Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 6

[စစ်သူကြီးမို]

အေးချမ်းလှတဲ့ဆောင်းရာသီမှာ
အမဲလိုက်ပွဲကစတင်ခဲ့လေသည်

အမဲလိုက်ပွဲသို့မသွားခင်
ဝတ်စုံအားသေချာပြင်ဆင်ပေးနေသော
ချင်းဟာ

"ချင်းဟာ ဒီတစ်ခေါက်ဝတ်စုံက နေရခက်သလိုပဲ"

"မယ်တော်ကြီးချီးမြှင့်တဲ့ဝတ်စုံကို
ပြန်တုပပြီးအရှင့်အတွက်ပြန်လည်ရက်ချုပ်ထားတာ
ကြောင့် အနည်းငယ်နေရခက်လိမ့်မယ်"

"သူကကောင်းသောပေးခြင်းမဟုတ်ဘူးနဲ့တူတယ်
ချင်းဟာ ပင်ပန်းရပြန်ပြီ"

"ဒါက ကျနော်မျိုးမအလုပ်ပါ
အရှင့်ရဲ့လုံခြုံမူအရေးကြီးပါတယ်
ကိုယ်ရံတော်ရှန်းကိုတကယ်မခေါ်သွားဘူးလား အရှင်"

"ကိုယ်တော်ကိုအထင်သေးတာတွေ
ထပ်မလိုချင်တော့ဘူး "

"ဒါပေမဲ့ အရှင် အဆိပ်က "

"ရပါတယ်."

ကျောက်စိမ်းဖြူဆွဲပြားကိုခါးတွင်
သေချာချိတ်ဆွဲပေးလိုက်သောအခါ
ကျက်သရေရှိသောအရှင့်ရဲ့ပုံဟာ
ချစ်မြတ်နိုးဖွယ်

"ချင်းဟာ ဒီတစ်ခေါက်အရောင်က
စိမ်းပုတ်ပုတ်ဖြစ်နေသလိုပဲ "

"သွေးထွက်ခဲ့လည်းသိပ်ပြီးမသိသာစေအောင်လို့ပါ
အရှင် "

"ချင်းဟာ ကတွေးတောတတ်တယ်
ဒါနဲ့ ချင်းဟာ ကိုယ်တော့် ကျောက်စိမ်းဖြူဆံထိုးလေး
ပျောက်သွားတယ် ထပ်ပြီးလုပ်ပေးပါဦး
ဝါးခက်ပုံထွင်းထားတာလေးကအနုစိတ်လွန်းလို့"

"ကျနော်မျိုးမထပ်ပြီးလုပ်ပေးထားပါ့မယ် အရှင်"

"ကောင်းပြီ ကိုယ်တော်သွားတော့မယ် "

"ဟုတ်ကဲ့ပါအရှင်"

အထိန်းတော်ကြီးနဲ့ကိုယ်ရံတော်ရှန်းကတော့
စိတ်ပူနေဟန်ရှိသည်

စိတ်မပူဘဲမနေနိုင်ရိုးလား
မယ်တော်ကြီးကဘုရင်ငယ်လေးမပုန်ကန်နိုင်အောင်
အဆိပ်မိအောင်ပြုလုပ်ထားသည်မဟုတ်လား

သူ့လက်ခုပ်ထဲကရေဖြစ်အောင်လုပ်ထားခြင်းက
ဘယ်လို​တောင်ယုတ်မာခြင်းလဲ

လုပ်ကြံသူမရှိဘူးဟုဘယ်သူကအာမခံနိုင်ပါသလဲ
သူတို့အားကိုးရာအရှင်ငယ်လေးသာ
ပြိုလဲသွားခဲ့ရင် မယ်တော်ကြီးအုပ်ချုပ်မယ့်တိုင်းပြည်ဟာ
ပျက်စီးဖွယ်အတိ

