ဆေးခွက်တို့အား လွှင့်ပစ်၍ အော်ဟစ်နေသည်

Fuitaဟာ အအေးမိ၍ ဖျားနာနေသော Aitaအား ချော့မော့လိုက်သည်

"Aitaလေး~~~ ဘာအလိုရှိလို့လဲ~~"

"သေချင်တယ်!"

"ဘာတွေလျှောက်ပြောနေတာလဲ~~~"

"သေချင်တယ်လို့ ပြောနေတယ်မလား)))))))) အဲ့ဒီဆေးတွေလည်း မသောက်ချင်ဘူး-- o-"

Aita၏ ဖခင်ငယ် Xuyiဟာ အခန်းထဲသို့ ဝင်လာပြီး Aita၏ မျက်နှာအား လက်ပြန်ဖြင့် ဖြတ်ရိုက်ပစ်လိုက်သည်

" ....! "

Aitaဟာ ကြမ်းပြင်ပေါ်သို့ ပစ်လဲသွားသည်

XuYi ဆူလိုက်၏

"မင်းကို ဘယ်သူက သေခိုင်းလို့ သေချင်နေတာလဲ"

Fuitaဟာ ညီငယ်အား ရင်ခွင်ထဲ၌ ပြာပြာသလဲ ပိုက်ထားလိုက်၏

Fuitaဟာ သူ့အဖေငယ်အား အော်လိုက်သည်

"Papa~~!! ကလေးကို ဘာလို့ရိုက်တာလဲ"

"ရိုက်မှရမယ့် ကလေးမို့ ရိုက်တာပေါ့"
"နောက်တစ်ခါ ဒီထက်နာအောင် ရိုက်မယ်"

Aitaဟာ မငိုပေ---

သူ့အစ်ကို၏ ရင်ခွင်ထဲ၌ ငြိမ်၍ကပ်နေ၏
Aitaဟာ ခပ်တိုးတိုးလေး တိုင်ပြောသည်

"အကိုတော်::: Papaက Aitaကို ရိုက်တယ်::::... ပြန်ရိုက်ပေးပါလား::::;"

Fuitaဟာ ညီတော်၏ စိတ်အားနားလည်စွာ ပြုံးပြလိုက်သည်

Aitaဟာ တစ်ခုခုအား စိတ်ကြိုက်မလုပ်ရသဖြင့် သောင်းကျန်းနေပြန်လေသည်

"Aitaလေးက Papaရိုက်တာကို မကြိုက်လို့လား"

"omm~~"

ကြင်ယာတော် ဖခင်ငယ် Xuyiဟာ ပြောလိုက်၏

"စာသင်တန်းတတ်ဖို့ ကလန်ကဆန်လုပ်လို့ ရိုက်လိုက်တာကို မိုးရေထဲသွားထိုင်နေတယ်... ဖျားတော့ ဆေးမသောက်ဘူး"

"မသောက်ချင်ဘူး!!"

"တိတ်စမ်း... Aita)))"
"တစ်ကြိမ်တစ်ခါလောက် စကားကို ကောင်းကောင်း နားထောင်ဖူးအောင် နားထောင်လိုက်စမ်း"

Aitaဟာ သူ့အစ်ကို၏ ရင်ခွင်ထဲမှ ပြန်အော်၏

"Papaက ဘာလို့ Aitaကို အငယ်တန်းပို့ပြီး တတ်ခိုင်းလဲ~~ Aitaက အစ်ကိုတော်လို အတန်းကြီးမျိုးတတ်ချင်တာ))))"

"Aita တန်ရာတန်ရာ မှန်းစမ်း!!!"

Xuyiဟာ Aitaအား ရိုက်ရန် လက်မောင်းအား လှမ်းဆွဲလိုက်၏

Aitaဟာ Fuita၏ အကျီစကိုဆွဲ၍ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ပြီး ဖခင်အား ခြေထောက်တို့ဖြင့် ပြန်ကန်လိုက်၏

"rrrrrrrrrrrrr~~~"

"Aita~~~ အမြဲကလန်ကဆန် လုပ်နေတဲ့ မင်းကို နာနာလေး ရိုက်ရမယ်!!"

