Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 4

[ငယ်ရွယ်သောဘုရင်တစ်ပါး]

သက်တော်ဆယ့်ခြောက်နှစ်ဖြင့်
ကြီးမြတ်သောဘုရင်နေရာအား
ဆက်ခံခဲ့ရသော ကောင်းကင်ရဲ့သားတော် " ယွင် "

အရင်မင်းကြီးနတ်ရွာစံသွားသော်ကြောင့်
ငယ်ရွယ်လွန်းသောအိမ်ရှေ့စံမှာနေ့ချင်းညချင်းပင်
အရှင်ဘုရင်ဘဝသို့ရောက်ရှိခဲ့သည်

မယ်တော်ကြီးရဲ့အုပ်ချုပ်မှုအောက်တွင်
ရင်ခွင်ပိုက်ဘုရင်အဖြစ်ထားရှိသည်

ထက်မြက်လှသည့်အိမ်ရှေ့စံလေးက
အပါးတွင်အမြဲရှိသည့်ကိုယ်ရံတော်ရှန်းနဲ့
အထိန်းတော်ကလွဲပြီး ကျန်တဲ့သူများအား
ယုံကြည်​ခြင်းမရှိခဲ့ပေ

အင်အားမမျှသေးသောကြောင့်
မသိနားမလည်ဟန်ဆောင်ကာ
ကလေးပီပီပျော်ပါးနေဟန်ပုံစံသရုပ်ဆောင်နေခဲ့သည်။

ဖခမည်းတော် နတ်ရွာစံရခြင်းမှာ
ရိုးရှင်းလှခြင်းမရှိပေ

ခမည်းတော်ထံတွင်သစ္စာရှိလှသောအမတ်များက
နိုင်ငံတော်ပုန်ကုန်မှုကိုပြုလုပ်နေချိန်တွင်
နတ်ရွာစံခဲ့ရခြင်းဖြစ်သည်

အိမ်ရှေ့စံအားဘုရင်အဖြစ်ခန့်အပ်သည်မှာ
အမည်ခံသာဖြစ်ပြီးအာဏာမှာမူ
မယ်တော်ကြီးလက်ထဲတွင်ရှိပေသည်

ရူပ်ထွေးလှတဲ့နန်းတော်ကိုစိတ်ရူပ်၍
စိတ်လွတ်ကိုယ်လွတ်နေခဲ့သမျှ
ဖခမည်းတော် နတ်ရွာစံသောအခါ
နောင်တများစွာရလေသည်

သက်တော်ဆယ့်ရှစ်နှစ်ပြည့်သည့်အချိန်ထိ
သူဟာနိုင်ငံရေးအားနားမလည်သော
ဘုရင်တစ်ပါးအဖြစ်နေခဲ့သည်

သူသာထိုသို့ဟန်မဆောင်ပါက
မယ်တော်ကြီးလက်ချက်ဖြင့်ဘယ်အချိန်သေဆုံးသွားမလဲ
ခန့်မှန်းမရပေ

မယ်တော်ကြီးမျက်စိအောက်တွင်မသိနားမလည်
အပျော်အပါးမက်သောမင်းတစ်ပါးအဖြစ်ဟန်ဆောင်နေပြီး
တစ်ဖက်တွင်စစ်တပ်အင်အားစုဆောင်းနေခြင်းသာဖြစ်သည်

ဘုရင်များတပ်အပ်သောပညာရပ်များကို
တတ်မြောက်ထားပြီးစကားပရိယာယ်များကို
သုံးကာ အရင်မင်းကြီးရဲ့သစ္စာခံများကို
ပြန်လည်စုဆောင်းနိုင်ခဲ့သည်

အရေးအကြီးဆုံးက မိုမိသားစု ပဲဖြစ်သည်

ပြည်သူဘက်မှရပ်တည်သော မိုမိသားစု
ပြည့်ရှင်ဘုရင်ထက်မိုစစ်သူကြီးကိုသာ
ပြည်သူများကအားထားရသည်

အသက်အရွယ်အားဖြင့်နှစ်ဆယ်ကျော်သာရှိသော
မိုစစ်သူကြီးမှာ ပြည်သူများရဲ့ယုံကြည်မှုကို
တစ်ခဲနက်ရထားပြီး သူသာထီးနန်းကိုလိုချင်ပါက
အသာတကြည်ပင်သိမ်းနိုင်ပေသည်

