Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 7
[စတင်ခွဲခွာခြင်း]

အခုတလော ရှောင်းကျန့် က ရိပေါ်အား
သိသိသာသာကိုရှောင်နေသည်

မနက်အစောကြီးထပြီးအလုပ်သွားတာမျိုး
ညဘက်မှာမိုးလင်းတဲ့အထိအလုပ်တွေလုပ်နေခဲ့တာမျိုး

ဘွဲ့လက်မှတ်တစ်ခုအတွက်ပရောဂျက်နဲ့
ရူပ်နေခဲ့သည့် ရိပေါ်ကတော့
သတိထားမိသော်လည်း သူကိုယ်တိုင်ကလည်း
မအားလပ်သေးတာလည်းပါသည်

တစ်အိမ်တည်းအတူတူနေပြီး
တစ်ယောက်ကိုတစ်ယောက်မတွေ့ပေ

စာအုပ်အနွမ်းလေးကိုလည်း
ဖတ်ဖို့အာရုံမရနိုင်သောရှောင်းကျန့်

လုပ်ငန်းစုတွင်ထကြွနေသော
ကြွက်တစ်သိုက်ကို ဦးလေးချန်နဲ့
ရှင်းထုတ်နေရသည်မဟုတ်လား

မရပ်မနားအလုပ်လုပ်နေခဲ့ရပြီး
သူ့ရဲ့ညတာတွေကအိပ်စက်ခြင်းတွေပျောက်ဆုံးနေသည်

အိမ်ကိုလိုတာထက်စောစောပြန်လာခဲ့သည်
ကိုယ်ရံတော်ယုံ က သူ့အားတွဲကာ
အိပ်ခန်းထဲသို့ပို့ပေးသည်

သို့သော်သူ့ရဲ့မျက်လုံးများကအနားယူလို့မရနိုင်

ဆေးသောက်ပြီးအိပ်ရန်ကြံရွယ်သော်လည်း
ကျန်းချန်ကဆေးသောက်တာက
သူ့အတွက်ပိုပြီးဆိုးဝါးစေကြောင်းပြောထားသည်

ဘယ်လိုမှလုပ်မရမည့်အတူတူ
ရေနွေးနွေးဖြင့်ခဏတာစိမ်နေရန်
ကြံလိုက်သည်

တုန်နေသည့်ကိုယ်အားထိန်းကာ
အဝတ်အစားတောင်မချွတ်နိုင်ဘဲ
ရေကန်ထဲဝင်စိမ်နေမိသည်

နွေးနေသောရေကြောင့်ခဏတာစိတ်အေးချမ်းသွားသည်
လူတစ်ယောက်ရဲ့အနွေးဓာတ်ကိုမမှီပေမဲ့လို့

ကျောင်းကိစ္စတွေပြီးပြတ်ပြီး
ဘွဲ့ယူဖို့သာကျန်တော့သည့်ရိပေါ်
ကျန်တာတွေကိုဂရုမထားတော့ဘဲ
မတွေ့တာကြာနေတဲ့ရှောင်းကျန့်ကို
တွေ့ဖို့သာအာရုံရောက်နေသည်

အိမ်သို့ရောက်သောအခါ ဒေါ်လေးလီက
သခင်လေးရှောင်းအပေါ်ထပ်ကနေ
ဆင်းမလာသေးသည့်အကြောင်း
ပြောသည်

ထမင်းစားဖို့အတွက်ပြင်ဆင်ပေးဖို့
ဒေါ်လေးလီအားပြောခဲ့ပြီး
သူကတော့ခြေလှမ်းကျဲတွေနဲ့
အိပ်ခန်းစီသို့ဝင်လာသည်

ကျယ်လောင်စွာမြည်နေတဲ့ဖုန်းသံကြောင့်
ရိပေါ်ဖုန်းကိုကိုင်လိုက်ရသည်

"ရှောင်းကျန့် ဒီတစ်ခေါက်ကိစ္စက"

