Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 5

[သန်မာလာသောကလေးလေး]

စရောက်သည့်အချိန်တွင်
သေးညှပ်ကာပိန်ပါးသောခန္ဓာကိုယ်က
အချိန်တွေကြာလာသောအခါ
ရှောင်းကျန့် ကိုပင်ကျော်လွန်သွားသည်

သူနေရာနှင့်သူကြွက်သားများရှိနေပြီး
အရပ်မှာလည်းအရင်ကထက်ရှည်လာလေသည်

ရှောင်းကျန့် အလုပ်သွားသည့်အခါ
ရိပေါ်အားနေမှာစိုးသည့်အတွက်
ကိုယ်ခံပညာသင်ပေးရန်ဆရာတစ်ယောက်နှင့်
စကားပြောသင်ပေးရန်ဆရာတစ်ယောက်ငှားထားခဲ့သည်

စီးပွားရေးမေဂျာသို့တက်ရန်
လိုအပ်သည့်စာအုပ်များကိုဝယ်ပေးပြီး
ဖတ်စေသည်

ရှောင်းကျန့် ပြန်ရောက်သည့်အခါ
နှစ်ဦးသားသူ့အမြင်ကိုယ့်အမြင်ဆွေးနွေးကြသည်

သူ့ထက်ပင်နားလည်မှုစွမ်းရည်မြင့်သောရိပေါ်ကြောင့်
ရှောင်းကျန့် မှာ မျက်ခုံးခပ်လှုပ်လှုပ်

နိုင်ငံခြားသို့ကျောင်းသွားတက်ရန်ပြောသည့်အခါ
ငြင်းပယ်ခြင်းခံခဲ့ရသည်
အကြောင်းပြချက်ကရှောင်းကျန့်တဲ့

အအိပ်အစားမမှန်သောသူ့အား
ရိပေါ်ကကလေးသဖွယ်ဂရုစိုက်ပေးသောကြောင့်
မျက်နှာမှာအနည်းငယ်ပြည့်လာပြီး
အသားအရည်ကကြည်လာသည်

သို့သော်သူ့အား၂၄နာရီလုံးကြပ်မတ်နိုင်စွမ်းမရှိ
ညအိပ်ချိန်တစ်ချိန်ကိုသာသေချာဂရုစိုက်နိုင်လေသည်

မနက်ခင်းဆေးသောက်ရန်စာကြည့်ခန်းထဲသို့
သွားသောရိပေါ်မှာ ဘယ်သူမှမရှိသောကြောင့်
အဒေါ်လီအား မေးမြန်းရသည်

အရေးကြီးကိစ္စနှင့်ခရီးထွက်သွားလေတယ်ဟူသော
စကားကိုသာပြန်ကြားရသည်

တစ်ပတ် တစ်ပတ်ရှိပြီ
ရှောင်းကျန့် ကအခုထိပြန်မလာခဲ့ဘူး

အားနေသည့်အချိန်တွင်
စီမီခန့်ခွဲရေးစာအုပ်များကို
သေချာလေ့လာနေသည်

သူ့အားစိတ်မပျက်စေလိုသောကြောင့်

အဒေါ်လီက စာဖတ်နေသောသူ့ထံသို့
အလျင်စလိုလာပြောသည်

ရှောင်းကျန့် ဆေးရုံတင်ထားရတယ်!!!

အချက်ပေးခေါင်းလောင်းသံတွေက
ခေါင်းထဲမှာတညံညံနဲ့ ဆေးရုံသို့သွားရန်ပြင်သည်

လူရင်းတွေသာရှိတဲ့ဆေးရုံခန်းလေးထဲ
ရင်းနှီးနေကြပုံရိပ်လေးက ငြိမ်သက်စွာမှေးစက်နေသည်။

ဦးလေးချန်အား မေးသောအခါ
အပန်းဖြေအိမ်ရာဆောက်တဲ့နေရာတွင်
ပြဿနာတက်သောကြောင့်
အလျင်စလိုထွက်သွားခဲ့ရပြီး
တစ်ရက်တောင်မနားဘဲအလုပ်များကို
ဆက်တိုက်လုပ်နေခဲ့သည်

အားနည်းတဲ့ကိုယ်က ပူပြင်းတဲ့နေဒဏ်အောက်
ဖျော့တော့စွာတောင့်ခံနေခဲ့ပုံ အစားအစာအားလုံးဝမထိဘဲ
ဆန်ပြုတ်တစ်ပန်းကန်သာစားသောက်ပုံ သို့သော်
လက်မခံသောအစာအိမ်ကြောင့် ဘာစားစားပြန်အန်ထွက်ပုံ
တို့ကိုပြောပြသည်

ဆေးအရှိန်နဲ့မှေးစက်နေပေမဲ့
တုန်ခါနေတဲ့ကိုယ်လေး လက်လေးများက တစ်ခုခုအား
ရှာဖွေနေသည့်ဟန်

