Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 3

[မင်းငါနဲ့အတူနေမလား]

မှိတ်ထားတဲ့မျက်ဝန်းတွေက
နွေးထွေးတဲ့နေရောင်ခြည်အောက်မှာ
လူးလွန့်လာတယ်

အိပ်ရတာကြာသွားလို့ထထိုင်ရန်ပြင်လိုက်ပေမဲ့
ပတ်ဝန်းကျင်ကို ခန့်မှန်းကြည့်တော့
ဆေးရုံကိုရောက်နေကြောင်းသတိပြုမိတယ်

သူဒီတစ်လအတွင်းဆေးရုံရောက်တာငါးခေါက်ရှိပြီ
အိပ်ပျက်တဲ့ညတွေကိုသူ့ကိုယ်ကခံနိုင်ရည်မရှိပေဘူး

ကြာရှည်ဆက်သွားရင်အိပ်မပျော်လို့သေတဲ့လူဆိုပြီး
သတင်းစာခေါင်းကြီးပိုင်းမှာနာမည်ယူတော့မည်ဖြစ်သည်

ထထိုင်လိုက်တော့ဆေးသွင်းထားတဲ့လက်ကို
လှုပ်ရှားမိသလိုဖြစ်ကာ တိတ်ဆိတ်နေတဲ့အခန်းလေးထဲ
ဆူညံသံတွေထွက်ပေါ်လာသည်

မျက်နှာသစ်ပြီးသန့်စင်ရန်
သန့်စင်ခန်းသွားဖို့အတွက် ကုတင်ပေါ်မှဆင်းရန်ပြင်သည်

အားမရှိတဲ့ကိုယ်က ကုတင်ပေါ်ကပြုတ်ကျပြီး
ဆေးရုံကြမ်းပြင်နဲ့မိတ်ဆက်လေတော့သည်

သူတကယ်ကြုံလိုက်ရတာမာကျောတဲ့ကြမ်းပြင်မဟုတ်ဘဲ
တောင့်တင်းတဲ့လက်တစ်စုံထဲသို့ဖြစ်သည်

ဒီနွေးထွေးမှုကသူ့ကိုသက်တောင့်သက်သာဖြစ်စေသည်
ဒါ ဒါကသူသတိမလစ်ခင်ရတဲ့နွေးထွေးမှုနဲ့
တူနေသည်

သူ့ကိုကုတင်ပေါ်သို့ပြန်တင်ပေးသော
ကောင်လေးကိုကြည့်ပြီး ထက်မြက်လှတဲ့ခေါင်းကို
မြန်မြန်အလုပ်ပေးလိုက်သည်

သူ့ကိုကယ်တင်ခဲ့တဲ့သူပဲ

"မင်းကငါ့ကိုကယ်ခဲ့တယ် "

ဘာစကားမှမဆို သူ့ရဲ့ခြေထောက်တွေကိုသာငေးကြည့်နေသည်

အေးစက်စက်အပြုအမူကသူစိမ်းဆန်တယ်ထင်ရသော်လည်း
ထိုကောင်လေးရဲ့အပြုအမူတွေက သူ့အပေါ်တမျိုးတမည်နွေးထွေးတယ်လို့ခံစားရသည်

အဝတ်အစားတွေကညစ်ပေနေသော်လည်း
အမူအရာတစ်ခုမှမရှိတဲ့မျက်နှာသေလေးက
ကလေးဆန်ဆန်ချောမောဆဲ ကြည့်ရတာ ထိုကောင်လေးရဲ့ချောမောမှုကို ဘယ်အရာမှတားဆီးနိုင်ပုံမရ

"စိတ်မရှိရင် ငါ့ကိုကူတွဲပေးပါဦး
သန့်စင်ခန်းဝင်ချင်လို့"

ကူတွဲပေးခါမှထိုကောင်လေးက
သူ့ထက်အရပ်အနည်းငယ်ပုလေသည်

မျက်နှာသစ်ရန်အစသူကိုလုပ်ပေးနေသော
ကောင်လေးကိုကြည့်ပြီး သူပင်ကြောင်သွားလေသည်

မင်းနဲ့ငါကအရင်ကတွေ့ဖူးခဲ့ကြလား

သန့်ရှင်းရေးကိစ္စပြီးဆုံးသွားတဲ့အခါ
သူကကုတင်ပေါ်သို့ပြန်ရောက်နေပြီ
သူ့ဘေးတွင်ကောင်လေးကခပ်မတ်မတ်ထိုင်နေဆဲ

"မင်းနာမည် ဘယ်လိုခေါ်လဲ "

"မျိုးရိုးက ဝမ် နာမည်က ရိပေါ် "

"အော် ငါကတော့ ရှောင်းကျန့် "

