Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 12


[သဝန်တိုခြင်း (သို့) အနမ်းတစ်ပွင့်]

ရှောင်းကျန့် ကိတ်လေးတွေရှေ့စာဖတ်နေသောသူဆီသို့
ရောက်လာသည်

ခရင်းလေးနဲ့ကိတ်လေးတွေကိုပြင်ပေးထားသည်
စာဖတ်နေတဲ့သူကစာအုပ်ထဲနစ်ဝင်တော့မယ့်အလား
ထို့အတူအခန်းအပူချိန်ကလည်းအေးစက်နေသယောင်

ရှောင်းကျန့် ဘာမှမပြောဘဲ ကိတ်တွေကိုသာထိုင်စားနေသည်

လင်းအာပြောသွားတဲ့စကားအရဆို
ကောင်လေးက ဘာလို့အဲ့လိုကြည့်တာလဲ

စားနေရင်းနှာကချေသည်

ဟတ်ချိုး~

ထိုအခါမှသာစာအုပ်နဲ့ချစ်သူလိုဖြစ်နေသောရိပေါ်
အသိဝင်လာသည်

"အေးနေလို့လား ဘာလို့အပေါ်ကခြုံထည်ကိုချွတ်ထားတာလဲ"

"အမ် "

"တကယ်ကို"

စားလက်စကုန်ခါနီးကိတ်ကိုသူရှေ့ကဖယ်သွားသည်
ထို့အတူသူ့ကိုလည်းစားဖိုဆောင်ထဲကနေ မီးလင်းဖိုရှေ့သို့ချီသွားလေသည်

မဟုတ်သေးဘူး ငါနေကောင်းနေပါပြီ

ပေကျံနေသောကိတ်အစလေးများကို သေချာသုတ်ပေးပြီး
လက်ထဲသို့လက်ဖက်ရည်ခွက်လေးထည့်ပေးသည်

"နည်းနည်းလေးတောင်အအေးခံလို့မရဘူး
ဒီနှစ်ဆောင်းကိုဘယ်လိုဖြတ်သန်းမလဲ"

"အရင်နှစ်ကအတိုင်းပဲပေါ့"

"ကိုယ့်ကိုဂရုမစိုက်ဘူးလား"

"မင်းဂရုစိုက်ပေးပေါ့"

ပြောလိုက်တဲ့စကားထဲဘာများအမှားပါသွားလို့လဲမသိ
ရိပေါ်တိတ်သွားသည်

သက်ပြင်းချပြီးရှောင်းကျန့်ရှေ့ဝင်ထိုင်သည်
လက်ဖက်ရည်ပူပူလေးကိုကိုင်ထားသောကြောင့်
လက်လေးတွေကနွေးနေပြီ

ခြေအိတ်မဝတ်ထားတဲ့​ခြေထောက်တွေက
အေးစက်နေမှန်းရိပေါ်သိတာကြောင့်
ခြေအိတ်ကိုဝတ်ပေးနေသည်

ခြေအိတ်ဝတ်ရမှာကိုပျင်းတဲ့သူ
အကြောင်းက လမ်းလျောက်ရတာမလွတ်လပ်လို့တဲ့

ခြေချောင်းဖြူဖြူလေးတွေကိုကြည့်ပြီး
ဂရုတစိုက်ဝတ်ပေးသည်

"စောနက မိန်းကလေးကဘယ်သူလဲ"

လက်ဖက်ရည်မော့သောက်နေသောရှောင်းကျန့်ကိုမေးသည်

"လင်းအာလား "

ရှောင်းကျန့် ရဲ့ခြေချင်းဝတ်ကိုကိုင်ထားတဲ့လက်တွေက
အနည်းငယ်တင်းကြပ်သွားသည်

"သူကငါ့ရဲ့ယုံကြည်ရတဲ့လူတစ်ယောက်ပဲ
ရှီးချန်ကောလိုမျိုးပေါ့ "

"အင်း"

ခြေအိတ်ဖြူဖြူလေးဝတ်ထားတဲ့ခြေထောက်လေးကို
ရိပေါ်ခဏပိုက်ထားမိသည်

နေကောင်းခါစကိုထပ်ပြီးအအေးမမိစေချင်တာကြောင့်ပါ

အခုမှမိုးလေဝသမှန်လာပုံရတဲ့ရိပေါ်က
ရှောင်းကျန့် ကိုစကားတွေပြန်ပြောသည်

"ကိတ်ကစားကောင်းလား"

"ဗနီလာအရသာကပိုကောင်းတယ်"