ရိပေါ် ဦးလေးချန်ပြောတာနားထောင်ပြီး
ရှောင်းကျန့် ရဲ့လက်များကိုဆုပ်ကိုင်လိုက်သည်

ရင်ဘတ်ကိုခပ်ဖွဖွပုတ်ပေးပြီး
စိတ်ချလက်ချအိပ်ရန် ခပ်တိုးတိုးရေရွတ်ပေးနေသည်

ဦးလေးချန်ကတော့အလိုက်တသိနှင့်ထွက်သွားသည်

ကျန်းချန်ဆိုသူကလာရောက်စစ်ဆေးပြီး
ဆေးပိုက်များကိုဖြုတ်သွားသည်

အိမ်ကိုပြန်လို့ရပြီလားမေးကြည့်တော့
မင်းအဆင်ပြေရင်ပြန်ခေါ်သွားပါတဲ့
သူကဆေးရုံဆေးခန်းတွေသိပ်မနှစ်သက်ဘူးလို့ပြန်ပြောသည်

ဦးလေးချန်က ကားမောင်းပြီး
ရိပေါ်ကတော့ ရှောင်းကျန့်ကိုထွေးပိုက်ထားသည်

ကုတင်ပေါ်သေချာချပေးတော့
သူ့ပေါ်ကမဆင်းပေ

"အိပ်ရာမှာသက်တောင့်သက်သာ အိပ်"

"ငါအိပ်မပျော်ဘူး ငါအိပ်ပျော်တဲ့အထိ
ဒီတိုင်းလေးနေပေး"

ဖက်ထားလျက်ပင် ရိပေါ်ကုတင်ပေါ်သို့ထိုင်ချလိုက်သည်
ခြေထောက်တစ်ဖက်အားဆင်းပြီး
တစ်ဖက်ကိုဒူးထောင်လိုက်သည်

ရှောင်းကျန့် နေရအဆင်ပြေရန် ကုတင်ခေါင်းရင်းကိုမှီလိုက်သည်

ရှောင်းကျန့် ရဲ့ကိုယ်အားစောင်ပါးလေးခြုံပေးလိုက်သည်
သူ့ရဲ့ခေါင်းကရိပေါ်ရဲ့လည်ပင်းနားသို့
တိုးဝင်ပြီးငြိမ်နေသည်

အသက်ရူသံမှန်မှန်နဲ့မကြာခင်အိပ်ပျော်သွားသည်

ရိပေါ်မအိပ်ချင်သောကြောင့်
စာအုပ်တစ်အုပ်အားယူဖတ်နေသည်
ညာလက်ဖြင့်ရှောင်းကျန့်အားဖက်၍ထိန်းပေးထားပြီး
ဘယ်လက်ဖြင့်စာအုပ်ကိုဖတ်နေသည်

စာဖတ်ရတာသိပ်တော့အဆင်မပြေပင်မဲ့လည်း
သူကတော့ဆက်ပြီးဖတ်နေသည်

တံခါးလေးကညင်သာစွာပွင့်သွားပြီး
အဒေါ်လီ ဝင်လာသည်

နိုးလာရင်တစ်ခုခုစားလို့ရအောင်
ရိပေါ်က ကြက်သားဆန်ပြုတ်နဲ့တို့ဖူးနွေးအားပြင်ဆင်ရန်
သူ့ရဲ့ဖုန်းတွင်စာရိုက်ပြီးအဒေါ်လီကိုပြသည်

ဟုတ်ပြီ လို့တိုးတိုးလေးပြောပြီး
အဒေါ်လီ ထွက်သွားသည်

အချိန်တွေအတော်ကြာသွားသောအခါ
ရှောင်းကျန့် ကိုယ်လေးလူးလွန့်လာတယ်

ဒီအနွေးဓာတ်ကနေသူမခွာချင်ပေ
ဆက်ပြီးအိပ်ရန်ကြိုးပမ်းသောအခါ
ဆွဲခွာခြင်းခံလိုက်ရသည်

"အမ်း."

အသံသေးသေးလေးကအလိုမကျသလို

ထသွားသောအခါအေးစက်မှုတွေက
တိုးဝင်လာသည်

ရှောင်းကျန့် စောင်ထဲတိုးဝင်ပြီး
ငြိမ်နေသည် သို့သော်ရိပေါ်ရဲ့ကိုယ်လောက်မနွေးထွေးပေ

ရေဇလုံနှင့်အဝတ်တစ်စကိုယူလာပြီး
ရှောင်းကျန့် ကိုသန့်စင်ပေးသည်

အေးစက်တဲ့အထိအတွေ့ကြောင့်မျက်မှောင်ကြုတ်သည်

"ဗိုက်ဆာလား"

"အိပ်ချင်တယ်"

"ဒါဆိုသွားစားမယ်"

