Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 10

[အိပ်မက်များလား]

ဆောင်းရာသီရဲ့အအေးဓာတ်က အရိုးတွေခဲမတတ်ပဲ
ဒီနှစ်ဆောင်းကအရင်ကထက်ပိုအေးပုံရသည်

"သခင်လေးရှောင်း နွေးနွေးထွေးထွေးလေးနေသင့်ပါတယ်"

"အင်း"

တုံပြန်မှုက 'အင်း' တစ်လုံးသာရသည်
ဦးလေးချန်ကတော့ သက်ပြင်းတချချနဲ့ပဲ

မကြာခင်ရောက်တော့မယ့်နှစ်သစ်မှာ
လူတွေကစိတ်လှုပ်တရှားရှိနေတယ်
ရှောင်းကျန့်ကတော့အသက်မဲ့စွာနဲ့
စာအိတ်နီလေးတွေပြင်နေသည်

ဝန်ထမ်းတွေကိုနှစ်သစ်ကူးလက်ဆောင်ပေးဖို့အတွက်

အိမ်ပြန်လမ်းမှာ နှင်းတွေကထူထဲစွာကျဆင်းနေသည်
လွှမ်းခြုံထားတဲ့ကုတ်အနက်ထူထူကြားထဲ
မြုပ်နေတဲ့သခင်လေးရှောင်းကျန့်က လှပတဲ့ပန်းချီကားတစ်ချပ်လို

"ကားခဏရပ် "

"သခင်လေးရှောင်း အိမ်ရောက်ဖို့က"

"ရပ်လိုက်ပါ"

နာခံစွာနဲ့ကားကိုရပ်လိုက်သည်

ကားထဲကနေထွက်လာတဲ့အခါ ကုတ်ကိုချွတ်ထားခဲ့သည်

"သခင်လေးရှောင်း ကုတ် "

"မလိုဘူး"

ပင်ပန်းနေတဲ့စိတ်ရောကိုယ်ရောကို
ခဏတာလွတ်လပ်စေချင်သည်
ကျဆင်းနေတဲ့နှင်းဖြူဖြူတွေကို
သွယ်မယောင်လက်ချောင်းလေးတွေက ထိတွေ့သည်

အေးစက်စက်ခံစားချက်
ကောင်လေးကလည်းနှင်းနဲ့တူသည်
ဖြူစင်ပြီးအေးစက်သည်

အချိန်အတော်ကြာထိ ရပ်နေခဲ့ပြီးမှ
အိမ်သို့ပြန်လာခဲ့သည်

အားနည်းတဲ့ကိုယ်ကအ​အေးဒဏ်ကိုထပ်မံခံစားရသောအခါ
ဖျားလေတော့သည်

အခန်းထဲမှာတစ်ယောက်တည်းရှိနေသော ရှောင်းကျန့်
အေးလွန်းလို့ ကိုယ်ကိုကွေးနိုင်သမျှကွေးကာမှေးစက်သည်

သတိရတစ်ချက်မရတစ်ချက်ဖြစ်ကာ
အဖျားတွေတက်နေသည်

သူသတိမလစ်ခင်နောက်ဆုံးကြားလိုက်ရသည့်
စကားတစ်ခွန်း

"အကိုကျန်းချန်ကိုဖုန်းဆက်လိုက်ပါ"

ကောင်လေး!!!