သို့သော်အမဲလိုက်ပွဲတွင် အဖော်ပါခြင်းက
စည်းကမ်းဖောက်ဖျက်ခြင်းဖြစ်သည်

အရှင်ကဒီတစ်ခါသူ့ရဲ့စွမ်းအားသတ္တိကိုပြသမည်ဟု
ကြုံးဝါးထားတာကြောင့်
အရှင်ငယ်လေးရဲ့တဲနန်းထဲတွင်
စိတ်ပူစွာစောင့်ဆိုင်းနေရသည်

ချင်းဟာကတော့ လိုအပ်သည့်ဆေးများကို
စိစစ်ပြီး အန္တရာယ်တစ်စုံတစ်ခုမကြုံရလေအောင်
ဆုတောင်းနေသည်

ဘုရင်ငယ်လေးကိုအထင်မကြီးသော
စစ်သားတစ်ချို့ကသွေးစမ်းသလိုဖြင့်
သားကောင်ကိုပစ်သလိုဖြင့် ဘုရင်ငယ်လေးဆီသို့
ပစ်ခတ်ကြသည်။

အကြားအာရုံတွင်ထူးချွန်ပြီးလက်ရုံးရည်ကပါ
တမူထူးချွန်သော ယွင် က မြှားအားသေသပ်စွာ
ရှောင်တိမ်းပြီး ထိုသူတို့ထံမြှား၃ ချောင်းပစ်လွှတ်လိုက်သည်

"သားကောင်တွေကအနီးမှာမရှိဘူးပဲ"

သူ့ကိုယ်သူရေရွတ်နေတဲ့ပုံစံဖြင့်တောနက်ထဲသို့
ဝင်သွားသည်
ကျန်ခဲ့တဲ့စစ်သားတစ်ချို့ကတော့
ထိတ်လန့်လွန်းလို့ မြင်းပေါ်ကနေပြုတ်ကျမတတ်

စီးနှင်လာသောမြင်းအဖြူ
အပေါ်ဝတ်ရုံအဖြူလေးဖြင့်
ဖြူဖွေးနေသောနှင်းများကြားထဲတွင်
ဝံပုလွေဖြူလေးတစ်ကောင်လို

သေသပ်စွာဖြင့်ဆံပင်ကိုအမြင့်ထောင်စည်းထားပြီး
ကျောက်စိမ်းဖြူဆံထိုးလေးကိုလည်းထိုးထားသေးသည်

ကျောက်စိမ်း က ဘုရင် အား ကိုယ်စားပြုသည်
ထိုထဲတွင်ကျောက်စိမ်းဖြူကတော့
ဘုရင်ငယ်လေး ယွင် ရဲ့ပြယုဂ်ပင်

တောနက်သို့ရောက်သောအခါ
ဝက်ဝံတစ်ကောင်ကိုတွေ့သည်

မြင်းပေါ်ကနေ ဝက်ဝံရှိသောနေရာသို့
မြှားကိုသေချာချိန်ပြီးပစ်လွှတ်ခါနီးတွင်
အနက်ရောင်ဝတ်စုံနှင့်လူများက
ဘုရင်ငယ်လေးကိုချိန်ထားသည်

သားကောင်ကိုသာအာရုံထားသော ဘုရင်ငယ်လေးက
သတိတစ်ချက်လွှတ်သွားသည်

ရွှီ ဟူသောအသံ၂သံ
ဝက်ဝံရင်ဘတ်ဆီစိုက်ဝင်သွားသောသူ့ရဲ့မြှားရယ်
နောက်မြှားကသူ့နောက်က
လူတစ်ယောက်ထဲစိုက်ဝင်သွားသည်

