Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 14

[ ရှောင်းကျစ်မင်း ]

ရိပေါ်ပြန်သွားပြီးနောက်ပိုင်း
ရှောင်းကျန့် က အလုပ်တွေကြားထဲနစ်မြုပ်နေပြန်သည်

အသစ်ဆောက်မယ့်အပန်းဖြေစခန်းအတွက်
ရှောင်းကျန့် အလုပ်များနေသည်

အိမ်မှာပင်အနားမယူနိုင်ဘဲ
ကမ်းခြေသို့သွားရသည်အထိပင်

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများမှာ
မလောက်ငမှုများစွာရှိနေသည်

လုပ်သမားရာကျော်ကို
ဦးဆောင်သောခေါင်းဆောင်မှာလည်း
နေ့ချင်းညချင်းထွက်ပြေးသွားသည်
ထိုလူထံတွင် လုပ်ငန်းသုံးရန်ပုံငွေများစွာပါသွားလေသည်

အလုပ်ကနေထွက်ခွာသောသူများလည်းရှိနေရာ
ထိုဆောက်လုပ်ရေးမှာပျက်စီးမှုများစွာဖြစ်နေသည်

အလျင်အမြန်ထိန်းပေးမည့်ခေါင်းဆောင်မရှိသောကြောင့်
ရှောင်းကျန့် ကိုယ်တိုင်ညတွင်းချင်းရောက်လာရခြင်းပင်

လုပ်ငန်းစုတွင်ဖုန်းကိုကိုင်ပြီး
ပြုံးရယ်နေသောသူလည်း
ရှိနေခဲ့သည် ထိုသူကတော့ ရှောင်းကျစ်မင်း

"ဘယ်လိုလဲ ဝူဖန်းရီ အခုဆို မင်းရဲ့သား
ကောင်းကောင်းကြီး ဒုက္ခရောက်နေလောက်ပြီ"

"ကျွန်မသားမဟုတ်ဘူး သူကရှောင်းဟွေ့ရဲ့သားပဲ
ကျွန်မနဲ့နည်းနည်းမှမသက်ဆိုင်ဘူး
အဲ့ကလေးကမွေးကတည်းကသေသွားရမှာ
သူ့အဖေကကယ်ခဲ့လို့သာအသက်ရှင်နေတာ "

"မင်းဘာလို့ အဲ့လောက်တောင် မုန်းရတာလဲ
ငါနဲ့တစ်ဖက်တည်းဆိုတာသိပါတယ်
ဒါပေမဲ့ မင်းလောက်ရက်စက်တဲ့သူကိုမတွေ့ဖူးဘူး"

"ကျွန်မချစ်သူကိုသေစေခဲ့လို့
ပြီးတော့သူ့ကလေးကိုရခဲ့လို့"

"အို ကြောက်မက်ဖွယ်ရာအငြိုးကြီးချက်ပဲ"

"ရှင်ကရောဘာထူးလို့လဲ
ရှင့်ညီကို ကိုယ်တိုင်သတ်ခဲ့တာမဟုတ်ဘူးလား"

"ဟေ့ ငါက အောက်စီဂျင်မက်စ်လေးပဲဖြုတ်ခဲ့တာ"

"အော်"

"ငယ်တဲ့ကလေးကိုနည်းနည်းခြောက်တာပေါ့
ဒီလောက်ပဲ ဟေ့ အတူတူပဲ လာမကြည့်နဲ့"

ဘာကြောင့်များမုန်းတီးနေရတာလဲ
အပြစ်မရှိတဲ့လူကို
မုန်းတီးနေသောလူနှစ်ယောက်

တစ်ယောက်ကပိုင်ဆိုင်မှုကြောင့်
ကျန်တစ်ယောက်ကလက်စားချေမှုကြောင့်

ရှောင်းကျန့် အရေးတကြီးအစည်းအဝးထိုင်ကာ
လိုအပ်တာများကိုညွှန်ကြားသည်

"သူဋ္ဌေးရှောင်း ပျောက်သွားတဲ့ရန်ပုံငွေအတွက်
ဘယ်လိုတာဝန်ယူမလဲ"

"ဒီကမ်းခြေပရောဂျက်ပြီးသွားရင်
ရတဲ့အကျိုးအမြတ်ကိုတစ်ယောက်ကိုဆယ်ရာခိုင်နှုန်းစီရမယ်
ပျောက်သွားတဲ့ရန်ပုံငွေနေရာကို
ကျနော်ရဲ့ရှယ်ယာထဲကနေစိုက်မယ်
ဒါပေမဲ့ ဒီလိုတာဝန်ပျက်ကွက်မှုက ခင်ဗျားတို့နဲ့လည်း
သက်ဆိုင်တာကြောင့် အရင်ကဆယ့်ငါးရာခိုင်နှုန်းနေရာမှာ
ဆယ်ရာခိုင်နှုန်းပြောင်းလိုက်တယ် သဘောမတူတာရှိလား"

"ကျန့် မင်း!"

