Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 11

[အထင်လွဲခြင်း]

အမဲလိုက်ပွဲမှပြန်ရောက်လာသော ဘုရင်ငယ်လေးကို
မယ်တော်ကြီးကအခေါ်တော်လွှတ်လိုက်လေသည်

နောက်ပါးမှပါလာသောသူအား
အထူးအဆန်းကြည့်ကြသည်

"ကိုယ်ရံတော်အသစ်လား "

နန်းမူနန်းရာတွေနဲ့တင့်တယ်စွာ
လက်ဖက်ရည်ခွက်အားသုံးဆောင်နေသည်

ကြည်နူးဖွယ်ကောင်းသောမျက်နှာလေးနဲ့မလိုက်ဖက်စွာ
ရက်စက်ကြမ်းကြုတ်ပြီးအာဏာကိုသာမက်မောသည်

"ယွမ်လေး က ကိုယ်ရံတော် "

မဟုတ်ဘူးလို့ငြင်းချင်သော်လည်း

" အင်း ကိုယ်ရံတော်ပါပဲ"

"ဖြေဆေးပေးလိုက် "

သလင်းလိုကြည်လင်သောဖန်ပုလင်းငယ်လေးကို
ထုတ်ပေးသည်
ဒါကသူ့အတွက်အဆိပ်​ဖြေဆေး တစ်နည်းအားဖြင့် အဆိပ်

"ဒါနဲ့ အခုတလော ပုန်ကန်မှုတွေရှိတယ်လို့ကြားရတယ်
အရှင်ကရောဘယ်လိုများစီမံမယ်လို့စိတ်ကူးထားလဲ"

"ဒီကိစ္စကဖြေရှင်းဖို့မလွယ်ကူဘူး
ဘာပဲဖြစ်ဖြစ် မယ်တော်ကြီးစိတ်မပျက်စေရပါဘူး"

"ကောင်းပါပြီ"

"သွားခွင့်ပြုပါဦး "

ဝေးကွာသွားသောပုံရိပ်နှစ်ခုမှာ
အပြာရင့်ရောင်ဝတ်ဆင်ထားသောသူက
တစ်ချက်ပြန်လှည့်ကြည့်သည်

ထိုအကြည့် မယ်တော်ကြီးကိုင်ထားသောခွက်အား
ပြုတ်ကျလုမတတ် တုန်လှုပ်သွားသည်

အဲ့အကြည့် အရင်မင်းကြီးရဲ့သက်တော်စောင့်မို အကြည့်နဲ့တစ်ပုံစံတည်း

ဒီလူကိုထိရင်သတ်ပစ်မယ့်ဆိုတဲ့အကြည့်မျိုး

သက်တော်စောင့်မိုလက်ထဲတွင် အသက်မဲ့နေသော
အရှင်မင်းကြီးရဲ့ကိုယ်ကိုပွေ့ဖက်ထားသည်

သူမ(မယ်တော်ကြီး) က အောင်နိုင်သူလိုပြုံးနေခဲ့သည်

သို့သော် သက်တော်စောင့်မိုက သူမအား ရွံရှာစွာကြည့်ပြီး
ပြုံးပြသည်

"မင်းဖြစ်ချင်သလိုဖြစ်လာမှာမဟုတ်ဘူး"

သေခါနီးလူရဲ့စကားကသူ့အားတုန်လှုပ်​စေခဲ့သည်
အသက်ငယ်သေးတဲ့ကလေးအားငယ်စဉ်ကတည်းက
အဆိပ်ကျွေးကာသူ့စကားကအမိန့်ဖြစ်အောင်
ပြုမူခဲ့သည်

အောင်မြင်ပြီထင်ရတဲ့သူ့အကြံတွေ ဒီအကြည့်တစ်ချက်ကြောင့် ပြိုလဲဖို့မဖြစ်သင့်ဘူး
အတွေးလွန်တာဖြစ်မှာပါ

ဘုရင့်နန်းဆောင်တွင်

"အရှင် ဆေးသောက်ဖို့အချိန်ရောက်ပါပြီ "

"အင်း ဘေးမှာချထားခဲ့လိုက်"

"ဟုတ်ကဲ့ "

ချင်းဟာ ဆေးခွက်လေးအား ချထားခဲ့ပြီး
နန်းဆောင်အပြင်ဘက်သို့ထွက်လာခဲ့သည်

အထိန်းတော်ကြီးနှင့်ကိုယ်ရံတော်ရှန်း​က
တင်ပြထားတဲ့အစီရင်ခံစာ သဝဏ်လွှာတွေကို
ကူညီပြီးကြည့်ပေးနေသည်

ယွမ်လေးဆိုသူကတော့ အရှင်မင်းကြီးအား
အိမ်သို့ခဏပြန်မည်ဖြစ်ကြောင်းပြောသွားလေသည်

ယွမ်လေးကဘယ်သူလဲဆိုတာ ဘုရင်ငယ်လေးကသိသည်
ဘာကြောင့်သူ့ဘက်နေပေးရလဲ ဆိုတာကို
အခုချိန်တွေးတောလို့မရသေးတာကြောင့်
ခဏမေ့ဖျောက်ထားကာ တောင်ဘက်ပိုင်းတွင်ဖြစ်ပွားနေသောပုန်ကန်မှုကိုသာ
အာရုံစိုက်နေကသည်