လုပ်ကြံသူတွေကထိုမျှပင်မရပ်တန့်ပဲ
ဓားချင်းပါယှဉ်ချမည့်သဘောဖြင့်
စတင်တိုက်ခတ်လေသည်

နောက်ကျောဘက်ကလူကမြှားအားချိုးပစ်ပြီး
ဓားကိုဆွဲထုတ်ကာ
သူ့ဘက်ကနေကာပေးသည်

လုပ်ကြံသူအယောက်နှစ်ဆယ်ဟာ
ခဏတွင်းချင်းပင်သေဆုံးသွားကြသည်

ဖြူဖွေးသောနှင်းပြင်တွင်
ရဲရဲနီသောသွေးများကစွန်းထင်းနေသည်

ဓားကိုင်ကာလှုပ်ရှားမှုကို
အတော်အများပြုလုပ်လိုက်သောကြောင့်
သူ့ကိုယ်တွင်းကအဆိပ်ကိုလှုပ်ရှားလိုက်မိသလိုဖြစ်နေသည်

ခဏတာအသက်ကိုငြိမ်ငြိမ်ရူလိုက်သောအခါ
သူ့ကိုယ်တွင်းကအဆိပ်ကသက်သွားသည်

သူ့ဘေးကသူကတော့မြေပြင်တွင်
ဒူးထောက်ရက်လဲကျနေသည်

"အဆင်ပြေရဲ့လား ကျစ်
အဆိပ်ပါတာပဲ ခင်ဗျား ခဏစောင့်"

သူအမဲလိုက်ပွဲတွင် သားကောင်ရခဲ့ကြောင်း
သက်သေပြရန်ဝက်ဝံအရေခွံအားအနည်းငယ်ဆုတ်ပြီး
ထိုလူကို သူနားသောတဲနန်း သို့ခေါ်ဆောင်သွားသည်

သူတို့ရဲ့အရှင်အားတွေ့ရသောအခါ
ကိုယ်ရံတော်ရှန်းကပြေးထွက်လာသည်
အထိန်းတော်ကြီးကဘေးကလူအားကူတွဲလိုက်သည်

ကိုယ်ရံတော်ရှန်းက သူတို့ရဲ့အရှင် ဒဏ်ရာမရကြောင်း
စစ်ဆေးပြီးမှသက်ပြင်းချနိုင်လေသည်

သို့သော် ဘေးကလူကတော့အဆိပ်မိနေဟန်

ချင်းဟာကတော့ ထိုလူအား
သေချာကုသပေးနေသည်

"အရှင် အဆိပ်ကသိပ်ပြီးမပြင်းထန်တာကြောင့်
စိုးရိမ်စရာမရှိပါဘူး ပြီးတော့ ဒီပုဂ္ဂိုလ်ရဲ့ခံနိုင်စွမ်းကလည်း
မြင့်သည်"

"မစိုးရိမ်ရရင်တော်သေးတာပေါ့ ဒီလူက
ငါကိုယ်တော်ကိုကယ်တင်ခဲ့တာ
မင်းတို့လည်းသွားနားကြလေ
ကိုယ်တော် သူနိုးတဲ့အချိန်ထိစောင့်လိုက်မယ်"

"ကျနော်မျိုးတို့ "

"ငါ့ကိုယ်တော်စကားကိုမနာခံတာလား"

"မဝံ့ရဲပါဘူး အရှင်"

ချင်းဟာနားလည်ကခက်နေသည်
အဆိပ်ကထိုလူပေါ်တွင် အလုံးစုံမသက်ရောက်သည့်တိုင်
ဘာကြောင့်များအိပ်ပျော်သွားရသနည်း
ဟန်ဆောင်နေခြင်းပေလား

ယွင် က သူ့ကြောင့်သေဆုံးရခြင်းကို
မုန်းတီးသူဖြစ်သည်
တော်သေးသည်က ဒီလူက အသက်မသေခဲ့ခြင်းပင်
မဟုတ်လျှင် နောင်တတရားတွေနဲ့
သူ့ကိုယ်သူဒဏ်ခတ်နေရပေလိမ့်မည်

ထိုလူ့ဘေးတွင်စောင့်ဆိုင်းနေရင်း
အချိန်တွေအလဟဿမဖြစ်ရအောင်
စစ်ဗျူဟာတွေလေ့လာနေသည်

နားပါးသော ယွင် က အသံတစ်ခုကြားသည်နှင့်
လှည့်ကြည့်တော့ ထိုလူက ထိုင်နေသည်

"သတိရပြီလား. "