တားချင်တဲ့အကြည့်တွေနဲ့ရှီးချန်ကောကကြည့်နေတယ်
အဲ့လိုရန်ပုံငွေအတွက်တာဝန်ယူရင်
သူ့ဘက်ကအရူံးချည်းပဲ
သိတယ် သိပေမဲ့လည်းစပြီးသားလုပ်ငန်းကို
မဆုံးရူံးချင်တာကြောင့် အခုလိုဆုံးဖြတ်ရခြင်းဖြစ်သည်

နောက်ထပ်အလုပ်သမားများစွာကိုခေါ်ယူသည်

ခေါင်းဆောင်နေရာမှာ သူစိတ်ချရတဲ့ ကိုယ်ရံတော်ယုံကို ခန့်သည်

"သူဋ္ဌေးရှောင်း ကျနော် "

"ငါမင်းအရည်အချင်းကိုအသိအမှတ်ပြုတာပါ
ငါ့ကိုစိတ်မပျက်စေနဲ့"

"ဟုတ်ကဲ့"

ဦးလေးချန်ကတော့ဝမ်းသာစွာနဲ့ကြည့်နေသည်

သုံးရက်ဆက်တိုက်မနားဘဲအလုပ်တွေလုပ်နေသည်
သူများတွေကအိပ်ပျော်သွားသော်လည်း
သူကတော့ကုန်ကျစရိတ်စာရင်းနဲ့အရင်ကတင်ပြချက်တွေကို
စစ်ဆေးပြီးကွာဟချက်တွေကို တွက်ချက်သည်

ရှီးချန် နိုးလာတော့
ရှောင်းကျန့် ကအလုပ်ဆက်လုပ်နေတုန်း
တပ်ထားရတဲ့မျက်မှန်လေးက လျော့တိလျော့ရဲ
အဝတ်အစားအောက်က ကိုယ်လေးကလည်းချောင်ကျလို့

မအိပ်ရတဲ့ရက်တွေကိုညိုနေသောမျက်ကွင်းတွေက
သက်သေပြသည်

သူအလုပ်၂ရက်ဆက်တိုက်လုပ်ရင်
ပင်ပန်းပြီးနုံးခွေနေပေမဲ့
သူရှေ့ကလူကတော့ လေးရက်ကျော်တာတောင်
ဖျတ်လတ်နေတုန်းပင် တကယ့်ကိုအာဂပဲ

မဖြစ်ဘူး စီမံကိန်း ပရောဂျက်က ပြန်လည်ပြင်ဆင်တာ
ကြာမယ့်ပုံ ဒီလိုသာဆက်သွားရင် အသက်ပါမယ့်ကိန်း

"ကျန့် ခဏနားလိုက်ပါလား "

ကွန်ပျူတာနဲ့စာရွက်ပုံကြားထဲကနေ
လင်းအာကထွက်လာပြီး

"တားပါဦး မဟုတ်ရင် သူမသေခင် လင်း အရင်သေတော့မယ်"

"ကောတို့နေခဲ့လိုက် ကျနော် ဆိုက်ထဲသွားစစ်ဆေးလိုက်ဦးမယ်"

လိုအပ်တဲ့စာရွက်တွေကိုယူပြီး
ထွက်သွားသော ရှောင်းကျန့်

"ကျန့် က တကယ့်ကိုအာဂပဲ
တားကြပါဦး ရှီးချန်ကောရေ"

"ငါကျန်းချန်ကိုလှမ်းခေါ်ထားရင်ပိုကောင်းမယ် "

"ခေါ်ထားလိုက်ပါတော့ လင်း သူ့နောက်လိုက်သွားလိုက်မယ်"

အကျီကောက်ဆွဲပြီး အနောက်ကနေလျင်မြန်စွာလိုက်ရသည်

ဆိုက်ထဲမှာ သေချာညွှန်ကြားနေသောသူ

မသိရင် ကျန်းမာရေးကစောက်ရမ်းကောင်းနေတဲ့ဆိုဒ်

"သူဋ္ဌေးရှောင်းကြည့်ရတာ ရေဆာနေတဲ့ပုံပဲ
ရေသောက်ပါဦး"