သူ့အတွက်ကျန်ရှိသောအင်အားမှာမိုမိသားစုဖြစ်သည်
မယ်တော်ကြီးရဲ့လက်အောက်တွင်ရှိသမျှအင်အားထက်
သာလွန်သောအင်အား သို့သော် ထိုသူသည်
နန်းတော်သို့လာရောက်ခြင်းမရှိခဲ့ပေ

စစ်သူကြီးဘွဲ့အမည်ကိုခံကာ တိုင်းပြည်ပုန်ကန်သူမှန်သမျှကို
နှိမ်နှင်းပေးရုံမှတခြား ကျန်တာကိုစိတ်ဝင်စားခြင်း
အလျဉ်းမရှိပေ

ထို့​ကြောင့်မိုစစ်သူကြီးအား သူမြင်ဖူးခြင်းမရှိပေ

ဆောင်ကြာမြိုင်သို့သွားခဲ့သောလည်း
မည်သူကမိုစစ်သူကြီးမှန်းအတိအကျမသိပေ

မိုမိသားစု သည် အာဏာထက် သစ္စာ ကိုသာ
တန်ဖိုးထားကြသည်

အတင်းကာရောခြိမ်း​ခြောက်လို့လည်းမရ
အနုနည်းနဲ့လည်းမရပေ

တင်ပြသောအစီရင်ခံစာများကိုစစ်နေတုန်း
သူ့အတွေးထဲလူတစ်ယောက်ဝင်လာသည်

ထူးခြားတဲ့သူ့ရဲ့သိမ်းငှက်လိုအကြည့်တွေကို
ငါကိုယ်တော်အရမ်းနှစ်သက်တော်မူတယ်

ပြုံးယောင်သန်းသွားတဲ့ဘုရင်ငယ်လေးကိုကြည့်ပြီး
ကိုယ်ရံတော်ရှန်းနဲ့အထိန်းတော်ကြီး​က
တစ်ယောက်ကိုတစ်ယောက်ကြည့်ကြတယ်

အခုပြုံးလိုက်တာလား
ငါမှားမြင်တာမဟုတ်ဘူးမလား

မကြာခင်ဆောင်းရာသီကိုရောက်လာတော့မယ်
စစ်သားတွေအတွက်စီစဉ်ထားတဲ့
အမဲလိုက်ပွဲကတော့စတင်လေတော့မည်

စစ်တိုက်ရတာပင်ပန်းလာတဲ့စစ်သားတွေအတွက်
ဘုရင်ငယ်လေးကအမဲလိုက်ရင်းပျော်စရာဆုလာဘ်တွေ
ချီးမြှင့်ရန်ရည်ရွယ်ပေးထားခြင်းဖြစ်သည်

မယ်တော်ကြီးကဘာမှမပြောပေ
ဆိုလိုသည်က သူ့ကိုခွင့်ပြုခြင်းဖြစ်သည်

ညီလာခံတက်ရတဲ့အခါဘုရင်ငယ်လေးက
တခြားသောဘုရင်များနဲ့မတူစွာ
အဖြူရောင်ဝတ်စုံကိုသာဝတ်ဆင်လေ့ရှိသည်
အနားစတွင်ရွှေရောင်ချည်မျှင်လေးကရစ်ပတ်နေဟန်
ဝတ်ရုံ​နောက်ကျောတွင်တော့ရွှေရောင်နဂါးတစ်ကောင်က
ပျံတက်တော့မည့်အလား

အကယ်၍ အပေါ်ဝတ်ရုံကိုချွတ်လိုက်မည်ဆိုလျှင်
ပကတိရိုးရှင်းသောအဖြူရောင်ဝတ်စုံလေးကိုမြင်တွေ့ရပေမည်
ဝတ်ရုံတိုင်းရဲ့အနားစတွင် ယွင် ဆိုသောစာလုံးလေးများပါရှိသည်
သေချာကြည့်မှသာမြင်နိုင်သည်
အဘယ့်ကြောင့်ဆိုသော်
အလွန်သေးငယ်ပြီးအနုစိတ်သောကြောင့်