"ဟုတ်ကဲ့ပါ အရှင်"

"အို ငါကိုယ်တော်မှန်းမင်းဘယ်လိုသိတာလဲ"

ထိုသူရဲ့အသံကနားထဲစမ်းချောင်းလိုစီးဆင်းကာ
အလွန်တရာနားထောင်လို့ကောင်းပေသည်

"အရှင်လို့ခေါ်သံကိုကြားမိလို့ပါ "

"ထားပါတော့လေ အနေရခက်မနေနဲ့
မင်းကငါကိုယ်တော်အသက်ကိုကယ်ခဲ့တာပဲ"

ဘာအသံမှမထွက်ဘဲ သူ့ကိုသာ
စိုက်ကြည့်နေသောထိုလူကြောင့်
ဘာဆက်ပြောရမှန်းတောင်မသိတော့ပေ

"ငါကိုယ်တော်ရဲ့မျက်နှာမှာ
ဘာတွေပေနေလို့လဲ "

"အရှင့်ရဲ့ဆံထိုးကလှပတာကြောင့်ငေးမောမိတာပါ"

"အော် ဒါလား မင်းလိုချင်လို့လား"

"မယူဝံ့ပါဘူး "

"မင်းလိုချင်ရင်ငါကိုယ်တော်ချီးမြှင့်ပါ့မယ်
ဒါနဲ့ မင်းဆံပင်စည်းတတ်လား "

"ဘာကြောင့်လဲ အရှင်"

"ငါကိုယ်တော်ကို ချင်းဟာ ဆံပင်စည်းပေးထားတာ
ဒီဆံထိုးကိုဖြုတ်လိုက်ရင်
သေချာပေါက်ဆံပင်တွေကပြေမှာလေ
အဓိက က ငါကိုယ်တော်မစည်းတတ်လို့ပဲ"

"ကျနော်မျိုးပြန်စည်းပေးပါ့မယ် "

"ဟုတ်သားပဲ မင်းနာမည်က "

"မိုယွမ်ပါ "

"အင်း ယွမ်လေး ကိုယ်တော့်ကိုဆံပင်စည်းပေး "

ဆံထိုးကိုယူလိုက်သောအခါ
နက်မှောင်သောဆံစတွေကရေတံခွန်လို
ပြေလျော့သွားသည်

စိမ်းပုတ်ရောင်ဝတ်စုံလေးထက်နက်မှောင်သောဆံစများ
မိုယွမ် သူ့ရှေ့ကမြင်ကွင်းအား
အသက်တောင်မရူဝံ့ဘဲငေးမောနေမိသည်

မင်းကသူပဲ နောက်ဆုံးတော့
ငါရှာတွေ့ခဲ့ပြီ

နန်းတော်တစ်နေရာတွင်မူ
မယ်တော်ကြီးရဲ့ဒေါသကိုခံနေရတဲ့
လူတစ်သိုက်

"အဲ့အကောင်သေးသေးလေးကိုတောင်
မလုပ်ကြံနိုင်ဘူးလား ဟမ်
မင်းတို့လောက်ထက်မြက်တဲ့သူမရှိဘူးဆို
အခုကျဘာကြောင့်မသေသေးတာလဲ"

တုန်ရီနေသောလူတစ်သိုက်ကတော့
ဘယ်လိုအကြောင်းပြချက်ပေးရမလဲ
ကြံနေကြသည်

"ဟို မယ်မယ် စစ်သူကြီးမို မို ဝင်လာလို့ပါ "

"စစ်သူကြီးမို ဟုတ်လား.
သူကနန်းရေးတွင်ဝင်မပါတဲ့သူက
ဘာကြောင့်အခုလိုလုပ်တာလဲ "

"ကျနော်မျိုးတို့လည်းမပြောတတ်ကြောင်းပါ "

