1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
9

"မယ်မယ်"




ဘယ်လိုလုပ်ပြီးများ.... "

ဟွာချင်းကူ မှာ လူတကာငေးမောရလောက်တ်ဲထိ မလှပပေမယ့်လည်း ရုပ်ဆိုးတဲ့မပါ ချစ်စရာကောင်းသည်ဟုပင်ဆိုလို့ရပေမည်
အဆောင်တော်သိုလာရောက်ဖို့မပြောလေနှင့် သူမအဆောင်ရှိသည်ဆိုတာပင် မေ့လျော့နေသည်အလား

သမီးဖြစ်သည့် သူမကိုပါအငြိုးထားနေမှန်း သူမအစတည်းကရိပ်မိခဲ့သောလည်း သည်းခံနိုင်သည့် အတိုင်းတာပျော်လွန်သည်အထိ အမျိုးမျိုးအဖုံဖုံစိတ်ဒုခပေးနေမြဲပင်

"အထိန်းတော်ကြီး "

"ရှိပါတယ် မယ်မယ်"

ထိန့်လန့်နေသည်



ဟွာချင်းကူ
.
.
.
.
.
တူဘီ ကိုတိန်ညွန့်😉

..........................................................

"ဘယ်လိုများ ဘယ်လိုလုပ်ပြီးများ
သာမာန်ကိုယ်လုပ်တော်မြောက်ပွဲလေးကို
ငါလို မိဖုရားခေါင်ကို တတ်ဖို့ အမိန့်ထုတ်ရတာလဲ
ဒါသက်သက်စော်ကားလိုက်တာပဲ"

"မယ်မယ်"

ဘေးနားမှ အထိန်းတော်၏ စိုးရိမ်စွာ သတိပေးသလိုစကားသံပင်နားထဲမဝင်တော့
မာနနှင့် သက္ခာအား ချနင်းခံလိုက်ရသကဲ့သို့်သော
လုပ်ရပ်ကြီးကြောင့် ဟွာချင်းကူ တစ်ယောက်
ဒေါသတို့ဖြင့်သာဖုံးလွမ်းနေလေသည်

နက်မှောင်ရှည်လျားသည့် မျက်တောင်ကော့ကော့လေးတွေခြံရံထားသည့်
မျက်ဝန်းအိမ် တောက်တောက်တို့မှာ ဒေါသတို့ကြောင့်
စွေးစွေးနီနေလျက် တင်းတင်းစေ့စေ့ထားသည့် နှခမ်းပါးပါးတို့ အတွင်းက အံကြိတ်ထားရလွန်းလို့
လည်ပင်းကြောများပင် ထောင်လာသည့်နှယ်

ဟွာချင်းကူမှာ အမတ်ချုပ်ကြီး ဟွာတုဖန်း၏ သမီးအငယ်ဆုံးဖြစ်ရာ တိုင်းပြည်၏ မိဖုရားခေါင်ဆိုသော
ရာထူးနှင့် အာဏာအားလည်းပိုင်ဆိုင်ထားသည်
အဖေအာဏာ ကြောင့် မိဖုရားခေါင်ရာထူးရခဲ့သည်ဆိုဦးတော့
ယခုကိစ္စမှာ အလွန်ပင်မခံမရပ်နိုင်ဖွယ်ပင်

"ဘယ်လိုလုပ်ပြီးများ ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ
ဘယ်လိုလုပ်ပြီးများ.... "

ဟွာချင်းကူ မှာ လူတကာငေးမောရလောက်တဲ်ထိ မလှပပေမယ့်လည်း ရုပ်ဆိုးတဲ့မပါ ချစ်စရာကောင်းသည်ဟုပင်ဆိုလို့ရပေမည်
မိဖုရားခေါင် ဖြစ်သော်လည်း ဧကရာဇ် စန်းပိုင်းလော့ကျင်း မှာ သူမအား ရှိသည်ဟုပင် ထင်ရကောင်းမှန်းမသိ
အဆောင်တော်သို်လာရောက်ဖို့မပြောလေနှင့် သူမအဆောင်ရှိသည်ဆိုတာပင် မေ့လျော့နေသည်အလား
ယနေ့အချိန်ထိ သူမအားလက်ဖျားနှင့်ပင်မထိဖူး
ထို့ကြောင့်လည်း အောက်ခြေ အစေခံများကအစ
ထေ့လှောင်ခြင်းခံနေရသည်
ထိုကိစ္စများကို သူမသည်းခံနိုင်သေးသည်
အဘယ့်ကြောင့်ဆို သူမကလဲ စန်းပိုင်းလော့ကျင်းကို စိတ်မဝင်စား မိဖုရားခေါင် ရာထူးလည်းခေါင်းထဲမရှိပေ
အဖေ အမတ်ချုပ်ကြီးက တောင်းဆိုသောကြောင့်
မိဖုရားခေါင် နေရာအား ယူထားရခြင်းပင်
ဧကရာဇ်မှာ အလွန်တရာချောမောခန့်ညားပါသော်လည်း
သူမနှလုံးသားမှာ တစ်ဦးတစ်ယောက်အတွက် ပေးခဲ့ဖြစ်၍
ဧကရာဇ်မိမိအား ဥပေက္ခာ ပြုသည်ဆိုက သူမစိတ်မဝင်စား
ပို၍ပင်ကောင်းသည်ထင်နေသေးသည်

