Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 9

[ပြန်လည်သတိရမိသောနေ့ရက်များ-၂]

အလုပ်တွေပဲဖိလုပ်နေသောသခင်လေးရှောင်းအား
ကြည့်ရင်း ဘေးကနေရင်တထိတ်ထိတ်နဲ့ကြည့်နေရသော
ကိုယ်ရံတော်ယုံ နဲ့ ဦးလေးချန်

"ဦးလေးချန် ကျနော် ရိပေါ်လေးကိုအသိပေးလိုက်ရမလား"

"သခင်လေးသိရင်မင်းသေနေမယ် ငြိမ်ငြိမ်နေ
အခုချိန်မှာ သခင်လေးကို သေချာစောင့်ကြည်နေဖို့ပဲ"

ဖိုင်တွဲတွေယူပြီးခုံမှ ထ ထိုင်လိုက်သောရှောင်းကျန့်
မိုက်ခနဲဖြစ်သွားလေသည်

ဦးလေးချန်နဲ့ ကိုယ်ရံတော်ယုံကလှမ်းတွဲမယ်ပြင်တော့
လက်ကာပြသည်

ဘယ်သူနဲ့တူလို့အဲ့လောက်တောင်ခေါင်းမာနေရတာလဲ

ကားပေါ်မှာအစီရင်ခံစာတွေကိုစစ်ဆေးရင်း
လိုက်ပါလာသောရှောင်းကျန့်
သူကိုယ်တိုင်သတိမထားမိပါဘဲ
ဦးလေးချန် ကိုစကားဆိုမိသည်

"ကောင်လေးကိုသွားကြိုရမှာ သူရှိတဲ့ကျောင်းဘက်ကနေပြန်မယ်"

ဦးလေးချန် ကပြန်ပြောမည်ပြင်လိုက်သော်လည်း
တစ်ယောက်တည်းအလုပ်ရူပ်နေသောသူအား
ဘာမှမဆိုတော့ပေ

စိတ်တိုင်းကျ ကျောင်းရှေ့တွင်ကားရပ်ထားလိုက်သည်

နေကအနောက်ဘက်သို့ဆုံးဆုံးဝင်ကာ
မှောင်ရိပ်သန်းလာပေတော့သည်

ရှောင်းကျန့် ကပတ်ဝန်းကျင်ကိုသတိထားမိပုံမပေါ်သေးပေ

"သခင်လေးရှောင်း "

မတိုးမကျယ်ခေါ်သောအသံဦးလေးချန်ရဲ့အသံက
တစ်​ယောက်သောသူရဲ့နားတွင်
သြရှရှအသံအဖြစ်သို့ကြားယောင်မိနေသည်

လုပ်လက်စတွေရပ်တန့်ပြီး အပြင်ဘက်သို့ငေးကြည့်မိသည့်အခါ
ကောင်လေးတက်ခဲ့သောတက္ကသိုလ်ရှေ့ရောက်နေသည်

ဟင်း~
စိတ်ပျက်စွာသက်ပြင်းချပြီး အိမ်သို့မောင်းရန်ဆိုသည်
ကူရှင်ပေါ်ခေါင်းမှီလိုက်ပြီးမျက်လုံးများကိုပိတ်ထားသည်

စိတ်တွေအရမ်းပင်ပန်းနေသည်
သို့သော်သူ့ရဲ့စိတ်တွေကတော့
ကြုံခဲ့ဖူးသောနေ့ရက်ဆီသို့တစ်ဖန်အလည်သွားနေသည်

ထူးဆန်းစွာဖြင့်ကောင်လေးကို
အရမ်းတွေ့ချင်နေတာကြောင့်
သူရှိသောကျောင်းရှေ့သို့ရောက်လာသည်
ဦးလေးချန်ကိုပင်ကားမမောင်းစေဘဲ
သူကိုယ်တိုင်မောင်းလာခြင်းပေ

