Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 13


[ အတွဲတွေကြားထဲညှပ်နေသောလင်းအာ]

ဗုန်း~

ငါနှယ့် အတွဲချောင်းရင်းချော်လဲရတယ်လို့
ငါ့ကိုသတိထားမိသွားပြီလား

လဲကျနေရာကနေထပြီးနှင်းတွေကိုခါလိုက်သည်

ကြည့်ရတာသတိမထားမိပုံပဲ

ပန်းတွေကိုအကာအကွယ်တွေယူပြီး
ဆက်ချောင်းကာဓာတ်ပုံရိုက်လိုက်သည်

လှပလိုက်တဲ့မြင်ကွင်း

လိင်တူချစ်တာကိုထောက်လည်းမခံသလို
မကန့်ကွက်သောလင်းအာ
သို့ပေမဲ့ သူ့ရှေ့ကလူနှစ်ယောက်ရဲ့ချစ်ခြင်းကတော့
ထူးခြားပေသည်

ခဏလေးပဲ ထိရုံလေးပဲနမ်းတာလား နင် ဟမ်!
ရှောင်းကျန့် ကအဖြူထည်လေး
ဟိုကလေးကပိုပြီးဖြူစင်ပုံရသည်

စနမ်းပြီးရှက်သွေးဖြာနေတဲ့သူနဲ့
အနမ်းခံရလို့ကြက်သေသေနေနဲ့သူနဲ့
ဟုတ်နေပြီ

ကြည့်ရသလောက်ကတော့ သူတို့ကြားထဲကဆက်နွှယ်မှုကို
သတိမထားပုံပဲ

ဘာပဲဖြစ်ဖြစ် ငါကတော့ပုံလှလှလေးတွေရပြီ

နောက်မှလက်ဆောင်အဖြစ်ပေးရမယ်

နမ်းပြီးထွက်သွားတဲ့သူရဲ့ကျောပြင်ကိုငေးနေတဲ့ကောင်လေး
လင်းအာ ရဲ့လက်ကလည်း ကင်မရာခလုတ်ကိုဆက်တိုက်နှိပ်ထားသည်

အို တကယ့်ကိုအသက်ဝင်တာပဲ
ငါ့ရဲ့စကေးတွေမကျသေးဘူးပဲ

မဖြစ်သေးဘူး ငါအိမ်ထဲအမြန်ဝင်မှ
အိမ်တစ်ပတ်ပတ်ပြေးပြီးအနောက်ပေါက်ကနေ
အမြန်ဝင်လာရသည်

ဟူး အတွဲချောင်းရတာတကယ်မလွယ်ဘူး

တုန်ခါနေသောဖုန်းကိုလင်းအာကိုင်လိုက်သည်

"ရှီးချန်ကော "

"အင်း နောက်ထပ်သက်သေတွေထပ်ရှာတာပိုစိတ်ချရတယ်"

"ဟုတ် ရှောင်းကျန့် ကို အလျင်စလိုမလုပ်ဖို့
ပြောထားပါ့မယ်"

အိမ်ထဲရောက်လာတဲ့ရှောင်းကျန့်

"ပြန်တော့မလို့လား "

"အင်း ကောင်လေး ပြန်ဖို့အဝတ်အစားတွေပြင်ရဦးမယ်"

"ဟုတ်ပါပြီ ဒါနဲ့ဘယ်ရောက်သွားတာလဲ ကလေးက"

"ဘာလုပ်မလို့လဲ"

"ရည်းစားစကားပြောမလို့လေ သက်ကြားအိုကိုစိတ်မဝင်စားဘဲ
ဟောဒီက၃နှစ်လောက်ပဲကွာတဲ့မမကိုစိတ်ဝင်စားလား
မေးမလို့ (´ ▽`).。o♡"

"လင်းအာ "

"ဟော မောင်လေးရောက်ပြီ လာ လာ ​ပြောစရာရှိတယ်"