"မင်းကိုကြည့်ရတာ အခက်အခဲတစ်ခုခုကြုံနေတာလား
ငါ့ကိုပြောပြပါ ငါ့ကိုကယ်တဲ့အတွက် မင်းကိုလည်း ငါကျေးဇူးတုံ့ပြန်သင့်တယ်မဟုတ်လား"

"အလုပ်ခန့်ပေးလို့ရမလား"

ဘွဲ့တောင်မရသေးတဲ့ကောင်လေးက
အလုပ်ကိုတောင်းဆိုတယ် သူ့ရဲကိုယ်ရေးရာဇဝင်ကိုတောင်
တစ်လုံးမှမသိရပါဘဲနဲ့လေ

"မင်းဘွဲ့ရပြီးပြီလား"

"အထက်တန်းအောင်ပြီးပြီ"

"ဒါဆိုငယ်တာပဲ "

ခပ်တွေတွေဖြစ်သွားတဲ့ရှောင်းကျန့်ကိုကြည့်ပြီး
ရိပေါ်မျက်နှာလေးကအနည်းငယ်ညိုးငယ်သွားသည်

သူ့တွင်ဘာအသိမှမရှိသောကြောင့်
ထို့အပြင်သူကဘွဲ့မရသေးသောကြောင့်
ကလေးသာသာပဲရှိသေးသည်

"ဒီလိုလုပ် ဒါနဲ့မင်းမိဘတွေရော တစ်ကောင်ကြွက်လား"

စကားများများစားစားမပြောဖူးတဲ့ရှောင်းကျန့်ကတော့
သူ့ရှေ့ကရိပေါ်ဆိုသူရဲ့အကြောင်းတွေကို
သိဖို့အတွက် စကားတွေအများကြီးပြောနေသည်

သူရဲ့ပြောင်းလဲမူကိုသူကိုယ်တိုင်တောင်
သတိမထားမိပေ

"အင်း "

"မင်းကိုငါပေးနိုင်တဲ့အလုပ်ရယ်လို့တော့မရှိဘူး
ဒါပေမဲ့ ငါ့ရဲ့အစေခံလုပ်ပေး"

ပိုင်စိုးပိုင်နင်းပြောလိုက်ခြင်းဖြစ်ပေမဲ့
ရိပေါ်လက်ခံလိမ့်မယ်လို့ရှောင်းကျန့်မထင်ထားပေ

အေးစက်စက်မျက်နှာလေးကအမူအရာကင်းမဲ့နေပြီး
တစ်စုံတစ်ခုကိုအပြင်းအထန်တွေးတောနေဟန်ရှိတယ်

"ငါပြောတာ လွန်သွားမယ်သိမှန်းပါတယ်"

"ကျနော်လက်ခံတယ် "

ပြတ်သားလှတဲ့အသံက
ရှောင်းကျန့်ရဲ့ထပ်ပြောမယ့်စကားတွေကို
တိခနဲဖြတ်ချသွားတယ်

"ငါ့ရဲ့အစေခံဆိုတာနာမည်ခံပါ အဓိကငါနဲ့အတူနေမလား"

"အင်း."

"မင်းလက်ခံတယ်ဆိုလည်းပြီးတာပဲ"

ထိုစဉ်ဆေးရုံအခန်းတံခါးကပွင့်လာသည်

"မင်းဆေးရုံမှာပဲနေပါလား
ဆေးရုံနဲ့အိမ်နဲ့ကူးနေရတာမမောဘူးလား"

စစ်ဆေးစရာရှိတာစစ်ဆေးပေးနေပြီး
ပါးစပ်ကလည်းအဆူမပြတ်သောကျန်းချန်
ရှောင်းကျန့်ယုံကြည်ရတဲ့သူနောက်တစ်ယောက်

သူယုံကြည်တဲ့သူဆိုလို့ ကျန်းချန် ဦးလေးချန်
ရှီးချန်ကော သူ့ရဲ့ကိုယ်ရံတော်
အခုတော့ကောင်လေးတစ်ယောက်တိုးလာပေတော့မည်

"ငါလည်းစဉ်းစားနေတာ မင်းကိုငါ့အိမ်မှာခေါ်ထားမလားလို့"

"မင်းရဲ့ကျန်းမာရေးကိုမင်းဘာသာဂရုမစိုက်ဘဲ
ဘာကိစ္စငါ့ကိုခေါ်ထားဖို့ကြံစည်နေတာလဲ"

အိပ်မပျော်တဲ့ရောဂါအပြင်
အစားအသောက်မမှန်သောကြောင့်
အစာအိမ်ရောဂါပါရှိနေလေသည်

ဘာစကားမှမဆိုဘဲတိတ်သွားတဲ့ရှောင်းကျန့်ကြောင့်
ကျန်းချန်ကမျက်လုံးပင့်ကြည့်တယ်
ပြောချင်တာကဘာဖြစ်သွားတာလဲ

"ငါ ဒီကလေးကိုမွေးစားမလားလို့"

"ဟမ်.."