မဟုတ်ဘူးလေ မင်းငါ့စကားကိုဘယ်တုန်းကတည်းက
နားမထောင်တော့တာလဲ

အိပ်ရာကနေထပြီးအပျင်းကြောဆန့်ကာ
အောက်ထပ်သို့ဆင်းသွားသည်

ပိန်ပါးပါးကိုယ်လေးကလေတိုက်ရင်လဲကျတော့မလို
ဖြူလျော့နေပြန်ပြီ

ရိပေါ်အိပ်ရာအားပြန်ပြင်ခဲ့ပြီး
အောက်ထပ်သို့ဆင်းလာသည်

စားသောက်နေရင်းအလုပ်ကိစ္စတွေကိုကြည့်နေသောကြောင့်
ရိပေါ် စာရင်းတွေကိုဆွဲယူလိုက်သည်

"ခင်​ဗျားစားနေ ကျနော်ဖတ်ပြမယ် "

အဒေါ်လီ က ရိပေါ်စားရန်
တို့ဖူးနွေးချပေးသည်
ကောင်လေးကသက်သက်လွတ်စားသည်မဟုတ်လား

စာရင်းတွေအားဖတ်ပြလိုက်
ရှောင်းကျန့်ကလိုအပ်တာတွေပြောပြလိုက်
ပြင်စရာရှိတာတွေပြင်ရင်း သူတို့ရဲ့အလုပ်ဆွေးနွေးမှုက
မကြာခင်ပြီးဆုံးသွားသည်

ဆေးသောက်ရတာကိုမုန်းသောရှောင်းကျန့်က
မေ့ချင်ယောင်ဆောင်ကာအိပ်ဖို့ပြင်သည်

ရိပေါ်ကဆေးနဲ့အတူ နို့ခွက်လေးကိုယူလာသည်

သေချာတာကတော့သူဆေးသောက်ရပေတော့မည်

ရူံမဲ့သွားတဲ့မျက်နှာကိုကြည့်ပြီး
ရိပေါ်စဉ်းစားသည်
ဆေးတွေကချိုတာမရှိဘူးလား

ဆေးသောက်ပြီးသောအခါမျက်လုံးကျယ်သွားသည့်ပုံပင်
ပို့စရာရှိသောမေးလ်များကို ရိုက်နှိပ်ပြီးပေးပို့နေသည်

ကုတင်ပေါ်တွင်ရှောင်းကျန့်ကlaptopတစ်လုံးဖြင့်
အလုပ်ရူပ်နေပြီး ရိပေါ်ကတော့စာဖတ်နေသည်

နာရီအားတစ်ချက်ကြည့်တော့
အိပ်ချိန်ကိုကျော်နေသည်

Laptopအားထလွှင့်ပစ်ရမလားဆိုပြီး
တွေးတော့နေတဲ့အချိန် ရှောင်းကျန့်က ပိတ်လိုက်သည်

ဘေးနားကစာအုပ်အနွမ်းလေးကိုဖတ်ရန်ဟန်ပြင်နေသည်

ရိပေါ်ကတော့သည်းခံနိုင်ခြင်းကုန်ဆုံးသွားသည့်ပုံဖြင့်
စာအုပ်အားဆွဲယူသည်

"အိပ်ရမယ် "

"အော် အချိန်ကအဲ့လောက်ရှိပြီလား."

ရိပေါ်ကရင်ခွင်ထဲတိုးဝင်လာသော
ရှောင်းကျန့်ကိုဖက်ထားသည်

သဘောကျတဲ့ရယ်သံလေးကိုကြားရတော့
ဘာလဲဆိုတဲ့အကြည့်နဲ့ရှောင်းကျန့်ကိုကြည့်သည်

"အရင်ကမင်းကိုငါ့ရင်ခွင်ထဲထည့်သိပ်တာလေ
အခုကမင်းကငါ့ကိုပြန်ပြီးရင်ခွင်ထဲထည့်ထားနိုင်သွားပြီလေ"

"အသက်တွေကြီးလာပြီပဲ မှန်းစမ်း ငါ့အသက်
သုံးဆယ်ပြည့်ဖို့နှစ်အနည်းငယ်ပဲလိုတော့တယ်"

"အင်း. အိပ်တော့ မနက်ကျရင်
ကျနော်ပြောစရာရှိတယ်"

"အခုပြောလည်းရတယ်လေ"

"မပြောဘူး အခုကအိပ်ရမယ် "

"အင်း ငါတော့မင်းမရှိရင်မအိပ်တတ်တော့ဘူးထင်တယ်
ဒီပုံစံနဲ့ငါမိန်းမရပါတော့မလား."

သူ့ဘာသာပြောပြီးသဘောတကျရယ်မောနေတဲ့သူကြောင့်
ရိပေါ်မျက်လုံးတွေကမည်းမှောင်သွားသည်

ဖက်ထားတဲ့လက်တွေကတင်းကြပ်သွားတယ်
ဒါကိုရှောင်းကျန့်ကသတိထားမိပုံမပေါ်ဘူး

သူကတော့အနွေးဓာတ်ရှိရာသို့တိုးဝင်ပြီး
အိပ်ပျော်သွားသည်။






© 梅花 白,
книга «NEEDFULL (家)».
Коментарі