နောက်မှရောက်လာတဲ့ရိပေါ်ကိုလက်ဆွဲပြီး
အပြင်သို့ခေါ်သွားလေသည်

"ဒီမှာ အိမ်ရောက်မှဖွင့်ကြည့်
ပြီးရင်ငါ့ကိုကျေးဇူးတင်"

Hackerတစ်ယောက်ဖြစ်တဲ့လင်းအာက
ပုံတွေကိုခဏတွင်းချင်းထုတ်ပြီး
ရိပေါ်ကိုပေးလိုက်သည်

ရှောင်းကျန့် ကိုလုံးဝမပေးဘူး ဟားဟား
နောက်မှကလိပြီးပေးရမယ်

လက်ကိုတွဲလို့မျက်နှာကမဲ့သွားပေမဲ့
စာအိတ်ပေးသောအခါ နည်းနည်းအမြင်ကြည်သွားသလို။

"သွားတော့ သွား အဘိုးကြီးကျန့် အူတိုနေပြီ"

"သွားလိုက်ပါဦးမယ်"

ခြံဝန်းထဲကထွက်သွားတဲ့ ကားလေးကိုကြည့်ပြီး
လင်းအာပြုံးသည်

ကျုးလစ်ပန်းတွေကိုထိတွေ့ပြီး

"မင်းတို့ရဲ့သခင်တောင် ချစ်ရတဲ့သူကိုရှာတွေ့သွားပြီ
ငါ့ကျအခုထိတစ်ယောက်တည်းဖြစ်နေတုန်း
မတရားလိုက်တာ"

မင်းတို့ထင်ထားတဲ့အတိုင်းပဲ
ဒီပန်းတွေကရှောင်းကျန့်အတွက်သူမစိုက်ပျိုးထားတာ

ရှောင်းကျန့်
အမှတ်တမဲ့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်

"ကျုးလစ်ပန်းရောင်စုံတွေပြည့်နေတဲ့ပန်းခင်းရှိရင်
ကောင်းမှာပဲ"

"ဘာဖြစ်လို့လဲ ကြိုက်လို့လား"

"ဒီတိုင်းပါပဲ သဘောကျလို့"

အခုလိုပန်းခင်းကြီးက
သူမချစ်ရသူအတွက်ရည်ရွယ်ပြီးစိုက်ထားခြင်း
ဒါပေမဲ့လည်းသူ့ရဲ့အချစ်တွေက မောင်နှမဇုန်ကနေရုန်းမထွက်နိုင်ခဲ့ပုံပဲ

ပန်းတွေကိုထိတွေ့ပြီးအိမ်ထဲသို့သာဝင်လာခဲ့တော့သည်

သူကြည့်နေတဲ့ဇာတ်လမ်းတွဲကပြီးတော့မယ်!

သိမ်းဆည်းစရာရှိတာသိမ်းပြီး
ဆိုဖာပေါ်ခဏထိုင်နေသည်

ရှောင်းကျန့် ကတော့ရောက်ကတည်းက
အခန်းထဲကနေမထွက်ပေ

လင်းအာဆိုသောသူပေးတဲ့စာအိတ်လေးအား
ဖွင့်ကြည့်သောအခါ ဓာတ်ပုံတွေ

သူနဲ့ရှောင်းကျန့် မနက်ကရှိခဲ့တဲ့မြင်ကွင်းကို
သေချာရိုက်ထားခြင်းဖြစ်သည်

သဘောကျတဲ့ပုံလေးကိုဖုန်းနဲ့ရိုက်ကူးပြီး
Wallpaper ထားလိုက်သည်

အခန်းထဲဝင်ကြည့်တော့ အိပ်ပျော်သွားတဲ့ပုံ
ဒါမှမဟုတ် အိပ်ချင်ယောင်ဆောင်နေတာလား

ရိပေါ် ဘေးနားမှာထိုင်ပြီး ကြည့်နေတယ်
မြတ်နိုးရတဲ့အရာကိုတစိမ့်စိမ့်ကြည့်နေသလိုမျိုး