Fuitaဟာ သူ၏ ညီငယ်အား ရင်ခွင်ထဲ၌ ဖွက်ထားကာ ဖခင်အား ပြန်အော်လိုက်၏

"Papa)))-- ကလေးကို ဒဏ်ရာရအောင် မလုပ်နဲ့လေ~~ ကလေးက Papaတို့ကြောင့် မနူးညံ့ဘဲ ကြမ်းတမ်းနေတာ~~ ဘယ်လိုလုပ် ဒီလို ကြမ်းတမ်းနေတဲ့ပုံစံနဲ့ အငယ်တန်းကို ခွဲပြီး တခြားသူတွေနဲ့နေလို့ရမှာလဲ!!"

Xuyiဟာ သားကြီးFuita၏ မျက်နှာကိုပါ ဖြတ်ရိုက်လိုက်သည်

"ar--!"

Fuita အသံတ်ိတ်သွား၏

Xuyiဟာ Fuitaအား ကြိမ်းမောင်းလိုက်သည်

"....အကြီးဖြစ်ပြီး စဉ်းစားဉာဏ်မရှိဘူး.... သန္ဓေတည်မယ့်သူက သန္ဓေတည်ရမယ့် အတန်းကို တတ်မှ နောင်ကျရင် အဆင်ပြေမှာပေါ့.... ကိုယ်နဲ့ မသက်ဆိုင်တဲ့ အတန်းကိုရောက်လို့ သိသင့်တာတွေ သိခွင့်မရဘဲကြီးပြင်းလာရင် ဘယ်လိုလုပ်မလဲ"

Aitaဟာ ပြန်အော်သည်

"Aita ကလေးမမွေးဘူး!!!!!"

"ပါးစပ်ပိတ်စမ်း Aita~~ မင်းက သုံးမျိုးစပ် သန္ဓေသားဆိုတာ မမေ့နဲ့!!~~ မတော်လို့ အနာဂတ်မှာ ကြင်ယာတော်ဖြစ်လာမှ ငါတို့မျက်နှာကို ထပ်ပြီးပျက်ရအောင် မလုပ်နဲ့!!!"

"ကြင်ယာတော်လည်းမလုပ်ဘူး))) ကလေးလည်း မမွေးဘူးလို့ ပြောနေတယ်မလား))))"

"Aita!!!!!!"

××××××

Siaဟာ အိမ်တော်ရှိ လျှောက်လမ်းတွင်း၌ လမ်းလျှောက်လာသည့်အချိန် Aitaအော်ဟစ်သောင်းကျန်းပြီး ပြေးထွက်လာသည့်အသံကို အသံကြားသွား၏

Siaဟာ အသံလာရာသို့ လှည့်ကြည့်လိုက်၏

Aitaဟာ အိမ်တော်တွင်းမှ ပြေးထွက်လာသည်

အဖျားတတ်ပြီး ရူးနေသော အရူးလေးဟာ မိမိကိုမြင်သောအခါ ကပိုကရိုဖြစ်သလို စည်းနှောင်ထားသော ရှုပ်ပွနေသည့် ဆံနွယ်ရှည်များဖြင့် မတ်တပ်လေး ခေတ္တရပ်ကြည့်သည်

တစ်ယောက်နဲ့ တစ်ယောက် ခဏတာအကြည့်တို့ဟာ ဆုံစည်းမိကြသည်

Aitaဟာ Siaအနားမှ သူ၏ဖခင် Yimaအား မြင်သွား၏

သခင်ကြီး Yimaဟာ လှမ်းဟောက်လိုက်၏

"Aita~!"

Siaဟာ ထိုနာမည်အား သတိထားလိုက်မိသည်

Aita---

အဲ့ဒါဆို YamaToက ခုနှစ်နှစ်အရွယ် သခင်လေးပေါ့---

"ခုနှစ်နှစ်သား ခန္ဓာကိုယ်က အဲ့လောက်တောင် ကြိုတင်ပြီး ဖွံ့ဖြိုးနေစရာလား~~"

Siaဟာ အံ့သြမိသည်

Aitaဟာ အပြစ်လုပ်ထားသောကြောင့် ဖအေကို မြင်သောအခါ ဆန့်ကျင့်ဘက်သို့ ကျောပေး၍ ပြန်လှည့်ပြေးသွားပြန်သည်