"ကျနော်ပါ အကိုရှီးချန် "

"ရှောင်းကျန့် ရော "

"ကျနော်ခုမှပြန်ရောက်တာ နောက်မှကျနော်
ဖုန်းဆက်ဖို့ပြောလိုက်ပါ့မယ်"

"သူ့ကိုသေချာဂရုစိုက်ဦး "

"ဟုတ်ကဲ့ "

"ဟုတ်ပြီ နောက်မှအကိုဖုန်းပြန်ဆက်လိုက်မယ်"

ကျယ်လောင်တဲ့ဖုန်းသံတောင်မကြားတဲ့အထိ
ရှောင်းကျန့် ကဘာများလုပ်နေတာလဲ

ရေချိုးခန်းတံခါးအားဖွင့်ကြည့်သောအခါ
ရေစိမ်ရင်းအိပ်ပျော်နေသောသူအား
တွေ့ရသည်

ရိပေါ်ရဲ့အပြောင်းအလဲမရှိတဲ့မျက်နှာက
အခုတော့ စိုးရိမ်စိတ် ဒေါသတွေရဲ့အရိပ်အယောင်
ထင်ဟပ်နေသည်

ရေချိုးကန်ထဲချက်ချင်းဆယ်ယူပြီး
အဝတ်အစားတွေလဲပေးသည်
နွေးထွေးအောင်အပူချိန်ကိုမြင့်လိုက်ပြီး
ရိပေါ်ကထွေးပွေ့ထားသည်

ရင်ခွင်ထဲကလူကတော့အခုမှနားခိုရမည့်နေရာကို
ရှာတွေ့သွားသည့်ပုံဖြင့်အိပ်မောကျနေသည်

"ဒီလိုပုံစံမျိုးနဲ့ခင်ဗျားကိုဘယ်လိုများထားခဲ့ရမလဲ"

ဖက်ထားတဲ့လက်တွေကပိုပြီးတင်းကြပ်သွားကာ
ဆံစတွေထဲရိပေါ်သူမျက်နှာအားအပ်ထားသည်

အဒေါ်လီကတော့အလိုက်သိစွာဖြင့်
တံခါးကိုဖြည်းညင်းစွာပိတ်သွားသည်

ညလယ်လောက်ရောက်တော့
ရှောင်းကျန့် အကြီးအကျယ်ဖျားလေသည်

ရိပေါ် ဆေးရုံတွင်တာဝန်ကျနေသောကျန်းချန်အား
ဖုန်းဆက်ကြီးအကြောင်းကြားရသည်

စာတမ်းပြုစုနေရသောကျန်းချန်မှာ
မအိပ်အားဘဲရှောင်းကျန့်ဆီပြေးလာရသည်

ရိပေါ်ရဲ့ကိုယ်ပေါ်ကနေမဆင်းဘဲ
မျက်လုံးမှိတ်ကာညည်းညူနေသောရှောင်းကျန့်

သူ့အသိစိတ်ကအိပ်မက်ဆိုးထဲတွင်
နစ်မြှုပ်နေသည်

မွေးကတည်းကစွန့်ပစ်ခဲ့သော အမေအား
မထားခဲ့ဖို့တဖွဖွပြောရင်းတားမြစ်နေသော သူ

အရေးပေါ်ခန်းထဲတွင်ခက်ခက်ခဲခဲအသက်ရူနေရသော
အဖေအားအောက်စီဂျင်မက်စ်ကိုဖြုတ်ပြီး
သေရန်ကြံရွယ်ခဲ့သည့် သူ့ရဲ့သွေးသားတော်စပ်သောဦးလေး

ကြောက်လန့်လွန်းသဖြင့်
စကားမပြောနိုင်ဖြစ်ခဲ့ရသည်

ဦးလေးချန်ရဲ့စောင့်ရှောက်မှုကြောင့်သာ
မဟုတ်လျှင်သူသည်လည်း ဦးလေးလုပ်ကြံလို့သေသွားရမည့်သူဖြစ်သည်