သို့သော် ဘယ်ကမှန်းမသိတဲ့ သာမာန်အရပ်သူတစ်ယောက်အား ခေါ်ဆောင်လာပြီး
မြောက်နန်းစံ မိဖုရားမြောက်ကာ
(မြောက်နန်းစံ ဒုမိဖုရား မိဖုရားခေါင်ပြီးလျင်ရာထူးအကြီးဆုံး)
နန်းတော်သို့ ခေါင်ဆောင်မလာခင်အချိန်ထိ သူမဧကရာဇ်ပေါ်ဘာစိတ်မှမရှိခဲ့ ထိုဘယ်ကမှန်းမသိတဲ့
သာမာန်မိန်းကလေးတစ်ယောက်အား ဒုမိဖုရားမြေ က်သညိဆိုသည်မှာ လွန်စွာမှခံရခက်သည့်ကိစ္စပင်
ရုပ်လှသည်နှင့် နန်းတွင်းအဆင်လာတွေတောင် သင်ကြားခြင်းမရှိပါပဲ တန်း၍ဒုမိဖုရားမြောက်သည်ဆိုသည်မှာ
တမင်သက်သက် မိဖုရားခေါင်အား အလေးမထားမှန်း
တိုင်းပြည်အား ကြေငြာလိုက်သကဲ့သို့
အဖေ့ ကြောင့်သာ မဟုတ်လျှင် သူမဒီလိုသည်းခံနေစရာအကြောင်းမရှိ နိုင်ငံရေးကိစ္စတွေလည်း သူမစိတ်မဝင်စားပေ
ဧကရာဇ်မှာ အမတ်ချုပ်အားကြည့်မရသည်နှင့်ပင်
သမီးဖြစ်သည့် သူမကိုပါအငြိုးထားနေမှန်း သူမအစတည်းကရိပ်မိခဲ့သောလည်း် သည်းခံနိုင်သည့် အတိုင်းတာပျော်လွန်သည်အထိ အမျိုးမျိုးအဖုံဖုံစိတ်ဒုခပေးနေမြဲပင်
ထိုသာမာန်အရပ်သူက ဒုမိဖုရားဖြစ်လာပြီး သူမအားလည်းဂရုမစိုက် အမြဲလိုထေ့လှောင်ကာ
စိတ်အနှောက့်ယှက်အမျိုမျိုးပေးနေသည်
ထိုအခြင်းနှင့်ပင် သည်းခံနိုင်စွမ်းကုန်ဆုံးနေပြီဖြစ်ရာ
ယခုလို ဘာမှအရေးမပါသည့် ကိုယ်လုပ်တော်မြောက်ပွဲလေးအား သူမအားတတ်ရောက်ရန် အမိန့်ဟူသည်နှင့်လုပ်လိုက်သေးသည်
ထိုအခြင်းရာက သူမသည်းခံနိုင်စွမ်းအား ရိုက်ချိုးလိုက်သလိုပင်

"အထိန်းတော်ကြီး "

"ရှိပါတယ် မယ်မယ်"

မိဖုရားခေါင် ကြီး၏ ရုတ်တရက်တည်ငြိမ်ကာ ပြောင်းလဲသွားသော အသံကြောင့် အထိန်းတော်ကြီး
ထိန့်လန့်နေသည်

"အမတ်ချုပ်ကြီး ကိုဆင့်ခေါ်လိုက်"

" အမိန့်တော် အတိုင်းပါ မယ်မယ်"

ဟွာချင်းကူ
ဧကရာဇ်နေရာက ဖယ်ပေးဖို့ ပြင်ထားပါ အရှင်
ဒါက အမျိုးမျိုးသောစော်ကားခြင်းတွေရဲ့ ရလဒ်ပဲ
အဲလိုဖြစ်အောင်ကို ကျမကလုပ်မှာမို့......
.
.
.
.
.
တူဘီ ကိုတိန်ညွန့်😉

..........................................................

© ပန်းမိုးလိပ်ပြာ ပေါက်စ,
книга «ကျနော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်».
Коментарі