Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 8

[ပြန်လည်သတိရမိသောနေ့ရက်များ-၁]

အသက်ပြည့်တာသိပ်ကြာပုံမရသေးတဲ့ကောင်လေး
သေးညှပ်တဲ့ကိုယ်လေးကိုသိပ်ဘဝင်မကျ

ကျိုးချန်နဲ့ဆွေးနွေးပြီးသူ့အသက်အရွယ်မှာရှိသင့်တဲ့
ကိုယ်အချိုးအစားရအောင် လေ့ကျင့်ပေးသည်

နေ့စဉ်လေ့ကျင့်ခန်းအားသေချာလုပ်ပြီး
ကျန်းမာကြံ့ခိုင်အောင်သင်ယူစေသည်

English စကားပြောအတွက် ဆရာတစ်ယောက်ငှားပေးကာ အနီးကပ်သင်ကြားစေသည်

ကျိုးချန်နဲ့အကိုရှီးချန်ကတော့
ရှောင်းကျန့် အား သက်ာမကင်းတဲ့အကြည့်တွေနဲ့

"အဲ့လိုမကြည့်ပါနဲ့ "

"ချိုချိုသာသာကြည့်ပေးရမှာလား"

"မင်းအဲ့ကလေးကိုဘယ်လိုသဘောထားနေတာလဲ"

"ငါလည်းမပြောတတ်ဘူး လက်ရှိတော့ ဒီအတိုင်းပဲသွားကြရအောင်"

"မင်းအတွက် ဘေးမဖြစ်သေးသရွေ့တော့
ငါတို့ငြိမ်နေမှာပါ"

အလေးအနက်တွေးတောနေတဲ့ရှောင်းကျန့်က
ခေါင်းညိမ့်ပြသည်

အိမ်သို့ပြန်ရောက်လျှင် သူ့အားစောင့်ဆိုင်းနေတတ်သည့်
ကောင်လေးကထူးဆန်းစွာရှိမနေခဲ့

အဒေါ်လီ အား မေးရန်ကြံရွယ်လိုက်သော်လည်း
မသင့်တော်ဘူးဟုထင်ကာ မိမိအခန်းထဲသို့သာ
ဝင်လာခဲ့သည်

စာအုပ်ပုံတွေကြားထဲနစ်မြုပ်နေတဲ့ကောင်လေးကိုမြင်မှ

အော် ဒီကောင်လေးတော်တော်လေ့လာနေတာပဲ
သူ့ပြန်လာကိုတောင်မရိပ်မိဘူးဆိုတော့
ဘာတွေများဖတ်နေလို့ပါလိမ့်

ခြေဖျားဖွဖွနင်းကာ နောက်ကျောကနေ
ခိုးကြည့်မိတော့

စီမံခန့်ခွဲမှုရေးရာဆိုသည့်စာအုပ်အား
သေချာဖတ်ပြီးတစ်ဖက်မှအဓိကျသည်များကို
မှတ်သားနေသည်

ညီညာသောလက်ရေးများက ကြည့်ရသူစိတ်ချမ်းသာသည်
ထိုလက်ရေးများရဲ့အပေါ်တွင် သူ့ရဲ့နာမည်လေးကလည်းကပ်ပါနေလို့

ငါ့နာမည်ကိုပါစာရေးလေ့ကျင့်နေတာလား

ရေးနေရင်းရပ်တန့်သွားတဲ့ကောင်လေး
ဘေးကနာရီကိုကြည့်ရင်း
သက်ပြင်းချသံလေးကြားလိုက်ရသည်

"ပြန်မလာသေးတာလား"

"ငါကရောက်နေပါပြီ"

အနည်းငယ်တုန်သွားတဲ့ကိုယ်လေး

အနောက်ကိုလှည့်ကြည့်လာတော့
ရှောင်းကျန့် ကပြုံးပြသည်

"ရေချိုးဦးမယ် ညစာစားပြီးပြီလား"

မစားရသေးဘူးဆိုတဲ့ပုံစံနဲ့ခေါင်းခါပြသည်

ဒီကောင်လေးကအရယ်အပြုံးမရှိသည်သာမက
စကားပါနည်းသည်

ရေချိုးပြီးထွက်လာသောအခါ
သူ့အတွက်ဝတ်စုံလေးကအဆင်သင့်

အဝတ်ဝတ်နေရင်းဖုန်းလာသည်က
ဦးလေးချန်ဆီက
ဆောက်လုပ်ပြီးသောအိမ်ရာများအတွက်
အစီရင်ခံခြင်းဖြစ်သည်

ပေးပို့သည့်အစီရင်ခံစာများကို
စစ်ဆေးနေရင်း ညစာစားဖို့ကိုမေ့လျော့နေခဲ့သည်

တံခါးခေါက်သံလေးကထွက်ပေါ်လာတယ်
သြရှရှအသံလေးနဲ့သူ့ရဲ့နာမည်ကိုခေါ်သည်

"သခင်လေးရှောင်း"

ဖတ်လက်စမေးလ်တွေကရပ်တန့်သွားသည်
သူ့ကိုသခင်လေးရှောင်းလို့ခေါ်နေတဲ့သူတွေရှိပါလျက်
ဒီကောင်လေးအသံကထူးခြားနေသလိုပင်