ငယ်ရွယ်လွန်းသောသူ့အတွက်ကြီးမားသော
စိတ်ဒဏ်ရာဖြစ်ခဲ့ပြီးအိပ်ဖို့ကိုကြောက်ရွံနေသူ

သူသာအိပ်လိုက်ရင်နောက်နေ့နိုးလာပါ့မလားဆိုပြီး
စိုးရိမ်စိတ်တွေနဲ့နှိပ်စက်နေခဲ့သည်

ငယ်သူငယ်ချင်းတွေဖြစ်တဲ့ကျန်းချန်နဲ့ရှီးချန်က
ဘေးကနေတောက်လျောက်နားချမှသာ
ဆေးအကူအညီတွေဖြင့်အိပ်ပျော်တတ်လာသည်

ကြာတော့လည်းဆေးတွေကသူ့အပေါ်
သက်ရောက်မှုမရှိတော့ပေ

နောက်သူကောင်လေးတစ်ယောက်ကို
တွေ့ခဲ့သည်

သူ့အနားသာရှိနေလျှင်အရာရာကိုလုံခြုံနေသလို
သူ့ထက်အသက်များစွာငယ်သည့်ကလေးက
သူ့ကိုကာကွယ်ပေးနိုင်သည်ဟုတထစ်ချယုံမှတ်ကာ
အနားတွင်ထားခဲ့သည်

တကယ်လည်းသူ့အတွက်ထိုကောင်လေးက
လိုအပ်နေသောနွေးထွေးမှုဖြစ်လေသည်

နိုင်ငံခြားသို့ကျောင်းသွားတက်မည်ဟုဆိုသောအခါ
ရှောင်းကျန့် အတွက်တုန်လှုပ်မှုအကြီးစားပင်
အတောင်တွေစုံလို့သူ့ဆီကထွက်ခွာချင်သည်လား

ရှောင်းကျန့် ရဲ့ကျောအားခပ်ဖွဖွသပ်ပေးပြီး

"စိတ်အေးအေးနဲ့အိပ်ပါ
ခင်​ဗျားဘေးနားမှာကျနော်ရှိတယ် "

တည်ကြည်သောအသံကနားထဲဝင်လာသောအခါ
တွန့်ချိုးနေသောမျက်ခုံးများကပြေလျော့သွားပြီး
အသက်ရူသံကပုံမှန်ပြန်ဖြစ်ကာ
အိပ်မောကျသွားတော့သည်။

အိပ်မက်ထဲတွင်သူကအေးချမ်းစွာ
ကမ်းခြေတွင်အနားယူနေခဲ့သည်

နိုးလာသောအခါ
ရိပေါ်ကသူ့အား မျက်နှာသစ်ခြင်း
များကိုပြုလုပ်ပေးသည်

ဆန်ပြုတ်အားသေချာခွံကျွေးပြီး
ခါးသက်သောဆေးများကိုလည်းတိုက်ပြန်သည်

ဆေးသောက်ရတာတကယ်ကိုဆိုးဝါးလွန်းတယ်!!

"ကျနော် မနက်ဖြန်ကျရင် သွားတော့မယ်"

"အင်း. တက်မယ့်နေရာကိုသိပြီလား"

ရေနွေးကြမ်းခွက်လေးအား
သေချာကိုင်ထားပြီးရိပေါ်အားမေးသည်

"အင်း. တစ်လတစ်ခါပြန်လာခဲ့ရမလား"

"မင်းအလုပ်ရူပ်နေမယ်
ငါလည်းအဆင်ပြေပါတယ် "

"မလိမ်ပါနဲ့"

ရေနွေးသောက်ရန်ပြင်နေသောလက်က
ခဏတာရပ်တန့်သွားပြီး
ဘာမှမဖြစ်သလိုရေနွေးဆက်သောက်သည်

"၂နှစ်ထဲပါ ကိစ္စမရှိပါဘူး "

"ရှောင်းကျန့်!!!!"

