Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 15

[ ရှောင်းလုပ်ငန်းစုမှလူ၃​ယောက်အကြောင်း]

ပြိုလဲလုနီးပါးဖြစ်နေတဲ့စီမံကိန်းက
ရှောင်းကျန့် လက်အောက်မှာပြန်ပြီးတည်ငြိမ်လာသည်

သူ့ရဲ့ကျန်းမာရေးကတော့ စိုးရိမ်ဖွယ်

ပြန်ပြီးတည်ဆောက်နေတဲ့ အခြေအနေကို
စစ်ဆေးပြီးနောက်
ရှောင်းကျန့် လဲကျသွားသည်

"သူဋ္ဌေးရှောင်း!!!!!!!"

အော်ဟစ်ကာခေါ်နေတဲ့သူတွေရဲ့အသံကို
ဝေဝါးစွာကြားနေရတယ်

သူအရမ်းကိုပင်ပန်းနေရပြီ
အရာအားလုံးကို လွှတ်ချချင်နေခဲ့သည်

"သား အဖေမရှိတော့ရင်တောင် ရှောင်းလုပ်ငန်းစုကို
ကာကွယ်ပေးပါ ဒါက မကျေပွန်ခဲ့တဲ့အဖေ့ရဲ့တာဝန်ကို
သားဖြည့်ဆည်းပေးပါ "

မျက်တောင်စိပ်စိပ်တွေကာရံထားတဲ့မျက်ဝန်းတွေက
ပွင့်လာသည်

နေရောင်ကိုထိတွေ့မိတော့အသားမကျသလို
ပြန်ပြီးမှိတ်သွားသည်

စကားပြောရန်အားယူလိုက်သော်လည်း
ခြောက်သွေ့နေသောလည်ချောင်းကြောင့်
ခက်ခဲနေသည်

တပ်ထားတဲ့အောက်စီဂျင်မက်စ်ကို
ဖြုတ်ဖို့အားတောင်မရှိပေ

ဟင်း~

ထပ်ပြီးမေ့လဲပြန်ပြီ

အခန်းထဲဝင်လာတဲ့ လင်း က

"နင်သတိရပြီ ကျန့် သတိရပြီ "

ဆေးရုံတစ်ရုံလုံးပြိုကျမတတ်အော်ဟစ်ပြီး
သူ့ဘေးနားရောက်လာသည်

တစ်ကိုယ်လုံးကိုသေချာစစ်ဆေးပြီး
အောက်စီဂျင်မက်စ်ကိုဖြုတ်ပေးသည်

အခုမှနေရတာသက်တောင့်သက်သာရှိသွားသလိုပဲ

"စီမံကိန်းအဆင်ပြေလား"

"ဘာ!!!!!!"

ဒေါသထွက်နေသော လူ၃ယောက်
ကျန်းချန် လင်းအာ ရှီးချန်

"မင်းသတိမေ့နေတာ တစ်ပတ် ရှိပြီကွ သိလား"

လူနာကိုဆွဲထိုးမတတ်ဖြစ်နေသောကျန်းချန်အား
ရှီးချန်နဲ့လင်းအာဆွဲထားရသည်

ဆွဲထားတဲ့သူတွေရဲ့မျက်နှာတွေကလည်း
လူသတ်မလိုအကြည့်တွေနဲ့

"အော် အဲ့လောက်တောင်ကြာသွားပြီပဲ"

အကြီးဆုံးဖြစ်တဲ့ရှီးချန်ကစိတ်ကိုထိန်းကာ

"အေး စီမံကိန်းအတွက်လည်းစိတ်မပူနဲ့
ယုံချန်းကသေချာစီစဉ်ပေးနေတယ်
ဦးလေးချန် ကလည်း လုပ်ငန်းစုက ပြဿနာတွေကို သေချာစီမံနေတယ် အခုမင်းလုပ်ရမှာက နားနေဖို့ပဲ"

"တရားမဝင်လုပ်ငန်းတွေရဲ့သက်သေတွေရပြီလား"

လင်းအာ ဒေါသတွေကွဲထွက်လာပုံရသည်

"ဟဲ့ အဘိုးကြီးကျန့် ဒီမှာကြည့်စမ်း
ဒီခလုတ်လေးကိုဖိလိုက်တာနဲ့ ဟိုကလေးကိုဆက်သွယ်ပြီးသားဖြစ်သွားပြီ
ငါပြောပြလိုက်ရမလား နင်အခုလိုဖြစ်နေတာကို"