"အင်း "

"ညစာစားရမယ် "

"အာ မေ့နေတာပဲ "

ညစာစားရန်ဆင်းလာသည့်အခါ
ရိပေါ်ကစောင့်နေဆဲ

နေပါဦး မစားနှင့်ဘဲသူ့ကိုစောင့်နေတာလား
ကိုယ်နဲ့အတူတူထမင်းစားဖို့စောင့်နေတယ်ဆိုတဲ့အသိက
ရှောင်းကျန့် တစ်ကိုယ်လုံးကိုဖြတ်ဆင်းသွားတယ်
တကယ်ကိုနွေးထွေးတဲ့ခံစားချက်ပဲ

ထမင်းစားတော့
အဒေါ်လီ ကငါးပေါင်းအားချပေးသည်
အရိုးကအစနူးအိအောင်ပေါင်းထားပြီး
ဟင်းခတ်အမွှေးအကြိုင်များနဲ့ပြည့်စုံသောအခါ
စားချင်စဖွယ်ဖြစ်နေသည်

သို့သော် ရှောင်းကျန့် မစားရဲပေ
ငါးရိုးစူးပြီးကတည်းကသူ့ကိုမနွှင်ပေးမချင်းမစားပေ

အဒေါ်လီကလက်အိတ်စွတ်ပြီးနွှင်ပေးမယ့်ဟန်ပြင်နေတော့
ရိပေါ်က သူလုပ်ပေးမည်ဟု ပြောသည်

အရိုးသေးသေးလေးကအစမကျန်အောင်
သေချာနွှင်ပေးပြီး ရှောင်းကျန့် ပန်းကန်ထဲကို
ထည့်ပေးသည်

ရှောင်းကျန့် ကတော့ စားချင်တာစားရသဖြင့်
တည်ငြိမ်သောမျက်နှာလေးကဝင်းပနေကာ
အပြုံးပုံရိပ်လေးတွေသန်းနေသည်

"ရိပေါ် မင်းလည်းစားလေ"

"ကျနော်က အသီးအရွက်ပဲစားတယ်"

"အော် "

ညစာစားပွဲလေးကမကြာခင်ပြီးဆုံးသွားသည်

ရှောင်းကျန့် ကပေးပို့ထားတဲ့မေးလ်တွေကို
စစ်ဆေးနေဆဲ

ရိပေါ်ကလည်းမပြီးပြတ်သေးတဲ့စာအုပ်ကို
ဖတ်နေသည်

ဆယ့်တစ်ခွဲ..

ရိပေါ်ကငိုက်မြည်းလာသည်
သူတစ်နေကုန်စာတွေဖတ်ထားရပြီး
ခေါင်းကိုအလွန်အကြူးအသုံးချထားသောကြောင့်
ပင်ပန်းနေသည် သို့သော် ရှောင်းကျန့် ကမူ မအိပ်သေးပေ

စာအုပ်အားပြီးအောင်ဆက်ဖတ်ပြီးစောင့်နေရန်ကြံသည်

ဘေးနားရှိလူကလည်းLaptopကိုသာ
တစိုက်မတ်မတ်ကြည့်နေသောကြောင့်
ငိုက်မျဉ်းနေသောဘေးကလူအားသတိမထားမိချေ

လက်မောင်းကိုလာထိသောခေါင်းလုံးလုံးလေးက
သူ့မြင်ကွင်းထဲဝင်လာမှ အိပ်ဖို့သတိရပေတော့သည်

Laptop အားဖွဖွလေးပိတ် ဘေးကစားပွဲပေါ်သေချာတင်သည်
ရိပေါ်ရင်ဘတ်ပေါ်တွင်ရှိသောစာအုပ်ကိုလည်း
ဖယ်လိုက်သည်

ခါးကိုအောက်လျောချပြီး ရိပေါ်ကိုသူ့ရင်ခွင်ထဲထည့်ကာ
စောင်ခြုံလိုက်သည်

ဘေးနားရှိလူသားရဲ့အနွေးဓာတ်ကိုမှတ်သားပြီး
ခဏကြာတော့ အိပ်ပျော်သွားသည်

ရိပေါ်ရဲ့ကိုယ်နွေးဓာတ်က ရှောင်းကျန့် ရဲ့အိပ်ဆေးပင်

အခုတော့အနွေးဓာတ်ပျောက်ဆုံးနေသဖြင့်
ရှောင်းကျန့် အိပ်မရပေ

ဘေးနားကလစ်လပ်နေသောနေရာကိုစောင်းငဲ့ကြည့်သည်

မရှိဘူး သူမရှိဘူး

အိပ်ဖို့လိုအပ်သည့်အတွက် ဆေးအကူအညီယူရပေဦးမည်

ဒီတစ်ညဟာလည်း သူ့အတွက်မထူးဆန်းသည့်
အိပ်ဖို့ခက်ခဲသည့်ညဖြစ်နေသည်










© 梅花 白,
книга «NEEDFULL (家)».
Коментарі