ရှောင်းကျန့် မငြင်းပဲ ရေဘူးကိုယူလိုက်သည်

သူဘယ်နေ့ကအစားစားခဲ့လဲမမှတ်မိပေ
လက်ရှိသူရင်တော်တော်ပူနေပြီဖြစ်သည်

သောက်လိုက်တဲ့ရေက ရင်ထဲရောက်သောအခါ
အေးမြသွားပေမဲ့ အစာအိမ်ထဲရောက်သောအခါ
ပျို့အန်ချင်လာသလို

ကြည့်နေတဲ့ လင်း ကရိပ်မိပြီး

"ဟို ကျန်တာမရှိတော့ဘူးဆိုရင် နောက်မှထပ်စစ်ဆေးတာပေါ့
သူဋ္ဌေးရှောင်း ကျွန်မနဲ့ခဏလိုက်ခဲ့ပေးပါလား"

ဟန်မပျက် လင်းအာနဲ့လိုက်ခဲ့ပေမဲ့
ကားဘေးနားလည်းရောက်ရော
ထိုးအန်တော့သည်

အစာမရှိဘဲလေတွေချည်းပဲအန်နေသည်
နောက်တော့သွေးပါပါလာသည်

"ကျန့် နင်ကလေ"

ဖုန်းကိုလျင်မြန်စွာထုတ်ပြီး

"ရှီးချန်ကော ကျန်းချန်ရောက်ပြီလား"

"သူကညနေမှရောက်မှာ "

"အပြင်မှာထွက်စောင့်နေပါဦး
ကျန့် တကယ်လဲပြီ"

"အေး "

ကားပေါ်တွဲတင်ပြီး
လျင်မြန်စွာနားနေသောဟိုတယ်ကိုရောက်လာသည်

"သူ့ကိုအဝတ်အစားလဲပေးလိုက်ပါလား "

"အင်း ရေပတ်ဝတ်လေးယူပေးပါဦး"

"ငါရသေးတယ် အိတ်ထဲကဆေးဘူးပဲပေး"

"သေမလိုဖြစ်နေတာ နင်သေခါနီးဖြစ်နေတာ
အဲ့စောက်လုပ်တွေကနင့်အသက်ထက်အရေးကြီးနေလို့လား"

ခေါင်းငုံပြီးကုတင်ထက်ထိုင်နေသော ရှောင်းကျန့်

"ရတယ် ငါသွားမယ်"

ရုန်းရင်းဆန်ခတ်အနေအထားမှာ
ရှီးချန်အနောက်ကနေဇက်ပိုးကိုရိုက်လိုက်သည်

အာ့စ်~

ကုတင်ထက်ပြုတ်ကျသွားသောသူ

"ရှီးချန်ကော အလျင်စလိုမလုပ်နဲ့လေ "

"တားလို့ရမယ်ထင်လို့လား
အခုလိုကပိုကောင်းတယ် သူမအိပ်တာဘယ်နှစ်ရက်ရှိနေပြီထင်လဲ"

"နှစ်ပတ်"

"တစ်လကျော်"

"ဟမ် အဲ့လောက်ထိတောင်လား"

"ထားတော့ ကျန်းချန်ကိုသွားစောင့်ပြီးခေါ်လာခဲ့
ငါသူ့ကိုအဝတ်လဲပေးထားလိုက်မယ်"

"အိုခေ အိုခေ"

ပျာယာခတ်နေတဲ့သူတွေကြားထဲ
ဘာမှမသိစွာမေ့မျောလျက်

"တော်သေးတယ် ဆေးအမြန်သွင်းလို့
ဒီလူတစ်ယောက်ကိုအစာစားဖို့နဲ့အိပ်ဖို့တောင်
မလုပ်နိုင်ဘူးလား"

"ရှင်လုပ်ကြည့်လေ"

"ငါကသူ့သူငယ်ချင်းဖြစ်ပေမဲ့
ငါလည်းမလုပ်နိုင်ဘူး"

"ဟူး..ဒီကပြဿနာတွေကတော့ရှင်းသွားပါပြီ
မကြာခင် အစိုးရထောက်ခံချက်ရတော့မှာ "

"အင်း အဓိကပြဿနာက ရှောင်းလုပ်ငန်းစုဆီမှာ"