"ဒီမိုမိသားစုကတော့ "

သူမ မစည်းရုံးနိုင်တာထိုမိသားစုပဲကျန်တော့သည်
ဘယ်သူ့ဘက်မှမပါဘဲ အေးဆေးနေတဲ့မိုမိသားစုက
ဘုရင်ကိုကူညီတယ်ဆိုကတည်းက
ဘုရင်ငယ်ဘက်ရပ်တည်တယ်ဖို့ကြေညာလိုက်သည့်အလား

"ယွမ်လေး မင်းကဘယ်ရာထူးလဲ"

"ကျနော်မျိုးက "

"အရှင် ချင်းဟာပါ
ညစာသုံးဆောင်ဖို့အတွက်ရောက်လာခြင်းပါ"

"ဟုတ်သားပဲ မြန်မြန်တည်ခင်းလိုက်"

ရိုးရှင်းလှသောဘုရင့်ရဲ့စားပွဲတော်လေး
အများစုကအသီးအရွက်များသာဖြစ်ပြီး
အသားဟင်းကတစ်ခွက်နှစ်ခွက်မျှသာပါသည်

ဘုရင်စားနေချိန် ရပ်စောင့်နေသော
လူလေးယောက်

ယွင် က အနေကခက်နေပြီ

"မင်းတို့လည်းဝင်စား"

"မလုပ်ဝံ့ကြောင်းပါ "

ဘယ်လိုပြောပြော နားမထောင်တဲ့၃ယောက်

"ယွမ်လေးကတော့ ကိုယ်တော်နဲ့အတူစားပေးမယ်
မဟုတ်လား "

"အရှင်သာ စိတ်မကွက်ခဲ့ရင် "

"ငါကိုယ်တော်စိတ်မကွက်ပါဘူး "

ချင်းဟာ အထိန်းတော်ကြီးနှင့် ကိုယ်ရံတော်ရှန်းက
ထိုလူဟာသာမန်လူမဟုတ်ကြောင်း
အကဲခတ်မိသည်

သိမ်းငှက်လိုစူးရှတဲ့အကြည့်တွေက
သူတို့ကိုဖောက်ထွင်းပစ်တော့မည့်အလား

ဘုရင်ငယ်လေးအိပ်စက်အနားယူသွားတဲ့အခါ
မိုယွမ်အား စူးစမ်းသလိုကြည့်ကြသည်

"စိတ်မရှိရင် နာမည်လေးပြောပြပါလား "

"စစ်သူကြီးမို "

"စစ်သူကြီးကိုမလေးမစားလုပ်မိလို့
ခွင့်လွှတ်ပေးပါ "

"မလိုပါဘူး မင်းတို့ရဲ့အရှင်ကိုသာ
သေချာဂရုစိုက်ပါ
မြို့တော်ကိုအမြန်ဆုံးပြန်ဖို့ပြင်ဆင်ပြီး
အရှင်ကိုလျောက် ဒီနေရာကမလုံခြုံဘူး "

"ဟုတ်ကဲ့ "

တည်ကြည်နေတဲ့မျက်နှာတော်လေးကို
မော်ဖူးရင်း ရင်ဘတ်ထဲထည့်ထားတဲ့ဆံထိုးလေးနှစ်ခုကို
သေချာကြည့်နေသည်

မင်းကိုအဆုံးထိကာကွယ်ပေးမှာပါ

မိုယွမ်မသိခဲ့သည်က ဘုရင်ငယ်လေးက
အားအင်ကြီးမားတဲ့နဂါးတစ်ကောင်ဆိုတာကိုပင်

ဒါဆိုဘာကြောင့်သေခဲ့လဲ
ရှောင်းကျန့် စဉ်းစားခန်းဝင်နေသည်

အားအင်ကြီးမားတယ်ဆို စစ်သူကြီးကလည်း
ကာကွယ်တယ်ဆို ဒါဆိုဘာကြောင့်သေဆုံးလဲ
ဘာကြောင့်လဲ