"ကျန်းချန် သောက်ရမယ့်ဆေးပေး
ပင်ပန်းလို့ အိပ်ချင်နေပြီ"

ကျန်းချန် နဲ့ ရှီးချန် က လက်ခုပ်သံတဖြောင်းဖြောင်းနဲ့

လင်းအာကတော့ Bossအထာဖမ်းလျက်

အိပ်ဆေးတိုက်ထားသောကြောင့်
နှစ်ခြိုက်စွာအိပ်ပျော်နေသော ရှောင်းကျန့် ကိုကြည့်ပြီး
သူတို့၃ယောက်လုံးသက်ပြင်းချရသည်.

"ဘယ်လိုလုပ်ရမလဲ ဒီတစ်ခါ ရှောင်းကျစ်မင်း မွှေတာ ပြဿနာအကြီးစားပဲ"

"သူမနိုးလာခင် အဆုံးသတ်နိုင်ဖို့မျှော်လင့်ရတာပဲ"

"ငါသူ့ကိုဆေးရုံမှာ အကြာကြီးထိန်းနိုင်မှာမဟုတ်ဘူး
ပြဿနာကအခုချက်ချင်းပြီးမယ့်ပုံလည်းမဟုတ်ဘူး
ဘာလို့စောက်ပြဿနာချည်းပဲလဲ"

"ကျန်းချန် မဆဲရဘူး"

"ထပ်ဆဲဟဲ့ အဲ့အဘိုးကြီးက လူမဆန်တာအများကြီးလုပ်ထားတာ
ဒီတစ်ခေါက် စတော့ဈေးကွက်ကို သူ့ဘာသာ ထောင်ပြီး ဖြစ်တဲ့ကိစ္စကျ ရှောင်းလုပ်ငန်းစုကို လွှဲချတယ်
ဒီ​တစ်ခါကိုလည်း တာဝန်ယူတတ်တဲ့သူက စောက်ပိန်းလို
သူ့ရှယ်ယာတွေကိုလိုလိုလားလားထိုးပေးဦးမှာ"

"ကောတို့ရှေ့နေအဖွဲ့ကနေလည်း နစ်နာသူတွေကိုဖြေရှင်းဖို့ကြိုးစားနေတာပဲ
ဘယ်လိုဖြစ်လို့ဆန္ဒပြတဲ့သူတွေပါပါပြီး
အခုလိုကိစ္စကြီးသွားမှန်းမသိဘူး "

"တကယ်လို့ဒီကိစ္စကိုပါ ကျန့် ကခေါင်းခံပြီး
ကူညီရင် လုပ်ငန်းစုမှာ သူ့နေရာမတည်မြဲ​တာတွေ
ဖြစ်လာလိမ့်မယ် လင်းရဲ့ရှယ်ယာက ဟိုစောက်အဘိုးကြီးထက်ကျော်ပေမဲ့ မဲခွဲဆုံးဖြတ်ရင်
စိုးရိမ်စရာပဲ "

"ဟင်း တကယ့်ကို ပြဿနာပဲ ဒါကို ကျန့် ကပဲဖြေရှင်းနိုင်မှာ
ဒါပေမဲ့ သူ့ကျန်းမာရေးကလည်း အပင်ပန်းခံတာနဲ့လဲမယ့်အနေအထား"

"လင်း တို့ ဟိုကလေးကိုမေ့နေကြတာလား"

"လင်း မဖြစ်ဘူး ကျန့် သိရင် ပိုဆိုးသွားမယ်
ကျန့် ဘေးနားကိုယ်ရံတော်သိပ်မထားပေမဲ့ အခုတလော ဆယ်ယောက်ထက်မနည်းသူ့အနားမှာရှိနေတာ မရိပ်မိဘူးလား"

"သိတော့သိပါတယ် တကယ်ပါပဲ စိတ်ရူပ်ဖို့ကောင်းလိုက်တာ"

"ထားပါတော့ အခုတော့ခေါင်းအေးအေးထားပြီး
စဉ်းစားရမယ် ကျန်းချန် ကျန့် ကို နှစ်ရက်လောက်ထိ
သေချာထိန်းထားဦး ကိုယ်နဲ့လင်း အခြေအနေကိုရအောင်ထိန်းကြည့်မယ်"