တင်ပြထားသည်မှာ အစားအစာနဲ့ရေရှားမှုကစသည်
သည်းမခံနိုင်တော့တဲ့အဆုံး ခိုးသည်
ထိုမှတစ်ဆင့်အားအင်ကြီးမားသူကအနိုင်ကျင့်သည်
သူပုန်တွေလိုဖြစ်ကာ တောင်ဘက်ပိုင်းရှိမြို့စားမင်းကိုလည်း
ပုန်ကန်သည် ရိုးဖြောင့်သောအမတ်က ခက်ခဲမှုကို အတတ်နိုင်ဆုံး ဖြေရှင်းဖို့ကြိုးစားသော်လည်း

အကျင်ပျက်နေတဲ့သူတစ်သိုက်ကြောင့် မြေစာပင်ဖြစ်ကာ
သူပုန်တွေလက်ထဲလုပ်ကြံခံလိုက်ရသည်
တစ်ကိုယ်တည်းသမားမိဘမဲ့ဖြစ်သောကြောင့်
မြို့စားမင်းအတွက်ဝမ်းနည်းပေးမည့်သူမရှိသော်လည်း
ပြည်သူအနည်းငယ်ကတော့ပူဆွေးနေကြသည်

သူတို့ဘက်မှာဒိုင်းသဖွယ်ကာရံပေးမည့်သူမရှိတော့ဘူး
သူတို့ဘဝကအရင်လိုနှိပ်စက်ခံရတော့မည်

ပေးပို့ထားသမျှဖတ်ရူရင်း
ဘုရင်ငယ်လေးစိတ်ထဲဒေါသတစ်လှည့် ဝမ်းနည်းခြင်းတစ်လှည့် ဖြစ်ပေါ်နေသည်

အချိန်တွေကသန်းခေါင်ယံသို့တောင်ရောက်ရှိတော့မည်

သောက်ရန်ပို့ထားသည့်ဆေးကလည်းအေးစက်နေသည်
ဘုရင်ငယ်လေးကစိတ်ရူပ်စွာဖြင့် ဆေးကိုသောက်လိုက်သည်

အိပ်ဆောင်မဝင်ဘဲ ဆက်ပြီးစစ်ဆေးနေသောကြောင့်
ကျန်းမာရေးကိုစိတ်ပူနေရသည်

အဆိပ်တွေထဖောက်ရင် သူတို့လည်းမကယ်နိုင်ပေဘူး
သေမတတ်ခံစားရမှာသူတို့မဟုတ်ဘဲ ဘုရင်ငယ်လေး

"အရှင် အိပ်ဆောင်ဝင်ရမယ့်အချိန်ရောက်နေပါပြီ"

အရဲစွန့်ပြီးလျှောက်တင်လိုက်သော်လည်း
တုန့်ပြန်သံမကြားရပေ

"သွားတော့ ငါကိုယ်တော် ဒီနေ့အနားမယူဘူး"

ကိုယ်ရံတော်ရှန်း ထိတ်ပျာသွားသည်
ချင်းဟာ ကိုခေါ်ပြီးအနားမှာ ရင်တထိတ်ထိတ်နဲ့
အရိပ်တကြည့်ကြည့်လုပ်နေရသည်

စာလိပ်အားဖတ်ရူနေရင်း တောင့်ခဲသွားသောကိုယ်
သွေးတစ်ပွက်အန်လိုက်သည်

သူအရမ်းကိုဒေါသတွေထွက်နေခဲ့သည်မဟုတ်လား
သူ့အခြေအနေကိုမေ့လျော့ကာ အရမ်းတွေဒေါသထွက်နေသည်

"ချင်းဟာ အရှင် အရှင်ကိုတားပါဦး"

"ကျနော်မျိုးမကဘယ်လိုအင်အားနဲ့တားနိုင်ပါ့မလဲ"

မျက်ရည်တွေဝေ့သီကာ ဘုရင်ငယ်လေးကိုသာ
ငေးကြည့်ရုံသာတတ်နိုင်သည်

စာလိပ်များကိုကိုင်ဆောင်သောလက်တွေက
တဖြည်းဖြည်းဖြူလျော့လာသည်

သွေးတွေဆက်တိုက်အန်နေသောကြောင့်
အဖြူရောင်ဝတ်စုံလေးကအနီရောင်ပြောင်းလုနီးပါး
ဒေါသကိုထိန်းပါဟုပြောချင်သော်လည်း

ဘုရင်ကိုဆရာ မလုပ်ဝံ့ပါလေ

ဖြူဖျော့လာသောမျက်နှာတော်လေး
ကိုယ်ရံတော်ရှန်း ထိုင်မနေနိုင်တော့ပေ
သူသိသည့်သူတစ်ယောက်ကို
အကူအညီ​တောင်းရမည်

ထိုသူက မိုယွမ်

အိမ်တော်သို့ပြန်သွားသော မိုယွမ်

သူ့ကိုဆီးကြိုနေသော ညီမငယ်လေးကို
ပွေ့ဖက်လိုက်သည်

"ဘာလို့အပြင်ထွက်နေတာလဲ"

"အကိုကြီးပြန်မလာသေးလို့လေ"

"အိမ်ထဲဝင်ရအောင် အပြင်မှာအေးတယ်"

"ဟုတ် "

အိမ်ထဲတွင်အနားယူနေသောမောင်နှမနှစ်ယောက်

"အကိုကြီး လျိုဖုန်းကပြောတယ်
တောင်ဘက်ပိုင်းမှာပုန်ကန်မှုတွေရှိတယ်တဲ့"

"အင်း "

"အကိုကြီးသွားမှာလား ဒီတစ်ခါလည်း"

"အင်း သွားရမှာပေါ့"

"ဒဏ်ရာမရလာစေနဲ့နော် အကိုကြီး
ညီမလေးဆေးပညာသင်တာအကိုကြီးကိုပဲကုပေးနေရတယ်"

"မကုပေးချင်လည်းပစ်ထားပေါ့"

"အကိုကြီး!!!"