အသံကမာသွားတော့မျက်လုံးပင့်ကြည့်သည်

သူတစ်ခါမှဒီလိုမျိုးမပြောဖူးတာကြောင့်
အနည်းငယ်အံ့သြနေသည့်သဘောမျိုးလည်းဖြစ်သည်

"ကျနော်အ​မြန်ပြန်လာလို့ရအောင်
ကြိုးစားမယ် ခင်ဗျားလည်းကိုယ့်ကို
ဂရုစိုက်ဖို့မမေ့နဲ့ ညဆယ်နာရီဆိုတာနဲ့အိပ်ဖြစ်အောင်အိပ်ရမယ်
ပြီးတော့ထမင်းစားဖို့လည်းမမေ့နဲ့
ခင်ဗျားအတွက်ကျနော်ကိတ်တွေလုပ်ပေးခဲ့တယ်
အကုန်ကုန်အောင်စား
အဒေါ်လီ နဲ့ ဦးလေးချန်ကိုကျနော်သေချာမှာခဲ့တယ်
ပြီးတော့ တစ်ခုခုဖြစ်ရင် အကိုကျန်းချန်ကိုလည်း
ဖုန်းဆက်"

"ရိပေါ်ဘယ်တုန်းကစကားအများကြီး
ပြောတတ်သွားတာလဲ"

"ကျနော် "

ပြောလက်စစကားတွေကရပ်တန့်သွားသည်
သူစကားအများကြီးမပြောခဲ့တာကြာလှပြီမဟုတ်လား
ဒီလူကိုစိုးရိမ်လို့သူ့ကိုယ်သူသတိမထားမိအောင်
ထပ်တလဲလဲမှာကြားနေခဲ့သည်

ဘယ်တော့မဆိုမျက်နှာသေဖြင့်နေတတ်သောရိပေါ်က
အခုလည်းတိတ်ဆိတ်လို့နေပြန်သည်
မှုန်ရီနေတဲ့မျက်ဝန်းတွေနဲ့ရှောင်းကျန့်ကို
ကြည့်နေသည်

"ကျနော်မရှိရင် ကိုယ့်ကိုဂရုစိုက်ပါ"

"အင်း "

ထွက်ခွာသွားသောသူအား
လိုက်ပြီးမပို့ခဲ့ပါ
ဦးလေးချန်ကိုသာလိုက်ပို့ဖို့ခိုင်းခဲ့သည်

ရှောင်းကျန့်ရဲ့ ညတာတွေကတော့
ထပ်ပြီးရှည်လျားပေတော့မည်

[Funny Side Story Of this Chapter]

"ရိပေါ် မသွားနဲ့"

"သွားမှာ "

"မသွားရဘူး."

"အိမ်သာသွားမလို့ ဖယ်!!!!!!!!"

"မင်းငါ့ကိုထားသွားမလို့လား "

ဝမ်းနည်းနေသောရုပ်လေးဖြစ်သွားသောရှောင်းကျန့်

"မရှက်ရင်လိုက်ခဲ့ အိမ်သာထဲ"

"စတာ သွားပါ သွား "

"လိုက်ခဲ့ "

"မလိုက်ဘူး!!!!!"

အောက်ထပ်တွင်ရှိသော
အဒေါ်လီ ဦးလေးချန် နဲ့ ကိုယ်ရံတော်ယုံ ကတော့
ဒီလိုအော်သံတွေကိုကျင့်သားရနေသည့်အလား

မုန့်စားရင်းဇာတ်လမ်းတွဲကြည့်မပျက်ပေ။

© 梅花 白,
книга «NEEDFULL (家)».
Коментарі