အား​ကြိုးမာန်တက်ပြောပြနေသော ရှီးချန်

ရှိနေတယ်လို့​တောင်မထင်ဘဲ ငိုက်နေသော ကျန်းချန်

"သူလည်းပင်ပန်းနေခဲ့တာပဲ "

ဆိုဖာပေါ်အိပ်ဖို့အဆင်ပြေအောင်ပြင်ပေးလိုက်သည်
ဘေးကစောင်ပါးကိုသေချာခြုံပေးပြီး
နဖူးကိုနမ်းလိုက်သည်

ဘေးတွင်ရှိနေသောလင်းအာ

凸(-_-)凸

အတွဲတွေဆိုဘယ်အတွဲမှမကောင်းဘူး!!!!!!!!

မနှောင့်ယှက်ချင်လို့သာထွက်လာရတယ်
အတွဲတွေကိုကျိန်ဆဲနေတာစိတ်ထဲကနေ

ကားကိုကျွမ်းကျင်စွာဖြင့်ကလပ်သို့
မောင်းလာခဲ့သည်
အချိန်အားဖြင့် ည၉နာရီကျော်

စိတ်ဖြေဖျောက်ရမယ်မဟုတ်လား

အရက်ပြင်းပြင်းတွေက သူမ ကိုမမူးစေပါ

အရက်သောက်ရတာပျင်းလာသောကြောင့်
အရောင်စုံသောလူတွေကိုလိုက်ကြည့်နေသည်

ခလွမ်း~~

ဖန်ခွက်တွေကွဲကျသံ ပြီးတော့ လူတစ်ယောက်က ထိတ်လန့်စွာတောင်းပန်သံ

လင်းအာ အစောကတည်းကလူတွေကိုလိုက်ကြည့်နေတာ

ဝိတ်တာလေးကိုတမင်သက်သက်တိုက်သွားတဲ့
ကောင်မလေး ဘေးက သူ့ဘဲအားကိုးနဲ့

ကောင်လေးကြည့်ရတာချစ်စရာလေးပါ
ကြာပန်းဖြူလေး

ရန်ပွဲကိုစိတ်မဝင်စားလို့ ရှေ့ကခွက်လေးကောက်မော့ပြီး
ဘေးကအဆင်လေးကို လှမ်းစမယ်ကြံသော်လည်း

ခဏခဏ အဲ့တာ ကော်ဖီဆိုင်က ကောင်လေးမလား
ဒီဖေမျိုး!

ထျန်းလန် မှာယူထားသောဧည့်သည်တွေဆီ
ပေးပို့ဖို့လျောက်လာခဲ့သည်

သူရဲ့ခြေထောက်အားတားဆီးလိုက်သော သူတစ်ယောက်
ဟိုတစ်ခေါက်က သူကိုအိပ်မလားဆိုပြီး
မေးသွားတဲ့ အမပဲ

ကျောင်းစရိတ်အတွက် အချိန်ပိုင်းအလုပ်တွေလုပ်နေပြီး
သူကရှက်ရွံတတ်သည့်လူတစ်ယောက်

အနိုင်ကျင့်ချင်စရာရုပ်လေးဖြစ်နေတဲ့ထျန်းလန်

ကလပ်မှာမတတ်သာလို့သာလုပ်နေရတယ်
သူကထိုကိစ္စတွေကိုလုပ်ဖို့ရှက်ရွံနေသည်

အရင်တစ်ခေါက်က သူမကိုငြင်းဆန်လို့
ပါးရိုက်ခံခဲ့ရတာမှတ်မိသေးသည်

သူထပ်ပြီးမလာချငိတော့သော်လည်း
ဒီအလုပ်ကပိုပြီးငွေရတာကြောင့်
သည်းခံပြီးဆက်လုပ်နေခဲ့သည်

ကျကွဲသွားတဲ့ဖန်ခွက်တွေကိုကြည့်ပြီး
ထျန်းလန်ငိုချင်လာသည်
သို့သော်သူကယောကျာ်း
ဘွားဘွားကပြောထားတယ်
ယောကျာ်းလေးကမငိုရဘူး

"ငါ့ရဲ့ဖိနပ်ကိုစိုသွားပြီ
ပြန်သုတ်ပေးစမ်း"