"ဒါဆိုမပြန်ခင်ကိတ်တွေလုပ်ပေးခဲ့မယ်
သေချာစား"

"အင်း "

"ပျင်းနေလား "

"မပျင်းပါဘူး မင်းရှိတာပဲ
ဒါနဲ့တီဗွီလေးဖွင့်လိုက် အခုချိန်ငါကြည့်နေတဲ့ ဇာတ်လမ်းတွဲလာနေပြီ"

ရှောင်းကျန့် ပြောတဲ့အတိုင်းဖွင့်ပေးလိုက်သည်

ညစာစားချိန်မရောက်သေးတဲ့အချိန်ထိ
ရှောင်းကျန့် က တီဗွီအကြည့်မပျက်ပေ

ရှောင်းကျန့် ဘေးမှာရိပေါ်ကလည်း
စာတွေရိုက်နေရင်းထိုင်နေသည်

ညစာစားချိန်မတိုင်ခင် ရိပေါ်ကဘေးကနေထသွားပြီး
ညနေစာပြင်သည်

ညနေစာစားချိန်အစာမကြေမှာစိုးတဲ့အတွက်
ဖက်ထုပ်ပြုတ်ပူပူလေးကိုချက်လိုက်သည်
ဟင်းရည်အစားကြက်စွပ်ပြုတ်ကိုအသုံးပြုထားသောကြောင့်
စိမ့်နေလေသည်

သူ့အတွက် ဖက်ထုပ်အလွတ်သက်သက်လုပ်သည်

စားဖို့ခေါ်တော့ မဆာသေးကြောင်းပြောသည်

မစားချင်လို့တမင်ပြောမှန်းရိပေါ်သိတာ​ကြောင့်
တီဗွီကိုပိတ်ပြီး စားပွဲရှေ့အတင်းခေါ်လာသည်

ပြင်ဆင်ထားတာတွေကိုတွေ့မှ
ငြင်းဆန်နေရာကငြိမ်သွားသည်

"မဆိုးပါဘူး "

ရှောင်းကျန့် ကစားနေရင်း
ရိပေါ်စားနေသည့်ဖက်ထုပ်ကိုပါမြည်းစမ်းချင်နေသလို

"စားကြည့် "

ရှောင်းကျန့် မပြောခင်ရိပေါ်ကထည့်ပေးလိုက်သည်

လိုချင်တာရသွားတော့ ပျော်သွားသည့်မျက်နှာနဲ့

သူ့အရှေ့ကလူက စီးပွားရေးမှာအောင်မြင်ပြီး
ကြောက်စရာကောင်းတဲ့မစ္စတာရှောင်းဆိုတာ
ယုံချင်စရာမရှိပေ

"ဒီနေ့ရော စာအုပ်ဖတ်ပြရမလား "

"စာအုပ်မဖတ်ပြနဲ့ ငါလင်းအာပေးထားတဲ့အချက်အလက်တွေ
ဖတ်ချင်လို့"

"ညဥ့်မနက်စေနဲ့ ကျနော်စာကြည့်ခန်းခဏသွားဦးမယ်"

"အင်း "

လိုအပ်တာတွေကိုဖက်စ်နဲ့ပို့ပြီးကျန်တဲ့တစ်ဝက်ကို
မိတ္တူ ကူးနဲ့ရိပေါ်အချိန်တွေကလျင်မြန်စွာကုန်သွားသည်

သူစာကြည့်ခန်းထဲကနေထွက်လာပြီး
ရှောင်းကျန့် ဆီသို့ပြန်လာသည်

ထိုအချိန်တိုက်ဆိုင်စွာ
တံခါးကပွင့်လာပြီးရှောင်းကျန့်နဲ့တိုက်မိသည်

တောင့်တင်းတဲ့ရင်ဘတ်နဲ့ဝင်တိုက်မိတဲ့ရှောင်းကျန့်
မျက်နှာမဲ့သွားသည်

"နာသွားလား ဘာလို့တံခါးကိုဆွဲဖွင့်ရတာလဲ"

"မင်းရှိနေမှန်းမှမသိတာ "

"ထားပါတော့ ဘယ်သွားမလို့လဲ"

"မင်းဆီ အခုရောက်လာပြီဆိုတော့ မသွားတော့ဘူး"

"အင်း ဆေးသောက်ပြီးပြီလား "

စောင်ပုံထဲဝင်အိပ်နေတဲ့သူကမကြားချင်ယောင်ဆောင်သည်

"ဆေးမသောက်ရင် ကျနော်စာကြည့်ခန်းမှာသွားအိပ်မယ်"