"ခဏလောက်နားရအောင် "

တဒီးဒီးမြည်နေတဲ့ဖုန်း
ခေါ်ဆိုသူက ဝမ် ~

"ဟဲလို ရိပေါ်"

"ရှောင်းကျန့် တစ်ခုခုဖြစ်နေလား"

"မဖြစ်ပါဘူး သူအိပ်ပျော်နေတယ်"

"တကယ်လား ရှီးချန်ကော "

"အင်း တကယ် ငါပုံပို့လိုက်မယ်"

Ding~

အိပ်ရာထက်အိပ်ပျော်နေသောသူ
အနည်းငယ်ပိန်ကျသွားသည်

တော်သေးတာပေါ့
အိပ်မက်ထဲမှာ သူ ရှောင်းကျန့် ကိုလက်လွှတ်လိုက်ရတယ်လို့
မက်နေတာ

အပြင်မှာကောင်းကောင်းမွန်မွန်ရှိနေလို့ ကျေးဇူးတင်ပါတယ်

"ဝေ့ ရိပေါ်"

"ဟုတ် "

"မင်းဘယ်တော့ကျောင်းပြီးမှာလဲ"

"တကယ်ဆိုနောက်နှစ်မှပြီးမှာ
ဒါပေမဲ့ကျနော်ပရောဂျက်တွေစာတမ်းတွေကို
ကြိုတင်ထားလို့ နောက်နှစ်လနေရင်ပြီးပြီ"

"မင်းသွားတာ တစ်နှစ်ပြည့်တော့မှာပဲ "

"အင်း "

"မြန်မြန်ပြန်လာခဲ့ ငါတို့သူ့ကိုမထိန်းနိုင်ဘူး မင်းကိုလိုတယ်"

"ကျနော်ကြိုးစားနေပါတယ် "

"ဟုတ်ပြီ "

ဖုန်းကိုချလိုက်ပြီးမှ သက်ပြင်းတစ်ခုကိုချလိုက်သည်

အရင်နေ့ကတွေ့ခဲ့တဲ့အဘိုးအိုအကြောင်းပြန်စဉ်းစားရင်းနဲ့

စာတမ်းအတွက်တစ်​ယောက်တည်း ပန်းခြံမှာ
စာထိုင်ရိုက်နေတုန်း ဘေးနားသို့ရောက်လာသော အဘိုးအို

"အင်း ဒီထက်ပိုပြီးမြန်မြန်လုပ်သင့်တယ်"

ကိုယ်နဲ့မဆိုင်ဘူးဟုထင်ကာ
စာသာဆက်ရိုက်နေသည်

"မင်းချစ်ရတဲ့သူက အချိန်တွေသိပ်မကျန်မှာစိုးရတယ်"

ဒီတစ်ခါတော့သူမနေနိုင်တော့ပေ

"ဘာကိုဆိုလိုချင်တာလဲ"

"မင်းသူ့အနားမှာမရှိရင် ကြာကြာမတောင့်ခံနိုင်မှာစိုးရတယ်
အရမ်းပင်ပန်းပြီးအသက်ကိုခက်ခက်ခဲခဲရူနေရတယ်"

"ခင်​ဗျားကဘယ်သူလဲ"

"ငါကလား
စာအုပ်လေးကိုအဆုံးသတ်တဲ့အထိဖတ်ပြီးရင်
သိလိမ့်မယ်"

တွေဝေနေတုန်း နောက်မှ
ဘေးကိုကြည့်တော့ လူမရှိတော့ပေ

ထိုနေ့ကစပြီး တစ်ခါမှမမက်သောရှောင်းကျန့်ကို
အိပ်မက်မက်သည်

သူ့အနားကနေထွက်သွားသောသူ
တားဖို့အချိန်တောင်မရှိခဲ့ပေ

ဖုန်းဆက်မေးလိုက်ရတော့မှ
စိတ်ဖြောင့်တော့သည်

ဒါပေမဲ့အေးဆေးနေလို့မရသေးပေ
သူ့ရဲ့ထက်မြက်လှတဲ့ခေါင်းကို
အသုံးချပြီး စာတမ်းတွေပရောဂျက်တွေပြီးအောင်လုပ်ရမည်
ပြီးလျှင် သူ့ရဲ့ဘေးနားကိုပြန်မည်

ကျနော့်ကိုစောင့်နေပါ ရှောင်းကျန့်






© 梅花 白,
книга «NEEDFULL (家)».
Коментарі