ဆူပုတ်နေသောမျက်နှာကတစ်ဖက်လှည့်သွားသည်
ရုပ်တည်ကြီးနဲ့စတဲ့အကိုကြီးက နည်းနည်းလေးမှပျော်စရာမကောင်းဘူး

"ဖေးအာ အကိုကြီးကိုစိတ်ဆိုးတာလား "

"ဟမ့်"

"စိတ်ဆိုးလည်းမချော့ဘူးနော် ဒါနဲ့ လျိုဖုန်းက ဘယ်မှာလဲ
လျိုမင်ကိုလည်းမတွေ့မိပါလား ဖေးအာနားနေဖို့ပြောထားတာ
တစ်​ယောက်မှလည်းမတွေ့ရပါလား"

"သူတို့ကို ဖေးအာဆေးမြစ်တစ်ချို့ရှာခိုင်းထားတာ"

"အော် လုပ်ကြံသူတွေရှိရင်ဘယ်လိုလုပ်မလဲ"

"စိတ်မပူပါနဲ့ မိုယွမ်ရဲ့ညီမ မိုဖေးအာက ကိုယ်ခံပညာတတ်ကျွမ်းပါတယ်"

"အေးပါ "

"ဦးရီးတော်ကအချိန်ရရင်သူ့ဆီလာဖို့ပြောထားတယ်
အကိုကြီးသွားမှာလား"

"အင်း ဒါကပြောရခက်တယ်
ဖေးအာ အကိုကြီးကိုယုံလား"

"ယုံတယ် ဖြောင့်မတ်မှန်ကန်တဲ့အကိုကြီးက
ဖေးအာဂုဏ်ယူအရဆုံးပဲ"

"အကိုကြီး နန်းရေးထဲဝင်ပါဖို့ဆုံးဖြတ်လိုက်ပြီ"

"အော် ဒါကြောင့် ဦးရီးတော်က လာလည်ဖို့ဖိတ်တာကိုး"

"သွားအိပ်တော့ အချိန်မနည်းတော့ဘူး"

"ကြုံခဲတဲ့အကိုကြီးနဲ့အခုမှအေးအေးလူလူရှိရတာကို
နေပါဦး မနက်မိုးလင်းတဲ့အထိ စကားပြောကြမယ်"

"ဟင်း."

"သက်ပြင်းတွေဘာတွေချလို့"

"ငါစစ်ပွဲတိုက်ရတာထက်ပိုပင်ပန်းတယ် "

"ညည်းလိုက်တာ အဘိုးကြီးလိုပဲ"

ဖြာဆင်းနေတဲ့လရောင်ကို မောင်နှမနှစ်ယောက်ကြည့်နေကြသည်

လေအေးအေးကမျက်နှာအားရိုက်ခတ်သည်

မိုယွမ်ရဲ့အရိပ်သက်တော်စောင့်က
သတင်းပို့သည်

"ဘုရင်ငယ်လေးကျန်းမာရေးကဆိုးဝါးနေပြီး
ကိုယ်ရံတော်ရှန်းကဒီကိုလာနေပါတယ်"

"အကိုကြီး ဘုရင်ငယ်လေးက ဘယ်တုန်းက
နေမကောင်းဖြစ်သွားတာလဲ"

"လျိုဖုန်းနဲ့လျိုမင်ပြန်ရောက်ရင်
နန်းတွင်းထဲလိုက်လာဖို့ပြောထားလိုက်

အကိုကြီးတို့နန်းတော်ထဲသွားရအောင် "

"ခဏလေး ခဏလေး ညီမလေးဆေးအိတ်တွေယူလိုက်ဦးမယ်"

လမ်းတဝက်မှာတင်သူတို့ဆီကိုလာသော
ကိုယ်ရံတော်ရှန်း နှင့်ဆုံကြသည်

သိပြီးကြောင်းပြောပြကာ နန်းတော်ထဲသို့
အလျင်အမြင်လာကြသည်

အိပ်ရာထက်ရေခဲတမျှအေးစက်နေသောဘုရင်ငယ်လေး
မျက်နှာမှာစက္ကူတစ်စလိုဖြူဖျော့နေသည်

"စစ်သူကြီးမို "

"ဘယ်လိုဖြစ်တာလဲ"

ပြောရခက်တဲ့မျက်နှာတွေကြောင့်
မိုယွမ်ဆက်မမေးတော့ဘဲ ညီမဖြစ်သူကိုသာ
အခြေအနေကြည့်ပေးရန်ပြောသည်

သို့သော်ချင်းဟာနဲ့အထိန်းတော်ကြီးက
ဘုရင်ငယ်လေးရှေ့မှကာထားသည်

"စိတ်မပူပါနဲ့ သူကငါ့ရဲ့ညီမပဲ"

"ဟုတ်ကဲ့ "