ချွေးတွေရွဲနစ်ကာ ညည်းညူနေတဲ့ ရှောင်းကျန့်
ရိပေါ် ကတော့ အဝတ်တွေလဲပေးကာ
အနားမှာရှိကြောင်းပြောသည်

"ကျနော်ပြန်ရောက်လာပြီ စိတ်ချလက်ချအိပ်ပါ "

ရှောင်းကျန့် ရဲ့လည်ပင်းအောက်
သူ့လက်လျိုသွင်းကာ လက်မောင်းပေါ်ခေါင်းအုံးစေသည်

တုန်ရီနေတဲ့ကိုယ်လေးကိုသိမ်းကြုံးဖက်ပြီး
ကျောပြင်အား ခပ်ဖွဖွသပ်ပေးသည်

အဒေါ်လီ နဲ့ ဦးလေးချန် ပြောပြတဲ့
ရှောင်းကျန့် အကြောင်း ကိုနားထောင်ပြီး
ဘယ်လိုများစိတ်ချရမလဲဆိုတာကို ပူပန်နေသည်

လေးလအတွင်းပိန်သွားသည့်ကိုယ်က
ပါးရိုးတွေကျကာ အရိုးပဲကျန်သည့်အထိ
မရပ်မနားအလုပ်တွေဆက်တိုက်လုပ်နေသောသူ
ချိုင့်ဝင်ပြီးမည်းနက်နေတဲ့မျက်တွင်းတွေကိုကြည့်ပြီး
ရိပေါ်သက်ပြင်းချရတာအကြိမ်ကြိမ်

ဘာလို့နည်းနည်းလေးမှစိတ်မချရတာလဲ

စားပွဲပေါ်ကဆေးဘူးတွေကိုကြည့်ပြီး
ရိပေါ်ရင်မောရပြန်သည်

တည်ငြိမ်သွားတဲ့ကိုယ်လေးက နှစ်ခြိုက်စွာအိပ်ပျော်နေသည်
နိုးလာရင်စားဖို့အတွက် ရိပေါ်ချက်ပြုတ်ရန်ပြင်ရမည်
ရှားပါးတဲ့နားရက်မှာ သူကိုယ်တိုင် ချက်ကျွေးချင်သည်

ကြက်သားဆန်ပြုတ်နှင့်ဖက်ထုပ်ကြော်လုပ်ရန်
ပြင်ဆင်လိုက်သည်

အကုန်ပြီးလို့ပန်းကန်ထဲထည့်ကာ အခန်းထဲယူသွားသည်

ရှောင်းကျန့် နိုးလာတော့
ဘေးဘီကိုကြည့်နေမိသည်

"အဟက် အိပ်မက်ပဲကို "

ခါးသီးစွာပြုံးရင်း မျက်လုံးများကိုမှိတ်ထားလိုက်သည်
ဘယ်ဘက်မျက်ဝန်းကကျဆင်းသွားတဲ့မျက်ရည်တစ်စက်ကို
လျစ်လျုရူရင်းနဲ့

"နိုးပြီလား နိုးရင်အစားစားရအောင်"

"အခုတော့အသံပါကြားနေရပြီ "

ရိပေါ် ရှောင်းကျန့် ပြောတာနားမလည်ပေ
ဘာအသံကြားနေရလို့လဲ

အစားအစာတွေထည့်လာတဲ့ဗန်းလေးအား
စားပွဲပေါ်တင်လိုက်ပြီး
သူကအဝတ်အစားလဲရန်ပြင်သည်
ရောက်ရောက်ချင်း အဝတ်အစားတောင်မလဲနိုင်ဘဲ
ဘေးနားမှာနေခဲ့ရသည် မဟုတ်လား

ပေါ့ပေါ့ပါးပါးတစ်ထည်လဲပြီး
လှဲနေသောသူအားထူရသည်

"မျက်နှာသစ်ဦးမလား ကျနော်ပုဝါနဲ့ပဲသုတ်ပေးမယ်"

ထိုင်ရန်ပြင်ဆင်ပေးလိုက်တော့
အသက်မဲ့နေတဲ့လူလိုထိုင်သည်
ရေစွတ်ထားတဲ့ပုဝါနဲ့သုတ်ပေးတော့
ကြောင်သွားတဲ့ရှောင်းကျန့်

ဘာလဲ တကယ်ကြီးငါ့အနားမှာရှိနေတာလား

"မင်း.."