ရေခဲငွေ့တလူလူထွက်နေသောအနှီကောင်လေးကို
ကြည့်ရင်း ကျန်းချန်တစ်ကိုယ်လုံးအေးစက်သွားသလို
ခံစားရသည်

"မင်းကခုမှတွေ့တဲ့သူတစ်ယောက်ကိုမွေးစားချင်နေတာလား"

"အင်း."

"မွေးစားဖို့ဆိုရင် ရူပ်နေမယ် ဒီအတိုင်းပဲခေါ်ထားစမ်းပါ"

"အင်း "

စောနကသူ့ကိုစကားတွေအများကြီးပြောတဲ့သူက
သူ့ရှေ့ကလူဟုတ်ရဲ့လားဆိုပြီးတွေးတောနေရတဲ့ရိပေါ်

တည်ကြည်သွားတဲ့မျက်နှာထားကယောကျာ်းဆန်တယ်
ခပ်ထူထူမျက်ခုံးတွေကစဉ်းစားနေတဲ့အခါ
စုလိုက်ကြုံလိုက်ဖြစ်နေပုံကိုက လှပလွန်းတယ်
သွယ်မယောင်လက်တွေကတစ်စုံတစ်ခုကိုချရေးနေပြီး
ဦးလေးချန်ဆိုသူကိုဖုန်းဆက်နေတယ်

ညနေလောက်ကျတော့ ရိပေါ် ရှောင်းအိမ်တော်ကို
ရောက်လာတယ်
မနက်ကလိုအားနည်းတဲ့ပုံစံကနေ
ထူထူထောင်ထောင်ဖြစ်လာတဲ့ရှောင်းကျန့်

ရှေ့ကနေသေချာလျောက်ပြီးရိပေါ်ကို
အိမ်ထဲသို့ဦးဆောင်ခေါ်လာတယ်

အိပ်ခန်းထဲမှာ ရိပေါ် ကိုထားခဲ့ပြီး
ဦးလေးချန် ကိုယ်ရံတော်ယုံရယ်ကို
စီစဉ်ခိုင်းစရာရှိတာတွေခိုင်းနေသည်

ရိပေါ်ရှိနေတဲ့အခန်းထဲသို့
အဒေါ်ကြီးတစ်ယောက်ကရောက်လာတယ်
နွေးထွေးတဲ့အပြုအမူတွေနဲ့
ရေချိုးအဝတ်အစားလဲဖို့ပြောသည်

ပြန်လည်ထွက်ခွာသွားတဲ့အဒေါ်လီဆိုသူအား
ခဏပြန်ဆွဲခေါ်သည်

သူဒါတွေကိုမသုံးတတ်ဘူးမဟုတ်လား
တစ်ခေါက်ပြရင်တစ်သက်လုံးမှတ်မိနေတတ်တဲ့
အကျင့်ရိပေါ်မှာရှိသည်

ခဏလေးနဲ့တင်သူကရေချိုးခြင်းအမှုပြီးစီးသွားသည်

ညစာစားဖို့ အဒေါ်လီက ရိပေါ်ကိုလာခေါ်တယ်
ရှောင်းကျန့် ဆိုသူကိုသူမတွေ့ရသေးပေ

ညဥ့်နက်တဲ့အထိ ရှောင်းကျန့် က စာကြည့်ခန်းထဲမှာ
အလုပ်လုပ်နေခဲ့တယ်

ထူထူထောင်ထောင်ဖြစ်လာတဲ့ကိုယ်က
ခဏတွင်းမှာတင်ပြန်ပြီးပြိုလဲချင်နေသည်

စာကြည့်ခန်းတံခါးကိုဖွင့်တော့
နို့ခွက်ကိုကိုင်ထားသောရိပေါ်ကိုတွေ့သည်

"ခင်ဗျား အတွက် "

သူကအခုဆိုပင်ပန်းနေပြီ
နို့မပြောနဲ့ရေတောင်မသောက်ချင်ပေ
တစ်နေရာကိုသွားပြီးခွေချင်နေသည်

သို့ပေမဲ့ ရိပေါ်ပေးသောနို့ခွက်ကိုတော့
မသောက်ဘဲကျော်သွားရင် သူ့စိတ်ထဲ
ထိုကလေးဝမ်းနည်းမယ်လို့ထင်မှတ်နေသည်

အေးစက်နေတဲ့မျက်နှာထားကဘာအမူအရာမှ
မပေါ်သော်လည်း သူကတော့ထင်မှတ်နေမိသည်

နို့သောက်ပြီးခွက်အားရိပေါ်ကိုပေးခဲ့ပြီး
အိပ်ခန်းထဲသို့လေးကန်သောခြေလှမ်းများဖြင့်
သွားလေသည်