နှလုံးသားကလာတဲ့အကြည့်တွေက
ရှောင်းကျန့် တစ်ယောက်တည်းအတွက်

ဝဲကျနေတဲ့ဆံပင်လေးကိုသပ်တင်လိုက်သည်
ရှင်းလင်းသွားတဲ့နဖူးကို သုံးစက္ကန့်လောက်ဖိနမ်းပြီး
ထွက်လာသည်

အဒေါ်လီ ဦးလေးချန် ကိုယ်ရံတော်ယုံ တို့ကို
ဂရုစိုက်ပေးဖို့သေချာပြောသည်

ပြီးတော့မှပြန်တွေးမိကာ ရှက်ရယ်ရယ်မိသည်

သူမရောက်ခင်ကတည်းကဂရုစိုက်ခဲ့တဲ့သူတွေကို
ဆရာသွားလုပ်နေတာပဲ

ဖုန်းစခရင်မ်ကိုကြည့်ပြီးအားတင်းလိုက်သည်
ပြီးတော့တိတ်ဆိတ်စွာနဲ့အိမ်ကနေထွက်သွားခဲ့သည်

နှုတ်ဆက်ဖို့ကြောက်ရွံနေတဲ့သူတစ်ယောက်ကလည်း
မရမကမှေးစက်လို့

"ရှီးချန်ကော အဲ့ဒါဆို
အခုဖြစ်နေတဲ့ကိစ္စတွေထဲမှာ
ကျန့်အမေကပါ ပါနေတာလား"

"တကယ်တော့မသေချာသေးဘူး
ထပ်ပြီးစုံစမ်းဖို့အချိန်လိုသေးတယ် ဒါကို ကျန့် မသိစေနဲ့ဦး
သူအခု ကမ်း​ခြေမှာအသစ်ထပ်ဆောက်မယ့်နေရာအတွက်
ပြဿနာတက်နေတာ အစိုးရလုပ်ပိုင်ခွင့်ရအောင်​ကြိုးပမ်းနေတုန်း ကျန့် ရဲ့ ဦးလေး မနှောင့်ယှက်ဖို့
မျှော်လင့်ရတာပဲ"

"လင်း လည်းမသက်ာတာတစ်ခုရှိတယ် "

"ဘယ်ဟာကိုလဲ "

"ကျန့် ရဲ့ ဦးလေး က ဒီတရားမဝင်ပစ္စည်းတွေကို
(ဘိန်း ကလေးငယ်များအားကုန်ကူးခြင်း ကျွန်အဖြစ်ရောင်းစားခြင်း အဓိကအားဖြင့် ဘိန်း နှင့် ဆေးကိုသာ တစ်ဖက်သို့ ပို့ဆောင်သည်)
သဘော်နဲ့တစ်ဖက်ကိုပို့နေတာ သူ့ရဲ့ရှယ်ယာအနည်းငယ်နဲ့
လုပ်လို့ရပါ့မလား "

"သူ့ကိုကူညီတဲ့သူရှိလို့ပေါ့"

"ဟုတ်တယ် လင်း ရဲ့ အဆက်အသွယ်တွေကပြောပြတာ
သူက ရှယ်ယာရှင်တစ်​ယောက်နဲ့ အချိတ်အဆက်လုပ်နေတာကို"

"ဆက်ပြီးစုံစမ်းထားလိုက်
ကျန့် ကို သူ့အမေအကြောင်းပေးမသိနဲ့
သူပြိုလဲသွားလိမ့်မယ် ပြီးတော့"

"ဟိုကလေးကပါအနားမှာမရှိတော့ ပိုဆိုးမယ်ဆိုတာကို
ပြောချင်တာမလား"

"လင်း "

"အဲ့လိုအကြည့်နဲ့လာမကြည့်နဲ့နော် သူ့ထက်ကောင်းတဲ့ယောကျာ်းတွေအများကြီး
ခေါင်းခေါက်ရွေးလို့ရတယ် "