"အင်း ကျနော်"

မယုံနိုင်စွာဖြင့်ရိပေါ်မျက်နှာအား
လက်နှစ်ဖက်ဖြင့်ကိုင်သည်

အိစက်ပြီးနူးညံ့တဲ့ပါးမို့လေးတွေက
ထင်ရှားတဲ့မေးရိုး နှာခေါင်းလုံးလုံးလေး
ပါးလျသောနှုတ်ခမ်းပါး ပြီးတော့
သလင်းလိုကြည်တဲ့အမူအရာမရှိတဲ့မျက်ဝန်း

တကယ် ကောင်လေးပဲ

"ကိုင်လို့ပြီးပြီလား အစားစားရအောင် "

"အင်း "

ဆန်ပြုတ်နဲ့ဖက်ထုပ်ကြော်လေးကမကြာခင်
ကုန်သွားသည်

ရိပေါ်ကသောက်ရမည့်ဆေးတွေယူပြီးတိုက်သည်
မငြင်းဘဲလိမ္မာစွာသောက်နေတဲ့ရှောင်းကျန့်

ပြီးတော့တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး
စစရာစကားမရှိပေ

ရိပေါ်ကတော့စိတ်ရှည်စွာနဲ့သူ့လက်တွေကို
သုတ်ပေးနေသည်

"ပိန်သွားတယ် "

စပြောလိုက်သည့်စကားတစ်ခွန်းကြောင့်
ရှောင်းကျန့် ပြုံးမိသွားသည်

"အင်း ဟိုမှာအဆင်ပြေလား"

"အိပ်ချိန်မမှန်ဘူး "

"ငါမေးတာဖြေပါဦး"

"ထမင်းအချိန်မှန်မစားဘူး"

".........."

"ကိုယ့်ကိုလည်းဂရုမစိုက်ဘူး"

"!!!!!!"

ရှောင်းကျန့် ကတော့ ဘာဆက်ပြောရမှန်းမသိပေ
သူ့လက်ကိုကိုင်ပြီးအပြစ်တွေတစ်ခုချင်းထောက်ပြနေပေမဲ့
ကောင်လေးပုံစံကနောင်တရနေသလိုပင်

"အခုငါနေကောင်းနေတာပဲ"

"ခင်ဗျား.!!!!!"

"အင်း ငါနေကောင်းအောင်နေမယ် ကိုယ့်ကိုအပြစ်မတင်နဲ့
ဟုတ်ပြီလား"

"နောက်တစ်နှစ်ခွဲလောက်ပဲ တောင့်ခံပေး "

ရိပေါ်ရဲ့ဆံပင်လေးအားခပ်ဖွဖွသပ်ပေးပြီး

"ငါ့ကိုမစိုးရိမ်ပါနဲ့ "

ငုံ့ထားတဲ့ခေါင်းလေးက
ပြန်မော့လာတယ်

တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းက
မျက်ရည်တွေရစ်ဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့
ဆန့်ကျင်ဘက်ဖြစ်နေသည်

"အင်း ညောင်းနေလား
လမ်းလျောက်ထွက်မလား "

"အဝတ်အစားလဲပေးမလား ခြံထဲနည်းနည်းလမ်းလျောက်ချင်တယ် ဒီနှစ်ဆောင်းကနှင်းတွေအများကြီးကျနေတယ်"

နွေးထွေးစေမယ့်အဝတ်အစားတွေကိုပဲ
ရွေးပြီးဆင်ပေးသည်
လက်အိတ်နဲ့​ခြေအိတ်ကိုသေချာဝတ်ပေးပြီး
အပေါ်ကနေခြုံထည်တစ်ခုခြုံပေးသည်
ပြီးတော့ခေါင်းစွပ်အနီလေးကိုလည်းစွပ်ပေးသည်

"ဒါက ကျနော့်လက်ဆောင် "

"ဒီခေါင်းစွပ်ကမင်းကိုယ်တိုင်လုပ်ထားတာလား"