"ပေး "

အခါးကိုမုန်းတဲ့ရှောင်းကျန့်အတွက်ဆေးသောက်ပြီးတဲ့အခါ
စားဖို့သကြားလုံးလေးတွေပေးသည်

သူ့ကိုကလေးလိုဆက်ဆံလည်းဘာမှမဖြစ်ပေ
ခါးတာပျောက်ဖို့အဓိက

"မနက်ဖြန် အဒေါ်လီ နဲ့ဦးလေးချန် ပြန်ရောက်တော့မယ်"

"ယုံလေးလည်းပါတယ်"

"အင်း ကျနော်လည်းပြန်ရတော့မယ်"

"ငါအိပ်တော့မယ် "

"အင်း "

ဆောင်းညတွေကရှည်လျားပါသည်
ရိပေါ်ရင်ထဲကစိတ်မချခြင်းတွေကလည်း
တစတစကြီးထွားလို့

ကောင်းကင်ကပြာရောင်လဲ့နေပြီး
နေကအနည်းငယ်သာသည်

ဒီနေ့ကတော့နေလို့ကောင်းမယ့်နေ့တစ်နေ့ပဲ

ရိပေါ် မနက်စာစားနေတဲ့ရှောင်းကျန့်ကိုဘေးကနေကြည့်နေတယ်

"အပြင်ထွက်ကြမလား"

"လူများတယ် "

"လူနည်းတဲ့နေရာကိုသွားကြမယ်"

"ဘယ်နေရာလဲ "

"သေချာတော့မပြောတတ်ဘူး ကမ်း​ခြေကိုသွားကြမလား"

"အေးတယ် "

"ဟုတ်တယ် ခင်ဗျားအတွက်မသင့်တော်ဘူး "

"ငါ့သူငယ်ချင်းအိမ်တစ်အိမ်ရှိတယ် သူ့ဆီသွားကြရအောင်"

"ဘယ်သူလဲ "

"ရောက်ရင်သိမှာပေါ့"

"အင်း"

ရှောင်းကျန့် ကအဝတ်အစားလဲပြီးထွက်လာသည်
ရိပေါ်ကတော့ သက်ပြင်းချပြီး
လက်အိတ်နဲ့ခြေအိတ်ကိုစွပ်ပေးသည်
အပေါ်ကနေခြုံလွှာပါးပါးလေးကိုလည်းလွှမ်းပေးသည်

ခေါင်းစွပ်ပါစွပ်ပေးလိုက်ရင် တကယ်အနှီးထုပ်ဖြစ်မယ့်ကိန်း
ကံကောင်းစွာနဲ့ခေါင်းစွပ်တော့မစွပ်ပေးချေ

ရှောင်းကျန့် ပြောသည့်အတိုင်း
ကားလေးကိုမောင်းလာခဲ့သည်

အဝါရောင်ပန်းခင်းကြီးကကြိုဆိုနေသည့်အလား
နှင်းတွေကြားထဲလှပနေသည်

ခြံထဲသေချာဝင်တော့မှ အဝါရောင်ပဲမဟုတ်
အရောင်စုံသောကျူးလစ်ပန်းတွေက လှပစွာပွင့်ဖူးနေကြသည်

အိမ်ထဲမှာကော်ဖီသောက်နေတဲ့လင်းအာက
ထွက်ကြည့်သည်

ငါမှားမြင်မိနေတာလား အနောက်အရပ်ကနေနေထွက်လာတာလား

မစ္စတာရှောင်းကလူကိုယ်တိုင်လာလို့ပါလား

အဲ သူ့ကလေးလည်းပါတာပဲ
ဒါဆိုပန်းတွေကြည့်ဖို့ထင်တယ်

ငါစိုက်ထားတာတွေကသူ့အတွက်ပန်းပြခန်းများ
ထင်နေလား မစ္စတာရှောင်းရယ်

"မလာစဖူးပါလား "

"ပန်းတွေကိုလာကြည့်တာ နင်မပါဘူး"

"ဘယ်တုန်းကငါ့ကိုအဲ့လိုပြောတတ်သွားတာလဲ
ကိုကိုနော်"

ရှောင်းကျန့် ကတော့ ခေါင်းတခါခါနဲ့ရယ်သည်
ရိပေါ်မျက်နှာကတော့အပြင်ကနှင်းတွေနဲ့
အေးစက်မှုကိုပြိုင်နေသည့်အလား