နာရီဝက်ပင်မစောင့်လိုက်ရပဲ
ကောင်လေးကကျောင်းဝန်းထဲမှထွက်လာသည်

ကောင်လေးကလာနေရင်း​ခြေလှမ်းတွေရပ်သွားသည်
လူတစ်ယောက်ကသူ့ကိုပိတ်ရပ်ထားသည်
ထိုသူကဘယ်သူလဲ ကောင်လေးနဲ့ကဘယ်လိုပတ်သတ်လဲ

အမှုအရာကင်းမဲ့တဲ့မျက်နှာလေးက
အခုကျတော့ထိတ်လန့်နေတဲ့ပုံနဲ့
သေချာကြည့်မှလက်တွေကတုန်ရီနေသလိုပင်

ရိပေါ် သူရှေ့တွင်ပိတ်ရပ်ထားသော ပထွေးအား
ကြည့်ရင်း ငုပ်လျိုးနေသောကြောက်စိတ်များက
တစ်ဖန်ပြန်ပေါ်လာသည်

ရိုက်နှက်မှုများ နှိပ်စက်မှုများ ဆဲဆိုသံများကို
အတိုင်းသားပြန်ကြားလာသလိုခံစားရသည်

ခဏတွင်းချင်းပင်သူကပစ်လဲချင်နေပြီ

"ငါ့သားတောင်ပေကျင်းရောက်တော့ကောင်းစားနေတာပဲ
ဒီအဖေကိုတောင်မခေါ်ဘူး"

ထုံးစံအတိုင်း ပိုက်ဆံတောင်းဖို့လာခြင်းပင်

ရိပေါ်အားတင်းပြီးရှေ့သို့ဆက်သွားရန်ပြင်တော့
ပိတ်ရပ်ထားပေသည်

ကလေးသာသာလေးက ကြီးမားသောငရဲကိုကြုံတွေ့ဖူးသောအခါ
ကြောက်ရွံသည်မှာမဆန်းပေ

သူ့ပါးစပ်ကအာစေးမိထားသလို တစ်ခွန်းမှထွက်မလာဘဲခေါင်းငုံ့နေသည်

သူရှေ့တွင်မြင်နေရသောပထွေးရဲ့​ခြေထောက်များအစား
ရင်းနှီးသောခြေထောက်တစ်စုံကိုမြင်လိုက်ရသည်

ရှောင်းကျန့်!!!!!

"ဒီကလူက ကောင်လေးနဲ့ဘယ်လိုပတ်သတ်လို့လဲ"

"သူ့ရဲ့အဖေ မင်းကရောဘာကောင်မို့လို့လဲ"

သူတို့ပြောနေသောစကားများက
ဝေးသွားလိုက်နီးသွားလိုက်နဲ့ ရိပေါ်ဘာမျှမကြားရတော့ပေ

သူ့ရဲ့ကျောပေါ်သို့ကောင်လေးကမှီကျလာသည်

ဘယ်လိုတောင်ထိတ်လန့်​ကြောက်ရွံနေရတာလဲ

ကောင်လေးရဲ့အဖေဆိုသူအားပိုက်ဆံတွေပေးကာ
နောက်မပတ်သတ်ရန်ပြောလိုက်သည်
သို့ပေမဲ့ သူသိသည်
ထိုသူထပ်လာဦးမည်ဆိုတာကို

ကိုယ်ရံတော်ယုံကိုနောက်မှတိတ်တဆိတ်ရှင်းခိုင်းရမည်ဟု
တွေးထားကာ ကောင်လေးကိုတွဲလာခဲ့သည်

ထိတ်လန့်နေတဲ့ရုပ်လေးကပျောက်မသွားပေ
သတိလစ်နေတာတောင်တွန့်ချိုးနေတဲ့မျက်ခုံးတွေ

နဖူးကချွေးစေးအားသုတ်ပေးပြီး

"မင်းကိုဘယ်အရာကမှထိခိုက်အောင်မလုပ်ရဘူး"

