Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 2
[အေးစက်သောသူတစ်ယောက်]

ရှောင်းလုပ်ငန်းစုဆိုတဲ့နာမည်ရှေ့မှာ
ခေါက်တုံ့ခေါက်ပြန်လျောက်နေတဲ့သူတစ်ယောက်

သူဟာလူတစ်ယောက်ကိုစောင့်မျှော်နေသည်
လက်ကိုအချင်းချင်းဆုပ်နယ်နေပုံအရ
ထိုလူဟာစိတ်လှုပ်ရှားနေဟန်

သို့သော်ထိုသူရဲ့သွင်ပြင်ကတော့
ရေခဲပြင်တမျှအေးစက်နေတယ်

တိုကပ်ကပ်ညှပ်ထားတဲ့ဆံစ
ကန်ရေပြင်ရဲ့အဆုံးလိုနက်မှောင်နေတဲ့မျက်ဝန်း
ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းပါးတစ်စုံ
တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီး
အရာရာကိုဂရုမစိုက်တဲ့အသွင်အပြင်ရှိနေသည်

မကြာခင်လူတစ်ယောက်ထွက်လာသောအခါ
သူ့ရဲ့မျက်လုံးကအရောင်အနည်းငယ်ခဏတာလက်သွားသည်

သူခေါ်သင့်မခေါ်သင့်စဉ်းစားပြီး
နောက်ဆုံးသက်ပြင်းချကာခေါ်လိုက်သည်

"ဦးလေးလင်း "

ခပ်သြသြအသံကကြားရသူအဖို့
စွဲမက်ဖွယ်ကောင်းပေမဲ့
ဦးလေးလင်းဆိုသူကတော့
မသိချင်ဟန်ဆောင်ကာခပ်သုတ်သုတ်ထွက်ပြေးသွားသည်

ထိုသူကတော့လွယ်ထားတဲ့အိတ်အား
ခပ်တင်းတင်းဆုပ်ကိုင်ပြီး
စိတ်ပျက်သွားတဲ့ပုံပေါက်သွားသည်

ငါ့ဘက်မှာဘယ်သူမှရှိမနေခဲ့ပါလား

ပထွေးရဲ့နှိပ်စက်မှုအားသူ့မိခင်မသေဆုံးခင်အချိန်ထိ
သည်းခံနေလာခဲ့သည်
မိခင်သေဆုံးသွားသည့်အခါ
သူ့ရဲ့တက်လမ်းကိုရှေးရူပြီး
ငရဲတွင်းမှထွက်ပြေးလာကာ
မိခင်ရဲ့အကိုဖြစ်သူထံသို့အကူအညီတောင်းရန်
ရောက်လာခြင်းဖြစ်သည်

နယ်မြို့လေးမှာနေရတဲ့သူက
ကြီးကျယ်တဲ့မြို့ပြသို့စမ်းတဝါးဝါးနဲ့ရောက်လာသည်

အနည်းဆုံးတော့ သူ့ရဲ့ဦးလေးက ကူညီမယ်ဆိုတဲ့
နောက်ဆုံးမျှော်လင့်ချက်လေးနဲ့

ထိုမျှော်လင့်ချက်လေးက အခုတော့ပြိုလဲသွားပေသည်

ပထွေးကချေးငှားထားသော
အကြွေးများကြောင့် သူနဲ့မပတ်သတ်ချင်သည်လား
မိခင်ကိုခါးခါးသီးသီးမုန်းနေခဲ့လို့များလား

သူ့ရဲ့အထက်တန်းအောင်စာရင်းလေးကို
ပြန်တွေးမိပြီး သူဘာလုပ်ရမလဲဝေခွဲမရဖြစ်နေသည်

ကျယ်ပျောလှတဲ့ပေကျင်းမြို့မှာ
သူသိတဲ့သူတစ်ယောက်မှမရှိပေ

ခရီးနှင်လာတဲ့သုံးရက်မှာ
သူစားခဲ့တဲ့အစားအစာဟာပေါင်မုန့်ကြမ်းသာဖြစ်သည်
ဆာလောင်လွန်းသောဝမ်းကိုလည်း
မဖြည့်တင်းနိုင် သူ့မှာရှိသမျှအား
လမ်းစရိတ်အတွက်အသုံးပြုခဲ့တာကုန်သွားပြီဖြစ်သည်