လဲကျနေသောသူ့အားမထူပါဘဲ
ဝိုင်းကြည့်နေကြတဲ့သူတွေ

တစ်ချိန်ကမြင်ကွင်းကိုပါပြန်သတိရလာသလို
ကြောက်ရွံနေခဲ့သည်

ဒီကောင်ကအလကား ဘာမှအသုံးမကျဘူး
ပျော့တိပျော့ဖတ်နဲ့ရိုက်ကြစမ်း ဟေ့ကောင်တွေ

"ဟဲ့ သုတ်ပေးလို့ပြောတာမကြားဘူးလား"

ကျောက်ရုပ်လိုရပ်နေမိသည်
သူခံစားလိုက်ရတာက အနံ့ပြင်းနေတဲ့ဝိုင်တွေ
သူ့အပေါ်ကိုလောင်းချလိုက်တာကိုပင်

"ဒီပုံစံနဲ့များအလုပ်လုပ်နေသေးတယ်
နင့်ကိုယ်ကိုအသုံးချပြီးပဲစီးပွားရှာသင့်တာ သိလား
ကောင်လေး "

သူ့ပါးကိုထိတွေ့တော့မယ့် သူမရဲ့လက်

သို့သော်သူ့ရှေ့ပိတ်ရပ်လိုက်သောသူတစ်​ယောက်

"အိုး အလှလေးက စောက်ရှက်မရှိဘူးပဲ"

"နင် "

သူမရဲ့လက်အားဆွဲလိုက်ပြီး
နားနားသို့ကပ်ကာ

"ငါ့နာမည်ကိုသိလား လင်းအာတဲ့
ငါ့ရှေ့မှာ အစွယ်ထုတ်ပြနေတာ ရိုက်ချိုးခံချင်တာလား "

ကြားလိုက်ရတဲ့ကောင်မလေးက
ကြောက်လွန်းလို့တုန်နေသည်

သူမက ကျားရှေ့မှောက်ရက်လဲတာပဲ

ရှောင်းလုပ်ငန်းစုက ကြောက်စရာအကောင်းဆုံး
လူ၃ယောက်ထဲကမှတစ်ယောက်နဲ့
ပတ်သတ်မိပြီ

သူဋ္ဌေးရှောင်းဟွေ့သေဆုံးသွားတာနဲ့ပြိုလဲနေတဲ့
လုပ်ငန်းစုကိုတစ်လအတွင်း
ပြန်တည်ထောင်နိုင်သောရှောင်းကျန့်
များစွာသောထိုးနှက်မှုတွေက
သူ့အတွက်ဂိမ်းဆော့နေသလို
ဖြေရှင်းသွားသောသူ
ရုပ်လေးချောသလောက် ရက်စက်မှုအပြည့်ရှိတဲ့သူ
တရားမျှတမှုအတွက် ဘာမဆိုလုပ်ရဲသည်
ပြုံးခဲလှသည့်သူက ပြုံးလိုက်ပြီဆိုရင် ထိုလူအသက်အာမမခံနိုင်တော့ပေ

သူတို့လိုအမှောင်ထဲကလူတွေအတွက်တော့
ကြောက်မက်ဖွယ်နတ်ဆိုး

အလင်းထဲကလူတွေအတွက်ကတော့သူကနတ်သား

ရှေ့နေရှီးချန်ဆိုသောသူမှာလည်း အပြုံးလေးနဲ့နေသောသူ
ထိုသူရဲ့အပြုံးနောက်တွင် မသိနိုင်သောရက်စက်မှုများစွာရှိသည်

​နောက်ဆုံးတစ်ယောက်က လင်းအာ
ဟက်ကာတစ်ယောက်ဖြစ်ပြီး
စိတ်​မြန်လက်မြန်ရှိသောမိန်းကလေးတစ်​ယောက်
အနိုင်ကျင့်မှုမှန်သမျှကိုမုန်းတီးသောသူမ
​ယောကျာ်းသားတွေကိုပါရင်ဘောင်တန်း၍ချနိုင်သူ

ထိုသူတွေနဲ့ဝေးရာမှာ နေနိုင်တာအကောင်းဆုံးပင်
ဘာကြောင့်အခုလိုသူမနဲ့သွားပတ်သတ်မိရတာလဲ



© 梅花 白,
книга «NEEDFULL (家)».
Коментарі