ခေါင်းကိုခပ်ဆတ်ဆတ်ငြိမ့်ပြပြီး
တစ်ဖက်သို့လှည့်လိုက်ပေမဲ့
နားရွက်ဖျားတွေကတော့ရဲတက်နေသည်

ရှောင်းကျန့် အဖြစ်က ပိုးတုံးလုံးလေးလို
အထုပ်လေးဖြစ်နေသည်

ဘေးနားကအမေကြီးလို ဂရုတစိုက်ထိန်းပေးနေသည့်
ရိပေါ်

ငါ့ကလေးလေးရှောင်းကျန့်အအေးလုံးဝမမိစေရဘူး
ဆိုတဲ့ရည်ရွယ်ချက်ကိုနှလုံးမူပြီး
အနှီးထုပ်ပေးလိုက်သည့်
ရိပေါ်

သူကတော့သူ့လုပ်ရပ်ကိုဂုဏ်ယူနေသည့်ပုံ
သို့သော်အပြင်တွင်တော့နားရွက်ဖျားလေးရဲနေရုံသာ

"နှင်းတွေကမင်းနဲ့တူတယ်"

လက်အိတ်စွပ်ပေးထားတဲ့လက်လေးက
နှင်းတွေကိုခံယူနေရင်း
သူ့ကိုစကားဆိုသည်

ခပ်တွေတွေငေးကြည့်ရင်း
ဒီလူသားကိုပိုင်ဆိုင်ချင်လာတယ်

"ဒါနဲ့ ဘယ်တော့ပြန်ရမှာလဲ"

"နောက် သုံးရက်နေရင်"

"အင်း."

"အေးလာပြီ အထဲဝင်ရအောင်
ခင်ဗျားကနေကောင်းခါစ "

"ဟုတ်ပါပြီ "

မီးလင်းဖိုလေးဖိုထားတဲ့ရှေ့မှာ ရှောင်းကျန့် ကိုထိုင်စေသည်
ကော်ဖီနဲ့နွားနို့ကိုသေချာစပ်ပြီးရှောင်းကျန့်ကိုပေးသည်

ကော်ဖီလေးသောက်ရင်း
မီးလင်းဖိုလေးကိုငေးကြည့်သည်

အခြေအနေကတိတ်ဆိတ်လျက်

အလုပ်သမားတွေကိုလည်းအနားပေးထားသောကြောင့်
အိမ်မှာသူနှင့်ရိပေါ်နှစ်ယောက်တည်း

"စာအုပ်ကဖတ်လို့ပြီးသွားပြီလား"

"ဟင့်အင်း မဖတ်ဖြစ်တာတောင်ကြာနေပြီ"

ရိပေါ်ကစကားကိုမစတတ်ပေ
သူစတင်ထားတဲ့စကားဝိုင်းလေးက
နှစ်ကြောင်းထဲနဲ့အဆုံးသတ်သွားသည်

ရှောင်းကျန့် ရိပေါ်ကိုကြည့်ပြီး ပြုံးမိပြန်သည်

"ငါအိပ်ပျော်ဖို့အတွက် အဲ့စာအုပ်ကိုဖတ်ပြပေးနိုင်မလား "

ရိပေါ်မျက်လုံးတွေကအရောင်လက်သွားပြီး
သဘောတူကြောင်းခေါင်းညိမ့်ပြသည်

မီးလင်းဖိုရှေ့ မွေ့ယာလေးခင်းပြီး
ရှောင်းကျန့် ကိုဖက်ထားသည်

လက်ထဲကစာအုပ်လေးကိုလည်းဖွင့်ကာ
အသံမှန်မှန်လေးနဲ့ဖတ်ပြနေသောကောင်လေး

သူ့ရဲ့ဘဝကအခုမှပြည့်စုံသွားသလိုပင်။




© 梅花 白,
книга «NEEDFULL (家)».
Коментарі