ရှောင်းလုပ်ငန်းစုကနေတဖြည်းဖြည်းထွက်လာခဲ့သည်
အခုဆိုသူကဦးတည်ချက်မရှိပေ

ရှောင်းကျန့် စာအုပ်ကိုထပ်ပြီးဖတ်ဖို့ကြံရွယ်နေသည်
သို့သော်ဖတ်ဖို့အခွင့်မသာသေးပေ

ထပ်တိုးဆောက်လုပ်ထားသောဆောက်လုပ်ရေးများကို
သွားပြီးစစ်ဆေးရမည်ဟု ဦးလေးချန်က
ပြောထားလေသည်

ကာကွယ်ရေးဝတ်စုံအားသေချာဝတ်ဆင်ပြီး
ဆောက်လုပ်နေဆဲအဆောက်အအုံအား
လှည့်ပတ်စစ်ဆေးနေသည်

အိပ်ပျက်ညတွေများတဲ့အတွက်
ရှောင်းကျန့် ခေါင်းကအနည်းငယ်မူးနှောက်လေသည်

အားနည်းတဲ့ကိုယ်ကအခုကျနှစ်ဆပိုပြီး
ပင်ပန်းမှုဒဏ်ကိုခံစားနေရသည်

ဆောက်လုပ်ရေးအပြင်ဘက်ကိုထွက်လာပြီး
ခဏတာနားနေတဲ့အချိန်
ဘေးကဦးလေးချန်ရဲ့စိုးရိမ်တကြီးအော်သံကိုကြားနေရသည်

သူ့နားထဲဘာမှသေချာမကြားရ
မျက်လုံးများကပြာကာအသိစိတ်လွတ်ချင်နေသလိုပင်

"သခင်လေးရှောင်း သတိထား."

ရုတ်တရက်ပြိုကျသွားသောအုတ်ခဲများက
ရှောင်းကျန့်အပေါ်သို့
ရှောင်းကျန့်ရဲ့သက်တော်စောင့်ဖြစ်သူက
အလျင်အမြန်ပြေးလာခဲ့သော်လည်း
သူနဲ့ဝေးကွာနေသောအနေအထားမှာ

ရှောင်းကျန့်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ဦးလေးချန်ကလည်း
အနီးအနားမှာမရှိပေ

သို့သော် လူငယ်တစ်ဦးကရှောင်းကျန့်အား
ကယ်ဆယ်လိုက်သည်
ပြိုကျတဲ့များစွာသောအုတ်ခဲများက
ရှောင်းကျန့် ကိုတစ်ချက်မျှမထိပေ

ကယ်ဆယ်ပေးလိုက်ရတဲ့
လူငယ်လေးရဲ့ပုခုံးနဲ့လက်ဖျံကိုတော့မူ
စုတ်ပြဲနေသောဒဏ်ရာများရသွားလေသည်

သူ့လက်ထဲတွင်မေ့လဲသွားသောသူအား
ပါးအားခပ်စပ်စပ်ရိုက်ရင်းနိုးရလေသည်။

လန့်လွန်းလို့သတိလစ်သွားသည်လားမဝေခွဲတတ်ပေ

အနားသို့စိုးရိမ်တကြီးရောက်လာသော
သက်လတ်ပိုင်းလူကြီးက
သခင်လေးရှောင်းဟုခေါ်ကာဆေးရုံပို့ဖို့စီစဉ်နေသည်

သူကတော့ဒီနေရာမှာအပိုလူဖြစ်တဲ့အတွက်
နေစရာရှာရန်လှည့်ထွက်သွားသည်

သို့သော် ထိုလူကြီးက
မိမိကိုပါတစ်ပါတည်းဆေးရုံသို့ခေါ်သွားလေသည်

ဆေးရုံကုတင်ပေါ်တွင်ဖြူလွလွပုံရိပ်လေးက
အေးချမ်းစွာ အနားယူနေတယ်
မအိပ်ရတာများနေတဲ့အတွက် အတိုးချအိပ်နေသလိုပင်

ထိခိုက်မိတဲ့နေရာများကို
ဆေးထည့်ပေးပြီးစုတ်ပြဲသွားသောလက်ကိုမူ
ပတ်တီးသေချာစည်းပေးထားလေသည်

သူထွက်သွားလို့ရမလားဟုမေးရန်ကြံရွယ်လိုက်သော်လည်း
ထိုလူကြီးကတော့ ဖုန်းတစ်လုံးနဲ့အလုပ်ရူပ်နေသည်