အခြေအနေအားသေချာစစ်ဆေးနေသောဖေးအာ

မိုယွမ်ကတော့ ပြန့်ကျဲနေတဲ့စာလိပ်တွေကို
သေချာကြည့်နေသည်

လျှို့ဝှက်အမှတ်အသားနဲ့စုံစမ်းထားရတဲ့
တောင်ဘက်ပိုင်းကသတင်းတစ်ချို့
သူစုံစမ်းထားတာထက်ပင်ပိုပြီးပြည့်စုံလေသည်

လက်သည်းဝှက်ထားတဲ့ကျားသစ်ပေါက်လေးပဲ

ဒါနဲ့များဘာကြောင့် အခုလိုလဲကျရတာလဲ

အေးစက်နေသောကိုယ်က ခဲတော့မလိုဖြစ်နေသည်

"အကိုကြီး "

"အဆင်ပြေလား"

"မပြေဘူး သူမိထားတဲ့အဆိပ်ကနာမည်တပ်ရခက်တယ်
ဒေါသကိုမထိန်းနိုင်လို့အဆိပ်တွေကပြန့်ပြီး တစ်ကိုယ်လုံးက
ရေခဲလိုအေးစက်နေတယ် အပူပေးနိုင်ဖို့လိုတယ် မဟုတ်ရင် သွေးတွေခဲပြီးသေသွားလိမ့်မယ်"

"ဘယ်လိုလုပ်ရမလဲ အဲ့ဒါဆိုရင်"

"ရေနွေးထဲစိမ်ပြီးအပ်စိုက်ကုရင်
အဆိပ်တွေကိုထိန်းပေးနိုင်တယ်
ဒါပေမဲ့အခုကအရမ်းကိုဆိုးဝါးနေတယ်
ဆေးတိုက်ပြီးကိုယ်ကိုနွေးအောင်လုပ်မှရမယ်"

"အကို လူသားမီးဖိုခဏလုပ်ပေး "

"ငါက ဘယ်လိုလုပ်ရမှာလဲ"

"အနွေးဆုံးကလူရဲ့ကိုယ်ငွေ့ ဒီကအပျိုတော်နဲ့အထိန်းတော်ကြီးက
ဘုရင်ငယ်ရဲ့ကိုယ်ကိုထိရဲမှာမဟုတ်ဘူး
အကျီတွေချွတ်ပြီးနွေးအောင်ပူးကပ်နေရမှာ
မိန်းကလေးဖြစ်တဲ့ညီမလေးကလည်းမသင့်တော်ပြန်ဘူး
ဒီတော့အကိုပဲ သူ့ကိုကယ်မှရမယ်"

"သူ့ရဲ့ကိုယ်နွေးလာရင်ခွာလို့ရပြီလား"

"ရပြီ အဓိက က သူ့ရဲ့အေးခဲနေတဲ့သွေးတွေနွေးဖို့ပဲ"

"အင်း မင်းတို့အကုန်လုံးအပြင်ထွက်ကြ "

"ဒါပေမဲ့ စစ်သူကြီးမို အရှင်ကို "

"မင်းတို့ရဲ့အရှင်ကိုမသေစေချင်ရင်
ငါ့စကားကိုနားထောင်ပါ"

"ကောင်းပါပြီ"

ကုတင်ထက်ကမှေးစက်နေသောသူအား
ငေးကြည့်သည် ကြာကြာမငေးလိုက်ဘဲ
သူ့ရဲ့အဝတ်အစားတွေကိုချွတ်လိုက်သည်

ဘုရင်ငယ်လေးကဲ့အဝတ်အစားများကိုလည်းချွတ်လိုက်သည်
သို့သော်အောက်ခံဝတ်စုံလေးကိုတော့ဖယ်ချန်ထားခဲ့သည်

မိမိထက်အနည်းငယ်သာသေးသောကိုယ်လေး
ခေါင်းအောက်လက်လျိုလိုက်ကာ
သူ့ရဲ့လက်မောင်းပေါ်အုံးစေပြီး
ကိုယ်အားသူ့ဘက်လှည့်လိုက်သည်

ကျောပြင်ကနေသိုင်းဖက်ကာ
သူတို့နှစ်ဦးကြားထဲလေဝင်လို့မရအောင်ဖက်ထားသည်

သူ့ရဲ့လည်ပင်းကြားထဲရှိနေသောခေါင်းလေး
အသက်ရူထုတ်သံကတိုးညှင်းနေပြီး
အလွန်တရာအားနည်းနေသည်

မြင်နေရတဲ့ဆံစလေးတွေက
နက်မှောင်နေကာ ပျော့ပျောင်းနေသည်
ကိုယ်သင်းနံ့သင်းသင်းလေးကသူ့စိတ်တွေကို
အေးချမ်းစေသလို

အလွန်ကိုဖျော့တော့သောအသံလေးက
သူ့ရဲ့နားစည်ကိုရိုက်ခတ်သွားသည်

"မယ်မယ်ကိုလွမ်းတယ် "