"ရိပေါ် ကားထဲမှာကျန်တဲ့စာအိတ်သွားယူပေးပါလား"

"အင်း"

ထွက်သွားတာသေချာမှ

"ရှောင်းကျစ်မင်းကိစ္စကို ကောင်လေးပြန်တာနဲ့စမယ်
အခုရထားတဲ့သက်သေတွေအပြင်
လိုသေးတာရှိတယ် "

"ရှီးချန်ကော က ခဏငြိမ်နေဖို့ပြောထားတယ်မဟုတ်လား
အရမ်းတွေအလျင်စလိုမလုပ်နဲ့
ပန်းကိုလာကြည့်ရင်ပန်းကိုပဲခံစား ငါ့ကိုလာမကြည့်နဲ့
ရှက်တယ် "

ရုတ်တရက်စကား​ပြောင်းသွားလို့
ကြောင်သွားပေမဲ့ ရိပေါ်ပြန်လာကြောင်းသိလိုက်သည်

"နင်ကပန်းရဲ့အမြစ်ကိုတောင်မမှီဘူး"

"ငါ့အိမ်ကိုလည်းလာတယ်ငါ့ကိုလည်းဖဲ့တယ်
နင်လူမှဟုတ်သေးရဲ့လား"

"ရိပေါ် ကော က လူလား"

ရိပေါ်ဘက်လှည့်မေးလိုက်တော့
မကြားဖူးတဲ့စကားကြားလိုက်ရသလို
တုန်လှုပ်နေတဲ့မျက်ဝန်းတွေ

"အဟမ်း နောက်ဘက်မှာ ကျူးလစ်တွေကအရောင်စုံပွင့်နေတယ်
သွားကြည့်ကြ ဘေးဘက်ကပန်းအိမ်ထဲမှာသစ်ခွတွေလည်း
ပွင့်နေပြီ သွားကြ သွား"

ရှောင်းကျန့် ကထွက်သွားပေမဲ့
ရိပေါ်ကရပ်နေတုန်း

ပုခုံးကိုလက်နဲ့ရိုက်လိုက်မှ

"ကောင်လေး နင့်လူကြီးကသွားပြီလေ
ရပ်နေဦးမှာလား"

အဲ့တော့မှအသိဝင်ပြီး
ရှောင်းကျန့် နောက်လိုက်သွားသည်

ခြံအကျယ်ကြီးထဲမှာ ကျုးလစ်ပန်းရောင်စုံတွေကအပြည့်
ပန်းတွေကြားထဲရပ်နေတဲ့သူက
တကယ်ကိုကြည့်ကောင်းလှသည်

အလှတရားကိုဖျက်ဆီးသည်က

ဟတ်ချိုး~

"ဟင်း. "

ရိပေါ်ကတော့သက်ပြင်းတချချပါပဲ

"ပန်းတွေကလှပါတယ် ဒါပေမဲ့
အေးတယ် အိမ်ထဲဝင်ရအောင် "

"ခဏလေးပါ "

အဝါရောင်ကျုးလစ်တစ်ပွင့်ကိုခူးမယ်ကြံနေသော
ရှောင်းကျန့် လက်တွေ့တွင်တော့မခူးဖြစ်ပေ

"မင်းပြုံးပြရင်အဝါရောင်ကျုးလစ်လေးအားငယ်သွားမလား
ငါ့ကိုပြုံးပြပါလား ကောင်လေး"

ရုတ်ချည်းဆန်တဲ့ဆန္ဒတစ်ခုကိုထုတ်ဖော်ပြောလိုက်သောအခါ
မဖယ်ရှားဘဲ ဖြည့်ဆည်းပေးသည်

အရယ်အပြုံးတွေသိပ်မရှိခဲ့ပေမဲ့
ခင်ဗျားကြောင့်အကြိမ်ကြိမ်ပြုံးခဲ့ရတာအမှန်ပါ

ဖျော့တော့တဲ့နေရောင်ခြည်လေးက
ကောင်လေးရဲ့အပြုံးအောက်ပျောက်ကွယ်တယ်

အဝါရောင်ကျုးလစ်ပန်းလေးကလည်း
ကောင်လေးအပြုံးကြောင့်ဝမ်းနည်းနေသယောင်

သူသာပိုင်ဆိုင်ရတဲ့အပြုံးတစ်ပွင့်ကို
တံဆိပ်ခတ်နှိပ်တယ်

မင်းရဲ့အပြုံးကငါ့အပိုင်



© 梅花 白,
книга «NEEDFULL (家)».
Коментарі