ဖုန်းဟုဆိုရသော်လည်း သူမြင်ဖူးသည့်
ခလုတ်ဖုန်းနဲ့များပြားစွာကွဲပြားလေသည်

ချောမွေ့နေတဲ့မျက်နှာပြင်ကသူကြည့်နေရတဲ့
တီဗွီအလား သူနေခဲ့ရသောနယ်မြို့လေးတွင်
ဒါမျိုးမမြင်ဖူးပေ ခေတ်မမှီသေးသောနယ်မြို့လေးတွင်
ကြီးပြင်းခဲ့ရသည့်အတွက် မြင်တွေ့သမျှကအထူးအဆန်းဖြစ်နေသည်

ဂွီလ် ဟူသော အသံကတိတ်ဆိတ်နေသောအခန်းထဲ
ကျယ်လောင်စွာထွက်လာတယ်

အလုပ်ကိစ္စများကိုသခင်လေးကိုယ်စား
စီမံခန့်ခွဲပေးနေသောဦးလေးချန်က
အခုမှထိုလူငယ်ဘာမှမစားရသေးတာကို
သတိရသွားလေသည်

"ကောင်လေး  မင်းဘာတွေစားတတ်လဲ
ဦးလေးမင်းအတွက် စားစရာဝယ်ပေးမလို့"

သူ ပြောရမလား မပြောရမလားဝေခွဲရခက်နေတယ်
သို့သော်သူ့မှာမာနကရှိသေးသည်
ခေါင်းကိုငုံ့ပြီး လက်နှစ်ဖက်ကိုသာ ပွတ်သပ်နေမိသည်

ထိုကလေးရဲ့စိတ်အားသိသွားသောဦးလေးချန်ကတော့
ဘာစကားမှမဆိုဘဲခပ်ပြုံးပြုံးကြည့်သည်

"ထမင်းနဲ့ဟင်း ကိုဦးလေးအဆင်ပြေသလိုဝယ်လာခဲ့မယ်
သခင်လေးရှောင်းကိုခဏကြည့်ပေးထားပါ"

အေးစက်နေသောမျက်နှာလေးက
အနည်းငယ်ပျော့ပျောင်းသွားပြီး
သဘောတူကြောင်းခေါင်းငြိမ့်သည်

ဦးလေးချန်ကတော့ ဆေးရုံခန်းထဲမှထွက်သွားလေသည်

မကြာခင်သူကထမင်းနှင့်ဟင်းထည့်ထားသော
ဘူးများကိုယူလာသည်

ထမင်းဖြူ အသီးအရွက်ကြော် အသားဟင်းများကို
သူဝယ်လာသည်

သို့သော်သူ့ရဲ့ရှေ့ကကောင်လေးကတော့
အသီးအရွက်ကြော်ကိုပဲယူစားလေသည်

"ကောင်လေး သခင်လေးရှောင်းကိုကယ်ခဲ့လို့
ကျေးဇူးတင်ပါတယ် သခင်လေးနိုးလာတဲ့အထိစောင့်နေပေးဖို့
ဦးလေးအကူအညီတောင်းပါတယ်"

သွားစရာမရှိမယ့်အတူတူလူနာစောင့်ပေးရလည်း
မဆိုးပါဘူးဟုတွေးပြီး

"ဟုတ်ကဲ့ "

ဦးလေးချန်ကတော့ သခင်လေးရှောင်းနဲ့ကောင်လေးကို
ထားခဲ့ပြီးသူကတော့ သခင်လေးရဲ့အလုပ်ကိစ္စတွေကို
ခန့်ခွဲဖို့သွားလေသည်

သူ့ရဲ့စိတ်ထဲထိုကလေးကိုသခင်လေးရှောင်းလို
ယုံကြည်နေမိသည်

ငယ်ရွယ်တဲ့ကလေးတစ်ယောက်ရဲ့အရှိန်အဝါက
အေးစက်ပြီးကြောက်မယ်ဖွယ်ကောင်းကာ
သခင်လေးရှောင်းထက်ပင်ပိုပြီး ကြောက်ဖို့ကောင်းလေသည်

သခင်လေးရဲ့ကိုယ်ရံတော်အား
သေချာစောင့်ကြည့်ရန်ပြောထားပြီး
သူကတော့သခင်လေးနိုးလာရင်
အစီရင်ခံစာကြည့်ရူရန်သေချာစီစစ်နေလေသည်။





© 梅花 白,
книга «NEEDFULL (家)».
Коментарі