"ထုံးစံအတိုင်း လင်း က လင်းပါပဲ"

ရှီးချန် ရယ်ပြီးပြောသည်

"ဒါပေါ့ အခုတလော ကောင်လေးချောချောလေးကိုတွေ့ထားတယ်
အဖြူထည်လေး ရှီးချန်ကောရဲ့"

"ကလေးကိုမုန့်ပေးကြိုက်တော့မှာလား "

"အဘိုးကြီးကျန့် တောင် လုပ်သေးတာပဲ
လင်း က ဘာလို့မလုပ်ရဲရမှာလဲ ရှေ့ကလမ်းပြကြီးရှိပြီးသား"

"ဟုတ်ပါပြီ "

ဒေါက် ဒေါက်

"ဘယ်သူကိုခေါ်ထားသေးလို့လဲ"

"သိရဲ့သားနဲ့ လင်း ကတော့ "

"အဲ့လိုကြီးရှက်မပြနဲ့လေ ဒီကဘဲမရှိတဲ့သူက သေချင်စိတ်ပေါက်နေပြီ"

"ချန်ကော ကျနော်လာ~ အဲ"

တံခါးဖွင့်ကာ လက်ဆန့်ပြီးရှီးချန်ကိုဖက်မယ့်ပုံစံနဲ့
ဝင်လာတဲ့ ကျန်းချန်

"လင်း ရှိတာပဲ"

"မနှောင့်ယှက်တော့ပါဘူးနော် အပျိုလေးကိုအားနာပါဦး "

သာယာနေတဲ့သူတွေကိုမနှောင့်ယှက်ဘဲ
ထွက်လာခဲ့တော့သည်

လောကကြီးမှာငါ့အတွက်ကောင်လေးတစ်ယောက်တောင်
မရှိတော့ဘူးလား

အကုန်လုံးဂေးနေကြမှာလား!!!!

ဝမ်းနည်းပလက်ငိုကြွေးနေသော လင်းအာ

ကားနဲ့မပြန်ဘဲ လမ်းလျောက်ကာ လျောက်သွားနေသည်
သူအခုအရမ်းကိုအားယားနေတယ်
တမင်ကိုအလုပ်မလုပ်တာ ရှင်းလား
လောကကြီးကမတရားမှတော့
ငါ့ဘာသာပဲရှာမယ်

အရိုင်းဆန်တဲ့သူမရဲ့ပုံစံကကြောင်ရိုင်းမလေးလို

ဝတ်ထားတဲ့အနီရောင်ဝတ်စုံနဲ့ အရမ်းကိုစမတ်ကျနေသည်

ဘဲရှာဖို့အရေးဗိုက်ဖြည့်ရမယ်

ကော်ဖီဆိုင်ပဲဝင်ရတာပေါ့

/More Cafe/

"Espresso တစ်ခွက်လောက်ပေးပါ
ရေခဲလျော့ပေးနော်"

"ဟုတ်ကဲ့ပါ "

ပြုံးပြကာဖော်ရွေတဲ့ဝန်ထမ်းကြောင့်
လင်းအာ အရည်ပျော်ချင်သလိုလို

စိတ်ကိုထိန်း နင်ထပ်ပြီးရှချင်လား
စိတ်ထိန်း မျက်မှန်အောက်ကမျက်ဝန်းတွေက
နှစ်လိုဖွယ် သူ့ထက်အနည်းငယ်သာရှည်တဲ့အရပ်နဲ့
ဖော်ရွေတဲ့အပြုံး

ငါတော့ဒီကော်ဖီဆိုင်ကို ခဏခဏလာရတော့မလား.
ငါ့ကိုဆုတောင်းပေးကြပါဦး
ထပ်ပြီးမရှချင်တော့ဘူး

























© 梅花 白,
книга «NEEDFULL (家)».
Коментарі