အိမ်တော်ကြီးထဲ၌ အငယ်ဆုံးလေးမို့ ဆိုးချင်သလို ဆိုးနေသော Aitaအား ရုတ်တရက်မြင်သောအခါ Siaဟာ စိတ်လှုပ်ရှားမိသွား၏

Aita၏ အသက်နှင့်မလိုက် ထွားကြိုင်းနေသော ကျောပြင်အား Siaဟာ အကြည့်တို့ပင် မခွာနိုင်ပေ

ထိုသူငယ်သည် ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန် လွန်စွာထွားကြိုင်း၍ ပျိုမြစ်လှပသော မျက်နှာပြင်ရှိ၏

မျက်လုံးရောင်တို့သည် တောက်ပကာ နှုတ်ခမ်းထူထူလေးများသည် အဆမတန် ရွှန်းလဲ့နေ၏

Siaဟာ မထင်မှတ်ထားခဲ့သလို အလျင်အမြန် ကြီးထွားလာသော Aitaအား ရုတ်တရက် ငေးကြည့်ရင်း နှလုံးသားတွင်း၌ နှင်းစက်ရည်တို့ စွတ်ဖြန်းလိုက်သလိုမျိုး ရုတ်တရက် ပြုံးမိသည်

နှုတ်ဖျား၌ ပေါ်လာသော Sia၏ အပြုံးစစလေးဟာ ယခုချိန်မှစ၍ Aitaအတွက်ဖြစ်ကြောင်း Yamato သခင်ကြီးဟာ သတိထားမိလိုက်၏

လူယုံတော် လက်ပါးစေ GiYaနှင့် သခင်ကြီးYimaဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိခဲ့ကြ၏

သခင်ကြီး Yimaဟာ အိမ်ရှေ့စံ နန်းတတ်မင်းသားအား ကျောပေးခဲ့သည့် Aita၏ အပြစ်အတွက် တောင်းပန်သည်

"သူက ကျွန်တော်မျိုးYimaရဲ့ သားငယ်လေးပါ~~ အသက် ခုနှစ်နှစ်ပြည့်ပြီမို့ ဒုတိယနှစ် တန်းခွဲအတွက် ပြဿနာလေး တတ်နေလို့ပါ"

Siaဟာ ပြန်မေးလိုက်၏

"ဘာပြဿနာလဲ~~"

"သားငယ်က သုံးမျိုးစပ် သန္ဓေသားပါ~~~ သူ့ကို ကြင်ယာတော် ကျင့်ဝတ်တွေ သင်ယူရမယ့် အငယ်တန်းကို ပို့ဖို့ငြင်းဆန်နေလို့ပါ~~~"

"arr~~ ဟုတ်လား~~ သူက ကြင်ယာတော် မဖြစ်ချင်ဘူးပေါ့~~~"

"ဟုတ်ကဲ့~~ သူရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်က သာမန် သုံးမျိုးစပ် သန္ဓေသားတွေလို သေးငယ်လှပမှုမရှိပါဘူး~~ အဲ့ဒါကြောင့် ကြင်ယာတော်လုပ်ဖို့ ဝန်လေးနေတယ် ထင်ပါရဲ့~~ ကြင်ယာဖက်အဖြစ် ကြင်ယာတော်ယူပြီး တစ်အိမ်တော်ထောင်ဖို့ ရည်ရွယ်နေတဲ့အတွက် သူ့အတွက် အလွန်စိုးရိမ်နေရပါတယ်"

အဲ့ဒါတော့ မိမိလည်း Yimaသခင်ကြီးအား အပြစ်မဆိုချင်လှပါ

သုံးမျိုးစပ် သန္ဓေသားတွေက တစ်ဖက်တည်းသော ဘဝလမ်းကို အတည်တကျမလျှောက်နိုင်လျှင် ဟိုမရောက် ဒီမရောက်နှင့် ပျက်စီးတတ်ကြ၏

"အဲ့ဒါဆိုလည်း မတားပါနဲ့တော့~~ သူက သုံးမျိုးစပ် သန္ဓေသားပဲ~~ နှစ်လမ်းရွေးလို့ရတယ်မလား~~ သူရွေးချင်တာ ရွေးပါစေ~~ အဲ့ဒါကို စွက်ဖက်ရင် အိမ်တော်အတွက် အပြစ်ဒဏ်ကျလိမ့်မယ်"

"arr~~!"