ပိုပြီးတိုးဖက်လိုက်တော့ သူ့ဆီပိုတိုးလာတဲ့ဘုရင်လေး

အချိန်အနည်းငယ်ကြာပြီးသောအခါ
သွေးမရှိသောမျက်နှာလေးကအနည်းငယ်
သွေးရောင်သမ်းလာသည်

အကျီများကိုသေချာပြင်ဆင်ပြီးဝတ်ကာ
မှေးစက်နေသောလူကိုငေးကြည့်သည်

နဖူးထက်ဝဲကျနေတဲ့ဆံစတွေကိုဖယ်တင်ကာ
ကြည့်နေမိသည် ကျစ်! စိတ်ထိန်းစမ်း မိုယွမ်

ဖေးအာကိုအလျင်အမြန်ပြန်ခေါ်ပြီး
ကြည့်ခိုင်းသည်

"ဒီဆေးကိုသေချာကျိုပြီးတိုက်ပေးနော်
ဒါနဲ့အခုလက်ရှိသောက်နေတဲ့ဆေးတွေကို
လွှင့်ပစ်လိုက် ဆိုလိုချင်တဲ့သဘောကိုနားလည်တယ်မလား"

ချင်းဟာခေါင်းညိမ့်ပြသည်

မနက်ညီလာခံမှာပျောက်နေသောဘုရင်

မယ်တော်ကြီးက ညီလာခံကိုတက်ရောက်သည်
တင်ပြသောကိစ္စများကိုစိတ်ဝင်စားဟန်တောင်
သိပ်မပြဘဲ ဘေးနားရှိသူ့ရဲ့သားငယ်ကိုသာ
ပြုံးပြီးကြည့်နေသည်

ဘုရင့်ရဲ့ညီတော် ချန်းကျိုး

သူကတော့တင်ပြသမျှသေချာနားထောင်ပြီး
ခဏကြာတော့ပျင်းလာသည်

ငယ်ရွယ်သေးတဲ့ကလေးမို့ သိပ်ပြီးစိတ်မဝင်စားတော့ပေ
သူ့ရဲ့မယ်မယ်ကိုကြောက်သောကြောင့်သာ
ငြိမ်ငြိမ်လေးနေနေရသည်

အကိုတော်ရှိရင်သူကဘာမှလုပ်စရာမလို
အကိုတော်ကိုတွေ့ချင်တယ်လို့ပြောရင်
မယ်မယ်ဆီကနေအရိုက်ခံရသည်

အကိုတော်ကိုမုန်းရမယ်တဲ့ မယ်မယ်က​ပြောသည်
အကိုတော်ကမကောင်းတဲ့လူ

မဟုတ်ဘူး အကိုတော်ကအရမ်းကောင်းတယ်
သူ့အတွက်အကိုတော်ကအကောင်းဆုံးလူ

အကိုတော်ကိုတွေ့ချင်လွန်းလို့ အပြင်ကိုခိုးထွက်တုန်းက
မယ်မယ်ဆီကနေအရိုက်ခံရသည်

မယ်မယ်ရှေ့မှာဆိုရင်သူ့ကိုမသိဟန်ဆောင်ရမယ်လို့
အကိုတော်ကချော့ပြီးပြောသည်

သူသိတာတစ်ခုတည်း မယ်မယ်ထက်အကိုတော်နားပဲနေချင်သည်

ညီလာခံတွင်ကျီးကန်းတောင်းမှောက်ရှာသော်လည်း
အကိုတော်ကိုမတွေ့ရပေ

ညီလာခံသိမ်းတဲ့အချိန်ထိ အကိုတော်ရောက်မလာခဲ့

၈နှစ်အရွယ်အိမ်ရှေ့စံလေးက မယ်တော်ကြီးရဲ့နှလုံးသည်းပွတ်

ချန်းကျိုး မယ်မယ်အလစ်တွင်
အကိုတော်အဆောင်ကိုပြေးလာခဲ့သည်

ခြေထောက်တုတ်တုတ်လေးတွေနဲ့
ဘုရင့်နန်းဆောင်ကိုပြေးလာသောကလေးငယ်လေး

အကိုတော်သာသူ့ကိုတွေ့ရင်ပွေ့ချီမှာ
အကိုတော်

သူနန်းဆောင်ထဲရောက်တာတောင် အကိုတော်ကိုမတွေ့ပေ
အကိုတော်အနားအမြဲရှိတဲ့ မမချင်းဟာက
နန်းဆောင်ထဲကနေထွက်လာသည်

"မမချင်းဟာ အကိုတော် ရော"

"အရှင်ကအိပ်စက်အနားယူနေတယ် အရှင့်သား နောက်တစ်ခါ ကျနော်မျိုးမကို မမလို့မခေါ်ရဘူးနော် "

"ဟုတ် ဒါဆို အကိုတော်ဆီသွားလိုက်ဦးမယ် "

ပြေးဝင်သွားတဲ့အိမ်ရှေ့စံလေး သူ့ရဲ့အမေနဲ့ကွဲပြားစွာ
အရှင်ကို အရမ်းခင်တွယ်လေသည်

အိပ်ရာထက်မှေးစက်နေသောအကိုတော်
အကိုတော်ဘေးနားငြိမ်ငြိမ်လေးထိုင်နေသည်

အကိုတော်ပါးဖောင်းဖောင်းတွေကမရှိတော့ဘူး
အဲ့ဒီအစားထင်ရှားသောမေးရိုးတွေကနေရာယူသည်

လက်ဖောင်းဖောင်းလေးတွေက အကိုတော်ရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်

"အကိုတော် အိပ်ပုတ်ကြီးလိုက်တာ"

သွယ်လည်းမသွယ်သောလက်ချောင်းရှည်ရှည်တွေကို
ချန်းကျိုး ဆုပ်ကိုင်ထားပြီး
အကိုတော်ရဲ့မျက်နှာကိုကြည့်နေသည်