ပိုက်ဆံအားရေတွက်ကာပြုံးနေသော
သူအားကြည့်ရင်း နတ်ဆိုးတစ်ယောက်လိုပြုံးလျက်

"ရှင်းပစ်လိုက်"

အိမ်ပြန်ရောက်သည်အထိသတိလည်မလာသေးသော
ကောင်လေးအားကြည့်ရင်း ရင်တွေပူရသည်

ကိုယ်ရံတော်ယုံ အား အိပ်ရာသို့ပို့ခိုင်းပြီး
ကျန်းချန်ကိုအမြန်လာခိုင်းရသည်

ခွေးကောင်ဟုဆဲကာ သူဖြစ်နေသည်ထင်နေသော
ကျန်းချန်အား မနည်းပြောပြနေရသည်

ထိုမှသာစိတ်လျော့ပြီး ကောင်လေးအားကြည့်ပေးသည်

အကြောက်လွန်ခြင်းသာဖြစ်သည်ဟုဆိုမှ
သူသက်ပြင်းချနိုင်သည်

ဘေးနားမှာထိုင်ပြီးစာရင်းတွေလုပ်နေရင်း
ကောင်လေးအားစောင့်ကြည့်နေသည်

ယောင်ယောင်ယမ်းယမ်းဖြင့်ထငိုသောကောင်လေးကြောင့်
ပျာပျာသလဲဖြစ်ကာလုပ်လက်စတွေချထားပြီး
ချော့မြူရသည်

မားမားကိုမလုပ်ပါနဲ့ဟုပြောနေတဲ့အသံသေးသေးလေးက
သူ့နားထဲချော်ရည်ပူတွေလောင်းချလိုက်သလိုပင်

သူ့လုပ်ရပ်များမှားနေသလားဟုနောင်တအနည်းငယ်
ရနေသော်လည်း အခုတွင်တော့ မသေမရှင်မနှိပ်စက်လိုက်ရသည်ကို နောင်တရနေမိသည်

"ဘာမှမဖြစ်တော့ဘူး အနားမှာကိုယ်ရှိတယ် "

ခပ်တိုးတိုးဖွင့်ဟတဲ့သူ့ရဲ့ခံစားချက်က
ကောင်လေးရဲ့ကြောက်ရွံမှုတွေကို
ဖယ်ရှားပေးနိုင်လိမ့်မယ်လို့အနည်းငယ်မျှော်လင့်သည်

မျက်ရည်အနည်းငယ်စိုနေတဲ့မျက်တောင်လေးတွေက
ခဏနေတော့ငြိမ်သွားပြီး အသက်ရူသံမှန်မှန်လေးနဲ့
အိပ်ပျော်သွားချေပြီ

အားနည်းကာကြောက်ရွံမှုအနည်းငယ်ရှိတဲ့ကောင်လေးက
အခုတော့ ရဲရင့်ကာထက်မြက်လှသည့်ကျားတစ်ကောင်လိုပင်
ဘာပဲဖြစ်ဖြစ် သူကျေနပ်ရသည်မဟုတ်လား

နေ့ရက်တွေကိုရေတွက်ကြည့်တော့ သုံးလပင်ပြည့်တော့မည်
တစ်ယောက်တည်းဖြတ်သန်းရသည့် နေ့ရက်တွေက
အခုမှရှည်လျားနေသလိုပင်

အတွေးများကိုဖယ်ပစ်ပြီး အလုပ်ကိုသာဆက်လုပ်နေသည်

ဘေးကနေစောင့်ကြည့်နေသည်သူများကတော့
ဘယ်အချက်လဲသွားမလဲဆိုတာကိုသာ
တွေးပူနေရသည်

ရိပေါ်လေးရှိတုန်းကပြည့်ပြည့်လေးရှိနေသောကိုယ်လေးက
အခုတော့လေတိုက်ရင်လဲတော့မည့် အနေအထားရောက်နေတော့သည်









© 梅花 白,
книга «NEEDFULL (家)».
Коментарі