YamaToသခင်ကြီး Yimaဟာ Aitaအား မင်းသားSiaက ကြင်ယာဖက် လုပ်ခိုင်းနေသည့်အတွက် အနည်းငယ် အံ့အားသင့်သွား၏

"~~ ဟုတ်ကဲ့ပါ မင်းသား~~ မင်းသားရဲ့ သဘောအတိုင်းပါ"

ထိုအချိန် Aitaအနောက်မှ ပြေးလိုက်လာသော Fuitaဟာ Siaဟာ မြင်သောအခါ မတ်တပ်လေးရပ်သွားသည်

"Aita~~ အအေးမိမယ်-- on!"
"မင်းသားSia ရောက်နေတာလား"

Siaဟာ Fuitaအား ရင်းနှီးစွာ ရယ်ပြလိုက်သည်

×××××

Fuitaသည် Shouyu ကျောင်းသား တစ်ဦးဖြစ်သည်

Shouyu ကျောင်းသားများသည် နန်းတွင်း၌ အိမ်ရှေ့စံ တော်ဝင် အနွယ်အများနှင့်အတူ စာသင်ရသည်

Shouyuကျောင်းသားများကို အိမ်ရှေ့စံ နန်းတတ်မင်းသားက အုပ်ချုပ်ရ၏

သို့မှသာ နောင်အခါ နန်းတတ်၍ ဘုရင်ဖြစ်လာချိန် အိမ်တော်များကို မပြိုလဲအောင် ကောင်းကောင်း ထိန်းချုပ်နိုင်မည်ဖြစ်သည်

ဘုရင်က Shouyu အိမ်တော်ကြီးများနှင့် ပက်သက်၍ စီမံကွပ်ကဲရသလို နန်းတတ်မင်းသားဟာလည်း Shouyu မျိုးဆက်ငယ်များကို သင့်မြတ်အောင် ကျောင်းတော်၌ စီမံခန့်ခွဲရ၏

ထိုလေ့ကျင့်ရေးကို တော်ဝင်အမတ်ကြီးများက မင်းသားအား သီးသန့်သင်ကြားပေးသည်

ထိုကြောင့် နန်းတတ်မင်းသား၏ သင်ယူရသော သင်ခန်းစာနှင့် အချိန်များသည် အခြားသူများထက် ပိုမိုများပြားကာ ပိုမို၍ပင်ပန်းလှ၏

လက်အောက်ငယ်သားများနှင့် အလွန်ရင်းနှီးခွင့် မရှိသည့်အတွက် အပေါင်းအသင်းနှင့် အချိန်ကုန်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ

မိမိ၏ စွမ်းဆောင်နိုင်ရည်ကို အခြား မည်သည့်တစ်စုံတစ်ယောက်အောက်ကိုမျှ ကျဆင်းမှုမရှိစေရန်အလို့ငှာ အချိန်တိုင်းကြိုးပမ်းနေသည်

ဤကား နန်းတတ်မင်းသားတစ်ဦး၏ နေ့ရက်များသည် သတ်မှတ်ထားသော ကြီးပြင်းလာမှု စံချိန်စံညွှန်းအတိုင်း ပြည့်မှီစေရန် ရေးဆွဲထားသော အချိန်ဇယားတိုင်း လှုပ်ရှားရမည်သာဖြစ်၏

×××××

Fuita နှင့် Siaတို့ အခန်းတွင်း၌ ရင်းနှီးစွာ မီးလှုံရင်း စကားစမြည်ပြောကြ၏

အစေခံများက အထူး ကောင်းမွန်သော လက်ဖက်ရေကြမ်းနှင့် ပဲမုန့်အချို့အား အပျင်းပြေစားသုံးနိုင်ရန် ပြင်ဆင်ပေးကြသည်

Fuitaဟာ Siaအတွက် ရေနွေးငှဲ့ပေးရင်း စိုးရိမ်စွာ စကားဆိုလိုက်သည်

"မင်းသားက ကျွန်တော်မျိုး နေမကောင်းဘူး ထင်လို့လိုက်လာတာလား"

"omm~~ "

"ဒါနဲ့ မင်းသား~~ ကျွန်တော်မျိုးရဲ့ ညီငယ်လေးကို ကြင်ယာဖက်လုပ်ခိုင်းမလို့လား~"