ဘုရင်ငယ်လေးက ကိုယ်ပိုင်ဝတ်စုံကိုသာ
ဝတ်ဆင်လေ့ရှိတယ်

အဖြူရောင်ကျောက်စိမ်းရောင်ကလွဲပြီး
တခြားအရောင်များဆင်မြန်းခြင်းမရှိပေ

အကြောင်းပြချက်ကတော့ရိုးရှင်းပေသည်
သူသည်ထိုအရောင်ကိုသာနှစ်သက်သောကြောင့်

အမတ်များကလည်းအထွန့်မတက်ပေ
တင်ပြစရာရှိသောအစီရင်ခံစာများမှာ
ထောင်ကျော်လေသည်

သေးသေးမွှားမွှားပြဿနာလေးကအစ
အစီရင်ခံစာထဲထည့်ပြီးတင်ပြကာ
တမင်အနိုင်ကျင့်ခြင်းဖြစ်သည်

အစီရင်ခံစာတွေဖတ်ရတာကြိုက်တဲ့
ဘုရင်ငယ်လေးကတော့ဖတ်ရူပြီး

အပြစ်တွေထောက်ပြတဲ့အခါ
အကုန်လုံးရဲ့မျက်နှာတွေကမှောင်မည်းနေလေသည်

တစ်စုံတစ်ဦးကတော့
ဘုရင်ငယ်လေးအားစေ့စေ့စပ်စပ်ကြည့်ရင်း
တစ်ခုခုကိုရှာဖွေချင်နေသလိုပင်

ခေါင်းစောင်းမှာချိတ်ဆွဲထားတဲ့ပုလဲတန်းလေးတွေဟာ
ယိမ်းနွဲ့နေပြီးသေးသွယ်သောဘုရင်ငယ်လေးရဲ့
မျက်နှာအားဖုံးအုပ်ထားလေသည်

တစ်ပတ်စာအစီရင်ခံစာများအားနေ့တစ်ဝက်အချိန်ယူပြီး
အမတ်တွေနဲ့အချေအတင်ဆွေးနွေးပြီးနောက်
ညီလာခံအားသိမ်းလိုက်သည်

ကြွချီသွားသောဘုရင်ငယ်လေးရဲ့နောက်ကျောလေးကို
ကြည့်ရင်းရေရွတ်လိုက်တဲ့လူတစ်ဦး

"မင်းလား.."

ရှောင်းကျန့် စာကိုစိတ်ဝင်တစားဖြစ်နေတုန်း
ဆွဲလုသွားတဲ့လူကြောင့် ကြောင်အအနဲ့

"ရိပေါ်.စာလေးပြီးအောင်ဖတ်ပါရစေ"

"ခင်ဗျား မနက်စာမစားရသေးဘူး"

"အော်. ခဏနေငါစားလိုက်မယ်
အခုတော့စာအုပ်ပြန်ပေး "

"စားပြီးရင် ပြန်ပေးမယ် "

မျက်နှာကမှောင်မည်းကာမနက်စာသွားစားလေသည်

ရိပေါ် ရှောင်းကျန့်စိတ်ဝင်တစားဖတ်နေသော
စာအုပ်အားဖွင့်ဖတ်ရန်ကြံသည်

ပထမဆုံးစာကြောင်းနဲ့တင် သူ့ရဲ့မျက်နှာမှာ
မျက်ရည်တွေစီးကျလာလေသည်

ဆက်မဖတ်ဘဲ ရှောင်းကျန့် ရှိရာဆီသို့သာ
သွားတော့သည်

စာရင်းတွေကြည့်နေသော ရှောင်းကျန့် က
ရိပေါ်အားမြင်တော့
ပြောစရာရှိနေသည့်ပုံကြောင့်

ရိပေါ် ရှောင်းကျန့်နား ဝင်ထိုင်လိုက်သည်

"ငါမင်းကိုမေးဖို့မေ့နေတာ
မင်းဘယ်တက္ကသိုလ်ကိုစိတ်ဝင်စားလဲ"

"စီးပွားရေး "

"သိပ်ကောင်းတယ် ငါအလုပ်မလုပ်ချင်ရင်
မင်းကိုလွှဲခဲ့လို့ရပြီ"

"အင်း."

"မင်းမသိတာတွေ နားမလည်တာတွေ
အရင်နားလည်အောင်လုပ်ရမယ်
ဥပမာ ဒီဖုန်းလိုပေါ့ "

ထိုနေ့က ဘာမှမသိသောကလေးလေးရိပေါ်အား
ပစ္စည်းတစ်ခုချင်းစီရဲ့အ​ကြောင်းအရာကို
ရှောင်းကျန့် ရှင်းပြနေခဲ့သည်









© 梅花 白,
книга «NEEDFULL (家)».
Коментарі