အဒေါ်လီကအံံ့သြနေသောမျက်နှာဖြင့်

"သခင်လေးရှောင်းသောက်အောင် သားလေးဘယ်လိုလုပ်လိုက်လဲ အရင်ကဆိုရေတောင်မသောက်ဘူး အခန်းထဲတန်းအိပ်တာ "

နို့ခွက်အား အဒေါ်လီကိုပေးခဲ့ပြီး
အိပ်ခန်းထဲသို့ဝင်လာသည်

အိပ်နေပြီဟုထင်ခဲ့သော်လည်း
သူကတော့စာအုပ်ဖတ်နေသည်

"ခင်ဗျားအိပ်ဖို့အချိန်ကျော်နေပြီ"

"ငါအိပ်လို့မရဘူး"

"ကျနော်ဘာလုပ်ပေးရမလဲ"

"ငါ့ဘေးနားလာအိပ် "

ရိပေါ်စကားပြန်မပြောဘဲ
ရှောင်းကျန့် ဘေးနားကိုဝင်လှဲလိုက်သည်

ရှောင်းကျန့် ကစာအုပ်ကိုဘေးချလိုက်ပြီး
သူ့ထက်သေးသောရိပေါ်အားဖက်ထားလိုက်သည်

အနားယူချိန်မရှိဘဲခရီးနှင်လာတာရယ်
ထိခိုက်ဒဏ်ရာရထားတာကြောင့်ရယ်
တော်တော်ပင်ပန်းနေသောရိပေါ်ကတော့
ချက်ချင်းပင်အိပ်ပျော်သွားသည်

ရှောင်းကျန့် သူ့ရင်ခွင်ထဲတွင်ရှိနေသောသူရဲ့အသက်ရူသံအား
နားထောင်ရင်းမကြာခင် အိပ်ပျော်သွားသည်

ရိပေါ်ကရှောင်းကျန့်အတွက် အိပ်ဆေးလေးလိုပင်။

[ရိပေါ်ရဲ့ခံစားချက်]

ကုတင်ပေါ်မှဆင်းရန်ပြင်သောသူကိုကြည့်နေသည်
မကြာခင်ပြုတ်ကျမယ့်
အရိပ်အယောင်ကိုမြင်နေကသော်လည်း
သူသည်လှုပ်ရှားမှုမရှိပေ

ပြုတ်ကျမည့်အချိန်တွင် သူ့ရဲ့ကိုယ်​က
အလိုအလျောက်သွားဖမ်းလိုက်သည်

ပထမတစ်ခေါက် ထိုလူ့အပေါ်အုတ်ခဲတွေကျတုန်းကလည်း
ထိုနည်းအတိုင်းပဲပင်
ရောက်တတ်ရာရာသွားနေတဲ့သူက
ဆောက်လုပ်ရေးဆိုက်တစ်ခုရှေ့တွင်
အချိန်အတော်ကြာထိ ရပ်နေမိသည်

သူရှေ့ဆက်သွားဖို့မဖြစ်နိုင်တာကြောင့်
ရပ်ကြည့်နေတဲ့အချိန် လူတစ်ယောက် အပေါ်သို့
အုတ်ခဲတွေကအညှာအတာမရှိပြိုဆင်းနေသည်

ဘယ်သူစေခိုင်းမှုမှမပါဘဲ
ခံစားချက်အရထိုလူကိုကာကွယ်ပေးခဲ့သည်

နားလည်ရခက်တဲ့ခံစားချက်ကဘာကြောင့်လဲ

ကူတွဲပေးပြီးမျက်နှာသစ်ရန်ကအစ
သူပဲလုပ်ပေးနေမိသည်

သူ့မိခင်ကလွဲပြီး ကျန်တဲ့သူ့အား
ပြုစုစောင့်ရှောက်ဖို့စိတ်ကူးမရှိသော်လည်း

သူ့ရှေ့ကလူကိုတော့ နေ့စဉ်လုပ်ပေးနေကြဖြစ်စဉ်လို
ပြုမူနေမိသည်

ခံစားချက်တွေကတကယ်ကိုရူပ်ထွေးလွန်းနေပြီဖြစ်သည်

သူ့ရဲ့အစေခံလုပ်မလားဟုဆိုတုန်းက
စိတ်ဆိုးခြင်းတစိုးတစိမှမရှိဘဲ
ပျော်ရွှင်နေတယ်လို့ပါခံစားမိနေသည်

ဆယ့်ရှစ်နှစ်သားလေးရိပေါ်အတွက်
ထိုခံစားချက်ကြီးကကြီးမားသော
ပဟေဠိဖြစ်နေခဲ့သည် ။

© 梅花 白,
книга «NEEDFULL (家)».
Коментарі