"omm~~ ဘာဖြစ်လို့လဲ~~ မကြိုက်ဘူးလား"

"arr~~ မဟုတ်ရပါဘူး မင်းသား~~ Aitaလေးက သုံးမျိုးစပ်သန္ဓေသားမို့ နည်းနည်းစိုးရိမ်လို့ပါ~~"

Siaဟာ ပြုံးပြသည်

"ဖခမည်းတော်ရဲ့ တော်ဝင် သွေးသားလေးပဲ~~ ငါက သူ့ကိုမပျက်စီးအောင် ထိန်းသိမ်းနိုင်ရမှာပေါ့"

"မင်းသားကတော့ အရာရာတိုင်းကို တော်နေတော့တာပါပဲ~~~"

Fuitaဟာ အားကျစွာ စကားဆိုရင်း ညီငယ်အတွက် ဂုဏ်ယူဝမ်းမြောက်သောအကြည့်တို့ Siaအပေါ်၌ တည်ရှိနေ၏

"Aitaလေးကို မင်းသားလက်ထဲ အပ်ပါတယ်~~ ကောင်းကောင်း သွန်သင်ဆုံးမပေးပါဦး~~ Aitaလေးကို သူ့အနာဂတ်လမ်းအတွက် ရွေးချယ်ပေးဖို့ရာ ထင်သလိုပုံစံမျိုး ဖြစ်မလာမှာကို စိုးရိမ်မိတယ်"

"မပူပါနဲ့~~ သူ့ အနာဂတ်လမ်းက တစ်လမ်းပဲရှိပါတယ်"

Siaဟာ Fuitaအား ရေနွေးပြန်ငဲု့ပေးလိုက်သည်

"ကိုယ်တော်က သူ့ကို တော်ဝင်မိသားစုအနေနဲ့ သဘောထားပြီး ကိုယ်တော့အပါးမှာ အမြဲစောင့်ရှောက်ပေးမှာလေ~~ စိတ်မပူပါနဲ့~~ ကိုယ်တော်ရှိနေသရွေ့ သူဘဝက အတောက်ပဆုံးဖြစ်နေမှာပါ"

လှပသော ကျောက်စိမ်းခွက်အတွင်း ခုန်ဆင်းသွားသော ရေနွေးပူများနှင့်အတူ Siaဟာ စကားဆို၏

"အဲ့ဒါဆို ကိုယ်တော်တို့ အခုAitaလေးကြောင့် ညီအစ်ကိုဖြစ်သွားပြီပေါ့"

"ဟုတ်ကဲ့ပါ မင်းသား"

Fuitaဟာ Siaအား ကျေးဇူးတင်လျက် အပြုံးပန်းတို့ရှိနေ၏

×××××

Continue-----

~~~~~~~~

Zawgyi code:


ခုနှစ် နှစ်ခန့်အကြာ ~~~
















×××××




××××











Siaဟာ သတိမထားမိခဲ့ပေ


းမှာပါ"


×××××










×××××










"inm····"

"ဟုတ်ကဲ့ပါ··· မင်းသား"
















×××××





××××××





"anm--



"ခွမ်း)))))"

"Arrrrrrrrrrrrrrrr))))))"


××××××




"သေချင်တယ်!"




" ....! "


XuYi ဆူလိုက်၏






Aitaဟာ မငိုပေ---






"omm~~"



"မသောက်ချင်ဘူး!!"

"တိတ်စမ်း... Aita)))"






"rrrrrrrrrrrrr~~~"





"ar--!"

Fuita အသံတိတ်သွား၏



Aitaဟာ ပြန်အော်သည်

"Aita ကလေးမမွေးဘူး!!!!!"



"Aita!!!!!!"

××××××








"Aita~!"


Aita---



Siaဟာ အံ့သြမိသည်











Siaဟာ ပြန်မေးလိုက်၏

"ဘာပြဿနာလဲ~~"







"arr~~!"




"Aita~~ အအေးမိမယ်-- on!"


×××××











×××××





"omm~~ "




Siaဟာ ပြုံးပြသည်










"ဟုတ်ကဲ့ပါ မင်းသား"


×××××

Continue-----

© GOD OF DEFULO,
книга «King Sia».
Коментарі