အချိန်အတန်ကြာအိပ်စက်ခဲ့သောကြောင့်
ဘုရင်ငယ်လေး ကနိုးလာခဲ့သည်

သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ညီတော်

"ဘယ်တုန်းကရောက်နေတာလဲ"

ထ ထိုင်ကာ ချန်းကျိုး ကို သူ့ပေါင်ပေါ်တင်ထားလိုက်သည်

"အကိုတော် ညီလာခံကိုမလာလို့
ညီတော်ကလိုက်လာတာ"

"မယ်မယ်သိလား ဒီကိုလာတာကို "

ချစ်ဖို့ကောင်းသောညီလေးရဲ့ပါးကိုဆွဲရင်း
မေးလိုက်သည်

"မသိဘူး "

သွားကျိုးလေးကသွားတွေပေါ်အောင်ရယ်ပြသည်

"နောက်တစ်ခါ ပြောပြီးမှလာရမယ်နော်
စာတွေရော လိုက်နိုင်ရဲ့လား "

"ဒါပေါ့ "

"အရှင် စစ်သူကြီးမို ရောက်နေကြောင်းပါ "

"ဝင်လာခိုင်းလိုက်"

ပေါင်ပေါ်တွင်ရှိသောကလေးအားကြည့်ပြီး
အလိုမကျသောစိတ်တွေဖြစ်လာသည်

သူ့ရဲ့တည်တင်းသောမျက်နှာတွင်တော့​​
ခံစားချက်များမပေါ်လွင်ပေ

ချန်းကျိုး စစ်သူကြီးမို ဆိုသောသူအား
သဘောမကျ အကိုတော်ကိုသူ့အနားကဆွဲထုတ်မယ့်သူဟု
ထင်မှတ်နေသည်

ခါးကိုလာဖက်သောချန်းကျိုးကြောင့်
ဘုရင်ငယ်လေး ကရယ်မောသည်

"မဆိုးရဘူး အခုတော့စာသင်ဖို့ပြန်တော့နော်"

နာမခံချင်သော်လည်း သူ့အားမလိမ္မာသောကလေးလို့
မထင်မှတ်စေချင်တာကြောင့်
နှုတ်ဆက်ပြီးထွက်လာခဲ့သည်

ချန်းကျိုးထွက်သွားမှ မိုယွမ်ကစကားစသည်

"ကျနော်မျိုးတို့မိုမိသားစုက
အရှင်မင်းကြီးအပေါ်သစ္စာခံကြောင်း သက်သေပါ"

နဂါးတံဆိပ်တုံးအား
ဘုရင်ငယ်လေးကိုဆက်သသည်

"ယွမ်လေး ကိုယ်တော်ကိုဘာကြောင့်သစ္စာခံချင်တာလဲ"

"ပြည်သူဘက်ကနေရပ်တည်ပေးမယ့်သူလို့
ထင်မှတ်လို့ပါ"

"ကိုယ်တော်နဲ့ယွမ်လေးတွေ့တာ နှစ်ခါပဲရှိ​သေးတယ်မဟုတ်လား အဲ့လောက်တောင်ယုံကြည်သွားရတာလား"

"ဒါဆိုအရှင်မင်းကြီးက ​တောင်ဘက်ပိုင်းကပုန်ကန်မှုကိုဖြေရှင်းပြီး
ပြည်သူဘက်ကရပ်တည်ကြောင်းသက်သေပြပေးပါ"

"ကောင်းပြီ ဒီတံဆိပ်တုံးကိုမင်းပဲသိမ်းထားပါ
မလိုလားအပ်တဲ့ပြဿနာတွေဖြစ်အောင်မလုပ်နဲ့"

"ပေါ့ဆမိပါတယ် "

"နောက်နှစ်ရက်နေရင်တောင်ဘက်ပိုင်းကို
သွားမယ် မင်းရောလိုက်မလား"

"အရှင်သာခွင့်ပြုရင်"

"ငါကိုယ်တော် ခွင့်ပြုပါတယ်"

စစ်သူကြီးမိုနှင့်အရှင်မင်းကြီးတို့က
တောင်ဘက်ပိုင်းတွင်ပုန်ကန်နေသော
လူတစ်စုကိုအမြတ်ကမချန်
ဖျက်ဆီးပစ်ကြသည်

အားနည်းသောလယ်သမားများကိုစည်းရုံးပြီး
သူပုန်အဖွဲ့ထဲဝင်စေထားသောကြောင့်

ဘုရင်ငယ်လေးက စားနပ်ရိက္ခာနဲ့ရေအတွက်
လယ်ကွက်တွေထုတ်ပေးမည် နေစရာအတွက် အိမ်များကိုလည်းပေးဦးမည် ဒါတောင်မှ မကျေနပ်ဘဲ
ပုန်ကန်နေဦးမည်ဆိုလျှင်သေဒဏ်ပေးမည်
ဖြစ်ကြောင်းကြေညာလိုက်သည်

ထိုအခါစိတ်ပြောင်းကာဘုရင်ငယ်လေးထံခိုလှုံကြသည်
သူတို့စိတ်ထဲတွင်ဘုရင်ငယ်လေးက နတ်ဘုရားအလား

အကျင့်ပျက်နေသောအမတ်များကိုရုံးတင်စစ်ဆေးပြီး
တောင်ဘက်ပိုင်းအတွက်သူ့ရဲ့လူများကိုခန့်အပ်ခဲ့သည်