ရိပေါ်ထက်နောက်ကျအိပ်ပျော်သော်လည်း
အစောကြီးနိုးတတ်သူဖြစ်သည်

စာအုပ်အားခဏပိတ်လိုက်ပြီး
ခုံပေါ်မှာခဏလှဲနေသည်

သူ့ဘေးနားရောက်လာတဲ့ရိပေါ်

"မင်းညကပြောစရာရှိတယ်ဆို "

"အင်း ဒီကနေဘွဲ့ရပြီးရင်
နိုင်ငံခြား မှာကျောင်းသွားတက်မယ်"

"အို မင်းပြောတော့အစကမတက်ဘူးဆို"

"ခင်ဗျားကိုကူညီချင်လို့ "

"ဘယ်လိုအကြောင်းပြချက်ကြီးလဲ"

"အဲ့အတိုင်းပဲသိထားလိုက်
ကျနော်ပြောစရာရှိသေးတယ်
ရှဲ့လုပ်ငန်းစုကစတော့ရှယ်ယာတွေကို
ကျနော့်နာမည်နဲ့ဝယ်ထားချင်တယ်
ခင်ဗျားပိုက်ဆံတွေနဲ့ပေါ့"

"မင်းပြောတာနောက်ကျနေတယ်
ငါကဝယ်ပြီးတာကြာလှပြီ"

"အာ ခင်ဗျားကရှောင်းကျန့်ဆိုတာ ကျနော်မေ့သွားတယ်"

"မင်းသွားရင်ငါတော့ပျင်းနေမှာပဲ
ဘေးနားမှာရုပ်တည်နဲ့အမိန့်ပေးမယ့်သူမရှိတော့ဘူး"

ရှောင်းကျန့် ပြောသာပြောနေရပေမဲ့
သူ့ရင်ထဲဘယ်လောက်ဝမ်းနည်းနေလဲ
သူသာသိသည်

ရိပေါ်ကတော့ လက်သီးကို
တင်းကြပ်စွာဆုပ်ထားသည်

[Side Story of YiBo]

ဘွဲ့ရဖို့အတွက်တင်ပြရမယ့်ပရောဂျက်
ပါဝင်သည့်ဒေတာများကိုရှာဖွေစုဆောင်းနေသည်

စာကြည့်တိုက်တွင်အချိန်အတော်ကြာသွားသည်ကို
သတိပြုမိကာ အိမ်ပြန်ဖို့ပြင်ရသည်

ကလေးထက်ဆိုးသွမ်းသောသူအား
ထိန်းဖို့ရှိနေသည်

အိမ်ပြန်တဲ့လမ်းတစ်လျောက်မှာ
ရင်းနှီးသောသူတစ်ချို့နဲ့တွေ့လေသည်

သူ့ရဲ့ဦးလေး

"ဘယ်လိုလဲ ရိပေါ် သူဋ္ဌေးရှောင်းဆီမှာ
ခွေးလေးလုပ်နေရတာပျော်ရဲ့လား "

ဘာမှမပြောဘဲဆက်သွားသည်

"မင်းသိလား အားနည်းနေတဲ့သူဋ္ဌေးရှောင်းကို
ဖြုတ်ချဖို့ကို မင်းလိုဘာမဟုတ်တဲ့ကလေးက
ဒီကိစ္စတွေနားလည်မှာလည်းမဟုတ်ဘူး "

"ခွေးလေးကသခင်အလိုကျအမြီးလေးနှံ့နေလိုက်ပေါ့
ဟားဟား "

ရယ်မောကာလှောင်သွားတဲ့လူအား
ဘာမှမတုံ့ပြန်မိ

သူကချစ်ဖို့ကောင်းတဲ့ခွေးလေးမဟုတ်ဘဲ
ဝံပုလွေတစ်ကောင်ဆိုသာ
သက်သေပြရပေမည်





© 梅花 白,
книга «NEEDFULL (家)».
Коментарі