အနည်းငယ်တူးဖော်ခြင်းခံရတဲ့ မကောင်းမှုတွေကြောင့်
မယ်တော်ကြီးက ဘုရင်ငယ်မကြာခင်ပုန်ကန်တော့မည်
ဖြစ်ကြောင်းရိပ်မိသလိုရှိလာသည်

သူသည်လည်းငြိမ်မနေဘဲ အကွက်တွေချရပေတော့သည်

ရိပေါ်ဖတ်ပြနေရင်းအိပ်ပျော်သွားတဲ့သူကိုငေးကြည့်သည်

ငြိမ်းစပြုနေသောမီးလင်းဖိုလေးကို
ငြှိမ်းသတ်လိုက်ပြီး ရှောင်းကျန့် ကိုအခန်းထဲသို့ချီလာသည်

သေချာနေရာချပေးပြီးသူသည်လည်းအိပ်စက်ခြင်းသို့

နှင်းတွေကကျနေဆဲပဲ
နှစ်ကူးမှာအနီရောင်မီးပုံးလေးတွေကလည်း
အိမ်တိုင်းမှာအစီအရီနဲ့

ရိပေါ် ရှောင်ကျန့်စားဖို့အတွက် စားဖိုဆောင်ထဲမှာ
ချက်ပြုတ်နေသည်

တကယ်ဆိုသူဟင်းချက်ရတာကိုစိတ်မဝင်စား
ဒါပေမဲ့လည်း သေချာဂရုတစိုက်မကျွေးရင်မစားသော
ရှောင်းကျန့် ကြောင့် စားချင်တာလေးတွေချက်ကျွေးလို့ရအောင်
အဒေါ်လီ ဆီကနေသင်ခဲ့ပြီး
ဟင်းချက်နည်းစာအုပ်များစွာကိုလည်းဖတ်ရူခဲ့ရသည်

အခုဆိုသူက ကျွမ်းကျင်စွာချက်ပြုတ်တတ်နေသည်

နိုးလာတော့တိတ်ဆိတ်နေတဲ့အိမ်ကြောင့်
ရိပေါ်ပြန်သွားပြီထင်ကာ
လိုက်ရှာနေသောရှောင်းကျန့်

နောက်ဆုံးစားဖိုဆောင်တွက်ချက်ပြုတ်နေသောသူကို
မြင်မှသက်ပြင်းချလိုက်သည်

ဘေးနားမှာခဏလောက်ရပ်ကြည့်နေသော
သူအားသတိထားမိပုံမပေါ်

သူလည်းမျက်နှာမသစ်ရသေးတာကြောင့်
အပေါ်သို့ ပြန်တက်သွားလေသည်

ရှောင်းကျန့် ပြန်ဆင်းလာတဲ့အချိန်ထိရိပေါ်က
ချက်လို့မပြီးသေးပေ

"ဘာတွေလုပ်နေတာလဲ "

"ဒါပြီးရင်ပြီးပြီ ဗိုက်ဆာပြီလား"

ရိပေါ်ချက်နေသောဘေးအားသွားကာ
ကြည့်မိသည် ကြာဇံအချိုသုပ်ပဲ

အရင်ကသူ့ထက်ငယ်ရွယ်ကာသေးသောကိုယ်က
အခုဆိုသူ့ကိုပင်ကျော်နေသည်

ရိပေါ်နယ်ထားသောကြာဇံသုပ်ကို အလုတ်သေးသေးလေးယူပြီးရှောင်းကျန့်ကိုခွံကျွေးသည်

"အဆင်ပြေလား"

"ဆိုင်ဖွင့်လို့​တောင်ရတယ်"

"သွားထိုင်နေလိုက် စားလို့ရပြီ"

တိတ်ဆိတ်နေသောထမင်းဝိုင်းလေးက
နွေးထွေးမှုအပြည့်

စားသောက်ပြီးသောအခါ ရိပေါ်ကရှောင်းကျန့်လက်ထဲ
နွားနို့ခွက်လေးထည့်ပေးသည်

"ကျနော် အပြင်ခဏသွားမလို့ ဘာဝယ်ခဲ့ရမလဲ"

"အင်း ကိတ်တစ်ခုခုဖြစ်ဖြစ် ကော်ဖီဖြစ်ဖြစ်ဝယ်ခဲ့"

"အိမ်မှာတစ်ယောက်တည်းနေခဲ့လို့ရလား"

"ရပါတယ် "

"ကျနော်ခေါ်သွားချင်ပေမဲ့ ခင်ဗျားကနေကောင်းခါစမို့လို့
မခေါ်တာ ချက်ချင်းပြန်လာခဲ့မယ်
အလုပ်တွေလုပ်မနေနဲ့"

"သွားတော့ "

"အင်း."

ရိပေါ် စာတမ်းအတွက်လိုအပ်တဲ့စာအုပ်တွေ
ထွက်ဝယ်ခြင်းဖြစ်သည်
ကျန်တဲ့နှစ်ရက်ကိုရှောင်းကျန့်အနားနေဖို့အတွက်
ကြိုတင်ဝယ်ယူခြင်းဖြစ်သည်

ကော်ဖီဝယ်ပေးရမလားစဉ်းစားသော်လည်း
အိပ်မပျော်မှာစိုးသောကြောင့်
စတော်ဘယ်ရီနဲ့ဗနီလာအရသာကိတ်တွေကိုသာ
ဝယ်လာခဲ့သည်

အိမ်ကိုပြန်လာသောရိပေါ်
သူ့ရှေ့ကမြင်ကွင်းကိုကြည့်ပြီး
လက်သီးဆုပ်ထားမိသည်

"ကျနော်ရောက်ပြီ ရှောင်းကျန့် "

"ဟင် အေး "

သူ့ကိုခဏတာသာဂရုစိုက်ပြီး
ရှေ့ကမိန်းကလေးနဲ့စကားတွေဆက်ပြောသည်

အပြောင်းအလဲမရှိသောမျက်နှာက
လူသတ်ငွေ့တွေတလူလူထွက်နေသည်

ကိတ်တွေကိုသေချာထည့်ပြီး
သူကအဝတ်အစားသွားလဲသည်

ပြန်ထွက်လာတဲ့အထိ စကားပြောမပြတ်သေး
တစ်ချက်တစ်ချက်ရယ်သံတွေပါကြားရသည်

ရိပေါ်သည်းခံရမယ် ပြဿနာမရှာရဘူး
သူ့စိတ်သူထိန်းကာ ဝယ်လာသောစာအုပ်တွေကို
ဖတ်နေလိုက်သည်

လင်းအာ ဆိုသောမိန်းကလေး
သူမကရှောင်းကျန့်အတွက်အားအထားရဆုံးပုဂ္ဂိုလ်
အခုသူမက ရှောင်းကျန့် စုံစမ်းခိုင်းထားသော
တရားမဝင်ကိစ္စတွေကိုစုံစမ်းပြီးလာတင်ပြခြင်းဖြစ်သည်

ရှောင်းကျန့် လုပ်ငန်းစုထဲစဝင်ကတည်း
လင်းအာကဘေးနားရှိနေခဲ့သည်
စိတ်ဝင်စားတဲ့အမူအရာကြိုက်ကြောင်းတွေပြောပြလည်း
ရှောင်းကျန့်က သူ့အားညီမလေးလိုသာဆက်ဆံသည်

ကိုယ်မရနိုင်တဲ့အရာတစ်ခုကိုတွယ်ကပ်ပြီး
မစားရတဲ့အမဲသဲနဲ့ပက်တာမျိုးတွေကို လင်းအာမလုပ်
သူကညီမလေးဆိုမှတော့ကိုယ်ကလည်းအကိုလိုဆက်ဆံသည်

ဒီလိုနဲ့သူတို့ကမောင်နှမတွေလိုရင်းနှီးခဲ့ကြသည်

ရှောင်းကျန့် ရိပေါ်ဝင်မလာခင်ကတည်းက
သတိထားမိသည်

သို့သော် သူ့နောက်ကွယ်တွင်မကောင်းမှုများစွာလုပ်နေသော
ဦးလေးရဲ့လုပ်ရပ်တွေကအရေးကြီးသောကြောင့်
မသိကျိုးကျွံပြုမိသလိုဖြစ်သွားသည်

လင်းအာက

"အဲ့တာ နင်ခေါ်ထားတဲ့ကလေးမလား
ရှယ်ပဲ ဘာလို့ငါ့ကိုမပြောတာလဲ"

ရှောင်းကျန့် မျက်နှာကမည်းသွားသည်

"စတာပါ စတာပါ အဲ့လိုကြီးစိတ်မဆိုးပြပါနဲ့
စောနကဟိုကလေးကလည်းငါ့ကို နင့်ထက်မသာရင်တောင်
အဲ့ထက်ဆိုးတဲ့လေဆာအကြည့်တွေပစ်လွှတ်ထားခဲ့တာ"

"ကောင်လေးကလား"

"နင်တို့တွေက ဘာတွေလဲ "

"ငါလည်းမပြောတတ်ဘူး"

"အို ရှင် ရှင်ဂေးနေလို့ကျွန်မကိုမကြိုက်တာမလား"

မရှိတဲ့မျက်ရည်အတင်းညှစ်ပြီး
ဇာတ်နာနေသောမင်းသမီးကိုကြည့်ပြီး
ရှောင်းကျန့် ရယ်မိသည်

"ဘာပဲဖြစ်ဖြစ် အဲ့ကလေးကို အခုချိန်အနားမှာမထားသင့်ဘူး
ပြဿနာတွေရူပ်နေတုန်းပဲမဟုတ်လား"

"နောက်နှစ်ရက်ဆိုသူပြန်မှာပါ
ကိစ္စမရှိလောက်ဘူးလို့တော့ငါထင်တယ်"

"ဒါပေမဲ့တစ်ဖက်လူကိုလျော့တွက်လို့မရဘူး​နော်"

"အင်း."

"ငါသွားတော့မယ် ကိတ်ရှေ့မှာထိုင်စောင့်နေတဲ့လူကိုလည်း
သွားချော့လိုက်ပါဦး"

"လင်းအာ"

လျှာထုတ်ကာပြောင်ပြသွားသောလင်းအာကို
ကြည့်ပြီးခေါင်းတခါခါနဲ့ရယ်မိသည်

ရိပေါ်ဖတ်လက်စစာအုပ်လေးက လက်ထဲတွင်
ပြဲစုတ်မတတ်ပင် သူ့ရဲဲ့ဒေါသတွေကို
စာအုပ်ပေါ်ပုံချနေရသည်မဟုတ်လား

ခင်ဗျားဆိုးလွန်းတယ် ရှောင်းကျန့်

© 梅花 白,
книга «NEEDFULL (家)».
Коментарі